Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၅

A+ A-

Unicode…..

စစ်ခွန်း…. .

(ငါဘယ်လိုလုပ်ရပါ့မလဲ? )ဟူး……

စစ်ခွန်း လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်.
အိမ်က ကွန်ပြူတာရှေ့မှာ အလုပ်ကိစ္စစဥ်းစား​​နေရင်း ကံတရားက ကျွန်တော့် အပေါ်ပဲ ကွက်ပြီး နှိပ်စက်နေလားထင်ရလောက်အောင်ကို သူပင်ပန်းနေပြီ.
ဘယ်လိုများမျက်နှာချင်းဆိုင်ပြီး တွေ့ရပါ့မလဲ.အလုပ်လုပ်ရပါ့မလဲ.

(ကျွန်တော် ကံကြမ္မာကို မယုံတာမဟုတ်ပါဘူး.
ကျွန်တော့်ကို မျက်နှာသာမပေးတဲ့ ကံကြမ္မာကို ကြောက်တာ)

မြန်မာနိုင်ငံ ဒီလောက်ကျယ်တာ သူနဲ့မှတွဲပြီး အလုပ်လုပ်ရမယ်တဲ့.
အဒါကြောင့် လူတွေကပြောတာ
ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးတဲ့.

ကျွန်တော်ကြိုးစားမယ်. အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ခွဲရမယ်.ဟုတ်တယ်ကျွန်တော် လုပ်ကိုလုပ်ရမယ်..
.
.
.
.
.
.
.
.
.
နောက်တစ်နေ့မနက်…….

              အလုပ်ကိစ္စဆွေးနွေးဖို့ JR ကုမ္ပဏီ ကိုသွားခဲ့တယ်. အရင်က ကုမ္ပဏီရှေ့ရောက်တာနဲ့ ရင်ခုန်မှုတွေနဲ့ ပျော်ရွှင်ခဲ့တဲ့ကျွန်တော်က အခုချိန်မှာတော့ အရမ်းကိုကြောက်ရွံနေတယ်.

“အမ.  ဒီက သူဋေး ဦးရှိုင်းခေတ်နဲ့တွေ့ချင်လို့ပါ “

“ဟုတ်ကဲ့ ကြိုတင်ချိန်းထားတာများ
ရှိလားရှင့်”

“ဟုတ်………..Sakura Hotel ကပါ”

ကောင်တာက မိန်းကလေး ဖုန်းဆက်ပြီးတော့…

“သူဋေး  စောင့်နေပါတယ်”

ရှိုင်းခေတ်……

            Sakura Hotel .ကျွန်တော်တို့ Market ကနေမြန်မာနိုင်ငံအနှံ့မှာ ရှိနေတဲ့ hotel ခွဲတွေ့နဲ့. ရန်ကုန်ကရုံးချုပ် hotel ကိုပါ ကုန်ပစ္စည်း တွေတင်သွင်းပေးဖို့ ကမ်းလှမ်းလာတယ်.
Sakura Hotel ဆိုတာ ဂျပန်မှာသာမက နိုင်ငံအနှံ့အပြားမှာ အောင်မြင်ကျော်ကြားတဲ့ hotel တစ်ခု.အဆင်သင့် ဝင်လာတဲ့ဒီလို​ အခွင်အရေးတစ်ခုကိုလက်လွှတ်လို့မဖြစ်ဘူး.ဒီနေ့  Hotel အုပ်ချုပ်သူနဲ့ တွေ့ဖို့ချိန်းထားတယ်.ဖုန်းဆက်တော့အောက်မှာရောက်နေပြီတဲ့.ကျွန်တော်လည်း အလုပ်စားပွဲကထပြီး အဝတ်စားသေချာသပ်ရပ်အောင်ပြင်လိုက်ပြီး
ဧည့်ခံစားပွဲမှာထိုင်လိုက်တယ်.
ခနကြာတော့ ….

ဒေါက်…ဒေါက်…

“ဆရာ    Sakura hotel ကရောက်နေပါပြီ”

အတွင်းရေးမှူး မလေးလာပြောတော့

“ဝင်ခိုင်းလိုက်”
.
.
.အတွင်းရေးမှူးမလေး နောက်က  ဝတ်စုံ အပြည့်နဲ့ ခန္ဓာကိုယ် ခပ်သေးသေးကောင်းလေးတစ်ယောက်ထွက်လာတယ်.
.
.
.
.
.
.
.
စစ်…” တွေ့ရတာဝမ်းသာပါတယ်
              ဦးရှိုင်းခေတ် “.

ရှိုင်း..” အာ…..ဒီကညီလေးက
           Sakura hotel. ကလား”

” ဟုတ်ပါတယ်.
            ဦးရှိုင်းခေတ်လည်းသိပြီးသား
            ဆိုတော့  စာချုပ်နဲ့ ပတ်သပ်ပြီး
            တိုင်ပင်စရာ ရှိလို့ပါ
စာချုပ်ကို 70%:30%          
လုပ်ဖို့ စီစဥ်ထားပါတယ်.
             စာချုပ်နဲ့ပတ်သပ်ပြီး
            လုပ်ပိုင်ခွင့်ကို ကျွန်တော်တို့
        ဘက်က 70% ယူပြီး အမြတ်ငွေ
     ကိုတော. 30% လို့ စဥ်းစားထားပါ
     တယ်.”

ရှိုင်း….. “အလိုတော့အဆင်မပြေဘူး
               ကျွန်တော်တို့ဘက်က
              လုပ်ပိုင်ခွင့် နည်းလွန်းတယ်”

စစ်……” ဒါပေမဲ့လည်း အမြတ်ငွေ
              အနေနဲ့  ဦးရှိုင်းခေတ် တို့ဘက်
             ကို 70% ပေးထားတယ်လေ”

ရှိုင်း…..” အမြတ်အနေနဲ့ များတယ်
            ဆိုပေမဲ့လည်း လုပ်ပိုင်ခွင့်က
            မင်းတို့ Hotel ဘက်ကအရမ်း
            များနေတယ် အဆင်မပြေဘူး”

စစ်ခွန်း တစ်ချက်ပြုံးလိုက်မိတယ်. ပျော်လို့ပြုံးတာမဟုတ်တာတော့သေချာတယ်.(မင်းတဲ့လား…)

စစ်” ကောင်းပြီလေ ကျွန်တော်တို့ဘက်
      ကသေချာတိုင်ပင်ပြီး ပြန်ပြင်ဆင်
     လိုက်ပါ့မယ်….
    ကျွန်တော့်ကို ခွင့်ပြုပါဦး”

စစ်ခွန်း အခန်းထဲက ထွက်လာလိုက်တယ်. ဓာတ်လှေကား ကြောင့်ပဲ အသက်ရှူကျပ်နေတာလား  ကိုယ်တိုင်ကပဲ အသက်ရှူဖို့ မေ့နေတာလားမသိတော့ဘူး.ဒီတစ်ခေါက်မှ ဓာတ်လှေကား က ပိုကြာပြီး တစ်ယောက်ထဲ ဖြစ်နေသလိုပဲ.မွန်းကြပ်လိုက်တာမျက်လုံးတွေလည်းဝါးနေတယ် အသက်ရှူလည်းကျပ်နေပြီ ကျွန်တော်ကိုယ်တိုင်လည်း ဘာကြောင့်မျက်ရည်တွေကျနေလည်း မသိတော့ဘူး.မြန်မြန် အောက်ထပ်ကိုရောက်ပါတော့ဗျာ.

ဓာတ်လှေကား က အထွက် အမြန်ထွက်လိုက်လို့ လူတစ်ယောက်နဲ့ဝင်တိုက်မိတယ်.လူတစ်ယောက်ဆိုတာထက် ကလေးတစ်ယောက်ဆိုပိုမှန်လိမ့်မယ့်.အသားဖြူဖြူ လခြမ်းပုံ မျက်လုံးလေးတွေ သဘာဝတိုင်းရဲနေတဲ့ နှုတ်ခမ်းသာနုနုလေးတွေ.မြင်လိုက်တာနဲ့  မချစ်ဘဲမနေနိုင်လောက်အောင်ချစ်စရာကောင်းလိုက်တဲ့ကလေးလေး.
ပုံစံကြည့်ရတာ ယောက်ကျားလေး ထင်တယ်.ကျွန်တော်လည်း  ကလေးကြည့်နေတာနဲ့ အခုမှ ပြန်ထူဖို့သတိရတယ်.

“သားသား ဘာဖြစ်သွားသေးလဲ  အဆင်ပြေရဲ့လား “

ကျွန်တော်ပြုံးပြီးမေးလိုက်တော့ ကလေးလေးကလည်း ပြုံးပြီးဖြေလာတယ်

“ရပါတယ်  ကိုကိုချောချော ရဲ့
သားသား ဘာမှမဖြစ်ပါဘူး
ဖေဖေကြီးက ပြောတယ် ယောက်ကျားလေး ဆိုတာ မပျော့ညံ့ရဘူးတဲ့ ဒီလောက်ဖြစ်တာလေးနဲ့ သားသား ဘာမှမဖြစ်ဘူး    ဟီးးးးးးး😁”

သွားမညီတညီလေး တချို့သွားတွေဆို ကျိုးနေပြီး ပြန်မပေါက်သေး.လူကချစ်စရာကောင်းပါတယ်ဆို ဒီလို ရယ်ပုံလေးက တစ်မျိုးချစ်ဖို့ကောင်းနေပြန်ရော.ကျွန့်တော့်ကိုခေါ်ပုံလေးကလည်း.ကိုကိုချောချောတဲ့.အသံလေးကလည်း  .
ကြည့်ရတာကလေးက
‘မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေ ‘
ဆိုတဲ့ဆုနဲ့ ပြည့်ခဲ့တယ်ထင်ပါရဲ့ အားလုံးကချစ်ဖို့ကောင်းနေလိုက်တာ.

“ပိစိလေးရေ…….ဘာလို့ ကြီးကြီးကို ထားပြီး တစ်ယောက်ထဲ အရင်သွားရတာလဲ”

အသက် ၅၀ နီးပါးအဒေါ်ကြီးက ကလေးကိုပြောနေတယ်.

“ဟီးးးးးးကြီးကြီး ကလည်း ဘာမှမဖြစ်ပါဘူး
သားသားက ပထမဆုံးရောက်ဖူးတာမှမဟုတ်တာ.”

” ဒီက သားလေးက”

ကျွန်တော့်ကို ကြည့်ပြီးမေးလာတော့

“အော် ကျွန်တော် ဒီကအထွက် သားသားလေးနဲ့ဝင်တိုက်မိလို့ပါ”

” ပိစိလေး ဘာဖြစ်သွားသေးလဲ”

“သားသား ဘာမှမဖြစ်ပါဘူး ကြီးကြီးရဲ့  ကိုကိုချောချောက သားကို ပြန်ထူပေးတယ်”

” ကျေးဇူးပါ သားလေးရယ်   ကြီးမေလည်း ရှေ့က သူကစားချင်တယ်ဆိုလို့
ဘောလုံးလေးဝယ်နေတုံး သူ့ဖေကြီး ကိုတွေ့ချင်နေပြီ ဆိုပြီး အတင်း​ပြေး သွားလို့ “

“ရပါတယ် အန်တီရယ်
ကျွန်တော်ကို ခွင့်ပြုပါဦး
သားသားလေး ကိုကိုသွားပြီနော်”

ကျွန်တော်နှုတ်ဆက်လိုက်တော့

“ဟုတ်ကဲ့ပါ
ကိုကိုချောချော တာ့တာ”

နည်းနည်း ဝေးတဲ့နေရာရောက်
ကျွန်တော်နောက်ပြန်ကြည့်လိုက်တော့
ကလေးလေးက အဲ့နေရာမှာပဲရပ်နေပြီး
ကျွန်တော်ကို ကြည့်နေတယ်.ဘာလဲ သူ့အကြည့် ကျွန်တော့ ရင်ထဲမှာ နားမလည်နိုင်တဲ့ခံစားမှုတွေ ကျွန်တော်တို့ နှစ်ယောက် မိနစ်ပိုင်းမျှ ကြာအောင် နားမလည်နိုင်တဲ့ ခံစားချက်တွေ အကြည့်တွေနဲ့ ကြည့်နေမိကြတယ်.ဘာလို့များလဲ သားသားလေးရယ်.

# တောင်းဆိုနေတဲ့ ဒါဒါလေးတွေကိုချစ်လွန်းလို့ up ပေးလိုက်ပြီနော်😘

Zawgyi…….

စစ်ခွန်း…. .





.
.
.
.
.
.
.
.
.
နောက်တစ်နေ့မနက်…….



ရှိလားရှင့်”

“ဟုတ်………..Sakura Hotel ကပါ”


“သူဋေး  စောင့်နေပါတယ်”

ရှိုင်းခေတ်……

ခနကြာတော့ ….

ဒေါက်…ဒေါက်…



“ဝင်ခိုင်းလိုက်”
.
.
.
.
.
.
.
.
.
              ဦးရှိုင်းခေတ် “.

ရှိုင်း..” အာ…..ဒီကညီလေးက
           Sakura hotel. ကလား”

” ဟုတ်ပါတယ်.
စာချုပ်ကို 70%:30%          
     တယ်.”

               ကျွန်တော်တို့ဘက်က

             ကို 70% ပေးထားတယ်လေ”



     လိုက်ပါ့မယ်….






ကြည့်ရတာကလေးက




” ဒီက သားလေးက”






“ရပါတယ် အန်တီရယ်


“ဟုတ်ကဲ့ပါ
ကိုကိုချောချော တာ့တာ”



Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၅, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၅, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၅ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၅ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၅ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၁၅ light novel, ,

Comment

Leave a Reply

Chapter 16