Forever Ðÿ’Š (Unicode And Zawgyi) Completed ၂

A+ A-

Unicode….

တစ်ပါတ် လောက်ကြာတော့ဖုန်းဆက်လာတယ် JR market မြောက်ဒဂုံရုံးခွဲမှာ အလုပ်ရလို့ training 3ရက်အရင်ဆင်းရမယ်တဲ့. တကယ်တော့ ၁ရက်ပါပဲ နောက်နေ့အလုပ်စဆင်းရတယ်.ကျွန်​​တော်တို့ အ​​ရှေ့ဒ ဂုံနဲ့နီးတဲ့ မြောက်ဒဂုံ နားက 24hours market မှာဆင်းရတယ်.ပထမနေ့မှာပဲ ကံကောင်းတာလား ကံဆိုးတာလားမသိဘူး  ရုံးချုပ် က သူဠေး လာစစ်မယ်တဲ့.

“ဟာကွာ ငါအလုပ်လုပ်တာကြပါပြီးသူဠေးလာစစ်တာတစ်ခါမှမတွေ့ဖူးဘူး ဒီနေ့မှ မင်းတော့ ကံကောင်းတာလား ဆိုးတာလား မပြောတတ်တော့ဘူး”

အကို မင်းမြတ် ကလာပြောတယ်.

“အော် အကိုရယ် ကျွန်တော့ကံပဲပေါ့ ပြီတော့ သူလာတာ ကျွန်တော့ လာစစ်တာမှမဟုတ်တာ ကျွန်တော့ကို ကြည့်တောင်ကြည့်သွားမှာမဟုတ်ဘူး”

သူဠေး လာမယ်တဲ့ ကျွန်တော်လည်းတစ်ခါမှ ရုံးချုပ်တစ်ခုလုံးကသူဠေးကို မတွေ့ဖူးဘူး ဒါမဲ့ ရာထူးအကြီးဆုံးကြီးဆိုတော့ တွေ့ရမှာခပ်လန့်လန့်.
ဟောဗျာ လာပါပြီ ဘေးနားက လူ 7/8 ယောက်လောက်.အလယ်မှာ သူကထင်းကနဲ  အရပ်က ၆ ပေကျော်လောက် ၅ပေ၈ ကျွန်တော်တောင်သိမ်ငယ်သွားသလိုပဲ.အသားက အရမ်းအဖြူလည်းမဟုတ် ကြည့်ကောင်းယုံလောက်.နှာတံဆင်းဆင်း မျက်လုံးဝိုင်းလေးတွေ မျက်ခုံးက မဲနက်နေပြီ v shape ပုံမျက်နှာနဲ့.သေပါပြီဗျာ ယောက်ကျားလေး ချင်းတောင် ကြွေချင်နေပြီ.

ထင်တဲ့အတိုင်းပါပဲ လူကိုတောင်မကြည့်ဘဲ အပေါ်ထပ်ကရုံးခန်းတွေဆီ တက်သွားပြီ.ကြားတာတော့
” ရှိုင်းခေတ်”တဲ့.အသက်က 27 လောက်ဒီလိုအရွယ်လေးနဲ့ ဒီလို ရာထူးမျိုးရတာတကယ်လေးစားစရာပဲ.
.
.
.
.
.
YBS စီးနေရင်း စောနက တစ်ခါ တွေ့လိုက်တဲ့ သူ့မျက်နှာကိုတကယ် မေ့လို့မရဘူးဗျာ.ကျွန်နော်ကိုယ်တိုင်နားမလည်နိုင်တော့ဘူး ကျွန်တော်က gay များလား.ကျောင်း တုန်းက ကောင်မလေး တစ်ချို့နဲ့ တွဲဖူးပေမဲ့ ခနတာ စိတ်ကစားခဲ့ယုံလောက်ပဲအခုတော့ မတူဘူး  ဘယ်မိန်ကလေးကိုမှ မဖြစ်ဖူးတဲ့ရင်ခုန်သံ. ပထမဆုံးရင်ခုန်သံ. ကျွန်တော်သူ့ကိုများချစ်နေမိပြီလား.ဒါမဲ့လည်းကျွန်တော်ကြားဖူးတာတော့ ရင်ခုန်တိုင်းအချစ်မဟုတ်ဘူးတဲ့.
တကယ်ပဲကျွန်တော်က ဘာလဲ.အဖြောင့်လား.gay လား.

တကယ်လို့ ကျွန်တော်က gay ဖြစ်နေရင်ရော အိမ်ကလက်ခံပါ့မလား. အမေတို့က လူကြီးတွေမလို့ ရှေးဆန်ပေမဲ့လည်း သားသမီးတွေ ဖြစ်ချင်တာကို ဘယ်တုန်းကမှမချုပ်ချယ်ခဲ့ဘူး.အမြဲနားလည်ပေးတယ်.အမေတို့သိရင်လည်း လက်ခံပေးမယ်လို့ကျွန်တော်ယုံတယ်.

အလုပ်ရောက်တော့ အလုပ်ကအကိုတွေနဲ့ အဆင်ပြေပါတယ်.ရင်လည်းမခုန်ဘူး ဘယ်လိုမှမနေဘူး.ရန်ပိုင်နဲ့လည်း နီးနီးကပ်ကပ် နေဖူးပေမဲ့ ဘာမှမခံစားရဘူး ဒီတိုင်းသူငယ်ချင်းတစ်ယောက်ထပ်မပိုဘူး.ကျွန်တော် gay မဟုတ်ပါဘူး.ယောက်ကျားလေးတိုင်းကို ကြိုက်နေတာလည်းမဟုတ်ဘူး. သူတစ်ယောက်တည်းအတွက်ပဲ ဖြစ်ပေါ်လာတဲ့ ရင်ခုန်သံ.သူ့ကို ကြိုက်မိလို့ ကျွန်တော် gay ဆိုရင်လည်း ကြိုက်သလိုသတ်မှတ်လို့ရတယ်.

ကျွန်တော်မြင်မြင်ချင်း အချစ်ကိုလည်းအယုံအကြည်မရှိခဲ့ဘူး ဒီတိုင်းခနတာစွဲလမိးသွားတယ်လို့ပဲထင်ခဲ့တာ
အခုတော့မဟုတ်ဘူး……. သေချာသွားပြီး ကျွန်တော်သူ့ကို စွဲလမ်းတာမဟုတ်ဘူး ချစ်မိသွားတာ.ဟုတ်တယ်… ကျွန်တော်ချစ်မိသွားပြီ…………

# ရှိုင်းက တကယ်ပဲမသိတာလား
မသိချင်ယောင်ဆောင်နေတာလား 🤔

Zawgyi






.
.
.
.
.





Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၂ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂ light novel, ,

Comment

Leave a Reply

Chapter 3