Forever Ðÿ’Š (Unicode And Zawgyi) Completed ၅

A+ A-

Unicode ….

ကျွန်တော်တို့ နှစ်ယောက်ချစ်သူဖြစ်ပြီး အရမ်းကိုပျော်ရွှင်ခဲ့ကြတယ်.ယောက်ကျားလေးချင်း တွဲသွားလို့ တစ်ချို့တွေကလည်း ရှုံ့ချသလို.တစ်ချို့ကျတော့လည်း  fujoshi မလေးတွေ အားပေးသလိုကြည့်ကြ. တစ်ခါတလေ fb accပေးပါလားက ပါလိုက်သေးတယ်.ကျွန်တော်တို့ကတော့ ယောက်ကျားလေးချင်းတွဲရတာ မျက်နှာလည်းမငယ်သလို ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်နိုင်ပါဘူး.ပတ်ဝန်းကျင်က ကျွန်တော်တို့ကိုလုပ်ကျွေးနေတာမှမဟုတ်တာ သူတို့မျက်နှာကိုကြည့်ပြီး အသက်ရှင်ရမှာလည်းမဟုတ်ဘူးလေ. ကိုယ်ချစ်တဲ့သူကိုကြည့်ပြီး အသက်ရှင်ရမှာ.အာ့ကြောင့်သူတို့ကို ဂရုမစိုက်နိုင်ပါဘူး.

“ကလေးဒါလေးကော   ဒါဆို ကလေးနဲ့လိုက်မှာ ဒါလေးကော ဒါရော….ဒီဟာလေးရော…….”

Myanmar plaza မှာ သူကျွန်တော့အတွက် လိုတာ မှန်သမျှကို ဝယ်ပေးနေတာ.သူနဲ့ချစ်သူဖြစ်ပြီးတည်းက ကျွန်တော့ပိုက်ဆံ တစ်ပြားမှကိုထုတ်စရာမလိုတာ.ကျွန်တော့က မလိုဘူး ရတယ် ပြောရင်လည်း ဘာလဲကလေးက ကို့ပိုက်ဆံကိုမသုံးချင်တာလား ကိုရှာတာတွေအားလုံးက အကုန်ကလေးအတွက်. အဲ့စကားတွေကြောင့်ကျွန်တော့မှာ ငြင်းလဲမငြင်းရဲတော့ဘူး.

စစ်…”ကိုကို   တော်ပြီလေ ကလေးခြေထောက်တွေညောင်းနေပြီ ပြီးတော့ ဗိုက်လဲဆာနေပြီ”

ဒီလိုပြောမှ ရပ်မှာ မဟုတ်ရင် plaza တစ်ခုလုံးပတ်ပြီးဝယ်လို့ုပီးမှာမဟုတ်တော့ဘူး

ရှိုင်း… “sorry ကိုကို ကလေးလေး ညောင်းနေမှာ မေ့သွားတယ်  လာ တစ်ခုခု သွားစားရအောင်”

ကျွန်တော်လက်ကို ဆွဲပြီ  နှစ်ယောက်အတူတူ ထွက်သွားကြတယ်.တစ်ချို့ကတော့အားကျသလို မျက်လုံးတွေနဲ့ ကြည့်ပြီး တစ်ချို့ကတော့ အထင်သေးသလိုလိုပေါ့.ဒါပေမဲ့လည်း စစ်ခွန်းသာ တို့က ဂရုမစိုက်ပါဘူး.ကိုယ်ချစ်တဲ့သူမျက်နှာကိုပဲတစ်ရွာတည်ထားတဲ့သူ.ကျွန်တော့်အကြိုက်ဆုံး novel

ဆရာမ MXTX ရဲ့ Heaven Official Blessing ထဲက ဟွားချန်က အရှင့်သား ရဲ့လျန်တစ်ယောက်ထဲကသာ သူ့ရဲ့ ကိုးကွယ်ရာဖြစ်သလို ကျွန်တော့ကလဲ ကိုကို ကသာကျွန်တော့ရဲ့တစ်ခုထဲသောကိုးကွယ်ရာပဲ.အရမ်းချစ်တယ်ကိုကို.

ဒီနေ့ ကျွန်တော့ အလုပ်ပိတ်ရက် ကိုကိုကတော့ အလုပ်ကိစ္စရှိတယ်ဆိုလို့ ကျွန်တော်တို့ မတွေ့ဖြစ်ကြဘူး.

(ငါ ကိုကိုအလုပ် လိုက်သွားရင်ကောင်းမလား)

ကိုကို ကတော့ အမြဲခေါ်ပေမဲ့ ကျွန်တော် ကကိုပဲ ကျွန်တော် သွားရင်တစ်မျိုးဖြစ်မှာ ဆိုးလို့ လိုက်မသွားရဲဘူး.ဒီနေ့တော့ လိုက်သွားတော့မယ် အရမ်းလွမ်းနေပြီ.ကောင်တာ ရောက်တော့ ဟိုတစ်ခေါက်ကမကြီးပဲ ဘာ်သူနဲ့တွေ့ချင်လဲမေးပြီး သူဠေး အခန်းရှိရာညွှန်ပြလို့ အပေါ် တက်သွားလိုက်တယ် အခန်းထဲဝင်ဝင်ချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းက
သူ့ထိုင်ခုံပေါ်ကို အမကြီးတစ်ယောက်က လဲကျပြီး နှစ်ဦးသားဖက်နေတဲ့ပုံစံ သူကျွန်တော့ကို မြင်တော့ အမကြီး ကိုတွန်းထုတ်ပြီး ကျွန်တော့ဆီပြေးလာတယ်.ကျွန်တော်လည်း ပြေးထွက်လာမိတယ်. ရုံးရှေ့လူရှင်းတဲ့နေရာရောက်တော့  သူကျွန်တော့လက်ကို လှမ်းဆွဲလိုက်တယ်.

“ကျွန်တော့်ကိုလွှတ်နော် “

“ခနလေး ကိုယ်ရှင်းပြတာကို ခနလေးပဲနားထောင်ပေးပါ”

“မထောင်ဘူး လွှတ်ဗျာ ခင်များ ဆက်လိုက်လာရင် ကျွန်တော် ဘာလုပ်မိမယ်ဆိုတာသေချာမသိဘူးနော်”

ရက်စက် လိုက်တာဗျာ ခင်များမို့ အလိုလုပ်ရက်တယ် ကျွန်တော်လုံးဝမထင်ထားဘူး.ဘာလို့လဲ ကျွန်တော်က ခင်များနဲ့အတူ နေမပေးနိုင်လို့လား. အာကြောင့် ရမက်အာသာ ဖြေဖို့ အတွက် မိန်းကလေးလိုတာလား.ခင်များအတွက် အာသာဖြေဖို့က အလောက်တောင် အရေးကြီးနေတာလား.နောင်တစ်ချိန်မှာ ကျွန်တော် နဲ့ ဆက်ဆံပြီးရင်ရော အချိန်ကြာလာတာနဲ့မျှ ကျွန်တော့ကိုရိုးသွားမှာလား.မသိတော့ဘူး ခင်များကြောင့်ကျွန်တော်ရူးတော့မှာပဲ.

တစ်ပါတ် ကြာနေပြီ သူကျွန်တော့ကို ခုထိ မဆက်သွယ်သေးဘူး.သူကျွန်တော်ကို စိတ်ကုန်သွားပြီထင်ပါတယ်. ဘာဖြစ်လို့ ငါ့ပထမဆုံးအချစ်က ဒီလောက်တောင် နာကျင်ဖို့ကောင်းရတာလဲ. ကားစောင့်နေတုန်းမှာပဲ ကားအမဲလေးရှေ့မှာလာရပ်တယ်. ကျွန်တော် စောင့်နေခဲ့ရတဲ့ကားလေး အခုတော့ပေါ်လာပြီ.ကျွန်တော့မျက်နှာမှာ အပြုံးတစ်ပွင့် ကိုယ်တိုင် တောင်မသိဘဲ စက္ကန့် ပိုင်းမျှဖြစ်ပေါ်သွားတယ်.ကားစီကို ဖြည်းဖြည်းချင်း လျှောက်သွားလိုက်တယ်.

Zawgyi……



.
.
.

ဒီလိုပြောမှ ရပ်မှာ မဟုတ်ရင် plaza တစ်ခုလုံးပတ်ပြီးဝယ်လို့ပီးမှာမဟုတ်တော့ဘူး



.
.


ကိုကို ကတော့ အမြဲခေါ်ပေမဲ့ ကျွန်တော် ကကိုပဲ ကျွန်တော် သွားရင်တစ်မျိုးဖြစ်မှာ ဆိုးလို့ လိုက်မသွားရဲဘူး.ဒီနေ့တော့ လိုက်သွားတော့မယ် အရမ်းလွမ်းနေပြီ.ကောင်တာ ရောက်တော့ ဟိုတစ်ခေါက်ကမကြီးပဲ ဘ်ာသူနဲ့တွေ့ချင်လဲမေးပြီး သူဠေး အခန်းရှိရာညွှန်ပြလို့ အပေါ် တက်သွားလိုက်တယ် အခန်းထဲဝင်ဝင်ချင်း တွေ့လိုက်ရတဲ့ မြင်ကွင်းက




.
.
.
..
.
.
.

Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၅, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၅, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၅ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၅ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၅ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၅ light novel, ,

Comment

Leave a Reply

Chapter 6