Coffee With Honey (Complete) part 16

All chapters are in Coffee With Honey (Complete)
A+ A-

မြန်မာပြည်ပြန်လာတော့ နေ့ရက်တွေက ပုံမှန်လို လည်ပတ်ခဲ့တယ်။

“ကိုကို ဒီနေ့ ကျနော် ဖေကြီးတို့အိမ် ခနပြန်လိုက်အုံးမယ်သိလား”

ငြိမ့် ဘန်ကိုအလုပ်သွားဖို့ နက်ကတိုင်စီးပေးရင်း ပြောလိုက်တယ်။

“အင်း သွားလေ ဘာ၀ယ်သွားအုံးမလဲ”

“ဘာမှ၀ယ်စရာတော့မလိုပါဘူး ‌ပြီးတော့ ကော်ဖီထုပ်လည်းသွားယူရမယ်လေ”

ငြိမ့် စကားဆုံးတဲ့အထိနားထောင်ပြီး ငြိမ့်ရဲ့ခါးကကိုင်ကာ သူ့ပေါင်ပေါ် ဆွဲချလိုက်သည်။ရုတ်တရက်ဆိုတဲ့ လန့်သွားခဲ့တယ်။

“ဘာလုပ်တာလဲ….”

“အားဆေးတိုက်ပါအုံး…”

“ဟင်…အွန့်”

~~ပြွတ်စ်~~

ဖြေချိန်မရတဲ့ နမ်းရှိုက်လိုက်တာကြောင့် မျက်၀န်းတွေကျယ်သွားပေမဲ့ ပြန်တုံ့ပြန်မိသည်။ခနလောက်ကြာပြီးမှ ဘန်ရင်ဘတ်ကို ရိုက်လာတဲ့ ငြိမ့်ကြောင့် အသက်ရှူခက်နေမှန်းသိလိုက်တယ်။

“ကိုယ် အလုပ်သွားတော့မယ်နော် ငြိမ့်”

နမ်းပြီးသွားတော့မှ သူမဟုတ်သလို ထွက်သွားမဲ့ လူကြောင့်
စိတ်တိုရပြန်တယ်။သူ့ကိုစိတ်တိုနေတဲ့ ‌ကောင်လေးကိုကြည့်ပြီး ‌မြတ်နိုးရပေသည်။

~~မွ~~

အခုတော့ နှုတ်ခမ်းမဟုတ်တဲ့ ရင်ခွင်မှီလေးရဲ့နဖူး‌ပေါ်ကို ကြင်နာတဲ့အနမ်းတွေ ဖြစ်လာစေတယ်။ငြိမ့် မျက်နှာတစ်ခုလုံးနီရဲလာပြီး ပွေ့ဖက်ထားတဲ့ဘန်ကို ရိုက်မိသည်။

အိပ်ခန်းထဲက ချစ်ကြည်နူးပြီးမှ အလုပ်သွားဖို့သတိရကာ
အောက်ထပ်ဆင်းကြသည်။ဘန် သူ့ရဲ့ကားပေါ်တက်လိုက်သည်။

“ကဲ ကိုယ်သွားပြီ လိုက်ပို့ပေးရအုံးမလား”

“ရပါတယ် ကျနော် ၀င်၀ယ်စရာတွေရှိလို့ပါဗျာ”

“အင်း ဘိုင် ဟန်နီ”

“ဟုတ်ကဲ့ပါ”

နှုတ်ဆက်လိုက်သည်နှင့် ငြိမ့်မျက်စိရှေ့တင် ကားက ထွက်သွားလေသည်။တာတီးနဲ့ကောင်းစေသူက ဈေးသွားဝယ်နေလို့ ငြိမ့် တစ်ယောက်တည်းကျန်ခဲ့တော့သည်။အဲ့တာကြောင့် တာတီးတို့ပြန်လာမှ အပြင်သွားဖို့ ဆုံးဖြတ်လိုက်သည်။

~~တီ တီ တီ~~

သူ့အပေါ်ပြန်တက်ဖို့ချိန် မြည်လာတဲ့ဖုန်းသံကြောင့် ခြေလှမ်းတွေရပ်တန့်သွားသည်။

“ဟယ်လို မင်းသန့်”

“အင်း ဟိုနေ့ကပြောထားတဲ့ ပရောဂျက်ကိစ္စလေ ဒီနေ့လုပ်မလို့ “

“အင်း ရတယ်လေ”

“အဲတာကြောင့်***ဒီနေရာကိုလာပေးပါလား”

“အေး ဒါဆို ငါလာခဲ့မယ် ဒါဘဲ”

“အင်း”

ဖုန်းချလိုက်သည်နှင့် တာတီးတို့က ပြန်ရောက်လာသည်။

“သခင်လေး ကျနော်တို့ပြန်လာပြီ”

အိမ်ထဲ၀င်သည်နှင့် ‌တာတီးအသံကြီးက စူးကနဲ့။
ဘေးနားက ကောင်းစေသူတောင် နားပိတ်ထားမိသည်။

“မင်းစောက်သံ တိုးထားစမ်းပါ နားကွဲတော့မယ် သခင်လေးသိပါတယ်ကွာ”

ကောင်းစေသူက တာတီးကို ပြန်အော်လိုက်မိသည်။တာတီး နှုတ်ခမ်းဆူလိုက်ပြီး သူ့ပြောကိုယ်ပြော ရန်ဖစ်နေကြသည်။
သူ့တို့ကိုကြည့်နေတဲ့ ငြိမ့်ကခေါင်းခါကာ

“တော်တော့ ကျွန်တော် အပြင်သွားလိုက်အုံးမယ်”

“ရက်ဆာ…အား”

ကောင်းစေသူက ပြန်ဖြေလိုက်ပေမဲ့ တာတီးက ကောင်းစေသူ လက်မောင်းကို ကုန်းကိုက်လိုက်တာကြောင့် ကောင်းစေသူရဲ့အော်သံက စံအိမ်တစ်ခုလုံးကြားရစေတယ်။

သူ့ရှေ့မှာ သတ်နေကြတဲ့လူတွေကို မကြည့်ချင်တော့လို့
အပေါ်ပြေးတက်ကာ အ၀တ်အစားသွားလဲတော့သည်။
ခနကြာတော့ ဆွယ်တာအနက်ရောင်လေးနဲ့ဘောင်းဘီအပွလေး ၀တ်လာခဲ့တယ်။အဲထိတိုင် ဟိုနှစ်ယောက်က သတ်နေကြတုံး။ငြိမ့် ခေါင်းခါကာ သူ့သွားပြီလိုပြောလိုက်ပေမဲ့
သတ်နေတဲ့နှစ်ကောင်က မကြားပါ။
အဲတာကြောင့် ထပ်မပြောတော့ဘဲ ထွက်လာခဲ့တယ်။

‌……………………
တစ်ဖက်မှာ‌တော့

“ဟေး သူငယ်ချင်းလေး”

ဘန် သူ့ရုံးခန်းထဲကို လက်လွှတ်စပယ်၀င်လာတဲ့ နေမင်းဟန်ကို မတုံ့ပြန်လိုက်ပါ။

“တံခါးခေါက်ရမယ်ဆိုတာ မသိတာလား”

“အိုး ဆောရီး”

‌ဘန်ရဲ့ခပ်အေးစက်စက်စကားကြောင့် နေမင်းဟန် အလိုမကျပေမဲ့ ပြန်ထွက်ကာ တံခါးပြန်ခေါက်သည်။

“၀င်လာပြီနော်”

နေမင်းဟန်နောက်တစ်ကြိမ်၀င်လာပြီး ဆိုဖာပေါ်မှာ သူ့ပစ္စည်းတွေတင်ကာ အလုပ်လုပ်နေတဲ့ဘန်ကိုကြည့်ပြီး ကွေးတက်သွားတဲ့နှုတ်ခမ်း။

“ဘန် မင်းအမျိုးအသားနဲ့ငါက ပန်းချီသင်တန်းအတူတူတက်တာသိလား”

“………”

နေမင်းဟန်ရဲ့စကားကြောင့် ဘန်ဘောပင်ကိုင်ထားနဲ့လက် ရပ်တန့်သွားသည်။ထိုအချက်ကိုသတိပြုမိတဲ့နေမင်းဟန်က

“ငါကိုတွေ့တာတောင် ခပ်ချေချေလုပ်လွန်းတယ် ဘ၀င်မြင့်နေတာ မင်းသူ့နဲ့ရတာ မင်းကံမကောင်….အား”

~~ဗုန်း~~

နေမင်းဟန် စကားမဆုံးလိုက် စားပွဲကိုထထုတဲ့ ဘန်ကြောင့်
ပြောမဲ့စကားတောင်ထစ်သွားခဲ့တယ်။‌နီရဲနေတဲ့မျက်၀န်းတွေနဲ့ နေမင်းဟန်ကိုပြန်ကြည့်ပြီး

“မင်းစောက်ပါးစပ်ပိတ်ထားတာ ကောင်းမယ်ထင်တယ်”

“……….”

နေမင်းဟန် လန့်သွားပေမဲ့အမူအရာပြန်ထိန်းကာ ပါးစပ်ပိတ်သွားသည်။ဘန် ခုံပေါ်မှာပြန်ထိုင်ကာ စိတ်လျော့ပြီးအလုပ်ကိုပြန်လုပ်သည်။ဒါမဲ့သူ့ခေါင်းထဲမှာ ငြိမ့်ကဘာလို့ နေမင်းဟန်နဲ့ပန်းချီသင်တန်းအတူတူတက်တာ ဘာလို့မပြောခဲ့တာလဲ
ဆိုတဲ့မေးခွန်းကအပြည့်။

“ငါနောက်ဆုံးအနေနဲ့တစ်ခုပြောပါရစေ ငါသူ့ကို barမှာတွေ့ခဲ့တယ်”

“ဘာ….မင်းဘာပြောတာ”

ရုတ်တရက် နေမင်းဟန်ရဲ့စကားကြောင့် ထိုင်နေတဲ့ခုံပေါ်က
ထကာ နေမင်းဟန်ဆီတန်းတန်းမတ်မတ်သွားလိုက်ပြီး
နေမင်းဟန်ရဲ့အင်းကျီစကို ဆွဲကာ လက်သီးက အပြင်သား။

“အေးဆေးပေါ့…ကောင်လေးတစ်ယောက်နဲ့ ဝင်သွားတာ တွေ့လိုက်တာ “

“ဘယ်မှာလဲ!!”

“****အဲ့မှာ”

နေမင်းဟန် နေရာပြောပြီးတာနဲ့ ပစ်ချကာ ဘန် သူ့ကုတ်အင်းကျီဆွဲပြီး ထွက်သွားလေသည်။အနောက်မှာကျန်ခဲ့တဲ့ နေမင်းဟန်က နှုတ်ခမ်းကွေးတက်သွားအောင် ပြုံးလိုက်ပြီး
သူပါ နောက်ကလိုက်လာသည်။

………………………
ငြိမ့် လမ်းလျှောက်နေရင်း ဆိုင်ရှေ့ရောက်လာသည်။
ဆိုင်က သေးသေးလေး။ကော်ဖီဆိုင်လိုမျိုးပါဘဲ
သူ့အထဲ၀င်သွားလိုက်ပြီး သူ့ထင်သလို ကော်ဖီဆိုင်နဲ့နည်းနည်းဆင်တာပေါ့။

“ဝေ့ ငြိမ့်”

“အော် မင်းသန့်”

သူ့ဆိုင်ကိုကြည့်နေတုန်း သူ့ကို လက်လှမ်းပြတဲ့မင်းသန့်
ကြောင့် သူ့ရှိတဲ့နေရာသွားလိုက်ပြီး

“ထိုင် ငြိမ့် ဘာသောက်မလဲ ဘာမှာမလဲ”

“ရပါတယ် ကြိုက်တဲ့ဟာမှာလိုက်”

“အင်း ခနနော်”

မင်းသန့် ငြိမ်း ခနထိုင်ခိုင်းကာ ကောင်တာဘက်ကို‌ထွက်လာခဲ့သည်။၀န်ထမ်း အဖြူရောင်ဆေးမှုန့်လေး ပေးလိုက်ကာ
တိုးတိုးတိတ်တိတ်မှာနေလိုက်သည်။ထိုနောက် ထိုင်နေတဲ့ငြိမ့်ကိုတစ်ချက်ကြည့်ကာ တစ်စုံတစ်ယောက်ကိုဖုန်းခေါ်လိုက်သည်။

“ဟယ်လို နေမင်းဟန်”

“အေး အဆင်ပြေတယ်မလား အခုတော့ ဂင်ဘန်ချာရီလာနေပြီ”

“ပြေတာပေါ့ ဉက္ကဌတောင်မြင်သွားရင်တော့ အာ မတွေးရဲစရာဘဲ အဲကျရင် ဉက္ကဌက ငြိမ့်ကိုစွန့်လွှတ်လိုက်ပြီး ငြိမ့်က ကျွန်တော်အပိုင်ဖြစ်လာမှာ”

“အေး ဒါဘဲ”

‌မင်းသန့်ရဲ့စကားကို နေမင်းဟန် ဟက်ခနဲ့ ရီချင်မိတယ်။
တကယ်အရူးလုပ်လို့ရတာဘဲ။
………………………
ကဲ နောက်တစ်ပိုင်းမချိုမချဉ်ပါဘဲ

ချစ်ခြင်းများစွာဖြင့်
#from winter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 16, novel Coffee With Honey (Complete) part 16, read Coffee With Honey (Complete) part 16 online, Coffee With Honey (Complete) part 16 chapter, Coffee With Honey (Complete) part 16 high quality, Coffee With Honey (Complete) part 16 light novel, ,

Comment

Leave a Reply

Chapter 17