Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၅)

A+ A-

ကိုကိုကြီးတို့ပြန်သွားပြီးတော့ ပစ်တိုင်းထောင်တို့ဆရာတပည့်နှစ်ယောက် ရွာထိပ်ကထန်းတောဘက်ကို ထွက်လာကြသည်။

မေတ္တာရှိကြောင်းပြောပြီးတင်တောင်းတာက ရှက်စရာမဟုတ်ပေမယ့် အခုပစ်တိုင်းထောင်အခြေအနေက အရိပ်နေနေ အခက်ချိုးချိုး ဆိုတဲ့စကားပုံလိုဖြစ်နေပြီး သူကြီးအိမ်မှာ မျက်နှာပြောင်နဲ့ဆက်နေနိုင်ဖို့အထိ သတ္တိမရှိတာကြောင့် နေ့လယ်ကတည်းက မညိုမြရဲ့ထန်းရည်ဆိုင်မှာ သောင်တင်နေခြင်းဖြစ်သည်။ 

” ဆျာထောင်တို့က လုပ်လိုက်ရင် ရိုက်ပေါက်တွေကြီးပဲ… တပည့်ဖြင့် ခုနက မြို့အုပ်မင်းလက်ချက်နဲ့ နာပြီထင်တာ “

” ဟေ့ကောင်… သောက်စရာရှိရင် ပါးစပ်ပိတ်ပြီးသောက်… နားရင်းထတီးလိုက်ရ “

ရေချိန်ကိုက်နေသည် မဟုတ်သော်လည်း ထန်းရည်တစ်ခွက်နှစ်ခွက်ဝင်ထားသည်မို့ ပုံမှန်နဲ့မတူပဲ အာသွက်လျှာသွက်ဖြစ်နေတဲ့ခွေးပုကို မာန်မဲလိုက်သည်။ သူကိုယ်တိုင်ကတော့ အဆာပြေချထားတဲ့မြေပဲလှော်ကို ပါးစပ်ထဲကောက်ဝါးလိုက်သည်။

” ဆျာထောင် အခုဘာဆက်လုပ်မှာလဲ “

” မသိဘူးကွာ… ဟေ့ကောင် မင်း တော်ပြီလား… တော်ပြီဆိုရင် ကိုမင်းမျိုးရုံးခန်းကို သွားကြမယ် “

မျက်စိရှေ့မှာ ကုန်သွားတဲ့သုံးအိုးမြောက်မြူအိုးကို မျက်စပစ်ပြီးပြောတော့ ခွေးပုက ခေါင်းညိတ်ပြသည်။ 

” အိမ်မပြန်သေးဘူးလား ဆျာထောင်ရ… တော်ကြာရင် မှောင်တော့မယ်လေ… သူကြီးစိတ်ပူနေဦးမယ် “

” မင့်မလိုက်ချင်ရင်နေခဲ့… ငါ သွားပြီ “

” ဟာ ဆျာထောင် .. နေဦးလေ . လိုက်မယ်လို့ “

မနက်ကအခန့်သားဝတ်လာတဲ့ပိုးပုဆိုးကို ခပ်တိုတိုဝတ်လို့ အနားကထွက်သွားတဲ့ဆရာသမားကြောင့် ခွေးပုမှာ စတီးပန်းကန်ထဲက မြေပဲလှော်ကို လက်ခုပ်ထဲအမြန်ထည့်လို့ ဆရာသမားအနောက်ကို ခပ်သုတ်သုတ်လိုက်ရသည်။ 

” ဟယ်… မောင်လေးထောင်ထောင် ပြန်တော့မလို့လား… အစ်မက ဒီမှာမောင်လေးအတွက် ငါးခြောက်ဖုတ်လာတာ… စားသွားဦးလေ. အဟိ “

ထန်းတောကအပြန် ရွာအဝင်လမ်းထိပ်မှာ ထန်းရည်ဆိုင်ပိုင်ရှင်မညိုမြကြီးနဲ့ တိုးတော့သည်။ ဆျာထောင်က နေ့လယ်ကတည်းက ထန်းရည်ဆိုင်ရောက်နေသည်မို့ မညိုမြကြီးတစ်ယောက် ရွာထဲကအိမ်ပြန်ကာဖြီးလိမ်းပြင်ဆင်ပြီး ပြန်လာခဲ့ပုံရသည်။ 

” မစားတော့ဘူး… ကျုပ်ပိုက်ဆံကို ခင်ဗျားမောင်နဲ့ရှင်းခဲ့တယ် “

” မောင်လေးထောင်ထောင်ရယ် ~ အချင်းချင်း “

” ကျစ်… ခင်ဗျားလူလိုနားမလည်ဘူးလား… ကျုပ်ကို အဲလိုမခေါ်နဲ့လို့… နောက်တစ်ခါထပ်ခေါ်ရင် ကျုပ် အဆိုးမဆိုးနဲ့ “ 

သွားကြားထဲကထွက်လာတဲ့လေသံနဲ့ အံကြိတ်ကာပြောနေတဲ့ဆျာထောင်ကြောင့် မညိုမြကြီး နည်းနည်းတော့ဖြုံသွားသည်။ ရွာထဲကပြန်လာတဲ့မညိုမြကြီးက အေးဆေးဖြစ်နေပုံထောက်ရင်တော့ မနက်ကဆျာထောင်တို့ကိစ္စက ရွာစကားဝိုင်းထဲ မရောက်လောက်သေးဘူးထင်သည်။ 

စိတ်ပူစရာတော့မရှိပါဘူး။ မနက်ဖြန်မနက်လောက်ဆိုရင်တော့ ရွာဦးကျောင်းက ဆရာတော်ဆီ သတင်းရောက်လောက်ပါပြီ။ တစ်ပတ်လောက်နေရင်တော့ မင်းကန်ရိုးရဲ့အနီးအနားရွာတွေကို ပျံ့သွားလိမ့်မည်။ 

” ဟာ… ပစ်တိုင်းထောင်နဲ့ ခွေးပုပါလား… ဘယ်ကနေဘယ်လိုဖြစ်ပြီး ဒီဘက်ရောက်လာလဲ “

ရုံးခန်းဆောက်တာလက်စသတ်နေပြီဖြစ်တဲ့ ကိုမင်းမျိုးက သူတို့နှစ်ယောက်ကိုတွေ့တော့ သစ်သားအတိုအစတွေကို အခန်းထောင့်မှာပုံချပြီး သူတို့ကို ရုံးခန်းထဲခေါ်လာသည်။

” ကျွန်တော် ဒီည ဒီမှာအိပ်မှာ “

” ဗျာ ” ” ဆျာထောင် “

အခန်းထဲဝင်ထိုင်လိုက်ရုံရှိသေး ထွက်လာတဲ့စကားသံကြောင့် မင်းမျိုးနဲ့ခွေးပုအသံက ဆက်တိုက်ထွက်လာသည်။ 

” သူကြီးက ဘာပြောလို့လဲ ပစ်တိုင်းထောင်ရဲ့ “

မနက်ကဖြစ်သွားတဲ့အခြေအနေကို နားလည်စွာ မင်းမျိုးက ပစ်တိုင်းထောင်ကို စကားစလိုက်သည်။ ပေါ့ပျက်ပျက်နေတာမျိုးမဟုတ်ပေမယ့် အမြဲလိုလိုပေါ့ပေါ့ပါးပါးနေတတ်တဲ့ ပစ်တိုင်းထောင်က အမှန်တကယ်ကို စိတ်ရှုပ်နေပုံပေါ်သည်။ 

” သူကြီးက ဘာမှမပြောပါဘူး… ပြောရအောင်လည်း ကျွန်တော်က ကိုကိုကြီးတို့ပြန်သွားပြီးကတည်းက ထန်းတောထဲရောက်နေတာ “

” ဟုတ်တယ် ဆရာမင်းမျိုး… ဆျာထောင် နေ့လယ်ကတည်းက ကြက်ကြီးလည်လိမ်သလိုဖြစ်ပြီး သက်ပြင်းချနေတာ မညိုမြထန်းရည်ဆိုင်တောင်ဘက်မှာ ချိုင့်ခွက်ကြီးတောင်ဖြစ်နေရောပေါ့ “

” ဟေ့ကောင်ခွေးပု… မင်း ခြေထောက်စာမိချင်နေတာလား “

” ဆျာထောင်ကလည်း စိတ်ချည်းပဲ… ဒီတပည့်ပဲအနိုင်ကျင့် “

မတည့်အတူနေ မမြင်ချောင်းကြည့် ဆိုတဲ့ ဆရာတပည့်နှစ်ယောက်ကိုကြည့်ပြီး မင်းမျိုး ခေါင်းအသာရမ်းပြီး ရယ်မိသည်။ ပစ်တိုင်းထောင်မြို့တက်သွားတုန်းက တမျှော်မျှော်ဖြစ်နေတဲ့ခွေးပုနဲ့ အခုမြင်နေရတဲ့ခွေးပုက လားလားမျှမဆိုင်။ 

” ဒီည ဒီမှာတကယ်အိပ်မလို့လား “

ခုနကပြတ်သွားတဲ့စကားကို ပြန်ဆက်ရင်း မင်းမျိုးစကားပြန်စလိုက်သည်။ 

” ဘာလို့လဲ… အိပ်လို့မရဘူးလား… ရုံးခန်းကပြီးနေပြီမဟုတ်ဘူးလား “

” ဟင်… အင်း . ပြီး . ပြီးနေပါပြီ “

အမှန်တကယ်လည်း ရုံးခန်းကဆောက်ပြီးနေပါပြီ။ သူနေဖို့အတွက်လည်း အကုန်လုံးက အဆင်သင့်ဖြစ်နေပြီဆိုပေမယ့် ကြင်သူသက်ထားအနီးအပါးမှာ နေလို့ရသလောက်နေချင်သေးသည်မို့ မပြောင်းသေးတာဖြစ်သည်။ သူ့ဘက်ကသာ တစ်ဦးတည်းသဘောတူထားသော တစ်ဦးသဘောတူချစ်ရသူလေးအကြောင်းတွေးမိတော့ မင်းမျိုးမျက်နှာထက်မှာ အပြုံးခပ်ရိပ်ရိပ်ဆင်လာသည်။ 

” ကိုမင်းမျိုး ပြန်တော့မှာမလား… ပြန်လေ… ခွေးပုကိုခေါ်သွား… ဒီကောင့်မျက်နှာမမြင်ချင်ဘူး “

” ဟာ… ဆျာထောင် အဲလိုသစ္စာမဖောက်ကြေး “

အခန်းအပေါက်ဝမှာ ဒူးတစ်ဖက်ပိုက်ကာ ထိုင်နေတဲ့ခွေးပုက ပစ်တိုင်းထောင်ကို ရန်စောင်သလိုပြောလာသည်။ 

” မင့်ကို ငါက ဘာသစ္စာဖောက်နေလို့လဲ “

” တပည့်သိသားပဲ… ဆျာထောင် သူကြီးကို မျက်နှာပူလို့ဆိုတာထက် ကိုဒင်္ဂါးနဲ့ မျက်နှာချင်းမဆိုင်ရဲလို့ မပြန်တာမလား “

အနာပေါ်တုတ်ကျသလို မှန်သွားတဲ့စကားကြောင့် ပစ်တိုင်းထောင် ကုလားထိုင်မှာထိုင်နေရာကနေ ခွေးပုကိုလှမ်းကန်လိုက်သည်။ 

” ဟ! ဆျာထောင် အားကြီးနဲ့… ကျုပ် ပြုတ်ကျတာက အရေးမကြီးပါဘူး… မယ်တင်ကလေး စိတ်မကောင်းဖြစ်နေမှာပဲ စိုးရိမ်မှာပါ “

မုန့်ဆီကြော်ကဘယ်နေမှန်းမသိ နှုတ်ခမ်းနာနဲ့မတည့်မှာ စိုးရိမ်နေတဲ့ခွေးပုအပြောကို နားထောင်ပြီး ပစ်တိုင်းထောင်စိတ်အကြီးကြီးပျက်သွားသည်။ 

” မယ်တင်က မင်းလိုလဒူရုပ်ကို သဘောကျမတဲ့လား “

” တပည့်က လဒူရုပ်ဆိုပေမယ့် ဆျာထောင်လို ဉစ္စာပေါ ရုပ်ချောထက်တော့ သာပါတယ် “

” ဘယ်နားက သွားသာနေ “

” ဘာနေနေ မယ်တင်ကလေးက ကိုကိုခွေးပု သူ့အပေါ်မေတ္တာရှိတာကို သိတယ်လေ… မယ်တင်လေးပဲလားဆိုတော့ မဟုတ်သေးဘူး… သူ့အမေကြီးဒေါ်ဘူးစိန်ကပါ သိသဗျာ့… အဲတစ်ချက်နဲ့တင် ဆျာထောင် ရှုံးနေပြီ “

” ဟေ့ကောင်… မင့် လေလုံးမကြီးနဲ့… ဘာပဲဖြစ်ဖြစ် ငါနဲ့ ဒင်္ဂါးနဲ့က လူကြီးစုံရာနဲ့စေ့စပ်ကြောင်းလမ်းပြီးသားကွ “

” ကိုဒင်္ဂါးဆီက လက်ခံကြောင်းဖြင့်မကြားရသေးပဲနဲ့ “

” အဟမ်း… ဘာဖြစ်ဖြစ်ကွာ “  

ခွေးပုစကားကိုကြားတော့ ပစ်တိုင်းထောင်ရဲ့ညိုစိမ့်စိမ့်မျက်နှာက အမည်းရောင်ဘက်သန်းလာသည်။ ကိုမင်းမျိုးကလည်း ပြုံးစစဖြစ်လာသည်မို့ ပစ်တိုင်းထောင်အရှက်ပြေချောင်းဟန့်လိုက်သည်။ 

” ကျွန်တော်မြင်သလောက်ပြောရရင်တော့ ဒင်္ဂါးကလည်း ပစ်တိုင်းထောင်ကို သံယောဇဉ်ရှိပါတယ်… အခုကလည်း ရုတ်တရက်ဖြစ်သွားတာဆိုတော့ သူ့အတွက် စိတ်ပြင်ဆင်ဖို့ အချိန်လိုမှာပေါ့…  “

သက်ပြင်းရှည်ကြီးချပြီး ငြိမ်ကျသွားတဲ့ပစ်တိုင်းထောင်ကို မင်းမျိုးအားပေးစကားပြောလိုက်သည်။ မဟုတ်ရင် မညိုမြထန်းရည်ဆိုင်တောင်ဘက်ကချိုင့်ခွက်ကြီးက သူ့ရဲ့ရုံးခန်းအသစ်စက်စက်လေးကို နေရာရွေ့လာပေလိမ့်မည်။ 

” ဆရာမင်းမျိုးကလည်း မသိရန်ကော “

ပြောလိုက်တာက ပစ်တိုင်းထောင်ကိုဆိုပေမယ့် စကားပြန်လာတာက ခွေးပုဖြစ်နေသည်။ 

” ဆျာထောင်က ကာယကံရှင်ဖြစ်တဲ့ကိုဒင်္ဂါးကို မေတ္တာရှိကြောင်းအရင်မပြောပဲနဲ့ အဆင့်တွေအလွန်အကြူးကျော်ချပြီး လူကြီးစုံရာနဲ့ သွားတောင်းချလာတာကိုး… ကိုဒင်္ဂါးမှာ ငြင်းဖို့မပြောနဲ့ သူ့ကို ဆျာထောင်မေတ္တာရှိနေမှန်းတောင် မသိရှာဘူး… “

ခွေးပုပြောတော့မှသာ ဇာတ်ရည်လည်သွားတော့သည်။ အနည်းအကျဉ်းတော့ရိပ်မိပေမယ့် ဇာတ်ကြောင်းအကုန်မသိသူမို့ သိပ်နားမလည်။ အခုလိုဆိုတော့လည်း မနက်ကမြို့အုပ်မင်း ဒေါသထွက်တာလည်း ထွက်ချင်စရာပင်။ 

” ဆျာထောင့်ကို ဘယ်ကောင်ကမြှောက်ပေးလိုက်လဲမသိဘူး… နားရင်းနာနာအုပ်လိုက်ချင်တယ် “

>>>>>>>>>>

ဟတ်ချိုး!!!

သူကြီးတစ်ယောက် အိမ်ရှေ့ကကွပ်ပျစ်မှာထိုင်နေရင်း နှာထချေတော့သည်။ 

” အဘ နေလို့မကောင်းဘူးလား… အခါးရည်ပူပူလေး သောက်မလား… သမီးပြင်ပေးမယ် “

” နေပါစေ လုံမလေးရယ်… အဘမသောက်ချင်ဘူး ”

မနက်ကကိစ္စကြောင့် အဘစိတ်မကောင်းဖြစ်နေမှာသေချာသည်။ အမေဆုံးသွားပြီးကတည်းက သုံးယောက်တည်းနဲ့ရပ်တည်လာတဲ့ သာမန်မိသားစုဘဝလေးမို့ အခုလိုကိစ္စမျိုးတွေကြုံလာတော့ ခါးခါးသီးသီးငြင်းဆိုသည်မဟုတ်သော်လည်း ကြည်ကြည်ဖြူဖြူနဲ့လက်ခံနိုင်ဖို့ရာက ခဲယဥ်းသည်မဟုတ်လား။

ငွေမှုန် အဘအနားမှာဝင်ထိုင်ပြီး အဘခြေထောက်တွေကို နှိပ်နယ်ပေးလိုက်သည်။

” မောင်ငယ်ပစ်တိုင်းထောင်ကို စိတ်ခုနေလားဟင် အဘ ”

” အိမ်း.. လုံမလေးက ဘယ်လိုထင်လို့ အဘကိုအခုလိုမေးရတာတုန်း ”

ငွေမှုန့်အမေးကို အဘကအမေးနဲ့စကားပြန်လာသည်မို့ ငွေမှုန်ပြုံးမိသည်။ မင်းကန်ရိုးရွာသူကြီးက တယ်လည်းသတိကြီးသကိုး။

” အဘစိတ်ထဲ အငယ့်ကိုနှမြောနေမယ်ဆိုတာ သမီးသိပါတယ်… အငယ်က သမီးတို့အိမ်ရဲ့အငယ်ဆုံးလေးမို့ သမီးကိုယ်တိုင်လည်း နှမြောပါတယ်…

ဒါပေမဲ့လည်း အဘရယ် ကိုယ့်ကလေးကိုတစ်ဖက်သားက မေတ္တာရှိလို့လာကြောင်းလမ်းတာကိုက မင်္ဂလာရှိနေပြီမဟုတ်လား… ပြီးတော့ တစ်ဖက်သားကလည်း ဟိုဘက်ရွာသန်းဇော်လိုလူမှမဟုတ်ပဲ…

အဘကိုယ်တိုင်လည်း သူနဲ့နှစ်တစ်ဝက်လောက်အတူနေလာခဲ့တာပဲ… သူ့စိတ်သူ့အနေအထားကို အကဲခတ်မိလောက်ပါတယ် ”

သမီးဖြစ်သူက နှုတ်မှုရေးရာပါးနပ်စွာနဲ့ နားချစကားဆိုလာသည်ကြောင့် ဦးမင်းငွေခေါင်းတညိတ်ညိတ်နဲ့ ပြုံးသည်။ ကောက်စရာမလိုတဲ့စစ်တမ်းမှာ ပစ်တိုင်းထောင်က မဲအသာရနေပြီပဲ။

” အဘက ကန့်ကွယ်တယ်လည်းမဆိုပါဘူး လုံမလေးရယ်… လူလေးနှစ်ယောက်က တစ်ယာက်နဲ့တစ်ယောက် မေတ္တာရှိကြောင်း အရိပ်အယောင်ပြတာမျိုး တစ်ခါမှမမြင်ဖူးလေတော့ အံ့သြသွားတာက ပိုပါတယ် ”

” တကယ်တော့ မောင်ငယ်ပစ်တိုင်းထောင်က အငယ့်အပေါ်မေတ္တာရှိနေတာကို အငယ်ကိုယ်တိုင်လည်းမသိဘူး အဘရဲ့ “

” ဟေ! “

ငွေမှုန့်စကားအဆုံး သူကြီးဦးမင်းငွေထံမှ အာမေဍိတ်သံကျယ်ကျယ်ထွက်လာသည်။ 

” ဒါဖြင့် လုံမလေးကရော သိသလား “

သိလိုစိတ်ဖြင့် သမီးငွေမှုန်ကို ထပ်မေးမိသည်။ 

” သမီးကတော့ မောင်ငယ်ပစ်တိုင်းထောင်ရဲ့အခြေအနေကိုကြည့်ပြီး ရိပ်မိရုံပါပဲ… မိန်းကလေးတွေမှာ ဆဌမအာရုံရှိတယ်ဆိုတာ အဘကြားဖူးတယ်မလား “

” အိမ်း… လူငယ်ရေးရာတွေကလည်း ရပ်ရေးရွာရေးတွေလိုပဲ တယ်လည်းရှုပ်ထွေးသကိုး… ဒါဖြင့် လူလေးကရော ဒီကိစ္စကိုလက်ခံပါ့မလား “

” အငယ့်ကို စဉ်းစားချိန်ပေးလိုက်ပါ အဘရယ်… အားလုံးအဆင်ပြေသွားမှာပါ “

ဦးမင်းငွေတို့သားအဖနှစ်ယောက်ရဲ့ စကားဝိုင်းက ခရီးအတော်ရောက်တယ်လို့ဆိုနိုင်သည်။ ဖခင်တစ်ယောက်အနေနဲ့လည်း သားဖြစ်သူရဲ့မင်္ဂလာကိစ္စအတွက် စိတ်ပူပန်မှုကင်းစွာနဲ့ ကောင်းချီးပေးနိုင်ဖို့သာရှိတော့သည်။ 

” တို့သားအဖနှစ်ယောက် စကားကောင်းနေတာနဲ့ ကလေးတွေရောမတွေ့ပါလား “

ဦးမင်းငွေတစ်ယောက် မှောင်စပျိုးလာတဲ့ပတ်ဝန်းကျင်အနေအထားကို အကဲခတ်မိသွားပြီး နေ့လယ်ကတည်းက အပြင်ထွက်သွားတဲ့ ပစ်တိုင်းထောင်တို့ဆရာတပည့်နှစ်ယောက်ကို သတိရသွားသလို နယ်အုပ်ကလေးနဲ့ သားငယ်ဖြစ်သူကိုလည်း အမှတ်ရသွားသည်။ 

” မောင်ငယ်ပစ်တိုင်းထောင်နဲ့ မောင်ခွေးပုကတော့ နေ့လယ်ကတည်းက ထွက်သွားတာ ပြန်ကိုမလာသေးဘူး… ကြည့်ရတာ သမီးတို့ကိုမျက်နှာပူလို့ထင်ပါရဲ့… အငယ်ကတော့ တောင်ဘက်ပိုင်းမှာ ဖရုံညွန့်သွားခူးဦးမယ်ဆိုပြီးထွက်သွားတာပဲ… အစ်ကိုမင်းမျိုးကတော့ ရုံးဘက်မှာပဲထင်တယ် “

” ဒါဖြင့် အဘလိုက်ရှာချည်ဦးမယ်… လုံမလေးက အိမ်စောင့်ကျန်ခဲ့ဦး “

” မှောင်လာတော့မယ်… အဘမသွားပါနဲ့တော့… မျက်စိလည်းသိပ်ကောင်းတာမဟုတ်ပဲနဲ့… ခဏနေ အငယ်ပြန်လာရင် သမီးတို့လိုက်ရှာလိုက်ပါမယ် “

” လုံမလေးချည်းပဲလည်း အဘစိတ်မချပါဘူး… အဘပါလိုက်ခဲ့မယ် “

ငွေမှုန်ပြောနေတုန်းမှာပဲ ခြင်းတောင်းကြီးပိုက်လို့ ခြံထဲဝင်လာတဲ့အငယ့်ကို တွေ့လိုက်သည်။ 

” အဘ ဘယ်သွားမလို့လဲ “

” မောင်ငယ်ပစ်တိုင်းထောင်တို့ အိမ်ပြန်မရောက်သေးလို့ လိုက်ရှာမလို့တဲ့လေ “

” ရွာထဲပြန်ဝင်သွားတာကြာပါပြီ… အခုထိ အိမ်ပြန်မရောက်သေးတာလား “

တောင်ဘက်ပိုင်းအရီးမြတို့အိမ်မှာ ဖရုံညွန့်ခူးဖို့ထွက်သွားတုန်းက ထန်းတောဘက်ကနေ ရွာထဲပြန်ဝင်လာတဲ့ပစ်တိုင်းထောင်တို့ဆရာတပည့်နှစ်ယောက်ကို ဒင်္ဂါးလှမ်းတွေ့လိုက်ပါသေးသည်။ အရင်တုန်းကလိုဆို လှမ်းခေါ်ပြီး သူနဲ့လိုက်မလားလို့ မေးမိမှာဆိုပေမယ့် မနက်ကကိစ္စကြောင့် ဒင်္ဂါးကိုယ်တိုင်လည်း ပစ်တိုင်းထောင်နဲ့ မျက်နှာချင်းမဆိုင်ရဲသေးတာမို့ မခေါ်ဖြစ်ခဲ့။ 

” အငယ်နဲ့ဘယ်မှာတွေ့ခဲ့လို့လဲ “

” ကျွန်တော်က လှမ်းတွေ့လိုက်တာပါ… သူတို့ကတော့ ကျွန်တော့်ကိုမတွေ့ပါဘူး… ထန်းတောဘက်ကနေ ရွာထဲပြန်ဝင်လာတာကို “

” ဒါဖြင့်ရင် ရွာထဲမှာပဲရှိနေလောက်မှာပါ… လာ . အစ်မတို့သွားရင်းနဲ့ မေးကြည့်ကြတာပေါ့ “

” ဟုတ်… ဟုတ်ကဲ့ “

ဒင်္ဂါးလည်း ခူးလာတဲ့အရွက်တောင်းကို မီးဖိုခန်းထဲအမြန်ပြေးထားလို့ အစ်မငွေမှုန်နောက်ကို ခပ်သုတ်သုတ်လိုက်ရသည်။ မောင်နှမနှစ်ယောက် ပစ်တိုင်းထောင်သွားတတ်တဲ့နေရာတစ်ချို့ကို မှန်းပြီးလိုက်ရှာကြသည်။ အပုန်းကောင်းနေတဲ့ပစ်တိုင်းထောင်က မီးကင်းတဲဆီကိုလည်း မလာသလို ကာလသားစုရပ်ဆီကို မသွားတာကြောင့် ဒင်္ဂါးတို့မောင်နှမနှစ်ယောက် ရွာထဲမှာယောင်လည်လည်ဖြစ်နေသည်။ 

” ရွာဦးကျောင်းဘက်သွားရှာကြည့်မလား အငယ် “

” ရွာဦးကျောင်းတော့ သွားလောက်မယ်မထင်ဘူး အစ်မ “

” ဘာဖြစ်လို့လဲ အငယ်ရဲ့ “

” ထန်းတောဘက်ကနေ ပြန်လာတာဆိုတော့ ဆရာတော်ကျောင်းဘက်တော့ သွားရဲမယ်မထင်ဘူးဗျာ့ “

တွေးဆဆလေးပြောလာတဲ့မောင်ငယ်လေးကိုကြည့်ပြီး ငွေမှုန်ပြုံးလိုက်သည်။ 

” အစ်မငွေမှုန်နဲ့ ကိုဒင်္ဂါး မှောင်ရီပျိုးချိန်ရောက်တော့မှာကို ဘယ်သွားမလို့လဲဗျာ့ “

ရွာလယ်လမ်းမအတိုင်းလျှောက်ပြီးပြန်လာတုန်း ကာလသားပေါက်စဖိုးထူးက ဒင်္ဂါးတို့အနားကိုရောက်လာသည်။ 

” မောင်ငယ်ပစ်တိုင်းထောင်ကို အရှာထွက်နေတာ… မောင်ဖိုးထူးရော မင့်တို့အစ်ကိုကြီးကိုတွေ့မိလား “

” လှရီတို့အိမ်က ထန်းဦးရေလိုချင်တယ်ဆိုလို့ ထန်းတောဘက်သွားတုန်းကတော့ နယ်အုပ်ရုံးဘက်ကိုသွားမယ်ဆိုလားပဲ ပြောသံကြားမိသလိုပဲ… ကျွန်တော်လည်း အလျင်လိုနေတာနဲ့ “

မတော်ရသေးတဲ့ယောက္ခမအိမ်က အခိုင်းခံရတာကို ဂုဏ်တင်ကာပြောလာသေးသည်မို့ ဒင်္ဂါးမှာ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရသည်။ ဖိုးထူးတစ်ယောက် ပဉ္ဇင်းတက်ပြီးမှ ကံဇာတာတက်လာပုံရသည်။ 

” ဒါဆို အစ်မတို့ရုံးဘက်သွားကြည့်ကြမလား “

” သွားကြမယ်လေ… ဖိုးထူးရေ သွားလိုက်ဦးမယ် “

ဖိုးထူးကိုနှုတ်ဆက်ပြီး နယ်အုပ်ရုံးခန်းဘက်ကို ဦးတည်လာခဲ့ကြသည်။ ရုံးခြံဝင်းရှေ့ရောက်သည်ဆိုရင်ပဲ ခွေးပုရဲ့အသံကို အရင်ကြားလိုက်ရသည်။ ဝင်းခြံတံခါးကို အသာတွန်းဖွင့်ပြီးဝင်လာတော့ အရှေ့တံခါးမကြီးမှာ တင်ပျဉ်ခွေထိုင်နေတဲ့ခွေးပုက သူတို့နှစ်ယောက်ကို အရင်မြင်သွားသည်။ 

” အစ်မငွေမှုန်… ကိုဒင်္ဂါး “

ခွေးပုစကားသံအဆုံး တံခါးမကြီးဘက်ကို ချောင်းကြည့်လာတဲ့ခေါင်းနှစ်လုံးကြောင့် ဒင်္ဂါးတို့မောင်နှမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မျက်စပစ်ပြမိသည်။ 

” မငွေမှုန်နဲ့ ဒင်္ဂါးက ဘယ်ကနေ ဘယ်လို “

” အဘက ကိုမင်းမျိုးနဲ့ မောင်ငယ်ပစ်တိုင်းထောင်ကို အရှာလွှတ်ခိုင်းလိုက်လို့ “

” အော်. ဟုတ်လား… ကျွန်တော်လည်း အခုပဲပြန်လာတော့မလို့ပါ… “

ကိုမင်းမျိုးက စကားကိုအရိပ်အယောင်ပြပြောကာ ခွေးပုကိုမျက်စပစ်ပြသည်။ 

” ကျွန်တော်လည်း ပြန်မှာ… အစ်မငွေမှုန်ကိုတွေ့မှသတိရတယ်… မိကဲတို့အိမ်က အပ်ထားတဲ့ချည်ထည်တွေရပြီလို့ ပြောခိုင်းလိုက်တယ် “

” ဟယ်. ဟုတ်လား… အပြန်ကျရင် အစ်မဝင်ယူသွားလိုက်မယ် “

” အဲဒါဆို အခုပဲသွားလိုက်ကြမလား… ကျွန်တော်နဲ့ ခွေးပုလည်း အဖော်လိုက်ခဲ့ပေးမယ်လေ “

ကိုမင်းမျိုးတို့အကြံအစည်ကို ရိပ်မိသွားတဲ့ငွေမှုန်က အသာတကြည်ပဲခေါင်းညိတ်သည်။ 

” ဒါဖြင့်ရင် အငယ်က မောင်ငယ်ပစ်တိုင်းထောင်ကိုခေါ်ပြီး အိမ်ပြန်နှင့်နော်… အစ်မတို့လိုက်လာခဲ့မယ် “

” အတူတူသွားကြမယ်လေ အစ်မ “

” အစ်မကဟိုမှာနည်းနည်းကြာချင်ကြာမှာလေ မောင်ငယ်ရဲ့… အိမ်မှာအဘတစ်ယောက်တည်းဖြစ်နေမှာပေါ့ “

အကျိုးအကြောင်းဆီလျော်အောင် ပြောလိုက်တော့ မောင်ငယ်က လက်ခံသွားသည်မို့ သူတို့သုံးယောက်ခပ်သုတ်သုတ်ထွက်လာလိုက်သည်။ 

ရုံးခန်းတံခါးမကြီးအရှေ့မှာ ဒင်္ဂါးကရပ်နေပြီး ပစ်တိုင်းထောင်က အခန်းထဲကုလားထိုင်မှာ ထိုင်လျက်သားနဲ့ကျန်နေခဲ့သည်။ 

” ဟို… ပစ်တိုင်းထောင် အိမ်ပြန်ကြမယ်လေ “

” ကျုပ်က ဒီမှာညအိပ်မှာ “

” ဟင်… ဒီ . ဒီမှာဘာမှလည်းမရှိသေးပဲနဲ့ ဒီတိုင်းအိပ်ရင် ခြင်တွေကိုက်မှာပေါ့ “

အစကတော့ မျက်နှာချင်းမဆိုင်ရဲစိတ်ကြောင့် ပူပန်နေရပေမယ့် ရွှေဒင်္ဂါးကိုတွေ့လိုက်တဲ့အချိန်မှာ ထိုစိုးရိမ်စိတ်တွေက လွင့်ပျောက်သွားသည်။ ဘယ်အချိန်က စတင်ဖြစ်တည်လာတဲ့မေတ္တာအသိုက်အမြုံမှန်းမသိပေမယ့် သူ သတိထားမိတဲ့အချိန်မှာ အတော်လေးကိုအမြစ်တွယ်နေခဲ့ပြီဖြစ်သည်။ 

” ဘာလဲ… ခင်ဗျားက ကျုပ်ကိုစိုးရိမ်လို့ လာလိုက်ခေါ်တာလား “

” ဟို . အဘက လိုက်ရှာခိုင်းလိုက်လို့ပါ “

” ခင်ဗျားဘာသာခင်ဗျားဆိုရင်တော့ လိုက်မရှာဘူးပေါ့ ဟုတ်လား “

” အဲလိုတော့လည်း မဟုတ်ပါဘူး “

စလာပြီ ဒီစကား… ရွှေဒင်္ဂါးလေးက စကားကိုလည်ဝယ်အောင်မပြောတတ်တော့ရင် ဒီစကားနဲ့ပဲ လျောချတတ်သည်။ အခုလည်းပြောသာပြောနေတာ သူ့မျက်နှာကိုမကြည့်ပဲ သူစီးထားတဲ့ဖိနပ်ကိုသာ မျက်စိကျွတ်ထွက်မတတ်ကြည့်နေသည်မို့ အသည်းတယားယားဖြစ်ရသေးသည်။ 

” ရွှေဒင်္ဂါး “

” ဟင် “

” ကျုပ်မျက်နှာကိုကြည့် “

ငြိမ်မနေနိုင်တော့တဲ့အဆုံး ထိုင်နေရာကထပြီး ရွှေဒင်္ဂါးပခုံးနှစ်ဖက်ကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်လိုက်တော့ အထိတ်တလန့် မျက်လုံးပြူးကြည့်လာသည်။ 

” လွှတ်… လွှတ်ပါဦး… ရွာထဲကလူတွေမြင်သွားရင် မကောင်းဘူး “

” အဲဒါဆို ကျုပ်မျက်နှာကိုကြည့်… ကျုပ်မေးတာကိုဖြေ ဟုတ်ပြီလား “

အမိန့်ဆန်ဆန်စကားအချို့ကြောင့် ရွှေဒင်္ဂါးမျက်ခုံးနှစ်ဖက်ကိုစုပြီး ပစ်တိုင်းထောင်ကိုမော့ကြည့်လိုက်သည်။ ပစ်တိုင်းထောင်က သူ့ကိုခဏကြာမျှစိုက်ကြည့်ပြီးတော့ မျက်နှာကပြုံးစိစိဖြစ်လာသည်မို့ မျက်လုံးကိုအပေါ်တစ်ချက်လှန်ကြည့်ပြီး အကြည့်လွှဲလိုက်သည်။ 

” သိပ်ချစ်ဖို့မကောင်းနဲ့ ရွှေဒင်္ဂါးရ… လာ . အိမ်ပြန်ကြမယ် “

တစ်ယောက်တည်းရေရွတ်သလိုပြောဆိုပြီး အရှေ့ကနေထွက်သွားတဲ့ပစ်တိုင်းထောင်ကြောင့် ဒင်္ဂါးမှာ ရုံးခန်းတံခါးနဲ့ ခြံတံခါးကိုပိတ်ပြီး အနောက်ကလိုက်ရပြန်သည်။ 

” ရွှေဒင်္ဂါး “

” ဟင် “

” ခင်ဗျားကို ကျုပ်ကမေတ္တာရှိနေတာတော့ သိတယ်မလား “

“ဟင် “

” ကျစ်… တ ဟင် ဟင် နဲ့ … သိတာလား… မသိတာလား “

” ဟုတ်… ဟုတ် သိပါတယ် “

” ဘယ်အချိန်ကသိတာလဲ “

” ဟို… မနက်… မနက်ကပါ “

နှစ်ယောက်သားစကားတပြောပြောနဲ့ လျှောက်လာရင်း ရွှေဒင်္ဂါးဖြေလိုက်တဲ့အဖြေကြောင့် ပစ်တိုင်းထောင်စိတ်မောသွားရသည်။ ရွှေဒင်္ဂါးဆိုတဲ့ ငတုံးလေးက တစ်စက်လေးမှကို အရိပ်အကဲမသိလိုက်လေခြင်း။ 

” အဲဒီတော့ ကျုပ်အပေါ် ခင်ဗျားရဲ့သဘောထားက ဘယ်လိုရှိလဲ “

” ဘယ်… ဘယ်လိုပြောရမလဲမသိဘူး… ပစ်တိုင်းထောင်ကို ကျွန်တော်က ညီလေး “

” ကျုပ်မှာ အစ်ကိုတစ်ယောက်ရှိရင်လုံလောက်ပြီ… ဘယ်သူ့ညီလေးမှ ထပ်မဖြစ်ချင်ဘူး “

ရွှေဒင်္ဂါးရဲ့စကားကိုဆုံးအောင် နားမထောင်ပဲဖြတ်ပြောလိုက်သည်။ အတ္တကြီးတယ်ပဲပြောပြော၊ တစ်ကိုယ်ကောင်းဆန်တယ်ပဲဆိုဆို။ 

” ကျွန်တော် စဉ်းစားပါရစေဦး “

” စဉ်းစားမယ်ဆိုလည်း လက်ခံဖို့ကိုပဲစဉ်းစား… ငြင်းဖို့မစဉ်းစားနဲ့ “

” ပစ်တိုင်းထောင်ကလည်း ~~ “

ဘေးနားမှာယှဉ်လျှောက်နေရာက အလိုမကျသံခပ်တိုးတိုးလေးထွက်လာသည်မို့ ပစ်တိုင်းထောင်ခေါင်းငဲ့ကြည့်လိုက်သည်။ 

” ဘာလို့လဲ… ခင်ဗျားက ကျုပ်ကိုသဘောမကျဘူးလား “

” အဲလိုတော့လည်း မဟုတ်ပါဘူး “

” ဒါဆို သဘောကျတယ်ပေါ့ “

” ဟင်… အဲလိုလည်းမဟုတ်ဘူးလေ “

” သဘောမကျတာလည်း မဟုတ်… သဘောကျတာလည်း မဟုတ်ဆိုတော့ ဘာလဲ ကျုပ်ကို မုန်းနေတာလား “

” အဲလိုလည်း မဟုတ်ပါဘူး… ပစ်တိုင်းထောင်ကို မမုန်းပါဘူး “

” မမုန်းရင် ချစ်တာလား “

” အဲလိုလည်း မဟုတ်သေးဘူးလေ “

 ” ရွှေဒင်္ဂါးရေ… ရွှေဒင်္ဂါးရ… ခင်ဗျားရဲ့ အဲလိုလည်း မဟုတ်ပါဘူး တွေနဲ့တော့ ခက်တော့တာပဲ “

ဘယ်လိုမှစည်းရုံးလို့မရတဲ့အဆုံး ပစ်တိုင်းထောင်ခေါင်းကိုသာ လက်နှစ်ဖက်နဲ့စုံကုပ်မိတော့သည်။

မိစွာနဲ့မိုက်မိုက်စန်းရေ…
မင်းတို့အဖေရဲ့အဖြစ်ကို လာကြည့်လှည့်ပါဦး….။ 

>>>>>>>>>>

ဆက်ရန်
Yellowish_One  💛
(၂၀-၇-၂၀၂၄)

နောက်ငါးပိုင်း၊ ခြောက်ပိုင်းလောက်ဆိုရင် ဇာတ်သိမ်းပါတော့မယ်နော်… 

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၅), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၅), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၅) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၅) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၅) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၅) light novel, ,

Comment

Leave a Reply

Chapter 49