Coffee With Honey (Complete) part 3

All chapters are in Coffee With Honey (Complete)
A+ A-

ညနေ ၆နာရီကျတော့ ရုံး၀န်ထမ်းတွေအလုပ်ဆင်းကြသည်။
ငြိမ့်လည်း ပြန်တော့မယ်ကြံတော့ ကိစ္စတစ်ခုကိုသတိရသွားသည်။

“အော်..အဖွဲ့မှူးမနက်ဖြန် ကျွန်တော်ခွင့်တိုင်တယ်နော် “

“ဘာဖြစ်လို့လဲ”

“သွားစရာရှိလို့ ပြန်ပြီနော် တာ့တာ”

ဆိုကာ ငြိမ့်လည်းသူ့အိတ်သူ့ဆွဲကာ ထွက်လာသည်။
Company ကထွက်ထွက်ချင်း သူ့တစ်စုံတစ်ယောက်ကိုမြင်လိုက်တာကြောင့် ပြန်ကြည့်မိသည်။

“လူထူးဆန်းက ကောင်မလေးရှိတာလား”

အဲ့တစ်စုံတစ်ယောက်ကတော့ ဂင်ဘန်ချာရီပင်။ company အ၀င်၀ရဲ့ခုံတန်းပေါ်မှာ ကောင်မလေးတစ်ယောက်ကို မျက်ရည်သုတ်ပေးနေတာကြောင့် ငြိမ့်သုံးသပ်မိသည်။

“အယ် ဘာဘဲဖြစ်ဖြစ် ငါကိစ္စမှမဟုတ်တာ ငါနဲ့လည်းမဆိုင်ဘူး”

ဆိုကာ လျစ်လျူရှုကာ ထွက်သွားပေမဲ့ နောက်ကိုလှည့်ကြည့်လှည့်ကြည့်လုပ်နေမိသည်။ဘာလို့မှန်းလဲ သူမသိပေမဲ့
အလိုမကျတာတော့အမှန်။

အဲတာတွေမစဉ်စားတော့ဘဲ စက်ဘီးယူကာ အိမ်ပြန်ဖို့ဘဲ ဆုံးဖြတ်လိုက်သည်။ကျန်ခဲ့တဲ့ဘန်နဲ့တခြားကောင်မလေးကတော့ ခုံတန်းလေးမှာပါဘဲ

……………..
စက်ဘီးလေးကတော့ အဖြူရောင်သစ်သားအိမ်လေးဆီသို့ရောက်လာပါပြီ

“မေကြီး ဖေကြီး”

ဆိုကာ အိမ်ထဲကို အော်ကာ၀င်လာခဲ့သည်။ထမင်းစားခန်းမှာ
ထမင်းခူးနေတဲ့ ဒေါ်ခင်နွယ်ယဉ်ကိုတွေ့လိုက်ရသည်။

“အော် သားပြန်လာပြီလား”

ဒေါ်ခင်နွယ်ယဉ်လည်း သူ့သားကိုလှည့်ကြည့်ကာ ပြန်ဖြေလိုက်သည်။ငြိမ့်သူ့အမေရဲ့အနောက်ကိုလာပြီး ဖက်လိုက်သည်။

“ပြန်လာပြီပေါ့ အမေရဲ့ ဒီနေ့ရောဘာဟင်းလဲ”

“ဒီနေ့အမေဟင်းမချက်ထားဘူး အဲတာအစား တိုဟူးကြော်ထားတယ်လေ”

“အားး ချစ်လိုက်တာ အမေ့လက်ရာတိုဟူးကြော်တောင် မစားရတာကြာပြီ သတိရနေတာ”

ဒေါ်ခင်နွယ်ယဉ်သည် သူ့သားရဲ့နှာဖူးကိုခပ်ဖွဖွ တောက်ချလိုက်ပြီး

“စကားတွေတတ်နေတာ”

“ဟီးဟီး ဒါနက် ဖေကြီးရော”

“အပေါ်ထပ်မှာ သူ့ကိုအရင်ကအကြောင်းတွေပြောပြမလို့တဲ့
စာရွက်တွေရှာနေတယ်”

ဆိုကာ ပြောနေစဉ်

“ကိုယ့်အကြောင်းဘာတွေပြောနေကြတာတုန်း”

ဉီးထွန်းသစ္စာတစ်ယောက် သူ့အကြောင်းပြောတာအာရုံခံမိသလားမသိ။လှေကားပေါ်က စာရွက်တွေယူပြီးဆင်းလာသည်။ဆင်းလာတဲ့အဖေဆီသွားလိုက်ပြီး အာဘွားပေးလိုက်ပြန်သည်။

“ဖေကြီး မွ.ဒါနက် ဒါဘာစာရွက်တွေတုန်း”

ဉီးထွန်းသစွာလည်း ထမင်းစားဝိုင်းထဲ ၀င်ထိုင်လိုက်ပြီး
စာရွက်တွေကိုပြလိုက်သည်။

“ဒါဘာပုံလဲ”

စာရွက်တွေကြီးဘဲမဟုတ် ဓာတ်ပုံတွေပါပါတယ်။ဓာတ်ပုံထဲမှာကလေးနှစ်ယောက် စေ့စပ်နေတဲ့ပုံလေးပေါ့

“ဟမ် သားမမှတ်မိဘူးလား ဒါကသား၈နှစ်တုန်းက သား
ကိုကိုနဲ့စေ့စပ်ထားတဲ့ပုံလေ”

“ဟင်”

ငြိမ့်အံ့ဩသွားတာအမှန်။ဓာတ်ပုံကိုကိုင်ကြည့်ရင်း သူ့ဘာလို့မမှတ်မိတာလည်း စဉ်စားမရပါ။

“ဟုတ်လို့လား ဖေကြီး”

“ဟုတ်တာပေါ့ သားရ မမှတ်မိဘူးထင်တယ် အဖေပြောပြမယ်”
.
.
.
‘လွန်ခဲ့တဲ့၁၀နှစ်အချိန်ကိုခနသွားကြရအောင်
ထိုင်းနိုင်ငံရှိ ခွန်းအိမ်တော်တစ်ခုမှာ စေ့စပ်ပွဲကျင်းပနေသည်။
ခွန်းအိမ်တော်က ပိုင်ဆိုင်မှုများသည်။ထို့ကြောင့်စီးပွားရေးမှာဆို ခွန်းအိမ်တော်က အပိုင်စီးရထားသလိုပါဘဲ။

“အားလုံးလည်းစုံကြပြီမလို့ တိုရှင်းလိုရင်းဘဲပြောကြတာပေါ့”

ထိုအိမ်တော်ရဲ့ဧည့်ခန်းရှိ လူစုံတက်စုံရှိနေကြကာ ထိုလူတွေထဲမှာ ငြိမ့်ရဲ့မိဘတွေလည်းပါ၀င်နေသည်။သက်ဆိုင်ရာမိဘတွေကို ခုံပေါ်မှာထိုင်နေကြပြိး သူ့တို့ရဲ့အောက်မှာ ထိုင်းရိုးရာ၀တ်ဆုံ၀တ်ထားတဲ့ကလေးနှစ်ယောက်ဟာ ထိုင်နေကြသည်။

“ကျွန်တော်တို့ဒိနေ့လုပ်တဲ့ပွဲက စေ့စပ်ပွဲတစ်ခုပါ ဒီနေ့ကျွန်တော်တို့ရဲ့မြေး ခွန်းထရစ်နဲ့ဉီးထွန်းသစ္စာတို့ရဲ့သား
တေးငြိမ့်လွှား တို့ရဲ့စေစပ်ပွဲပေါ့နော်”

ထိုင်နေတဲ့လူတွေထဲမှာ ခွန်းထရစ်ရဲ့အဘိုးလို့ထင်ရတဲ့အမျိုးသားက ပြောလိုက်သည်။ထိုင်းလူမျိုးဖြစ်ပေမဲ့ မြန်မာစကားကိုကောင်းစွာပြောနိုင်သည်။

“ဒီပွဲက သိပ်ခမ်းခမ်းနားနားကြီးလည်းမဟုတ်ပါဘူး
ဘာလို့ဆို ကလေးတွေကငယ်သေးတာကြောင့်ဖြစ်တယ်
ပြီးတော့ ကျွန်တော်အဖေတစ်ယောက်အနေနဲ့ ကိုယ့်သားကြီးလာရင် လူကောင်းနဲ့ဘဲ လက်ထပ်စေချင်တယ် ဆန္ဒလည်းပါ၀င်ပါတယ် “

ငြိမ့်ရဲ့အဖေ ဉီးထွန်းသစ္စာကလည်း သူ့ဆန္ဒကိုပြောပြလိုက်သည်။ခွန်းထရစ်ရဲ့အဘိုးဖြစ်သူကလည်း

“အင်း လူကြီးတွေလည်း အပြောမစောပါနဲ့အုံး ကလေးတွေကိုလည်း မေးကြည့်လိုက်ပါအုံး ငြိမ့်လေး သားဘယ်လိုသဘောရလဲ”

အဘိုးဟာ ထိုင်းရိုးရာ၀တ်ဆုံပန်းရောင် လေးနဲ့ငြိမ့်ကိုမေးလိုက်တော့

“ရပါတယ်ခဗျ သားကိုကြီးနဲ့စေ့စပ်လိုက်ရင် တစ်သက်လုံးအတူတူနေရမှာလား ဘိုးဘိုး”

ငြိမ့် သွတ်လက်စွာပြန်ဖြေလိုက်ပြီး အဘိုးအပြင်တခြားသူတွေကလည်း ရီမောလာကြသည်။ဒါမဲ့ထရစ်ဆိုတဲ့ကောင်လေးကလည်း မျက်နှာတည်ကြီးနဲ့ပါဘဲ

“ဟုတ်တာပေါ့ သားရဲ့ သားစေ့စပ်လိုက်ရင် တစ်သက်လုံးသားကိုကြီးနဲ့အတူနေရမှာ”

“ဟီးဟီး ဒါဆို စေ့စပ်မယ်ဗျာ”

“ဒါဆို ထရစ်ကရော”

‌ဉီးထွန်းသစ္စာလည်း ငြိမ့်ကိုမေးပြီး မျက်နှာတည်နေတဲ့ ထရစ်ကိုလှမ်းမေးလိုက်သည်။

“……..”

“ကိုကြီး သားနဲ့အတူတူနေမယ်နော် သားကိုလက်ထပ်နော်”

“ဟုတ် သားလက်ခံပါတယ်”

တေးငြိမ့်လွှားရဲ့စကားကြောင့် ထရစ်လည်း လက်ခံလိုက်ပြီး
ငြိမ့်အနားကိုတိုးတိုးလေးကပ်ပြောသည်။

“ဂတိမဖျက်ကြေးနော်”

“ဟုတ်ကဲ့ပါ‌ဗျာ”

ကြင်နာနေတဲ့သားတွေကြောင့် မိဘတွေလည်းပျော်ရွှင်ရပေသည်။ထိုနောက်သားနှစ်ယောက်လုံးရဲ့ဆန္ဒကိုမေးကြည့်ပြီး
ထိုင်းရိုးရာအတိုင်း စေ့စပ်ပွဲကိုကျင်းပလိုက်သည်။
စေ့စပ်ပွဲပြီးသွားတော့

“ဖေဖေ သား ကိုကြီးနဲ့သွားဆော့လိုက်အုံးမယ်နော်”

“‌အင်း သား”

ဉီးထွန်းသစွာလည်း ခွင့်ပြုပေးလိုက်သည်နှင့် ငြိမ့် ထရစ်ကိုလက်ဆွဲကာ အပြင်သို့ပြေးထွက်သွားသည်။ထိုပုံရိပ်ကိုကြည့်ပြီး ဉီးထွန်းသစ္စာက

“ခွန်းတို့အိမ်တော်ကို ကျေးဇူးတင်ပါတယ်နော် ဘာလို့ဆို ကျွန်တော်သားကို လက်ခံပေးလို့ပါ”

“မဟုတ်တာ ငါ့တို့ကသာ ကျေးဇူးတင်ရမှာ မင်းသာငါ့ကိုမကယ်ခဲ့ရင် ငါ့ဒီမှာငါ့မြေးရဲ့စေ့စပ်ပွဲကိုကြည့်နိုင်မှာတောင်မဟုတ်ဘူး ကျေးဇူးဆပ်တယ်လို့သဘောထားလိုက်”

ဆိုကာ ခွန်းအိမ်တော်က တစ်ချိန်တုန်းက ပျော်စရာတွေရဲ့ပြည့်နှက်နေခဲ့တာပေါ့’
………………..
ကဲ လက်ရှိအချိန်ကိုပြန်ရောက်ပါပြီ

“ဝိုး ဖေကြီးပြောတာ ခွန်းအိမ်တော်က ထိုင်းအိမ်တော်မဟုတ်ဘူးလား ဘာလို့မြန်မာစကားကျွမ်းကျင်စွာပြောနိုင်တာလဲ”

ငြိမ့် သူ့အဖေပြောပြတဲ့ပုံပြင်တစ်ခုလုံးကို ခုံပေါ်မေးစေ့တင်ကာ နားထောင်ရင်မေးလိုက်သည်။

“သူ့တို့က ကပြားတွေလေ အဲတာကြောင့်ကောင်းကောင်းပြော‌နိုင်တယ် ပြီးတော့ သူတို့ အရင်တုန်းက မြန်မာမှာနေခဲ့တာလေ”

“အော်…ဖေကြီးအပေါ်သူတို့ကျေးဇူးရှိခဲ့တာလား”

“အွန်း ဟုတ်တယ် အရင်တုန်းက သူတို့မှာ ရန်ဘက်တွေများတယ်လေ တစ်နေ့တော့ ထရစ်ရဲ့အဘိုးကိုလုပ်ကြံတယ်လေ
အဲမှာအဖေက ကယ်ခဲ့တာ “

ဉီးထွန်းသစ္စာပြောတာကို ငြိမ့်ခေါင်းတညိမ့်ညိမ့်နဲ ထောက်ခံနေသည်။

“အဲတာဆို အဖေကျောကုန်းက ဓားအမာရွက်က သူ့ကိုကယ်ခဲ့လို့ရခဲ့တာလား”

“ဟုတ်တာပေါ့”

“မိုက်လိုက်တာ စူပါမန်းကြီး ဒါမဲ့သားကအဲ့ကိစ္စတွေ မမှတ်မိတော့သလိုဘဲ”

“အေ့ပေါ့ ဘာလို့ဆို စေ့စပ်ပွဲပြီးတာနဲ့ ဘွားဘွားနေမကောင်းလို့ဆိုပြီး အမြန်ပြန်လာရတာလေ”

“ဒါဆို သားကသူ့ကိုတကယ်လက်ထပ်ရမှာလားဗျာ ဖေကြီးလို့”

“သားရယ် လက်ထပ်ရမှာပေါ့ သားကိုကြီးလေး သားသူ့ကိုသိပ်ချစ်တာလေ “

“ဟင့်အင်း”

“အမယ်လေးဗျာ…ဒီစကားကိုအသံဖမ်းထားမယ် သား
ထရစ်ရှေ့ကျရင် ဖွင့်ပြမလို့”

“လုပ်ပါနော် ဖေကြီး”

ငြိမ့်သူ့အဖေရဲ့လက်ကိုလှုပ်ကာ တောင်းဆိုတဲ့ပုံလေးနဲ့ပင်။
ဉီးထွန်းသစ္စာခေါင်းခါပြီး

“မရဘူးသား ဂတိဆိုတာ မဖျက်ရဘူး တည်ရတယ်သား”

“လူတွေကိုမုန်းသွားပြီ”

ငြိမ့် ငြင်းလို့မရမှန်းလည်းသိရော လက်ပိုက်ကာ စိတ်ကောက်တော့သည်။ထိုစကားကြောင့် ဉီးထွန်းသစ္စာနဲ့ဒေါ်ခင်နွယ်ယဉ်လည်း ရယ်မောမိသည်။

“ကဲ စားကြတော့မလား”

သားအဖေနှစ်ယောက်အရင်ကအကြောင်းတွေပြန်ပြောနေတာကို ဒေါ်ခင်နွယ်ယဉ်စိတ်မရှည်တော့ဘဲ မေးလိုက်သည်။ထိုမှသာ

“စားမှာပေါ့ မိန်းမရဲ့”

ဆိုကာ ဒေါ်ခင်နွယ်ယဉ် ကြော်ထားတဲ့တိုဟူးကြော်ကို အားရပါးရးစားကြတော့သည်။ငြိမ့် စိတ်ကောက်‌တာက သူ့ဖေကြီးနဲ့မေကြီး တိုဟူးကြော်ကိုမဟုတ်ပါဘူးတဲ့။

………………….

တစ်ဖက်မှာလည်း မဲနက်ရောင်နဲ့အိမ်ကြီးတစ်လုံး။ထိုအိမ်ကြီးက နန်းတော်တစ်ခုလုံးခမ်းနားနေသည်။ထိုအိမ်ထဲသို့ အမဲရောင်Ferrari carတစ်စီး၀င်ရောက်လာသည်။ထိုကားပေါ်ကနေ အနောက်တိုင်း၀တ်ဆုံ all black ၀တ်ဆင်ထားတဲ့ လူတစ်ယောက်ဆင်းလာသည်။

သူဆင်းလာသည်နှင့် အိမ်ထဲကနေ အစေခံတစ်ချို့ထွက်လာပြီး ရိုသေခစားရလေသည်။ထိုလူက ဂင်ဘန်ချာရီ ပင်။
ရှူးဖိနပ်အသံက ဟိန်းထွက်နေသည်။

~~တီ တီ~~

‌ဘန် လှေကားပေါ်မတက်ခင် ဖုန်းလာတာတာကြောင့် ဖုန်းကိုထုတ်လိုက်ပြီး အပေါ်တက်သွားသည်။

“ဟယ်လို အဘိုး”

‘အေ့ မြေးလေး မနက်ဖြန်အဘိုးရဲ့ကျေးဇူးရှင်နဲ့ သွားတွေ့လိုက်အုံးနော်’

“ဟုတ်ကဲ့ သွားတွေ့လိုက်ပါမယ်”

‘အေ့အေး ပြီးတော့ အဘိုးဆီလဲ သူ့ကိုခေါ်လာခဲ့နော် အဘိုးစောင့်နေမယ်”

“ဟုတ်ကဲ့ပါ”

‘ဒါဘဲနော် မြေးလေး’

“ဟုတ်”

ဆိုကာ ဖုန်းချလိုက်သည်။ဘန် အိပ်ခန်းကိုသွားလိုက်ပြီး
သူ့စားပွဲပေါ်မှာ တင်ထားတဲ့ ပန်းချီကားတစ်ချပ်ကို ကြည့်လိုက်သည်။ထိုပန်းချီကားတစ်ချပ်က ကလေးတစ်ယောက်ရဲ့ပန်းချီကားပင်။

“မင်းက ကိုယ့်အတွက်မွေးဖွားလာတာမို့ ကိုယ်ကမင်းရဲ့
ပိုင်ရှင်ဘဲ”

ဆိုကာ စိတ်ထဲတွေးလိုက်ပြီး ရေချိုခန်းထဲ ၀င်သွားလိုက်သည်။

………..

Ferrari car ပါ

အမှားပါရင် အားနာမတမ်းပြောနိုင်ပါသည်။

#from winter

Tags: read novel Coffee With Honey (Complete) part 3, novel Coffee With Honey (Complete) part 3, read Coffee With Honey (Complete) part 3 online, Coffee With Honey (Complete) part 3 chapter, Coffee With Honey (Complete) part 3 high quality, Coffee With Honey (Complete) part 3 light novel, ,

Comment

Leave a Reply

Chapter 4