Coffee With Honey (Complete) part 20

All chapters are in Coffee With Honey (Complete)
A+ A-

~~တီ တောင် တီ‌ တောင်~~

ဘဲလ်အသံက အိပ်ခန်းတစ်ခုလုံးကိုဖုံးလွှမ်းထားသည်။
ရေကူးကန်ကနေ အိပ်ခန်းထိရောက်သွားတဲ့ ဘန်တို့ ဘဲလ်အသံကြောင့် ဘန်လုပ်မဲ့အလုပ်တွေ ပျက်မိသွားသည်။

“ကျစ်……”

“ဧည့်သည် လာပြီထင်တယ်”

“ရတယ် ကိုယ်တို့ဆက်လုပ်ရအောင်”

ဘန် ဆံပင်လှန်တင်လိုက်ပြီး ရင်ခွင်ထဲက ကောင်လေးရဲ့
ချယ်ရီသီးတွေကို စားဖို့လုပ်နေဆဲ။

“တော်ပြီ ကျွန်တော် စိတ်ဆိုးပြေသေးတာမဟုတ်ဘူးနော်”

“ပြီးရင် ပြန်ချော့မယ်”

“အာ့….မချွတ်နဲ့ ခများ‌မတော်နိုင်ဘူးလား”

ငြိမ့် သူ့အင်းကျီကိုဆွဲချွတ်ဖို့လုပ်တဲ့ ဘန်ကို တွန်းကာ အော်ပြောလိုက်သည်။ဒါပေမဲ့လည်း ဘန် ငြိမ့်ခြေထောက်နှစ်ချောင်းကပြန်ဆွဲကာ သူ့ရင်ခွင်ထဲပြန်ထည့်လိုက်ပြီး

“မအော်နဲ့ ကိုယ်မကြိုက်ဘူး”

“အာ့ စူးတယ်လို့”

ဘန် ရင်ခွင်ထဲက ငြိမ့်ကိုထုတ်ကာ သူ့ပေါ်ခွစေသည်။
ထိုနောက် ငြိမ့်မျက်နှာလေးကိုမော့စေပြီး ပါးဖောင်းဖောင်းလေးကို နမ်းရှိုက်လိုက်တာမဟုတ်ဘဲ နှုတ်ခမ်းမွှေးနဲ့ ပွတ်လိုက်ခြင်းပင်။

“ခများ ဘာလုပ်တာလဲ”

“နှုတ်ခမ်းမွှေး ရှိလားမရှိလား စမ်းကြည့်တာ”

“မလုပ်နဲ့ စူးတယ်လို့”

“လုပ်မှာ”

ဘန်တို့ နှုတ်ခမ်းမွှေးတိုက်ပွဲဖြစ်နေတုန်း ဧည့်သည်ရောက်နေတာ မေ့သွားသလား။

~~တီ တောင် တီ တောင် တီ တောင်~~

အဆက်မပြတ်မြည်လာတဲ့ ဘဲလ်သံကြောင့် ဘန်မျက်မှောင်ကျုံ့မိသွားသည်။

“လိ့……”

“တွေ့လား ဧည့်သည်တောင် စိတ်မရှည်တော့ဘူး ထထ”

ငြိမ့် အမြန် ဘန် ရင်ခွင်ထဲက ကုန်းရုန်းထကာ အခန်းထဲက ထွက်ဖို့အလုပ်။

~~ပြွတ်စ်~~

“သွားပြီ”

ငြိမ့် အခန်းထဲက မထွက်ခင် မစားလိုက်ရတဲ့လူကို သနားသောကြောင့် ဘန်ရဲ့ပါးပြင်ကို နမ်းလိုက်ခြင်းပင်။
ခပ်ဖွဖွလေးနမ်းပြီး ထွက်ပြေးသွားတဲ့ ငြိမ့်ကို ဘန် ပြုံး‌နေမိလိုက်သည်။ထိုနောက် သူလည်း တွေ့တဲ့အင်းကျီထ၀တ်ပြီး
ငြိမ့်နောက်ကို လိုက်လာသည်။

~~ကျွီ~~

ငြိမ့် အောက်ထပ်အမြန်ဆင်းကာ အိမ်ရှေ့တံခါးကို ဖွင့်လိုက်သည်။မြင်လိုက်ရတာ All black နဲ့နေကာမျက်မှန်ကို၀တ်ဆင်ထားတဲ့အမျိုးသမီးတစ်ယောက်ရယ်။ထိုအမျိုးသမီးရဲ့လက်ကိုဆွဲထားတဲ့ hoodie အပွနဲ့ ဘောင်းဘီအပွကို၀တ်ဆင်ထားတဲ့အမျိုးသမီးရယ် ကိုတွေ့လိုက်ရသည်။

“မင်းက တေးငြိမ့်လွှား ထင်တယ် “

All black ကို၀တ်ဆင်ထားတဲ့ အမျိုးသမီးက နေကာမျက်မှန်ကို ချွတ်ကာ ပိုက်ဆံအိတ်ထဲထည့်လိုက်ပြီး ပြောလိုက်ခြင်းပင်။

“ဟုတ်ကဲ့ အမ ဆောနဒီလှိူင်မှတ်လား ကျွန်တော် အမျိုးသားပြောလို့သိပြီးသွားပါပြီ”

“အေးအေး လာ ဘေဘီ အထဲ၀င်ရအောင်”

ငြိမ့်ကို ခပ်သာသာတွန်းဖယ်ကာ ဆောနဒီလှိုင်ဆိုတဲ့ အမျိုးသမီးတို့နှစ်ယောက် အိမ်ထဲ၀င်လာသည်။ဘေးနားက
ဘေဘီဆိုတဲ့ ကောင်မလေးကလည်း ဆောနဒီလှိုင် ရဲ့လက်ကိုခိုင်ခိုင်မြဲမြဲဆွဲထားသည်။

တွန်းထုတ်ခံလိုက်ရတဲ့ ငြိမ့်ကတော့ ကြောင်တောင်တောင်ဖြစ်သွားပေမဲ့ ဘာမှမဖြစ်သလိုနဲ့ ၀င်လာတယ်။

“ဘယ်မှာလဲ “

ဘေဘီဆိုတဲ့အမျိုးသမီးက ဆိုဖာပေါ်မှာ ထိုင်လိုက်ပေမဲ့
ဆောနဒိလှိုင်က ဧည့်ခန်းတစ်ပတ် ပတ်ကြည့်ကာ ဘန် ဓာတ်ပုံရှိရာကိုသွားလိုက်ကာ မေးလိုက်သည်။

“ကိုကြီးလား……”

“သူကိုမမေးလို့ ဘယ်သူကိုမေးရမှာလဲ…တေးငြိမ့်လွှားရှင့်”

“…………..”

ငြိမ့် သူ့ကိုပြောနေတဲ့ အမျိုးသမီးကို သိပ်သဘောမကျသလို
ဖြစ်လာသည်။

“အာ….ဟုတ်ကဲ့ သွားခေါ်ပေးပ့မယ်”

ငြိမ့်လည်း စကားတွေအများကြီးမပြောချင်တာကြောင့် အပေါ်ပြေးတက်လိုက်ပေမဲ့ အပေါ်ကဆင်းလာတဲ့ ဘန်ကိုတွေ့လိုက်ရသည်။

“ကိုကြီး….ဧည်သည်ခေါ်နေတယ်”

“အင်း လာလေ ငြိမ့် ငြိမ့်”

ငြိမ့် တစ်ခါတည်း ပြောပြီးတာနဲ့အပေါ်ထပ်ကိုပြေးတက်သွားသည်။ဘန် ခေါ်လိုက်ပေမဲ့ လှည့်မကြည့်တဲ့ငြိမ့်ကြောင့်
ဘာဖြစ်လဲဆိုတာ နည်းနည်းရိပ်မိသလိုပါဘဲ။
ဘန်လည်း ခပ်မြန်မြန်အောက်ဆင်းလာပြီး

“ဆောနဒီလှိုင် နင့်ငါ့ကလေးကို ဘာတွေပြောလိုက်တာလဲ”

ဘန် အသံကြောင့် ဘန် ပန်းချီကားကိုကြည့်နေတဲ့ ဆောနဒီလှိုင် ဘန်ရုပ်တည်ကြီးနဲ့ပြန်ကြည့်ကာ

“ဟား ဟား ဟား ငိုသွားတာလား ငါကစလိုက်တဲ့ဟာကို”

ဘန် သူ့ရှေ့က တဟီးဟီးတဟားဟားနဲ့ ရီနေတဲ့ ဆ
ဆောနဒီလှိုင်ကိုကြည့်ကာ

“စောက်ဆင့်မရှိတာတွေလုပ်မနေနဲ့ နောက်ခါ ငါ့ကလေးကိုမစနဲ့ ငါမကြိုက်ဘူး”

ဘန် ဒေါသနဲ့အော်ပြောလိုက်ပြီး ဆိုဖာပေါ်မှာ ၀င်ထိုင်လိုက်သည်။ဘန် ဖြစ်သွားတာကိုကြည့်နေတဲ့ ဆောနဒီလှိုင်က

“နင်ကလဲ ဖြစ်‌ပျက်နေလိုက်တာ ငါ့ကစလိုက်တဲ့ဟာကို
အေးပါ ငါပြန်တောင်းပန်လိုက်ပါ့မယ် ဒါနက် မိတ်ဆက်ပေးစရာရှိတယ်”

ဆောနဒီလှိုင်လည်း ဘေဘီဆိုတဲ့အမျိုးသမီးနားမှာ ၀င်ထိုင်ကာ ထိုအမျိုးသမီးရဲ့ပခုံးကိုဖက်လိုက်ပြိး

“သူ့က ငါ့ကောင်မလေး စုပြည့်ဉီးတဲ့ ဘေဘီ သူ့က ဂင်ဘန်ချာရီလေ”

“မင်ဂလာပါ ကျွန်မနာမည်က စုပြည့်ဉီးပါ”

“သိတယ်”

ဘန် စီးကရက်တစ်ချက်ရှိုက်လိုက်ပြီး ပြောလိုက်သည်။
ဘန် ဒေါသကိုသိတဲ့ ဆောနဒီလှိုင်က စုပြည့်ဉီးကိုဘဲ
အချက်ပြလိုက်စေသည်။

“နဒီ ငါနဲ့စကားခနပြောကြရအောင်”

“အေး ဘေဘီ ခနနော် ကိုယ် ပြန်လာခဲ့မယ်”

“ဟုတ်ကဲ့ ဆော”

စုပြည့်ဉီးကို ခနထားခဲ့ပြီး ဘန်နဲ့အတူ ထွက်လာခဲ့သည်။
ရေကူးကန်နားမှာ ရပ်လိုက်ပြီး

“ငါလက်တလော ကိစ္စတစ်ခုကိုလိုက်နေတယ်”

“မင်းသန့်ဆိုတဲ့ကောင် ကိစ္စမလား”

“အဟက် နင့်နားက နေရာတိုင်းမှာဘဲနော်”

“အဲလိုဘဲလေ အဲ့တော့ နင်နေမင်းဟန်က ကြိုးကိုင်တယ်လို့ထင်တာမလား”

“ထင်စရာတောင်မရှိဘူး သူ့လုပ်တာ ပိရိတယ်ထင်နေလား
အခုအဲ့ကောင်မင်းသန့်ရော နေမင်းဟန်ရော ပျောက်သွားကြတယ်”

“အဲ့ကိစ္စ ငါ့ကိုအပ်လိုက်စမ်းပါ”

“တော်ပြီ ငါ့ကလေးကိုစထားလို့သိပ်ကြည့်ရတာမဟုတ်ဘူးနော်”

“အိုး နင်တကယ်အချစ်နဲ့တွေ့သွားပြီဘဲ”

“ငါ့က မွေးရာပါ အချစ်နဲ့တွေ့ပြီသား အခုမှ အချစ်ကို
တရား၀င်ပိုင်ဆိုင်ရတာကွ “

“သူ့ကို သိပ်ချစ်တာဘဲလား”

“အင်း……ဘာနဲ့မှ တန်ဖိုးဖြတ်လို့မရလောက်အောင်ထိ
ချစ်တာကွ “

ဘန်ရဲ့စကားကြောင့် ဆောနဒီလှိုင် ပြုံးမိသွားသည်။
လူတွေကအချစ်နဲ့တွေ့ရင် ကဗျာဆရာဖြစ်သွားပါလား။

“နင်ကရော ခနကောင်မလေးကို”

ဘန်အမေးကြောင့်‌ ဆောနဒီလှိုင်က မျက်နှာအနည်းငယ်မဲ့သွာရသည်။

“ဟင့်အင်း ငါမသိဘူး တကယ်တော့ ငါသူ့ကို barမှာ တွေ့ခဲ့တာ အဲတာဆိုသိတယ်မလား ပြီးတော့ နင်သိတယ်မလား
ငါက မိန်းခလေးဘဲ စိတ်၀င်စားတာလေ ငါတွဲခဲ့တယ် အိပ်ခဲ့တယ် မိန်းခလေးတွေ အများကြီးနဲ့ ဒါမဲ့သူက သိပ်ကိုမာနကြီးတယ် သူ့အခြေအနေခက်ခဲလို့တာ ဒီအလုပ်ကိုလုပ်နေရတာ
သူ့နဲ့အိပ်မိသွားတုန်းကလည်း တခြားမိန်းခလေးတွေလို မဟုတ်ဘူး ငါ့ကိုနှင်ထုတ်တယ် ပိုက်ဆံပေးလည်း ပါးချတယ်
သူ့ရဲ့မာနနဲ့ သိက္ခာကိုငါသိပ်သဘောကျမိတယ် “

“အော်….ငါကြည့်ရတာတော့ သူ့ပုံစံက ခပ်အေးစက်စက်လေးပါ”

ဘန်စကားကြောင့် ဆောနဒီလှိုင်က ခပ်ပြုံးပြုံးလေး ပြုံးမိသွားသည်။

“သူက မျက်မမြင်တစ်ယောက်လေ”

“ဟမ်……”

“အင်း ဟုတ်တယ် အခုတောင် သူ့ရှက်လို့ နေကာမျက်မှန်မတပ်တာ ငါတပ်ထားတဲ့ မျက်မှန်က သူ့ဟာလေ
အနေအေးတယ် အခြေအနေတစ်ခုကြောင့် barမှာအလုပ်လုပ်ရပေမဲ့ သူ့ရဲ့ပထမဆုံးအချိန်က ငါ့နဲ့စခဲ့တာ အဲ့တော့
သူ့က ပြည်တန်ဆာမဟုတ်ဘူးလို့ ငါအဲလိုသတ်မှတ်တယ်”

“ငါထင်တယ် သူ‌အဲ့barမှာ ရောင်းစားခံရတာမှတ်လား”

“ဟုတ်တယ် သူ့ပထွေးဖြစ်သူက ရောင်းစားလိုက်တာ
အခုတော့နောက်မိန်းမနဲ့အိမ်ထောင်ပြုထားတယ်လို့ကြားတယ်
ဘာဘဲဖြစ်ဖြစ် သူ့မမြင်နိုင်တဲ့အရာတွေကို ပြောပြပေးရတာ
ငါသဘောကျတယ် သူ့တောင် တစ်ခါမှ မျက်နှာမမြင်ဖူးတဲ့ ငါကိုချစ်ခဲ့တာဘဲ ငါလည်း ချစ်နိုင်ရမယ်လေ”

ဆောနဒီလှိုင်ရဲ့စကားတွေကြောင့် ဘန် သိလိုက်တယ် ဆောနဒီလှိုင်လည်း အချစ်ကိုခံစားမိနေပြီဆိုတာကိုလေ။

~~တီ တီ တီ တီ~~

ရုတ်တရက်ဖုန်းလာသံကြောင့် တွေးနေတဲ့ဟာတွေကို ဖျက်လိုက်ပြီး ဘန် ဖုန်းကိုင်လိုက်သည်။

“ပြော ဘုန်းခ”

‘အေး မင်းသန့်ဆိုတဲ့ကောင် ပုသိမ်ကိုထွက်ပြေးသွားတယ်
နေမင်းဟန်လည်းပါရင်ပါမှာပေါ့”

“အေး အဲတာဆို အဲ့ထိလိုက်ကြတာပေါ့”

“အိုခေ ငါလည်း မလှုပ်ရှားတာကြာပြီ လေ့ကျင့်ခန်းလေး ပြန်လုပ်ရတာပေါ့”

“လုပ်လုပ် ဟိုကောင်မင်းခန့်ရှိုန်ပါ ခေါ်သွား အခုဆိုဘယ်မှာသေနေလဲမသိဘူး”

“အေးပါ”

“ဒါဘဲ ဟျောင့် မအားဘူး”

ပြောချင်တာပြောပြီး ဖုန်းချသွားတဲ့ဘန်ကို ဆဲမိလေသည်။
အဲ့တာတွေကိုမသိတဲ့ ဘန်တို့ကတော့

“ဘုန်းခမလား ဘာပြောလဲ”

“မင်းသန့်တို့ ပုသိမ်ထွက်ပြေးသွားတယ်တဲ့”

“ဟမ်….ငါတို့လည်း ပုသိမ်သွားမှာ ဘေဘီနဲ့”

“အေး အဲတာဆိုလည်း မင်းလည်း ဘုန်းခနဲ့အတူ လိုက်ရှာပေး”

“စပ ရှာပေးမယ်”

ဆိုကာ ခြေဆောင့်ကာ ဆောနဒီလှိုင်အိမ်ထဲပြန်၀င်သွားသည်။
ကျန်ခဲ့တဲ့ဘန်လည်း စီးကရက်တစ်လိပ်ကုန်ပြီးမှ အိမ်ထဲ၀င်ဖို့လုပ်လိုက်တယ်။

………………………………..
တဖက် ပုသိမြို့ရဲ့ကားဂိတ်မှာတော့ အထုပ်အပိုးနဲ့ လူနှစ်ယောက်။နေပူကြီးအောက်မှာ ထီးမပါ‌တဲ့လူနှစ်ယောက်ပေါ့။

“နေမင်းဟန်ပြောတော့ နင်ဘဲငါ့ကို ရှောင်ပုန်းခိုင်းပြီး အခုနင်ပါ လာပုန်းတယ်”

“ဂင်ဘန်ချာရီကို အချဉ်မမှတ်နဲ့ ငါကြိုးကိုင်တာ သိလောက်ပြီ”

ထိုလူတွေက မင်းသန့်နဲ့နေမင်းဟန်ပင်။

“ကဲအခု လာဆက်လုပ်မှာလဲ”

“တည်ခိုးဖို့နေရာအရင်ရှာ ပြီးတော့ မင်းသန့် ကြည့်ထား
တစ်စုံတစ်ယောက်က ငါ့အပိုင်ဖြစ်လာစေရမယ်”

နေမင်းဟန်ရဲ့ခပ်ပြုံးပြုံးကြောင့် မင်းသန့်စိတ်လျော့မိသည်။
သူဘာလို့လုပ်ခဲ့တာပါလိမ့်။

…………..  
A/N
ကဲ ကြာသွားရင်ဆောရီးပါ
ဒီရက်ပိုင်းအလုပ်ရှုပ်နေလို့ပါ

#from winter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 20, novel Coffee With Honey (Complete) part 20, read Coffee With Honey (Complete) part 20 online, Coffee With Honey (Complete) part 20 chapter, Coffee With Honey (Complete) part 20 high quality, Coffee With Honey (Complete) part 20 light novel, ,

Comment

Leave a Reply

Chapter 21