Forever Ðÿ’Š (Unicode And Zawgyi) Completed ၄

A+ A-

Unicode ….

မှန်တံခါးအောက်ကိုချသွားတော့ ပေါ်လာတဲ့မျက်နှာ သူ……………….. မနေ့ညက အိပ်လို့မရအောင် လုပ်ခဲ့တဲ့လူ.

(ငါလည်း ဘာတွေပြောမိနေတာလဲ ဘာကအိပ်လို့မရအောင်လုပ်တာလဲ)

ရှိုင်း….”လိုက်ပို့ပေးရမလား”

စစ်…..”ဗျာ”

ရှိုင်း…”ကို လိုက်ပို့ပေးရမလားလို့”

စစ်…(ငြင်းလိုက်ရင်လည်း သူက boss… ယဥ်ကျေးရာမကျဘူး လက်ခံလိုက်ရင်ရော. ဟာ…..မသိတော့ဘူး ဒီတိုင်း လိုက်ပို့မယ်ပြောတာ ဘာလက်မခံနိုင်စရာရှိလို့လဲ ငါဘာဖြစ်နေတာလဲ)

စစ်…”ဟုတ်…ကျေး…ကျေးဇူးပါသူဠေး”

ကားထဲဝင်တော့ ကျွန်တော့ခါးပတ်မပတ်မိလိုက်ဘူး.ကျွန်တော် မှ ကားရှေ့ခန်းမှာမစီးဘူးတာ ဘယ်လိုလုပ်သိမှာလဲ.နီးကပ်လာတဲ့သူ့မျက်နှာ ကျွန်တော့ရင်ဘက်နားမှာ ရင်ခုန်သံတော့မကြားသွားလောက်ပါဘူးနော်.

ရှိုင်း…. “ဒဂုံတက္ကသိုလ် ကနေ ဟိုဘက်ထိဆက်မောင်းရမှာလား”

တစ်လမ်းလုံး ဘာစကားမှမပြောဖြစ်ကြပဲ တက္ကသိုလ် နားရောက်ခါနီးမှသူပြောလာသောစ ကား

စစ်….”ဟုတ်.တော်တော် ဝေးသွားရဦးမှာ “

အသိအမှတ်ပြုတဲ့သဘော ခေါင်းငြိ့မ်ပြပြီး ဘာစကားသံမှထပ်ထွက်မလာတော့ဘူး.

စစ်….”ဒီနား အဆင်ပြေတဲ့ နေရာမှာရပ်လိုက်ပါ ရှေ့မှာ ဒီချိန်ဆို ကားတွေအရမ်းများနေပြီ. ဒီနားရပ်တာအဆင်ပြေဆုံးပဲ”

ကားဘေးချပြီး

စစ်…” ကျွန်တော် ကို..ဒီလို လိုက်ပို့ပေးတာကျေးဇူးတင်ပါတယ်”

ရှိုင်း…..”ရပါတယ် “

စစ်…”ဒါဆို ကျွန်တော့်ကို ခွင့်ပြု..ပါဦးနော်”

ခေါင်းတစ်ချက်ငြိမ့်ပြတယ်.

စစ်..(ဒါက ဘယ်လိုအချေအနေကြ
ိလဲ boss က သာမန် ဝန်ထမ်း တစ်ယောက်ကို အိမ်ပြန်လိုက်ပို့တယ် မဟုတ်တော့ ..မဟုတ်သေးဘူးထင်တယ်)

အိမ်ပြန်လမ်းတစ်လျှောက်လုံး ညအထိ ဘယ်လို စဥ်းစားပြီ ဘယ်လို နားလည်ရမလဲမသိတော့ဘူး.
ညနေအလုပ်ဆင်းချိန်
တီ……
သေချာပေါက်ကျွန်တော့်ကိုခေါ်တာဆိုတော့ တစ်ခါတည်းကားပေါ်တက်သွားလိုက်တာ်.
ခါးပတ် ပတ်ပေးရပြန်ပြီ. အတော်ကိုတုံးလိုက်တဲ့ငါ မှတ်ညဏ်ကိုမရှိဘူး ဒါနဲ့များ ဘယ်လို ဆယ်တန်းအောင်လာလည်းမသိဘူး.

ရှိုင်း…”ဗိုက်ဆာနေလား တစ်ခုခုစားရအောင်”

စစ်…”ဟုတ် စားမယ်”

(သေစမ်း အတော်တုံးလိုက်တဲ့ငါ ဘယ်လောက်ဆာဆာ အပေါက်ကနေ ဟုတ်ဆိုပြီးပြောစရာလား သေလိုက်ပါတော့ စစ်ခွန်းသာရယ် အား Fuck ပဲ…. )

ရှိုင်း.. “ညီ ဘာစားမလဲ”

စစ်…(အမလေး ညီ တဲ့ ငါသေလို့ရပြီ အဲ့သီချင်းတာ ထဆိုလိုက်ချင်တယ်)
“ထမင်းကြော်”

ရှိုင်း… “ထမင်းကြော် ကြိုက်တာလား”

စစ်…”ဟို… ကြိုက်တယ်လို့လည်းမဟုတ်ပါဘူး အင်းပေါ့…ကြိုက်တယ်ပေါ့ ဟီး………”

ရှိုင်း…. (ဟာ ရှေ့သွားလေးတွေပေါ်တဲ့ထိရယ်ပြနေတာ ကြည့်ပါဦး ချစ်ဖို့ကောင်းလိုက်တာ)
ရှိုင်း ….အဟင်းးးးးး

.
.
.
.ကားလမ်းဘေးချရပ်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်နှုတ်ဆက်ပြီးပြန်လာခဲ့ကြတယ်.ကျွန်တော်တို့ နှစ်ယောက် ပုံစံကတကယ်ကိုနားမလည်နိုင်တော့ဘူးဗျာ.ဒီလိုပုံစံက ယောက်ကျားလေး တစ်ယောက်က မိန်းကလေးကိုလိုက်မှ လုပ်ရမဲ့ပုံစံတွေမဟုတ်ဘူးလာား.ဒီလိုနဲ့ ထမင်းအတူစားပြိးလိုက်ပို့နေတာ ၁ ပါတ်နီးပါးလောက်ရှိနေပြီး.ကျွန်တော်လည်း boss ဆိုတော့​မေးလည်းမမေးဖြစ် မမေးရဲဘူးဆိုပိုမှန်မယ်. အင်းအဲ လောက်ပဲပြောဖြစ်ကြတယ်.

“စစ်ခွန်း ဘယ်လိုနေလဲ အလုပ်က ပင်ပန်းလား”

ကိုမင်း ကျွန်တော့ ပုခုံး ဖက်ပြီးမေးလိုက်တယ် ယောက်ကျားလေးချင်း ပုခုံးဖက်တာပဲ အဆန်းမှမဟုတ်တာ

စစ်…”ဒီလိုပါဘဲ အကိုရာ ပိုက်ဆံလိုချင်လို့လုပ်ရတာပဲ မပင်းပန်းဘူးတော့ရှိမလား အနည်းနဲ့အများတော့ပင်ပန်တာပေါ့”

“ငါ့ ညီ အကိုသွားပြီ”

သူနေတာက ဒီနားကရပ်ကွက်ဆိုတော့ လမ်းလျှောက်ပြန်တယ်.ကျွန်တော် ကတော့ ကားမှတ်တိုင်ဘက် လာခဲ့တယ်. အဆင်သင့်ရပ်ထားတဲ့ကားပေါ် တက်လိုက်တော့ သူ့ပုံစံက တစ်ခုခုကို အလိုမကျနေသလိုပဲ.ကျွန်တော် လည်းမမေးရဲလို့ ဘာဖြစ်တာလဲမမေးတော့ဘူး.အရင်လို တစ်ခုခုစားမလားလည်းမမေးဘူး အိမ်ကိုဘဲ တန်းပြန်ဖြစ်တယ်.လမ်းထိပ်မှာ ကားရပ်တော့ ကျွန်တော်ကားတံခါးဖွင့်မယ်အပြု ကျွန်တော့ လက်ကိုသူ့လှမ်းဆွဲလိုက်တယ်.

စစ်..”ဘာ..ဘာဖြစ်လို့လဲအကို”

ရှိုင်း….”ကို မင်းကိုချစ်တယ်. ကိုယ့်အချစ်ကို လက်ခံပေးနိုင်မလား”

ရှိုင်း..(ဟုတ်တယ် ကျွန်တော် ဒီထပ်ပို သည်းမခံနိုင်တော့ဘူး.ဟိုလူ ဟိုလူက ဘာလို့ကလေးကို ဖက်တာလဲ သူတို့ကသွေရိုးသားရိုးဆိုပေမဲ့လည်း ကျွန်တော့ ရင်ထဲမှာဗြောင်းဆန်သွားတာပဲ.နောက်ကျမဲ့အဖြစ်တော့ အဖြစ်မခံနိုင်ဘူး.ကလေးကို ဘယ်သူ့လက်ထဲမှလည်းမထည့်ပေးနိုင်ဘူး)

စစ်….”ကျွန်…..ကျွန်တော်……ဒါက…ဘယ်လို…”

ရှိုင်း…. “ကိုအတည်ပြောနေတာ ကိုယ့်ဘဝတခုလုံးနဲ့ရည်ရွယ်ပြီးပြောနေတာ”

စစ်..”မ.. မဟုတ်ဘူး….ကျွန်တော်ပြောချင်တာကလေ ဒီ..ဒီလိုမျိုး ပထမဆုံးပြောခံရတာဆိုတော့ ထူး…ထူးဆန်းနေလို့ပါ”

ရှိုင်း…. “ကလေး ကိုယ့်ကို စဥ်းစား ပေးမယ်မလားဟင်”

စစ်…” အာ…..အလိုဆိုလည်း အလိုပဲလုပ်ရမှာပေါ့.”

(သေစမ်း စစ်ခွန်းသာ ရာ စဥ်းစားပေးမယ်ဆိုလည်း စဥ်းစား ပေးမယ်ပြောလေ ဘယ်လိုတွေတောင်ပြောနေတာလဲ)

ရှိုင်း… “စဥ်းစား မယ်ဆိုလည်း အကြာကြီး တော့မလုပ်နဲ့နော်. ကိုယ်စောင့်ခဲ့ရတာကြာလှပြီ”
.
.
.
.အိမ်ပြန်လမ်းတွင်

(နေပါဦး သူကဘာကို အကြာကြီး စောင့်ရတာလဲ အဲ တစ်ပါတ်ကိုကြာတယ်လို့ပြောတာတော့မဟုတ်လောက်ပါဘူးနော် ……….,………..
ငါကလည်းငါပဲ ချစ်နေရဲ့သားနဲ့ဘာလို့ မူနေရတာလဲ ဟိုတစ်ခေါက်က ရန်ပိုင်ပြောသလို….သူကောင်မလေး တစ်ယောက်ကိုလိုက်တာ ဟိုဘက် ကောင်မလေးက အရမ်းမူနေတာနဲ့ကြာလာတော့စိတ်ပျက်ပြီ နောက်စောတစ်ပွေပဲပြောင်းပြီးလိုက်တော့တယ် ……
ငါအလိုဖြစ်ရင်ဘယ်လိုလုပ်မလဲ .
.
.
.
မဟုတ်သေးဘူး ချက်ချင်းကြီး ပြန်ဖြေတော့လည်း ငါ့ကိုအထင်သေးသွားမှာပေါ့ ဟာ မသိတော့ဘူးကွာ လောကကြီးက ပဟေဋ္ဌိ ဆန်လိုက်တာ ချ်ရင်ချစ်တယ် မချစ်ရင် မချစ်ဘူးပေါ့ ဘာတွေအလောက်ခက်နေတာလဲ)

ရှိုင်း…”မနက်ကလေးရဲ့ အလုပ်ပိတ်ရက်မလား”

စစ်….”အာ… ဟုတ်တယ်”

(သူက ငါ့အလုပ်ပိတ်ရက်ဘယ်လိုသိ အော် သူအလုပ်ခန့်မှငါရလာတာကို ဘာတွေထူးဆန်းနေတာလဲ)

ရှိုင်း..”ကလေးမနက်ဖြန်အားလားလို့”

စစ်…”ဗျာ အော်.. အား..အားပါတယ်ဘာလို့လဲမသိဘူး”

ရှိုင်း……”မနက် ရုပ်ရှင်တူတူကြည့်ရအောင်.နေတိုးနဲ့သက်မွန်မြင့် ကလေးသိတယ်မလား ချည် ကားဆိုတာလေ”

(ချည် ကား အင်းငါလည်းကြည်ချင်တာနဲ့အတော်ပဲ)

စစ်….”ဟုတ် အဆိုလည်း ကြည့်ရအောင်လေ ဘယ်အချိန်လဲ”

ဘုရားလမ်နားက စိန်ဂေဟာမှာ ကြည့်မယ်တဲ့.ကံကောင်းတာလားဘာလားတော့မသိဘူး ပိတ်ရက်မို့ထင်တယ် တစ်ရုံလုံးလူအပြည့်.
.
.
.
.
.
.
.
.သေပါပြီဗျာ ကျွန်တော့ရဲ့ ရှိသမျှ အရှက်တွေလဲကုန်ပါပြီ.

အဟီး……အင်း…ဟီး……အင့်

ရှိုင်းး.. “ကလေးဘာ..ဘာဖြစ်လို့လဲ”

နေတိုးက ရွှေသမီးနောက် လိုက်သွားခါနီး သိသိကြီးနဲ့ ဘာမှမပြောဘဲ အထုပ်အပိုးတွေပြင်ဆင်ပေး ဘာမှမဖြစ်သလိုဟန်ဆောင် တစ်ယောက်ထဲ ကြိတ်ပြီး ငိုနေတဲ့ သက်မွန်မြင့် အစား ရင်တွေအရမ်းနာနေပါပြီ. မရတော့ဘူး ငိုချလိုက်တော့မယ်.

စစ်..”ဘာ..ဘာမှမဖြစ်ပါဘူး”

ရှိုင်း.. (ကြည့်ပါဦး ရုပ်ရှင်ကြည့်ရင်းငိုရတယ်လို့ ဘယ်လောက်တောင် ဖြူစင်ပြီး နူးညံ့လိုက်တဲ့ကလေးလဲဗျာ)

#ကိုယ့်ငချဥ် ကိုယ်ချဥ် တဲ့ ရှိုင်းခေတ် ရေးရင်းနဲ့ အမြင်တွေကပ်လာပြီ#

ဗိုက်ဆာလို့ ကြက်ကြော် စားချင်တယ်ဆိုလို့ အောက်ဆုံးထပ်က KFC မှာစားပြီးအိမ်ပြန်လိုက်ပို့ပေးတယ်.ရုပ်က ငိုထားလို့ ဆုပုတ်ပုတ်နဲ့.အဒါတောင် ချစ်ဖို့ကောင်းနေတုန်းပဲ.

ကားပေါ်က ဆင်းခါနီး……

“ကိုရှိုင်း ကျေးဇူးပဲ ရုပ်ရှင်လိုက်ပြ​လို့”

“မလိုပါဘူး ကလေး စိတ်ချမ်းသာရင်ကိုကျေနပ်ပါတယ်”

စစ်(အမလေး တော်ကီတွေနဲ့ချုပ်နေပြီ မချုပ်တောင်လူက ကြွေနေပြီးသားပါဆို ဟွန့်)

တစ်ပါတ်လောက် ကြာတော့ကားထဲမှာ……

“ကိုရှိုင်း ကိုရှိုင်းက ဘာလို့ကျွန့်တော့လိုလူမျိုးကိုချစ်တာလဲဟင်..”

“ကျွန်တော်လို လူမျိူးက ဘာဖြစ်နေလို့လဲ “

“ကျွန်တော် ကိုရှိုင်း ကို ပြောပြီးပေမဲ့လည်း ကျွန်တော်တို့က သာမန်မိသားစုလေးဘဲနော် ကိုရှိုင်း တိုလို့ ပိုက်ဆံ ရှိအသိုင်းဝိုင်းကမဟုတ်ဘူး ပြီတော့ ကျွန်တော် ကိုရှိုင်း နဲ့ တွဲမယ်ဆိုရင်တောင် ကိုရှိုင်း ပိုက်ဆံ. ချမ်းသာမှုကိုမက်လို့မဟုတ်ဘူး.ကိုရှိုင်း ကို တကယ် ချစ်လို့ပဲတွဲမှာ.ပိုက်ဆံမမက်ဘူး ဆိုတာတော့ မဟုတ်ဘူးပေါ့ ပိုက်ဆံ မမက်တဲ့သူဘယ်လိုလုပ်ရှိမှာလဲ ဒါပေမဲ့ ကျွန်တော် က ကျွန်တော် ကိုယ်တိုင် ကျွန်တော့် ချွေးနည်းစာနဲ့ ရှာလိူ့ရတဲ့ပိုက်ဆံကိုပဲမက်တာ ဘယ်သူ့ဆီကမှအလကားမလိုချင်ဘူး တန်ရာတန်ကြေးပဲ ပေးပြီးလိုချင်တာ”

ရှိုင်း.. “အဲ့တော့ မင်းက ကိုယ့်ကို အခုအဖြေပေးနေတာလား”

စစ်..”ဗျာ ကျွန်..ကျွန်တော် ပြောလိုက်တာ အဖြေပေးတာနဲ့များတူသွားလို့လား”

ရှိုင်း…”ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်မင်းကို အထင်လည်းမသေးခဲ့ဖူးသလို ဘယ်တုန်းကမှလဲ ငွေမက်တဲ့သူလို့မထင်ဖူးဘူး “

အချိန်တွေကြာတာနဲ့ကျွန်တော်သူ့အကြောင်းပိုပြီးသိလာတယ်. သူကတကယ့်ကို လူကောင်းတစ်ယောက်ပါ.

“ကိုရှိုင်း ..ကိုရှိုင်း ဘာလို့ကျွန်တော့ဆီက အဖြေမတောင်းသေးတာလဲ”

“ကလေး အဆင်သင့် ဖြစ်မှ ပေးမယ်ဆိုလည်း ကိုယ်စောင့်နိုင်ပါတယ်. ကလေးလည်း စိတ်ကိုဆန်းစ်ဖို့ အချိန်လိုမှာပဲလေ”

စစ်.(ဟွန့်..အဒါများ ကိုယ်..အကြာကြီး မစောင့်နိုင်ဘူးဘာဖြစ်တယ် ညာဖြစ်တယ်လုပ်နေသေးတယ်).

စစ်…”အဆိုလည်း ကျွန်တော် အခုအဖြေပေးမယ်ဗျာ”

စစ်..” အခုလို.. မြန်မြန် အဖြေပေးလိုက်လို့ ကိုရှိုင်းကျွန်တော့ကို အထင်သေးမှာလားဟင်..)

ရှိုင်း.. ” ကိုယ်ပြောပြီးသားလေ
ကိုယ် ခွန်းကို ဘယ်တုန်းကမှ အထင်မသေးခဲ့ပါဘူးလို့ “
.
.
ကားတစ်ခုလုံး တိတ်ဆိတ်နေပြီး တစ်ယောက်ကိုတစ်ယောက် အချိန်အကြာကြီး အကြည့်ချင်းဆုံမိကြတယ်.

“ချစ်တယ်….. ကျွန်တော် ကိုရှိုင်းကို ချစ်တယ်…..”

# ချစ်သူဖြစ်တဲ့အပိုင်းပေါ့သလိုဖြစ်သွားရင် တောင်းပန်ပါတယ်.ချစ်သူဖြစ်တဲ့အပိုင်းကို အဓိက အကျယ်ချဲ့ ရေးချင်တာမဟုတ်လို့ပါ.အမှားပါခဲ့ရင် တကယ်တောင်းပန်ပါတယ်🙏

Zawgyi…




စစ်…..”ဗျာ”










ကားဘေးချပြီး


ရှိုင်း…..”ရပါတယ် “


.
.
.

.
.
.
.
.
ညနေအလုပ်ဆင်းချိန်
တီ……
.
.

စစ်…”ဟုတ် စားမယ်”


ရှိုင်း.. “ညီ ဘာစားမလဲ”

“ထမင်းကြော်”



ရှိုင်း ….အဟင်းးးးးး.
.
.
.
.
.
.
.
.
.

.
.
.
.



“ငါ့ ညီ အကိုသွားပြီ”











.
.
.
.အိမ်ပြန်လမ်းတွင်

.
.
.
မဟုတ်သေးဘူး ချက်ချင်းကြီး ပြန်ဖြေတော့လည်း ငါ့ကိုအထင်သေးသွားမှာပေါ့ ဟာ မသိတော့ဘူးကွာ လောကကြီးက ပဟေဋ္ဌိ ဆန်လိုက်တာ ခ်ျရင်ချစ်တယ် မချစ်ရင် မချစ်ဘူးပေါ့ ဘာတွေအလောက်ခက်နေတာလဲ)


စစ်….”အာ… ဟုတ်တယ်”







.
.
.
.
.
.
.

အဟီး……အင်း…ဟီး……အင့်



စစ်..”ဘာ..ဘာမှမဖြစ်ပါဘူး”




ကားပေါ်က ဆင်းခါနီး……






“ကျွန်တော်လို လူမျိုးက ဘာဖြစ်နေလို့လဲ “

“ကျွန်တော် ကိုရှိုင်း ကို ပြောပြီးပေမဲ့လည်း ကျွန်တော်တို့က သာမန်မိသားစုလေးဘဲနော် ကိုရှိုင်း တိုလို့ ပိုက်ဆံ ရှိအသိုင်းဝိုင်းကမဟုတ်ဘူး ပြီတော့ ကျွန်တော် ကိုရှိုင်း နဲ့ တွဲမယ်ဆိုရင်တောင် ကိုရှိုင်း ပိုက်ဆံ. ချမ်းသာမှုကိုမက်လို့မဟုတ်ဘူး.ကိုရှိုင်း ကို တကယ် ချစ်လို့ပဲတွဲမှာ.ပိုက်ဆံမမက်ဘူး ဆိုတာတော့ မဟုတ်ဘူးပေါ့ ပိုက်ဆံ မမက်တဲ့သူဘယ်လိုလုပ်ရှိမှာလဲ ဒါပေမဲ့ ကျွန်တော် က ကျွန်တော် ကိုယ်တိုင် ကျွန်တော့် ချွေးနည်းစာနဲ့ ရှာလို့ရတဲ့ပိုက်ဆံကိုပဲမက်တာ ဘယ်သူ့ဆီကမှအလကားမလိုချင်ဘူး တန်ရာတန်ကြေးပဲ ပေးပြီးလိုချင်တာ”










.
.



Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၄, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၄, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၄ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၄ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၄ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၄ light novel, ,

Comment

Leave a Reply

Chapter 5