Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၆

A+ A-

Unicode………

စစ်ခွန်း…

သားနဲ့ကျွန်နော် ပစ္စည်းတွေသိမ်းနေရင်း

” သား”

” မေမေ ”

အခန်းထဲက ထိုင်ခုံပေါ်ထိုင်လိုက်ပြီး

” မေမေ သား “

” အမေနားလည်ပါတယ်
အမေမျှော်လင့်တာတစ်ခုက
သားပျော်နေတာပဲ မြင်ချင်တာ
.
.
.
.
ငယ်ငယ်တည်းက အငယ်ဆုံး ဖြစ်တဲ့သားက အိမ်ရဲ့ အခက်ခဲတွေကို ကြုံခဲ့ရတာအများဆုံးပဲ

သားအကိုတွေအမတွေတုန်းကလည်း
အိမ်က အဆင်မပြေခဲ့ပေမဲ့
သူတို့က သူတို့အတွက်ပဲကိုယ်လွတ်ရုန်းခဲ့ကြတယ်

သူရိန်မင်း (သားကြီး)
တုန်းကလည်း အမေ့မှာ မဂ်လာဆောင်ပေးဖို့ပိုက်ဆံမရှိလို့

အမေတို့က တစ်သက်မှာ တစ်ခါဆောင်ရတဲ့မဂ်လာဆောင်လေးကိုတောင် မဆောင်ပေးချင်ကြဘူးလားဆို​ပြီးပြောတော့ အမေ့ မှာ မရှိမဲ့ရှိမဲ့နွားကိုရောင်းပြီး မဂ်လာဆောင်ပေးလိုက်ရတယ် 😥

ယမုံ ကျတော့လည်း
သားငယ်လေး ဆယ်တန်းပြီးမှ
ယူပါ(ယောက်ကျားယူပါ)လို့ အမေတောင်းပန်တာတောင်
ရဲအောင်( ယမုံယောက်ကျား)
အဖေက သူ့သားကို ရှေ့နေမနဲ့ အတင်းပေးစားနေတယ် ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူက ယူချင်နေတာလဲ ပါမှာပေါ့သားရယ်……
သူတို့အတွက်သူတို့ ကိုယ်လွတ်ရုန်းသွားတာချည်းပဲသားရယ်…

မိဘတွေအတွက်တစ်ချက်လှည့်ကြည့်မပေးကြဘူး…
ထက်အောင် နဲ့ သား ကတော့အမေတို့ကို အကျိုးပေးဆုံးသားတွေပေါ့

ထက်အောင်ကျသားလိုပညာတတ်မဟုတ်တော့ ပိုက်ဆံတော့ အများကြီးမရှာနိုင်ဘူးပေါ့သားရယ်
ဒါပေမဲ့လည်း တစ်ကိုယ်လုံးဘိလပ်မြေတွေပေပြီး လူရုပ်မထွက်တဲ့အထိ
လုပ်ကိုင်ကျွေးခဲ့တာလေ အဒါကြောင့်အမေလည်း ထက်အောင် ကို
အခုလို လူကောင်းပကတိ ပြန်ဖြစ်လာတဲ့အထိ ကြိုးစားစောင့်ရှောက်ခဲ့တာပေါ့…..

သားကိုလည်း အမေတို့ ပညာတွေသင်ပေးခဲ့တာက ဘာမျှော်လင့်ချက်
မှမရှိပါဘူးသားရယ်
သားဘဝရှေ့ဆက်ရင် သားမိန်းမ တွေ
ကလေးတွေကို လုပ်ကိုင်ကျွေးရင် သားပညာတတ်တော့ မပင်ပန်းတော့ဘူးပေါ့      
အမေတို့အတွက်မျှော်လင့်ပြီး ပညာတွေသင်ပေးခဲ့တာမဟုတ်ပါဘူးသားရယ်
ဒါပေမဲ့သားက.   အမေတို့​မျှော်လင့်မထားတဲ့  ဒီအ​ခြေ အနေ
ဒီလိုအနေအထားမျိုးရောက်အောင်လုပ်ပေးခဲ့တာ အမေအလောက်နဲ့ကျေနပ်ပါတယ်
အမေဒီထက်ပိုပြီး ဘာမှမမျှော်လင့်ပါဘူး
သားတို့သမီးတို့ အဆင်ပြေပျော်ရွှင်နေတာပဲလိုချင်တော့တယ်
ကိုယ့်သားသမီးတွေအဆင်ပြေ ပျော်ရွှင်နေတာမြင်ရရင် အမေလည်းပျော်ပါတယ်

အဒါကြောင့် သား
အမေက သားချစ်တဲ့ ဘယ်သူမဆို
မိန်းကလေးပဲဖြစ် ဖြစ် ယောက်ကျားလေးပဲ​ဖြစ်ဖြစ် သားသာတကယ်ချစ်တဲ့ သူဆိုရင် အမေလက်ခံမှာပါ

သားတို့ ရှေ့ဆက်ရမဲ့ခရီးက လွယ်ကူမှာတော့မဟုတ်ဘူးနော်သား
ဒါပေမဲ့ သား ပတ်ဝန်းကျင်ဆိုတာက

ချီးမွမ်း ၇ ရက် ကဲ့ရဲ့ တစ်သက်လုံးပဲ

ဒါကြောင့် ပတ်ဝန်းကျင်ကြောင့် ကိုယ်တန်ဖိုးထားရတဲ့သူတွေကို အဆုံးရှုံးခံလို့ဘယ်ဖြစ်မလဲ
ပတ်ဝန်းကျင်ကကိုယ့်အတွက် အရေးပါတဲ့အရာမှမဟုတ်တာ ဒီတိုင်း ထည့်မတွက်သင့် လျစ်လျူရှုသင့် တဲ့ အရေးမပါတဲ့ အရာတစ်ခုပဲ
ပါတ်ဝန်းကျင်က ကိုယ်ကို လာမလုပ်ကျွေးသလို သူ့ကြောင့်လည်း ကိုယ်ပျော်ရွှင်ရတာမှမဟုတ်တာ
ကိုယ်ချစ်ရတဲ့သူတွေကြောင့်ပဲ ကိုယ်ပျော်ရွှင်ရတာလေ

အဒါကြောင့် ပတ်ဝန်းကျင်က ဘယ်လိုတွေပဲ ​​ ပြော နေပါစေ သားတို့ လက်တွဲဖြုတ်လို့မရဘူးနော်
ကိုယ်ချစ်တဲ့သူသာ အနားမှာရှိနေရင် အရာအားလုံးပြည့်စုံနေပြီလေ ဟုတ်တယ်မလား….. “

” ဟုတ် တယ်
ပတ်ဝန်းကျင်က ချီးမွမ်း ၇ ရက် ကဲ့ရဲ့ တစ်သက်လုံး  အမေပြောတာမှန်တယ်သလား 😂”

သားမိနှစ်ယောက်စကား​ပြောဆိုပြီး
ပိစိလေး ကျောင်းဆင်းချိန်နီးလို့
အထုပ်တွေ ကားထဲ ထည့်ပြီး ကျောင်းကို ထွက်ခဲ့လိုက်တယ်…

#ခွန်းအမေ စကားပြောတဲ့အပိုင်း
များသွားခဲ့ရင် sorry ပါနော်
ဒါမဲ့ အပြင်မှာဆို အမေ​တွေရဲ့ ၅ မိနစ်ဆာ တော်ကီက ဘယ်လောက်ကြာလဲသိတယ်ဟုတ် 😂

ကိုရှိုင်းအိမ်ရောက်တော့
သားနဲ့ ကျွန်တော်နဲ့ ဟင်းအတူချက်ဖြစ်တယ်
ကိုရှိုင်းကြိုက်တဲ့ အမဲသားကို သေးသေးလေးတွေလှိီးပြီး ငရုပ်သီး နည်းနည်းစပ်စပ်လေး နဲ့ ကြော်လိုက်ပြီး

မှိုနဲ့ ကန်စွန်းရွက်
ငရုပ်သီတောင့်လှီပြီးသား အနည်းငယ်ထည့်ပြီး ဟင်းအရည်သောက်လေးလုပ်လိုက်တယ်
တခြား ဟင်းအရံလေးတွေရော…

ကျွန်တော့်က အမဲသားဝက်သားမစားတော့     ဟင်းအရည်သောက်လေးနဲ့ တခြားဟင်းတွေနဲ့ပဲ စားဖြစ်တယ်

ကျွန်တော်တို့မိသားစုက အားလုံးတူတဲ့ အချက်တော့ရှိတယ်
သားရော ကိုရှိုင်းရော ကျွန်တော်ရော
ဟင်းရည်သောက်ကြိုက်ကြတယ်
ဟင်းရည်သောက်ပါရင်
တခြားဟင်း တစ်မျိုးလောက်ပါရင်ပဲအတော်ကောင်းနေပြီ

ညနေရောက်တော့ ကျွန်တော်နဲ့ သားနဲ့
TV ကြည့်နေတုန်း ကိုရှိုင်း ကားသံကြားတော့

” ဖေကြီး “

သူ့ဖေကြီး ဆီ ပြေးသွားပြီး ချွဲနေလိုက်တာများ

” ဖေဖေရယ် ဖေကြီးရယ် သားသားတို့အတူနေတော့မှာ ဖေကြီးပျော်ဘူးလား”

” ပျော်တာပေါ့ သားရဲ့ “

ပိစိလေးပါးကို
နမ်းပြီးဖြေလိုက်တဲ့ကိုရှိုင်း 
ကျွန်နော်က ကိုရှိုင်း လက်ထဲက အိတ် ကို ပြောင်းယူလိုက်ပြီး

သားကအိမ်ရှေ့မှာ TV ကြည်ရင်းကျန်နေခဲ့တယ်

ကျွန်တော်နဲ့ကိုရှိုင်းက အခန်းထဲမှာ
ကိုရှိုင်း အပေါ်အိကျီ ချွတ်ပေးပြီး
အတွင်း အိကျီအဖြူကို ကြယ်သီး
ဖြုတ်နေတုန်း
ကျွန်တော့်ကို သေချာ စိုက်ကြည့်နေတဲ့ ကိုရှိုင်း 
မှိုရသလို အပြုံးနဲ့ 😒

” ဘာကြည့်တာလဲ 😏”

“မဟုတ်ပါဘူး ကိုယ့်ယောက်ကျားလေးက အရမ်းချစ်ဖို့ကောင်းနေလို့ 😊”

ကျွန်တော့်ပါးကိုဖြတ်ခနဲ နမ်း လိုက်တယ်..

” ဟာ ကိုရှိုင်း “

ကျွန်တော့်မျက်နှာကို သူ့လက်နှစ်ဖက်နဲ့ကိုင်ပြီး မျက်လုံးကို သေချာစိုက်ကြည့်တယ်

သူခွင့်တောင်းနေတာပေါ့ 😏

နှစ်ယောက်သား မျက်လုံးတွေမှိတ်ပြီး
နှုတ်ခမ်းနှစ်ခု 😗😗 ထိကပ်ဖို့
၁ လက်မလောက်အလို
.
.
.
.
.
.
.
..
.
.
.
.

ဝုန်း….( တံခါးဖွင့်သံ)

နှစ်ယောက်လူချင်းခွာလိုက်ပြီး
အိကျီ ဆွဲချသူကဆွဲချ ဆံပင်သပ်သူကသပ်နဲ့ 😅

” ဖေဖေတို့ ဘာလုပ်နေကြတာလဲ
သားတစ်ယောက်ထဲပြင်းတယ်
ဖေဖေသား နဲ့ TV ကြည့်အောင်
ဖေကြီး ကို ထားခဲ့လိုက်  လာ”

ရှိုင်းခေတ် 👉👉   😙😣😣😣

ညစာစားရင်း

” ကိုရှိုင်း အမဲသားကြော်ဘယ်လိုနေလဲ
ကောင်းတယ်မလား “

” ကောင်းတာပေါ့
ခွန်းချက်တဲ့ဟင်းအကုန်ကောင်းပြီးသား 😊

ခွန်း တစ်ယောက်တည်း ချက်ရတာ ပင်ပန်းနေမှာပေါ့
ကိုယ်လည်း ကူချင်တယ်
မနက်ကျ ကိုယ်ကူချက်ပေးမယ်လေ”

” 😅 မဟုတ်တာ
ကိုယ်ရှိုင်းကူစရာမလိုပါဘူး
ခွန်းတစ်ယောက်တည်းဖြစ်ပါတယ်
တကယ်ဖြစ်တာမို့ ကိုယ်ရှိုင်းက ဒီတိုင်းပဲနေပါ ရပါတယ် 😅”

” ခွန်းအဆင်ပြေရင် ပြီးတာပါပဲ
ကိုယ်က ခွန်းပင်ပန်းနေမှာဆိုးလို့ “

” မပင်ပန်းပါဘူး ရတယ် ဟီး 😅😅😅”

” ဖေတို့ နှစ်ယောက်သား ရှိတာကိုရော
သိကြသေးလား 🙄🙄”

ဟုတ်သား အခုမှ ဘေးခုံမှာထိုင်နေတဲ့သားကိုသတိရတော့တယ် 😪

‘” သားက ဖေဖေတို့နဲ့ တူတူအိပ်မှာနော်
တစ်ယောက်တည်း မအိပ်ချင်ဘူး
နော်…. ဖေဖေ
သားလည်းတူတူအိပ်မယ်လေနော် 😞”

စစ်ခွန်း ” အင်းပါ သားရဲ့
                သားက တူတူအိပ်ချင်ရင်
            အိပ်မှာပေါ့”

ရှိုင်းခေတ် 👉👉 😦😦😦😦

ကျွန်​တော့် ရင်ခွင်ထဲမှာသားအိပ်ပျော်သွားတော့

” ဘာဖြစ်နေတာလဲ ရုပ်ကြီးက 😹”

” ဘာမဖြစ်ပါဘူး 😕😤😤”

“ခွီး….😹 ………”

ရှိုင်းခေတ်
( ရှိုင်းစစ် ရှိုင်းစစ်  ငါ့သားမလို့နော်  ဟင်းဟင်း 😬😬🤧   )

စစ်ခွန်း…

သာယာတဲ့ မနက်ခင်းလေး…
ချစ်စဖွယ် သားလေးရယ်
အရမ်းချစ်ရတဲ့ ယောက်ကျားရယ် 😂
ကမ္ဘာပေါ်မှာ ကျွန်တော်လောက် ပျော်ရွှင်နေတဲ့ သူ မရှိလောက်ဘူး လို့ တောင် ထင်မိတယ်….

သားလေးကျောင်းဝင်ပို့ပြီး Hotel
ရောက်တော့ ပျက်ခဲ့တဲ့ ရက်တွေအစား
စစ်လိုက်ရတဲ့ စာရင်းတွေ
လုပ်လိုက်ရတဲ့အလုပ် တွေ
ခေါင်းတွေတောင် မူးနေပြီ

သားကျောင်း ဝင်ကြိုပြီး
ကျွန်တော်လည်း အလုပ်တစ်ခါတည်း ဆင်းဖြစ်တယ်…
အိမ်ရောက်တော့ သားနဲ့ အတူ ဟင်းချက်တယ် TV ကြည့်တယ်…
သားရဲ့အိမ်စာတွေကူလုပ်ပေးတယ်…
အလုပ်ကပင်ပန်းခဲ့တာတွေ
သားမျက်နှာ မြင်လိုက်ရတော့
ဘယ်ပျောက်သွားမှန်းတောင်မသိတော့ဘူး…..

ကိုရှိုင်းပြန်လာတော့      သားဖတွေ
ထမင်းအတူစားတယ်….

ရှိုင်းခေတ်…

သားက ဒီညတော့ ကျွန်တော်တို့နဲ့အတူ အိပ်ကြောင်းမပြောဘူး  ☺☺

” ဖေဖေ သားအိပ်တော့မယ်
ဖေဖေသိပ်ပေးနော်…..”

” ဖေဖေသိပ်မှာပေါ့ 😊”

” ဖေကြီး Good Night နော် မွ…… 😚”

” ဖေကြီး  သားလေးလည်း  Good Night ပါ 😚”

သားဖနှစ်ယောက် ပိစိလေးအခန်းထဲ
ဝင်သွားတယ်……

ရက်စ်……..💪😂😂

ညအိပ်တော့ သားက သူ့အခန်းထဲမှာ
အခု ကျွန်တော့်အခန်းထဲမှာ
ခွန်း နဲ့ ကျွန်တော် နှစ်ယောက်ပဲ
ခွန်းက ကျွန်တော့်ရင်ခွင်ထဲမှာ

” သားက ဘာလို့ ကိုယ်တို့နဲ့ အတူအိပ်ကြောင်း မပြောတော့တာလဲ မသိဘူး”

” 🤗🤗🤗”

.
.
.
.
.

.
.
.
.
.
ရှိုင်းခေတ် အလုပ်က ပြန်မလာခင်
သားဖနှစ်ယောက်
TV ကြည့်နေစဥ်………

” သား “

” အင်….”

” အင်း …
သားက အခု ကလေးလေးမဟုတ်တော့ဘူးလေ
အဲ့တော့ အခုလိုမျိုး
ဖေဖေတို့နဲ့ အတူအိပ်နေတော့
သားကြီးလာလို့
သားတစ်ယောက်ထဲမအိပ်တတ်တော့ရင် ဘယ်လိုလုပ်မလဲ
ဖေဖေဆိုလေငယ်ငယ်က
အမြဲ ဖွားဖွားနဲ့ အိပ်နေကြဆိုတော့
ဖေဖေလည်း ဂျပန်ရောက်ရော
တစ်ယောက်ထဲ မအိပ်တတ်တော့ဘူး
အင်း…..မအိပ်ရဲတာဆို ပိုမှန်မှာပေါ့
ဖေဖေတစ်ယောက်တည်း အိပ်ရဲဖို့    မနည်း ကြိုးစားလိုက်ရတယ်

အဲ့တော့ သားလည်းကြီးတဲ့အထိ
ဖေဖေတို့နဲ့အတူအိပ်ပြီး
ဖေဖေလိုမျိုး
တစ်ယောက်တည်း မအိပ်တတ်တဲ့ အကျင့်ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

“  ဟုတ်တယ်နော်…
သား အရင်က တစ်ယောက်တည်း အိပ်တတ်ပေမဲ့ ဖေဖေနဲ့ အတူအိပ်ပြီး တည်းက တစ်ယောက်တည်း မအိပ်တတ်တော့ဘူး…..
သားလည်း အကျင့်ပါသွားရင် ဘယ်လိုလုပ်မလဲ “

” အဒါပြောတာပေါ့
သားလည်း ဖေဖေလို ဖြစ်မှာ
ဖေဖေကစိတ်ပူလို့
အခုတည်းက တစ်ယောက်တည်း
အိပ်တတ်အောင်ကျင့်ထားတော့ ပိုကောင်းတာပေါ့
မဟုတ်ဘူးလား “

” ဟုတ်တယ် ဖေဖေပြောတာဟုတ်တယ်
သားလည်း တစ်ယောက်တည်း အိပ်တတ်အောင်လုပ်ရမယ်
အာ့ကြောင့် ဒီညက စပြီး
သားလည်း တစ်ယောက်တည်း အိပ်တော့မယ်
ဖေဖေတို့နဲ့အိပ်တော့ဘူး…..😂”

” 😅😅😅”
.
.
.
.
.
.
.
.
.
.
.
“ခွန်း…ကိုယ်ပြောတာ နားထောင်နေလား”

” ဟင်…အော်…
နားထောင်နေပါတယ် ကိုရှိုင်းရဲ့
အင်း……သားလည်း ခွန်းတို့နဲ့အိပ်ရတာ နေရာကျပ်လို့နေမှာပေါ့ 😅”

“  အင်း…    
ဘာပဲဖြစ်ဖြစ် တစ်မျိုးကောင်းသွားတာပေါ့ 😁”

” ☺☺ “

ကျွန်နော့် မျက်နှာကို လက်နဲ့အုပ်လိုက်ပြီး
ကျွန်တော့်ကိုယ် ကို အုပ်မိုးလိုက်တော့
ကျွန်တော်က ကိုရှိုင်း ခန္တာကိုယ်အောက်ရောက်သွားတယ်….
ရင်ခုန်နှုန်းတွေ မြန်လာပြီး
နှလုံးသား တစ်ခုလုံး ပေါက်ထွက်သွားမလား မှတ်ရတယ်

” ကိုယ်ခွန်း ကို နမ်းလို့ရလား “

“  ခွန်းတို့နှစ်ယောက်ကြားမှာ
ခွင့်တောင်းစရာ လိုသေးလို့လား    “

#########################အမေတစ်ယောက်က
ကိုယ့်အပေါ် ကောင်းတဲ့သားသမီးကို ပိုချစ်ပြီး ဆိုးတဲ့ သားသမီးကို မချစ်ဘူးဆိုတာမရှိပါဘူး…
မိဘတွေအားလုံးက အတူတူပါပဲ
ဆိုးလို့ မချစ်ဘူးလို့ပြောနေပေမဲ့
တကယ်တန်းတစ်ခုခုဆို
ဆိုးတဲ့ သားသမီး အပေါ်ပိုပြီးစိတ်ပူတတ်ကြတယ် အဒါကလည်းပိုချစ်လို့တော့မဟုတ်ဘူးနော်

လိမ္မာတဲ့ သားသမီးက ဆိုးရွားပြီး အသိပညာမဲ့တဲ့လုပ်ရပ်တွေမလုပ်ဘူးဆိုတာယုံကြည်လို့

ဆိုးတဲ့ သားသမီးကျ မလိမ္မာ ဘူးဆိုတဲ့အတိုင်း ဘယ်လိုလုပ်ရပ်တွေလုပ်လာမလဲဆိုတာမသိဘူး
ဒါကြောင့်ပိုပြီးစိတ်ပူတတ်ကြတယ်
ပိုစိတ်ပူတာပဲ ရှိတာပါ ပိုချစ်တာတော့မဟုတ်ဘူးနော်
အကြီး အငယ် အလတ်မှာ ဘယ်သူ့ကိုမှပိုချစ်တယ် ဆိုတာမရှိပါဘူး…

ဥပမာ စီးပွားရေးအဆင်​ပြေနေ တဲ့သမီးကို အဆင်မပြေတဲ့ သမီးနဲ့တော့ဘယ်တူမလဲ တစ်ခုခုဆို အဆင်မပြေတဲ့သမီးကိုပဲ အရင်ဦးစားပေးမိမှာ ပေါ့

အခု စစ်ခွန်း အမေဆိုလည်းး
၄ ယောက်ထဲမှာ
ပညာမတတ်ပေမဲ့ အသိညဏ်ရှိတဲ့ ကိုကြီးရယ်

ပညာလည်းတတ်( ဆယ်တန်းမအောင်ပေမဲ့ ဆယ်တန်းထိတက်ခဲ့တော့ ပညာမတတ်ဘူးတော့မဟုတ်ပါဘူး)
မိန်းကလေးဆိုတဲ့အတိုင်း
သူ့အသိညဏ်နဲ့သူရှိတဲ့အမရယ်

ပညာတတ် အမှားအမှန်ခွဲခြားတတ်
ဘယ်အရာလုပ်သင့်တယ် မလုပ်သင့်ဘူး သိတဲ့သားအငယ်ဆုံးစစ်ခွန်သားရယ်

အားလုံးထဲမှာ
ဘယ်ဟာ လုပ်သင့်တယ် မလုပ်သင့်တယ်မသိတဲ့ ထက်အောင်
သူများအပေါ် အရမ်းသဘောကောင်းတဲ့ ထက်အောင်
အူကြောင်ကြောင်နိုင်ပြီး

ငယ်ငယ်တည်းက ကျပ် မပြည့်တဲ့
ထက်အောင် …..

တစ်ခုခုဆို သေချာပေါက်
သူ့ကို စိတ်အပူဆုံးပဲပေါ့…

ဒါတွေကို နားမလည်ပဲ ကျန်တဲ့မောင်နှမတွေက ထက်အောင်ကိုပဲ အမေက သဲသဲလှုပ်ဖြစ်နေတယ်
အပိုဆုံးဖြစ်နေတယ်ထင်ရင်မှားသွားမှာပေါ့

( ဘယ်မောင်နှမကမှအလို မထင်ပါဘူးနော်
အကုန်လုံးက ထက်အောင်အကြောင်းအကုန်သိနေတဲ့သူတွေမို့ပါ)

ဒါကြောင့် စာဖတ်သူတွေရဲ့ ဘဝအတွေ့ကြုံထဲမှာ ကိုယ်က အလတ်မို့ မျက်နှာငယ်ရတာတို့ အကြီးဆုံးမို့ မျက်နှာငယ်ရတာတို့ အလိုစိတ်တွေမထင်စေချင်ဘူး…

ဘာလို့ဆို မိဘလေ သူ့တို့ရဲ့ အသွေးအသားနဲ့ ဖြစ်တည်လာပြီး
သူတို့ကိုယ်တိုင်အားလုံးမွေးထုတ်ခဲ့တာပါ….ဒါကို ဘာကြောင့် အချစ်က
မတူညီရမှာလဲ ….

အဒါကြောင့် အငယ်ဆုံးမလို့ အချစ်ပိုတယ်
အကြီးဆုံးမို့ အချစ်ပိုတယ်
အလိုတွေမထင်ကြပါနဲ့

မိဘ…..
ကိုယ်တိုင်မွေးထုတ်​ပေးခဲ့သူပါ…….

#အမှားပါခဲ့ရင် ခွင့်လွှတ်ပါ 🙏🙏🙏

ကျပ်မပြည့်ဘူးဆိုတာဘယ်လိုပုံလည်း
ဒါဒါလေးတွေသိကြရဲ့လားမသိဘူး
အရူးပုံစံ ​ပေါက်တာမဟုတ်ပါဘူး နော်
သူက သာမန်လိုပဲ

တခြားအသိညဏ်ရှ်တဲ့သူလို
အကောင်းအဆိုးမခွဲခြားနိုင်တာ
တခြားသူတွေက သူ့ကို ဘယ်လိုပဲပြောပြော နားလည်းမထောင်ဘူး ပြန်လည်းမပြောဘူး သူမှန်တယ် ထင်တာပဲလုပ်တယ်…
ဒါမဲ့ အလိုလူမျိုးတွေက အရမ်းကိုစိတ်ထားကောင်းသူတွေပါနော်
ကိုယ့်မိသားစုအရင် သူစိမ်းက နောက်မှ အလို လူမျိုးတွေမဟုတ်ပါဘူး
အရမ်းကို စိတ်သဘောထားပြည့်ဝသူလေးတွေပါ
အဒါကြောင့်လည်း ကြောင်တောင်တောင်နိုင်တယ်လို့ ပြောကြတာပါ…

#နောက်အပိုင်း တကယ် warning ပါ 🔞😊

Zawgyi………

စစ်ခွန်း…


” သား”

” မေမေ ”


” မေမေ သား “

” အမေနားလည်ပါတယ်
.
.
.
.


သူရိန်မင်း (သားကြီး)


ယမုံ ကျတော့လည်း



မှမရှိပါဘူးသားရယ်

အဒါကြောင့် သား





” ဟုတ် တယ်



ကိုရှိုင်းကြိုက်တဲ့ အမဲသားကို သေးသေးလေးတွေလှီးပြီး ငရုပ်သီး နည်းနည်းစပ်စပ်လေး နဲ့ ကြော်လိုက်ပြီး

မှိုနဲ့ ကန်စွန်းရွက်


ဟင်းရည်သောက်ပါရင်


” ဖေကြီး “



” ပျော်တာပေါ့ သားရဲ့ “

ပိစိလေးပါးကို


ဖြုတ်နေတုန်း
မှိုရသလို အပြုံးနဲ့ 😒

” ဘာကြည့်တာလဲ 😏”



” ဟာ ကိုရှိုင်း “



၁ လက်မလောက်အလို
.
.
.
.
.
.
.
..
.
.
.
.

ဝုန်း….( တံခါးဖွင့်သံ)



ရှိုင်းခေတ် 👉👉   😙😣😣😣

ညစာစားရင်း

ကောင်းတယ်မလား “

” ကောင်းတာပေါ့

ကိုယ်လည်း ကူချင်တယ်

” 😅 မဟုတ်တာ



သိကြသေးလား 🙄🙄”


နော်…. ဖေဖေ

                သားက တူတူအိပ်ချင်ရင်
            အိပ်မှာပေါ့”

ရှိုင်းခေတ် 👉👉 😦😦😦😦



” ဘာမဖြစ်ပါဘူး 😕😤😤”

“ခွီး….😹 ………”

ရှိုင်းခေတ်

စစ်ခွန်း…

သာယာတဲ့ မနက်ခင်းလေး…
ချစ်စဖွယ် သားလေးရယ်



ထမင်းအတူစားတယ်….

ရှိုင်းခေတ်…


” ဖေဖေ သားအိပ်တော့မယ်
ဖေဖေသိပ်ပေးနော်…..”

” ဖေဖေသိပ်မှာပေါ့ 😊”



ဝင်သွားတယ်……

ရက်စ်……..💪😂😂



” 🤗🤗🤗”

.
.
.
.
.

.
.
.
.
.
သားဖနှစ်ယောက်
TV ကြည့်နေစဉ်………

” သား “

” အင်….”

” အင်း …
အဲ့တော့ အခုလိုမျိုး
သားကြီးလာလို့
ဖေဖေဆိုလေငယ်ငယ်က

ဖေဖေလိုမျိုး

“  ဟုတ်တယ်နော်…

” အဒါပြောတာပေါ့
ဖေဖေကစိတ်ပူလို့
မဟုတ်ဘူးလား “

အာ့ကြောင့် ဒီညက စပြီး

” 😅😅😅”
.
.
.
.
.
.
.
.
.
.
.

” ဟင်…အော်…

“  အင်း…    

” ☺




#########################အမေတစ်ယောက်က
တကယ်တန်းတစ်ခုခုဆို




၎ ယောက်ထဲမှာ



အားလုံးထဲမှာ

ထက်အောင် …..





မတူညီရမှာလဲ ….

အလိုတွေမထင်ကြပါနဲ့

မိဘ…..


သူက သာမန်လိုပဲ



Tags: read novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၆, novel Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၆, read Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၆ online, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၆ chapter, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၆ high quality, Forever Ðÿ’Š (Unicode And Zawgyi) Completed ၂၆ light novel, ,

Comment

Leave a Reply

Chapter 27