Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၇)

A+ A-

” မမကြီး… မမကြီးရေ “

ခင်ခင် ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်ပို့ဖို့ပြင်နေတုန်း အိမ်ရှေ့ကခေါ်သံကြားသည်မို့ ထွက်လာခဲ့သည်။

ကိုကိုကျော်နဲ့ ခင်ခင်က တနင်္လာနေ့မွေးရက်ဖြစ်ပြီး မောင်ငယ်ကဗုဒ္ဓဟူးသားဖြစ်သည်မို့ တစ်ပတ်မှာထိုနှစ်ရက်တော့ ကျောင်းကိုဆွမ်းချိုင့်ပုံမှန်ပို့သည်။ ကျန်တဲ့ရက်တွေမှာတော့ အိမ်ရှေ့ကိုဆွမ်းခံကြွတဲ့ဘုန်းဘုန်းတွေကိုသာ ဆွမ်း၊ဟင်း လောင်းလှူဖြစ်သည်။ ဒီနေ့က မောင်ငယ့်မွေးရက်ဖြစ်တာကြောင့် ခင်ခင်က ထုံးစံအတိုင်း ဆွမ်းချိုင့်ပြင်သည်။ 

ကိုကိုကျော်ကတော့ ရွာကပြန်လာကတည်းက မောင်ငယ့်အကြောင်း စကားစမခံတာကြောင့် ခင်ခင့်မှာ ကြိတ်ပုန်းကာရင်မောရပြန်သည်။ လောကကြီးမှာ ပြေးကြည့်လို့မှနှစ်ယောက်တည်းရှိတဲ့သွေးရင်းနှစ်ယောက် စိတ်အခန့်မသင့်ဖြစ်နေကြတော့လည်း ခင်ခင် မနေသာ။ ဒီကိစ္စမှာတော့ ကိုကိုကျော့်ဘက်ကလည်း မှန်သလို မောင်ငယ့်ဘက်ကလည်း မှားသည်မဆိုနိုင်။ မနေသာတဲ့အဆုံးတော့ ခင်ခင့်မှာ မတော်ရသေးတဲ့မက်ကလေးကို အပြေးအကူအညီတောင်းရတော့သည်။

” ဟယ်… မောင်ငယ်… တစ်ယောက်တည်းပြန်လာတာလား “

” တစ်ယောက်တည်းပေါ့ဗျာ့… ကလေးတွေပင်ပန်းမှာစိုးလို့ ခွေးပုနဲ့ပဲထားခဲ့တယ် “

” မဟုတ်ပါဘူး မောင်ငယ်ရဲ့… မမကြီးက ဒင်္ဂါးလေးရော ပါလာမယ်ထင်တာ “

” ဒင်္ဂါး… ရွှေဒင်္ဂါးက ဘာလို့ပါလာရမှာလဲ “

အိမ်ရှေ့အဝင်ပေါက်မှာ ဖိနပ်ချွတ်နေရင်းက ခင်ခင့်ကိုတစ်ပြန်မေးလာသည့်မောင်ငယ်ကြောင့် ခင်ခင် သက်ပြင်းချကာ ခေါင်းခါပြလိုက်တော့သည်။ 

” မောင်ငယ်ရယ်… မင့်မလည်း ချစ်လည်းချစ်ချင်သေး… ချစ်လည်းမချစ်တတ်သေးတော့ ဖြစ်နေပါကောလား “

” မမကြီးပြောတာ ကျွန်တော်နားမလည်ဘူး “

” ကဲပါ. လာ.. အိမ်ထဲအရင်ဝင်ဦး… အခါးရည်သောက်မလား… အိုးရေပဲသောက်မလား “

ခင်ခင်ခေါ်ရာနောက်ကို လိုက်လာပေမယ့် မောင်ငယ့်မျက်လုံးတွေက တောင်ကြည့်မြောက်ကြည့်။ သူ့အစ်ကိုကိုရှာနေပုံထောက်သည်။ ဧည့်ခန်းထဲမှာ ကျွန်းခုံကြီးမှာ ဝင်ထိုင်ပြီးတာနဲ့ မောင်ငယ်က စကားဆက်သည်။

” ရတယ်.  ဘာဖြစ်ဖြစ်… ဒါနဲ့ မမကြီးတစ်ယောက်တည်းလား… ကိုကိုကြီးရော “

” မင့်ကိုကိုကြီးက အစည်းအဝေးရှိလို့ မနက်အစောထဲကသွားပြီ “

” ဟာ… ဒါဆိုရင် မမီတော့ဘူးပေါ့ “

စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချရေရွတ်နေတဲ့ မောင်ငယ့်ကြောင့် ခင်ခင်မျက်ခုံးပင့်လို့ ရင်ဘတ်ဖိမိပြန်သည်။ ဘာတွေများဖြစ်လာပြန်ပြီလဲ။ 

” ဘာကိုမမီတာလဲ မောင်ငယ်ရဲ့… ဘာတွေထပ်ဖြစ်လာလို့လဲ “

” ကိုကိုကြီးကို မမီလိုက်တာလေ… ဒီအတိုင်းဆို ညနေရွာပြန်ဖို့မမီတော့ဘူးပေါ့ “

” ဟင်… မောင်ငယ်က ရွာအမြန်ပြန်ဦးမှာလား… ရောက်တာဖြင့် ရေနွေးတစ်ပွက်စာတောင် မရှိသေးတာကို မောင်ငယ်ရယ်… ဒီတစ်ခါတော့ ကြာကြာနေပါဦးလား “

ခင်ခင်ပြောတော့ မောင်ငယ်က ဆက်တီစားပွဲပေါ်မှာတင်ထားတဲ့ လက်ဖက်အုပ်ကိုဖွင့်စားနေရင်း

” ကျွန်တော်လည်း နေချင်ပါတယ်… ဒါပေမဲ့ ရွာမှာလုပ်ရမယ့်ကိစ္စလေးတွေရှိသေးတယ် “

သူကြီးထက်ပင် အလုပ်များနေဟန်နဲ့ မောင်ငယ့်ကြောင့် ခင်ခင် မျက်စောင်းလေးဝင့်ကြည့်မိသည်။ မောင်ငယ်များတဲ့အလုပ်ကိစ္စက ဒင်္ဂါးလေးကို အနိုင်ကျင့်ဖို့ပဲဖြစ်မှာပေါ့။ ခင်ခင်က ကိုယ့်မောင်မို့သာ မပြောသာပေမယ့် ဒင်္ဂါးလေးက မောင်ငယ့်အနွံတာတော့ ခံရှာပါသည်။ တစ်ခါတစ်ခါဆို မောင်ငယ့်အပြောကြောင့် သူကြီးကိုပင် အားနာရသည်။ 

” မောင်ငယ်ရယ်… မင့်ကိုကိုကြီးတောင် မင်းလောက်အလုပ်မများသလိုပဲ… တစ်ရွာလုံးမှာ မင့်အလုပ်ချည်းပါပဲလား… မမကြီးတို့မှာ ကိုယ့်မောင်မျက်နှာလေး ကိုယ်မြင်ရဖို့တောင် ခက်နေပြီ “

ခင်ခင် ညည်းညည်းညူညူပြောတော့ မောင်ငယ်က ခင်ခင်ဘေးနားပြောင်းထိုင်ရင်း လက်မောင်းကိုသာသာကိုင်ပြီး ပခုံးပေါ်ခေါင်းတင်ကာ ချွဲတော့သည်။ 

” အဲဒါ ရွှေဒင်္ဂါးအပြစ်ပေါ့ မမကြီးရဲ့ “

” အလိုလေးတော်… မင့်မျက်နှာမမြင်ရတာနဲ့ သူ့ဘာသာသူ အေးအေးနေတဲ့ဒင်္ဂါးလေးက ဘယ်လိုကြောင့်များ အပြစ်ဖြစ်ရတာလဲ “

” ဟ!… သူ့အပြစ်ပေါ့ မမကြီးရ… သူသာအဖြေမြန်မြန်ပေးရင် ကျွန်တော်ကချက်ချင်းလက်ထပ်ပြီး အိမ်ပြန်လာမှာကို… သူက အခုထိ အူကြောင်ကြောင်လုပ်နေတုန်း “

” ဟဲ့… ဒီကလေးတော့ . သူများကို အဲလိုမပြောရဘူးလေ… မင်းမေတ္တာရှိနေတဲ့ကလေးပဲမလား… ကြင်နာမှပေါ့  “

ကျွန်တော်က ကြင်နာချင်တာမှ တစ်ပိုင်းကိုသေလို့ သာ ပစ်တိုင်းထောင်စိတ်ထဲက ပြောလိုက်သည်။ 

” ပင်ပန်းလာမှာပေါ့… သွားနားလိုက်ဦး… ကိုကိုကျော်က ညနေမှပြန်ရောက်မှာ… နေ့လယ်ကျရင် မောင်ငယ် ဘာစားမလဲ… မောင်ငယ်ကြိုက်တတ်တာ ချက်ခိုင်းထားမယ် “

” ရပါတယ် . ကျွန်တော်က မမကြီးချက်တာဆို အကုန်ကြိုက်ပြီးသားပဲ “

ပစ်တိုင်းထောင် အပေါ်ထပ်က သူ့အခန်းထဲဝင်လာခဲ့သည်။ လူမနေတာကြာပြီဆိုပေမယ့် မမကြီးတို့က နေ့တိုင်းသန့်ရှင်းရေးလုပ်ထားပုံရသည်။ နွားလှည်းတစ်တန်၊ ကားတစ်တန်နဲ့ လာခဲ့ရတာကြောင့် တစ်ကိုယ်လုံးညောင်းညာကိုက်ခဲနေတာတော့အမှန်။ ခုတင်ထက်လဲချလိုက်ပြီး မျက်နှာကျက်ကိုအကြောင်းမဲ့ငေးကြည့်နေမိသည်။ ကိုယ့်အိမ်ကိုယ့်ရာ ပြန်လာတာတောင် တစ်ခုခုက နေသားမကျသလိုဖြစ်နေသည်။

အခုလိုကျတော့လည်း သူကြီးအိမ်က သင်ဖြူးဖျာနဲ့အိပ်ရာလေးကိုလွမ်းမိပြန်သည်။ သူ့တင်ပဲလားဆိုတော့မဟုတ်။ ညအိပ်ရာဝင်တိုင်း ရတတ်တဲ့သနပ်ခါးနံ့သင်းသင်းလေးကိုလည်း တောင့်တမိသလို သူ့ဘက်ကိုအမြဲကျောပေးအိပ်တတ်တဲ့ ပုံရိပ်လေးကိုလည်း မက်မောမိပြန်သည်။ ဒါတောင် ပြန်လာတာတစ်နာရီမရှိသေး။ 

အကယ်၍ ကိုကိုကြီးက တစ်ရက်တည်းနဲ့စိတ်ဆိုးမပြေရင် သူ ဘယ်အချိန်ထိနေရမလဲမသိနိုင်။ ကိုကိုကြီးနဲ့ မပြေလည်မချင်း ပြန်မလာခဲ့ဖို့မှာလိုက်သည့် ရွှေဒင်္ဂါးကြောင့် လွမ်းနေရင်တောင် စိတ်ရှိတိုင်းပြန်ချသွားဖို့မဖြစ်။ ကိုကိုကြီးနဲ့ မြန်မြန်ပြေလည်မှကိုဖြစ်မည်။ တွေးနေရင်းက လေပူတွေကိုမှုတ်ထုတ်လိုက်သည်။ 

ဟူး… ခက်သည်… ခက်သည်… ရွှေဒင်္ဂါးက တကယ်ကိုခက်သည်။

>>>>>>>>>>

ညနေထမင်းစားဝိုင်းက ဇွန်း၊ခက်ရင်းသံ တစ်ချက်တစ်ချက်ထွက်လာသည်ကလွဲရင် တိတ်ဆိတ်လို့နေသည်။ ခင်ပွန်းဖြစ်သူကလည်း စကားမဆိုသလို၊ မောင်ဖြစ်သူကလည်း စကားမစသည်ကြောင့် ခင်ခင်မှာ စားနေရသည်ကိုပင် မြိုမကျဖြစ်ရသည်။ စားလက်စထမင်းကို အဆုံးသတ်ပြီး ထဖို့ပြင်တော့ 

” ခင်ခင် . ထမင်းစားမဝင်ဘူးလား “

” မမကြီး . တော်ပြီလား “

ရှေ့နောက်ဆင့်ထွက်လာတဲ့အသံနှစ်သံကြောင့် ခင်ခင်စိတ်ထဲက ကြိတ်ပြုံးလိုက်သည်။ အမေးကိုပြန်ဖြေဖို့ မျက်နှာကိုတတ်နိုင်သမျှ နွမ်းချရင်း 

” စိတ်မှမကောင်းပဲရှင်… အစားကဝင်မှာတဲ့လား… ရှိတာမှလူလေးသုံးယောက်ကို နှစ်ယောက်ကမကြည်မလင်ဖြစ်နေတော့ ခင်ခင်က ဘယ်လိုစိတ်နဲ့များ စားဝင်နိုင်မှာတဲ့လဲ “

ဇနီးသည်က မထိတထိဆိုလေတော့ ကျော်ကျော်ဟန် သက်ပြင်းချရပြန်သည်။ ကိုယ်တိုင်က မျက်နှာမနွမ်းရအောင် ဖြည့်ဆည်းပေးထားတဲ့ချစ်သည်းညှာလေးက တစ်အူထုံဆင်းညီအရင်းဖြစ်သူကြောင့် သောကပွေနေရတာ ရက်မနည်းတော့။ 

” ဒါဆိုလည်း ခင်ခင်ပြော… အခုဖြစ်နေတဲ့ကိစ္စမှာ ကိုကိုကျော်မှားလား “

ကိုကိုကြီးက ပြန်ရောက်ကတည်းက ပစ်တိုင်းထောင်ကို အဖတ်မလုပ်။ ရှိသည်ဟုတောင် မသတ်မှတ်ပဲ ဉပေက္ခာပြုထားသည်။ ပစ်တိုင်းထောင်ကလည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ ကိုကိုကြီးကို အရင်လိုစမခေါ်ရဲ။ ကိုကိုကြီးက ဒေါသကြီးတယ်ဆိုပေမယ့် တော်ရုံစိတ်ဆိုးခဲတယ်မလား။ 

” ကိုကိုကြီး မမှားပါဘူး “

ခင်ခင့်ကိုမေးလိုက်တာဆိုပေမယ့် ပြန်ဖြေလာသူက ညီငယ်။ တစ်သက်လုံး စိတ်ထင်တိုင်းလုပ်တတ်တဲ့ညီငယ့်ကို ပညာပေးဖို့ အခွင့်အရေးကရခဲသည်မို့ ကျော်ကျော်ဟန် အလွတ်ခံဖို့မဖြစ်။ 

” အေး… ငါ မမှား “

” ဒါပေမဲ့ ကျွန်တော်လည်း မမှားပါဘူး “

ကျော်ကျော်ဟန်စကားမဆုံးသေး။ ထပ်ထွက်လာတဲ့ ပစ်တိုင်းထောင်စကားကြောင့် သွေးတက်သွားတော့သည်။ 

” ဘာကွ! .. ဟိတ်ကောင်. ငါ့မျက်နှာကို အိုးမည်းသုတ်ပြီးတာတောင်မှ မင်းကအခုထိမမှားသေးဘူးလား “

” စိတ်ကိုလျှော့မှပေါ့ ကိုကိုကျော်ရယ်… မောင်ငယ်ပြောတာကို သေချာနားထောင်ပေးလိုက်ပါဦး… ခင်ခင်တို့ ဧည့်ခန်းမှာသွားပြောရအောင် . နော် … မောင်ငယ်ရော လိုက်လာခဲ့ “

ခင်ခင်ကတစ်ဖက်လှည့်နဲ့ ခင်ပွန်းသည်ကိုအပြင်အရင်ခေါ်ထုတ်သွားသည်။ ပစ်တိုင်းထောင်လည်း မနေသာ။ ခေါင်းနာနာကုပ်လို့ အနောက်ကလိုက်ရသည်။ ဆရာမလေးကို ဟိုက်စကူးသုံးနှစ်အကျခံပိုးခဲ့တာတောင်မှ အခုလိုမကြောက်ခဲ့ရပါ။ 

” ကဲ… ပြော . မင်း ဘာလို့ပြန်လာတာလဲ… ဒီတစ်ခါ ပြဿနာကရော ဘာတဲ့လဲ “

” ဟာ… ကိုကိုကြီးကလည်း ကျွန်တော်က ပြဿနာကောင်ကြီးကျလို့… ကျွန်တော့်ကိုဆို အဆိုးပဲမြင်နေတော့တာပဲ “

” မင်းကရော အကောင်းမြင်စရာတစ်ကွက်ရှိလား… မြို့မှာနေတော့ သူများမင်္ဂလာဆောင်ကို ပြဿနာသွားရှာတယ်… ရွာကိုပို့ပြန်တော့ ကိုယ့်မင်္ဂလာကိစ္စကို မလည်ရှုပ်လုပ်တယ်… ဒီကြားထဲ မင်းမွှေထားတဲ့ကိစ္စကြီးကြီးငယ်ငယ်တွေ ငါထည့်မပြောသေးဘူး… ဘယ်မှာလဲ မင်းကောင်းကွက် “

” ရွှေဒင်္ဂါးကို ချစ်တတ်တာက ကျွန်တော့်ကောင်းကွက်ပေါ့ “

” ပစ် တိုင်း ထောင် ! “

” အို.. ကိုကိုကျော်ရယ်… ဘယ်လိုဖြစ်နေတာလဲ “

ကိုကိုကြီးက ချေးခြောက်ရေပြန်နူးကာ အပြစ်ရှာနေသည်မို့ ပစ်တိုင်းထောင် တစ်ကိုယ်စာရေရွတ်မိတော့ မျက်စိရှေ့က ကွမ်းအစ်နဲ့လှမ်းရွယ်သည်မို့ မမကြီးက အပြေးတားသည်။ 

” ကိုကိုကြီးတို့ကို လိုက်တောင်းခိုင်းကတည်းက ကျွန်တော်က အစ်မငွေမှုန်ပါလို့ တစ်ခွန်းမှမပြောခဲ့ဘူးလေ “

” ရွှေဒင်္ဂါးပါလို့ရော မင်းပြောခဲ့လို့လား “

” ဒါပေမဲ့ သူကြီးအိမ်က ကလေး လို့ ကျွန်တော်ပြောခဲ့တယ်လေ “

ကျော်ကျော်ဟန် ကိုယ့်ကုပ်ကိုယ်ပြန်ဖိကိုင်ထားရသည်။ ကိုးရွာနဲ့လေးခရိုင်က အမှုတွေကိုင်ရတာတောင် ဒီလောက် သွေးတက်ချင်စရာမကောင်းခဲ့။ ကိုယ့်အိမ်ကမျောက်မှ ကိုယ်ပြန်မခြောက်နိုင်ရင် ကျော်ကျော်ဟန့်သမိုင်း ရာဇဝင်ရိုင်းပေတော့မည်။ 

” မင်းကြောင့်နဲ့ အဖေတို့ အမေတို့ကို ငါ ဘယ်လိုမျက်နှာပြရမလဲတောင်မသိဘူး ပစ်တိုင်းထောင် “

” ဟာ. ကိုကိုကြီးကလည်း… အခုကိစ္စနဲ့ ဆုံးသွားတဲ့မိဘတွေက ဘာဆိုင်လို့လဲ… သူတို့ဘာသာသူတို့ ဘဝသစ်တစ်ခုမှာ နေပျော်ပါစေ… ကိုကိုကြီးကလည်း တကယ်ပဲ “

” အဖေနဲ့အမေ မဆုံးခင်က မင်းကို လူကောင်းလူတော်တစ်ယောက်ဖြစ်အောင် သေချာပျိုးထောင်ပါဆိုပြီး ငါ့ကိုဒီတစ်ခုပဲမှာခဲ့တာ… ဒါပေမဲ့ အဲဒီတစ်ခုကို ငါ အခုထိတာဝန်မကျေနိုင်သေးဘူး… ဟိုက်စကူးတောင် မအောင်သေးတဲ့မင်းကြောင့် တမလွန်က မိဘတွေကို စိတ်အေးအောင်အခုထိမလုပ်ပေးနိုင်သေးဘူး ”

ညီဖြစ်သူ အသိစိတ်ဝင်လိုဝင်ငြား ပိုပိုသာသာဖိပြောလိုက်တော့ ခဏမှိုင်ကျသွားသည်။ ခင်ခင်ကတော့ သူ့အကြံကိုရိပ်မိဟန်အလား မျက်စောင်းသာသာချီသည်။

” ဟိုက်စကူးက ရွှေဒင်္ဂါးနဲ့လက်ထပ်ပြီးရင် ပြန်ဖြေပါမယ်ဆိုဗျာ… အခုလည်း ရွှေဒင်္ဂါးက ကိုကိုကြီးဒေါသမပြေရင် အဖြေပြန်မပေးဘူးဆိုလို့ အိမ်ပြန်လာခဲ့တာ ”

မောင်ငယ့်စကားကြားတော့ ခင်ခင့်စိတ်ထဲကနေ ဒင်္ဂါးလေးကို ပိုသဘောကျသွားသည်။ တစ်မိုးအောက်ပစ်တိုင်းထောင်ကို ဘယ်နည်းတွေသုံးပြီးများ ချုပ်ကိုင်လိုက်ပါလိမ့်။ မောင်ငယ့်ရဲ့ ဒင်္ဂါးအပေါ်ထားတဲ့စိတ်ကို အကဲခတ်ကြည့်လို့ရပေမယ့် ဒီလောက်ထိသက်ဝင်နေလိမ့်မယ်လို့တော့ မခန့်မှန်းထားမိပါ။

” ဧကန္တ ဒီရောက်မှ ရွှေဒင်္ဂါးနဲ့သဘောမတူဘူးဆိုပြီး ကျွန်တော့်ကိုဖမ်းထားမလို့လား… အဲဒါမျိုးတော့ မရဘူးနော်… ကိုကိုကြီး ကျွန်တော့်အကြောင်းသိပါတယ် ”

” တယ်… ဒီကောင်တော့ ငါ့ကိုများ တစ်ပြန်ခြိမ်းခြောက်လို့ ”

” ကိုကိုကြီးကလည်း ဒေါသမထွက်ပါနဲ့တော့ဗျာ… အဲဒီကိစ္စက ပွင့်ပွင့်လင်းလင်း မပြောခဲ့တဲ့ ကျွန်တော့်အပြစ်ပဲ ထားလိုက်ပါတော့ ”

သူကတစ်ပြန် အနစ်နာခံသူကြီးလို ပြောနေတဲ့ပစ်တိုင်းထောင်ကို ထရိုက်ချင်စိတ်က တဖွားဖွား။ ဒီလောက် အရှက်ရစရာတွေနဲ့ ပြန်လာခဲ့ရတာကို ခုထိသူကမှန်တယ်လုပ်နေဆဲ။ မသိတဲ့လူတွေကြားရင် သူကသဘောထားကြီးပြီး ကိုယ်ကစိတ်ထားသေးနုပ်တယ် ထင်နေဦးမည်။

” မင့်ကို ငါ့ညီမို့လို့သာ မပြောသာတာ… မင်းလုပ်ပုံက သူကြီးကိုဘယ်လောက် အားနာစရာကောင်းလိုက်လဲ… တော်သေးတာပေါ့. သူတို့မိသားစုက စိတ်ပြည့်တဲ့လူတွေမို့လို့ ”

” အဲဒါတော့ ဟုတ်တယ်. မောင်ငယ်ရယ်… ငွေမှုန်လေးမို့လို့ပေါ့… တခြားသူသာဆိုရင် မမကြီးတွေးတောင်မတွေးရဲဘူး… နှစ်ဦးနှစ်ဖက် ဘယ်လောက်မျက်နှာပျက်ရမလဲ ”

ဒီတစ်ခါတော့ မမကြီးကပါ ဝင်ပြောလာသည်မို့ ပစ်တိုင်းထောင် ငြိမ်နေလိုက်ရသည်။ တကယ်တော့လည်း ကိုကိုကြီးတို့ပြောတာ မှန်ပါသည်။

” အခုက ကိုကိုကြီးက မင်းကိုဆူနေတာမဟုတ်ဘူး… မင်းကိုလိမ္မာပြီး ရင့်ကျက်တည်ငြိမ်စေချင်တာ… ဘယ်အရာကိုဖြစ်ဖြစ် ပေါ့ပေါ့တန်တန်မတွေးပဲ အလေးအနက်ထားစေချင်တာ ”

” ဟာ.ကိုကိုကြီး… ကျွန်တော် တခြားကိစ္စတွေကို သေချာလေးလေးနက်နက်မတွေးခဲ့ဘူးဆိုတာတော့ ဝန်ခံပါတယ်… ဒါပေမဲ့ ရွှေဒင်္ဂါးကို လက်ထပ်ချင်တဲ့ကိစ္စကတော့ ပြီးစလွယ်နဲ့ပြောခဲ့တာမဟုတ်ပါဘူး ”

ဒီလောက်ထိပြောနေပုံထောက်ရင်တော့ ညီငယ်က သူကြီးသားလေးကို လက်ထပ်ချင်တာ စိတ်ရင်းဖြစ်လောက်မည်ဟု ကျော်ကျော်ဟန်ကောက်ချက်ချလိုက်သည်။ ပစ်တိုင်းထောင်ဆိုသည်က စိတ်လွတ်လက်လွတ်နဲ့ ပျော်ပါးချင်တဲ့သူမလား။ ဒီလိုအခွင့်အရေးကို အဆုံးရှုံးခံပြီး အိမ်ထောင်သည်ဘဝ ရောက်ချင်တယ်ဆိုကတည်းက ရွှေဒင်္ဂါးအပေါ်ထားတဲ့စိတ်က ခိုင်မာနေမှန်းသေချာသည်။

” မင်းက ပြီးစလွယ်မဟုတ်ဘူးသာပြောတယ်… မင်း လက်ထပ်ချင်တာကို တစ်ဖက်ကလေးက ဘာမှမသိရှာဘူး… ချစ်နေရုံမပြီးဘူး ညီငယ်ရ… ချစ်တတ်တန်ဖိုးထားတတ်ဖို့လည်း လိုသေးတယ်… မင်းမှာ နှမသားချင်းမရှိလို့ ကိုယ်ချင်းမစာတတ်ဘူးလို့ပဲ ကိုကိုကြီးမြင်တယ် ”

” အဲလိုမဟုတ်ပါဘူးဗျာ… ကျွန်တော် ရွှေဒင်္ဂါးကို တန်ဖိုးထားပါတယ် ”

” အေး… ပါးစပ်နဲ့ပဲ တန်ဖိုးထားနေလို့မပြီးဘူး… မင်းလုပ်လိုက်တဲ့ကိစ္စမှာဆို မင်းပြောတဲ့ရွှေဒင်္ဂါးကို တန်ဖိုးထားပါတယ်ဆိုတာကို ငါမမြင်ရဘူး… မင်းစိတ်၊မင်းဆန္ဒနဲ့ ငါလုပ်ရင်ဖြစ်ကိုဖြစ်ရမယ်ဆိုတာပဲ မြင်တယ် ”

ဒီတစ်ခါတော့ ညီငယ့်ကိုသေချာနားဝင်အောင် ပြောမှဖြစ်မှာမို့ ကျော်ကျော်ဟန် စိတ်လျှော့ကာ ခေါင်းငိုက်စိုက်ချပြီး နားထောင်နေတဲ့ညီငယ့်ပခုံးပေါ်လက်တင်လိုက်သည်။

” ညီငယ်က ငယ်သေးလို့မသိလိုက်ပေမယ့် ကိုကိုကြီးတို့အမျိုးက အိမ်ထောင်ဖက်ကို အလေးထားပြီး ဦးစားပေးတတ်တဲ့အမျိုးကွ…

တခြားသူတွေက ဝေးလို့မသိနိုင်ပေမယ့် မင့်မျက်စိရှေ့မှာပဲရှိနေတဲ့ ကိုကိုကြီးက မင်းမမကြီးကို ဘယ်လောက်အလေးထားလည်းဆိုတာ မင်းအသိဆုံးပဲမလား ”

ပစ်တိုင်းထောင် ခေါင်းညိတ်ပြလိုက်သည်။ မှန်သောစကားဆိုပေမယ့် နည်းနည်းတော့ကိုယ်ရည်သွေးနေသည်မို့ စိတ်ထဲတော့ နည်းနည်းအောင့်သက်သက်ရယ်။

” မင်းကို ကိုကိုကြီးက စိတ်မဆိုးပါဘူး… ကိုကိုကြီးက ကိုယ့်ကိုယ်ကိုယ်ဒေါသဖြစ်တာပါ… ငါ့ညီလေးကို သေချာလမ်းမပြနိုင်ဘူးဆိုပြီး စိတ်မကောင်းဖြစ်တာပါ ”

” ကိုကိုကြီးရဲ့စေတနာကို ကျွန်တော်နားလည်ပါပြီ… ဒါဖြင့်ရင် ကိုကိုကြီးက ကျွန်တော်ရွှေဒင်္ဂါးနဲ့လက်ထပ်မှာကို သဘောတူတယ်ပေါ့ ”

” သဘောမတူဘူးပြောတော့ရော မင်းကလက်ခံမှာမို့လို့လား ”

” လက်မခံပါဘူး… လက်ခံစရာလား… ဒီအတိုင်း စကားအဖြစ်မေးတာကို ”

” ကဲ. ခင်ခင်ရေ.. ခင်ခင့်မောင်ကို ခင်ခင်ပဲပြောလေတော့ ”

အသည်းအသန်ငြင်းလာတဲ့မောင်ငယ်ကြောင့် ခင်ခင်နဲ့ကိုကိုကျော် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ရယ်မိတော့သည်။ ဒီလောက်ဆိုရင်တော့ မောင်ငယ့်ဘဝကို ထိန်းကျောင်းပေးနိုင်မယ့်သူရှိလာပြီမို့ သွားလေသူမိဘနှစ်ပါးကို စိတ်အေးစေနိုင်ပါပြီလေ။

” ဒါဆို ကိုကိုကြီးက ကျွန်တော့်ကိုစိတ်ပြေပြီပေါ့ ”

” မင်းကို ကိုကိုကြီးက အကြာကြီးစိတ်ဆိုးမှာတဲ့လား ”

ပြေးကြည့်မှသွေးရင်းဆိုလို့ နှစ်ယောက်တည်းရှိတာကို ကောင်းကောင်း၊ဆိုးဆိုး သူက ညီငယ့်ကို ဘယ်လိုအကြောင်းကြောင့်များ အကြာကြီးပစ်ထားနိုင်မှာလဲလေ။

” အဲဒါဆို မနက်ဖြန်ရွာပြန်တော့မယ် ”

ကိုကိုကြီးက သူ့ကိုစိတ်မဆိုးတော့ဘူးဆိုတာသိရတော့ ပစ်တိုင်းထောင် အခုချက်ချင်းပင် ရွာပြန်ပြေးချင်တော့သည်။

” မနက်ဖြန်တော့ ချက်ချင်းမပြန်ပါနဲ့ဦး. မောင်ငယ်ရယ်… ဘွားဘွားကြီးတို့က မောင်ငယ့်ကိုအရမ်းလွမ်းနေတာ… အရင်တစ်ခါလာတုန်းကလည်း မတွေ့လိုက်ရဘူးလေ… ဘွားဘွားကြီးတို့နဲ့ တွေ့ပြီးမှပြန်လေနော် ”

ဘွားဘွားကြီးဆိုတာက မမကြီးရဲ့မေမေ၊ ပစ်တိုင်ထောင်ကို ငယ်ငယ်ကတည်းက ထိန်းကျောင်းလာသူမို့ ငြင်းဖို့ရာမစွမ်းသာ။ သူက မမကြီးတို့အိမ်မှာပဲ ကြီးပြင်းလာခဲ့သူမလား။

” ဟုတ်တယ်. ဘွားဘွားကြီးတို့နဲ့တွေ့လိုက်ဦး .. နောက်တစ်ပတ်မှ ကိုကိုကြီးတို့နဲ့အတူတူ ရွာသွားကြမယ် ”

” ဟုတ်.ကဲ့ ”

အားမတန်လို့ မာန်လျှော့လိုက်ရသော ပစ်တိုင်းထောင်လေးပါလေ။ လွမ်းရေးခက်တဲ့ညများကို ဒီဘဝ ဒီမျှသာကြုံပါစေတော့။

>>>>>>>>>>

ဆက်ရန်
Yellowish_One 💛
(၁၂-၉-၂၀၂၄)

ဒီအပိုင်းက နည်းနည်းတော့ပျင်းစရာကောင်းပေမယ့် ကိုကိုကြီးက သူ့ညီလေးကို လူကောင်းလေးဖြစ်စေချင်တာပါလေ•••

(အရင်ရေးထားတာရှိလို့တင်ပေးလိုက်တာပါ… မျက်လုံးကိုက်နေလို့ ဒီရက်ထဲခဏနားပါဦးမယ်)

Tags: read novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၇), novel Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၇), read Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၇) online, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၇) chapter, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၇) high quality, Á€™Á€±Á€¬Á€„Á€ºá€Á€­Á€¯Á€·Á€†Á€­Á€¯Á€Œá€± Á€•Á€»Á€¬Á€¸Á€Žá€€Á€¬Á€Žá€­Á€¯Á€·Á€Á€»Á€­Á€¯Á€Œá€¾Á€…Á€± [[ Complete ]] အပိုင်း – (၂၇) light novel, ,

Comment

Leave a Reply

Chapter 53