Coffee With Honey (Complete) part 14

All chapters are in Coffee With Honey (Complete)
A+ A-

တစ်လကြာပြီးနောက် ဘန်တို့အိမ်ထောင်ရေးက
၁လပြည့်သွားပြီပင်။

နေရောင်ခြည် အခန်းထဲသို့ရောက်လာခဲ့တယ်။ကုတင်ပေါ်မှာအိပ်စက်နေသူလေး နိုးလာခဲ့တယ်။ လက်နဲ့အသာ မျက်နှာကိုပွတ်သပ်ပြီး နိုးထလာခဲ့တယ်။

“ဟင်….”

ငြိမ့် အိပ်ချင်မူးတူးနဲ့ထလာရင် မြင်လိုက်ရတဲ့အရာကြောင့်
မျက်လုံးတောင် ဝိုင်းစက်သွားသလား။

ကျွန်းသား ထိုင်ခုံတွေ ကြမ်းပြင်တွေ ရှေးဟောင်းထိုင်ခုံတွေ
အပြင်ကိုကြည့်တော့လည်း ရိုးရာပုံစံရှိတဲ့အဆောက်အအုံတွေ။

ဘာတွေလဲ!!!

“ငါ ဘယ်ရောက်နေတာလဲ ကိုကြီး ဘယ်မှာလဲ”

ငြိမ့် ဒီတိုင်းထိုင်နေမဲ့အစား ထရှာဖို့ဘဲ လုပ်လိုက်သည်။
ငြိမ့်ခေါင်းထဲမှာတော့ သူကိုပြန်ပြေးဆွဲထားတာလား
ဖမ်းထားတာလား အဲ့တာတွေကိုတွေးပြီးကြောက်နေမဲ့အစား
အခန်းရဲ့တစ်နေရာမှာရှိတဲ့ တုတ်တစ်ခုကို ကိုင်ကာ
အခန်းတံခါးကိုဖွင့်လိုက်သည်။

ဖွင့်လိုက်သည်နှင့် အပြင်ကိုချက်ချင်းရောက်သွားခဲ့တယ်။
အခန်းတွေ ကြမ်းပြင်တွေအကုန်လုံးက ကျွန်းသား(သစ်သား)
တွေနဲ့ဘဲ လုပ်ထားတာကို တွေ့လိုက်ရတယ်။

သေချာတယ် ရိုးရာအိမ်တစ်ခုဘဲ

ငြိမ့် ဘာသာစကားတစ်ခုကိုကြားလိုက်တာကြောင့်
တုတ်ကိုရွယ်ရင်း အသံရှိရာဆီ ချဉ်းကပ်လာခဲ့တယ်။

ရောက်သည်နှင့်

“အား…အိုးမိုင်ဂေါ့”

ရိုက်တော့မဲ့အချိန် တွေ့လိုက်ရတဲ့လူကြောင့် ငြိမ့် အလန့်တကြားအော်ဟစ်မိသည်။အမြန် တုတ်ကိုနောက်မှာ
ဖွက်လိုက်ကာ ထိုလူကို သွား၃၂ချောင်းပေါ်အောင် ရီပြလိုက်သည်။

“ဟီးဟီ မင်ဂလာပါနံနက်ခင်းပါ ကိုကို”

“အင်း “

ဘန် ရိုးရာ၀တ်ဆုံတစ်ခုနဲ့ ဓားတစ်ချောင်းကိုလည်း ကိုင်ထားသည်။ငြိမ့်ကို ပြန်တုံ့ပြန်လိုက်ပြီး သူ့ပြောလက်စ စကားကိုဖျက်လိုက်ကာ ငြိမ့်ဘက်ပြန်လှည့်လာသည်။

“‌ကိုယ်ဆီက အမွေအစောကြီးကတည်းက လိုချင်နေတာလား”

“ဟင်…”

“ဟင်လုပ်မနေနဲ့ အနောက်က တုတ်က ဘာလုပ်တာလဲ ဆန်ဖွပ်မောင်းထောင်းမလို့လား”

ငြိမ့် လိမ်စရာမလိုအောင် ပေါ်နေတာမို့ ခေါင်းကိုကုတ်ရင်း တုတ်ကို လွှတ်ချလိုက်သည်။

“ကိုကို ကလည်း ကာကွယ်ပေးမလို့ဟာကို”

“အော် ပုရွက်ဆိတ်တွေဆီက ကာကွယ်ပေးမလို့လား”

“ဟာ!!! အခု ဆူနေတာလား ပြော ပြော!!”

ဘန် မျက်နှာတည်တည်နဲ့ပြောနေတာကြောင့် ငြိမ့် သူ့ကိုဆူတယ်ထင်ပြီး မျက်နှာကြီး နီရဲကာ မျက်ရည်ဝိုင်းလာသည်။

“လူမှားသွားလို့ဟာကို….သူများသားသမီးကို ဖဲ့ဖို့ဘဲ ကြည့်နေတယ် သူ့ကြည့်တော့ နို့တောင်မစင်သေးဘူးနဲ့ ခနခနနို့တောင်းနေတဲ့ လူကများ ဟွန့်”

ငြိမ့် ခြေဆောင့်ကာ သူ့ထွက်လာတဲ့အခန်းထဲဆီ ပြန်၀င်သွားသည်။ကျန်ခဲ့တဲ့ ဘန်ကတော့ ပါးချိုင့်တွေ ပေါ်အောင်ပြုံးလိုက်ပြီး

သူကိုများ နို့မစင်သေးတာတဲ့ အေ့လေ ငြိမ့်ပြောတာလည်း မှန်ပါတယ် ညညဆို သူဘဲနို့ဆာနေတာကို။

အခန်းထဲက ငြိမ့်ကတော့ ခေါင်းအုံးတွေ ကန်ကာ ဒေါသတွေ ဖြစ်နေလို့ပါလား။

~~ချောက်~~

ငြိမ့် တံခါးဖွင့်တာ ကြားတာနဲ့ ၀င်လာတဲ့လူဆီ မျက်စောင်းကချက်ချင်းရောက်လာသည်။ စောင်ကို ခေါင်းထိခြုံကာ
မသိချင်ယောင်ဟန်ဆောင်လိုက်သည်။

“အာ…‌အူဝဲလေး အိပ်နေတာဘဲ “

ကြားပေမဲ့ ငြိမ့် မလှုပ်မရပ်အိပ်စက်။

“အဲ့တာဆိုလည်း မစားပါနဲ့တော့ “

“…….”

“ဒါပေမဲ့ ကိုယ်ကတော့ နို့စို့ရမှာဘဲ!!’

ဆိုကာ ငြိမ့်ပေါ် ခုန်အုပ်ကာ စောင်ကိုအတင်းဆွဲချွတ်နေသည်။

“အား…မလုပ်နဲ့ ယားတယ်လို့ အာ့”

အင်းကျီကိုအတင်းဆွဲချွတ်ပြီး ကလိထိုးစေသည်။ငြိမ့် မတည်နိုင်တော့ဘဲ ရီလာကာ ရုန်းကန်နေသည်။

“မလုပ်နဲ့…ယားတယ်”

“နို့စို့မလို့”

“အား…နောက်ခါ…မပြောတော့ဘူးလို့ တကယ် …ဟားဟား”

ငြိမ့် ရီရလွန်းလို့ သေတော့မယ်လို့ခံစားရနေခဲ့တယ်။

“ရပြီ…မပြောတော့ဘူး နောက်ခါ”

“မရဘူး”

“ဟား…ဟွတ်ဟွတ် ညမှစို့လို့”

“……”

ငြိမ့် မနေနိုင်ဘဲ အော်လိုက်တာကြောင့် ဘန် လှုပ်ရှားမှုရပ်တန့်သွားခဲ့သည်။အခုမှဘဲ သူအသက်ရှူချောင်တော့တယ်

“ဟွတ် ဟွတ်”

“အူဝဲလေး ချောင်းဆိုးသွားပြီ ကျွတ် ကျွတ်”

“…..”

ဘန် ဘာမှမလုပ်ထားတဲ့စကားကြောင့် ငြိမ့်မျက်စောင်း ထပ်ရောက်လာပြန်လေရော။

“ဟွန့်…ဘာမှန်းကိုသိဘူး Green flag ပြောင်းလိုက် Red flag ပြောင်းလိုက်နဲ့…..ဒါနက် အဲ့တာဘာကြီးလဲ”

ငြိမ့် အံ့ဆွဲမှာ တင်ထားတဲ့မုန့်ကို ပြလိုက်သည်။

“kao niew ma muang”

“ဟမ်”

ဘန် ငြိမ့် လက်ထဲကို ထည့်ပေးတဲ့ မုန့်ကိုကြည့်ရင်း ဘန်ကိုကြည့်လိုက်လုပ်နေသည်။

“ဒါက ထိုင်းရိုးရာမုန့်လေ သရက်သီးလေ”

“ထိုင်း? အိုးမိုင်ဂေါ့ ထိုင်းကိုရောက်နေတာလား!!”

ဘန် စကားကြောင့် ငြိမ့် သူ့ကိုင်တဲ့မုန့်ကိုပစ်ချပြီး မြူးကြွစွာပြောလိုက်သည်။

“အင်း”

“ဒါနက် ဘယ်ကဘယ်လိုရောက်လာတာလဲ “

“ငြိမ့် အိပ်နေတုန်းခေါ်လာတာလေ “

“ဟန်နီးမွန်ထွက်တာလား”

“အင်း”

ငြိမ့် ခေါင်းထဲမှာမေးခွန်းတွေအများကြီးရှိပေမဲ့ မမေးတော့။
အခုတော့ သူကိုပေးတဲ့ဟာကိုစားမယ်ဘဲ ဆုံးဖြတ်လိုက်သည်

“ဒီအိမ်တော်က ခွန်းအိမ်တော်လေ ကိုယ်တို့စေ့စပ်ဖူးတုန်းကရောက်ဖူးတယ်လေ မမှတ်မိတော့ဘူးလား ဒီဉီးနှောက်လေးက”

ငြိမ့် မုန့်စားတုန်းပြုံးပြလိုက်သေးတယ်။

“ကဲ ရော့ ပြီးရင် အဲ့အ၀တ်အစား၀တ်ခဲ့ ကိုယ်အပြင်မှာစောင့်နေမယ်”

ဘန် ခေါက်ထားတဲ့အဖြူရောင်၀တ်ဆုံနဲ့ပန်းရောင်လေးပေါ့။

“ဟုတ်ကဲ့ပါ”

“အင်း”

ဆိုကာ ဘန်ထွက်သွားခဲ့သည်။ကျန်ခဲ့တဲ့ ငြိမ့်ကတော့ မုန့်ကိုလက်ကမချ စားသောက်နေသည်။ခနကြာတော့

~~ကျီ~~

“သခင်လေး”

“တာတီး?”

၀င်လာတဲ့လူတွေကတော့ ဘယ်သူရှိမလဲ တာတီးနဲ့ကောင်းစေသူပင်။

“မင်းတို့လည်းလိုက်လာတာဘဲ”

“ဟုတ် သခင်လေးကို ၀တ်ဆုံကူ၀တ်ပေးဖို့ သခင်ကြီးလွှတ်လိုက်တာပါ”

“အင်း လာလေ”

ငြိမ့် ခေါင်းညိမ့်စွာ လက်ခံလိုက်ပြီး အ၀တ်အစားပြောင်းလဲမှုစတင်ခဲ့တော့သည်။အချိန်ခနကြာတော့

“ဝါး လှလိုက်တာ “

ပြင်ဆင်ပြီးသွားတဲ့အပြီးမှာ တာတီးဆီကနေ အံ့ဩတဲ့အသံထွက်ပေါ်လာသည်။နေရောင်ခြည်အောက်မှာ အဖြူရောင်၀တ်ဆုံနဲ့ ပန်းရောင်ရှိတဲ့ထိုင်းရိုးရာ၀တ်ဆုံလေးက
တောက်ပနေသည်။ဆံပင်ကောက်ကောက်လေးတွေကလည်း
ကြက်တောင်းစီး စီးထားတော့ ပိုချစ်စရာကောင်းနေတယ်

“ဟဲဟဲ ငါချောတယ်မလား အေ့လေ ငါအရင်ဘ၀က
ကုသိုလ်တွေ လုပ်ခဲ့တာကို”

“ဟုတ်ပါပြီ သခင်လေးရယ် သခင်ကြီးစောင့်နေပြီထင်တယ်
လာပါတော့”

“အင်း လာပြီ”

…………………..
A/N

Thai traditional room

House

kao niew ma muang(မုန့်)

ငြိမ့် ၀တ်ဆင်ထားတဲ့၀တ်ဆုံနဲ့အနီးစပ်ဆုံး၀တ်ဆုံ

အဲ့လိုလေးတွေပါနော်
စိတ်ကူးယဉ်ပုံစံဘဲရေးထားတာကြောင့် အမှားပါရင် ခွင့်လွှတ်ပါနော်

ခရီးသွားနေလို့ update နောက်ကျသွားတာလည်း တောင်းပန်ပါတယ်နော် အဂျစ်လေးတို့
ပုံမှန်တိုင်း update ပေးတော့မယ်နော်

ဒါနက် မုန်တိုင်းလာမည် မျှော်….

#fromwinter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 14, novel Coffee With Honey (Complete) part 14, read Coffee With Honey (Complete) part 14 online, Coffee With Honey (Complete) part 14 chapter, Coffee With Honey (Complete) part 14 high quality, Coffee With Honey (Complete) part 14 light novel, ,

Comment

Leave a Reply

Chapter 15