Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 46

A+ A-

“ခလွမ်း

ရေခွက်ပစ်ချသံ။

“”တောက်စ်…ဘာကိစ္စနဲ့ မတွေ့ရသေးတာလဲ””
“သူ…သူ…သူရှိကို ရှိရမယ်”

“စိတ်ထိန်းစမ်း နှင်းရယ်”

ရုရှားတွင် လူများလွတ်ထားပြီး ရှာနေသည်မှာ တစ်လပင်ရှိလုပြီ။ရှာနေသည်မှာလည်း နေရာပင်နှံ့နေလေပြီ။အခုချိန်ထိ ဘာသတင်းအစအနမှ မကြားရသေးသဖြင့် နှင်း ပေါက်ကွဲနေခြင်းဖြစ်သည်။ တွေးမိတွေးရာ စဥ်းစားမိသမျှနေရာအနှံ့လိုက်ရှာပြီး
ပြီဖြစ်သောကြောင့် ရုရှားတွင်
ရှိကိုရှိရမည်ဟု နှင်း တွက်ဆထားသည်။ ထို့ကြောင့် ဘာသတင်းအစအနမှ မကြားမသိရသေးသည်ကို စိုးရိမ်စိတ်ဖြင့် ဒေါ
သထွက်မိနေခြင်း။

“မြတို့ ထပ်ပြီးရှာကြတာပေါ့”

“”ပြီးတော့ နှင်း သွားအိပ်လိုက်တော့..နှင်းမအိပ်တာ ဘယ်နှရက်ရှိပြီလဲ”

“ကျမ မအိပ်ချင်ဘူး
“ခင့်ကို ရှာရအုံးမယ်”

“နှင်း…ကျမကိုကြည့်စမ်း….နှင်းအိပ်မှရမယ်..အစားများများစားမှရမယ်..ခင့်ကို ရှာဖို့ အားမွေးထားရမယ်လေ”
“”ခင်ကကော နှင်းဒီလို မအိပ်မစားပဲနေနေတာကို ကြိုက်မယ်ထင်လား””
“နှင်းတစ်ခုခုဖြစ်သွားရင် အားလုံးပြီးဆုံးသွားလိမ့်မယ်…သွားအိပ်လိုက်ပါ နှင်းရယ်”

“ဟုတ်..ဟုတ်သားပဲ ကျမ အားရှိမှဖြစ်မယ်…
“သွား….သွားအိပ်ရမယ်…ကျမအိပ်လိုက်အုံးမယ်”
“သတင်းတစ်ခုခုထူးတာနဲ့ ကျမကို ချက်ချင်းပြောနော်”

မျက်နှာဖြူဖက်ဖြူရော်နှင့် အပေါ်သို့တန်းတန်းမက်မက် တတ်သွားသော နှင်းကို ကြည့်ကာ မြ စိတ်မကောင်းဖြစ်မိသည်။ နှင်းပုံစံက လူသေလိုပင်
ဖြစ်နေသည်လေ။ သတိပေးမှစား သတိပေးမှအိပ်  ခင့်နာမည်တပ်ပြီး ချော့မော့ပြောရသည်။ သူသည်။တစ်ခါတစ်လေပြောလို့မရလျှင်လည်း ခင်နှင့်ကိုင်ပေါက်မှသာ ပြောစကားနားထောင်တတ်သည်လေ။
……………………

“”တူ….တူ….တူ….တူ…”

“တူ…တူ…တူ…တူ…”

ညသန်းခေါင် vibrateလုပ်ထားသော
ဖုန်း မြည်နေသည်မှာ ၅ကြိမ်လောက်ပင်ရှိပြီ။ ဖုန်းပိုင်ရှင်ကတော့ ဒီ​ညမှ အိပ်ကောင်းခြင်းနှင့် အိပ်ပျော်လို့နေသည်။

“”တူ…တူ…တူ…တူ..”

“ဟင်…

ဖုန်းသံတုန်ခါမှုကြောင့် နှင်းလန့်နိုးလာသည်။ မြည်နေသောဖုန်းကို ယူကြည့်လိုက်တော့ နိုင်ငံခြားဖုန်းနံပါတ်ဖြစ်ဟန်တူသည်နှင့် ကောက်ကာငင်ကာကိုင်လိုက်သည်။

“”ဟယ်လို””

”မမကြီး ကျွန်တော် သတင်းထူးတယ်ထင်လို့ ခေါ်နေတာဗျ”
”အိပ်တာအနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်”’

“”ဘာ..ဘာ သတင်းထူးသလဲဆိုတာသာ အရင်ပြောစမ်း””

”ကျွန်တော် mailနဲ့ ပုံပို့လိုက်မယ်…မမကြီးတစ်ချက်ကြည့်ကြည့်လိုက်ပါ”

“”Okလေ””

နိုင်ငံခြားမှဖြစ်၍လားမသိ mailအဝင်ကိုစောင့်နေသည်မှာ နှစ်မိနစ်ခန့်ကြာသည်။ ထိုနှစ်မိနစ်ကိုပင် နှင်းတစ်ယောက်၂နှစ်လောက်ကြာသည်ဟုပင် ခံစားရသည်။ စိတ်ထဲတွင်လည်း မျှော်လင့်ထားသည့်အဖြေဖြစ်ပါစေဟူ၍ ဆုတောင်းနေမိသည်။

“ting..

အသံမြည်သည်နှင့် ဖုန်းကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။ဝင်လာသော ပုံကို မျက်တောင်ပင် မခက်ပဲပြူးပြဲကြည့်နေမိသည်မှာ ၁မိနစ်ခန့်ကြာသည်။ မြင်တွေ့လိုက်ရသော ပုံကြောင့် နှင်းတစ်ယောက် ထိတ်လန့်သွားကာ………

!!!!မြ….မြ….!!!!!!

!!မြရေ လာကြည့်ပါအုံး!!

!!မြ!!!!!

နှင်းတစ်ယောက် အာခေါင်ပင်ကွဲမတတ်အော်ခေါ်နေလေသည်။ညသန်းခေါင်မို့ နှင်းအသံမှာ ထင်ထင်ရှားရှားဟိန်းထွက်လျက် ကျယ်လောင်နေသည်။

“”ဟမ်…ဘာ…ဘာ…ဘာဖြစ်တာလဲ”

အိပ်ခန်းထဲသို့ အိပ်ချင်မူးတူးနဲ့ ပြေးဝင်လာကြသော ကြီးတင်၊ မိအေးနှင့် မြတို့ကို ကြည့်ကာ နှင်းတစ်ယောက်ရှိုက်ကြီးတငြင်ငိုတော့သည်။

“”ဘာဖြစ်တာလဲ သမီး””

“ဘာဖြစ်လို့လဲ နှင်း…ပြောစမ်း”

“ဒါ…ဒါ….ဒါက ခင် မဟုတ်လား”

“ဟင်…ပြစမ်း”

ဖုန်းထဲက ပုံကို မြတို့သုံးယောက် အိပ်ချင်စိတ်ပင်ပြေသွားကာ ပြူးကြည့်လိုက်ကြသည်။

“”ဒါ…ဒါ.က ခင်…ခင်…ခင်ပဲ…

မြ၏ အံ့သြသံ။

“ဘုရားရေ”

ကြီးတင်၏ ဘုရားတသံ။

“ဒါကြီးက မမခင် ဟုတ်ပါ့မလား”

မိအေး၏ မယုံသင်္ကာအသံ။

“”အဲ…အဲ…အဲဒါ ကျမ ရဲ့ ခင်”
“”နောက်…နောက်ဆုံးတော့ တွေ့ပြီ….ခင်…ခင်…ခင့်ကိုတွေ့ပြီလို့”

“”ဒါ..ဒါ..ဘယ်မှာလဲ နှင်း””

“ရုရှားမှာပဲဖြစ်လိမ့်မယ်…ကျော်ကြီးပို့လာတာ”

“”ဒါကြီးက ဘာပုံစံလဲ နှင်းရယ်…မြ..မြတို့ နောက်ကျသွားခဲ့တာပဲ”

“”အခု..အခု ဘယ်လိုလုပ်ကြမှာလဲ”

“”ခင်…ခင် ဘယ်လိုပုံစံပဲဖြစ်နေပါစေ ကျမ ရအောင်ပြန်ခေါ်မယ်”

“တစ်ပတ်အတွင်း ရုရှားကို သွားကြမယ်”

===============

မြနှင့် နှင်းတို့ နိုင်ငံခြားခရီးစဥ်အတွက်ခန္ဓာကိုယ်ပြုပြင်ပြောင်းလဲမှုအနည်းငယ် လုပ်ကြသည်။ 
နှင်းသည် တစ်ခေါင်းလုံး အဖြူရောင်ဆိုးလိုက်ကာ အဖြူနှင့်အနက်ရောစပ်ထားသော မျက်ကပ်မှန်ကိုတပ်ဆင်လိုက်သည်။နှင်းပုံစံက အသက်သုံးဆယ်ကျော်အရွယ်ဟုပင်မထင်ရလောက်အောင် နုလွန်းနေသည်။သူများနိုင်ငံသွားရမည်ဖြစ်သောကြောင့် sexyဆန်သည့် ဖက်ရှင်ပြောင်းလဲဝတ်လိုက်ပြီး cute girlအသွင်ဖန်တီးလိုက်သည်။

မြကတော့ ဆံပင်ခပ်တိုတိုညှပ်လိုက်ကာ တစ်ခေါင်းလုံးပန်းရောင်ခြယ်ထားသည်။ မျက်မှန်အယောင်ပြတပ်ဆင်လိုက်ကာ ဒူးအထက်ဂါဝန်ဝတ်ပြီး အူကြောင်ကျားမအူမလည်ပုံစံဖန်တီးလိုက်သည်။

“”အဆင်သင့်ဖြစ်ရင် သွားကြရအောင် မြရေ””

“”နှင်း””
“ဟိုရောက်ရင် ဆွဲထားတဲ့ အစီအစဉ်ကလွဲရင် ဘာမှလုပ်လို့မဖြစ်ဘူးနော်”

“ကျမ သိပါတယ်….ခင့်ကိုသာ ရအောင်ပြန်ခေါ်ကြမယ်”

“”သမီးတို့ သွားကြတော့မလို့လား”

“ဟုတ်ကဲ့”…သားကိုစိတ်ချမယ်နော် ကြီးတင်”

“စိတ်ချပါကွယ်…သွားလမ်းလာလမ်းဂရုစိုက်ကြနော်…

“”ပြီးတော့ မြ…

“ဟုတ် ပြောပါ”

“နှင်းကို စိတ်ချမယ်နော်..သေချာကြည့်ပေးပါကွယ်..သူကစိတ်ဆက်တယ်”…လွန်လွနကြူးကြူးမဖြစ်အောင် မြပဲ ဝိုင်းထိန်းပေးပါ”

“စိတ်ချပါ ကြီးတင်”

နှင်းကတော့ သွားချင်ဇောနှင့် ဘာစကားမှ ဝင်မပြောတော့ပဲ ကားထဲတွင်ထိုင်စောင့်နေလေသည်။

“ခဏပဲ စောင့်…တို့လာနေပြီကွယ်”
“တို့မင်းကို ကိုယ်တိုင်လာခေါ်နေပါပြီ”
“ရူးမတတ်တွေ့ချင်တယ် ကလေးရယ်”

လေဆိပ်ရောက်တော့ နှင်းဖေဖေက​ရောက်နှင့်နေသည်။ ဖေဖေလည်း ဒီတစ်နှစ် နှစ်နှစ်မှာ ပြောင်းလဲလာသည်။ အရင်လို မိန်းမပွေသည့် သတင်းများ သိပ်မကြားရတော့ပေ။
တစ်ပတ်သုံးလေးကြိမ်လောက် နှင်းအိမ်သို့လာသည်။ နှင်းသေချာကြည့်လိုက်မှ သူမအဖေ ပိန်သွားသည်ကို သတိထားမိသည်။ ထိုကဲ့သို့ ပိန်သွား
ခြင်းသည်လည်း သူမကြောင့်ပင်မဟုတ်ပါလား။

“”ဦးလေး ရောက်နေတာကြာပြီလား”

“မကြာသေးဘူး… အခုတင်ရောက်တာ”

“ဖေဖေကလည်း မလာပါနဲ့လို့ ပြောသားကိုကွယ်”

“ပြောစရာရယ် ပေးစရာရယ်ရှိလို့
လာခဲ့တာ”
“”​ရော့…ဒီမှာ…ဒါယူသွားလိုက်”

“အဲဒါက ဘာကြီးလဲ”

“သမီးတို့ အသက်အန္တရာယ်မဖြစ်ဖို့အကာအကွယ်ပေါ့”
“အရမ်းအကူအညီလိုမှ ဒါကိုသုံး”

“ပြီးတော့…ဟိုမှာ ကျော်ကြီးအားလုံးအဆင်ပြေအောင် ပြင်ဆင်ထားပေးလိမ့်မယ်”
“ဖေဖေ့ကိုတော့ နေ့တိုင်းဖုန်းဆက်စေချင်တယ်”

“”စိတ်ချပါ ဖေဖေ”…သမီးတို့သွားတော့မယ်…ဖေဖေလည်းပြန်တော့”

စိတ်မချမှုများစွာနဲ့ အမှာစကားခြွေနေပေမယ့် သမီးဖြစ်သူမျက်နှာကတော့ဘာမှ စိတ်ဝင်စားဟန်မတူပါ။ သွားတော့မယ်ဟုသာ ပြောပြီးထွက်သွားသော သမီး၏ကျောပြင်ကိုသာ ငေးကြည့်ရင်း ရင်ထဲစို့နစ်ကာ ကျန်ခဲ့ရပြန်သည်။လွန်ခဲ့သည့် နှစ်နှစ်အချိန်ကာလတစ်ခုဆီသို့ အတွေးများရောက်သွားရပြန်သည်။

ထိုနေ့က သူသာနောက်ကျခဲ့လျှင် နှင်းအသက်ရှင်နိုင်ဖွယ်မရှိ။ ဦးမျိုးမြင့်အပေါင်းအပါများဖြင့် ပျော်မြူးပြီးမိန်းကလေးများနှင့် ပျော်ပါးကာ အိပ်ပျော်သွားသည်။ ဖုန်းသံကြောင့်လန့်နိုးလာတော့ ဖုန်းcallထဲတွင် နှင်းအကြိမ်မြောက်များစွာခေါ်ထားသည်ကို တွေ့လိုက်ရသည်။ ပြန်ခေါ်ပေမယ့်နှင်းက ဖုန်းမကိုင်တော့။ထို့ကြောင့် စိတ်ပူသွားကာ ကြီးတင်ထံဖုန်းဆက်ပြီး အကျိုး အကြောင်း မေးလိုက်သည်။
ကြားလိုက်ရသော စကားနှင့်အတူ စိုးရိမ်ထိတ်လန့်ခြင်းများနှင့် စတင်စုံစမ်းရတော့သည်။ ဦးမျိုးမြင့် နှင်းတို့ ရှိသောတည်နေရာကို သိသိချင်းလိုက်သွားကြပေမယ့် နောက်ကျသွားခဲ့သည်။ မြ လက်ပေါ်တွင် သွေးသံသရဲရဲထွက်နေပြီး လဲနေသော သမီးဖြစ်သူကို မြင်တွေ့လိုက်ရသည်။ထိုအခိုက်အတန့်တွင် ဦးမျိုးမြင့် ကမ္ဘာပျက်သလိုပင် ခံစားခဲ့ရသည်။ 

နှလုံးတည့်တည့်တွင်ပစ်ခဲ့သောကြောင့် မနည်းကုယူလိုက်ရသည်။ ကံကောင်း၍ မသေသည်လား။ အသက်ရှင်ချင်စိတ်ပြင်းပြ၍ မသေသည်လားကိုတော့ ဦးမျိုးမြင့်မတွေးတတ်တော့ပါ။ နှင်းနလန်ပြန်ထူဖို့ လေးလငါးလလောက် ကုလိုက်ရသည်။မကြာခဏ ဖုတ်လိုက်ဖုတ်လိုက်နှင့် သေတော့မလိုလိုကနေ ပြန်ပြန်ကောင်းလာသည်။ ထိုအဖြစ်အပျက်ကို မြင်တွေ့ပြီးနောက်ပိုင်း ဦးမျိုးမြင့်အပျော်အပါးသိပ်မမက်တော့ပေ။သမီးဖြစ်သူကို ကိုယ်တိုင်ဂရုစိုက်ပြီးအချိန်ပေးတတ်လာသည်။ နှင်းကို ဖခင်မေတ္တာများမပေးလိုက်ရပဲ ဆုံးရှုံးရမှာကို ကြောက်သောစိတ်နှင့် ကိုယ့်ကိုကိုယ် ပြုပြင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

Tags: read novel Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 46, novel Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 46, read Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 46 online, Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 46 chapter, Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 46 high quality, Á€™Á€°Á€•Á€­Á€¯Á€„Á€º Á€•Á€¼Á€Šá€ºá€·Á€Á€”Á€ºá€†Á€¬…Á‹(Completed) episode 46 light novel, ,

Comment

Leave a Reply

Chapter 46