Coffee With Honey (Complete) part 9

All chapters are in Coffee With Honey (Complete)
A+ A-

မနက်ခင်းသို့တဖန် ရောက်ရှိလာခဲ့တယ်။
နေရောင်ခြည်လေးက အိပ်ရာပေါ်ထဲက လင်မယားနှစ်ယောက်ဆီ ကျရောက်ကာ နိုးထစေခဲ့တယ်။ဒါမဲ့ ဘန်က စောစောကတည်းက နိုးနေပြီးသားမို့ အိပ်ရာမထဘဲ
သူ့ရဲ့ဟန်နီ ကိုငေးနေမိသည်။

ငြိမ့်ပင်ပန်းထားတဲ့ဒဏ်ကြောင့် ဘန်ကို ရင်ဘတ်ပေါ် သူ့လက်တင်ပြီး ဘန်ရဲ့ခြေထောက်ပေါ် ခွထားလျက်ရှိနေသည်။
ငိုခဲ့လို့ ဖောင်းနေတဲ့မျက်လုံးတွေက သက်သေတစ်ခုပင်။
ငြိမ့်လည်တိုင်တလျှောက် အနီရာကွင်းကွင်း ကိုက်ရာလေးတွေက အချစ်ပန်းချီကားလို ကျန်နေခဲ့။

နေရောင်ခြည်က ငြိမ့်မျက်နှာပေါ်ကျရောက်လာတာကြောင့်
ခန္ဓာကိုယ်လေး လှုပ်ရှားလာခဲ့တယ်။

“နိုးပြီလား ကိုယ့်ရဲ့ငြိမ့်”

“….ဟင်…အားး”

မျက်လုံးဖွင့်ဖွင့်ချင်း ဘန်ရဲ့အသံကြားလိုက်တာကြောင့်
သူ့ခန္ဓာကိုယ်ကို ပြန်ငုတ်ကြည့်ကာ ဘာမှမ၀တ်ထားတာကိုသတိထားမိသွားသည်။ ငြိမ့်အော်ဟစ်ပြီး ထထိုင်ဖို့လုပ်ပေမဲ့ ဘန်မလွှတ်။

“လွှတ်…လွှတ်လို့”

“အင်အားတွေကျန်သေးတာဘဲ မနက်လေ့ကျင့်ခန်းလေး လုပ်ကြမလား”

“အီးဟီး….ဝါး..ဟင့်”

ဘန်ရဲ့စကားကြောင့် ငြိမ့်ရှက်တာရောနာတာရော ပေါင်းပြီးငိုချပါလေရော။

“ဟေး…..အရမ်းနာလို့လား”

ဆိုကာ စောင်ကိုဖယ်ကြည့်မယ်လုပ်တော့ ငြိမ့်ကစောင်ကိုပြန်ယူပြီး မျက်ရည်ဝိုင်းဝိုင်းလေးနဲ့ပြန်ကြည့်လာသည်။

“ကိုကြီး…သားကို တာ၀န်ယူ”

“‌ဟက်…ကိုယ်ကတာ၀န်မယူဘူးထင်လို့ ငိုတာလား”

“ဟုတ်…တစ်ခု..ဟင့် ကျန်သေးတယ်”

“ပြောပါအုံး ဘာကျန်သေးလဲ”

“‌ဗိုက်ဆာတယ်”

ငြိမ့်ရဲ့စကားကြောင့် ဘန်ပါးချိုင့်တွေပေါ်အောင်ရီမိလိုက်သည်။ငြိမ့် ဘန့်ရဲ့ပါးချိုင့်ကိုငေးကြည့်နေတုန်း။

“ဖေဖေနဲ့တူလိုက်တာ ဖေဖေ့မှာပါးချိုင့်ရှိတယ် သိလား”

“အင်း”

ငြိမ့် ဘန်ရဲ့ပါးကိုကိုင်ပြီး ‌ပျော်ရွှင်မြူးနေတဲ့အသံနဲ့ပြောလိုက်သည်။ဘန် ငြင်သာစွာဖြေပေးလိုက်ပြီး

“ကျွန်တော်မှာလည်း….ဆံပင်ကောက်ကောက်တွေရှိတယ်
ပြီးတော့ တစွယ်လေးလည်း ရှိတယ် “

“အဲတာ ဖူးစာ”

“ဟင်….”

ဆိုကာ ဘန် ရုတ်တရက် ထလိုက်ပြီး ငြိမ့်ကို ဒူးအောက်ကိုပွေ့ချီလိုက်သည်။ရေချိုးခန်းဆီသွားလိုက်ပြီး ငြိမ့်ကိုဘေစင်ပေါ်တင်ကာ ဘန် ပြန်ထွက်သွားသည်။သူ့ပြန်လာတဲ့ လက်ထဲမှာ လိမ်းဆေးဘူးတစ်ဘူးကိုကိုင်ထားသည်။

“ဟိုဘက်လှည့်ပြီး ဘေစင်ကိုမှီလိုက်”

“ဟင်..”

ငြိမ့်ပြန်ဖြေချိန်မရ ဘန် ငြိမ့်ခါးကိုကိုင်ပြီးလှည့်လိုက်သည်။
ငြိမ့် အခုမှအခြေအနေကိုရိပ်မိပြီး

“ဘာလုပ်တာလဲ”

“ဆေးလိမ်းပေးမလို့”

“ကိုယ်ဟာကို..လိမ်….အ့”

ဖြန်း

သူ့ကိုဂျီးများနေတဲ့ငြိမ့်ရဲ့တင်ပါးကို ရိုက်ချပလိုက်သည်။

“ငြိမ်ငြိမ်နေ”

“ဟုတ်….”

ထိုနောက် သူ့ရှေ့မှာရှိနေတဲ့ တင်ပါးကိုဆွဲဖြဲကာ အပေါက်နားကို လိမ်းဆေးတုံ့ပေးလိုက်သည်။

“အင့်..စပ်….တယ်”

“အင်း ကိုယ်သိတယ်”

ဆေးအမြန်လိမ်းပြီးတော့ငြိမ့်ကိုဘေစင်ပေါ်ပြန်တင်ကာ ဘန်ပြန်ထွက်သွားလာသည်။ပြန်၀င်လာတော့ လက်ထဲမှာ
အင်းကျီတစ်စုံနဲ့။

“လာ ဒါ၀တ်ထား”

ညအိပ်အင်းကျီလို လက်ရှည်ဝိုင်းစက်လေးကို ငြိမ့်ကို၀တ်ပေးလိုက်သည်။ငြိမ့်ကတော့ ကလေးတစ်ယောက်လို
ဘန် လုပ်ပေးတာခံနေရသည်။

“ရပြီ မနက်စာသွားစားမယ်”

“ဟုတ်..ရတယ် သားကိုယ်ဟာကိုလမ်းလျှောက်နိုင်တယ်”

“မရှည်နဲ့”

ဘန် ငြိမ့်ကို ဒူးအောက်ကပွေ့ချီလိုက်တာကြောင့် ငြိမ့်ပြောချင်ဖြစ်သည်။ပြောပြီးပြီးချင်း ငေါက်ခံ‌‌လိုက်ရတာကြောင့်
ငြိမ်ကုတ်သွားသည်။ငြိမ့်သူဆိုးချင်ဆိုးမယ် ဒါမဲ့ ဘန်စကားဆို အမြဲနားထောင်ရသည်။

အောက်ထပ်ဆင်းလာတော့ လှေကားနားမှာ သူတို့ကိုစောင့်နေတဲ့ လူနှစ်ယောက်။

“မင်ဂလာပါ သခင်ကြီးနဲ့သခင်လေး”

ထိုလူနှစ်ယောက် ဘန်နဲ့ငြိမ့်ကိုနှုတ်ဆတ်လိုက်သည်။ဘန်က ရိုးနေပြီဖြစ်တာကြောင့် ဘာမှမဖြစ်ဘဲ ငြိမ့် သူ့နားသူမယုံနိုင်ဘူးဖြစ်နေတယ်။ဘာတဲ့ သခင်လေး ဆိုလား။

ထမင်းစားခန်းထဲ သွားလိုက်ပြီး ငြိမ့်ကိုခုံပေါ်မှာ ချပေးလိုက်သည်။ငြိမ့် သူ့ရှေ့မှာရှိတဲ့ရှမ်းခေါက်ဆွဲကို မျက်စီကျသွားသည်။

“အများကြီးဘဲ”

“ဟုတ်တယ် သခင်လေးဗျ သခင်ကြီးက သခင်လေး ကြိုက်တဲ့ ရှမ်းခေါက်ဆွဲ လုပ်ပေးဖို့ပြောထားလို့ ပြီးတော့ ကျွန်တော်နာမည်က ကောင်းစေသူပါ  သူနာမည်က တာတီးပါ”

“မင်ဂလာပါ သခင်လေး”

ထိုလူနှစ်ယောက သူ့ကိုသူ မိတ်ဆတ်ပြသည်။ကောင်းစေသူဆိုတဲ့လူက အရပ်နည်းနည်းရှည်ပြီး တာတီးဆိုတဲ့တစ်ယောက် ကောင်းစေသူထက် နည်းနည်းပုသည်။

” ငြိမ့် စားတော့”

“ဟုတ်”

ဆိုကာငြိမ့် ရှမ်းခေါက်ဆွဲစတင်သုံးဆောင်ပါတော့သည်။
ဒါမဲ့သူသတိထားမိသည် ဘန် သတင်းစာကိုင်ကာ ဖတ်နေပြီး ကော်ဖီနဲ့မုန့်ကိုစားနေသည်။

“ခများရော ဒါမစားဘူးလား “

တောက်ခ်

“အာ့ နာတယ်ဗျာ”

ငြိမ့်အော်သံက ဘန် နဖူးတောက်ခ်ခေါက်ဆီကလာတာဖြစ်တယ်။ငြိမ့် နီရဲသွားတဲ့သူ့ နှဖူးကိုင်ကာ မျက်ရည်ဝိုင်းလာသည်။

“ဘယ်လိုခေါ်ဖို့ပြောထားလဲ”

“ဟင်…ကိုကိုလို့ခေါ်…ဖို့ပြောထား…..ပါတယ်”

ငြိမ့် ထစ်ငေါ့ထစ်ငေါ့နဲ့ပြောလာသည်။

“အင်း မှတ်ထားနော် ကိုကိုလို့ခေါ်ခိုင်းရင်ခေါ်ရမယ် နောက်မှအပြစ်ရှိလို့ ဆူရင် ရော့ အင်းဆိုပြီး ဂျယ်လီမိတ်ရှိတ်နဲ့မဆူချင်ဘူးနော်”

ဘန် ကိုငြိမ့်အံ့ဩမိသည် သူ့ကြိုက်တဲ့အရာတွေအကုန်လုံးကိုမှတ်မိနေသည်။သူ့ရှမ်းခေါက်ဆွဲကြိုက်တယ် ဂျယ်လီမိတ်ရှိတ်ကြိုက်တယ် အရာအားလုံးပေါ့။

“ဟုတ်ကဲ့ပါ‌ဗျာ…..ကိုကို”

“အင်း အဲတာဆို စားတော့”

“ဟွ့န့်…”

ဆိုကာ ငြိမ့်သူ့စားလက်စ ရှမ်းခေါက်ဆွဲ ဆက်စားမလို လုပ်တော့ ကိစ္စတစ်ခုခုကို သတိရသွားသည်။

“ကိုကို”

“အင်း ငြိမ့်”

“ကော်ဖီကကောင်းလား”

“ဟန်နီကပိုကောင်းတယ်”

“……….”

“အတည်မေးနေတာလေဗျာ”

“အတည်ဖြေနေတာဘဲလေ”

“ဟာ….ခများ…ဆောရီး ကိုကို ကို့ ဟိုနေ့ကကော်ဖီဖျော်ပေးမလို့ဟာကို “

“အင်း……ရေကော်ဖီလို့ဖျော်မလာနဲ့”

“ဟီးဟီး ဟုတ်ကဲ့ပါဗျာ”

ဆိုကာ ငြိမ့် ခုံပေါ်ကနေ ပြေးဆင်းသွားပေမဲ့

“အာ့ နာတယ်”

မီးဖိုချောင်ထဲ ၀င်၀င်ချင်း အောက်ပိုင်းက နာကျင်မှုတစ်ခုကြောင့် ချော်လဲသွားသည်ကို မြင်ရာ ဘန် အသံကြားတာနဲ့ ချက်ချင်းငြိမ့်ဆီပြေးလာသည်။

“လွဲပြန်ပြီလား “

“လွဲဘူး ခများ…ဟီးဟီး ကိုကြီးလုပ်လို့ချော်လဲတာလေ “

“အင်း ကဲ ကိုယ်ချီမယ်”

ဆိုကာ ငြိမ့်ကို ‌ကလေးပွေ့ချီသလိုပွေ့ချီလိုက်သည်။ခြေထောက်နှစ်ဖက် သူ့ခါးကိုခွစေကာ လက်နှစ်ဖက်ကို သူ့ပခုံးကို ဖက်ခိုင်းထားသည်။အခုတော့ ဘန်ရင်ခွင်ကြီးကြီးရီးမှာ ငြိမ့်တစ်ယောက် ရေမြုပ်သလို ရင်ခွင်မြုပ်နေတာပေါ့။

“ကဲ ဘာသွားချင်လဲ ပြော”

“အပေါ်ထပ် သားအိတ်ထဲမှာ မေကြီးပေးတဲ့ကော်ဖီထုပ်ရှိ‌တယ်”

“အင်း “

ဆိုကာ ဘန် ငြိမ့်ကိုချီကာအပေါ်ကိုပြန်တက်သွားသည်။
ကျန်ခဲ့တဲ့ ကောင်းစေသူနဲ့တာတီးကတော့ ရေမြင်းပါးစပ်လိုဟရင်းကျန်ခဲ့။

“သခင်ကြီးကတော့ YBS ဖြစ်နေပြီ”

တာတီးက ကောင်းစေသူကိုပုတ်ပြီးပြောလိုက်သည်။

“YBSဆိုရင်တောင် သခင်လေးတစ်ယောက်ထဲကိုဘဲ စီးခိုင်းမှာ ဉပမာ….ခရီးသည်လေး အိမ်ရောက်တယ် အိပ်ခန်းရောက်တယ် အိပ်ရာရောက်တယ် သွားခ အာဘွားတစ်ချက်ပါဘဲ ခရီးသည်လေးငြိမ့်”

ကောင်းစေသူရဲ့စကားကြောင့် တာတီး ရီလိုက်မိသည်။
တကယ် သခင်ကြီးကြားရင်တော့ ဘာမှမဖြစ်ဘဲ သခင်လေးကြားရင်တောင် စိတ်ကောက်တော့မယ် အဲ့ကျမှသခင်ကြီးတကယ်သတ်တော့မှာ

“ဟားဟား တိုးတိုးဟ သခင်လေးကြားသွားရင်သေ‌လိမ့်မယ်”

……………….
အာ့ အင့် အား ဟင့်(ကိုကိုရဲ့YBSမောင်းသံ)

ပုံ_ဗဟုသုတများတဲ့ ကိုကိုဆောင်း

(အချစ်များနဲ့တာ ရေးသားသည်)
#from winter (ဆောင်း)

Tags: read novel Coffee With Honey (Complete) part 9, novel Coffee With Honey (Complete) part 9, read Coffee With Honey (Complete) part 9 online, Coffee With Honey (Complete) part 9 chapter, Coffee With Honey (Complete) part 9 high quality, Coffee With Honey (Complete) part 9 light novel, ,

Comment

Leave a Reply

Chapter 10