Coffee With Honey (Complete) part 4

All chapters are in Coffee With Honey (Complete)
A+ A-

နောက်နေ့တစ်နေ့သို့ကူးပြောင်းလာခဲ့ပါပြီ။အဖြူရောင်သစ်သားအိမ်လေးမှာတော့ မနက်ခင်းဆူညံနေခဲ့။

“အမေ ရပါပြီ “

ငြိမ့်အခန်းထဲမှာ သူ့ကိုအင်းကျီဆင်ပေးနေတဲ့ဒေါ်ခင်နွယ်ယဉ်ကိုကြည့်ကာ ရပြီလို့သာ ပြောယူရတဲ့အဖြစ်။အနောက်တိုင်းကုတ်နဲ့ကြည့်ကောင်းနေတဲ့ပုံရိပ်ပင်။ခပ်ကောက်ကောက်ဆံပင်ကလည်း မျက်နှာကို အုပ်နေသည်။

“ဟုတ်ပါပြီ ငါ့သားလေး ချောသွားပြီ”

ဆိုကာ ဒေါ်ခင်နွယ်ယဉ်က သူ့သားအား လက်ဆွဲရင်းအောက်ဆင်းလာသည်။အောက်မှာတော့ ‌ဉီးထွန်းသစ္စာက သတင်းစာဖတ်ရင်း အောက်ဆင်းလာတဲ့သားအမိကိုကြည့်လိုက်သည်။

“ငါ့သားလေး မိမိုက်နေတာ”

‌”ဖေကြီးကလည်း”

“ကဲပါ သားနောက်ကျနေတော့မယ် ကိုကြီးနဲ့နေ့လည်စာအတူတူစားခဲ့နော် ရော့ ဒီဆိုင်မှာနော်”

ဒေါ်ခင်နွယ်ယဉ် သူ့သားကိုမှာရင်း ဆိုင်လိပ်စာကဒ်ကိုပေးလိုက်သည်။ငြိမ့်လည်း ယူလိုက်ပြီး

“ဟုတ်ကဲ့ပါ အမေ သားသွားပြီနော် ဆာရာငဲ ဖေကြီး‌ မေကြီး”

ဆိုကာ နှုတ်ဆတ်လိုက်ပြီး ငြိမ့်လည်းသူ့ဉီးတည်ရာထွက်လာခဲ့တော့သည်။

…………………..
ငြိမ့် ကားငှားရင်း နာရီ၀က်လောက်ကြာတော့ ဆိုင်ကိုရောက်လာသည်။ကားပေါ်ကဆင်းလိုက်ရင်း

“ဆိုင်ကအကြီးကြီးဘဲ မိုက်တာ”

ဆိုကာ သူ့ဆိုင်ထဲ၀င်သွားလေသည်။ ဆိုင်၀န်ထမ်းကို ဘိုကင်ယူထားတဲ့ခုံနပါတ်ကိုပြလိုက်တော့ ၀န်ထမ်းလည်း လိုက်ပို့ပေးလာသည်။

ဆိုင်ရဲ့အပေါ်ဆုံးထပ်ကိုခေါ်သွားလိုက်သည်။

“ဒီမှာပါ အကိုလေး”

ဆိုကာ၀န်ထမ်းလည်း အပေါ်ဆုံးထပ်ရဲ့အလယ်နားမှာ ငြိမ့်ကိုထားခဲ့လိုက်သည်။ ငြိမ့် မြင်လိုက်ရတာ သူ့ကိုနောက်ပစ်ထားတဲ့လူတစ်ဉီး။

“အဟမ်း ဟိုင်း ကျွန်တော်က‌တေးငြိမ့်လွှာပါ ကို…..ကြီး”

ငြိမ့်လည်း ထိုလူလှည့်လာရန် နှုတ်ဆတ်လိုက်သည်။
ထိုလူသည် ဖြည်းညှင်းစွာလှည့်လာပြီးငြိမ့်ကိုကြည့်လိုက်သည်။

“အိုးမိုင်ဂေါ့..လူ..ထူး..ဆန်း “

ထိုလူက ဂင်ဘန်ချာရီပင်ဖြစ်နေသည်။ ငြိမ့်လည်းအံ့ဩသွားပြီး နားမလည်နိုင်သလိုဖြစ်နေတာကြောင့် ဘန် ငြိမ့်နားကို ဖြည်းဖြည်းချင်းတိုးလာပြီး

“ဖြည်းဖြည်းအော်လေ လူတွေဝိုင်းကြည့်နေပြီ”

ဘန် ငြိမ့်ရဲ့နားနားကပ်ကာ တိုးတိုးပြောလိုက်သည်။ထိုမှသာ သူတို့နှစ်ယောက်ကိုလူတွေကြည့်နေမှန်းသတိထားမိသွားသည်။ မျက်နှာမပျက်အောင် အေးအေးဆေးဆေးထိုင်လိုက်ကြသည်။

“ဟူး..ခများ ခွန်းထရစ်ကိုပြန်ပေးဆွဲထားတာလား”

“ဘာ”

ငြိမ့်ရဲ့အဓိပ္ပယ်မရှိတဲ့မေးခွန်းကြောင့် ဒီတစ်ခါအော်မိသွားတာ ဘန်ပင်။ဘေးနားက လူတွေလည်းထပ်မံလှည့်ကြည့်လာကြသသည်။

“ဟက် ကျုပ်ကခွန်းထရစ် ကိုယ်ကိုကိုယ်တော့ပြန်ပေးမဆွဲဘူး”

“မလိမ်စမ်းနဲ့ မင်းလိမ်တာ ငါ့အိပ်နေသလောက်ဘဲရှိတယ်”

ငြိမ့်ရဲ့ပြန်ချေတဲ့စကားကြောင့်

“ဟက် ဒီမှာ ကျုပ်ရဲ့နာမည်အရင်းက ခွန်းထရစ် လူသိများတဲ့နာမည်က ဂင်ဘန်ချာရီ “

“အော်…ဒါနက် ခများတော်တော် လှေနှံနှစ်ဖက်နင်းတယ်နော်”

“ဘာပြောတာ”

ထပ်မံပြီး ငြိမ့်ရဲ့စကားကြောင့် ထပ်အော်ရပြန်သည်။

“မနေ့ကလေးပင် company ရှေ့မှာ ကောင်မလေးကို
မျက်ရည်လေးတွေသုတ်လေးလိုက်နဲ့ချော့လိုက်နဲ့ အခုကျတော့ ကျွန်တော်နဲ့လာစေ့စပ်တယ်ဆိုတော့ မျက်နှာပြောင်တိုက်တယ်လို့မထင်ဘူးလား”

“အဟမ်း ခများက စကားပြောတာတော့မကောင်းပေမဲ့
ပေါက်ကရတွေပြောတာတော့ သိပ်ကောင်းတယ်နော် “

“မေးတာ ဖြေစမ်းပါ”

“အဲတာ ကျုပ်သူငယ်ချင်း”

ငြိမ့်လည်း သူ့ပြန်ချေရမဲ့စကားတွေမရှိတော့တာကြောင့် နှုတ်ဆတ်မိသည်။

“အဲထက်ပိုပြီးသိချင်ရင် ကျုပ်နဲ့တစ်ညအိပ်လိုက် တစ်ညလုံးမရပ်မနားတိုင်း ပြောပြပေးမယ်”

“ခများ မဟုတ်တာတော့ပြောမနေနဲ့ “

ဘန်ရဲ့စကားကြောင့် ငြိမ့်မျက်နှာနီရဲလာသည်။

“အဟက် ခများဒီနေ့ company မသွားဘူးမလား ကျုပ်လဲမသွားဘူး အဲတာကြောင့် လက်မထပ်ခင် သင်ပေးစရာလေးရှိလို့ ကျုပ်အိပ်ခန်းကိုလိုက်ခဲ့”

“ဘာ..”

ဒီတစ်ခါတော့ ငြိမ့်ရဲ့အော်သံပိုကျယ်သွားသည်။လူတွေအပြင် ၀န်ထမ်းတွေလည်း လှည့်ကြည့်လာကြသည်။

“မှားလို့ အိမ်ကိုပြောတာ”

“မလိုက်ဘူး”

“လိုက်ရမယ်”

“မလိုက်ဘူး”

“လိုက်ရမယ်”

“မလိုက်ဘူး”

“တကယ်မလိုက်တာနော် ပြီးမှကျုပ်အဆိုးမဆိုနဲ့”

“အိုးမိုင်ဂေါ့..မင်းဘာလုပ်တာလဲငါကိုအခုအောက်ချပေးလို့”

ဘန် စိတ်မရှည်တဲ့အဆုံး ငြိမ့်ကို ပွေ့ချီပြီး ပခုံးပေါ်တင်ကာ
ခေါ်လာခဲ့သည်။ထိုအဖြစ်အပျက်ကြောင့် ဘေးလူတွေလည်း လှည့်ကြည့်လှည့်ကြည့်နဲ့။ငြိမ့်ကတော့ ငါးတစ်ကောင်းကုန်းပေါ်ရောက်သလိုမျိုး ရပ်ကန်ရပ်ကန်နဲ့ပေါ့။

ဆိုင်ထဲကနေ ထွက်လာပြီး သူ့ Ferrari ကားပေါ်ပစ်တင်ပေးလိုက်သည်။အဲတာတောင် အတင်းပြန်ထွက်မယ်လုပ်တော့

“ခများ အေးအေးဆေးဆေးလိုက်မလား အနူကြမ်းစီးရမလား”

“မင်းအိမ်ကိုသွားမယ်ဆိုတာကို ငါ့ကအေးအေးဆေးဆေးလိုက်ရမယ်ဆိုတော့ ငါ့ကိုအရှူးမှတ်နေလား”

“အဲတာဆို ခများက အနူကြမ်းစီးရမယ်ပေါ့ ကောင်းပြီလေ”

“အဲ…လို…..မဟုတ်”

ငြိမ့်ကို ပြန်ဆွဲထုတ်ပြီး သူ့ကိုနောက်ကျောပေးစေကာ ကားကိုမှီထားစေသည်။အခုတော့ ငြိမ့်ရုန်းလို့မရ။ဘာလို့ဆို သူ့ကိုလက်နောက်ပြန်ချုပ်ထားတာကြောင့်ဖြစ်သည်။

“လွှတ်..လွှတ်လို့”

“ရပြီ”

ရုန်းကန်နေတဲ့ငြိမ့်ရဲ့လက်နှစ်ဖက်ကို လက်ထိပ်ခက်လိုက်တာကြောင့် တကယ်အနူကြမ်းစီးလိုက်သည်။နောက်တော့ ငြိမ့်ကိုကားထဲပြန်ထည့်ပြီး သူ့ပါတက်လိုက်သည်။

ကားထဲရောက်သည်နှင့် ကားကိုအရှိန်တင်ကာမောင်းနှင်လိုက်တော့သည်။

“ခများ….လက်ထိပ်ဖြုတ်ပေးလို့….”

ငြိမ့်စကားကိုခွန်းတုံ့မပြန်တာကြောင့် ကြံရာမရပါ။ဒါပေမဲ့
လက်ကိုချုပ်ထားတော့ လက်ကရုန်းလို့မရ။ခြေထောက်ကိုမချုပ်ထားတော့ ငြိမ့်သူ့ခြေထောက်နဲ့ဘန်ရဲ့ပါးနဲတစ်စက်တည်းဖြစ်သွားသည်။ဖိနပ်ကျွတ်နေတာကြောင့် ခြေအိတ်နဲ့ပင်။

“အဟင်း ခများလက်နဲ့ပါးမရိုက်ရလို့ ခြေထောက်နဲ့ပါးရိုက်တာလား ဟမ်!!”

ဘန်ရဲ့အသံက ကားပြတင်းပေါက်ပိတ်ထားရင်တောင် ဟိန်းထွက်နေသည်။ငြိမ့်လည်းသူ့ခြေထောက်ကိုပြန်ယူလိုက်ပြီး

“ငါက မျက်နှာပေနေလို့သုတ်ပေးတာ စေ..တ..နာနဲ့”

“………”

ငြိမ့်ပြောလိုက်ပေမဲ့ ဘန်မျက်နှာဆူပုတ်နေတာကြောင့်

“အားယား ငါ့ကစေတနာနဲ့ပါဆို မင်းမျက်နှာပေနေတာကိုမသုတ်ပေးရင် ဘယ်သူကလာသုတ်ပေးမှာလဲ မတော်မဆဖြစ်သွားတာကို စိတ်ဆိုးနေသေးတယ် အခုတော့ မင်းရဲ့မျက်ခုံးကြီးက သိမ်းငှက်တောင်အရှုံးပေးရမယ် မင်းရဲ့နှာခေါင်းကြီးကလည်း တရုတ်တံတိုင်းလောက်ရှိတယ် မင်းရဲ့နှုတ်ခမ်းကြီးကလည်း ခွေးဘီလူးကြီးအတိုင်းဘဲ မင်းရဲ့မျက်နှာကြီးက မေးကလည်းချွန်နေပြီး ချွန်တုံးလုပ်ရတာ ဝါသနာပါလို့လား မင်းရဲ့မျက်လုံးကြီးကလည်း လင်း၀က်မျက်လုံးအတိုင်းဘဲ ပြီးတော့ မင်းရဲ့ခန္ဓာကိုယ်ကလည်း
ရေမြင်းကြီးတောင်အရှုံးပေးရအုံးမယ် မင်းရဲ့အရပ်ကြီးကလည်း သစ်ကုလားအုပ်၀င်စားသလားမှတ်ကတယ် အဲလိုဖြစ်နေတဲ့မင်းကို ငါ့ကယောင်္ကျားတော်ရမှာ ငါ့နစ်နာမှာပါဗျာ”

စကားကို စစ်သေနတ်ပစ်သလို တရက်စက်ပြောနေတဲ့ငြိမ့်ပါးစပ်ထဲကို ဘန် စုတ်လုံး ထိုးထည့်ပေးလိုက်သည်။အခုတော့
ကားမီးမလောင်တာဘဲ ကျေးဇူးတင်ရမယ်။ဘန် သည်းခံရလွန်းလို့ အငွေ့တောင် ထနေပြီ

“ပါးစပ်ပိတ်ထား ဒါတောင်မှစကားပြောနေရင် အဲထက်ကြီးတာ ထည့်ပေးမယ်”

အခုတော့တကယ်ရီး သိမ်းငှက်မျက်ခုံးနဲ့တူသွားပါပြီ။အဲလိုနဲ့
ကားကြီးကတိတ်ဆိတ်သွားတော့သည်။ဘန်လည်းလမ်းတလျှောက်လုံး မျက်ခုံးကြီးကျုံ့ကာ ကားဆက်မောင်းနေလျက်။ဘေးနာက ငြိမ့်ကတော့ စုတ်လုံးထွေးထုတ်ရင်လည်း သူ့ဘန်ရဲ့အမျက်ရှတော်မူတော့မယ် စုတ်လုံကိုဝါးလိုက်။ဘန်ကလည်းတစ်လုံးပြီးရင်တစ်လုံး ပါးစပ်ထည့်ပေးလာသည်။

နောက်ဆုံးတော့ Ferrari ကားသည် အိမ်တော်တစ်ခုသို့ထိုးရပ်လာသည်။ဘန်လည်း ကားပေါ်ကဆင်းပြီး ငြိမ့်ကိုဆွဲထုတ်လာသည်။နောက်ပြီးတော့ ငြိမ့်ကိုချုပ်ထားတဲ့လက်ထိပ်ကို ဖြုတ်ပေးလိုက်သည်။

“အ့ နာလိုက်တာ…ဒီမှာကြည့် မင်းကြောင့်နီရဲကုန်ပြီ”

ငြိမ့်သူ့လက်ကောက်၀တ်ကိုကိုင်ကာ ဘန်ကိုထိုးပြလိုက်သည်။ဘန်လည်း အဲတာကိုခနကြည့်ပြီး အဲ့လက်ကောက်၀တ်ကိုဆွဲကာ အိမ်ထဲခေါ်လာသည်။ဒါပေမဲ့အခုကတော့သူ့လက်ကိုခပ်ဖွဖွလေးကိုင်ထားသည်။

“အဘိုး ဘယ်မှာလဲ”

“ဉယျာဉ်ထဲမှာပါ သခင်လေး”

ဘန်သည် အစေခံတစ်ယောက်ကိုမေးလိုက်ပြီးသူပြောတဲ့နေရာကိုဘန် ငြိမ့်ကိုဆွဲပြီးခေါ်သွားသည်။တစ်နေရာကိုရောက်တော့ ငြိမ့်အံ့ဩမိသည်။ဘာလို့ဆို နှင်းဆီပန်းခင်းကြီးတစ်ခု။အဖြူရောင် ပန်းရောင် အနီရောင် အမဲရောင်
စုံလင်စွာရှိနေတဲ့ပန်းခင်းကြီးပေါ့

“ဝါး လှလိုက်တာ”

ငြိမ့် ဘန်ရဲ့လက်ကိုဖြုတ်ပြီး သူ့အရှေ့ကနှင်းဆီပန်းရဲ့အရွက်ကိုညင်ညင်သာသာ တို့လိုက်သည်။ဝီးရှဲနဲ့အဘိုးနားကိုဘန်သွားလိုက်သည်။အဘိုးကတော့ ငြိမ့်ကို ကြည့်နေကာ ဘန်ကိုကြည့်လိုက်သည်။

“မင်းအိမ်မှာနှင်းဆီပန်းခင်းပြင်ဖို့သာလုပ်လိုက်တော့ ငါ့မြေး”

အဘိုးလည်းတိုးတိုးတိတ်တိတ်နဲ့ဘန်ကိုမှာလိုက်သည်။ဘန်လည်း ခေါင်းညိမ့်ပြလိုက်ပြီး ငြိမ့်ကိုကြည့်နေလိုက်သည်။

“အိုး”

ငြိမ့် နှင်းဆီပန်းခင်းကိုကြည့်နေရင်း ဘေးနားကလူတွေကိုသတိမထားမိပါ။အခုတော့ ဘန်ကိုခေါ်ဖို့ပြင်တော့ အဘိုးတစ်ယောက်ကိုတွေ့သွားသည်။ ငြိမ့်လည်း သူ့အဖေပြောတဲ့လူမှန်းသိသွားသည်။ အဲတာကြောင့် သူဘန်နားပြန်လာသည်။

“မင်ဂလာပါ ဘိုးဘိုး”

“အေ့ မြေးလေး ငါ့မြေး နှင်ဆီးပန်းကိုကြည့်ရင်း ငါကိုမှ နှုတ်ဆတ်ပါ့မလားလို့ကြည့်နေတာ”

“မဟုတ်ပါဘူး ဘိုးဘိုး နှင်းဆီပန်းကိုကြိုက်လို့ပါ”

“‌ရပါတယ်မြေးလေးရဲ့ လာ အိမ်ထဲသွားလိုက်ရအောင်”

“ဟုတ်”

ငြိမ့်လည်း အဘိုးရဲ့ဝီးချဲကိုတွန်းပေးကာ အိမ်ထဲ၀င်သွားလိုက်သည်။ကျန်ခဲ့တဲ့ဘန်ကတော့ သူ့အဘိုးရဲ့အပြုံးကိုမမြင်ရတာကြာတော့ သူ့ပါပြုံးမိသည်။

“ကျွန်တော် လူရွေးမမှားဘူးထင်တယ် အမေ”

ဘန် ကောင်းကင်ကိုကြည့်ရင်း ပြောလိုက်မိသည်။

…………………..

A/N
ဘန်နဲ့ငြိမ့် တို့ရဲ့ married life ကိုအခြေခံပြီးရေးသားထားတာဖြစ်တယ်။ဒီကြားထဲ တဖြည်းဖြည်း သူ့တို့နှစ်ယောက်ရဲ့ငယ်ချစ်အကြောင်းကို ပုံဖော်ပေးသွားမှာဖြစ်ပါတယ်။

#from winter

Tags: read novel Coffee With Honey (Complete) part 4, novel Coffee With Honey (Complete) part 4, read Coffee With Honey (Complete) part 4 online, Coffee With Honey (Complete) part 4 chapter, Coffee With Honey (Complete) part 4 high quality, Coffee With Honey (Complete) part 4 light novel, ,

Comment

Leave a Reply

Chapter 5