Coffee With Honey (Complete) part 28

All chapters are in Coffee With Honey (Complete)
A+ A-

ချောင်းသာမှာ ရက်အတော်အကြာနေပြီးပြီဖြစ်ပေမဲ့
ကျည်ဆံကိစ္စကြောင့် မပြန်ဖြစ်ကြ။အဲ့တော့ ဆောနဒီလှိုင်တို့လည်း ဒီမှာဘဲ မင်ဂလာပွဲကျင်းပရန်စီစဉ်တော့သည်။
ဖိတ်စရာလူလည်းမရှိ၊မိသားစုလေးမရှိတော့ ချစ်ရတဲ့သူငယ်ချင်း‌တွေနဲ့ဘဲ မင်ဂလာပွဲလေးလုပ်ဖို့ဆုံးဖြတ်ခဲ့ကြသည်။

ဧည့်ခန့်မှာ ဆောနဒီလှိုင်တစ်ယောက် စိတ်လှုပ်ရှားနေသည်။
လက်ထဲမှာ‌တော့ ipadတစ်ခုနဲ့သန်ဘက်ခါမင်ဂလာပွဲလေးအတွက် စီစဉ်ရတော့မည်လေ။တစ်မျိုးပြောရင် မိန်းမရတော့မှာပေါ့။

“ဆော….”

ဆောနဒီလှိုင် စိတ်လှုပ်ရှားနေတဲ့ချိန် မျက်မမြင်လမ်းလျှောက်တဲ့ တုတ်လေးကိုင်ကာ စုပြည့်ဉီး မမြင်မစမ်းနဲ့ရောက်လာခဲ့သည်။ရောက်လာတဲ့ စုပြည့်ကိုမြင်တာနဲ့ ဆောနဒီလှိုင်ချက်ချင်းထသွားသည်။

“ဘေဘီ ဘာလို့ထလာတာလဲ ကိုယ့်ကိုပြောမှပေါ့”

“ရပါတယ် ဆောရဲ့ ဆောကအလုပ်ရှုပ်နေတာကို”

စုပြည့်ဉီးကိုဆွဲခေါ်လိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်စေသည်။

“ကိုယ်နဲ့ဘေဘီ လင်မယားလုပ်တော့မလို့ စီစဉ်နေတာလေ”

“စကားတွေသိပ်တတ်မနေနဲ့ ပြော ငါ ဘာကူညီပေးရမလဲ”

“အခုလည်း ဘေဘီကကိုယ့်ကို ကူညီနေတာမဟုတ်ဘူးလား”

“ဟင်…”

“ဘေဘီ ကိုယ့်ဘေးမှာထိုင်‌နေတော့ ကိုယ့်ဘေဘီမျက်နှာလေးကို ကြည့်ရှုခွင့်ရတာ ကူညီနေတာမဟုတ်ဘူးလား အမောပြေသွားသလိုဘဲ အချစ်ရ”

“……..”

ရုတ်တရက် တိတ်ဆိတ်သွားတဲ့ စုပြည့်ဉီးကြောင့် ဆော
သူ့စကားမှားများမှားသွားတာလား လို့တောင်တွေးမိသည်။

“ဘေဘီ….”

“ဆောက မြင်ရမဲ့ ငါမှ ဆောကိုမမြင်ရတော့…ဟင်”

“တိတ် ဆက်မပြောနဲ့တော့”

စကားဆက်ပြောတော့မဲ့ စုပြည့်ဉီးရဲ့နှုတ်ခမ်းကို လက်ညိုးလေးနဲ့ ပိတ်လိုက်သည်။

“စု စုလေး အဲ့‌တာတွေမတွေးနဲ့တော့ တချိန်ကျရင် မင်းကိုယ့်ကိုမြင်ရမှာ အဲ့ကျမှကိုယ့်ရုပ်ဆိုးလို့ဆိုပြီး ထားခဲ့ဖို့မကြံနဲ့နော်”

စုပြည့်ဉီး အပြုံးတွေပေါ်လာအောင် ဆော စနောက်ကာပြောလိုက်သည်။ဆောစကားကို အပြည့်အစုံနားထောင်ပြီး
စုပြည့်မျက်နှာအပြုံးတွေပေါ်လာ‌တော့သည်။

“ထားသွားစရာလား ဆောကို ငါဘ၀မှာ ဆောဘဲရှိတာ”

“ပြီးရော ကိုယ့်ဘ၀မှာလည်း စုလေးရှိရင် အရာရာပြည့်စုံနေပါပြီ”

“အပိုတွေ”

ဆောရဲ့စကားကြောင့် စုပြည့်ဉီး ပြုံးသွားပြီး ရှက်ကာပြောလိုက်သည်။

“တကယ်ပြောတာ မယုံတာလား ရတယ်လေ လက်တွေ့စမ်းပြမယ်”

~~ပြွတ်စ်~~

ရုတ်တရက် စုပြည့်ဉီးရဲ့နှုတ်ခမ်းပါးပါးလေးကို နမ်းလိုက်သည်။စုပြည့်ဉီး ဆောရဲ့အထိအတွေ့ကိုခံစားမိသွားသည်။
ရတဲ့အခွင့်အရေးကို လက်လွှတ်မခံတဲ့ ဆောနဒီလှိုင်ကတော့
စုပြည့်ဉီးရဲ့ စွဲမက်ဖွယ်ရာ နမ်းရှိုက်လိုက်သည်။

ကြာလာတော့ စုပြည့်ဉီး အသက်ရှူကြပ်လာခဲ့သည်။
ဆောရဲ့ရင်ဘတ်ကိုထုကာ ရပ်ဖို့တောင်းဆိုလာသည်။

“ဟင်း…ဆော”

“ယုံပြီလား ဘေဘီ”

“နှာဘူးကြီး!”

စုပြည့်ဉီး သူ့‌ပေါက်သွားတဲ့ နှုတ်ခမ်းကိုအသာကိုင်ကာ
အရှက်သည်းစွာ ပြောလိုက်သည်။စုပြည့်ရဲ့စကားကိုကြားတော့ ဆော ပြုံးကာ စုကိုရင်ခွင်ထဲထည့်ထားလိုက်သည်။

“ဟုတ်တယ် ကိုယ်က နှာဘူးကြီး ဘေဘီကိုဘဲ ဘူးတာ”

………………….
………………….
အဆောက်အုံ အပျက်ကြီးမှာတော့ လူတစ်ယောက်ရဲ့အော်သံအပြည့်။ရွှမ်း ဆိုတဲ့ကြာပွတ်သံတွေ။

“အာ့…ခွန်ထချိုင်း ခများ…ဘာဖြစ်ချင်နေတာလဲ”

~~ရွှမ်း~~

နေမင်းဟန်စကားကိုနားထောငပြီး နေမင်းဟန်ကိုယ်ပေါ်  ထပ်မံရောက်လာတဲ့ ကြာပွတ်။

“ဟက်…ငါပြောတယ်လေ သူ့တို့အားလုံးကို သတ်ချင်ပါတယ်လို့….”

“…အာ့..သူတို့က…ခများကိုဘာလုပ်နေလို့လဲ”

~~ရွှမ်း~~

“ငါကိုမေးခွန်းမထုတ်နဲ့…ငါလိုချင်တာက အမွေဘဲ ပြီးတော့
ငါ့သား ဂေးနဲ့လက်ထပ်တာကို မကြိုက်ဘူး”

ခွန်ထချိုင်းရဲ့ အကြောင်းပြချက်ကိုကြားတော့ နေမင်းဟန် အံ့ကြိတ်မိသည်။ဘန်ကိုကျ ပစ်သွားပြီးတော့
အခုမှ ငါ့သားတဲ့။

“ခများ ထရစ်ကိုကျ ပစ်ထားခဲ့ပြီးတော့ အခုမှငါ့သားတဲ့လား…အာ့”

~~ရွှမ်း~~

“စောက်ပေါက်ပိတ်ထားစမ်း…..ငါ့က ငါလိုချင်တာကိုရအောင်ယူတယ် အခုငါလိုချင်တာက သူ့တို့မိသားစုရဲအသက် ထရစ်လည်း ငါလိုဘဲ မိသားစုပြိုကွဲအောင် လုပ်ပစ်မယ်”

ခွန်ထချိုင်းရဲ့စကားကြောင့် နေမင်းဟန် ဒေါသထွက်မိသည်။
ဘယ်လိုအဖေလဲ။နေမင်းဟန် လက်သီးစုပ်လိုက်ပြီး

“ခများနဲ့ ပူပေါင်းတယ်”

“ဟက်….ခေါင်းမာတာ ရပ်သွားပြီလား”

“ဟုတ်….”

“တော်တယ်….အဲ့လိုမှပေါ့ လာကြစမ်း သူကိုလွှတ်ပေးလိုက်”

ခွန်ထချိုင်းရဲ့စကားကြောင့် သူ့လူတွေ လာပြီး ချုပ်ထားတဲ့
နေမင်းဟန်ကိုလွှတ်ပေးလိုက်သည်။လွတ်မြောက်သွားတဲ့ နေမင်းဟန်ကတော့ ‌ခွေကျသွားပြီး ခွန်ထချိုင်းရဲ့ ဉီးထိုက်မိသားဖြစ်သွားသည်။

“မင်းအခုကစပြီး…..ငါရဲ့ရုပ်သေးရုပ်ဘဲ”

ခွန်ထချိုင်းရဲ့စကားကို ခေါင်းညိမ့်လိုက်သည်။
ပါးပြင်ပေါ်က နာကြည်းစွာ ကျလာတဲ့မျက်ရည်တွေကို သုတ်လိုက်ပြီး တိုးဖွစွာရေရွတ်လိုက်သည်။

“ဘန် ငါတောင်းပန်ပါတယ် အရာအားလုံးတွက်”

………………………..
………………………..
ဟိုတယ်ရဲ့ အိပ်ခန်းမှာတော့ စာရေးစားပွဲပေါ်မှာ  စာရေးသားနေတဲ့ လူတစ်ယောက်။ဘာစာလဲတော့ မသိ ထိုလူကတော့ မျက်ရည်ဝဲနေသည်။

“ငြိမ့်…ကိုယ်ပြန်လာပြီ”

အိပ်ခန်းထဲ၀င်လာတဲ့ ဘန်ရဲ့အသံကြောင့် ရေးလက်စစာရွက်လေးကို ဖွက်လိုက်သည်။ငြိမ့် တစ်စုံတစ်ခုကို ဖွက်လိုက်တာကို သတိထားမိတဲ့ ဘန်က

“ဘာဖွက်လိုက်တာလဲ”

“ဟို….ဟိုလေကိုကိုအတွက် ဆွဲပေးထားတဲ့ပုံပါ ပြီးသွားမှပြမယ်နော် “

“အာ…အင်း ငြိမ့် လာပါအုံး ကိုယ့်အနားကို”

ကုတင်ပေါ်မှာ လှဲလိုက်ပြီး ငြိမ့်ကို လက်ယက်ခေါ်လိုက်သည်။
အနားရောက်လာတာနဲ့ ငြိမ့်လက်ကို ဆွဲချလိုက်တာကြောင့်
ငြိမ့် ကိုယ်လေးက ဘန်ပေါ်မှာရောက်သွားသည်။ မျက်နှာချင်းဆိုင်ဖြစ်သွားတဲ့ ငြိမ့်လည်း ရှက်သွားကာ
ပြန်ထဖို့လုပ်သည်။ငြိမ့်ကို ခါးကို ဖက်ထားတာကြောင့် ထလို့မရ။

“ကိုကို….”

“အင်း ငြိမ့်လေး ပြောလေ”

ဘန် စကားတာပြောလိုက်ပေမဲ့ မျက်လုံးမှိတ်ကာ မှေးနေသည်။

“အိပ်တော့မလို့လား”

“အင်း…အဲ့တာကြောင့် ဖက်ထားပေး”

ဘန် ချိုသာစွာပြောလိုက်သည်။ဘန်စကားကြောင့် ငြိမ့် ဘန်ရဲ့ရင်ဘတ်ပေါ် မျက်နှာအပ်လိုက်ပြီး ၀ရံတာကိုလှမ်းကြည့်မိသည်။လှိုင်းသံတပြင်းပြင်းနဲ့ ပင်လယ်ကြီး။ပင်လယ်ကြီးကိုကြည့်ကာ ငြိမ့် အသိစိတ်မဲ့စွာဖြင့် ဘန်ကိုပြန်ကြည့်ကာ ပြောလာသည်။

“ကိုကို…ကျွန်တော်တို့ ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ”

“……….”

ငြိမ့်စကားကိုကြားတော့ အိပ်ချင်နေတဲ့ ဘန်မျက်လုံးတွေ ပြန်ပွင့်သွားသည်။ထပ်မံပြီး ဘန် ဘာပြန်ဖြေရမလဲမသိတော့။

“အာ…ငြိမ့် သွားချင်တယ်ဆိုလို့ ခေါ်လာတာလေ”

“ဟုတ်လား…ငါဘယ်တုန်းက ပြောလိုက်လဲ”

ဘန် စကားကိုကြားတော့ ကိုယ့်ဟာကို ပြန်စဉ်စားနေတဲ့ငြိမ့်ကြောင့် ဘန် ငြိမ်သက်သွားသည်။စိတ်ထဲမှာတော့ အဖြေမရှိတဲ့ မေးခွန်းတွေဘဲ ထုတ်နေမိသည်။ဘန် အနည်းငယ်ပြုံးလိုက်ပြီး ငြိမ့် ခပ်ကောက်ကောက်ဆံပင်တွေကို ဖွလိုက်သည်။

“မစဉ်စားနဲ့တော့ ခေါင်းကိုက်လိမ့်မယ်..လာ ကိုယ်နဲ့အတူတူအိပ်”

ဆိုကာ ပြောလိုက်ပြီး ငြိမ့်ခေါင်းလေးကို သူ့ရင်ဘတ်ပေါ်အသာ လှဲချလိုက်သည်။ဘန်ပြောတာကို နားယောင်ပြီး
ဘန် ရင်ဘတ်ပေါ်မှာ တရေးတမော အိပ်စက်စေသည်။
မအိပ်နိုင်တာကတော့ ဘန်ကိုယ်တိုင်ပင်။အချိန်တွေက မြန်နေတာမလို့ ငြိမ့် တစ်နေ့ကျရင် အရာအားလုံးမေ့သွားမဲ့အချိန်ရောက်လာမှာကို ကြောက်နေမိသည်။

ဝရံတာကလေ ၀င်လာတဲ့ လေပြည်လေးနဲ့အတူ စာရေးစာပွဲခုံပေါ်က စာရွက်လေးလည်း ကြမ်းပြင်ပေါ်ကျ‌သွားသည်။

……………….
……………….
A/N

ဆောင်း ဒီရက်ပိုင်း သင်တန်းတစ်ဖက်နဲ့အလုပ်ရှုပ်နေလို့ ကြာသွားရင်‌ တောင်းပန်ပါတယ်နော်။နောက်ပိုင်းမျှော်…..။

#from winter(ဆောင်း)

Tags: read novel Coffee With Honey (Complete) part 28, novel Coffee With Honey (Complete) part 28, read Coffee With Honey (Complete) part 28 online, Coffee With Honey (Complete) part 28 chapter, Coffee With Honey (Complete) part 28 high quality, Coffee With Honey (Complete) part 28 light novel, ,

Comment

Leave a Reply

Chapter 30