Coffee With Honey (Complete) part 5

All chapters are in Coffee With Honey (Complete)
A+ A-

ဘန်လည်း ငြိမ့်တို့နဲ့အတူ အိမ်ထဲ၀င်လာပြီး ဧည့်ခန်းမှာ၀င်ထိုင်လိုက်ကြသည်။အစေခံတွေလည်း သောက်စရာစားစရာတွေ လာချပေးပြီး ပြန်ထွက်သွားလေသည်။
အဘိုးလည်း ချလာတဲ့အစားအရာတွေကို ငြိမ့်ဘက်ကိုချပေးလိုက်ပြီး

“မြေးစားနော် အဘိုးအံ့ဩတယ်သိလား”

“ဘာကိုလဲ အဘိုး”

ငြိမ့်စတော်ဘယ်ရီရှိတဲ့ကိတ်မုန့်ကိုသူ့ပါးစပ်ထဲထိုးထည့်ကာ ပြောလိုက်သည်။

“အဘိုးကိုမြေးလေး မှတ်မိနေတယ်ဆိုတော့ အံ့ဩ‌မိတာပါ”

“အော် အဖေကသားကိုပြောပြထားလို့ပါ အဘိုး ပြီးတော့အရင်က အကြောင်းတွေရော”

အဘိုးလည်း ငြိမ့်စကားကြောင့် ပြုံးလိုက်တာကြောင့် ငြိမ့်သတိထားမိသည်။အဘိုးသည် ထိုင်းလူမျိုးဆိုသာ။

“သစ္စာကတော့ တစ်ခုမကျန်ပြောထားတယ်ထင်တယ် “

“ဟုတ်”

“ဟူး မြေးငြိမ့်လည်းအရင်အကြောင်းတွေ သိပြီးသွားပြီဆိုတော့ လက်ထပ်ပွဲကိုလက်ခံလား”

“အမ်”

ငြိမ် ထိုမေးခွန်းကြောင့် သူ့ဘေးမှာထိုင်နေတဲ့ဘန်ကို တစ်ချက်ကြည့်လိုက်သည်။ဘန် မျက်နှာတည်နဲ့ဘဲ ရှိနေတာကြောင့် ငြိမ့်လည်း

“ဟုတ် လက်ခံပါတယ်”

ဘန် မျက်နှာတည်နေပေမဲ့ ငြိမ့်စကားကြောင့်ရင်ထဲက ကြည်နူးမိသလိုခံစားရတာကြောင့်

“ကျွန်တော် အပြင်ခနသွားလိုက်အုံးမယ်”

ဘန် ရှောင်ထွက်သွားမိသည်။မဟုတ်ရင် သူ့ရင်ခုန်သံကို ဖုံးကွယ်ထားမယ်မထင်။ဘန် ထသွားတာကြောင့် ငြိမ့်
မျက်နှာညိုးသွားမိသည်။ဘန် လက်မခံရင် သူ၀မ်းသာရမှာမလား ဘာလို့၀မ်းနည်းနေမိတာလဲ ဘန်ကဘာမှမပြောရသေးရင်တောင်။

“ငြိမ့် အဘိုးကိုကြည့် “

ငြိမ့်လည်း အဘိုးကိုမော့ကြည့်လာသည်။

“မြေးကြီးက အဲလိုဘဲ သူ့ခံစားချက်ကိုထုတ်ပြတာကိုမကြိုက်ဘူး ပြီးတော့ သူ့ကသူ့မိဘတွေ အက်စီးဒင့်ဖြစ်ပြီးကတည်းက
အပြုံးအရယ်မရှိတော့တာ မြေးလေးသိလား သားအကြောင်းသူပြောဖူးတယ် သားသူ့company မှာ အလုပ်စ၀င်တုန်းက ကော်ဖီကိုဘယ်လိုဖျော်တာ ဘယ်လိုရီပြတာ အဘိုးကိုပြောခဲ့တယ် “

“ဟင် ဒါဆို သူကအစောကတည်းက သားဆိုတာသိနေတာလား”

“ဟုတ်တာပေါ့ မြေးလေး ဘာလုပ်တယ်ညာတယ် အကုန်သူသိတယ် မြေးလေးမပြောရင်တောင် မြေးလေး ဘယ်မှာနေလဲဆိုတာသိတယ် တစ်ခါက သူပြောဖူးတယ် မြေးလေးကို
သူ့ company ထဲ၀င်အောင်လုပ်ခဲ့တာတဲ့ “

“ဟမ်…”

ငြိမ့် အံ့ဩမိသည်။

“မြေးလေး ဒီလက်ထပ်ပွဲကို လက်မခံရင်တောင် သူကမြေးလေးကို မရမကနည်းနဲ့ယူမှာမို့ လက်ခံသင့်ပါတယ်”

“ဟုတ်”

တစ်ဖက်မှာတော့ ဘန် သူ့ရင်ခုန်သံကိုထိန်းချုပ်ကာ ရေကူးကန်နားကိုသွားမိသည်။စီးကရက်ကိုဖွာရင်းနဲ့
ရေကူးကန်နားကို လမ်းလျှောက်မိသည်။ ရုတ်တရက် သူ့ဖုန်းသံမြည်လာသည်။

“ပြော “

“ကိုကို ကျွန်တော်ပါ ထက်ဝေယံလေ ကိုကို ကျွန်တော် ပြန်ရောက်ပြီသိလား”

“အဲတော့”

“လာကြိုပါလား ကိုကို”

“မအားဘူး”

“ဘာလို့လဲ ဟင့် ကိုကိုကလဲ ငြိုငြိင်တာလား”

“……”

“ကိုကိုကလဲ သားနဲ့ဆို စကားသုံးလုံးပြည့်အောင် မပြောဘူး”

“ပြည့်အောင် ပြောရမှာ မင်းကငါ့ရဲ့ဟန်နီမလို့လား”

“ကိုကိုကလဲ ဟင့်”

“ငါမအားဘူး အားလဲလာမကြိုဘူး”

ဆိုကာဖုန်းချလိုက်သည်။ထက်ဝေယံဆိုတာ ဘန်ရဲ့ company ရှယ်ယာရှင်ထဲကတစ်ဉီးရဲ့သားဖြစ်တယ်။
ထက်ဝေယံရဲ့အဖေက ဘန်ကိုပိုက်ဆံကြောင့် သမတ်တော်ချင်တာကြောင့် ချဉ်းကပ်ခိုင်းခြင်းဖြစ်သည်။ဘန်အဲတာတွေသိပေမဲ့ စောက်လုပ်ရှုပ်ခံပြီး ဖြေရှင်းမည်မဟုတ်။အဲတာကြောင့် လွှတ်ထားနေခြင်းဖြစ်သည်။

ထိုအချိန် ရေကူးကန်ထဲသို့ ငြိမ့်၀င်လာတာကြောင့် ဘန်သိပေမဲ့ လှည့်မကြည့်လိုက်ပါ။

“ကိုကြီး လက်ထပ်ပွဲကိုလက်ခံမှာလား”

ငြိမ့်ဘန်နားလာပြီးဘန်နဲ့အတူတူရပ်ကာ မေးလိုက်သည်။
မေးသာမေးလိုက်ပေမဲ့ ခြေထောက်ကတော့ ရေကိုကစားနေသည်။

“အင်း”

“ဒါဆို ကျွန်‌တော် ပြန်တော့..အား”

ငြိမ့်ပြန်ဖို့လုပ်လိုက်ပေမဲ့ ရေကူးကန်ကိုမြေပြင်ဆိုပြီး ခြေလှမ်းလိုက်တော့ ပြုတ်ချပါလေရော။

“အ့…ကယ်ကြပါအုံး အမေရေ အဖေရေ”

ငြိမ့် သူကယ်ပါအုံးလို့တာအော်နေတာ ဘန်မျက်နှာတည်ကြီးနဲ့ ကြည့်နေဆဲ။

“အား…အမေရေ သား….အ့ မသေချင်သေးဘူး လက်မထပ်ရသေးဘူးလို့ အား”

ဘန် ရေထဲမှာယက်ကန်ယက်ကန်နဲ့ဖြစ်နေတဲ့လူကို မကြည့်ရက်တော့။

“ဒီမှာ မင်း ရေကတိမ်တိမ်လေးသိလား ခါးလောက်ဘဲရှိတယ်”

“ဟင်…”

ဘန်ရဲ့အသံကြားတော့ ငြိမ့်ကြွေပြားကိုထိမိလိုက်ပြီး မတ်တပ်ရပ်ကြည့်လိုက်သည်။တကယ်ရီးဘဲ ခါးလောက်ဘဲရှိတယ်။ရှက်ပြုံးပြုံးပြီး ဘန်ကိုပြန်ကြည့်လာသည်။

“ပြုံးဖြီးမနေနဲ့ လာတက်လာခဲ့တော့ လက်ထပ်ပွဲနေ့မှ သတို့သားဖျားလို့ မလာနိုင်ဘူးဆိုပြီး ဆင်ခြင်ပေးမှာဆိုးလို့
ပေးရင်တောင် ခများ‌ဘေးမှာဆရာ၀န်တွေကိုအနားမှာခေါ်ထားပြီးခများကိုတော့ တံဆိပ်တုံးနိုပ်ပြီး လက်ထပ်မှာမလို့ တက်လာခဲ့”

“ကြောက်စရာရီး”

ဘန်ရဲ့စကားတွေကိုကြားပြီး ငြိမ့်အပေါ်ကိုပြန်တက်လာသည်။ငြိမ့်ပြန်တက်လာတာကိုမြင်ပြီး ဘန် အိမ်ထဲပြန်၀င်သွားကာ ပြန်ထွက်လာသည်။ပြန်ထွက်လာတော့ လက်ထဲမှာ တဘတ်တစ်ခုနဲ့ပင်။

ငြိမ့်နားလာပြီး တဘတ်ကိုခြုံပေးလိုက်သည်။သူ့ကိုပြူးကြောင်ကြောင်လေးနဲ့ကြည့်နေတဲ့လူကို ဒူးကနေပွေ့ကာ ချီလိုက်သည်။

“အိုးမိုင်ဂေါ့ ချပေး ကျွန်တော်အောက်ပိုင်းမသေသေးဘူး”

“အဘိုးအိမ်မှာရေတွေရွဲနေမှာဆိုးလို့”

“ဆင်ခြင်ဆင်လက်ဆင်‌ခြေထောက်တွေ”

ဘန်ရဲ့စကားကို ငြိမ့်ရွဲ့ပြောလိုက်ကာ ဘန်ခေါ်ရာဆီပါလာသည်။ဘန် အဘိုးအိမ်လာလည်ရင် ပေးထားတဲ့အခန်းကိုခေါ်သွားလိုက်တယ်။

အခန်းထဲရောက်တော့ ဘန်သူ့ရဲ့ကုတ်ကိုချွတ်ကာ ငြိမ့်ရဲ့ခြုံပေးလိုက်ပြီး

“ခများအင်းကျီချွတ်ပြီးဒီကုတ်၀တ်ထား ကျုပ်ကဒီအိမ်ကိုသိပ်မရောက်ဖြစ်တော့ အင်းကျီမရှိဘူး ဘောင်းဘီကတော့
အခုခများ၀တ်ထားတာဘဲ ၀တ်ထားလိုက်”

“အင်း”

ဘန်ပြောတာကိုနားထောင်ပြီး ငြိမ့်ရေချိုးခန်းထဲ၀င်သွားလိုက်သည်။ဘန်ရဲ့ကိုယ်ရှိအဖြူရောင်တီရှပ်တတည်ဘဲကျန်ခဲ့တော့တယ်။ခနကြာ‌တော့ပြန်ထွက်လာသည်အခုတော့ငြိမ့်ပုံစံက လည်ပင်းကတော်တော်ဟနေပြီး ကုတ်ကရှည်နေသည်။ဘန်၀တ်ရင်တော့ လည်းပင်လည်းမဟ ရှည်လည်းမရှည်။ခန္ဓာကိုယ်ကွာဟခြင်းကြောင့်ဖြစ်သည်။

ငြိမ့်က အသားခပ်ဖြူဖြူဖြစ်တာထက် ဖြူပြီးပန်းရောင်လိုအသားအရေရှိသည်။ဘန် ဆက်ပြီးကြည့်နေရင်တော့
တရားမစောင့်တဲ့ကျားဖြစ်တော့မယ်။

“အင်းကျီက ဂေါ်ဇီလာအင်းကျီကြီး…အ”

ဘန် ငြိမ့်ပြောတာကို နားမထောင်တော့ဘဲ ကုတင်ပေါ်ကစောင်ကိုယူကာ ငြိမ့်ခန္ဓာကိုယ်ကို ပတ်လိုက်သည်။တစ်ကိုယ်လုံးမှာ မြင်ရတာဆိုတော့ ဝိုင်းနေတဲ့မျက်နှာလေးဘဲရှိတော့တယ်။

“ရပြီ ပြန်ကြရအောင်”

ဆိုကာ ငြိမ့်ကိုခေါ်လိုက်သည်။

“အာ့”

ဘန်အရှေ့ကထွက်သွားပေမဲ့ အနောက်ကအသံကြောင့် ပြန်လှည့်ကြည့်လာသည်။ကိုယ့်‌စောင်ကိုတက်နင်းမိရင်း ချော်လဲသွားတဲ့ ငြိမ့်ကိုမြင်လိုက်သည်။

“မင်းက မွေးကတည်းကလွဲနေတာလား မသိ”

ဆိုကာ ငြိမ့်ဆီသွားပြီး ဒူးအောက်ကနေပွေ့ချီလာသည်။
အခုတော့ဘန်ရဲ့ရင်ခွင်ထဲမှာတော့ ငြိမ့်ဟာ ‌ကလေးတစ်ယောက်လိုချီထားခြင်းခံရသည်။

အောက်ထပ်ကိုပြန်ဆင်းလာတော့ သူတို့ကိုကြည့်နေတဲ့အဘိုးကိုမြင်လိုက်သည်။ဘန် မျက်လုံးမှိတ်ပြလိုက်ကာ အဘိုးလည်း မျက်လုံးမှိတ်ပြလာသည်။

ငြိမ့်ကိုကားဆီခေါ်သွားလိုက်ပြီး ၀င်ထိုင်စေသည်။

“ခန အဘိုးကိုမနှုတ်ဆတ်ရသေးဘူး”

“ကိုယ် နှုတ်ဆတ်ပြီးသွားပြီ”

ဆိုကာ သူ့လည်းကားပေါ်တက်လာသည်။ထိုအခါ Ferrari ကားလေးက မောင်းထွက်သွားလေသည်။ကားပေါ်မှာ‌ောတ့
ငြိမ့်ငြိမ်သက်စွာထိုင်နေရသည်။လှုပ်လဲမလှုပ်ရဲသလို
ဘာမှမလုပ်ရဲပါ။ဘာလို့ဆို သူဒီနေ့လူတစ်ယောက်ကိုဒုက္ခပေးပြီးသွားပြီဖြစ်သည်။

…………………….
Voteလေး ပေးခဲ့ပါအုံးမယ် အဂျစ်တို့

#from winter

Tags: read novel Coffee With Honey (Complete) part 5, novel Coffee With Honey (Complete) part 5, read Coffee With Honey (Complete) part 5 online, Coffee With Honey (Complete) part 5 chapter, Coffee With Honey (Complete) part 5 high quality, Coffee With Honey (Complete) part 5 light novel, ,

Comment

Leave a Reply

Chapter 6