Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 11 ) uni & zg
A+ A-
Unicode
Ring ! Ring !
Ring ! Ring !
ဖုန်းမြည်သံ ဆက်တိုက်ကြောင့် အိပ်နေရာက နိုးသွားရတော့သည်။ သို့ပေမဲ့ တန်းမကိုင်နိုင်သေး မျက်လုံးတွေကို ပွတ်သပ်ကာ ဟိုဘက်ကြည့်ဒီဘက်ကြည့် အရင်လုပ်ရသေးသည်။ ထိုအခါ ဖုန်းလေးက ကျသွား၏။
Ring ! Ring !
သို့ပေမဲ့ ဖုန်းက ထပ်၍ မြည်လာပြန်သည်။ ဒီတစ်ခါတော့ မကိုင်လို့ မဖြစ်တော့ ကုတင်ဘေးက စားပွဲပေါ်က သူ့လွယ်အိတ်လေးကို ယူဖို့ရာ ဖြည်းဖြည်းခြင်း တိုးကပ်လိုက်ရ၏။
” အ … ကျွတ်စ် ကျွတ်စ် “
လှုပ်လိုက်တာနဲ့ နာကျင်သွားတဲ့ ခန္ဓာကိုယ်ကြောင့် ညည်းလိုက်မိသည်။ လွယ်အိတ်ထဲက ဖုန်းလေးကို ထုတ်ကာ ခေါ်ဆိုသူကို ကြည့်လိုက် တော့ ထက်နေသူပင်။
” ဟယ်လို နေသူ “
” ဟင် .. ဆွေးမြေ့ မင်းဘယ်မှာလဲ ညကလဲပြန်မလာဘူး အသံကရောဘာဖြစ်နေတာလဲ “
ဟုတ်တာပေါ့ ဆွေးမြေ့အသံက ဝင်နေပြီး အက်ရှနေတာလေသည်။
” အာ ဟို .. ငါ့အရင်အလုပ်က သူငယ်ချင်း
အိမ်မှာ ညအိပ်လိုက်လို့ ”
” ဪ အေးပါ မင်းနေရောကောင်းရဲ့လား အသံတွေဝင်နေတယ် ”
” ကောင်းပါတယ် မနက်ခင်းမို့ ဒါနဲ့ဘာရှိလို့လဲနေသူ”
” ငါအိမ်ပြန်မလို့ ဒီနေ့ပြန်မလာဘူး လှမ်းပြောတာ”
” အော်အေးအေး ငါလဲ ခနနေလောက်ပြန်လာမှာပါ”
” ဟုတ်ပြီဟုတ်ပြီ ဒါဆို ဒါပဲ ”
” အေးအေး ”
ဖုန်းချပြီးမှ ဖြည်းဖြည်းခြင်းထထိုင်လိုက်ရသည်။ ခါးရိုးတစ်လျှောက်လုံးက ကိုင်ပေါက်ခံထားရသလိုပင် နာကျင်နေသည်။ အောက်ပိုင်းကလဲ ထိုင်ရတာကိုပင် မသက်သာလှပေ။
” သေလောက်အောင် နာတာပဲ ”
ခြုံထားသော စောင်ကို ဖယ်လိုက်တော့ တစ်ကိုယ်လုံး အဝတ်အစားပင်မကပ်၊ အိပ်ယာခင်းတွေကလဲ ညစ်ပေနေသည်။ သူ့ပေါင်မှာလဲ ကိုက်ရာတွေ အပြင် ခြောက်နေပြီဖြစ်သောအဖြူရောင် အရည်များ။
” ပစ်စလက်ခက်ကို လုပ်သွားတာပါလား ”
မချိတင်ခဲ ရေရွတ်ပြီးကုတင်မှဖြည်းဖြည်းထကာ ရေချိုးခန်းဆီလျှောက်သွားလိုက်၏။ ရေချိုးခန်းမှ မှန်ပြင်သည် ခန္ဓာကိုယ် တစ်ဝက်ထိပေါ်သဖြင့် အကုန်မြင်နေရ၏။
” fck ”
ရစရာမရှိအောင် စုတ်ပျက်နေသော ကိုယ့်ကိုကိုယ်မြင်လိုက်ရ၏။ လည်ပင်းတွေ ဆိုတာ ကိုက် ရာတွေက အပုပ်ရောင်ဘက်ကိုတောင်သန်းနေပြီ။ နှုတ်ခမ်းတွေဆို ယောင်ကိုင်းပြီး ထောင့်တွေဆို ပေါက်ပြဲလို့။ ရင်ဘက်တွေ ခါးတွေမှာလဲ အမှတ်ရာတွေ အပြည့်ပင်။
” ငါ့လိုးနှဲ့မှ လူလိုလုပ်မသွားဘူး ဘယ်တုန်းကတည်းကများ ငတ်ပြတ်နေလဲမသိဘူး ”
” ဒီလောက်လုပ်သွားတာတောင် သန့်ရှင်းရေးတောင်လုပ်မပေးသွားဘူး လုပ်ပြီး တန်းပြန်သွားတာပဲ ”
” စိတ်ပျက်စရာ ကောင်းလိုက်တဲ့ ချီးဘဝ ”
ဆွေးမြေ့ တစ်တွတ်တွတ်ရေရွတ်ပြီး ရေဘန်းကို ဖွင့်ချလိုက်ကာရေချိုးရတော့သည်။ ထိုအခါမှပဲ လန်းဆန်းသွားတော့၏။ ရေဘန်းအောက်တွင် အတော်အတန်ကြာခံယူပြီးမှ မနေ့က ချွတ်ချထားသော အဝတ်တွေကောက်ဝတ်ကာ ပြန်ခဲ့ရတော့သည်။ အဆောင်ဘေးက ဆေးဆိုင်မှာ အကိုက်အခဲပျောက်ဆေးလေးဝင်ဝယ်ခဲ့ရသေးသည် မဟုတ်လျှင် မနက်ဖြန်ဖျားလိမ့်မည်။
…………..<<<<ညှို့အိမ်>>>>……………
ဒီနေ့ကတော့ ဆွေးမြေ့အတွက် ငွေကုန်ပေါက် တွေဖြစ်နေရ၏။ အောက်ပိုင်းက နာနေသေးသဖြင့် bus ကားတိုးမစီးနိုင်လို့ တက်ဆီဖြင့် ရုံးလာလိုက်ရသည်။ လမ်းလျှောက်သွားဖို့ကလဲ မဖြစ်နိုင်ပေ။ ဝန်ထမ်းအကျီအောက်မှာလဲ လည်ပင်းထိပ်တ်တဲ့ လက်ရှည်ကိုလဲ ဝတ်ထားရသေး၏။ ကိုက်ရာတွေ အပြည့်နဲ့ သူ့လည်ပင်းကို သူများတွေ မြင်လို့မဖြစ်ပေ။ အဓိကက ရွှန်းလဲ့နဲ့ ထက်နေသူသာ သိသွားရင် မေးခွန်းပေါင်းစုံမေးလာလိမ့်မည်။ မနေ့ကတောင် ထက်နေသူမရှိလို့တော်သေးသည်။ မဟုတ်ရင် သူ့ရဲ့ရုပ်ပျက်ဆင်း ပျက်အနေအထားအရ ဘာလုပ်လာသလဲဆိုတာ ကလေးသွားမေးတောင်သိလောက်မည်။ ခုတောင် သူ
ဝတ်လာတာတွေ ကြည့်ပြီး နေမကောင်းဘူးလား နဲ့ဟိုမေးဒီမေးလုပ်နေလို့ ရှောင်ပတ်ဖြေနေရသေးသည်။
” ဆွေးမြေ့ရေ boss လက်မှတ်လေး သွားထိုးပေးပါအုံး “
ထုံးစံအတိုင်း မကြည်ပြာက သူ့စားပွဲပေါ်တွင် ဖိုင်လာတင်သွားသည်။ ဟိုနေ့ကိစ္စကြောင့် သူမသွားချင်ပေ။
” ရွန်းလဲ့ ”
Computer နဲ့ စရင်းလုပ်နေသော ရွှန်းလဲ့ကို ခေါ်ရတော့၏။
” ဘာလဲ ဆွေးမြေ့ “
” ceo ဆီ လက်မှတ်လေးသွားယူခဲ့ပေးပါလား ငါလချုပ်စရင်းတွေ နေ့လည်အမှီအပ်ရမှာမို့ “
” ပေးလေ သွားရမှာပေါ့ မနက်ခင်းမှာ boss မျက်နှာလေး ကြည့်ပြီး energy ဖြည့်ရမယ် “
” နှာဘူးမ “
” အောင်မာ နေသူနော် “
ရွှန်းလဲ့အပြောကို မျက်နှာချင်းဆိုင်က နေသူက ရှုံ့မဲ့ပြကာ လှမ်းပြော၏။
” မဟုတ်လို့လား တစ်နေ့တစ်နေ့ ဘယ်သူဆင်လဲ လိုက်ကြည့်ပြီး နင်နှာခေါင်းမီးတောက်နေတာလေ “
” မနာလို မရှိစမ်းပါနဲ့ “
” အောင်မာ ငါက ဘာကို မနာလိုဖြစ်ရမှာလေ “
” နင်ကရုပ်ဆိုးကောင်မို့လို့လေ “
” ဟဟ သေလိုက်လေ အောက်က စီနီယာ မမတွေဆို ငါ့ကို နေသူလေးနဲ့ နေတာပဲ “
” ရွံတာ နင့်ကိုများ “
စကားတစ်ခွန်းကနေ အစပြုပြီး စကားနိုင်လုနေကြသော နှစ်ကောင်အားကြည့်ကာ ဆွေးမြေ့ စိတ်လေမိသည်။ မတည့်အတူနေ ကြောင်နဲ့ကြွက်ဆိုတာ သူတို့ နှစ်ယောက်ကိုပြောတာ ။
” ကိုက်မနေကြနဲ့တော့ နင်တို့ ပထွေး ceo က ၁၀ နာရီ မှ ဖိုင်လာမတင်ရင် ပွမ်နေလိမ့်မယ် “
” ဟယ် ဖက်ဟဲ့လွဲပါစေဖယ်ပါစေ ဆွေးမြေ့ရယ်
နင့်ပါးစပ်ပုပ်ကြီးနဲ့ ”
” ဘာကိုတုန်း “
” ငါ့အမေနဲ့တော့ မပေးစားပါရစေနဲ့ ငါ့ရဲ့ အိမ်ဦးနတ်လေးလဲ ဖြစ်ချင်တာ ပထွေးမတော်ချင်ဘူး “
” မိရွှန်းကတော့နော် ပြောလေ ကဲလေပဲ နင်မသွားလဲနေတော့ပေး ”
” ဟဲဟဲ သွားပြီ ခုသွားပြီ “
ထိုအခါမှပဲ စပ်ဖြဲဖြဲလုပ်ကာ ထွက်သွားတော့၏။ ချန်ခဲ့တဲ့ နှစ်ယောက်ကတော့ ခေါင်းတစ်ခါခါနဲ့သာ။ သူငယ်ချင်း မိန်းလေးတစ်ယောက်ရှိပါတယ် တစ်နေ့တစ်နေ့ ဘူးမယ်ဆိုတာပဲတတ်တယ်။
……………..<<<<<ညှို့အိမ်>>>>>……………….
” ဟဲ့ဆွေးမြေ့ “
” မြန်လိုက်တာ လက်မှတ်က ထိုးခဲ့ပြီလား “
သွားတာ ၅မိနစ်တောင်မရှိသေးပဲ ပြန်ရောက်လာတဲ့ ရွှန်းလဲ့ကြောင့် မေးလိုက်မိ၏။
” ငါ့ကို ပြန်လွတ်လိုက်တာဟ ”
” ဟမ် ”
” ဟုတ်တယ် ငါ ဝင်သွားတော့ boss က စရင်းစစ်နေတာ မော့တောင်မကြည့်ပဲ မင်းနောက်ကျတယ်တဲ့ ကိုယ်ကမျှော်နေတာတဲ့.. ငါလဲ အံ့ဩသွားတာပေါ့ အဲတာနဲ့လန့်ပြီး တောင်းပန်ပါတယ်လို့ပြောလိုက်တာ “
” အဲဲဒီတော့ “
” အဲခါကျမှ မော့ကြည့်လာပြီး boss က မျက်နှာပျက်သွားတာရုပ်တည်ကြီးနဲ့ ဆွေးမြေ့အိမ်က ဘာကိစ္စမလာတာလဲတဲ့လဲ “
” boss က ဘာလို့အဲလိုမေးတာလဲ “
ထက်နေသူကပါ စကားဝိုင်းထဲဝင်ပါလာ၏။ ဆွေးမြေ့ကတော့ တံတွေးမြိုချနေမိသည်။ ဒီနှစ်ယောက်က ဆားပုလင်းနှင်းမောင်သေလို့ ဝင်စားကြတဲ့ နှစ်ကောင်မို့လား။
” အေးပါဆိုငါလဲ သူမအားလို့ပါပေါ့ အဲတော့ ဘာပြန်ပြောမှတ်လဲ “
” ဘာတဲ့လဲ “
ဆွေးမြေ့မှာတော့ ချွေးပြန်နေလေပြီ။ မိသွားရင် မလွယ်ဘူး။
” ဆွေးမြေ့အိမ်ကိုပဲ လွတ်လိုက်မင်းပြန်တော့တဲ့”
” အဲတာ နင်ဘယ်လို ထင်လဲ နေသူ “
ထက်နေသူရော ရွှန်းလဲ့ရောက အကြည့်ခြင်းစုံကာ သူ့ဘက်ကိုကြည့်လာကြ၏။ ဒီအကြည့်တွေက …
” ဘာ .. ဘာလာကြည့်နေတာလဲ “
ဆွေးမြေ့မှာ ဟိုနှစ်ကောင်အကြည့်တွေကို ရင်မဆိုင်ရဲ …
” နင်နဲ့ boss က ဘာလဲ “
” ဟာ .. ဘာကမှာလဲ “
” ဘာမှမဟုတ်ပဲနဲ့ နင့်ကို မျှော်နေတာလို့ ဘာကြောင့်ပြောရတာလဲ “
” ဟုတ်တယ် ပြီးတော့ ရွှန်းလဲ့ကို ပြန်လွတ်ပြီး မင်းကို လာလို့ လာခိုင်းတာလဲ “
ရုတ်တရက်ကြီးတရားခံစစ်သလို လာစစ်ခံနေရတာကြောင့် ဆွေးမြေ့မှာ စဉ်းစားရကျပ်နေလေပြီ။ သူဘယ်လိုဖြေရပ ။ ဟိုနှစ်ကောင်ရဲ့စူးစူးစိုက်စိုက်အကြည့်တွေအောက်မှာ ဆွေးမြေ့ပြာကျတော့မည်။ မဖြစ်ဘူး ရုပ်ပျက်လို့မရဘူး အသံတုန်လို့မရဘူး စကားထစ်လို့မရဘူး ။ ဆွေးမြေ့ ကိုယ့်ဘာသာကိုယ်သတိပေးလိုက်ရသည်။
” ငါက ဘယ်သိမလဲ သိချင်သူ့သွားမေးလေ “
ထိုအခါ ရွှန်းလဲ့ထံက ဟုတ်ရဲ့လားဆိုတဲ့ သံသယ အကြည့်ကို ထပ်မှန်ရရှိလိုက်၏။
” ဟ ငါက ဘာလို့လိမ်ရမှာလဲ ”
ဆွေးမြေ့က ရုပ်တည်နဲ့ တန်ဖန်ပြန်ဖြဲလိုက်၏။
” နေအုံးရွှန်းလဲ့ရ boss က ဆွေးမြေ့ကို စိတ်ဝင် စားနေလို့များလား “
ထက်နေသူက တွေးဆဆဝင်ပြောလာသည်။
” ဒါလဲ ဖြစ်နိုင်တာပဲ ငါတို့ ဆွေးမြေ့လေး ကို ကြွေသွားတာများလား ”
” မဖြစ်နိုင်ပါဘူး ခုငါ့ကို လာခိုင်းတာမို့လား ငါသွားလိုက်အုံးမယ် “
ဆွေးမြေ့ ထိုနှစ်ကောင်ရှေ့မှ အမြန်ထွက်ခဲ့ရတော့၏။ မဟုတ်ရင် အလိမ်ပေါ်တော့မည်။ ဟိုလူကလဲ စကားကို မဆင်မခြင်နဲ့ဘာတွေလျှောက် ပြောမှန်းမသိပေ။ ဆွေးမြေ့ အပေါ်သို့ တက်ခဲ့လိုက်တော့၏။ အခန်းရှေ့ရောက်မှ ဝင်ခွင့်တောင်းရတော့သည်။
ဒေါက်ဒေါက်…
” ဘယ်သူလဲ “
” ကျွန်တော်ပါ “
” ဝင်ခဲ့ “
ဆွေးမြေ့လဲ ချက်ခြင်းဝင်သွားလိုက်သည်။
” ကျွန်တော့်ကို ခေါ်တယ်ဆိုလို့ ”
” အရင်ထိုင်အုံး “
” ဟုတ်ကဲ့ “
ဆွေးမြေ့က စားပွဲနားလျှောက်သွားလိုက်ပြီး ခုံတွင် ဝင်ထိုင်ဖို့အလုပ် …
” အဲမှာ ထိုင်ခိုင်းတာ မဟုတ်ဘူး “
” ဟမ် .. ဘာကို ”
” ကိုယ်က ဒီမှာထိုင်ခိုင်းဟာ ”
လင်းညှို့က သူ့ပေါင်ကို ပုတ်ပြလိုက်၏။
” ဟာ .. မထိုင်ပါဘူး “
ဒီလူဘာဖြစ်ချင်နေတာလဲ ပေါင်ပေါ်လာထိုင်ခိုင်းနေတယ်။
” ကိုယ်က ထိုင်ဆို လာထိုင်လိုက် ဆွေးမြေ့အိမ် “
” ခဗျား ”
ဒါက လူကို သက်သက်အနိုင်ကျင့်နေတာမဟုတ် ဘူးလား၊ ဆွေးမြေ့ငြင်းလဲ မရတော့မဲ့အတူတူ သူ့အနားသို့လျှောက်သွားလိုက်သည်။ ထိုအခါက လင်းညှို့က သူ့ပေါင်ကို ထပ်ပုတ်ပြ၏။ ဆွေးမြေ့လဲ ဝင်ထိုင်လိုက်ရတော့သည်။
” ဒီလိုမှပေါ့ “
လင်းညှို့က ထိုသို့ပြောကာ ခါးကို ဆွဲဖက်လျက် သူနဲ့မျက်နှာခြင်းဆိုင်စေလိုက်၏။
” နာနေသေးလား “
” နာမနာသိချင်ရင် ခဗျားခံကြည့်လေ “
” သိပ်ကို စွာနေပါလား ဆွေးမြေ့အိမ် “
” ခဗျားပြောလို့ ပြန်ပြောပြတာလေ “
” ကိုယ်က အကောင်းမေးနေတာပါ နာနေတဲ့နေရာလေးကို ဆေးလိမ်းပေးရမလားလို့ “
ဖြီတီတီ မျက်နှာဘေးနဲ့ မေးလာသူကြောင့် ဆွေးမြေ့မျက်နှာလေးရဲသွားရ၏။ ဒီလူက အရှက်ကိုမရှိတာပါ။
” မ.. မလိုပါဘူး ”
” ဟက် .. ရှက်နေပြန်ပြီ .. နောက်ဆို အသားကျလုပ်ပေးမယ် ”
” ဘာ … ဘာကို ”
” ဒီနှုတ်ခမ်းလေးတွေက ဘာလို့ အမြဲရဲနေရတာလဲ ”
” ဟင် ”
လင်းညှို့က ဆွဲငင်ငင်အသံဖြင့် ဆွေးမြေ့
အောက်နှုတ်ခမ်းကို ဖိဆွဲကာပြောလာ၏။
” နမ်းကြမလား “
” ဟာ .. မဖြစ်ဘူး “
” ဘာလို့လဲ ”
” ရုံးခန်းထဲမှာလေ လူဝင်လာရင်ဘယ်လိုလုပ်မလဲ”
” ကိုယ်ခွင့်မပြုပဲ ဘယ်သူမှ မလာရဲဘူး “
” ဟို .. ဒါပေမဲ့ ”
” ကိုယ်မရတော့ဘူး “
” ဘာကိုမရ .. အွင့် “
ဆွေးမြေ့နှုတ်ခမ်းတွေဟာ ချိတ်ပိတ်ခံလိုက်ရတော့သည်။ အောက်နှုတ်ခမ်းသားကို ခပ်ဖွဖွ စုပ်ယူနေတာက အသဲယားချင်စရာကောင်းလှသည်။ ဆွေးမြေ့ ရင်ခုန်သံတွေ အလွန်မြန်လာရသည်။ ကျွမ်းကျင်လွန်းလှတဲ့ အနမ်းတွေနောက်မှာ ကြာကြာတောင့်မခံနိုင်တော့ပဲ သူပါ အလိုက်အထိုက်နမ်းမိတော့သည်။ သူရဲ့တုန့်ပြန်မှု ရလို့ထင်၏ နူးညံ့နေသော အနမ်းတွေကနေ ပြင်းထန်လာ၏။ သူ့ခါးပေါ်မှာရှိတဲ့လက်တွေကလဲ ပိုမို တင်းကျပ်လာသည်။ အနမ်းတွေ ပြင်းထန်လာတာနဲ့ အမျှ အသက်ရှူရန်မလုံလောက် တော့ပေ။ ထို့ကြောင့် လင်းညှို့ရင်ဘက်ကို ထုကာ အသိပေးရတော့၏။ ထိုအခါမှပဲ ရပ်တန့်သွားတော့
သည်။
” ဟင်းး “
ဆွေးမြေ့မှာ ရင်ဘက်နိမ့်ချီမြင့်ချီနဲ့ အမောဖြေနေရသည်။
” မင်းနှုတ်ခမ်းတွေက သိပ်ချိုတာပဲ ”
” ….. “
” ကိုယ်တို့ ထပ်နမ်းကြမလား ”
” ဟင် .. တော် .. တော်လောက်ပြီ ”
” ဘာလို့လဲ ”
” ကျွန်တော်ရောက်နေတာကြာပြီ သွားတော့မယ်”
ဆွေးမြေ့က ထိုင်နေရမှာ ထရပ်ဖို့ လုပ်တော့သည်။ ထိုအခါ လင်းညှို့က အထမခံပဲ ပြန်ဆွဲထားပြန်၏။
” ဒီည လုပ်ကြမလား “
” ဘာ ”
ဆွေးမြေ့အော်ထုတ်လိုက်မိ၏။ အရင်ဒဏ်ရာတောင် မသက်သာသေးတာ ခုသာ ထပ်လုပ်ရင် သေဖို့ပဲရှိတော့မည်။
” လန့်လိုက်တာကွာ ဖြည်းဖြည်းအော်ပါ ”
” ခဗျားကျွန်တော့်ကို သေအောင်သတ်မလို့လား”
” ဟောဗျာ ကိုယ်က ဘာလို့မင်းကို သတ်ရမှာလဲ”
” ခဗျား လူမဆန်အောင်လုပ်ထားတဲ့ ဒဏ်ရာတွေတောင် မပျောက်သေးဘူးလေ ဘယ်တုန်းကတည်းက ငတ်ပြတ်နေခဲ့တာလဲ ခဗျားက “
” ဆွေးမြေ့အိမ်က အတော်ကို စွာနေတာပါလား”
” ဟုတ်တာပြောတာ ”
” ကောင်းပြီလေ ဒါဆို သဘက်ခါရော “
” မရဘူး ”
” အိုကေလေ နဲနဲထပ်လျော့ပေးလိုက်မယ်
နောက်အပတ်တွေ့မယ် ”
” ….. ”
” ကျွန်တော်သွားပြီ ဖယ်တော့ “
ဆွေးမြေ့က အဖြေမပေးပဲ ဇွတ်ရုန်းကာ ထလိုက် တော့၏။ မပြန်ခင် စားပွဲပေါ်ဖိုင်တွေဆွဲယူခဲ့
လိုက်သည်။
ဆွေးမြေ့ ရင်တွေထဲမှာ တလှပ်လှပ်ဖြစ်နေရသည်။ သူလို အတွေ့အကြုံမရှိတဲ့ လူအဖို့ ဒီအထိအတွေ့တွေက အတော်ပင် ရင်ခုန်စရာကောင်းသည်။ ဒီအနမ်းတွေက စွဲလမ်းဖို့လဲကောင်းသည်။ ဒီလူကလဲ ရင်ခုန်ချင်စရာကောင်းသည်။ သို့ပေမဲ့ ချစ်လို့တော့ မဖြစ်ပေ။ ချစ်မိသွားရင် နာကျင်ရမဲ့သူက သူပဲဖြစ်လိမ့်မည်။ ထိုလူက သူကို ရလိုမှုအတွက်ကြောင့် တွဲနေတာမို့လား သူ့ကို ရိုးသွားရင်ပစ်ချထားခဲ့မှာပဲ။ ထိုအချိန်မှာ အထိမနာဖို့ သူ့နှလုံးသားကို ထည့်ပေးလိုက်လို့မဖြစ်ဘူးလေ။
” ဟူးး … ချစ်လို့မရဘူး “
” ချစ်မိလို့ မဖြစ်ဘူး “
တစ်ယောက်ထဲ သတိပေးရင်း အောက်ထပ်သို့ဆင်းခဲ့လိုက်တော့၏။
…………………<<<<ညှို့အိမ်>>>>>>……………
21.8.2024
နောက်တစ်ပိုင်းကို သောကြာနေ့မဟုတ်ရင် စနေနေ့တင်ပေးပါမယ်။ နေမကောင်းတာ ၁ပတ်လောက်ရှိပြီ။ ညဘက်တွေပါ အိပ်မပျော်တော့ အိပ်ရေးတွေပျက်ပြီး လူက ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်ပြီး down နေလို့ပါ ။
ချစ်တဲ့ emma
Zawgyi
Ring ! Ring !
Ring ! Ring !
Ring ! Ring !
” အ … ကျွတ်စ် ကျွတ်စ် “
” ဟယ်လို နေသူ “
” အေးအေး ”
” သေလောက်အောင် နာတာပဲ ”
” fck ”
    …………..<<<<ညှို့အိမ်>>>>……………
” ရွန်းလဲ့ ”
” ဘာလဲ ဆွေးမြေ့ “
” နှာဘူးမ “
” အောင်မာ နေသူနော် “
” မနာလို မရှိစမ်းပါနဲ့ “
” ရွံတာ နင့်ကိုများ “
” ဘာကိုတုန်း “
……………..<<<<<ညှို့အိမ်>>>>>……………….
” ဟဲ့ဆွေးမြေ့ “
” ဟမ် ”
” အဲဒီတော့ “
” ဘာတဲ့လဲ “
” ဘာ .. ဘာလာကြည့်နေတာလဲ “
” နင်နဲ့  boss က ဘာလဲ “
” ဟာ .. ဘာကမှာလဲ “
ဒေါက်ဒေါက်…
” ဘယ်သူလဲ “
” ကျွန်တော်ပါ “
” ဝင်ခဲ့ “
” အရင်ထိုင်အုံး “
” ဟုတ်ကဲ့ “
” ဟမ် .. ဘာကို ”
” ဟာ .. မထိုင်ပါဘူး “
” ခဗျား ”
” ဒီလိုမှပေါ့ “
” နာနေသေးလား “
” မ.. မလိုပါဘူး ”
” ဘာ … ဘာကို ”
” ဟင် ”
” နမ်းကြမလား “
” ဟာ .. မဖြစ်ဘူး “
” ဘာလို့လဲ ”
” ဟို .. ဒါပေမဲ့ ”
” ကိုယ်မရတော့ဘူး “
” ဘာကိုမရ .. အွင့် “
သည်။
” ဟင်းး “
” ….. “
” ဟင် .. တော် .. တော်လောက်ပြီ ”
” ဘာလို့လဲ ”
” ဒီည လုပ်ကြမလား “
” ဘာ ”
” ဟုတ်တာပြောတာ ”
” မရဘူး ”
နောက်အပတ်တွေ့မယ် ”
” ….. ”
လိုက်သည်။
” ဟူးး … ချစ်လို့မရဘူး “
” ချစ်မိလို့ မဖြစ်ဘူး “
…………………<<<<ညှို့အိမ်>>>>>>……………
21.8.2024
ချစ်တဲ့ emma
Tags: read novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 11 ) uni & zg, novel Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 11 ) uni & zg, read Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 11 ) uni & zg online, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 11 ) uni & zg chapter, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 11 ) uni & zg high quality, Á€™Á€¾Á€­Á€¯Á€„Á€ºá€¸Á€Šá€¾Á€­Á€¯Á€·Á€¡Á€­Á€™Á€º ( Complete) Chapter ( 11 ) uni & zg light novel, ,
Comment
Leave a Reply
Chapter 14