Forever Ðÿ’Š (Unicode And Zawgyi) Completed ၉

A+ A-

Unicode….

ကျွန်တော်တို့ အိမ်က ပိုက်ဆံမရှိပေမယ့်လည်း  မိသားစုစည်းစည်းလုံးလုံးနဲ့  သယာတဲ့မိသားစုတစ်ခုဖြစ်ခဲ့တယ်.အခုတော့ အခက်ခဲတွေလို့ ပြောရမလားတော့ မသိဘူး အိမ်က အကိုငယ်(ထက်အောင်) က မိန်းမနဲ့ကွာပြီ အိမ်ကို လာနေတာကြာပြီဆိုပေမဲ့ အခုတော့ နေမကောင်းဖြစ်ပြီ
.
.
.
နေမကောင်းဆိုတာထက် အရက်သောက်များပြီး အားနည်းတာဆို ပိုမှန်မှာပေါ့. အခြေနေမကောင်းလို့ ဆေးရုံပါတင်လိုက်ရတယ်.—–ဆေးရုံ  အဖေရောအမေရော နှစ်ယောက်လုံးဆေးရုံစောင့်နေရလို့ အိမ်တောင်ပြန်မလာနိုင်ကြဘူး.အကိုကြီး(သူရိန်မင်း)ကလည်းထောက်ပံ့တယ်ဆိုပေမဲ့ သူလည်း သူ့အိမ်ထောင်နဲ့  သူဆိုတော့ အများကြီးတော့ ဘယ်ထောက်ပံ့နိုင်မလဲ.အဖေကလည်း အသက်ကြီးပြီးဆိုတော့အလုပ်မလုပ်နိုင်တော့ဘူး.အမေကတော့ အရင်တည်းက အိမ်မှာနေပြီး အိမ်အလုပ်တွေပဲလုပ်တယ်. အခုတော့ အိမ်မှာ အလုပ်လုပ်မဲ့သူ  ကျွန်တော် တစ်ယောက်ပဲရှိတော့တယ်.ကျွန်တော့် ဝင်ငွေနဲ့ ငွေတိုးပေးထားတဲ့ပိုက်ဆံတစ်ချို့ပဲသုံးစရာငွေရှိတော့.ကျွန်တော်က တစ်အိမ်လုံရဲ့ အဓိကလူဖြစ်နေပြီ အာ့တော့ကျွန်တော် အရင်ကထက် ပိုကြိုးစားမှရတော့မယ်.ကိုငယ်ရဲ့ အခြေအနေ ကသိပ်မကောင်းလို့ နေပြည်တော်ကအမ (ယမုံ)ကလည်းကလေးနဲ့ ရန်ကုန်ရောက်ချလာတော့ ကျွန်တော်ကပဲ မမနဲ့ အိမ်မှာ နေပြီ ကလေးကူထိန်းရတာပေါ့.အလုပ်ကပြန် အိမ်မှာကလေးထိန်း ပိတ်ရက်ဆို အမေအဖေတို့နဲ့ လူချိန်းပြီး ကျွန်တော်နဲ့ ကိုကြီးတို့စောင့်ပေးရ.ကျွန်တော်လည်းမအားတော့ ကိုကိုနဲ့လည်း အလုပ်ဆင်းချိန် တူတူပြန်တာကလွဲလို့ သိပ်မတွေ့ဖြစ်ကြဘူး. ဖုန်းတော့အမြဲလိုလိုပြောဖြစ်ပါတယ်.ကိုငယ်ကလည်း နာတာရှည်ရောဂါလိုမျိုးဖြစ်သွားတဲ့အတွက် ဆေးရုံတက်ရတာ တစ်လနီးပါတောင်ရှိနေပြီ. တစ်အိမ်လုံးလည်းပင်ပန်းနေပါပြီ.မမကတော့ ကလေးနဲ့ ကြာကြာနေဖို့အဆင်မပြေလို့ နှစ်ပါတ်လောက်နေပြီး ပြန်သွားတယ်..
.
.
.
အလုပ်က …အိမ်ပြန်ရင်း
.
.
“ကလေး အခုတလောအရမ်းပင်ပန်းနေပုံပဲ လူလည်းအရမ်းပိန်ပြီး မျက်နှာလည်းမကောင်းဘူး”

“ဟုတ်မယ် ဒါပေမဲ့လည်းအရမ်းတော့မပင်ပန်းပါဘူး အမေတို့ကပိုပင်ပန်းတာပေါ့”

စားနေကျ ဆိုင်မှာပဲညစာဝင်စားလိုက်တယ်.မမတို့အိမ်မှာမရှိဘူးဆိုတော့  အရင်နဲ့စာရင် လူကပိုအားသွားတယ်.ကိုကိုနဲ့တွေ့ချိန်လည်းများလာတာပေါ့. ဟင်းပွဲတွေ လာချတော့ အညှီနဲ့ ရတာနဲ့ လူက ပျို့သလိုလိုအန်ချင်သလိုလို ဖြစ်သွားတယ်.waiter အကိုထွက်သွားတော့
.
.

“ကလေး ဘာဖြစ်လို့လဲ တစ်ခုခုအဆင်မပြေလို့လား”

“မသိပါဘူး ကိုကိုရာအခုတလော ဘာဖြစ်နေမှန်း မသိဘူး အနံ ဆူးဆူး ရတာနဲ့ လူက ပျို့ချင်သလိုဖြစ်လာရော အလုပ်လုပ်ရင်းနဲ့လည်း ခေါင်းတွေမူးမူးနေတယ် ပင်ပန်းလို့ထင်တယ်”

ရှိုင်း..
(ကလေးလည်း အခုတလော ပင်ပန်းတာကိုပိတ်ရက်ဆိုမနားရဘဲ ဆေးရုံသွားစောင့်ပေးရတာ ဒါမဲ့လည်း ဒါတွေက ကျွန်တော် လုပ်ပေးလို့ရတဲ့ အရာတွေမှမဟုတ်တာ.တစ်အိမ်လုံးမှာ အလုပ်လုပ်မဲ့ သူလည်းကလေးတစ်ယောက်ပဲရှိတော့တယ် တစ်အိမ်လုံးက ကိစ္စတွေကသူခေါင်းပေါ်ပဲပုံနေတာ အသက်ရွယ်လေးနဲ့မှမလိုက် သူကတော့ပင်ပန်းတယ် စိတ်ညစ်တယ်လို့တစ်ခါမှမပြောဖူးဘူး တကယ်ကို လေးစားစရာကောင်းတဲ့ကလေးပါအရွယ်နဲ့မလိုက်အောင် အသိညဏ်တွေကမြင့်မားလွန်းနေတာ တကယ်လို့ ကျွန်တော် ကသူ့ကို လက်ထပ်ပြီး သူ့မိသားစု ပြသာနာတွေ ကိုအကုန်ဖြေရှင်းပေးပါ့မယ်လို့ပြောကြည့်ပါလား အသေအကြေပြသာနာတက်သွားမယ် သူ့ကိုအထင်သေးတာလားဆိုပြီး အလိုမာနခဲလေးပါ အဒါလေးကိုပဲချစ်နေရတာလေ အခုတော့ သူလုပ်နေတာတွေကို ကြည့်နေယုံက လွဲပြီး သူ့အတွက်ဘာမှလုပ်မပေးနိုင်ဘူး
.
ဒီလိုကျတော့ ကျွန်တော့ မှာ ပိုက်ဆံရှိချမ်းသာနေပေမဲ့လည်းကိုယ်ချစ်တဲ့သူအတွက်ဘာမှလုပ်မပေးနိုင်တဲ့ကိုယ့်ကိုကိုလည်းတကယ်စိတ်ပျက်မိတယ် အသုံးမဝင်သလိုခံစားရတယ်)

“ကလေး အားရှိအောင်များများ စားနော် ကလေးအားရှိမှ ကလေးအိမ်လည်းအဆင်ပြေမှာပေါ့
ကလေးက အားပျက်သွားလို့မဖြစ်ဘူးလေ”

(ဟုတ်တယ် ငါအားပျက်လို့မဖြစ်ဘူးတစ်အိမ်လုံးအနာဂတ်က ငါ့အပေါ်မူတည်နေတယ့်ဆေးရုံခပိုက်ဆံကလည်းတော်တော်ကုန်လို့ အကြွေးတောင် စပြီးတင်နေပြီ.ငါ့လခကလည်း အများကြီးမှမဟုတ်တာ ဒီလောက်နဲ့ဘယ်လိုလောက်မှာလဲ. တစ်နည်းပဲရှိတော့တယ် ငါ့အိမ်မက် အတိုင်း ဂျပန်သွားပြီ ပိုက်ဆံရှာမယ်. ငါ့မိဘ ငါ့အကိုတွေကို စိတ်ချမ်းသာအောင်ထားမယ်.ပိုက်ဆံအတွက်စိတ်ပူစရာမလိုလောက်တဲ့အထိကိုငါကြိုးစားမယ်)

“အင်း …ကိုကို ကလေးကြိုးစားမယ်  အခုအိမ်ကကလေးအပေါ်ပဲမူတည်နေတာ ကလေးအားပျက်လို့ဘယ်ဖြစ်မလဲ  ပြီးတော့ကလေးအိမ်မက် အတိုင်း ရေမြေရပ်ခြားကိုသွားပြီး သေချာပေါက်အလုပ်ကြိုးစားပြီး ပိုက်ဆံရှာမယ် အမေတို့ကို ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ခြံနဲ့ထားနိုင်ရမယ်  ဟီးးးးး
Fighting….. “

#ကဲ ဇာတ်လမ်းက စပြီနော် အန်ချင်ပြီးတော့ ခေါင်းမူတယ်တဲ့ တစ်အိမ်လုံးအနာဂတ်ကလည်းသူ့အပေါ်မှာ  🤔🤔#

Zawgyi…

.
.
.
.
.
.
အလုပ်က …အိမ်ပြန်ရင်း
.
.


.
.



ရှိုင်း..
.



Fighting….. “


Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၉, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၉, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၉ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၉ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၉ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၉ light novel, ,

Comment

Leave a Reply

Chapter 10