Coffee With Honey (Complete) part 6

All chapters are in Coffee With Honey (Complete)
A+ A-

Ferrari ကားလေးဟာ အဖြူရောင်သစ်သားအိမ်လေးသို့ ရောက်ရှိလာသည်။ဘန် ကားပေါ်ကနေဆင်းလိုက်ပြီး  ငြိမ့်ကိုကားတံခါးဖွင့်ပေးလိုက်သည်။

“ရောက်ပြီ “

“အင်း”

ဆိုကာ ငြိမ့်လည်း ၀င်ဖို့လုပ်တော့

“မနက်ဖြန် ၀တ်ဆုံရွေးဖို့ကျုပ်လာခေါ်မယ် “

ဘန်ရဲ့စကားကြောင့် ငြိမ့်ကြောင်အအနဲ့ပြန်ကြည့်လာသည်။

“ဟမ် မြန်လှချီလား နေပါအုံး ဒီမင်ဂလာပွဲကို ခများစီစဉ်မှာလား”

“ဟုတ်တယ် အဘိုးကကျုပ်ကိုအပ်ထားတာ “

ငြိမ့် တကယ်အံ့ဩမိသည်။သူ့ဘ၀ကလူပျိုဘ၀ကိုတောင်မဆင်နွဲရသေးဘူး။လက်ထပ်ရတော့မယ်တဲ့

“မနက်ဖြန် ကျွန်တော်မအားဘူး အလုပ်သွားရမှာ”

“ဟက် မသွားရဘူး”

“သွားမှာ”

“ဒီမှာ ကျုပ်ကလေ company ကိုဘဲပိုင်တာမဟုတ်ဘူး
Company က၀န်ထမ်းတွေကိုပါ ကျုပ်သေဆိုရင်သေမဲ့လူရီးဘဲ “

“ငါကတော့ အဲထဲမပါဘူး”

ငြိမ့်နှာခမ်းဆူပြီးပြန်ရန်တွေ့လာတာကြောင့်

“အဟမ်း ဟုတ်တာပေါ့ ခများက ကျုပ်ချစ်ဆိုပြန်ချစ်ရမဲ့လူဘဲ”

“…….”

“အချိန်ကုန်တယ် မနက်ဖြန်ကျုပ်လာခေါ်မယ် အဆင်သင့်ပြင်ထား”

ဆိုကာ ဘန်သူ့ကားထဲ၀င်ကာ မောင်းထွက်သွားသည်။
ကျန်ခဲ့တဲ့ငြိမ့်ကတော့ လူသတ်ချင်တဲ့စိတ်ပေါက်နေသည်။
စိတ်လျော့ပြီး အိမ်ထဲသို့၀င်သွားလိုက်သည်။

………………..
တခြားအိမ်တော်တစ်ခုမှာတော့ ဧည့်ခန်းမှာထိုင်နေတဲ့လူကြီးတစ်ယောက်နဲ့ကောင်လေးတစ်ယောက်။ဘေးနားက bodyguard တွေကလည်း သူ့တို့ဘေးမှာအပြည့်။

“ဒယ်ဒီ ကူညီပါအုံး..ကိုကိုကလက်ထပ်တော့မယ်တဲ့ မခံစားနိုင်ဘူး”

ထိုကောင်လေးကတော့ ထက်ဝေယံပင်။လူကြီးကတော့ ထက်ဝေယံရဲ့အဖေ ဉီးထက်ခန့်မောင် သာဖြစ်သည်။ဉီးထက်ခန့်မောင်က ဝိုင်ကိုကိုင်ကာ လှုပ်ရမ်းနေသည်။

“သားစိတ်မပူနဲ့ အဲတာက ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး”

“ဒယ်ဒီ ဆိုလိုတာက လက်ထပ်ပွဲကိုပွဲပျက်အောင်လုပ်မလို့လား”

“မဟုတ်ဘူး အဲလိုလုပ်လိုက်ရင် မင်းလိုချင်တာဘဲရသွားမှာလေ ငါလိုချင်တာက ခွန်းအိမ်တော်ပျက်ဖို့ဘဲ လိုချင်တာ”

“ဒါဆို ဒယ်ဒီကဘာလုပ်မှာလဲ”

“သိချင်ရင် ရှေ့ဆက်ကြည့်လိုက်လေ”

ထက်ဝေယံ သူ့အဖေပြောတာကို မတုံ့ပြန်တော့ပါ။ဘာလို့ဆိုသူသိသည် ငယ်ငယ်ကတည်းက သူ့လိုချင်တာကိုလုပ်ပေးလာတာမို့လို့ဘဲ။ဉီးထက်ခန့်မောင်ကတော့ ဝိုင်ခွက်ကိုလှုပ်ရမ်းရင်း တစ်ခုခုကိုကြံစည်လျက်။

………………
“တက်”

ဆိုတဲ့အသံကြားတော့ ဘယ်သူလဲဆိုတာတောင် သိနေပြီ။
ဓလေ့လည်း ကားပေါ်တက်လိုက်ပြီးစတင်ကားမောင်းထွက်တော့သည်။သူတို့အခုဉီးတည်နေတဲ့နေရာကတော့ ၀တ်ဆုံသွားရွေးဖို့ဖြစ်တယ်

ထိုနေရာသို့ရောက်သည်နှင့်ငြိမ့်လည်းကားပေါ်ကဆင်းလိုက်သည်။ငြိမ့် ဘန်ကိုမစောင့်ဘဲ အရင်၀င်သွားလိုက်သည်။
၀န်ထမ်းတွေလည်းသူတို့ကိုနှုတ်ဆတ်လိုက်ပြီး

“ဒီဘက်ကိုကြွပေးပါ”

၀န်ထမ်းတစ်ယောက်ရဲ့ဉီးဆောင်မှုကြောင့် ငြိမ့်တို့လည်းလိုက်လာသည်။၀န်ထမ်းခေါ်သွားတာနေရာကိုရောက်တော့
၀တ်ဆုံနှစ်ဆုံကိုတွေ့လိုက်ရသည်။

အဖြူရောင်နဲ့အမဲရောင် မင်ဂလာ၀တ်ဆုံပင်။ငြိမ့် မျက်လုံးထဲ၀င်လာတာတော့

“မိုက်လိုက်တာ”

အဖြူရောင် ၀‌တ်ဆုံလေးကို သူ့လက်နဲ့ပွတ်တိုက်လိုက်သည်။
အဖြူရောင်၀တ်ဆုံလေးရဲ့အဖျားနားမှာ ရွှေရောင်ကွက်ထားပြီး ရင်ဘတ်မှာတော့ အနီရောင်စိန်နဲ့ပုံဖော်ထားတဲ့ နှင်းဆီပန်းလေးက တော်တော်လှနေတာပင်။အမဲရောင်လေးကတော့ ပတ္တမြားနဲ့ပုံဖော်ထားတဲ့နဂါးပုံစံမျိုးရင်ထိုးတစ်ခု။ရိုးရိုးလေးနဲ့မိုက်နေတာပေါ့နော်။ဘ၀မှာတစ်ခါဘဲ မင်ဂလာဆောင်လို့ရတာဖြစ်တဲ့အတွက်ကြောင့် ဘန်က ငြိမ့်အတွက် အဲ့ထက်ပိုပြီးတောင် ပေးဆပ်ချင်ပါသေးတယ်။

“ဒီဝတ်ဆုံကို ခများတို့ဆိုင်ကဘဲချုပ်ထားတာလား”

“မဟုတ်ပါဘူးရှင့် ဒီကလူကြီးမင်းဂင်ဘန်ချာရီ ရက်လုပ်ပြီးချုပ်ထားတာပါရှင့်”

၀န်ထမ်းရဲ့စကားကြောင့် ငြိမ့်အံ့ဩမိသွားသည်။ဘန်ကိုလှည့်ကြည့်လိုက်တော့သူကိုမသိချင်ယောင်ဆောင်ပြီး တခြား၀တ်ဆုံတွေကိုကြည့်နေတာမှန်းသိလိုက်သည်။ ဘယ်ချိန်တုန်းက သူ့ရက်လုပ်လိုက်တာပါလဲလို့တွေ့မိသည်။
ထိုအချိန် ငြိမ့် တစ်ခုခုကိုမြင်ယောင်နေသည်။

(နောက်ကြောင်းပြန်
စေ့စပ်ပွဲကျင်းပပြီးတဲ့နောက်မှာ ငြိမ့်သူ့ကိုကြီးကိုခေါ်ကာ
ဉယျာဉ်ထဲကိုသွားထိုင်မိသည်။ငြိမ့်က သူ့ကိုကြီးရဲ့ပေါင်ပေါ်ကိုခေါင်းအုံးကာ စနောက်နေခဲ့တယ်။

“ကိုကြီး သားတို့စေ့စပ်ပြီးပြီဆိုတော့ လက်ထပ်ရတော့မှာလား”

သကြားလုံးစားရင်း ကိုကြီးဆိုတဲ့ခွန်းထရစ်‌ (ခ) ဂင်ဘန်ချာရီကိုမေးလိုက်သည်။

“အင်း “

ငယ်ငယ်တုန်းက ဘန်ဟာ အနေအေးတဲ့လူတစ်ယောက်။
တည်ငြိမ်လွန်းလို့ ကျောက်ခဲတုံးမှတ်ကတယ်။ငြိမ့် သူ့ကိုကြီးပြောတာကိုနားထောင်ပြီး

“လူကြီးတွေလိုမျိုး မင်ဂလာ၀တ်ဆုံ ၀တ်ပြီး ဆောင်ရမှာလား”

“အင်း”

“ဟုတ်လား အဲတာဆို သားတို့မင်ဂလာဆောင်ရင် သားက
ရွှေရောင်ကွက်ထားတဲ့အဖြူရောင်၀တ်ဆုံ၀တ်မှာနော် ကိုကြီးက အမဲရောင်၀တ်နော်”

“အင်း”

“အဲကျရင် ကိုကြီးချုပ်ပေးရမယ်နော် မေကြီးကပြောဖူးတယ်
ဖေဖေနဲ့မေမေ မင်ဂလာဆောင်တုန်းက ဖေဖေကမေမေ့အတွက် အင်ကျီချုပ်ပေးတာတဲ့ သားတို့လည်းအဲလိုလုပ်မယ်နော် သားကအနစ်နာခံပြီးမချုပ်တော့ဘူးနော် ကိုကြီးချုပ်ပေးနော်”

စုတ်လုံးစုပ်ရင်း ပြောနေတဲ့ငြိမ့်ရဲ့စကားကို ဘန်မတုံ့ပြန်လိုက်ပါ။ဘယ်သူထင်မှာလဲ လွန်ခဲ့တဲ့၁၅နှစ်တုန်းကဟာကို
ဂင်ဘန်ချာရီမှတ်မိနေမယ်လို့)

လက်ရှိအချိန်
ငြိမ့်အရင်ကကိစ္စတွေကိုတွေးမိလိုက်သည်။ငြိမ့်လည်း အဲ့၀တ်ဆုံဘဲယူဖို့ဆုံးဖြတ်လိုက်သည်။

“ကျွန်တော်ဒီ၀တ်ဆုံကိုရွေးထားတယ်”

“ကြိုက်ရင်ယူလိုက်”

ဆိုကာ ဘန်လည်း မသိချင်ယောင်ဆောင်ပြီးကောင်တာမှာငွေသွားရှင်းသည်။ငြိမ့်ကောင်တာဆီလိုက်သွားပြီး အိမ်ပြန်ဖို့ကားထဲ၀င်လိုက်သည်။ဘန် ၀တ်ဆုံတွေကိုကားပေါ်တင်လိုက်ပြီး ကားမောင်းထွက်လာသည်။

ထိုကားလေးဟာ တဖြည်းဖြည်းမောင်းနှင်သွားလျက်။နေ့လည်စောင်းနေသည်မို့ ဗိုက်ဆာလာတော့သည်။

~~ဂွီ~~

ရုတ်တရက် ငြိမ့်ဗိုက်ထဲကအသံကြောင့် ဘန်လှည့်ကြည့်မိလာသည်။

“ဟီးဟီး”

ငြိမ့် သူ့ဗိုက်ကိုပုတ်လိုက်ပြီးသွား၃၂ချောင်းပေါ်အောင် ရီပြလာသည်။ဘန် အဲ့တာကိုပြန်မပြောဘဲ တစ်နေရာကိုဉီးတည်သွားလိုက်သည်။ထိုနေရာက စားသောက်ဆိုင်တစ်ခုပင်။

ရောက်သည်နှင့် ငြိမ့်ပြေးဆင်းသည်။သူ့‌ဗိုက်ဆာလာလို့လေ။ဘန်လည်းနောက်ကနေလိုက်ဆင်းလာပြီး ငြိမ့်ဉီးဆောင်တဲ့နောက်ကိုလိုက်သွားလိုက်သည်။

“ဒါ ဒါ ဒါ “

မီးနူးကဒ်ရှိ အစားအသောက်တွေကို ထောက်ကာ မှာနေတဲ့
ငြိမ့်ကို ဘန်လက်ပိုက်ကြည့်မိသည်။

အစားအသောက်တွေချလာသည်နှင့် ငြိမ့်မျက်နှာအထက် အပြုံးရိပ်ပေါ်လာသည်။ သူအကြိုက်ဆုံး ဖြစ်တဲ့ဖက်ထုပ်ကြော်ကိုစားမယ်ပြင်တော့

“ကိုကို!!”

ရုတ်တရက် ‌သူ့တို့အနောက်ကနေ စူးရုရုအော်သံကြောင့်
ဖက်ထုပ်တောင် ပန်းကန်ထဲပြုတ်ကျသွားသည်။ထိုလူက ထက်ဝေယံပင်။

“ကိုကို ကျွန်တော် ၀င်ထိုင်မယ်နော်”

“မရ…”

ငြိမ့် ထိုကောင်လေးကိုသဘောမတွေ့ပါ။ထိုကောင်လေးထိုင်ခွင့်တောင်းပေမဲ့ ငြိမ့်သူ့လက်မခံခင်ထိုင်လိုက်တာကြောင့်
နှာရှုံမိသည်။

အဲ့ထိအပြင် ထိုင်ခုံကို ဘန်ဘက်ကိုရွေ့ကာ ကိုကို ကိုကိုနဲ့ခိုညီးသလို ခေါ်နေတာကြောင့် ငြိမ့်အန်ချင်သလိုဖြစ်လာသည်။

ငြိမ့် သူကိုသူ ၀န်ခံတယ်။အရင်ကကိစ္စတွေသူမမှတ်မိတော့ဘူး ဒါမဲ့ အခုသူ့မှတ်မိသွားပြီလေ ‌ဂင်ဘန်ချာရီက လူဖြစ်ဖြစ် ခွေးဖြစ်ဖြစ် သူ့စေ့စပ်ထားသူ၊သူ့အပိုင်ဘဲဆိုတာကိုလေ။
‌ငြိမ့် စိတ်ထဲ သ၀င်မကျ။ငြိမ့် ဆိုတာ တငြိမ့်ထဲရှိတယ်
နှစ်ငြိမ့်မရှိဘူး ရှိခဲ့ရင်တောင် သူ့က ဘန်ရဲ့ချစ်သူမဟုတ်ဘူး။
ဒီကတေးငြိမ့်လွှားဆိုတဲ့လူကဘဲ ဘန့်ရဲ့ချစ်သူ။

“ကိုကို…ကျွန်တော်လေ..”

“အဟမ်း”

ငြိမ့် ထိုပုံရိပ်ကိုမမြင်ချင်တော့ ချောင်းဟန့်ကာ သတိပေးလိုက်သည်။ထိုမှာသာထက်ဝေယံက ငြိမ့်ကိုသတိပြုမိသလိုလုပ်လာသည်။

“အယ်….ခများထိုင်နေတာဘဲ သတိပြုမမိလိုက်တဲ့အတွက်ဆောရီးပါနော်”

“ရပါတယ် ကျွန်တော်ကိုမမြင်နိုင်ဘဲ ကျွန်‌တော်‌လူကို မြင်ရတာဘဲနော်”

“..ဘာတွေ လာပြောနေတာလဲ ခများကိုသာ မေးရမှာ
ခများက ငါနဲ့အတူတူထိုင်ဖို့ အဆင့်ရောရှိရဲ့လား ပြီးတော့ ခများကဘယ်သူလဲ”

ထက်ဝေယံရဲ့ စည်းမရှိတဲ့စကားကြောင့် ငြိမ့်ဒေါသအိုးပေါက်ကွဲလာတယ်။

“ဟုတ်လား အဲတာဆိုလဲ ငါ့လူ ကိုမေးလိုက်လေ”

ငြိမ့် ဘန်ကိုမျက်စပစ်ပြလိုက်သည်။ထိုနောက် ထက်ဝေယံ ဘန်ဘက်ကိုပြန်လှည့်လာပြီး

“ကိုကို သူကဘယ်သူလဲ”

“ငါ့ရဲ့ငြိမ့် ငါ့နဲ့စေ့စပ်ထားတဲ့လူ”

“……..”

ဘန်ရဲ့အေးစက်လိုက်တဲ့စကားက ထက်ဝေယံအ‌ေပါ်သက်ရောက်သွားတယ် ထင်ပါရဲ့။အခုတော့ ထက်ဝေယံ ရဲ့မျက်နှာက မိုးဂျိုးပစ်ခံရသလို မဲမှောင်လျက်။သူသိတယ်
ဘန်မှာအစောကတည်းက စေ့စပ်ထားတဲ့လူရှိတယ်ဆိုတာကို
ဒါမဲ့ သူ့ကြိုးစားချင်တယ် ဘန်ကိုမရရအောင် လုပ်မယ်ဆိုတဲ့
စိတ်နဲ့ပေါ့။

“ဟွန့် ကိုကို မစနဲ့ အသစ်မြင်လို့အဟောင်းမမေ့နဲ့နော်”

“ဟုတ်တယ် ငါကအသစ်မြင်လို့အဟောင်းမမေ့တတ်ပါဘူး မင်းကအသစ်ဘဲလေ”

“……”

ဒီတစ်ခါတော့ ထက်ဝေယံ သူ့ဘက်မှာ ဘယ်သူမှမရှိ။ရာသီဉတုတောင် သူ့ဘက်မရှိ ‌ပိုအေးစက်လာလို့လေ။ငြိမ့် မျက်နှာ အထက် ကြည်လင်တဲ့အပြုံးလေးပေါ်လာသည်။
ဂင်ဘန်ချာရီဆိုတဲ့ ဒီကကောင်က တေးငြိမ့်လွှားရဲ့အပြုံးမှာ
ဒူးထောက်ရသူပါ။

ငြိမ့် ဗိုက်ဖြည့်ချင်တဲ့စိတ်မရှိတော့တဲ့အတွက် ထထွက်ဖို့ဘဲပြင်တော့သည်။

“ကိုကို သွားမယ် ဟန်နီဒီမှာဆက်နေရင် အန်ချင်လာလို့”

“အင်း ဟန်နီ “

ဘန်လည်း ငြိမ့်စကားကိုထောက်ခံလိုက်ပြီး မတ်တပ်ထကာ ငြိမ့်ရဲ့ခါးကိုဖက်လိုက်သည်။ငြိမ့်လည်းနည်းနည်း ကြက်သီးထသွားပေမဲ့ သူ့ရှေ့က ထက်ဝေယံကို သူ့အဆင့်သူမြင်အောင် ပိုပြချင်သေးတယ်။

“သွားလိုက်ပါအုံးမယ်နော် ‌အော် မုန့်က ပိုင်ရှင်မရှိတော့လို့ စားလို့ရတယ်နော် ဒါပေမဲ့ ငါ့ရဲ့လူ ကတော့ ပိုင်ရှင်ရှိတယ်နော်”

“…….”

“ပြီးတော့လေ ပိုင်ရှင်ရှိရင်‌ ရှောင်တတ်ရတယ် ဒါကို ‌ဗဟုသုတအနေနဲ့ ပြောပြတာပါ သိတယ်မလား အဲ့လူကိုကြိုက်လို့ဆိုပြီး သွားမယူလိုက်နဲ့ အဲ့လူရဲ့ပိုင်ရှင် ပါးချတာ ခံရလိမ့်မယ် ‌မင်းတောင် အဲ့လူ ဒီလောက် သဘောကျရင် သူ့ရဲ့ပိုင်ရှင်ဖြစ်တဲ့ ငါက ဘယ်လောက်တောင် သဘောကျနေမိမလဲ ဆိုတာ စဉ်စား ၀ဍ်ဆိုတာ နောက်ဘ၀မကူးဘူး”

“……..”

ဆိုကာ ငြိမ့်တို့ ထွက်လာခဲ့ကြသည်။နောက်မှာကျန်ခဲ့တဲ့ ထက်ဝေယံကတော့လက်သီးကျစ်ကျစ်ပါအောင်စုပ်ပြီး အန်ကြိတ်နေလျက်။ ငြိမ့်တို့ ကားပါကင်ရောက်‌တော့ ဘန်လက်ကိုဖယ်ချပြီး

“အိမ်ပြန်ရအောင် “

“မပြန်ရဘူး “

“ဟမ်”

ဘန်ကားကိုမှီပြီး ငြိမ့်ကိုမျက်ခုံးကျုံ့ကာ အငြင်းစကားပြောလာတာကြောင့် ငြိမ့်ကြောင်သွားသည်။

“ထပ်ခေါ်”

“ဘာကို”

“ကိုကိုလို့”

ဘန်ရဲ့ စကားကြောင့် ငြိမ့်မျက်နှာ နီရဲလာသည်။ သူ့ထက်ဝေယံကို ချေချင်လို့တောင် အဲလိုခေါ်ခဲ့တာ လေ။

“……”

“‌မခေါ်မချင်းမသွားရဘူး”

“ရတယ် လမ်းလျှောက်သွားမယ်”

ငြိမ့်ထွက်သွားဖို့ပြင်တော့ ဘန်ကနှုတ်ခမ်းကိုကွေးတတ်အောင် ‌ပြုံးလိုက်ပြီး မျက်နှာပြင်၌ ပါးချိုင့်တစ်ခုက အထင်သား။

“ကျုပ်တို့ရောက်နေတာ ပြောရရင် မြို့ပြင်မှာနော် “

ငြိမ့် ရုတ်တရက် ငြိမ်သက်သွားပြီး

“ဟွန့်.”

နှာခေါင်းရှုံ့ကာ ဘန်ကိုပြန်လှည့်လာတဲ့ငြိမ့်ကိုကြည့်ကာ
ကျေနပ်သွားမိသည်။

“ကျုပ်ကို ကိုကိုလို့ခေါ်မလား မခေါ်ရင် ကျုပ်ဒီကားပါကင်ကိုအပိုင်၀ယ်ထားပြီး မင်းမခေါ်မချင်း မသွားဘူး”

ဘန်ရဲ့စကားက ငြိမ့်ကိုအခက်တွေ့စေတာ အမှန်။ဘန် ထပ်ပြောလာသည်။

“ကိုကိုမခေါ်ရင် မင်ဂလာဆောင်မှာ”

“ခေါ်ရင်ရော”

“ခေါ်ရင် မင်ဂလာဆောင်မှာဘဲပေါ့”

“………..”

ငြိမ့် တွေဝေသွားမိသည်။သူ့မှာရွေးစရာလမ်းမရှိတော့ပါ။ပြီးတော့ သူဗိုက်ဆာသေးသည်။ထက်ဝေယံလာလို့ ဘာမှမစားရသေးတာ သတိပြုမိသေးတယ်။

“ကို….ကို”

“မကြားရဘူး”

ငြိမ့် တိုးညှင်းစွာခေါ်လာတာကြောင့် ဘန်ကမကြားချင်ယောင်ဆန်ကာ

“ကိုကို”

အခုအသံက ခနအသံထက်ပိုကျပ်သေးသည်။ဒါမဲ့လည်း

“ကျယ်ကျယ်လေး”

” ကိုကိုလို့!!”

ဒီတစ်ခါ ငြိမ့်အသံက ကားပါကင်တစ်ခုလုံးဖုံးလွှမ်းထားသည်။ဘန် နှုတ်ခမ်းကိုကွေးတတ်သွားအောင်ပြုံးမိသည်။ ထိုနောက် ဘန် ငြိမ့်ရဲ့နားနားကိုကပ်ကာ ပြောလိုက်သည်။

“ဂင်ဘန်ချာရီဆိုတဲ့ကောင်ကလေ ငြိမ့်ဆိုတဲ့မင်းတစ်ယောက်တည်းဆီကဘဲ ကိုကို ဆိုတဲ့ခေါ်သံကြားချင်တာ ဟန်နီရဲ့ ကိုယ့်ရဲ့ပျားရည်လေး”

ဘန် ရဲ့စကားကြောင့် ငြိမ့်မျက်နှာနီရဲလာသည်။
ဘန်လည်း ဟက်ခနဲရီကာ
ဘန်ကားတံခါးကိုဖွင့်ပြီး ၀င်ထိုင်လိုက်သည်။

“တက်”

ထိုမှသာ ငြိမ့်ကားပေါ်တက်လိုက်ပြီး စားသောက်ဆိုင်ထဲက ပြန်ထွက်လာကြသည်။

………………..
A/N
ဒီအပိုင်းရေးတာ ဂင်ဘန်ချာရီကိုအောက်ထားချင်တဲ့စိတ်ပေါက်လာတယ် အဂျစ်တို့ရယ်

#from winter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 6, novel Coffee With Honey (Complete) part 6, read Coffee With Honey (Complete) part 6 online, Coffee With Honey (Complete) part 6 chapter, Coffee With Honey (Complete) part 6 high quality, Coffee With Honey (Complete) part 6 light novel, ,

Comment

Leave a Reply

Chapter 7