Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၄

A+ A-

Unicode.   …………

စစ်ခွန်း……

ည ၁နာရီ ခွဲ….

လမင်းကြီးကိုကြည့်နေရင်း…
ဒီညကြမှ လမင်းကြီးကပိုလှနေသယောင်….

ကျွန်တော်ဘာလုပ်သင့်လဲ..
ဘာလိုလုပ်ရမလဲ..
ကျွန်တော်ကစိတ်မာတဲ့လူတစ်ယောက်မဟုတ်တာတော့သေချာ​နေပြီ 😴

” ဖေဖေ…”

” ဟင်….

သားသား….ဘာဖြစ်လို့လဲ…
အိပ်မပျော်ဘူးလား…”

” မဟုတ်ပါဘူး…..
သားရေဆာလို့နိုးလာတာ….
အဒါဖေဖေ မအိပ်သေးတာတွေ့လို့..”

ခုတင်ဘေး ရေဘူးထဲက ရေကို ရေခွက်ထဲပြောင်းထည့်ပေးပြီး…

” ရော့…..သား…
သောက်ပြီး ဖေဖေနဲ့ ပြန်အိပ်ရအောင်…”

” ဟုတ်…”

ရေသောက်ပြီး..

” ဖေဖေ…”

” အင်…”

” ဖေဖေလည်း လကြည့်ရတာကြိုက်တာလား…”

” အင်း….
ကြိုက်တယ်လို့လဲ မဟုတ်ပါဘူး.
သားရဲ့….
ဒီလိုပါပဲ…. တစ်ခါတလေကြည့်ဖြစ်တာပေါ့ …
ဘာလို့လဲ…သားရဲ့…”

“ဖေကြီး နဲ့ ဖေဖေနဲ့တူလို့…..”

” 😦😦”

” ဖေကြီးကလည်း အလိုပဲတစ်ခါတလေ
သားတရေးနိုးလို့    ကြည့်လိုက်ရင်
အမြဲ ကောင်းကင်ကြီးကို ကြည့်နေတတ်တယ် … 😔

တခါတလေဆို ဖေကြီးက ငိုနေသလိုပဲ
အရင်က သားသား မေမေ့အကြောင်းမေးလို့ရှိရင်လည်း သားသားရှေ့သာ ဖေကြီး ကပြုံး နေပေမဲ့ သားသားနောက်ကွယ်ကျ ငိုရော.. …

အာ့ကြောင့် သားသား မေမေအကြောင်း ဖေဖေကိုဘယ်တော့မှမမေးတော့တာ…..

ဖေကြီးကလေ သားသားရှေ့သာ အမြဲ ပျော်နေပုံပေါ်ပေမဲ့ သားသားနောက်ကွယ်ကျရင် အမြဲမျက်နှာမကောင်းဘူး 😢
တစ်ခါတစ်လေဆို ငိုပါငိုနေတတ်တယ်…

သားက အကုန်သိပါတယ်  မသိချင်ယောင်ဆောင်နေတာပဲရှိတာ……

ဖေကြီးက အရမ်းသနားဖို့ကောင်းပါတယ်ဖေဖေရယ်…
ဖေဖေနဲ့ ဖေကြီးက ဘာတွေဖြစ်ခဲ့မှန်းသားမသိပေမဲ့ ဖေဖေကဖေကြီးကို ခွင့်လွှတ်ပေးလို့မရဘူးလားဟင် 😢
သားသားတို့ မိသားစုတွေ
ပျော်ပျော်ရွှင်ရွှင်နဲ့ တူတူနေ​ကြရအောင်လေ 😢…….”

သားကိုရင်ခွင်ထဲထည့်ပြီး….
သားနှဖူးလေးကို နမ်းလိုက်တယ်…

” ဖေဖေတို့ အိပ်ရအောင်နော်…
နောက်ကျနေပြီ…..
.
.
.
.
.
.
နောင်အပါတ်သားသားကျောင်း ပိိတ်ရက်ကျ     သားရဲ့ ဖေကြီး ဆီသွားမယ်လေ………..နော် …….”

” 😣 သားတစ်ယောက်ထဲသွားရမှာပေါ့
ဖေဖေကျမပါဘူး….”

” ဘယ်သူပြောလဲ….
သားတစ်ယောက်ထဲသွားရမယ်လို့….. “

” 😳 အဆို  ဖေဖေလည်းတူတူသွားမှာပေါ့…”

” အင်းပေါ့….. “

” ရေး……ဒါမှဖေဖေကွ…
ကျောင်းပိတ်ရက်​မြန်​မြန် ရောက်ပါတော့ 🙏 😊”

” ကဲ…ခုတော့ အိပ်တော့ 😏”
” ဟုတ်… 
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ရှိုင်းခေတ်….

ဒီနေ့  စနေနေ့…..မနက် ၇ နာရီ

သားနဲ့ ခွန်း လာမယ်လို့ ဖုန်းဆက်ထားတာ…….
ခွန်းရယ်ဒီနေ့မှ အချိန်တွေက ဘာလို့ဒီလောက်ကြာနေရတာလဲ ၈ နာရီရောက်မယ်ပြောပေမဲ့ ကျွန်တော့်မှာတော့ မနက် ၆ နာရီလောက်ထဲက
ဖင်တကြွကြွဖြစ်နေပြီ…..

တင်း…..တောင်……

ရောက်ပြီထင်တယ်…

” ဖေကြီး “

သားကို ဖက်လိုက်ပြီး

” ပိစိလေး…
ပိစိလေးပုံစံက အရမ်းကိုပျော်နေသလိုပဲ
ဖေကြီးကိုတောင်မေ့နေပြီးပေါ့
ဟလား..”

” မဟုတ်ပါဘူး… ဖေကြီးရဲ့
သားသားဖေကြီးကို အမြဲသတိရပါတယ်…
သားနဲ့ ဖေဖေနဲ့တောင် ညတိုင်း ဖေကြီးအကြောင်း​ပြော ဖြစ်တယ် …
ဟုတ်တယ်နော်ဖေဖေ….. ”

” 😵 အဟင်း…
အထဲဝင်ရအောင်လေ
ထမင်းဟင်းလဲချက်ရအုံးမှာ အချိန်ကနောက်တောင်ကျနေပြီ… “

သားဖနှစ်ယောက် ခွန်းတို့ လမ်းထိပ်စျေးက​နေဟင်းချက်စရာ တစ်ခါတည်း  ဝယ်ခဲ့တော့ ဒီရောက်တော့ တန်းချက်ယုံပဲ…

သားကတော့ အိမ်ရှေ့မှာ သူ့အကြိုက်
animation ကား ကြည့်နေရဲ့ ….

အဖေနှစ်ယောက်ကတော့ အချက်ပြုတ် တာဝန်ပေါ့…

#တမင်ရှောင်​ပေးတာများလား 🤔😊

စစ်ခွန်း…

ဖရုံရွက်ဟင်းချို
အသီးရွက်စုံကြော်
ကြက်သားနဲ့ ခရမ်းချဥ်သီး ငပိချက်

ကြက်သားကြော်ပြီးမှ ချက်မို့
ကျွန်တော်က ကြက်သားကြော်နေပြီး
သူကတော့ ဖရုံရွက်သင် ဂေါ်ဖီ
မုန်လာဥနီ  ပြောင်းဖူးလှီး
တာ​တွေကို ကိုမလုပ်တတ်လုပ်တတ်နှင့်လုပ်နေလေရဲ့ 😂

” ခွန်း…ဒီလိုသင်ရတာလား…..

ပြောင်းဖူးက ဒီလိုလှီးရမှာလား…

ခွန်း….ဒါက

ခွန်း….

ခွန်း…..

ခွန်း…..

ခွန်း…… ……”

အမလေး ကိုရှိုင်းခေတ် ရယ်
ကျွန်တော့်ပါသာ တစ်ယောက်တည်း ချက်ရင်တောင် ဒီလောက်ပင်ပန်းမှာမဟုတ်လောက်ဘူး…

ခင်များ​ဖြေ နေရတာက ပိုပင်ပန်းသလိုပဲ 🙄

ဖရုံရွက်နဲ့ ပြောင်းဖူး ဟင်းချို
ဂေါ်ဖီ မုန်လာဥနီ ကြက်ဥ အရွက်စုံကြော်..
ကြက်သားနဲ့ ခရမ်းချဥ်သီး အနည်းငယ်စပ်စပ်လေးရယ် သားသားက အရမ်းစပ်တာမှ စားမရတာ…..

နေ့လည်စာမကျ မနက်စာမကျ ထမင်းဝိုင်းလေးတွင်..

” သားသားဖေဖေ့လက်ရာဘယ်လိုနေလဲ… “

“ကောင်းတယ်…အရမ်းကောင်းတယ်
ကမ္ဘာပေါ်မှာ ဖေဖေနဲ့ ဖွားဖွားလက်ရာက အကောင်းဆုံးပဲ ☺”

” ဖေကြီးလည်းပါပါတယ်
ခွန်းဟင်းချက်တာကို ကိုယ်ကူပေးတယ်လေ…
ဟုတ်တယ်နော်…ခွန်း…”

” အော်…
ဟုတ်ပါတယ် 🙄”

ရှိုင်းခေတ်..

သားဖ ၃ ယောက်..
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း.😂😂😂…..

သေချာပါတယ် ဒီနေ့ လောက် ပျော်စရာကောင်းတဲ့ထမင်းဝိုင်းလေးကျွန်တော့ဘဝမှမရှိခဲ့ဘူးဆိုတာ….
နောင်လည်း ဒီလိုထမင်းဝိုင်းလေး အမြဲဖြစ်နေရင် သိပ်ကောင်းမှာ…

စစ်ခွန်း…

နေ့ခင်းဘက် ၃ ယောက်သား
Animation ကားကြည့်ဖြစ်တယ်..

ကျွန်တော်က anim ကားတွေကြိုက်တယ်.ဘာလို့လဲဆို အဲ့လိုကားတွေထဲက ရှုခင်းနေရာတွေကို ကြိုက်လို့.

အပြင်မှာရှိတဲ့​နေရာတွေရော မရှိတဲ့နေရာတွေရောက
အပြင်မှာထက်animထဲမှာ ပိုလှ ပိုဆွဲဆောင်မှုရှိလို့
ရိုးရိုးကားတွေထက်ပိုကြိုက်တယ်..
သားကလည်း ကျွန်​တော်နဲ့ တူလိုက်တာမှလွန်ရော ရုပ်ရှင်ကို animation  ကြိုက်တာကအစတူနေရတယ်လို့….

ညနေကြ သားသားရောကျွန်တော်ရော
ကြေးအိုးစားချင်တယ်ဆိုလို့ ocean သွားပြီး YKKO မှာ ကြေးအိုးစာကြတယ်….

အစကတော့ ညနေပြန်မယ်လုပ်ထားပေမဲ့ သားသားက သူ့ဖေကြီးနဲ့နေချင်သေးတယ်ဆိုလို့ မပြန်ဖြစ်တော့ဘူး….

#အကိုလည်းနေချင်တယ်တော့လုပ်လိုက်ပါ 🙄

လိုအပ်တာတွေလည်းဝယ်ရင်းပေါ့..

ညစာစားပြီး….
နေ့ခင်းကလည်းမအိပ်ရ
သားကလည်း ဟိုသွားရဒီသွားရနဲ့ပင်ပန်းလို့ အစောကြီး အိပ်သွားတော့ ကျွန်တော်တို့လည်းစောစောအိပ်လိုက်တယ်……

#၃ယောက်တူတူအိပ်တာနော်
ရှိုင်းလေးကတော့ အလယ်ကပေါ့နော် 🌚

ကိုရှိုင်း အိပ်နေရင်းထသွားတော့
သူလည်းစောသေးတော့အိပ်မပျော်ဘူးထင်တယ် ….

အခန်းပြင်ရောက်တော့ ကောင်းကင်ကြည့်နေတဲ့ကိုရှိုင်းကို

#အခန်းအပြင်မှာနော် အိမ်အပြင်မဟုတ်ဘူး အိမ်ထဲမှာပဲ
ရုပ်ရှင်တွေထဲမှာ မြင်ဖူးကြတယ်ဟုတ် အပြင်ကို မြင်ရတဲ့ မှန် အကာကြီးလေ
နေ့ဆိုရင်တော့ လိုက်ကာ အကြီးနဲ့ ကာထားတာပေါ့ နားမလည်ရင် လာမေးလှည့်ကြ အိမ်ထိလာရှင်းပြပေးမယ် 😒

” ကိုရှိုင်း..
အိပ်မပျော်ဘူးလား “

” ဆိုပါတော့…
အရင်က နောက်ကျမှ အိပ်တာဆိုတော့
ခွန်းရော အိပ်မပျော်လို့လား…..”

” ကိုရှိုင်း ရေခဲသေတ္တာထဲ မှာ ဘီယာရှိတယ်မလား…
ကျွန်တော်တွေ့လိုက်သလိုပဲ…. “
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မနက် ၆ နာရီ…..

စစ်ခွန်း…

” အာစ်…..ငါ့ခေါင်း…”

ဘာပါလိမ့် ဒီခံစားချက်ကြီးက
နွေးထွေးတဲ့ခံစားချက်
ရင်နှီးနေတဲ့ ကိုယ်သင်းနဲ့
ပူးကပ်တင်းမာနေတဲ့ မြွေနှစ်ကောင်😳

#သာသာမသိဘူးနော် 😷

မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တော့…
ကျွန်နော့်အသံမထွက်မိအောင် ပါးစပ်ကို လက်နဲ့အုပ်မိတယ်…

ဒါက ဘာတွေဖြစ်နေတာပါလိမ့်…

ကျွန်နော်က ကိုရှိုင်းရင်ခွင်ထဲမှာ သူ့လက်မောင်းကိုလည်း ခေါင်းအုံးထားတယ် သူ့လက်တစ်ဖက်ကလည်း ကျွန်တော့်ခါးပေါ်တင်ထားတယ်….

သူမနိုးသွားအောင် ဖြည်းဖြည်းချင်း ထလိုက်ပြီး       ပုံပျက်နေတဲ့ ကိုယ်ပုံစံကိုအရင် သေချာပြန်လုပ်ရတယ်…

#အဝတ်စားပုံပျက်ပြီး ဆံပင်တွေ စုတ်ဖွာနေတာကို ပြောတာပါနော် 🙄

ပြီမှ ဘီယာခွံနေ ပြည့်နေတဲ့ အခန်းကို
အသံမထွက်အောင် အရင်ရှင်းရတယ်
ငါ့မလဲနော်…စိတ်လေလိုက်တာ..
အကုန်လုပ်ပြီးမှ ကိုရှိုင်းကိုနှိုးရတယ် …

” ကိုရှိုင်း…..
ကိုရှိုင်း…….ကြမ်းပြင်ပေါ်မှာ မအိပ်နဲ့တော့ အိပ်ချင်ရင် အခန်းထဲမှာသွားအိပ်လေ….”

အိပ်ချင်မူးတူး နဲ့ ထလာပြီး

” အော်…..
ခွန်း…..ကိုယ်မအိပ်တော့ပါဘူး…
ခွန်းဟင်းချက်တာကို ဝိုင်းကူပေးမယ်လေ…”

” ဟင်…. ကူဦးမယ် 😳😰”

” အင်းလေ တစ်ယောက်တည်းချက်တာထက်စာရင် ကိုယ်ကူပေးတော့ ခွန်းပိုသက်သာတာပေါ့ မဟုတ်ဘူးလား…”

” အာ….ဟား😅
ဟို….အ……အလောက်ကြီးလည်းမရှုပ်ပါဘူး…
တစ်…တစ်ယောက်တည်းလည်း ဖြစ်ပါတယ်….
ကိုရှိုင်း အိပ်လို့ရပါတယ် …”

” မဟုတ်တာ ခွန်းကလည်း…
ကိုကူပေးမှာပေါ့ 
ခနစောင့်နော် ရေချိုးပြီး ထွက်လာခဲ့မယ်…. “

# ရေးချိုးခန်းထဲရောက်ရင် အရေးကြီးတာ အရင်ဖြေရှင်းရအုံးမယ်လေ
သိတယ်ဟုတ် မသိလည်း မပြောတော့ဘူး

” 😕😕😕😐😤😤”

ဟင်းချက်နေတုန်း…

🤔 ညကတကယ်ပဲ ဘာတွေဖြစ်ခဲ့တာလဲ…
ငါ့အာရုံအရ တစ်ခုခုတော့ တစ်ခုခုပဲ

Oh!!!!!!!!!Shit!!!!!!!!!😵😵😵😵

သေလိုက်ပါတော့ စစ်ခွန်းသာရယ်
ဘယ်လိုပုံစံနဲ့ မျက်နှာပြရမလဲ
ဟီး……ငါသေချင်တယ်နော်
မင်းဟာလေ အရည်လေးဝင်တာက
နည်းနည်း…အရည်ဝင်တာနဲ့ ပြသာနာက တစ်ခုမဟုတ်တစ်ခုရှာနေတယ်
ငါနော်တကယ်….ဟီး…….

” ခွန်း….”

” 😦 “

” ကိုယ်ဘာလုပ်ပေးရမလဲ

ဟင်….ခွန်းပုံစံက တစ်ခုခု ဖြစ်နေသလိုပဲ….
မျက်နှာတွေလည်းနီနေတယ်
အဆင်ပြေရဲ့လားခွန်း ….”

” ကိုရှိုင်း”
” ….”

“ကိုရှိုင်း….. ကျွန်တော်တို့ညကလေ
ဟိုဟာညက.       နှစ်ယောက်လုံးမူးပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာလေ
အဒါ… အဒါ
ကိုရှိုင်းများ မှတ်…မှတ်မိ….”

ကျွန်တော့်စကားမဆုံးလိုက်သေး..

” ကိုယ်ရောပဲ”

” 😦”

” ကိုယ်လည်း ညက နည်းနည်း များသွားလို့ ဘာတွေဖြစ်ခဲ့လဲ မမှတ်မိတော့ခွန်းကို​မေးမလို့ …..ခွန်းများမှတ်မိမလားလို့…”

” အာ…..ဟဟဟဟ ကိုရှိုင်းလည်းမမှတ်မိဘူးကို
စိတ်မပူပါနဲ့  ဘာမှမဖြစ်ဘူး..
တကယ်ဘာမှမဖြစ်ဘူး..သိလား 😂☺”

မနက်စာစားပြီး သားက ကစားကွင်းသွားချင်တယ်  ဆိုလို့  ၃ ယောက်သားသွားကြတယ်.

ကစားနေတဲ့ သားကိုကြည့်ပြီး အဖေနှစ်ယောက်ရဲ့ ရင်ထဲမှာတော့ ပျော်လို့မဆုံး ဖြစ်နေ……

တချို့ကတော့ ကျွန်တော်တို့ကို ကွက်ကြည့်ကွက်ကြည့် နဲ့ အားကျသလိုရော ရှုတ်ချသလိုရောပေါ့.Fujoshi မတွေကတော့ပြောမနေနဲ့တော့ ဓာတ်ပုံကို ပေါ်တင်တွေရော ခိုးပြီးတော့ရော တစ်ချပ်ချပ်နဲ့  ….

လူတွေ attention ဖြစ်နေနဲ့ ကျွန်တော်တို့ မိသားစုကို ကျွန်တော်နဲ့ ကို ရှိုင်းကတော့ နဂိုတည်းက ပတ်ဝန်းကျင်ကို ဂရုစိုက်အလေးထားနေတဲ့သူမဟုတ်လို့ အဆင်ပြေပေမဲ့  သားကရော အဆင်ပြေပါ့မလား လို့
ကျွန်တော်နဲ့ ကိုရှိုင်း တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး သားကို ကြည့်လိုက်တော့     

ဒီတစ်ခါတော့ သားက ကျွန်တော့်တိုနှစ်ယောက်သွေးဆိုတာပိုပြီးတော့ကိုသေချာသွားပြီ

လူ​တွေကျွန်တော်တို့ကို ကြည့်နေတာရော သတိထားမိရဲ့လားမသိဘူး
အဖေနှစ်ယောက်လက်ကိုဆွဲပြီး
ဟိုဟာစီးပြီး ဒါစီးမယ် ဒါစီးပြီး ရင် ဟိုသွားမယ် ပြုံးရွှင်ပြီး သူ့ပါသူ ဟုတ်နေတာပဲ….

ကျွန်တော်တို့ နှစ်ယောက်ပြိုင်တူ ပြုံးမိလိုက်ကြတယ်…

သားက အရွယ်နဲ့မလိုက်အောင် လူကြီးလေးဖြစ်နေတယ်… အဖေနှစ်ယောက်ဖြစ်နေပြီး သူများတွေလို့ အမေ မရှိလို့လည်း ကျွန်တော့်တို့ နှစ်​ယောက်ကို ဘာမှလာမမေးဘူး.အထူးဆန်းလဲမဖြစ်ဘူး…
သားတကယ်အဆင်ပြေနေတယ်ဆိုတာတော့သေချာတယ်.ဘာလို့ဆို သားက သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပဲပြောတယ်..မလိမ်တတ်ဘူး……

.
.
.
.
.
.
.
.
.
.
ပိစိကတော့ ပင်ပန်းပြီးကားပေါ်တည်းက အိပ်ပျော်လာတယ်….

အိမ်ရောက်တော့ သားအခန်းထဲ သေချာသိပ်ခဲ့ပြီး

ကိုရှိုင်းအခန်းသွားပြီး
ရေချိုးထွက်လာတော့ ကိုရှိုင်းက
ကွန်ပြူတာရှေ့မှာ အလုပ်လုပ်နေတာထင်တယ်….

ရေချိုးခန်းထဲက ထွက်လာတဲ့ ကျွန်တော်ကို သေချာကြည့်နေပုံက ကြက်သီးထစရာ
ကျွန်နော်လည်း ဒီလိုဖြစ်မှာဆိုးလို့
ရေချိုးခန်းထဲမှာ တည်းက အဝတ်စားအပြည့်စုံ​သေချာ ဝတ်လာပါတယ်..

ရှိုင်းခေတ်..

ရေဆက်လက်နဲ့ ထွက်လာပုံလေးက အသဲယားစရာ……
အဖြူရောင် တီရှပ် အနက်ရောင် ဒူးအထက်ဘောင်းဘီတိုလေးက ရိုးရှင်းပေးမဲ့လည်း  ခွေးပေါက်လေးလို အဂမ်းချစ်ဖို့ကောင်းနေတဲ့ ချစ်ရသူလေးရယ်..
အလောက်မဆွဲဆောင်ပါနဲ့လား
ကိုယ်စိတ်မထိန်းနိုင်မှာဆိုးတယ်…

” ဘာကြည့်နေတာလဲ…”

” မကြည့်ပါဘူး…ဒီတိုင်းပါပဲ

ဘာလဲ ကိုယ့်အကြည့်က သိမ်ငယ်ပုံပေါက်နေလို့လား……”

” 🙂”

ရှိုင်းခေတ် တံတွေး တစ်ချက်မျိုချမိတယ်…

” ကိုရှိုင်း….
မနေ့ညကကိစ္စ တကယ်မမှတ်မိဘူးဆိုတာသေချာလား….”

” သေ….သေချာပါတယ် ခွန်းရဲ့…
ကိုတကယ်မမှတ်မိတာ…

ခွန်းနဲ့ ကို နမ်းခဲ့တဲ့ ကိစ္စတကယ်မမှတ်မိ…..😨😨”

WTF………

#အတတ်နိုင်ဆုံး မိသားစုပုံစံလေး ပုံပေါ်အောင်ရေးထားပါတယ်နော်
အရေးသားညံ့ခဲ့ရင် ခွင့်လွှတ်ပေးပါနော်…..🤧🙏

Zawgyi………..

စစ်ခွန်း……

ည ၁နာရီ ခွဲ….


ဘာလိုလုပ်ရမလဲ..

” ဖေဖေ…”

” ဟင်….

သားသား….ဘာဖြစ်လို့လဲ…
အိပ်မပျော်ဘူးလား…”

” မဟုတ်ပါဘူး…..
သားရေဆာလို့နိုးလာတာ….


” ရော့…..သား…

” ဟုတ်…”

ရေသောက်ပြီး..

” ဖေဖေ…”

” အင်…”


” အင်း….
သားရဲ့….
ဘာလို့လဲ…သားရဲ့…”


” 😦😦”








နောက်ကျနေပြီ…..
.
.
.
.
.
.
နောင်အပါတ်သားသားကျောင်း ပိတ်ရက်ကျ     သားရဲ့ ဖေကြီး ဆီသွားမယ်လေ………..နော် …….”

ဖေဖေကျမပါဘူး….”

” ဘယ်သူပြောလဲ….


” အင်းပေါ့….. “

” ရေး……ဒါမှဖေဖေကွ…

” ကဲ…ခုတော့ အိပ်တော့ 😏”
” ဟုတ်… 
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ရှိုင်းခေတ်….


ဖင်တကြွကြွဖြစ်နေပြီ…..

တင်း…..တောင်……

ရောက်ပြီထင်တယ်…

” ဖေကြီး “

သားကို ဖက်လိုက်ပြီး

” ပိစိလေး…
ဟလား..”

” မဟုတ်ပါဘူး… ဖေကြီးရဲ့
ဟုတ်တယ်နော်ဖေဖေ….. ”

” 😵 အဟင်း…
အထဲဝင်ရအောင်လေ

သားဖနှစ်ယောက် ခွန်းတို့ လမ်းထိပ်ဈေးက​နေဟင်းချက်စရာ တစ်ခါတည်း  ဝယ်ခဲ့တော့ ဒီရောက်တော့ တန်းချက်ယုံပဲ…




စစ်ခွန်း…

ဖရုံရွက်ဟင်းချို
အသီးရွက်စုံကြော်


” ခွန်း…ဒီလိုသင်ရတာလား…..


ခွန်း….ဒါက

ခွန်း….

ခွန်း…..

ခွန်း…..

ခွန်း…… ……”







” ဖေကြီးလည်းပါပါတယ်
ဟုတ်တယ်နော်…ခွန်း…”

” အော်…
ဟုတ်ပါတယ် 🙄”

ရှိုင်းခေတ်..

သားဖ ၃ ယောက်..


စစ်ခွန်း…

နေ့ခင်းဘက် ၃ ယောက်သား







ညစာစားပြီး….
နေ့ခင်းကလည်းမအိပ်ရ





” ကိုရှိုင်း..
အိပ်မပျော်ဘူးလား “

” ဆိုပါတော့…

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
မနက် ၆ နာရီ…..

စစ်ခွန်း…

” အာစ်…..ငါ့ခေါင်း…”


#သာသာမသိဘူးနော် 😷







” ကိုရှိုင်း…..


” အော်…..

” ဟင်…. ကူဦးမယ် 😳😰”


” အာ….ဟား😅

” မဟုတ်တာ ခွန်းကလည်း…
ကိုကူပေးမှာပေါ့ 


” 😕😕😕😐😤😤”

ဟင်းချက်နေတုန်း…


Oh!!!!!!!!!Shit!!!!!!!!!😵😵😵😵

ဟီး……ငါသေချင်တယ်နော်
ငါနော်တကယ်….ဟီး…….

” ခွန်း….”

” 😦 “

” ကိုယ်ဘာလုပ်ပေးရမလဲ

အဆင်ပြေရဲ့လားခွန်း ….”

” ကိုရှိုင်း”
” ….”

အဒါ… အဒါ


” ကိုယ်ရောပဲ”

” 😦”











.
.
.
.
.
.
.
.
.
.




ရှိုင်းခေတ်..


” ဘာကြည့်နေတာလဲ…”



” 🙂”


” ကိုရှိုင်း….

ကိုတကယ်မမှတ်မိတာ…


WTF………


Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၄, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၄, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၄ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၄ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၄ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၄ light novel, ,

Comment

Leave a Reply

Chapter 25