Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၄

A+ A-

Unicode……

အမေတို့ကို အံ့သြစေချင်လို့ ကျွန်တော်ပြန်လာမယ်ဆိုတာမ​ပြောထားဘူး.Taxi ပေါ်က မြင်ရတဲ့မြင်ကွင်းကတော့ တကယ်ကို အံ့သြစရာ.6 နှစ်အတွင်း တကယ်ကို တိုးတက်ပြောင်းလဲလာတယ်.မပြောင်းလဲတဲ့အရာတစ်ခုကတော့ အပူဒဏ် နေပူချက်ကတော့အရင်တိုင်းပါပဲ.အဒါမှလည်း တို့မြန်မာနိုင်ငံပီသမှာလေ.အိမ်ရှေ့ရောက်တော့ ကားပေါ်ကဆင်းပြီး အိမ်ကိုသေချာကြည့်တော့ နှစ်ထပ်တိုက် ရှေ့မှာလည်း ၁၀ ပေလောက်နေရာချန်ထားပြီး အမေ့ဝါသာနာအတိုင်း သီးပင်စားပင်တွေ စိုက်ထားတယ်.ဘဲလ်တီးလိုက်တော့ အသက်ကြီးကြီး ဦးလေးကြီး တစ်ယောက်ထွက်လာတယ်.

“လူလေး ဘာကိစ္စ များရှိလို့လဲ “

အဖေက ကျွန်တော့်ကို မမှတ်မိဘူးထင်တယ်
အမှန်တိုင်းပြောရရင်အဖေကိုဘယ်တုန်းကမှမမုန်းခဲ့ပါဘူး….အဖေဘယ်လောက်ပဲမူးပြီးဆိုးနေခဲ့ပါစေ……တစ်နေကုန်နေပူမိုးရွာမရှောင်လက်သမားလုပ်ပြီးကျွန်တော်တို့ကိုလုပ်ကျွေးခဲ့ရတာလေ..မိုးရွာလို့ ကျွန်တော်တို့ကအိမ်ထဲမှာစောင်နဲ့ကွေးပြီးနေ နေပေမဲ့အဖေကတော့မိုးရွာထဲမှာတစ်ကိုယ်လုံးစိုရွှဲနေပြီးအလုပ်​လုပ်နေခဲ့ရတာလေ….တစ်နေကုန်ပင်ပင်ပန်းပန်းရှာထားလို့ရလာတဲ့ပိုက်ဆံလေးကို…

” ကဲ..သားငယ်လေးအတွက်….
အဖေထမင်းကြော်ဝယ်လာတယ်
သားစားနော်…
နောက်တစ်ခါ စာမေးပွဲမှာ အဆင့်A ရရင်လည်းအဖေကဝယ်ကျွေးဦးမှာ…😁
သားငယ်လေးသာစာကြိုးစားနော်…
သားအကိုအမ တွေက ပညာမတတ်ခဲ့တော့…..
အဖေနဲ့အမေလည်း သားလောက်တော့မတတ်ပါဘူးကွာ
အဲ့တော့အားလုံးထဲမှာသားက ပညာတတ်​ကြီး​ဖြစ် ​အောင်လုပ်နော်..”

ကျွန်တော်မမွေးခင်..အိမ်ကတော်တော်အဆင်မပြေခဲ့ဘူး.ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျပြီးနှစ်ဖက်မိဘကလည်းအဆင်မပြေတော့ပိုစိုးတာပေါ့…ကျွန်တော်တို့အဖွား အဖေ့ရဲ့အမေဆို ကျွန်တော့်ကိုကြီးအိမ်လာရင်တောင်မကြိုက်ဖူးတဲ့အမေအမြဲပြောတယ်.ကျွန်တော်အမေနဲ့အဖေတို့က ရွာမှာကိုယ်ပိုင်အိမ်မရှိတော့ အဖွားတို့နဲ့ တစ်ဝိုင်းထဲ အိမ်ငယ်လေးဆောက်ပြီးခွဲနေရတယ်….

” မေရီး ရေ သားဗိုက်ဆာလို့ အိမ်မှာ ……
ထမင်းညဏ်လဲ မရှိတော့ဘူး..
မေးရီးတို့အိမ်မှာရှိရင် နည်းနည်းပေးပါဦး”

အမေကဲ ယာခင်း ထဲကပြန်လာလို့ အခုမှထမင်းချက်နေတာ.ကျောင်းကပြန်လာတဲ့ ကိုကြီးက ဗိုက်ဆာလို့ဆိုပြီး ထမင်းသွားတောင်းတော့..

Note::::::::::မေရီး ဆိုတာ ရွာဘက်တွေမှာအဖွားပါ
…..ထမင်းညဏ်းဆိုတာကမနက်ကတည်းကချက်ထားပြီးမကုန်ဘဲကျန်နေတာပါ
….ယာခင်းက နှမ်းပင်စိုက်ရင်နှမ်းခင်း ပဲပင်စိုက်ရင်ပဲခင်း အကုန်ခြုံပြောရင်ယာခင်းလို့ပဲခေါ်တာပါ.

” အေး…ဒီနေ့ထမင်းချက်တာနည်းလို့
ထမင်းညဏ်းမကျန်တော့ဘူး..”

အမေလည်း အိမ်သာဘက်သွားတော့မေရီးတို့အိမ်ပေါ်မှာ..

” ငါ့မြေးစားနော်ကျောင်းကပြန်လာတော့ဗိုက်ဆာနေမှာပေါ့.”

အော်…လူတွေတကယ်မတရားပါ့လား
ကိုယ်မွေးတာချင်းတူတာတောင်သားကမွေးတဲ့မြေးနဲ့သမီးကမွေးတဲ့မြေးနဲ့မတူပါ့လား…

Note: :::::::စစ်ခွန်းသာ နဲ့သူ့အကိုတွေကျတော့ အဖွားကြီးက သူ့သားဘက်ကမွေးတာ အဲ့တော့ချွေးမကမွေးပြီး…သူ့သမီးတွေကမွေးတဲ့မြေးကျတော့ပိုချစ်တာပေါ့…
မတူပါဘူးနော် အလိုတွေတကယ်ရှိပါတယ်.
သားနဲ့ရတဲ့ကလေးကိုကျ ချွေးမကမွေးလို့
သမီးတွေကျ ကိုယ်တိုင်မွေးတဲ့ကလေးတွေဖြစ်လို့
အကုန်မဟုတ်ပေမဲ့ တချို့တစ်ချို့သောသူတွေအလိုခွဲခြားခံရပါတယ်နော်😔
တစ်ချို့ မတိုက်ဆိုင်သောသူတွေအတွက်လဲအမှားဖြစ်ခဲ့ရင် သာသာတောင်းပန်ပါတယ်🙏

အမေကသူစိတ်ညစ်တိုင်း မေရီး တို့အကြောင်းပြောပြတယ်.သူတို့မိသားစုအပေါ်အဖွားဘယ်လောက်မကောင်းခဲ့ကြောင်းပေါ့..ဒါမဲ့ကျွန်တော့အကိုတွေကတော့ ဘာမှမဖြစ်ခဲ့သလို သီတင်းကျွတ် သကြန် ဘယ်ချိန်ဖြစ်ဖြစ် အဖိုးအဖွားတွေကန်တော့ရင်မေရီးလည်းမပါမဖြစ်.
အလောက်ဆင်းရဲတဲ့ကျွန်တော်တို့မိသားစုမှာကျောင်းတက်ဖို့ဘယ်လိုအဆင်ပြေမှာလဲ.
ကိုကြီးရောကိုငယ်ရော ၃ တန်းလောက်ပဲတက်ကျောင်ထွက်ပြီးယာထဲလုပ်ရတာပေါ့…မမကတော့ စီးပွားရေးအဆင်ပြေတာနဲ့တိုးလို့ ဆယ်တန်းထိရောက်လိုက်ပေမဲ့ ရွာဘက်ကပညာရေးသိပ်မကောင်းတော့ ဆယ်တန်းရောက်ရင် မကွေးမြို့ပေါ်သွားပြီးတက်မှအဆင်ပြေတယ်…မကွေးထိပို့ဖို့ ပိုက်ဆံမလုံလောက်တော့ မမလည်း ဆယ်တန်းမတက်ရပဲ ကိုးတန်းနဲ့ရပ်ခဲ့ရတယ်…
ဒီလိုဆင်းရဲနေတဲ့ဘဝကြီးကို စိတ်နာလွန်းလို့ ကိုငယ်ရန်ကုန်တက်မှ
ကျွန်တော်တို့မိသားစု ရန်ကုန်ရောက်မှ ပိုပြီးအဆင်ပြေလာတယ်ပဲပြောရမယ်…
အဲ့တော့အဖေက မောင်နှမလေးယောက်ထဲမှာ နောက်ဆုံးဖြစ်တဲ့ကျွန်တော့်ကို အချစ်ဆုံးလည်းဖြစ်သလို ပညာတတ်ကြီးလည်းအဖြစ်စေခြင်းဆုံးပဲ.ကျွန်တော် ဆယ်တန်း နှစ်ချင်း​ပေါက်အောင်တော့ အဖေမှာကြွားလို့ကိုမပြီးတော့ဘူး..
ကျွန်တော့်သားက ဆယ်တန်းနှစ်ချင်းပေါက်အောင်တာ ဘာဖြစ်တယ်..ညာဖြစ်တယ်..ပြောလို့ကိုမပြီးတော့ဘူး…

ဒါပေမဲ့အဖေအလိုတွေကြွားနေတာထက် ပိုဂုဏ်ယူပြီး ကျွန်တော်ကြွားချင်တာက ကျွန်တော့်အဖေကအရက်လုံးဝမသောက်ဖူး အမေ့ကိုလည်း အမြဲစိတ်ချမ်းသာအောင်ထားတယ်…ကျွန်တော်ဆယ်တန်းနှစ်ချင်းပေါက်အောင်တဲ့စကားထက် အဲ့စကားကို ပိုတန်ဖိုးထားပြီးပိုကြွားချင်တယ်..
ဒါတွေကိုအဖေမသိပါဘူး.အရက်ကြောင့်မိသားစုတွေဘယ်လောက်စိတ်ဆင်းရဲရတယ်ဆိုတာအဖေမသိဘူး.

ကျွန်တော်တစ်ခါတစ်လေ စဥ်းစားမိတယ် လောကကြီးက အရက်ဆိုတဲ့အရာကြီးမရှိတော့ရင်ကောင်းမယ်.အဲ့ဒိ အရက်ကြောင့်ပဲ မကောင်းတဲ့စိတ်တွေဖြစ်လာ…သားဖ ချင်း မောင်နှမ ချင်းတွေ မှားကုန်ကျ.အရက်သမားတစ်ယောက်ရှိရင်လည်း အဲ့ဒိ တစ်အိမ်လုံးစိတ်ဆင်းရဲရ.ဘာကောင်းကြိုးတစ်ခုမှမပေးတဲ့ အဲ့အရက်ကြောင့်လောကမှာရှိနေတဲ့လူတိုင်းမထိခိုက်စေချင်ဘူး.ကျွန်တော့်အဖေပါအဝင်ပေါ့.မသောက်ပါနဲ့လားအဖေရယ်.ကျွန်တော်အဖေကို မမုန်းချင်ပါဘူး.မမုန်းရက်တာဆိုပိုမှန်လိမ့်မယ်…

“ဟုတ်ကဲ့  ဒါ ဒေါ်ရင်ရင်အေး တို့အိမ်ပါလားခင်ဗျ”

စပ်ဖြီးဖြီး ရုပ်နဲ့ မေးလိုက်တယ်

“ဟုတ်တယ်  ဒါဦးလေးတို့ အိမ်ပါ
ဦးလေးက ဦးထွန်းဝင်းပါ
သားပြောတဲ့ ဒေါ်ရင်ရင်အေးက ဦးလေးမိန်းမပါ
ဘာဖြစ်လို့များလဲကွယ်
သားကရောဘယ်သူလဲ”

“ဘာမှ​တော့မဖြစ်ပါဘူး
ကျွန်တော် စစ်ခွန်းသာ ပါ”

အဲ့တော့မှ   အဖေကျွန်တော့်ကိုသေချာကြည့်ပြီး

“သား…တကယ်  သားငယ်လေးလား”

အဖေ့ပုံက ငိုတော့မဲ့ပုံနဲ့

” အဖေ တကယ်မမှတ်မိဘူး သားရယ်

ကြည့်ပါဦး ငါ့သားက ချောလာလိုက်တာ

မင်းသားကျနေတာပဲ

ရင်အေး.. ရင်အေးရေ  လာပါဦး

ဒီမှာ ဘယ်သူရောက်နေလည်း လာကြည့်လှည့်ပါဦး “

အမေ ထွက်လာတော့

“သား…သားငယ်မလား”

အမေကတော့ ချက်ချင်း မှတ်မိတယ်

“ဟုတ် အမေ့သား…ဟင်း…အမေ့သား
စစ်ခွန်းသာ ပါ”

အစတည်းက ထိန်းထားတဲ့မျက်ရည်တွေ
အမေ့ကိုတွေ့တော့မထိန်းနိုင်တော့ဘူး
သားဖ ၃ ယောက်အိမ်ရှေ့မှာတင် ဖက်ပြီး ငိုခဲ့ကြတယ်..
.
.
.
.
.
.
.

အိမ်ထဲဝင်တော့ အောက်ထပ်မှာ ဧည့်ခန်း.အိပ်ခန်း တစ်ခန်း. နောက်က ထမင်းချက်ခန်း. အိမ်သာ ရေချိုးခန်း နှစ်ခန်း.သန့်ရှင်းရေးကတော့ အသန့်ကြိုက်တဲ့ အမေ့ကြောင့် တစ်အိမ်လုံး ပြောစရာမဂှိဘူး. အပေါ်တက်လာတော့ ဘုရားခန်း.အိမ်သာ.ရေချိုးခန်း တွဲရက် တစ်ခန်း. ကျွန်တော့်အတွက်တဲ့.အောက်ထပ်က အခန်းကတော့ အဖေနဲ့အမေနဲ့အိပ်တယ်.ဘုရားခန်းကတော့ ကိုငယ် အိပ်တယ်.

” အမေကလည်း ဘာလို့
ကိုငယ့်ကို ကျွန်တော့် အခန်းမှာ မအိပ်ခိုင်းတာလဲ”

“အမေလည်းပြောပါ့တော်
သားငယ်လာရင်လည်း
ညီကို နှစ်ယောက် အတူမျှသုံး
အခုလည်း တစ်ယောက်ထဲ နေ
အလို ပြောတာကို
သူကဘာပြန်ပြောတယ်မှတ်လဲ”

“………….”

” အမေကလည်း ညီလေးကနိုင်ငံခြားမှာ
အနေကြာလာတာ သူလည်းသူ့ကိုယ်ပိုင်အခန်းမှာ သီးသန့်နေချင်မှာပေါ့    
ပြီးတော့ အဒါညီလေးအခန်းပဲ
သူပြန်လာတဲ့အထိ  တခြားဘယ်သူမှမသုံးရဘူး
မိယမုံ တို့လာရင်လည်း
သူ့ပါသူ  လာချင်လာမလာချင်နေ
ညီလေးအခန်းတော့ပေးမသုံးနိုင်ဘူး
ကျွန်တော်လည်း မသုံးဘူး
တခြား ဘယ်သူမှလည်းမသုံးရဘူး
အလိုပြောပြီး  သားအခန်းကို အမေ ရှင်းစရာတောင်မလိုဘူး နေ့တိုင်းသူပဲရှင်းတာ “

#ယမုံ က အကိုနှစ်ယောက်ပြီးမှပါ
ပြီးမှစစ်ခွန်းသာ အငယ်ဆုံး#

ကျွန်တော့အကို တစ်ခါတလေသာ မမှတ်မိချင်မမှတ်မိပေမဲ့  မောင်နှမတွေပေါ် ထားတဲ့အချစ်ကတော့ ဘယ်တော့မှလျော့မသွားဘူး.အခုလည်း ဆေးသောက်ပြီး အိပ်နေတာ ကျွန်တော် လာတာတောင်မသိသေးဘူး.

“အမေ့…….. ကိုငယ့် မိန်းမကရော ဆက်သွယ်သေးလား
ကိုငယ် အခုလိုဖြစ်နေတာသိလား”

“သား ထွက်သွားပြီ ၂ နှစ်လောက်ကြာတော့ ဖုန်းဆက်လာတယ်   ဒါမဲ့လာတော့မတွေ့ဘူး
ထက်အောင် အခြေနေပဲမေးပြီး  မဆက်သွယ်တော့ဘူး   …

အမေနားလည်ပါတယ် .
ပြောသံကြားတာတော့  သူ့နောက်ယောက်ကျားနဲ့
တော်တော်အဆင်ပြေတယ်တဲ့

ကလေးကတော့  သူ့ကိုပဲ အဖေလို့
သိထားတယ်ထင်တယ်  ထက်အောင်အကြောင်းမမေးဘူးတဲ့       အဆင်ပြေတာပဲကြားချင်ပါတယ်ကွယ်  
မင်းအကို  သူ့ထိုက်နဲ့ သူပေါ့
ဘာလို့ဆို  သူလည်း မိန်းမစိတ်ချမ်းသာအောင်မှ မထားခဲ့တာ အဲ့တော့ဟိုကလည်း အတင်းကွာရှင်းတာ.သူမှမကောင်းခဲ့တာ  သူ့အပြစ်နဲ့သူပေါ့”

ဟုတ်ပါတယ် ကိုငယ် အပစ်နဲ့ကိုငယ်ပါ.ကိုငယ်က သဘောကောင်းလွန်းတယ်.သူဝတ်ထားတဲ့ အိကျီ ကို တခြားသူက ကြိုက်တယ်ပြောရင် ချက်ချင်း အဲ့အိကျီကို ချွတ်ပေးမဲ့သူမျိုး.အလိုသဘောကောင်းတဲ့သူမျိုးပါ.ဒါပေမဲ့ အရက်ကတော့ ဘယ်သူမှ ပြောမနိုင်အောင်ကိုသောက်တာ.ကိုငယ်က ပြန်မပြောနားမထောင်သူ.အမေရော အဖေရောက သူ့ကိုဘယ်လောက်ပဲပြောပြော
ပြန်မပြောဘူး ပြီးရင်နားလည်းမထောင်ဘူး.မိန်းမ မရခင်ကရော မိန်းမရပြီးတော့ရော လူမှန်းမသိအောင်ကိုသောက်တာ.ကြာတော့ မိန်းမကသည်းမခံနိုင်တော့လို့    ကိုငယ်အိမ်ပေါ်ကဆင်းပြီး
အမေ့အိမ်လာနေတာတောင် အိမ်ထိလိုက်လာပြီး ကွာရှင်းစာချုပ်မှာလက်မှတ် ထိုးခိုင်းတဲ့အထိပဲ.
သားလေးရှိတာတောင်  သားမျက်နှာကိုမထာက်ပဲ  ကွာရှင်းတဲ့အမ ကိုလည်းအပစ်မတင်ပါဘူး.
သားမျက်နှာမထောက်ပဲ အရက်သောက်လွန်းတဲ့ ကိုငယ်အပစ်ပဲလေ.တူ လေးကလည်း ကိုငယ်တို့ ကွာရှင်းကတည်းက. ငယ်သေးတော့ အခုဆို အဖေရင်းလည်းမသိတော့ ကျွန်တော်တို့ဘက်က အမျိုးတွေလည်း မသိတော့ဘူး.အဆိုးဆုံးက
မိန်းမက မူဆလင် ဆိုတော့ သူတို့အမျိုးနဲ့ ဆက်​ပြီး ပတ်သတ်ဖို့အဆင်မပြေဘူး.ကုလား ဆိုပေမဲ့ မကြီးက သဘောကောင်းပါတယ်.မကြီးအမျိုးတွေကလည်း ဖော်ရွေတယ်.ကိုငယ်ကိုလည်း မကြီးအမျိုးတွေက ချစ်ကြတယ်.မိန်းမကလည်း ကိုငယ်ကိုချစ်ပါတယ်. လုံးဝသည်းမခံနိုင်တော့လို့သာ ကွာရှင်းရတာ.တွေးကြည့်မယ်ဆိုရင် မကြီးဘက်ကအပစ်မရှိပါဘူး.အသောက်လွန်တဲ့ကိုငယ်ဘက်ကသာမှားတာ.အခုတော့ သောက်ရင် ချက်ချင်းသေမှာဆိုတော့လုံးဝမသောက်ရဲတော့ဘူး.ဒါတောင် တစ်ခါတလေ ဗီဇ က ပြလာသေးတယ်.အခုပုံစံကျတော့လည်းကိုငယ်ကို သနားတယ်.သူ့သားလေးနဲ့လည်းမတွေ့ရတော့ဘူး.

ကျွန်တော့်တောင် ဒီလောက်စိတ်မကောင်းဖြစ်နေတာ
ကိုငယ်ရင်ထဲရော ဘယ်လိုနေမလဲ.ဒါမဲ့လည်း
ပြန်ပြင်လို့မရတဲ့အရာတွေဖြစ်ကုန်ပြီလေ….

ကျွန်တော်နဲ့တစ်စုံတစ်ယောက်လိုပေါ့.
.
.
.
.
.
.
.
.
.
.
.

တစ်ပါတ်လောက်နားပြီး  ဟိုတယ်မှာ စပြီအလုပ်ဝင်တယ်.ရုံးချုပ်ကလွှတ်တဲ့ အုပ်ချုပ်သူဆိုတော့လည်း  ဂျပန်မှာထက်ပိုပြီးတာဝန်များတယ်.မြန်မာနိုင်ငံ အနှံမှာရှိတဲ့ ဟိုတယ်ခွဲတွေအကုန် ကျွန်တော့် တာဝန်ဆိုတော့
စာရင်းစစ်စရာတွေ တင်ပြမှုတွေလက်ခံရတာတွေ တာဝန်တွေအလုပ်တွေအရမ်းများတယ်.
ပင်လည်းပင်ပန်းတယ်.နေပူထဲလုပ်တဲ့ လက်သမားတွေ စက်ရုံအလုံပိတ်တွေထဲမှာ တစ်နေကုန် မတ်တပ်ရပ် လုပ်သူတွေနဲ့စာရင် ကျွန်တော်ပင်ပန်းတာ မပြောပလောက်ပါဘူး.
အဲ့စိတ်နဲ့ပဲ ကြိုးစားရတာပေါ့.အစပိုင်းတော့ အသက်ငယ်ငယ်နဲ့ ကျွန်တော့ကို ပေါ်တင်မပြောပေမဲ့လည်းနောက်ကွယ်မှာတော့အထင်သေးမလေးစားတဲ့အကြောင်းတွေကြားနေရတာပေါ့.
ဒါတွေက ကျွန်တော်ပြောပြနေလို့ပြီးမဲ့အရာမှမဟုတ်တာ အလုပ်နဲ့ပဲသက်သေပြရတာပေါ့.
နောက်တော့လည်း..ကျွန်တော့်လုပ်ရည်ကိုင်ရည်ကြည့်ပြီးသူတို့အသံတွေတိတ်သွားကြတယ်.
ဒါကလည်း လူတွေရဲ့သဘာဝပါပဲ.အခုတစ်မျိုးတော်ကြာတစ်မျိုး…ချီးမွမ်း ၇ရက် ကဲ့ရဲ့ ၇ ရက်တဲ့….
.
.
.
.
.
.
.
.
.
.
.
.
.

.
၅ လနီးပါးကြာတော့

ကျွန်တော်တို့ ရန်ကုန်နဲ့ တခြားမြို့တွေမှာရှိတဲ့ ဟိုတယ်တွေကိုပါ  ကုန်ပစ္စည်း တွေပို့ပေးတဲ့  Market က ဒေဝါလီခံလိုက်ရလို့ ကုန်ပစ္စည်း ပို့မှုရပ်လိုက်တယ်.ကျွန်တော်တို့ဟိုတယ်နဲ့  နှစ်အကြာကြီး လက်တွဲလာခဲ့ပြီအခုလိုရုတ်တရက် ကုန်ပို့မှုဖျက်သိမ်းလိုက်တော့ ကျွန်တော်တို့ ဟိုတယ်အတွက်ကုန်ပစ္စည်းပိုင်းမှာအရမ်းခက်ခဲသွားတယ်.

အရေးပေါ်အစည်းအဝေးလုပ်ပြီး နောက်အသစ်လက်တွဲမဲ့ market အသစ်ကိုအလျှင်အမြန်ဆုံးဖြတ်ရတယ်. ရှယ်ယာရှင်အများစုရဲ့
ဆုံးဖြစ်ချက်အရ အသစ် လက်တွဲမဲ့  ကုမ္ပဏီ ကို
JR market အဖြစ်သတ်မှတ်လိုက်တယ်.

# ဒန်..ဒန်..ဒန်…..
ဒါဒါလေးတို့      ထင်နေတယ်မလား
ဒီသာသာတော်တော်အရစ်ရှည်တာပဲလို့😂
ဘယ်သူမှလဲ up ဖို့ လာမတောင်းကြဘူး😭

Zawgyi……




” ကဲ..သားငယ်လေးအတွက်….
သားစားနော်…















ဦးလေးက ဦးထွန်းဝင်းပါ
သားကရောဘယ်သူလဲ”

“ဘာမှ​တော့မဖြစ်ပါဘူး


“သား…တကယ်  သားငယ်လေးလား”




မင်းသားကျနေတာပဲ



အမေ ထွက်လာတော့

“သား…သားငယ်မလား”


စစ်ခွန်းသာ ပါ”

.
.
.
.
.
.
.


” အမေကလည်း ဘာလို့

“အမေလည်းပြောပါ့တော်
သားငယ်လာရင်လည်း
အခုလည်း တစ်ယောက်ထဲ နေ
အလို ပြောတာကို

“………….”

မိယမုံ တို့လာရင်လည်း





အမေနားလည်ပါတယ် .




.
.
.
.
.
.
.
.
.
.
.

.
.
.
.
.
.
.
.
.
.
.
.
.

.
၅ လနီးပါးကြာတော့



# ဒန်..ဒန်..ဒန်…..

Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၄, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၄, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၄ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၄ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၄ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၄ light novel, ,

Comment

Leave a Reply

Chapter 15