Coffee With Honey (Complete) part 30

All chapters are in Coffee With Honey (Complete)
A+ A-

တစ်ဖက် နားနေခန်းမှာတော့

“ဟိုင်း သမတ်လေး”

ငြိမ့် အခန်းထဲ ၀င်တော့စဉ် အနောက်ရပ်နေသူရဲ့စကားသံကြောင့် ခြေလှမ်းတွေရပ်တန့်သွားသည်။လှည့်ကြည့်လိုက်တော့ ခွန်ထချိုင်းဖြစ်နေသည်။လက်ထဲမှာလည်း သေနတ်တစ်လက်ကိုင်ထားပြီး စိတ္တဇ ဖြစ်စရာ အကြည့်နဲ့ကြည့်နေသည်။

“ဉီးလေးက…….”

ငြိမ့် ကြောင်တောင်တောင်နဲ့ မေးခွန်းမေးလိုက်သည်။
ခွန်ထချိုင်းကိုလည်း တွေ့ဖူးတာ ရှားတော့ ဘယ်သူမှန်းမမှတ်မိ။

“ငါက…..ထရစ်ရဲ့အဖေ “

ဆိုကာ သေနတ်ကို ကိုင်ကာ ငြိမ့်နားချဉ်းကပ်လာသည်။သူ့ချဉ်ကပ်လာသည်နှင့် ငြိမ့်လည်း တဖြည်းဖြည်း နောက်ဆုတ်လာသည်။နောက်ဆုံး ငြိမ့်နောက်မှာ မှန်တင်ခုံဘဲ ရှိတော့သည်။

“အိုး….သေချာကြည့်တော့ လှတာဘဲ…..ခန္ဓာကိုယ်ကလည်း မဆိုးဘူးဘဲ ပါကင်ဖောက်ပြီးသားဖြစ်မယ်”

ငြိမ့် မျက်နှာကိုအသာ ခပ်ဖွဖွကိုင်ကာ သွယ်လှတဲ့ခါးကိုလည်း ပွတ်သပ်နေသည်။ငြိမ့် အခြေအနေမဟန်တာ သိတာကြောင့်  မှန်တင်ခုံမှာ တင်ထားတဲ့ ရေမွှေးဘူးကို အသာဆုပ်ကိုင်လိုက်သည်။

“ဒီခန္ဓာကိုယ်နဲ့ ငါ့သားကို ချူစားနေတာမှတ်လား အားး”

ချူစားတယ်ဆိုတဲ့ စကားကိုကြားတာနဲ့ ငြိမ့် စိတ်တိုလာပြီး
လက်ထဲက ရေမွှေးပုလင်းနဲ့ ခွန်ထချိုင်းရဲ့ခေါင်းကိုထုချလိုက်သည်။

“ကိုကိုရဲ့အဖေဖြစ်တိုင်းလည်း ကျွန်တော့်ကို ပြောပိုင်ခွင့်ရှိမယ် မထင်နဲ့”

ငြိမ့် ခွန်ထချိုင်းရှေ့ကနေ လှည့်ထွက်လာပြီး အပြင်ဘက်ကို ထွက်ပြေးသွားသည်။မင်ဂလာပွဲပျက်သွားပြီ ဆိုတာ မသိတဲ့ငြိမ့်က ကမ်းခြေဘက်ကို ဉီးတည်ပြေးလာသည်။
နားနေခန်းနဲ့ကမ်းခြေနဲ့က အတော်အတန်အလှမ်းဝေးသည်။
ကျန်ခဲ့တဲ့ ခွန်ထချိုင်းကတော့ ဒေါသထွက်ကာ ငြိမ့်နောက်ကနေ သွေးတွေစီးကျနေတဲ့ ခေါင်းကိုကိုင်ကာ ပြေးထွက်လာခဲ့သည်။ဒါမဲ့ သူတစ်ယောက်တည်းမဟုတ်။သူ့ရဲ့လူတွေပါလာခဲ့သည်။

ငြိမ့် နောက်ကိုလှည့်ကြည့်ရင်း ‌ပြေးလာခဲ့တာ တစ်စုံတစ်ယောက်နဲ့ တိုက်မိသွားသည်။

“ငြိမ့်!!”

“ကိုကို….”

ဘန် လည်း နားနေခန်းဘက်ကို ပြေးလာတာနဲ့ တိုက်ဆိုင်တာကြောင့် ၀င်တိုက်မိသွားသည်။ဘန် ငြိမ့်ခန္ဓာကိုယ်ကို ကြည့်ပြီး ဒဏ်ရာရသွားတာလား လို့စိုးရိမ်စိတ်နေနဲပေါ့။

“ဟားဟား….လင်မယားတွေ တွေ့သွားကြပြီဘဲ”

ဘန် ငြိမ့်ကိုခေါ်ပြီး ပြေးဖို့ကြံနေတုန်း နောက်ကနေ ပြောလိုက်တဲ့အသံတစ်သံကြောင့် ခြေလှမ်းတွေရပ်တန့်သွားသည်။
ခွန်ထချိုင်း ရီမောကာ ပြောလိုက်ပြီး သူ့လူတွေကို အချက်ပြလိုက်ကာ ဘန်တို့ကို ဝိုင်းထားလိုက်သည်။

“မင်းရဲ့ကောင်လေးက ချစ်စရာကောင်းတာဘဲ…ငါတောင်
ထန်ချင်လာတယ်..”

“ခများ စောက်ပေါက်ပိတ်ထားစမ်း!”

ခွန်ထချိုင်းရဲ့ညစ်ပတ်တဲ့စကားကိုကြားတော့ ဘန် ဒေါသဖြစ်သွားပြီး ငြိမ့်ကို သူ့နောက်မှာထားလိုက်သည်။

“ဟားဟား တော်တော်ဖြစ်နေတာဘဲ……ဟုတ်တာဘဲ
မင်းတို့ သေရတော့မှာဆိုလို့ ချစ်နေကြတာဘဲ အာ မဟုတ်သေးပါဘူး အစက နှစ်ယောက်လုံးကို သတ်ပစ်ချင်တာ အခု‌
တေးငြိမ့်လွှားလေးက လှတော့ သတ်ရမှာတောင် နှမြောလာပြီ ငါ့ရဲ့ပြည်တန်ဆာအနေနဲ့ဘဲ အသက်ရှင်ခိုင်းရင်ကောင်းမလား”

“ကျုပ်ငြိမ့်ကို ထိချင်ရင် ကျုပ်ကို အရင်ကျော်ဖြတ်ရမယ်”

“ဟက်…..ငါ့ကို တားနိုင်မလား ကြည့်ကြတာပေါ့ ဟေ့ကောင်တွေ တေးငြိမ့်လွှားကို ငါ့ဆီ ခေါ်လာခဲ့စမ်း”

‌ထချိုင်းက သူ့လူတွေကို အမိန့်ပေးလိုက်တာနဲ့ ဘန်တို့ဆီ ချဉ်းကပ်လာသည်။ဘန် ငြိမ့်ကို သူ့နောက်မှာထားလိုက်ပြီး
လက်နက်မပါလာတာကလည်း အခက်တွေ့သည်။အဓိက
သူ့ရဲ့ငြိမ့်ကို မထိဖို့ပင်။

ထချိုင်းရဲ့လူတွေက ဘန်ရဲ့နောက်က ကောင်လေးကို ဆွဲထုတ်ဖို့လုပ်ကြသည်။၁၀ယောက်ကျော်လောက်ရှိတာကြောင့် ဘယ်လိုမှ ချဖို့မဖြစ်နိုင်။ထချိုင်းရဲ့အမိန့်တိုင်း ဘန်တို့ကို ၀င်ချကြသည်။

ငြိမ့်ကိုနောက်မှာထားရင် မထိအောင်လို့ ဘန်အရှေ့က ကာကွယ်ပေးသည်။ထချိုင်းရဲ့လူတွေက တုတ်တွေပါ ရှိနေတာကြောင့် ဘန် အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်တော့ပါ။
ရှိသမျှအားနဲ့ ထချိုင်းလူတွေကို ရင်ဆိုင်တယ်။ဒါပေမဲ့…။

“ကိုကို!! လွှတ်”

ဘန် ထချိုင်းလူတွေကို ရင်ဆိုင်နေတုန်း လွတ်ဟာနေတဲ့ နေရာကနေ လူ၂ယောက်က ငြိမ့် အတင်းမရဲဆွဲခေါ်ကြသည်။
ဘန် အဲ့တာကိုမြင်ပြီး ငြိမ့်ဆီပြေးလာပေမဲ့…နောက်ကကောင်တွေက ဘန်ကိုလွတ်တာနဲ့ သူ့တို့ကိုင်ထားတဲ့ သစ်သားချောင်းတွေနဲ့ ရိုက်ချလိုက်သည်။

“အာ့….”

“ကိုကို!! လွှတ်!!”

‌ရိုက်ခံရတာကြောင့် ဘန်လဲကျသွားပေမဲ့ ငြိမ့်ဆီသွားနေဆဲ။
ငြိမ့် ငို‌ကြွေးကာ ရုန်းကန်နေသည်။ငြိမ့်ကို ထချိုင်းဘေးကို ခေါ်သွားလိုက်သည်။ထချိုင်းလူတွေက လဲကျသွားတဲ့ ဘန်ကို
မထနိုင်အောင် ရိုက်ကြသည်။ငြိမ့်သူ့ရှေ့မှာတင် သူ့ကိုကာကွယ်ရင်း နာကျင်နေတဲ့ ဘန်ကို‌မြင်တော့ နာကျင်နေမိသည်။

“‌ကိုကို…မရိုက်ကြပါနဲ့လို့…တောင်းပန်ပါတယ်”

ငြိမ့် ငိုနေတာကို ဘန် မြင်လိုက်သည်။အဲ့တာက ပိုနာကျင်ရသည်။ရက်ရက်စက်စက် ဘန် မလှုပ်နိုင်တော့တဲ့အဆုံး ထချိုင်း သူ့လူကို ရပ်ခိုင်းလိုက်သည်။ဘာလို့ဆို ဘန်ကို သူ့ကိုယ်တိုင်ဘဲ သတ်ချင်တာကြောင့်ဖြစ်သည်။

ငြိမ့်ကိုချုပ်ထားတဲ့ လူတွေကိုလည်း လွှတ်ခိုင်းလိုက်သည်။
ငြိမ့် လွတ်သွားတာနဲ့ ဘန်အနားကိုပြေးသွားလိုက်ပြီး ဘန်ခေါင်းကို သူ့ပေါင်ပေါ်တင်ကာ သွေးတွေ ပေကျံနေတဲ့ ဘန်မျက်နှာကို မျက်ရည်များနဲ့ သုတ်ပေးလိုက်သည်။
ငိုကြွေးနေတဲ့ငြိမ့် မျက်နှာလေးကို အသာကိုင်ကာ

“ငြိမ့် ကိုယ် သူ့တို့ကို မနိုင်တော့ဘူးထင်တယ် ဒါမဲ့
ကိုယ် သူတို့ကို အာရုံလွှဲပေးထားနိုင်သေးတယ် အဲ့ချိန်ကျရင်
..ဟ့…မင်း လွတ်အောင် ထွက်ပြေးရမယ်နော်…”

“ဟင့်အင်း မလုပ်နိုင်ဘူး…မထားခဲ့နိုင်ဘူးလို့…အဲ့တာကြောင့် အဲ့လိုမပြောပါနဲ့…”

“ငြိမ့်! ဂျီကျရမဲ့အချိန်မဟုတ်သေးဘူးနော်..ဟ့…ကိုယ် စကားနားထောင်”

“နား‌မထောင်နိုင်ဘူး….မထားခဲ့နိုင်ဘူး…ကိုကိုနော် အတူတူဘဲ ထွက်ပြေးရအောင်နော်….”

“ဟာ့ကွာ…ငြိမ့်….”

နာကျင်နေရတဲ့ သူ့ငြိမ့် မျက်ရည်တွေကို သုတ်ပေးနိုင်သေးသည်။ထချိုင်း သူ့ရှေ့မှာ ဖြစ်ပျက်နေတဲ့ အတွဲကို ကြည့်မရတာကြောင့် သေနတ်ကို မောင်းတင်လိုက်သည်။

“ပြီးပြီလား..မင်းတို့ခွဲရတော့မှာမလို့ ခနလေးဘဲ လွှတ်ပေးထားတာနော်”

“ခများ ဘာလိုချင်လို့လဲ!!”

ထချိုင်းရဲ့စကားကို ငြိမ့်ပြန်မဖြေဘဲ ဒေါသထွက်ကာ အော်လိုက်သည်။

“ဟက်…ငါလိုချင်တာ မင်းတို့မိသားစုပြိုကွဲဖို့ဘဲ.. ငါလိုပြိုကွဲအောင် လုပ်ပစ်မယ် ပြီးတော့ ငါ့အမွေရမဲ့လမ်းမှာ လာပိတ်သမျှလူတွေကို သတ်ပစ်မယ် ဟားဟား”

အရူးတစ်ယောက်လို ရီမောနေတဲ့ခွန်ထချိုင်း။
ရုတ်တရက် စိတ္တဇဆန်စွာ ရီနေတဲ့ ထချိုင်းက ကြောက်စရာကောင်းစွာ ရုပ်တည်လိုက်သည်။သူ့လက်မှာကိုင်ထားတဲ့ သေနတ်နဲ့ ဘန်တို့ကို ချိန်လိုက်သည်။ငြိမ့် လန့်သွားခဲ့သည်။လဲကျနေတဲ့ ဘန် ခန္ဓာကိုယ်ကို သူ့ရင်ခွင်သေးသေးလေးဘဲ ထွေးပွေ့ထားလိုက်ကာ ခွန်ထချိုင်းအား နောက်ကျောပေးလိုက်သည်။ငြိမ့် လုပ်လိုက်တဲ့အရာက ခွန်ထချိုင်းပစ်လိုက်တဲ့ ကျည်ဆံက ဘန် မထိအောင်လို့ သူ့ခန္ဓာကိုယ်လေးနဲ့ ကာထားခြင်းပင်။

“ငြိမ့်…”

“ကိုကို….ကျွန်တော်ကို ကာကွယ်ပေးပြီးပြီလေနော် ဟင့်
ဒီတစ်ခါ ကျွန်တော့်အလှည့်ပေါ့….ကိုကို အနားယူလို့ရပြီ”

ငြိမ့် မျက်ရည်များစွာနဲ့ ဘန် ခေါင်းလေးအား သူ့ရင်ဘတ်ပေါ်တင်ပြီး အသက်နဲ့လဲပြီး ကာကွယ်‌သည်။
ထချိုင်း သူ့ရှေ့မှာ ဖြစ်နေတဲ့ အခြေအနေကြောင့် သေနတ်ကိုင်ထားတဲ့ လက်တွေက တုန်ရီလာသည်။
ဒါပေမဲ့လည်း….။

~~ဒိုင်း~~

ထပ်မံပြီး သေနတ်ပစ်သံနဲ့အတူ အဖြူရောင် Hoodie လေး သွေးစွန်းသွားခဲ့ပြန်ပြီလေ။သေနတ်သံကြောင့် ဘန်
ကြောက်လန့်သွားခဲ့ရသည်။ငြိမ့်ကတော့ ဘာမှမဖြစ်တဲ့အတိုင်း ပြုံးပြုံးလေးဘဲ ဘန်ကို မျက်ရည်များစွာနဲ့ စိုက်ကြည့်နေသည်။

“ငြိမ့်!!”

ဘန် အော်ကာ ရှိသမျှ အားနဲ့ထဖို့လုပ်ပေမဲ့ ငြိမ့် ခန္ဓာကိုယ်လေး ဘန်ပေါ် အုပ်မိုးလာသည်။

“မထနဲ့ ကိုကို…ကျွန်တော်အ‌ဆင်…ပြေ..ပါတယ်…”

ဘန် ရင်ဘတ်ပေါ် မထနိုင်အောင် ဖိထားလိုက်သည်။
ငြိမ့် မျက်ရည်များစွာနဲ့ ဘန် ကို စိုက်ကြည့်နေမိသည်။

~~ဒိုင်း~~

ဒုတိယမြောက် ဖြစ်ပေါ်လာတဲ့သေနတ်အသံ။

“အာ့…”

“ငြိမ့်!!…”

အနီရောင်ရှိတဲ့ သွေးစက်လေးတွေက သဲတွေပေါ် ကျရောက်သွားခဲ့သည်။သွေးတွေကလည်း တငြိမ့်ငြိမ့်နဲ့ စီးဆင်းလာသည်။‌နောက်ဆုံးတော့ ငြိမ့် ခန္ဓာကိုယ် ဘန် ကိုယ်ပေါ်ဆီ ကျဆင်းလာသည်။ဒီအချိန်က နောက်ဆုံးအချိန်လား ဆိုတာ မသိပေမဲ့ ဘန်ရင်ဘတ်ပေါ် ငြိမ့် ခန္ဓာကိုယ်လေး နာကျင်စွာ
မှီလိုက်သည်။

“ငြိမ့်..သတိထားအုံး….ငြိမ့်!!”

ဘန် ထဖို့လုပ်ပေမဲ့ ခံရထားတဲ့ နာကျင်မှုတွေကြောင်ဘ မထနိုင်ဖြစ်ရသည်။သွေးရောင်လွှမ်းနေတဲ့ ငြိမ့် ခန္ဓာကိုယ်‌တဖြည်းဖြည်း အနွေးဓာတ်ပေးပျောက်ဆုံးလာသည်။နောက်ဆုံးအချိန်လို့ ထင်ရတဲ့အချိန်မှာ ငြိမ့် လက်ကျန်အားလေးနဲ့ ဘန် မျက်နှာလေးကို အသာပွတ်သပ်လိုက်သည်။

“ကိုကို….ချစ်တယ်နော်…နောက်..ဘ၀မှ နှင်းဆီပန်း…ခင်းကြီးကို…သွားကြည့်ရမယ်…ထင်တယ်”

“ငြိမ့်!!….အဲ့လိုမပြောနဲ့…..”

“ကိုကို..ရင်ဘတ်ပေါ်…အိပ်ရတာ….နောက်ဆုံး..ဟင့် အချိန် မဖြစ်ပါစေနဲ့…..”

ငြိမ့်ရဲ့ ၀င်လေထွက်လေ အသက်ရှူသံလေး‌က တိုးညှင်းလာသည်။ငြိမ့် ဘန် ပါးပြင်ပေါ်က အသာပွတ်သပ်လိုက်ပြီး
မျက်လုံးမှိတ်ကာ

“သေနတ်သံ….တွေကို…မုန်းလိုက်တာ….”

ဆိုကာ ငြိမ့်ရဲ့လက်လေးက ငြိမ့်ရဲ့ပါးပြင်ပေါ်ကနေ စွန့်ခွာသွားခဲ့သည်။ဘန် လှိုက်တက်လာတဲ့ နာကျင်မှုတွေ။
ထပ်ပြီး ဆုံးရှုံးရပြန်ပြီ။

ဘန် ငြိမ့် ခန္ဓာကိုယ်ကို လှုပ်နိုးနေမိသည်။မလှုပ်မရွအိပ်နေတဲ့
ကလေးငယ်ဟာ အဲ့တာတွေကို မခံစားမသိနိုင်တော့ပါ။

“ငြိမ့်. ထပ်ပြီး ကိုယ်ကို ထားသွားပြန်ပြီကွာ…”

ငြိမ့် ရင်ဘတ်ပေါ်က ခန္ဓာကိုယ်လေးကို ပွေ့ဖက်လိုက်သည်။
ဘန် ဘာပြောရမှန်းမသိအောင် ရင်ကွဲမတက် ခံစားနေရသည်။အသံလည်းမထွက် တိတ်တဆိတ် ငိုကြွေးစွာဖြင့် ငြိမ့်ကို ဖက်ထားသည်။အခု ဘန် ဒေါသမထွက်တော့ပါ။
ချစ်ရသူကိုလည်း အချိန်ခနလေးဘဲ ဆုံးရှုံးလိုက်ရပြီ ဖြစ်တာကြောင့် ဘန်လည်း နောက်ဆုံး ဖြေသိပ်လိုက်ပြီး သူ့လည်း
ငြိမ့်နောက်ကို လိုက်သွားဖို့ဘဲ ဆုံးဖြတ်မိလိုက်သည်။

လှိုင်းသံတဟုန်ဟုန်နဲ့ မြင်နေရတဲ့ ကောင်းကင်ကြီးကို
မျက်ရည်များစွာနဲ့ ဘန်မော့ကြည့်လိုက်သည်။

ငြိမ့် ကိုယ့်ရဲ့ငြိမ့်….ကိုယ် လိုက်လာခဲ့မယ် မဟုတ်ရင် ကောင်းကင်ပေါ်မှာ ငြိမ့် အထီးကျန်ရလိမ့်မယ် ကိုယ့်ကိုစောင့်နေနော် ချစ်တယ်

တိတ်တဆိတ် တွေးတောလိုက်ပြီး ငြိမ့်ကိုဖက်ကာ မျက်လုံးမှိတ်လိုက်သည်။ဒါပေမဲ့ ကံကြမ္မာက…။

~~ဒိုင်း~~

တတိယမြောက် သေနတ်သံ။ဒီသေနတ်သံကတော့ အရာအားလုံးပြီးဆုံးသွားပြီဆိုတဲ့ သေနတ်သံပေါ့။တတိယမြောက်ကျည်ဆံကတော့ ဘန် ဆီမရောက်လိုက်။

“ဘန်!!”

အမှောင်ထု ကြီးကို မရောက်သွားခင်မှာဘဲ မင်းခန့်ရဲ့အသံက
ဘန်ကို ထပ်မံပြီး နိုးထလာစေသည်။

ရောက်လာတဲ့ မင်းခန့်တို့ရဲ့လူတွေ။
တတိယမြောက် သေနတ်သံက ခွန်ထချိုင်းရဲ့ ခေါင်းကို ဖောက်၀င်သွားခဲ့သည်။ပြန်တုံ့ပြန်ချိန်တောင်မရ မင်းခန့်ပစ်လိုက်တဲ့ကျည်ဆံက ခွန်ထချိုင်းရဲ့ လောဘနဲ့အတ္တတွေကို ပြီးဆုံး‌စေခဲ့သည်။

နောက်တစ်ခုက အဲ့သေနတ်သံကဘဲ ချစ်ရတဲ့ ဇနီးမောင်နှံတစ်တွဲကို ပြန်နိုးထစေသည်။

……………………….
………………………
A/N

ကဲ မုန်တိုင်းက ပြီးဆုံးသွားပြီ ထင်ပါတယ်။
နောက်တစ်ခု‌က ဆောင်းကိုယ်တိုင်တောင် Happy ending လား sad ending လား တောင်မသိတော့။

ပြောချင်တာက ပေါ့နော်
Happy ending လိုလို sad ending လိုလို ပေါ့နော် အယ့်လယ်။

#from winter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 30, novel Coffee With Honey (Complete) part 30, read Coffee With Honey (Complete) part 30 online, Coffee With Honey (Complete) part 30 chapter, Coffee With Honey (Complete) part 30 high quality, Coffee With Honey (Complete) part 30 light novel, ,

Comment

Leave a Reply

Chapter 32