Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၂

A+ A-

Unicode….

ဘာသဘောလဲ သူဘာကိုပြောချင်တာလဲ ကျွန်တော့်ကလေး  ကျွန်တော့်ကလေးကရော  
အားးးးးးးးးးးး

ဟင်း….ဟင်း………
အားးးးးးးးးးးးးး

ကျွန်တော့်ရင်တွေ ………
ကျွန်တော့် ရင်တွေနာလွန်းလို့တစ်ယောက်ယောက်က လာပြောပေးကြပါ
ဒါအိမ်မက်…..  အိမ်မက်ပါလို့ ကျေးဇူးပြုပြီး တစ်ယောက်ယောက်က လာနှိုးပေးကြပါဗျာ
အားးးးး

ကျွန်တော် ငိုနေတာ မျက်ရည်တွေ ကုန်ပြီလားတောင်မသိဘူး ကျွန်တော့်မျက်ရည်ကုန်ရင်ရော ကျွန်တော့်ကလေးက အသက်ပြန်ရှင်လာမှာလား

“ခင်များကြောင့်    ဒါတွေအားလုံး ခင်များကြောင့်ပဲ  ခင်များနဲ့ ပတ်သတ်တာကစပြီ ကျွန်တော့်ဘဝတစ်ခုလုံးမှားခဲ့တာ  ….
ဟက်……..အခု ခင်များကျေနပ်ပြီလား  ခင်များမလိုချင်တဲ့ကလေး  သမားရိုးကျမွေးလာတာ မဟုတ်တဲ့ကလေး
အခုခင်များကျေနပ်ပြီလား  .
ကျွန်တော့်ကလေးဘာလို့အခုလိုဖြစ်လဲသိလား  သူ့ရဲ့အဖေ ကိုယ်တိုင်က သူ့ကို မလိုချင်မှန်းသိလို့   
သူကိုယ်တိုင် အလိုက်တသိ  ဒီလောကထဲက ထွက်သွားခဲ့တာ  ခင်များကြောင့် အကုန်ခင်များကြောင့်
အားးးးးးး”

ရှိုင်းခေတ်….

“စစ်ခွန်းသာ………..စစ်ခွန်း………စစ်ခွန်း”

လူနာကိုကုတင်ပေါ်   ပွေ့တင်ပြီး ဆရာဝန်ပြေးခေါ်ရတယ်  သွေးနုသားနုမို့   စိတ် လှုပ်ရှားလွန်းပြီး မေ့သွားတာတဲ့.သတိပြန်လည် လာရင် စိတ်မလှုပ်ရှားစေဖို့လည်းမှာသွားတယ်.
.
.
.
.
.
.
.
.
.
.

ကျွန်တော် သတိရလာတော့ အခန်းထဲမှာ ကျွန်တော်ကလွဲပြီး ဘယ်သူမှရှိမနေ ဘူး.ကျွန်တော်ပင်ပန်းနေပြီ   အရမ်းကိုပင်ပန်းနေပြီ. အိမ်ပြန်ချင်တယ်.အမေ့ကိုလည်းတွေ့ချင်တယ်.ကျွန်တော့ကိုဆို အမြဲချစ်ပေး ဂရုစိုက်ပေးတဲ့ ကိုကြီး ကိုငယ် မမတို့ကိုတွေ့ချင်တယ်.
.
.
.
.
.
ကျလာပြန်ပြီ ဒီစောက်မျက်ရည်တွေ မကုန်နိုင်တော့ဘူးလားဗျာ.ဟင်းးးဟင်းးးးးး

တော်ပါတာ့ စစ်ခွန်းသာရယ်….ဒါမင်း ကိုယ်တိုင်ရေးတဲ့ဇာတ်ပဲ. ကျွန်တော် ခွင့်လွှတ်ပါတယ် ကိုရှိုင်းခေတ်ရယ်.ခွင့်လွှတ်တယ်.ခွင့်မလွှတ်နိုင်တာ ကျွန်တော့်ကိုကျွန်တော်ပဲ.ခင်များလိုလူကိုမှ ချစ်ခဲ့မိတဲ့ ကျွန်တော်ပဲ.

သို့
📄

                        နှုတ်ဆက်ခဲ့ပါတယ်.
ဘယ်တော့မှပြန်မတွေ့ပဲနေကြ ရအောင်.
ဒီဆိုးဝါးလွန်တဲ့ကံကြမာကြီးကို ဒီမှာတင်ပဲအဆုံးသတ်ရအောင်.ဝဠ်ကြွေး တွေရှိရင်လည်း ဒီဘဝမှာပဲကြေပါရစေ.ဒီဘဝမှာ မက နောင်ဘဝထိ ပြန်မဆုံဘဲနေကြရအောင် ကိုရှိုင်ခေတ်.
နောက်ဆုံးအနေနဲ့ပြောခဲ့မယ် ကျွန်တော်ခင်များကို ခွင့်လွှတ်တယ်.

                                                          စစ်ခွန်းသာ

.
.
.
.
.
.
.
.
.
.
.
.

ကျွန်တော်အိမ်ရောက်တော…..

“သား  ….     သားငယ်ပြန်လာပြီလား
ကြည့်ပါဦး လူက ပိန်သွားလိုက်တာ”

ကျွန်တော်အထုပ်တွေချပြီး အမေ့ကို ပြေးဖက်မိတယ်  နွေးထွေးလိုက်တာ အမေ့ရင်ခွင်ဆိုတာ ဘယ်ချိန်မဆို သားသမီးတွေအတွက်အလုံခြုံဆုံးရင်ခွင်ပဲ  အမေ့ရင်ခွင်ထဲမှာ အချိန်ကြာကြီး ငိုနေမိတယ်.အမေကတော့   ငါ့သားလေး ပင်ပန်းသွားပြီ ပင်ပန်းသွားပြီ ဆိုပြီး နောက်ကျောကို ဖွဖွလေး ပုတ်ပေးတယ်.
.
.
.
.
.
ခနကြာတော့ ကိုငယ်ဆီ သွားလိုက်တယ်.
ကိုငယ်က အိမ်ရှေ့ပြတင်းပေါက် နားက ထိုင်ခုံမှာ ထိုင်နေပြီး ကျွန်တော်နဲ့ အမေ့ကို  ပြုံးပြီးကြည့်နေတယ်.ကျွန်တော် ကိုငယ့် နားသွားတော့.

“ကိုငယ်……………………. ကိုငယ် ညီလေးကို
သိတယ်မလား”

ကိုငယ်ကတော့ ထုံးစံအတိုင်း သူ့မူပိုင် အပြုံးလေးနဲ့နှုတ်ဆက်တယ်

“ဟား…..ဟား…ငါညီရာ      …ကို့ညီကို မမှတ်မိစရာလား.. ဒီလောက်ချစ်ဖို့ကောင်းတဲ့ ငါ့ ညီလေးမှ မေ့နေရင် အကို ဘယ်လူဟုတ်တော့မလဲ”

ကျွန်တော် ကိုငယ်ကိုပြေးဖက်မိတယ်.

“ကိုငယ်     …အဓိက. က. ကိုငယ်နေကောင်းဖို့ကသာ အဓိက. ဟုတ်ပြီလား ပိုက်ဆံကိစ္စ. တခြားဘာကိစ္စကို မှ စိတ်ပူမနေနဲ့  အကုန် ဒီက ညီလေးတာဝန်သာထား ဟီး…..ကိုငယ်က ကျန်းမာရေးကောင်းအောင်သာနေ….OK👌”

မိသားစုတွေနဲ့ အကြာကြီးနေမှ ပျော်ပျော်ရွှင်ရွှင် အချိန်တွေကုန်ဆုံးဖြစ်တယ်. ကိုငယ်ကလည်း အခြေအနေ တော်တော်ကောင်းလာလို့ တကယ် ဝမ်းသာမိတယ်.ဟုတ်တယ်  ကျွန်တော် ခြေလှမ်း ပျက်လို့မဖြစ်ဘူး   အခု ကျွန်တော့ကို မှီခိုနေတဲ့ ကျွန်တော့်မိသားစု ရှိနေပြီ.ကျွန်တော် ကြိုးစားမှဖြစ်မယ်.ကျွန်တော် မရှိတဲ့ တစ်နှစ်နီးပါးအတွင်း ကျွန်တော်ပိုက်ဆံမလွှဲလို့ အဆင်ပြေလားမေးကြည့်တော့လည်း အဆင်ပြေတယ်တဲ့.အကြွေးလည်းမတင်ဘူး. ရှိတဲ့ ပိုက်ဆံလေးနဲ့ ငွေတိုးပေးပြီ ရတဲ့ အတိုးနဲ့အဆင်ပြေတယ်တဲ့. ထူးဆန်းပေမဲ့  လည်း အဆင်ပြေတယ်ဆိုတော့ ထွေထွေထူးထူး မမေးဖြစ်ဘူး. ကျွန်တော့ဘဝကတော့ သာမန်အတိုင်းဆက်ပြီးသွားနေတယ်.
သူနဲ့ဘယ်အရာမှ မပတ်သတ်ချင်တော့လို့ အလုပ်ကထွက်လိုက်တယ်.အသိအကို တစ်ယောက် မိတ်ဆက်ပေးတဲ့အလုပ်. စာရင်းကိုင် အလုပ်ဆိုတော့ကျွန်တော်နဲ့အဆင်ပြေတယ်.ကျောင်းပြီးခါစက ကွန်ပြူတာသင်တန်း အခြေခံတက်ထားတော့ ပိုပြီး အဆင်ပြေသွားတယ်.အလုပ်လုပ်ရတာလည်းတကယ်အဆင်ပြေတယ် ပိတ်ရက်တစ်ရက်ရှိတော့သင်တန်းတက်ရတာလဲအဆင်ပြေတယ် လ စာကလည်း ၂ သိန်းကျော်နီးပါးရတယ်.ရတဲ့အတိုးနဲ့ လစာနဲ့ဆိုတော့ အိမ်က အရင်ထက်ပိုအဆင်ပြေလာတယ်.ကျောင်းတက်တော့လည်း ခွင့်ပေးတယ်.ဘောနပ် မရပေမဲ့ လာစာတော့ပေးတယ်.တကယ်ကိုအဆင်ပြေတယ်.
.
.
.
.
.
.
.
အိမ်ပြန်လာတော့…..

” ဟား ……..ငါးလိုးမသားတွေအကုန်လီးပဲ……

ဘယ်သူလဲ…… ဘယ်သူကငါ့ကို…ဘာ

အ…အရက်သမားပြောတာ…မင်းတို့ထက်ပိုတော်
နေလို….အေ့……အေ…………….
ငါလိုးးးးးးး”

” ကိုထွန်းဝင်း..တော်ပါတော့….အဲ့အရည်တွေသေတဲ့ထိသောက်နေဦးမှာလား…..နင်သေမှအေးမှာ
နင်သေမှတစ်အိမ်လုံးစိတ်ချမ်းသာရမှာ….”

အဖေမူးနေတယ်ထင်တယ်.ဒီအခြေအနေတွေက ကျွန်တော့်အတွက်ရိုးနေပါပြီ.မွေးပြီးစ လူမှန်းသိတတ်စအရွယ်တည်းက အဖေကညတိုင်းမူးပြီ..အမေနဲ့အမြဲလိုရန်ဖြစ်နေတာတွေ့တော့…..တကယ်ကိုရိုးနေပါပြီ.
အမေအမြဲပြောတယ်……….၁၆ နှစ်လောက်မှာအဖေနဲ့ယူမိခဲ့တာ..သူ့ဘဝရဲ့နောင်တအရဆုံးသောအရာတဲ့…ငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့လို့ အမေ့ကိုအပစ်မတင်ပါဘူး…ဘာလို့ဆို အမေ့ရဲ့အမေ ကျွန်တော်တို့အဖွားက ရွာသူပီပီ ရှေးရိုးအရမ်းဆွဲလို့…….အမေမှန်ကြည့်ရင် ကြည့်​ပြန်ပြီ သနပ်ခါးလိမ်းရင် လိမ်းပြန်ပြီ… ကုန်ကုန်ပြောရရင် အိမ်ထောင်သည်နဲ့ အပေါင်းအသင်းလုပ်ရင်တောင်….အမေ ယောက်ကျားယူချင်နေပြီဆိုပြီး အလိုမျိုးကိုချုပ်ချယ်ခဲ့တာ.အမေလည်း စိတ်ကုန်လွန်းလို့ စိတ်ထွက်ပေါက်အဖြစ်အဖေနဲ့ခိုးရာအမြန်လိုက်ခဲ့မိတယ်…..ဘယ်သူသိမှာလဲ
အဲ့ကစပြီးအမေ့ကံက ဘယ်တော့မှပြန်မကောင်းလာနိုင်တော့ဘူးဆိုတာ………

ကျွန်တော်တို့က မကွေးတိုင်း နတ်မောက်မြို့နားက ရွာငယ်လေးဘက်က.ကျွန်တော် ၉ နှစ်လောက်ကမှရန်ကုန်ပြောင်းလာခဲ့တာ…..ရန်ကုန်ပြောင်းလာရတဲ့အကြောင်းကတော့..အကြွေးတွေပတ်ချာလည်ပြီး စားစရာမရှိအောင်ကိုမွဲတေခဲ့လို့
ရန်ကုန်သွားဖို့လမ်းစရိတ်မရှိလို့……ရှိတဲ့နွားနှစ်ကောင်ကိုရောင်းပြီး ကိုငယ်ကိုအရင်ရန်ကုန်ပို့ခဲ့ရတာ..ကိုငယ်မှာ လူကောင်ကသေးသေးနဲ့ ဆောက်လုပ်ရေးတွေမှာ တစ်နေကုန် ဘိလပ်မြေထုပ်တွေ သယ်ပြီးမှ ရလာတဲ့ ငွေတစ်သောင်း.အဲ့ခေတ်ကတော့ တစ်သောင်းဆို တစ်အိမ်လုံးစားလောက်တယ်.အဲ့ငွေနဲ့မှ. ကျွန်တော်နဲ့ အမေ.အဖေပါရန်ကုန်တက်လာရတာ. ကိုကြီး ကတော့ အဲ့ကတည်းက တခြားရွာသူနဲ့  အိမ်ထောင်ကျပြီးပြီမို့ အိမ်ကိစ္စတွေဘာတွေဘာမှမသိခဲ့ဘူး.ဒါကြောင့် ကိုငယ်က အိမ်မှာ အလိမ္မာ ဆုံးနဲ့ အမေတို့ကိုလုပ်ကိုင်အကျွေးဆုံးပဲ
မမကတော့ ကျောင်းထွက်ပြီး..ရန်ကုန်က အလှပြင်ဆိုင်မှာ အလုပ်သင်မလို့ စားရိပ်ငြိမ်းပဲ လစာမရဘူး.
.
.
.
.
.
.
.
ကျွန်တော် တို့အိမ်က ကံကောင်းလို့မရတဲ့အိမ်ထင်ပါ့.ဘိလပ်မြေကားပေါ်မှာ နောက်ပြန်လန်ပြီးပြုတ်ကျလို့ ကိုငယ်ဆေးရုံတင်လိုက်ရတယ်…
တော်သေးတယ်ပဲပြောရမလား..အလုပ်မှာဖြစ်တာမို့ ဆေးရုံခ သူတို့ပဲအကုန်တာဝန်ယူသွားတယ်………
အဲ့မှာ….. အဖေ..ကိုငယ်ဆီဆေးရုံသွား​စောင့်မယ်ဆိုပြီး…ဆေးရုံထဲကသစ်ပင်အောက်မှာ ပုဆိုးဟောင်းလောင်း နဲ့မူးပြီးလဲနေတာ…….
လူနာဖြစ်တဲ့ကိုငယ်ကသွား ပြီးထူပေရတဲ့အထိပဲ..
ဒါမဲ့လည်းကိုငယ်အဖေ့ကိုဘာမှမပြောဘူး…
ကျွန်တော်သာဆို ရှက်ပြီးသေလောက်ပြီ…..
ကိုငယ်ကအလိုသားမျိုးပါ………
ကိုငယ်ရွာမှာနေတုန်းကဆို..အဖေတခြားရွာအလုပ်သွားလုပ်တယ်ဆို ကိုငယ်အပျော်ဆုံးပဲ……
ထမင်းစားလို့အသံမြည်ရင်လည်းပြော…
ရွာမှာဟင်းကောင်းတစ်လတစ်ခါလောက်စားရရင်လည်း..အဲ့ ဟင်းကို…….  ကိုငယ်နှိုက်ပြီဆိုမျက်လုံးကြီးပြူးပြီးကြည့်…..အာ့ကြောင့်ကိုငယ် အဖေမရှိခင် ထမင်းစားရရင်အရမ်းပျော်တာ…..
မမဆိုလည်းအဖေ့ကြောင့်……. အပျိုပေါက်ကနေ အိမ်ထောင်မကျခင်အထိ အမဲသား.ဝက်သား.တွေလုံးဝမစားတော့ဘူး….
.
.
.
.
.
.
.
.
.
ရွာမှာကျွန်တော်ငယ်ငယ်က….. ညဘက်ကြီး
အဖေမူးပြီး အမေနဲ့ ရန်ဖြစ်တော့..အမေ့ခေါင်းကိုနောက်ကနေတုတ်နဲ့ရိုက်ချပစ်တာ…အမေ တစ်ညလုံးသတိလစ်သွားတယ်..အဒေါ်တွေပြောတာတော့ မသေရုံတမယ်တဲ့.ကျွန်တော်ငယ်သေးတော့ ငိုနေရုံမှတစ်ပါးဘာမှမတတ်နိုင်ခဲ့ဘူး…
ကျွန်တော်လူမှန်းသိတတ်ပြီဆိုတည်းကအဖေကညတိုင်းနီးနီးမူးနေပြီး  အမေ့အပေါ်ရော..ကိုကြီး..ကိုငယ်..မမ..တို့အပေါ်ရောဘယ်တုန်းကမှမကောင်းခဲ့ဘူး….ကျွန်တော်မမွေးခင်က အမေတို့ပြောတာ…အ​ဖေမူးနေတုန်း မမနဲ့အဖေရန် သတ်တာ အဖေက ဓားကိုင်ခဲ့တယ်တဲ့…မမ ကတော့မိဘက သားသမီးပြန်သတ်တဲ့သီတင်းကြားရတာပေါ့ဆိုပြီးပြောတယ်…အဖေကအလိုလူမျိူးပါ.သားသမီးနဲ့ ရန်ဖြစ်တာတောင် ဓားကိုင်တဲ့လူမျိူး……..
.
.
.
.
ဟိုနှစ်က ကိုငယ်ဆေးရုံတက်တော့လည်း
အဖေက တစ်နေကုန်မူးနေတာကျွန်တာ် သိတာပေါ့မွေးကတည်း တူတူနေလာတာ အဖေ့မျက်လုံးကိုကြည့်တည်းက အဖေ မူး မမူးကျွန်တော်တန်းသိတယ်…..
အမေက ကိုငယ်ကို ဆေးရုံစောင့်ရတာမပင်ပန်းဘူး အဖေနဲ့နေရတာ ပိုပင်ပန်းတယ်လို့ပြောတယ်…… လူမှန်းသိတတ်တည်းက အကိုတွေအမတွေ အကုန်တခြားတွေရောက်နေလို့ မိသားစုနဲ့ နီးနီးကပ်ကပ်နေရတာ ကျွန်တော်ပဲရှိတယ်……အဖေက အမေ့ပေါ် ဘယ်တုန်းကမှမကောင်းခဲ့ဘူး…
ကျွန်တော် လည်းသူတို့ စကားများချိန်တိုင်း နေ့တိုင်းနီးပါးငိုခဲ့ရတယ်………
ဒီလိုချိန်တိုင်းငိုခဲ့ရလို့ အခုလိုမြင်ကွင်းက ရိုးနေပါပြီ………
ဒါမဲ့အဖေကအရက်မသောက်တဲ့အချိန်ဆိုရင်တော့…သူလောက်သဘောကောင်းတဲ့သူမရှိလောက်အောင်ကိုသဘောကောင်းတာ..
အဲ့လိုအချိန်မျိုးဆိုရင်….ကျွန်တော်တို့မိသားစုက
ဂုဏ်တွေ… ငွေတွေ မလိုအပ်လောက်အောင်ကို ပျော်စရာကောင်းတဲ့မိသားစုပဲ………..

” ဟေ့ယောင်………
အဒါမင်းကြောင့်….. မင်းကို ဆေးကုခဲ့လို့ ငါတို့ဘယ်လောက်ကုန်တယ်မှတ်လဲ….
ငါလိုးမသား…….မင်းကြောင််…..”

စလာပြီ….ကိုငယ်ဆေးရုံတက်ခဲ့ရလို့ ကုန်တဲ့ပိုက်ဆံအကြောင်း..မူးတိုင်းပြောနေတာ…
ကိုငယ်ကတော့ သူ့ပုံစံအတိုင်း သူ့ကိုပြောနေတာမဟုတ်သလို ဟိုဘက်လှည့်ပြီးမကြားချင် ယောင်ဆောင်နေတယ်……တော်ပါတော့အဖေရယ်….ကျွန်တော်တကယ်စိတ်ကုန်နေပြီ…
ကျွန်တော် အသက်ရှင်နေရတဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က အမေ့ကြောင့်ပဲ…အမေသာမရှိရင်….ကျွန်တော်လည်း သေမှာ……..တကယ်ကိုသေမှာ….အရမ်းပင်ပန်းနေပြီ..ကျွန်တော်အရမ်းပင်ပန်းနေပြီ အဖေရယ်…..

“” တော်ပါတော့……….. တော်ပါတော့်အဖေရယ်
အဖေသိလား…
အဖေကကျွန်တော်တို့မိသားစုအတွက်
ဂြိုလ်ဆိုးကြီး…….
အဖေက တစ်အိမ်လုံးကံစိုးအောင်လုပ်တဲ့ဂြိုလ်ကောင်ကြီး….
ဟင်းးးးဟင်းးး”(ငိုနေသည်….😭)

” သားငယ်..တော်တော့..
အမေပြောမယ်…
သားမပြောနဲ့….
သားပြောရင် သားပဲငရဲကြီးမှာ….”😭

” အဖေသိလား…….. မမတုန်းကလည်း..ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းကလေးတစ်ယောက်တည်း
မြို့ကြီးကို တစ်ယောက်ထဲထွက်ခဲ့တာလဲ…..အဖေနဲ့မနေချင်လို့…….အဖေနဲ့မနေချင်လို့ထွက်သွားခဲ့တာ….ကိုငယ်ရော..ကိုငယ်လည်းဘယ်တုန်းကမှ အဖေနဲ့ တူတူမနေချင်ခဲ့ဘူး….
ကျွန်တော်လည်းအ​​မြဲဆုတောင်းခဲ့တယ်….အဖေ့နဲ့ အတူနေတာကနေလွတ်မြောက်ပါတော. လွတ်မြောက်ပါတော့လို့ ………
အဖေသိလား…..ကျွန်တော်လူမှန်းသိတတ်စကနေ ဆယ်တန်းအောင်ရင် ဒီဘဝကနေ လွတ်မှာပါ…လွတ်မှာပါဆိုပြီး….အမြဲ တစ်နှစ်တစ်တန်းအောင်အောင်ကြိုးစားခဲ့ရတာ…အမြဲကျပ်မပြည့်သလိုလို အမြဲရယ်ပြီးပြုံးနေတာ..နာကျင်လွန်းလို့.ညတိုင်း အဖေတို့ ရန်ဖြစ်စကားများနေတဲ့ မြင်ကွင်းကို မြင်နေရတာ အရမ်းပင်ပန်းလွန်းလို့ပါ.
တစ်အိမ်လုံးအဖေနဲ့ဘယ်သူမှအတူမနေချင်ကြဘူး…
စိတ်ကုန်နေပြီ…..လွတ်မြောက်ချင်နေပြီ.ညတိုင်းငိုနေရတဲ့ကျွန်တော့်ဘဝလဲလွတ် မြောက်ချင်နေပြီ….အဖေမူးတိုင်း ငိုနေတဲ့ အမေ့ကိုတွေ့ရတာလဲ ကျွန်တာ့်နှလုံးသားတွေစုတ်ပျက်သတ်နေပြီ…..
အဖေရယ်…တောင်းပန်ပါတယ်..,.အဲ့အရက်တွေ
ဘာမဟုတ်တဲ့အရည်တွေမသောက်ပါနဲ့တော့ဗျာ…ကျွန်တော်ဒူးထောက်တာမကလို့ အသက်ပေးဆိုလည်းပေးပါ့မယ်…..အဖေအဲ့အရက်တွေ ကြောင့်ဘယ်သူမှ အဖေ့နားမှာမနေချင်ကြတာ😭😭 တောင်းပန်ပါတယ်အဖေရာ…..🙏 ကျွန်တော် တောင်းပန်ပါတယ်😭😭😭”
.
.
.
.
.
.
.
.
.
.
.
.
.
.
အဖေက အဲ့ကိစ္စပြီးတော့ အရမ်းမသောက်ပေမဲ့ လုံးဝအရက်ပျက်တာတော့မဟုတ်ဘူး……ညနေတိုင်း နည်းနည်း တော့သောက်တယ်………….

ကျွန်တော့်ကတော့ အဲ့ကိစ္စပြီးတည်းက အဖေ့နဲ့
လုံးဝ စကားမပြောတော့ဘူး…….

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

၄ နှစ်ကြာတော့ကျွန်တော် ဘွဲ့ရပြီ.ဂျပန်စကားလည်း နှစ်အကြာကြီး လေ့လာထားတော့  ကြွမ်းကြွမ်းကျင်ကျင် ပြောတတ် ရေးတတ်နေပြီ.အဒေါ်တွေ.ဦးလေးတွေရဲ့ ပိုက်ဆံအကူအညီနဲ့  ကျွန်တော် ဂျပန်ထွက်ဖို့ စီစဥ်နေပြီ.အရင်တည်းက စီစဥ်ထားတော့ ကျောင်းပြီးတဲ့ အချိန် ထွက်သွားဖို့အဆင်သင့်ပဲ.​နောက်ဆုံးတော့ကျွန်တော်အိမ်ကနေထွက်သွားနိုင်ခဲ့ပြီ. အချိန်ကြာကြီး လုပ်လာတဲ့ အလုပ်ဆိုတော့လည်း စိတ်မကောင်းတော့ဖြစ်ရတာပေါ့. ဒါမဲ့လည်း မတတ်နိုင်ဘူးလေ.
ပျော်ရာမှာမနေရ တော်ရာမှာနေရ ဆိုတဲ့ စကားပုံက အလကားဖြစ်လာတာမှမဟုတ်တာ.နှုတ်ဆက်ပါတယ် မြန်မာနိုင်ငံ ကြီးရေ. ပြန်လာရင် အခုနဲ့မတူတဲ့ စစ်ခွန်းသာအဖြစ်ပြန်လာခဲ့မယ်…………..

# ပရိုမိုးရှင်း မဆင်းပေးတာ စိတ်စိုးတယ်နော်😒
ကိုယ်ကဖြင့် သူတို့ကို ချစ်လွန်းလို့ မအားတဲ့ကြားက အပ်ပေးထားတာ😏

up တာမြန်လို့ မကြိုက်တာလား …..ရတယ်လေ😒   နောက်မြန်တော့ဘူး..စိတ်စိုးတယ်…😒

ဒါမှမဟုတ်
သာသာ fic ကိုမကြိုက်ကြလို့လားဟင်😟
မကြိုက်တာ..အဆင်မပြေတာရှိရင်.သာသာကိုလာပြောကြပါနော်😞

Zawgyi……

အားးးးးးးးးးးး

ဟင်း….ဟင်း………
အားးးးးးးးးးးးးး

ကျွန်တော့်ရင်တွေ ………
အားးးးး


“ခင်များကြောင့်    ဒါတွေအားလုံး ခင်များကြောင့်ပဲ  ခင်များနဲ့ ပတ်သတ်တာကစပြီ ကျွန်တော့်ဘဝတစ်ခုလုံးမှာခဲ့တာ  ….
အားးးးးးး”

ရှိုင်းခေတ်….


.
.
.
.
.
.
.
.
.
.

.
.
.
.
.


သို့
📄

                        နှုတ်ဆက်ခဲ့ပါတယ်.

                                                            စစ်ခွန်းသာ

.
.
.
.
.
.
.
.


“သား  ….     သားပြန်လာပြီလား

.
.
.
.
.

သိတယ်မလား”





.
.
.
.
.
.
အိမ်ပြန်လာတော့…..



နေလို….အေ့……အေ…………….
ငါလိုးးးးးးး”



.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ကျွန်တော်လူမှန်းသိတတ်ပြီဆိုတည်းကအဖေကညတိုင်းနီးနီးမူးနေပြီး  အမေ့အပေါ်ရော..ကိုကြီး..ကိုငယ်..မမ..တို့အပေါ်ရောဘယ်တုန်းကမှမကောင်းခဲ့ဘူး….ကျွန်တော်မမွေးခင်က အမေတို့ပြောတာ…အ​ဖေမူးနေတုန်း မမနဲ့အဖေရန် သတ်တာ အဖေက ဓားကိုင်ခဲ့တယ်တဲ့…မမ ကတော့မိဘက သားသမီးပြန်သတ်တဲ့သီတင်းကြားရတာပေါ့ဆိုပြီးပြောတယ်…အဖေကအလိုလူမျိုးပါ.သားသမီးနဲ့ ရန်ဖြစ်တာတောင် ဓားကိုင်တဲ့လူမျိုး……..
.
.
.
.

” ဟေ့ယောင်………


အဖေသိလား…
ဂြိုလ်ဆိုးကြီး…….

” သားငယ်..တော်တော့..
အမေပြောမယ်…
သားမပြောနဲ့….

.
.
.
.
.
.
.
.
.
.
.
.
.
.


.
.
.
.
.
.
၎ နှစ်ကြာတော့ကျွန်တော် ဘွဲ့ရပြီ.ဂျပန်စကားလည်း နှစ်အကြာကြီး လေ့လာထားတော့  ကြွမ်းကြွမ်းကျင်ကျင် ပြောတတ် ရေးတတ်နေပြီ.အဒေါ်တွေ.ဦးလေးတွေရဲ့ ပိုက်ဆံအကူအညီနဲ့  ကျွန်တော် ဂျပန်ထွက်ဖို့ စီစဉ်နေပြီ.အရင်တည်းက စီစဉ်ထားတော့ ကျောင်းပြီးတဲ့ အချိန် ထွက်သွားဖို့အဆင်သင့်ပဲ.နောက်ဆုံးတော့ ကျွန်တော်အိမ်ကနေထွက်သွားနိုင်ခဲ့ပြီ.အချိန်ကြာကြီး လုပ်လာတဲ့ အလုပ်ဆိုတော့လည်း စိတ်မကောင်းတော့ဖြစ်ရတာပေါ့. ဒါမဲ့လည်း မတတ်နိုင်ဘူးလေ.



ဒါမှမဟုတ်

Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၂, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၂, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၂ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၂ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၂ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၂ light novel, ,

Comment

Leave a Reply

Chapter 13