Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 18 ) uni & zg

A+ A-

Unicode

” ဒီအချိန်ကြီး မင်းဘယ်က ပြန်လာတာလဲ ဆွေးမြေ့ ”

နေသူရဲ့အသံက ခုချိန်မှာအလွန်တရာမှကြောက် စရာကောင်းနေလေသည်။ ဆွေးမြေ့မှာ ချွေးတွေပါပျံလာပြီး မသိမသာ တံတွေးမျိုချမိလိုက်၏။ တိတ်ဆိတ်နေသော အခန်းတွင်းတွင် မျက်နှာ
ခြင်းဆိုင် ကြည့်နေကြပြီး ဘာပြောရမှန်းမသိ
ဖြစ်နေရသည်။

နေသူက ထိုင်နေရာမှထကာ သူ့ဆီသို့တဖြည်းဖြည်းလျှောက်လာလေသည်။ ဆွေးမြေ့ကတော့ လက်သီးကိုစုပ်ထားပြီး ခြေချောင်းလေးတွေကိုပါ ကုပ်ထားမိ၏။ နေသူကလဲ တဖြည်းဖြည်း သူအနားတိုးကပ်လာသည်မို့ နောက်ဆုတ်နောက် ဆုတ်နဲ့ တံခါးနဲ့ ကျောပါကပ်မိသွားတော့သည်။ သူ့မှာပြေးပေါက်မရှိတော့ပေ။ ထို့ကြောင့် ဦးနှောက်ကို အမြန်အလုပ်ပေးရတော့၏။ အကောင်းဆုံးဆင်ခြေကို သူစဉ်းစားရတော့မည်။

” မော့စမ်း ”

ထက်နေသူက ပြောလဲ ပြောကာ သူ့မေးကိုပင့်လျက် ဟိုလှည့်ဒီလှည့်လုပ်ကာ လှည့်ပတ်ကြည့်နေသည်။

” ဘာတွေလုပ်နေတာလဲ “

” ငြိမ်ငြိမ်နေ ငါမင်းကို စစ်ဆေးနေတာ “

ထက်နေသူက သူ့လည်ပင်းတွေကို သေချာကြည့်ကာ ခန္ဓာကိုယ်ကိုလဲ အနှံ့လှည့်ပတ်ကြည့်နေပြန်သည်။ သူ့လည်ပင်းတွေကိုလဲ သေချာကြည့်နေတာပင်။ ဆွေးမြေ့တစ်ယောက် လင်းညှို့ကို အတော်ကို ကျေးဇူးတင်မိသွားရသည်။ လည်ပင်းမှာ အမှတ်တွေ မပေးပဲ ရင်ဘက်တွေမှာလဲ ပေးခဲ့တာကို ကျေးဇူးတင်နေရသည့်အဖြစ်ပင်။

“မင်းဘာဖြစ်နေတာလဲ နေသူရာ ဖယ်စမ်းပါ”

ဒီပုံတိုင်းဆို ပေါ်သွားနိုင်သည်မို့ ခပ်တည်တည် ပိတ်ဟောက်ပစ်ကာ သူ့ကုတင်ဆီလျှောက်သွားလိုက်၏။ နာနေသော ကျောကို သည်းခံကာ ဟန်မပျက် ဝင်ထိုင်လိုက်သည်။ နေသူကလဲ နောက်က လိုက်လာပြီး ခုံပေါ်တွင်ထိုင်ကာ သူ့ကို စူးဆန်းသလို ကြည့်နေပြန်သည်။

” မင်းမှန်မှန်ပြော boss နဲ့ မင်း မရိုးဘူးမို့လား “

ဆွေးမြေ့မှာတော့ ခေါင်းမွှေးတွေပင် ထောင်သွားသလိုခံစားလိုက်ရသည်။ သူဒီလောက်သတိထားနေတာကို ဘယ်လိုရိပ်မိတာပါလိမ့် ၊ ဒီကောင် တောင်သိနေပြီဆို မိရွှန်းကတော့ မေးနေစရာတောင်မလိုတော့ပေ။ သို့ပေမဲ့ သက်သေမှ မရှိပဲ သူငြင်းရမည်။

” ဘာတွေလျှောက်ပြောနေတာလဲ ငါက ceo နဲ့ ဘာဖြစ်ရမှာလဲ “

” ဒါဆို မင်းလို လက်အောက်ဝန်ထမ်းကို အလုပ် ကိစ္စဆိုပြီး ဒီချိန်ထိခေါ်ထားတာက ရိုးသားတယ် ပေါ့ “

” မ .. မဟုတ်ပါဘူး “

” လာလိမ်မနေနဲ့ ကိုယံပိုင်ပြောတာ “

” ဟမ် ကိုယံပိုင်က ဘာပြောလို့လဲ “

” boss နဲ့ အလုပ်ကိစ္စဆွေးနေနေတာတဲ့ “

” အာ ဟို အဲတာက အလုပ်ခရီးလိုက်ဖို့ပါ “

” ဘယ်လို မင်းကို အလုပ်ခရီးခေါ်မယ် ဟုတ် လား”

” အင်း “

” ကောင်းပြီ အလုပ်ခရီးကိစ္စပြောတာက ည ၁၁ ထိပေါ့ “

” မဟုတ်ပါဘူး ကိစ္စက ညနေထဲကပြီးတာပါ အပြန်နောက်ကျနေတာက bar က ကောင်က လှမ်းခေါ်လို့ သွားလိုက်လို့ပါ “

ဆွေးမြေ့ကတော့ မမိဖို့အရေး မရမကလိမ်နေရသည်။ နေသူရဲ့ ဟုတ်လို့လားဆိုတဲ့ အကြည့်စူးစူးကလဲ ခုထိမဖယ်ခွါသေးပေ။

” ceo နဲ့ငါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲကွာ မင်းအတွေးလွန်နေတာပါ သူ့မှာက ဒီလောက်အချောအလှတွေပေါနေတာကို ငါ့လို လက်အောက်ဝန် ထမ်းကို ဘယ်လို စိတ်ဝင်စားမှာလဲ “

နေသူကို မသိမသာ လှမ်းကြည့်တော့ ဟုတ်တာလဲ ဟုတ်တယ်နော်ဆိုသော မျက်နှာဘေးနဲ့စဉ်းစားနေဟန်။

” သေချာတယ်နော် “

” အေးပေါ့ဟ မဖြစ်နိုင်တာကို မင်းတို့က အထင် လွဲနေကြတာပါ “

” ထားပါတော့လေ ငါတို့ကို လိမ်လို့ကတော့ မင်းသေဖို့သာပြင် “

” အေး .. အေးပါကွာ အိပ်ကြရအောင် နောက်ကျနေပြီ “

” အေး “

ခုမှပဲအသက်ရူချောင်တော့သည်။ အမှန်တရားကို ကြာကြာမဖုံးကွယ်နိုင်တာ သိပေမဲ့ အဆုံးထိတော့ ဖုံးကွယ်ရအုန်းမည်လေ ။

    ……………<<<<ညှို့အိမ်>>>>…………….

၁ပတ်တာ ရုံးတက်ရက်တွေပြီးသည့်နောက် ကမ်းခြေသို့ အလုပ်ခရီးသွားရမည့်အချိန်သို့ရောက်ရှိလို့လာလေပြီ။ ကမ်းခြံတွင် hotel project အသစ်အတွက် တိုးချဲ့မည်ဖြစ်သဖြင့် ceo ကတော့မပါမဖြစ်ပင်။ ဒီမနက်ကတော့ သူတို့တွေသွားရမည့်နေ့ပင်။ ဌာနအကြီးပိုင်းက မိန်းကလေး ၂ယောက် ၊ ယောကျာ်းလေး ၂ယောက်နဲ့အတူ ဝန်ထမ်း ငယ် ၁ယောက်ပါပါသေးသည်။ ဆွေးမြေ့နဲ့ဆို စုစုပေါင်း ၆ယောက်ဖြစ်လေသည်။ ဆွေးမြေ့တို့အဖွဲ့တွက်ကတော့ ရုံးက ကားဖြင့် လိုက်ပါရမှာဖြစ်ပြီး ကိုယံပိုင်နဲ့ boss ကတော့ ကိုယ်ပိုင်ကားနဲ့ဖြစ်သည်။

” မင်းက marketing က ဆွေးမြေ့အိမ်ဆိုတာလား”

” ဟုတ်ပါတယ်ခဗျ “

” ပစ္စည်းတွေ အကုန်သယ်ပြီးပြီလား “

” ဟုတ်ကဲ့ မြတ်မင်းနဲ့အတူ သယ်ထားပြီးပါပြီ “

” boss က ဘာလို့ မင်းကို ခေါ်လဲ မသိပေမဲ့ ကိုယ့်အလုပ်ကို သေချာထောင့်စိအောင်လုပ်နော် “

” ဟုတ်ကဲ့စိတ်ချပါဗျ “

ဌာန ကြီးပိုင်းက အမျိုးသမီးက ထိုသို့ပြောကာ ကားပေါ်အရင်တက်သွားတော့သည်။ အလုပ်မှာက အဆူခံရတာတွေ အပြောအဆိုခံရတာတွေကတော့ ရှိတတ်စမြဲမို့ ဆွေးမြေ့ထူးပြီးခံစားမနေတော့ချေ၊ သူနဲ့ ရာထူးတူတဲ့ မြတ်မင်းဆိုသော ဌာန ခွဲက တစ်ယောက်ပါလာလို့ ဆွေးမြေ့အတွက် အဖော်တော့ရသွားချေပြီ။ မြတ်မင်းနဲ့က ဌာန မတူပေမဲ့ marketing ဆင်းတုန်းက ၃ခါလောက်ဆုံဖူးသူမို့ ရင်းနှီးတယ်ပြောရမည်။

” အဲဘွားတော်က အပေါက်ဆိုးတယ် အပျိုကြီးဆိုတော့ လက်ပေါက်ကလဲ ကပ်တယ်ကွ ကြည့်သာနေပေတော့သူက လူကြားထဲလဲ ဆူတာပဲ “

” ဟုတ်လား မင်းကဘယ်လိုသိလဲ “

” သူ့ဌာနက တစ်ယောက်က ငါ့အခန်းဖော်လေသူပြောပြတာ “

” ဖြစ်နိုင်တယ် ခုတောင် ငါဘာမှမလုပ်ဘဲ အသားလွတ်ကြီး ဟောက်သွားတာ “

” ဟိတ် ဟို နှစ်ယောက်က ခုထိမတက်သေးဘူးလား နင်တို့ စကားပြောချင်နေခဲ့ကြ “

ပြောလို့မှမဆုံးသေးဘူး လှမ်းအော်ခံလိုက်ရသဖြင့် နှစ်ယောက်သား ဇက်ကလေးပုသွားပြီး
နောက်ဆုံးခုံတွင် ဝင်ထိုင်လိုက်ကြသည်။ ခုံက ၃တန်းဖြစ်သည့်အတွက် လူ ၆ယောက်က
အေးဆေးထိုင်လို့ရ၏။ ဒီလိုနဲ့ပဲ ကားလေးက စတင်ထွက်ခွါတော့သည်။ ခုထိတော့  ceo ကိုမမြင်သေးပေ။ နောက်မှလိုက်လာမည်ထင်၏။ သူတို့ကားလေးလဲ မြို့ထဲကနေ ကမ်းခြေထံတလိမ့်လိမ့်သွားနေလေပြီ။ ဆွေးမြေ့ကတော့ ကမ်းခြေကို မြင်ရဖို့မစောင့်နိုင်တော့ပေ။

မြို့ပြင်ရောက်သည်နှင့် ဘေးပတ်ဝန်းကျင်က လယ်ကွင်းတွေကို ငေးကြည့်နေမိ၏။ ကားထဲကလဲ စကားပြောသံ များဆူညံနေသည်။ မိန်းကလေးတွေ ထုံးစံအတိုင်းပေါက်ပေါက်ဖောက်နေကြ၏။ ဌာနကြီးက လူ ၂ယောက်ကတော့ သူ့တို့ဘာသာ အေးဆေးလိုက်ပါနေကြ၏။ ဆွေးမြေ့ဘေးက မြတ်မင်းကတော့ ကားမူးတတ်သည်ဟုဆိုကာ စထွက်ကနဲ အိပ်လိုက်လာတာပင်။

မိုးရာသီလဲဖြစ်တာမို့ မိုးလေးက အုံ့နေပြီး ပတ်ဝန်းကျင်ဟာ အလွန်စိုပြေနေသည်။ ဆွေးမြေ့ကတော့ နားကြပ်လေးတပ်ကာ ခုံတွင်ခေါင်းလေးမှီရင်း ကားမှန်မှတဆင့် အပြင်ဘက်ကိုငေးမောနေလေသည်။ စိမ်းစိုနေသော လယ်ကွင်းပြင်လေးကိုငေးရင်း တိုးတိုးလေး ကြားနေရသော သီချင်းသံစင်နဲ့အတူ မျက်လုံးတွေဟာလဲ မှေးစင်းလာတော့သည်။ မနက်က အစောကြီးထလိုက်ရတာမို့ အိပ်ပျော်သွားတော့၏။

………………..<<<<ညှို့အိမ်>>>>>…………….

” ဟျောင့် .. ဆွေးမြေ့ “

” ….  “

” ထတော့ကွ ရောက်နေပြီ “

နားထဲတွင် ဆူညံသံတွေနဲ့အတူ လှုပ်နိုးခံလိုက်ရသဖြင့် ချက်ခြင်းနိုးသွားရသည်။

” ဟမ် .. ရောက်ပြီလား “

” ရောက်ပြီကွ .. မင်းလဲ အိပ်နေလိုက်တာများသိုးလို့ “

မြတ်မင်းစကားကို အရေးမလုပ်တော့လဲ တွန်းတိုက်ကာကားပေါ်မှာ ပြေးဆင်းရတော့သည်။

” အာ ဒီကောင်ကတော့ “

Hotel ကနေပင် ကမ်းခြေသောင်ပြင်ကို အဝေးကနေ လှမ်းမြင်လိုက်ရ၏။

” ဝါးး … လှလိုက်တာ “

မနက် ၇နာရီကထွက်လာမို့ ရောက်တော့ နေ့လည် ၁နာရီလောက်ရှိနေလေပြီ။ မနက်က မိုးအုံ့နေပေမဲ့ အခုတော့ နေက ပြန်ထွက်နေလေသည်။ နေရာတိုင်းမှာ အုန်းပင် အုန်းခက်တွေရှိနေပြီး သောင်ပြင်တွေမှာလဲ ဘောကွင်းငှါးသူတွေ အုန်းရေသယ်တွေ အကင်သယ်တွေ ရှိနေသည်။

” ဟျောင့် နောက်မှ ကြည့်ဟ ဗိုက်ဆာလှပြီ အခန်းထဲနေရာချပြီးမှ ပြန်ထွက်မယ် “

မျက်တောင်မခက်တန်းငမ်းနေသူကို မြတ်မင်းက ဇွတ်ဆွဲခေါ်ရတော့သည်။

” အေးပါကွာ ဒါနဲ့အခြားသူတွေကရော “

” သွားကြပြီလေ ငါနဲ့မင်းပဲကျန်တော့တယ် “

” အေးအေး ငါတို့အထုတ်တွေကရော “

” သယ်သွားကြပြီ boss က အကုန်စီစဉ်ပြီးသား ငါတို့နေမဲ့ အခန်းဆီသွားရုံပဲ “

” အေး သွားကြမယ် “

ဝန်ထမ်းတွေ ၂ယောက်က အထုတ်တွေနဲ့ အတူ အခန်းကို လိုက်ပြကြသည်။ အခန်းတွေက ဘန်ဂလို ပုံစံတွေမို့ သူ့အဆောက်အဦးနဲ့သူရှိနေကြသည်။ ကွန်ကရစ်လျှောက်လမ်းတစ်လျှောက်လဲ အုံးပင်တွေနဲ့ အခြား သစ်ပင်တွေက ခြံရံထားသေးသည်။ ဒီ hotel က အတော်ကို အဆင့်အတန်းမြင့်ကို မိုက်သည်။

” အကိုတို့ထဲက ဆွေးမြေ့အိမ်ကဘယ်သူလဲဗျ “

” ကျွန်တော်ပါ “

” ဒါဆို အကိုအတွက်က ဒီအခန်းပါ ဒီကအကိုက ဒီဘက်က အခန်းပါဗျ ”

ဝန်ထမ်းကောင်လေး ၂ယောက်က သူတို့ကို တစ်ယောက်စီ ခေါ်သွားပြီး အခန်းကို လိုက်ပို့ပေးကြ၏။ ဘေးခြင်းကပ်ရပ် ဘန်ဂလိုတွေပေမဲ့ အရမ်းတော့လဲနီးကပ်မနေပေ။ အခန်းရှေ့တွင်
ဝရံအတာ အသေးလေးနဲ့ ထိုင်စရာခုံများလဲ
ချထားပေးသေးသည်။

ဝန်ထမ်းတွေ ထွက်သွားသည်နဲ့ သူလဲ အခန်းထဲ ပတ်ကြည့်မိသည်။ ၂ယောက်အိပ် ကုတင်ကျယ် ကြီးက ခန်းနားစွာတည်ရှိနေ၏။ဆွေးမြေ့လဲ ကုတင်ဘေးက လိုက်ကာစတွေကို ဆွဲဖွင့်လိုက် တော့ မှန်ပြတင်းတံခါးကနေ သောင်ပြင်ကို လှမ်းမြင်နေရသည်။ အလွန်ကို စိတ်ချမ်းမြေ့စရာကောင်းလွန်းလှ၏။

” ဒီလို နေရာကို နောက်ဆုံးတော့ ရောက်လာခဲ့ပြီ အလုပ်နဲ့ဆိုပေမဲ့လေ အပျော်ခရီးလာရသလိုပါပဲ”

ဆွေးမြေ့ကတော့ လန်းဆန်းတက်ကြွနေကာ အပျော်ကြီးပျော်နေလေတော့သည်။ ရေထဲဆင်းချင်ပေမဲ့ နေ့လည်ခင်းကြီးမို့ လူကရှင်းနေကာ နေကလဲ ပူနေသေးသည်။ သူကလဲ ရေမကူး
တတ်သည်မို့ ညနေမှ ကိုယံပိုင်နဲ့ မြတ်မင်းကို အဖော်ဆက်ကာ ဆင်းဖို့သာ ဆုံးဖြတ်လိုက်၏။

ဒေါက်ဒေါက် ..

တံခါးခေါက်သံကြောင့် ချက်ခြင်းထကာ ဖွင့်ပေးလိုက်တော့ ခေါက်နေသူကမြတ်မင်းပင်။

“လာလေ မြတ်မင်း “

” မင်းအခန်းက ပိုကျယ်တာပဲကွ “

” ဟမ် အခန်းတွေက တူတူပဲမဟုတ်ဘူးလား “

” ငါ့အခန်းက ၂ယောက်ခန်းကွ ကိုယံပိုင် နဲ့ အတူနေရမှာထင်တယ် “

” ဪ “

” မင်းကတော့ တစ်ယောက်ထဲပေါ့ ၃ယောက်ခန်းတွေလဲ ရှိတာကို ဘာလို့ မင်းကို တစ်ယောက်ထဲ boss က စီစဉ်ပေးတာပါလိမ့် “

မြတ်မင်းက တွေးဆဆနဲ့ အခန်းကို ပတ်ကြည်
ရင်းပြောနေလေသည်။

” အခန်းမကျန်တော့လို့နေမှာပါ .. ဒါနဲ့ ခုနက
ဗိုက်ဆာနေပြီဆို သွားစားကြမယ်လေ “

ဆွေးမြေ့မှာ စကားလမ်းကြောင်းအမြန်လွဲရတော့သည်။

” ဟုတ်တယ်ကွ အဲတာကြောင့် ငါလာခေါ်တာ သွားစားကြမယ် boss တို့လဲ ရောက်တောင်နေလောက်ပြီ “

” အေးအေး “

သူတို့နှစ်ယောက်လဲ Hotel က စားသောက်တဲ့နေရာဆီထွက်လာလိုက်တော့ ထင်တဲ့အတိုင်း boss တို့ကရောက်နေကြပြီး ဌာနက လူတွေနဲ့ထိုင် တောင်နေကြလေပြီ။

” မင်္ဂလာပါ boss “

မြတ်မင်းက boss ဘက်သို့လျှောက်သွားလိုက် ပြီး နှုတ်ဆက်သဖြင့် ဆွေးမြေ့လဲ နှုတ်ဆက်ရတော့သည်။

” မင်္ဂလာပါ ceo “

” အင်း .. ထိုင်ကြလေ “

” ဟုတ်ကဲ့ဗျ ”

သူတို့နှစ်ယောက်လဲ ယံပိုင်ဘေးတွင် လွတ်နေသော ခုံမှာ ဝင်ထိုင်လိုက်ကြ၏။

” အဆင်ပြေတာ မှာကြပါ ခရီးစဉ်အတွင်း company ကပဲ စီစဉ်ပေးမှာမို့ “

” ကျေးဇူးတင်ပါတယ် boss “

Boss ဆီက ခွင့်ပြုချက်ရတာနဲ့ သူတို့တွေလဲစားချင်တာ မှာလိုက်ကြတော့သည်။ မှာထားတာတွေစောင့်နေကြရင်း အလုပ်အကြောင်းပြောနေကြသဖြင့် ဆွေးမြေ့တို့က နားထောင်နေကြ၏။

” ဒီနေ့ကတော့ နားလိုက်ကြပေါ့ မနက်ဖြန်မှာ အနီးအနားကနေရာတွေ လိုက်ကြည့်ပြီး လုပ်ငန်းစတာပေါ့ “

ဒီနေ့နားလိုက်တော့ဆိုတာနဲ့တင် ယံပိုင်တို့ ဆွေးမြေ့တို့ကတော့ အပျော်လုံးဆို့သွားကြတော့သည်။

” ဟျောင့်တွေ ငါတို့ ဒီည မီးပုံပွဲလုပ်တာကြည့်
ရင်း ကစ်ကြမယ်လေ “

Boss က ဌာနကြီးကလူတွေနဲ့စကားပြောနေကြတုန်း သူတို့၃ယောက်ကလဲ တိုးတိုးနဲ့တိုင်ပင်နေကြသည်။ ယံပိုင်ကတော့ တက်ကြွနေသည်။

” ဒါမျိုးကတော့ လာထားပဲ ပင်လယ်ရေနဲ့အတူ သောက်ကြမယ် ”

” ဆွေးမြေ့ မင်းရောနော် “

” ဟုတ်ကဲ့ပါကိုယံပိုင်ရဲ့ ညနေကျရင်တော့
ကျွန်တော် ရေထဲဆင်းချင်တာ အဖော်လိုက်ပေးကြအုံး ရေမကူးတတ်လို့ “

” အေးပါကွ ငါတို့လဲဆင်းမှာပဲ “

ဒီလိုနဲ့ပဲ စားစရာတွေရောက်လာသဖြင့် သူတို့ စကားစပျက်သွားတော့သည်။ ထိပ်ဆုံးခုံတွင်
ထိုင်နေသော ceo ၏ အကြည့်တွေကိုတော့ ပျော်နေသော ဆွေးမြေ့က မမြင်လိုက်ပါချေ ။

………………<<<<ညှို့အိမ်>>>>>>………….

ညနေခင်းရောက်တော့ သူတို့အဖွဲ့တွေ ကမ်းခြေသို့ဆင်းကြတော့သည်။ မိန်းကလေး နှစ်ယောက် ကတော့ ဓာတ်ပုံတွေရောက်ကာ လျှောက်ပတ် ကြည့်နေကြ၏။ သူတို့ ယောကျာ်းလေး ၅ယောက်အဖွဲ့ကတော့ ကမ်းခြေက ခုံတွေတွင် ဘီယာဘူးကိုယ်စီနဲ့အဖွဲ့ကျသွားကြ၏။ ဌာနကြီးက အကို ၂ယောက်ကလဲ အသက် ၃၀ ကျော် တွေမို့ အသောက်အစားလေးပါလာတာနဲ့ သူတို့ ၃ယောက်နဲ့အတူအဖွဲ့ဝင်ဖြစ်သွားကြတာပင်။

” ယံပိုင် boss ကို ဘာလိုလဲ မေးလိုက်အုံးလေ “

သူတို့နဲ့ ခပ်လှမ်းလှမ်းတွင် မျက်နှာတည်ကြီးနဲ့
ထိုင်နေသော boss အား ဌာန ၁က ကိုလွင်မင်းက မေးငေါ့ပြရင်းပြောလိုက်လေသည်။

” ရတယ် ကိုလွင်မင်းရဲ့ ကျွန်တော်မေးပြီးပြီး မလိုဘူးတဲ့ “

” boss ရှိနေတော့ သောက်ရတာတောင် ခပ်လန့်လန့်ရယ် “

” ဒီနေ့က အလုပ်ချိန်မှမဟုတ်ပဲ ချမှာသာချ “

” အေးကွာ လာ cheer “

ဆွေးမြေ့လဲ ဘီယာဘူးလေးကိုင်ကာ လိုက်သောက်နေရ၏။

” ကိုယံပိုင်နဲ့မြတ်မင်း သွားကြရအောင်ဗျာ
ကျွန်တော်ရေထဲဆင်းချင်နေပြီ “

” ဆွေးမြေ့ရာ ကလေးကျနေတာပဲမင်းက “

” ကိုယံပိုင်နော် ဘီယာမြင်တာနဲ့ ကျွန်တော့်ကို
မေ့ချင်ယောင်ဆောင်နေတာ ရေသာကူးတတ်
ရင်ခေါ်မနေဘူးသိလား “

” မြတ်မင်း လိုက်ပို့လိုက်စမ်းပါကွာ “

” ကဲ လာလာ ဘောကွင်းတော့ ငှါးအုံး ငါကရေကူးတတ်ပေမဲ့ နစ်ရင်တော့ မကယ်တတ်ဘူးကွ”

” အေးပါကွာ မင်းကလဲ ငါငှါးထားပြီးသား သွားကြမယ်ထ “

ဆွေးမြေ့က ဘောကွင်းလေး ပိုက်ကာ ထရပ်
လိုက်တော့၏။

” boss က အဲတိုင်းကြီး ထိုင်နေတော့မှာလား မသိဘူး သွားခေါ်ရအောင် “

” ဟာ ဟျောင့်မြတ်မင်း “

မြတ်မင်းက ဘီယာလေး ဝင်ထားသည်မို့ ပြောရဲဆိုရဲနဲ့ အာချောင်နေလေသည်။ ဆွေးမြေ့လဲ မနေတာတော့သည်မို့ နောက်က လိုက်သွားရ၏။

” မင်္ဂလာပါ boss “

ကမ်းခြေမရောက်တာကြာပြီ အေးဆေးအနားယူနေသော လင်းညှို့မှာ ဘေးသို့ရောက်လာသူ နှစ်ယောက်ကြောင့် မော့ကြည့်လိုက်ရ၏။
အနဲငယ် မူးနေပုံပေါက်နေသော မြတ်မင်းရယ် ဘောကွင်းလေးကိုင်ကာ သူ့ကို ကြည့်နေသော ဆွေးမြေ့ကို မြင်လိုက်ရသည်။

” အင်း “

” ကျွန်တော့်တို့ရေထဲဆင်းမလို့ဗျ boss လိုက်အုံးမလား “

မြတ်မင်းစကားကြောင့် ဆွေးမြေ့ကို တစ်ချက်ထပ်ကြည့်လိုက်မိသည်။ ပေါင်အလယ်လောက်သာရှိသော ဘောင်းဘီတိုနဲ့တွဲဝတ်ထားသည်က
ဂျိုုင်းပြတ်အဖြူစွတ်စွတ်ပင်။ ဖြူဖွေးနေသော အသားရောင်က ထင်းထွက်နေ သည်။ ဒူးခေါင်းရဲရဲလေးတွေကလဲ လှပလွန်းသည်။ လင်းညှို့ မျက်မှောင် အနဲငယ်ကျုံ့မိသွား၏။

” မင်းက မူးနေပြီမဟုတ်ဘူးလား “

” ဟဲဟဲ နဲနဲပါ ဗျ ဆွေးမြေ့က ရေမကူးတတ်ဘူးဆိုလို့ အဖော်လိုက်ပေးမလို့ပါ “

” မင်းနေခဲ့လိုက် ငါ့လိုက်ပို့လိုက်မယ် “

” ဗျာ .. အာ .. ကောင်းတာပေါ့ boss လိုက်သွားလိုက်ပါ “

လင်းညှို့က ထိုသို့ပြောကာ ကြောင်တောင်တောင်ရပ်နေသော ဆွေးမြေ့ကိုလက်ကဆွဲခေါ်၍ ကမ်းခြေထံ ဦးတည်သွားတော့သည်။ မြတ်မင်းကတော့ ခေါင်းကုတ်ကာ ကျန်နေခဲ့တော့သည်။

” လွတ်ပါအုံး နောက်မှာ လူတွေကြည့်နေပြီ “

ကိုင်ထားသော လက်ကို အတင်းရုန်းထွက်ရ၏။
ထိုအခါမှ လွတ်ပေးတော့သည်။ 

” မင်းက ရေမကူးတတ်ဘူးလား “

” မကူးတတ်ဘူး သင်လဲမသင်ခဲ့ရဘူးလေ “

” ကိုယ်သင်ပေးမယ် “

” တကယ်လား “

” အင်း “

” ဟီး ဒါဆို ကောင်းတာပေ့ါဗျ ကျွန်တော်က အရမ်းရေကူးတတ်ချင်တာ ”

” တစ်ခုတော့ရှိတယ် “

” ဟုတ်ကဲ့ “

” အဲလောက်တိုတာ ဝတ်ရင်တော့ သင်မပေးတော့ဘူး “

” ဗျာ “

ထိုသို့ပြောကာ ကမ်းခြေဆီ အရင်ဦးတည်ထွက် သွားလေတော့သည်။

*ရေကူးတာ ဒီလိုအတိုမဝတ်ရင် သူကဘာဝတ်ရမည်နည်း ၊ တစ်ချို့ဆို အပေါ်ပိုင်း ဗလာနဲ့ ရေကူးဘောင်းဘီနဲ့တောင်ကူးကြတာလေ *

” လာလေ ဘာရပ်လုပ်နေပြန်ပြီလဲ “

ရေထဲကနေ လှမ်းအော်ခေါ်နေသဖြင့် ဆွေးမြေ့မှာ အပြေးသွားရတော့သည်။

” လာပါပြီ ဗျ “

ဘောကွင်းလေး ပိုက်ကာ ရေထဲသို့ လှုပ်လီလှုပ် လီဆင်းလာသော ကောင်လေးကို ခါးထောက် ကာ အသင့်စောင့်နေသော ceo ကြီးရှိနေလေ
သည်။

……………….<<<<ညှို့အိမ်>>>>>…………

7.8.2024

ကမ်းခြေခရီးလေးမှာ ကျွန်မတို့ Ceo ကြီး နဲ့ ဆွေးမြေ့လေးတို့ ဘာတွေ ဆက်ဖြစ်ကြအုံးမလဲနော် ❤️

နောက်အပတ်မှ ပြန်တွေ့ပါမယ်

ချစ်တဲ့ emma

Zawgyi

” ဒီအခ်ိန္ႀကီး မင္းဘယ္က ျပန္လာတာလဲ ေဆြးေျမ့ ”

ေနသူရဲ႕အသံက ခုခ်ိန္မွာအလြန္တရာမွေၾကာက္ စရာေကာင္းေနေလသည္။ ေဆြးေျမ့မွာ ေခြၽးေတြပါပ်ံလာၿပီး မသိမသာ တံေတြးမ်ိဳခ်မိလိုက္၏။ တိတ္ဆိတ္ေနေသာ အခန္းတြင္းတြင္ မ်က္ႏွာ
ျခင္းဆိုင္ ၾကည့္ေနၾကၿပီး ဘာေျပာရမွန္းမသိ
ျဖစ္ေနရသည္။

ေနသူက ထိုင္ေနရာမွထကာ သူ႔ဆီသို႔တျဖည္းျဖည္းေလွ်ာက္လာေလသည္။ ေဆြးေျမ့ကေတာ့ လက္သီးကိုစုပ္ထားၿပီး ေျခေခ်ာင္းေလးေတြကိုပါ ကုပ္ထားမိ၏။ ေနသူကလဲ တျဖည္းျဖည္း သူအနားတိုးကပ္လာသည္မို႔ ေနာက္ဆုတ္ေနာက္ ဆုတ္နဲ႔ တံခါးနဲ႔ ေက်ာပါကပ္မိသြားေတာ့သည္။ သူ႔မွာေျပးေပါက္မရွိေတာ့ေပ။ ထို႔ေၾကာင့္ ဦးေႏွာက္ကို အျမန္အလုပ္ေပးရေတာ့၏။ အေကာင္းဆုံးဆင္ေျခကို သူစဥ္းစားရေတာ့မည္။

” ေမာ့စမ္း ”

ထက္ေနသူက ေျပာလဲ ေျပာကာ သူ႔ေမးကိုပင့္လ်က္ ဟိုလွည့္ဒီလွည့္လုပ္ကာ လွည့္ပတ္ၾကည့္ေနသည္။

” ဘာေတြလုပ္ေနတာလဲ “

” ၿငိမ္ၿငိမ္ေန ငါမင္းကို စစ္ေဆးေနတာ “

ထက္ေနသူက သူ႔လည္ပင္းေတြကို ေသခ်ာၾကည့္ကာ ခႏၶာကိုယ္ကိုလဲ အႏွံ႔လွည့္ပတ္ၾကည့္ေနျပန္သည္။ သူ႔လည္ပင္းေတြကိုလဲ ေသခ်ာၾကည့္ေနတာပင္။ ေဆြးေျမ့တစ္ေယာက္ လင္းညႇိဳ႕ကို အေတာ္ကို ေက်းဇူးတင္မိသြားရသည္။ လည္ပင္းမွာ အမွတ္ေတြ မေပးပဲ ရင္ဘက္ေတြမွာလဲ ေပးခဲ့တာကို ေက်းဇူးတင္ေနရသည့္အျဖစ္ပင္။

“မင္းဘာျဖစ္ေနတာလဲ ေနသူရာ ဖယ္စမ္းပါ”

ဒီပုံတိုင္းဆို ေပၚသြားႏိုင္သည္မို႔ ခပ္တည္တည္ ပိတ္ေဟာက္ပစ္ကာ သူ႔ကုတင္ဆီေလွ်ာက္သြားလိုက္၏။ နာေနေသာ ေက်ာကို သည္းခံကာ ဟန္မပ်က္ ဝင္ထိုင္လိုက္သည္။ ေနသူကလဲ ေနာက္က လိုက္လာၿပီး ခုံေပၚတြင္ထိုင္ကာ သူ႔ကို စူးဆန္းသလို ၾကည့္ေနျပန္သည္။

” မင္းမွန္မွန္ေျပာ boss နဲ႔ မင္း မ႐ိုးဘူးမို႔လား “

ေဆြးေျမ့မွာေတာ့ ေခါင္းေမႊးေတြပင္ ေထာင္သြားသလိုခံစားလိုက္ရသည္။ သူဒီေလာက္သတိထားေနတာကို ဘယ္လိုရိပ္မိတာပါလိမ့္ ၊ ဒီေကာင္ ေတာင္သိေနၿပီဆို မိ႐ႊန္းကေတာ့ ေမးေနစရာေတာင္မလိုေတာ့ေပ။ သို႔ေပမဲ့ သက္ေသမွ မရွိပဲ သူျငင္းရမည္။

” ဘာေတြေလွ်ာက္ေျပာေနတာလဲ ငါက ceo နဲ႔ ဘာျဖစ္ရမွာလဲ “

” ဒါဆို မင္းလို လက္ေအာက္ဝန္ထမ္းကို အလုပ္ ကိစၥဆိုၿပီး ဒီခ်ိန္ထိေခၚထားတာက ႐ိုးသားတယ္ ေပါ့ “

” မ .. မဟုတ္ပါဘူး “

” လာလိမ္မေနနဲ႔ ကိုယံပိုင္ေျပာတာ “

” ဟမ္ ကိုယံပိုင္က ဘာေျပာလို႔လဲ “

” boss နဲ႔ အလုပ္ကိစၥေဆြးေနေနတာတဲ့ “

” အာ ဟို အဲတာက အလုပ္ခရီးလိုက္ဖို႔ပါ “

” ဘယ္လို မင္းကို အလုပ္ခရီးေခၚမယ္ ဟုတ္ လား”

” အင္း “

” ေကာင္းၿပီ အလုပ္ခရီးကိစၥေျပာတာက ည ၁၁ ထိေပါ့ “

” မဟုတ္ပါဘူး ကိစၥက ညေနထဲကၿပီးတာပါ အျပန္ေနာက္က်ေနတာက bar က ေကာင္က လွမ္းေခၚလို႔ သြားလိုက္လို႔ပါ “

ေဆြးေျမ့ကေတာ့ မမိဖို႔အေရး မရမကလိမ္ေနရသည္။ ေနသူရဲ႕ ဟုတ္လို႔လားဆိုတဲ့ အၾကည့္စူးစူးကလဲ ခုထိမဖယ္ခြါေသးေပ။

” ceo နဲ႔ငါက ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲကြာ မင္းအေတြးလြန္ေနတာပါ သူ႔မွာက ဒီေလာက္အေခ်ာအလွေတြေပါေနတာကို ငါ့လို လက္ေအာက္ဝန္ ထမ္းကို ဘယ္လို စိတ္ဝင္စားမွာလဲ “

ေနသူကို မသိမသာ လွမ္းၾကည့္ေတာ့ ဟုတ္တာလဲ ဟုတ္တယ္ေနာ္ဆိုေသာ မ်က္ႏွာေဘးနဲ႔စဥ္းစားေနဟန္။

” ေသခ်ာတယ္ေနာ္ “

” ေအးေပါ့ဟ မျဖစ္ႏိုင္တာကို မင္းတို႔က အထင္ လြဲေနၾကတာပါ “

” ထားပါေတာ့ေလ ငါတို႔ကို လိမ္လို႔ကေတာ့ မင္းေသဖို႔သာျပင္ “

” ေအး .. ေအးပါကြာ အိပ္ၾကရေအာင္ ေနာက္က်ေနၿပီ “

” ေအး “

ခုမွပဲအသက္႐ူေခ်ာင္ေတာ့သည္။ အမွန္တရားကို ၾကာၾကာမဖုံးကြယ္ႏိုင္တာ သိေပမဲ့ အဆုံးထိေတာ့ ဖုံးကြယ္ရအုန္းမည္ေလ ။

……………<<<<ညႇိဳ႕အိမ္>>>>…………….

၁ပတ္တာ ႐ုံးတက္ရက္ေတြၿပီးသည့္ေနာက္ ကမ္းေျခသို႔ အလုပ္ခရီးသြားရမည့္အခ်ိန္သို႔ေရာက္ရွိလို႔လာေလၿပီ။ ကမ္းၿခံတြင္ hotel project အသစ္အတြက္ တိုးခ်ဲ႕မည္ျဖစ္သျဖင့္ ceo ကေတာ့မပါမျဖစ္ပင္။ ဒီမနက္ကေတာ့ သူတို႔ေတြသြားရမည့္ေန႔ပင္။ ဌာနအႀကီးပိုင္းက မိန္းကေလး ၂ေယာက္ ၊ ေယာက်ာ္းေလး ၂ေယာက္နဲ႔အတူ ဝန္ထမ္း ငယ္ ၁ေယာက္ပါပါေသးသည္။ ေဆြးေျမ့နဲ႔ဆို စုစုေပါင္း ၆ေယာက္ျဖစ္ေလသည္။ ေဆြးေျမ့တို႔အဖြဲ႕တြက္ကေတာ့ ႐ုံးက ကားျဖင့္ လိုက္ပါရမွာျဖစ္ၿပီး ကိုယံပိုင္နဲ႔ boss ကေတာ့ ကိုယ္ပိုင္ကားနဲ႔ျဖစ္သည္။

” မင္းက marketing က ေဆြးေျမ့အိမ္ဆိုတာလား”

” ဟုတ္ပါတယ္ခဗ် “

” ပစၥည္းေတြ အကုန္သယ္ၿပီးၿပီလား “

” ဟုတ္ကဲ့ ျမတ္မင္းနဲ႔အတူ သယ္ထားၿပီးပါၿပီ “

” boss က ဘာလို႔ မင္းကို ေခၚလဲ မသိေပမဲ့ ကိုယ့္အလုပ္ကို ေသခ်ာေထာင့္စိေအာင္လုပ္ေနာ္ “

” ဟုတ္ကဲ့စိတ္ခ်ပါဗ် “

ဌာန ႀကီးပိုင္းက အမ်ိဳးသမီးက ထိုသို႔ေျပာကာ ကားေပၚအရင္တက္သြားေတာ့သည္။ အလုပ္မွာက အဆူခံရတာေတြ အေျပာအဆိုခံရတာေတြကေတာ့ ရွိတတ္စၿမဲမို႔ ေဆြးေျမ့ထူးၿပီးခံစားမေနေတာ့ေခ်၊ သူနဲ႔ ရာထူးတူတဲ့ ျမတ္မင္းဆိုေသာ ဌာန ခြဲက တစ္ေယာက္ပါလာလို႔ ေဆြးေျမ့အတြက္ အေဖာ္ေတာ့ရသြားေခ်ၿပီ။ ျမတ္မင္းနဲ႔က ဌာန မတူေပမဲ့ marketing ဆင္းတုန္းက ၃ခါေလာက္ဆုံဖူးသူမို႔ ရင္းႏွီးတယ္ေျပာရမည္။

” အဲဘြားေတာ္က အေပါက္ဆိုးတယ္ အပ်ိဳႀကီးဆိုေတာ့ လက္ေပါက္ကလဲ ကပ္တယ္ကြ ၾကည့္သာေနေပေတာ့သူက လူၾကားထဲလဲ ဆူတာပဲ “

” ဟုတ္လား မင္းကဘယ္လိုသိလဲ “

” သူ႔ဌာနက တစ္ေယာက္က ငါ့အခန္းေဖာ္ေလသူေျပာျပတာ “

” ျဖစ္ႏိုင္တယ္ ခုေတာင္ ငါဘာမွမလုပ္ဘဲ အသားလြတ္ႀကီး ေဟာက္သြားတာ “

” ဟိတ္ ဟို ႏွစ္ေယာက္က ခုထိမတက္ေသးဘူးလား နင္တို႔ စကားေျပာခ်င္ေနခဲ့ၾက “

ေျပာလို႔မွမဆုံးေသးဘူး လွမ္းေအာ္ခံလိုက္ရသျဖင့္ ႏွစ္ေယာက္သား ဇက္ကေလးပုသြားၿပီး
ေနာက္ဆုံးခုံတြင္ ဝင္ထိုင္လိုက္ၾကသည္။ ခုံက ၃တန္းျဖစ္သည့္အတြက္ လူ ၆ေယာက္က
ေအးေဆးထိုင္လို႔ရ၏။ ဒီလိုနဲ႔ပဲ ကားေလးက စတင္ထြက္ခြါေတာ့သည္။ ခုထိေတာ့ ceo ကိုမျမင္ေသးေပ။ ေနာက္မွလိုက္လာမည္ထင္၏။ သူတို႔ကားေလးလဲ ၿမိဳ႕ထဲကေန ကမ္းေျခထံတလိမ့္လိမ့္သြားေနေလၿပီ။ ေဆြးေျမ့ကေတာ့ ကမ္းေျခကို ျမင္ရဖို႔မေစာင့္ႏိုင္ေတာ့ေပ။

ၿမိဳ႕ျပင္ေရာက္သည္ႏွင့္ ေဘးပတ္ဝန္းက်င္က လယ္ကြင္းေတြကို ေငးၾကည့္ေနမိ၏။ ကားထဲကလဲ စကားေျပာသံ မ်ားဆူညံေနသည္။ မိန္းကေလးေတြ ထုံးစံအတိုင္းေပါက္ေပါက္ေဖာက္ေနၾက၏။ ဌာနႀကီးက လူ ၂ေယာက္ကေတာ့ သူ႔တို႔ဘာသာ ေအးေဆးလိုက္ပါေနၾက၏။ ေဆြးေျမ့ေဘးက ျမတ္မင္းကေတာ့ ကားမူးတတ္သည္ဟုဆိုကာ စထြက္ကနဲ အိပ္လိုက္လာတာပင္။

မိုးရာသီလဲျဖစ္တာမို႔ မိုးေလးက အုံ႔ေနၿပီး ပတ္ဝန္းက်င္ဟာ အလြန္စိုေျပေနသည္။ ေဆြးေျမ့ကေတာ့ နားၾကပ္ေလးတပ္ကာ ခုံတြင္ေခါင္းေလးမွီရင္း ကားမွန္မွတဆင့္ အျပင္ဘက္ကိုေငးေမာေနေလသည္။ စိမ္းစိုေနေသာ လယ္ကြင္းျပင္ေလးကိုေငးရင္း တိုးတိုးေလး ၾကားေနရေသာ သီခ်င္းသံစင္နဲ႔အတူ မ်က္လုံးေတြဟာလဲ ေမွးစင္းလာေတာ့သည္။ မနက္က အေစာႀကီးထလိုက္ရတာမို႔ အိပ္ေပ်ာ္သြားေတာ့၏။

………………..<<<<ညႇိဳ႕အိမ္>>>>>…………….

” ေဟ်ာင့္ .. ေဆြးေျမ့ “

” …. “

” ထေတာ့ကြ ေရာက္ေနၿပီ “

နားထဲတြင္ ဆူညံသံေတြနဲ႔အတူ လႈပ္ႏိုးခံလိုက္ရသျဖင့္ ခ်က္ျခင္းႏိုးသြားရသည္။

” ဟမ္ .. ေရာက္ၿပီလား “

” ေရာက္ၿပီကြ .. မင္းလဲ အိပ္ေနလိုက္တာမ်ားသိုးလို႔ “

ျမတ္မင္းစကားကို အေရးမလုပ္ေတာ့လဲ တြန္းတိုက္ကာကားေပၚမွာ ေျပးဆင္းရေတာ့သည္။

” အာ ဒီေကာင္ကေတာ့ “

Hotel ကေနပင္ ကမ္းေျခေသာင္ျပင္ကို အေဝးကေန လွမ္းျမင္လိုက္ရ၏။

” ဝါးး … လွလိုက္တာ “

မနက္ ၇နာရီကထြက္လာမို႔ ေရာက္ေတာ့ ေန႔လည္ ၁နာရီေလာက္ရွိေနေလၿပီ။ မနက္က မိုးအုံ႔ေနေပမဲ့ အခုေတာ့ ေနက ျပန္ထြက္ေနေလသည္။ ေနရာတိုင္းမွာ အုန္းပင္ အုန္းခက္ေတြရွိေနၿပီး ေသာင္ျပင္ေတြမွာလဲ ေဘာကြင္းငွါးသူေတြ အုန္းေရသယ္ေတြ အကင္သယ္ေတြ ရွိေနသည္။

” ေဟ်ာင့္ ေနာက္မွ ၾကည့္ဟ ဗိုက္ဆာလွၿပီ အခန္းထဲေနရာခ်ၿပီးမွ ျပန္ထြက္မယ္ “

မ်က္ေတာင္မခက္တန္းငမ္းေနသူကို ျမတ္မင္းက ဇြတ္ဆြဲေခၚရေတာ့သည္။

” ေအးပါကြာ ဒါနဲ႔အျခားသူေတြကေရာ “

” သြားၾကၿပီေလ ငါနဲ႔မင္းပဲက်န္ေတာ့တယ္ “

” ေအးေအး ငါတို႔အထုတ္ေတြကေရာ “

” သယ္သြားၾကၿပီ boss က အကုန္စီစဥ္ၿပီးသား ငါတို႔ေနမဲ့ အခန္းဆီသြား႐ုံပဲ “

” ေအး သြားၾကမယ္ “

ဝန္ထမ္းေတြ ၂ေယာက္က အထုတ္ေတြနဲ႔ အတူ အခန္းကို လိုက္ျပၾကသည္။ အခန္းေတြက ဘန္ဂလို ပုံစံေတြမို႔ သူ႔အေဆာက္အဦးနဲ႔သူရွိေနၾကသည္။ ကြန္ကရစ္ေလွ်ာက္လမ္းတစ္ေလွ်ာက္လဲ အုံးပင္ေတြနဲ႔ အျခား သစ္ပင္ေတြက ၿခံရံထားေသးသည္။ ဒီ hotel က အေတာ္ကို အဆင့္အတန္းျမင့္ကို မိုက္သည္။

” အကိုတို႔ထဲက ေဆြးေျမ့အိမ္ကဘယ္သူလဲဗ် “

” ကြၽန္ေတာ္ပါ “

” ဒါဆို အကိုအတြက္က ဒီအခန္းပါ ဒီကအကိုက ဒီဘက္က အခန္းပါဗ် ”

ဝန္ထမ္းေကာင္ေလး ၂ေယာက္က သူတို႔ကို တစ္ေယာက္စီ ေခၚသြားၿပီး အခန္းကို လိုက္ပို႔ေပးၾက၏။ ေဘးျခင္းကပ္ရပ္ ဘန္ဂလိုေတြေပမဲ့ အရမ္းေတာ့လဲနီးကပ္မေနေပ။ အခန္းေရွ႕တြင္
ဝရံအတာ အေသးေလးနဲ႔ ထိုင္စရာခုံမ်ားလဲ
ခ်ထားေပးေသးသည္။

ဝန္ထမ္းေတြ ထြက္သြားသည္နဲ႔ သူလဲ အခန္းထဲ ပတ္ၾကည့္မိသည္။ ၂ေယာက္အိပ္ ကုတင္က်ယ္ ႀကီးက ခန္းနားစြာတည္ရွိေန၏။ေဆြးေျမ့လဲ ကုတင္ေဘးက လိုက္ကာစေတြကို ဆြဲဖြင့္လိုက္ ေတာ့ မွန္ျပတင္းတံခါးကေန ေသာင္ျပင္ကို လွမ္းျမင္ေနရသည္။ အလြန္ကို စိတ္ခ်မ္းေျမ့စရာေကာင္းလြန္းလွ၏။

” ဒီလို ေနရာကို ေနာက္ဆုံးေတာ့ ေရာက္လာခဲ့ၿပီ အလုပ္နဲ႔ဆိုေပမဲ့ေလ အေပ်ာ္ခရီးလာရသလိုပါပဲ”

ေဆြးေျမ့ကေတာ့ လန္းဆန္းတက္ႂကြေနကာ အေပ်ာ္ႀကီးေပ်ာ္ေနေလေတာ့သည္။ ေရထဲဆင္းခ်င္ေပမဲ့ ေန႔လည္ခင္းႀကီးမို႔ လူကရွင္းေနကာ ေနကလဲ ပူေနေသးသည္။ သူကလဲ ေရမကူး
တတ္သည္မို႔ ညေနမွ ကိုယံပိုင္နဲ႔ ျမတ္မင္းကို အေဖာ္ဆက္ကာ ဆင္းဖို႔သာ ဆုံးျဖတ္လိုက္၏။

ေဒါက္ေဒါက္ ..

တံခါးေခါက္သံေၾကာင့္ ခ်က္ျခင္းထကာ ဖြင့္ေပးလိုက္ေတာ့ ေခါက္ေနသူကျမတ္မင္းပင္။

“လာေလ ျမတ္မင္း “

” မင္းအခန္းက ပိုက်ယ္တာပဲကြ “

” ဟမ္ အခန္းေတြက တူတူပဲမဟုတ္ဘူးလား “

” ငါ့အခန္းက ၂ေယာက္ခန္းကြ ကိုယံပိုင္ နဲ႔ အတူေနရမွာထင္တယ္ “

” ဪ “

” မင္းကေတာ့ တစ္ေယာက္ထဲေပါ့ ၃ေယာက္ခန္းေတြလဲ ရွိတာကို ဘာလို႔ မင္းကို တစ္ေယာက္ထဲ boss က စီစဥ္ေပးတာပါလိမ့္ “

ျမတ္မင္းက ေတြးဆဆနဲ႔ အခန္းကို ပတ္ၾကည္
ရင္းေျပာေနေလသည္။

” အခန္းမက်န္ေတာ့လို႔ေနမွာပါ .. ဒါနဲ႔ ခုနက
ဗိုက္ဆာေနၿပီဆို သြားစားၾကမယ္ေလ “

ေဆြးေျမ့မွာ စကားလမ္းေၾကာင္းအျမန္လြဲရေတာ့သည္။

” ဟုတ္တယ္ကြ အဲတာေၾကာင့္ ငါလာေခၚတာ သြားစားၾကမယ္ boss တို႔လဲ ေရာက္ေတာင္ေနေလာက္ၿပီ “

” ေအးေအး “

သူတို႔ႏွစ္ေယာက္လဲ Hotel က စားေသာက္တဲ့ေနရာဆီထြက္လာလိုက္ေတာ့ ထင္တဲ့အတိုင္း boss တို႔ကေရာက္ေနၾကၿပီး ဌာနက လူေတြနဲ႔ထိုင္ ေတာင္ေနၾကေလၿပီ။

” မဂၤလာပါ boss “

ျမတ္မင္းက boss ဘက္သို႔ေလွ်ာက္သြားလိုက္ ၿပီး ႏႈတ္ဆက္သျဖင့္ ေဆြးေျမ့လဲ ႏႈတ္ဆက္ရေတာ့သည္။

” မဂၤလာပါ ceo “

” အင္း .. ထိုင္ၾကေလ “

” ဟုတ္ကဲ့ဗ် ”

သူတို႔ႏွစ္ေယာက္လဲ ယံပိုင္ေဘးတြင္ လြတ္ေနေသာ ခုံမွာ ဝင္ထိုင္လိုက္ၾက၏။

” အဆင္ေျပတာ မွာၾကပါ ခရီးစဥ္အတြင္း company ကပဲ စီစဥ္ေပးမွာမို႔ “

” ေက်းဇူးတင္ပါတယ္ boss “

Boss ဆီက ခြင့္ျပဳခ်က္ရတာနဲ႔ သူတို႔ေတြလဲစားခ်င္တာ မွာလိုက္ၾကေတာ့သည္။ မွာထားတာေတြေစာင့္ေနၾကရင္း အလုပ္အေၾကာင္းေျပာေနၾကသျဖင့္ ေဆြးေျမ့တို႔က နားေထာင္ေနၾက၏။

” ဒီေန႔ကေတာ့ နားလိုက္ၾကေပါ့ မနက္ျဖန္မွာ အနီးအနားကေနရာေတြ လိုက္ၾကည့္ၿပီး လုပ္ငန္းစတာေပါ့ “

ဒီေန႔နားလိုက္ေတာ့ဆိုတာနဲ႔တင္ ယံပိုင္တို႔ ေဆြးေျမ့တို႔ကေတာ့ အေပ်ာ္လုံးဆို႔သြားၾကေတာ့သည္။

” ေဟ်ာင့္ေတြ ငါတို႔ ဒီည မီးပုံပြဲလုပ္တာၾကည့္
ရင္း ကစ္ၾကမယ္ေလ “

Boss က ဌာနႀကီးကလူေတြနဲ႔စကားေျပာေနၾကတုန္း သူတို႔၃ေယာက္ကလဲ တိုးတိုးနဲ႔တိုင္ပင္ေနၾကသည္။ ယံပိုင္ကေတာ့ တက္ႂကြေနသည္။

” ဒါမ်ိဳးကေတာ့ လာထားပဲ ပင္လယ္ေရနဲ႔အတူ ေသာက္ၾကမယ္ ”

” ေဆြးေျမ့ မင္းေရာေနာ္ “

” ဟုတ္ကဲ့ပါကိုယံပိုင္ရဲ႕ ညေနက်ရင္ေတာ့
ကြၽန္ေတာ္ ေရထဲဆင္းခ်င္တာ အေဖာ္လိုက္ေပးၾကအုံး ေရမကူးတတ္လို႔ “

” ေအးပါကြ ငါတို႔လဲဆင္းမွာပဲ “

ဒီလိုနဲ႔ပဲ စားစရာေတြေရာက္လာသျဖင့္ သူတို႔ စကားစပ်က္သြားေတာ့သည္။ ထိပ္ဆုံးခုံတြင္
ထိုင္ေနေသာ ceo ၏ အၾကည့္ေတြကိုေတာ့ ေပ်ာ္ေနေသာ ေဆြးေျမ့က မျမင္လိုက္ပါေခ် ။

………………<<<<ညႇိဳ႕အိမ္>>>>>>………….

ညေနခင္းေရာက္ေတာ့ သူတို႔အဖြဲ႕ေတြ ကမ္းေျခသို႔ဆင္းၾကေတာ့သည္။ မိန္းကေလး ႏွစ္ေယာက္ ကေတာ့ ဓာတ္ပုံေတြေရာက္ကာ ေလွ်ာက္ပတ္ ၾကည့္ေနၾက၏။ သူတို႔ ေယာက်ာ္းေလး ၅ေယာက္အဖြဲ႕ကေတာ့ ကမ္းေျခက ခုံေတြတြင္ ဘီယာဘူးကိုယ္စီနဲ႔အဖြဲ႕က်သြားၾက၏။ ဌာနႀကီးက အကို ၂ေယာက္ကလဲ အသက္ ၃၀ ေက်ာ္ ေတြမို႔ အေသာက္အစားေလးပါလာတာနဲ႔ သူတို႔ ၃ေယာက္နဲ႔အတူအဖြဲ႕ဝင္ျဖစ္သြားၾကတာပင္။

” ယံပိုင္ boss ကို ဘာလိုလဲ ေမးလိုက္အုံးေလ “

သူတို႔နဲ႔ ခပ္လွမ္းလွမ္းတြင္ မ်က္ႏွာတည္ႀကီးနဲ႔
ထိုင္ေနေသာ boss အား ဌာန ၁က ကိုလြင္မင္းက ေမးေငါ့ျပရင္းေျပာလိုက္ေလသည္။

” ရတယ္ ကိုလြင္မင္းရဲ႕ ကြၽန္ေတာ္ေမးၿပီးၿပီး မလိုဘူးတဲ့ “

” boss ရွိေနေတာ့ ေသာက္ရတာေတာင္ ခပ္လန္႔လန္႔ရယ္ “

” ဒီေန႔က အလုပ္ခ်ိန္မွမဟုတ္ပဲ ခ်မွာသာခ် “

” ေအးကြာ လာ cheer “

ေဆြးေျမ့လဲ ဘီယာဘူးေလးကိုင္ကာ လိုက္ေသာက္ေနရ၏။

” ကိုယံပိုင္နဲ႔ျမတ္မင္း သြားၾကရေအာင္ဗ်ာ
ကြၽန္ေတာ္ေရထဲဆင္းခ်င္ေနၿပီ “

” ေဆြးေျမ့ရာ ကေလးက်ေနတာပဲမင္းက “

” ကိုယံပိုင္ေနာ္ ဘီယာျမင္တာနဲ႔ ကြၽန္ေတာ့္ကို
ေမ့ခ်င္ေယာင္ေဆာင္ေနတာ ေရသာကူးတတ္
ရင္ေခၚမေနဘူးသိလား “

” ျမတ္မင္း လိုက္ပို႔လိုက္စမ္းပါကြာ “

” ကဲ လာလာ ေဘာကြင္းေတာ့ ငွါးအုံး ငါကေရကူးတတ္ေပမဲ့ နစ္ရင္ေတာ့ မကယ္တတ္ဘူးကြ”

” ေအးပါကြာ မင္းကလဲ ငါငွါးထားၿပီးသား သြားၾကမယ္ထ “

ေဆြးေျမ့က ေဘာကြင္းေလး ပိုက္ကာ ထရပ္
လိုက္ေတာ့၏။

” boss က အဲတိုင္းႀကီး ထိုင္ေနေတာ့မွာလား မသိဘူး သြားေခၚရေအာင္ “

” ဟာ ေဟ်ာင့္ျမတ္မင္း “

ျမတ္မင္းက ဘီယာေလး ဝင္ထားသည္မို႔ ေျပာရဲဆိုရဲနဲ႔ အာေခ်ာင္ေနေလသည္။ ေဆြးေျမ့လဲ မေနတာေတာ့သည္မို႔ ေနာက္က လိုက္သြားရ၏။

” မဂၤလာပါ boss “

ကမ္းေျခမေရာက္တာၾကာၿပီ ေအးေဆးအနားယူေနေသာ လင္းညႇိဳ႕မွာ ေဘးသို႔ေရာက္လာသူ ႏွစ္ေယာက္ေၾကာင့္ ေမာ့ၾကည့္လိုက္ရ၏။
အနဲငယ္ မူးေနပုံေပါက္ေနေသာ ျမတ္မင္းရယ္ ေဘာကြင္းေလးကိုင္ကာ သူ႔ကို ၾကည့္ေနေသာ ေဆြးေျမ့ကို ျမင္လိုက္ရသည္။

” အင္း “

” ကြၽန္ေတာ့္တို႔ေရထဲဆင္းမလို႔ဗ် boss လိုက္အုံးမလား “

ျမတ္မင္းစကားေၾကာင့္ ေဆြးေျမ့ကို တစ္ခ်က္ထပ္ၾကည့္လိုက္မိသည္။ ေပါင္အလယ္ေလာက္သာရွိေသာ ေဘာင္းဘီတိုနဲ႔တြဲဝတ္ထားသည္က
ဂ်ိဳုင္းျပတ္အျဖဴစြတ္စြတ္ပင္။ ျဖဴေဖြးေနေသာ အသားေရာင္က ထင္းထြက္ေန သည္။ ဒူးေခါင္းရဲရဲေလးေတြကလဲ လွပလြန္းသည္။ လင္းညႇိဳ႕ မ်က္ေမွာင္ အနဲငယ္က်ဳံ႔မိသြား၏။

” မင္းက မူးေနၿပီမဟုတ္ဘူးလား “

” ဟဲဟဲ နဲနဲပါ ဗ် ေဆြးေျမ့က ေရမကူးတတ္ဘူးဆိုလို႔ အေဖာ္လိုက္ေပးမလို႔ပါ “

” မင္းေနခဲ့လိုက္ ငါ့လိုက္ပို႔လိုက္မယ္ “

” ဗ်ာ .. အာ .. ေကာင္းတာေပါ့ boss လိုက္သြားလိုက္ပါ “

လင္းညႇိဳ႕က ထိုသို႔ေျပာကာ ေၾကာင္ေတာင္ေတာင္ရပ္ေနေသာ ေဆြးေျမ့ကိုလက္ကဆြဲေခၚ၍ ကမ္းေျခထံ ဦးတည္သြားေတာ့သည္။ ျမတ္မင္းကေတာ့ ေခါင္းကုတ္ကာ က်န္ေနခဲ့ေတာ့သည္။

” လြတ္ပါအုံး ေနာက္မွာ လူေတြၾကည့္ေနၿပီ “

ကိုင္ထားေသာ လက္ကို အတင္း႐ုန္းထြက္ရ၏။
ထိုအခါမွ လြတ္ေပးေတာ့သည္။

” မင္းက ေရမကူးတတ္ဘူးလား “

” မကူးတတ္ဘူး သင္လဲမသင္ခဲ့ရဘူးေလ “

” ကိုယ္သင္ေပးမယ္ “

” တကယ္လား “

” အင္း “

” ဟီး ဒါဆို ေကာင္းတာေပ့ါဗ် ကြၽန္ေတာ္က အရမ္းေရကူးတတ္ခ်င္တာ ”

” တစ္ခုေတာ့ရွိတယ္ “

” ဟုတ္ကဲ့ “

” အဲေလာက္တိုတာ ဝတ္ရင္ေတာ့ သင္မေပးေတာ့ဘူး “

” ဗ်ာ “

ထိုသို႔ေျပာကာ ကမ္းေျခဆီ အရင္ဦးတည္ထြက္ သြားေလေတာ့သည္။

*ေရကူးတာ ဒီလိုအတိုမဝတ္ရင္ သူကဘာဝတ္ရမည္နည္း ၊ တစ္ခ်ိဳ႕ဆို အေပၚပိုင္း ဗလာနဲ႔ ေရကူးေဘာင္းဘီနဲ႔ေတာင္ကူးၾကတာေလ *

” လာေလ ဘာရပ္လုပ္ေနျပန္ၿပီလဲ “

ေရထဲကေန လွမ္းေအာ္ေခၚေနသျဖင့္ ေဆြးေျမ့မွာ အေျပးသြားရေတာ့သည္။

” လာပါၿပီ ဗ် “

ေဘာကြင္းေလး ပိုက္ကာ ေရထဲသို႔ လႈပ္လီလႈပ္ လီဆင္းလာေသာ ေကာင္ေလးကို ခါးေထာက္ ကာ အသင့္ေစာင့္ေနေသာ ceo ႀကီးရွိေနေလ
သည္။

……………….<<<<ညႇိဳ႕အိမ္>>>>>…………

7.8.2024

ကမ္းေျခခရီးေလးမွာ ကြၽန္မတို႔ Ceo ႀကီး နဲ႔ ေဆြးေျမ့ေလးတို႔ ဘာေတြ ဆက္ျဖစ္ၾကအုံးမလဲေနာ္ ❤️

ေနာက္အပတ္မွ ျပန္ေတြ႕ပါမယ္

ခ်စ္တဲ့ emma

Tags: read novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 18 ) uni & zg, novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 18 ) uni & zg, read Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 18 ) uni & zg online, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 18 ) uni & zg chapter, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 18 ) uni & zg high quality, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 18 ) uni & zg light novel, ,

Comment

Leave a Reply

Chapter 21