Lollipop Chapter 13 – Unicode

All chapters are in Lollipop
A+ A-

ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်လှမ်းပေးသည့် ခေါက်ဆွဲကိုသာ ငုံ့စားနေလိုက်သည်။ ထိုင်ခုံချပေးဖို့များသူတို့ မတတ်နိုင်ကြလို့လားဟု‌ေတွး‌ေနမိသည်။

“ဒီမှာ ထိုင်ခုံဘာလို့ချမပေးတာလဲ?”

ဘုန်းပြည့်အာဏာသည် မနေနိုင်စွာဖြင့် ခေါက်ဆွဲကို ငုံ့စားနေသော စိုင်းမာန်သစ်ကို ငဲ့ကြည့်ကာမေးလိုက်သည်။ စိုင်းမာန်သစ်က တန်းလန်းဖြစ်နေသည့် ခေါက်ဆွဲစကို ဖြတ်ချလိုက်ကာ တမြုံ့မြုံ့၀ါးစားရင်း မျက်လုံးပြူးဖြင့် ကြည့်နေပြန်သည်။

ပါးစပ်ထဲက ခေါက်ဆွဲအကုန်မြိုချပြီးသွားမှ စိုင်းမာန်သစ်သည် သူ့ရဲ့ မနူးမနပ်ဥက္ကဌကြီးကို ရှင်းပြဖို့ပြင်ရသည်။

“ညစျေးတန်းပါဆို တွန်းလှည်းနဲ့ပဲရောင်းကြတာလေ ခုံချပေးတဲ့ဆိုင်လည်းရှိပါတယ် ဒါပေမယ့် ညစျေးမှာစားတယ်ဆိုမှတော့ မတ်တပ်ရပ်စားတာက အသက်ဟုတ်တာ ဥက္ကဌက ညောင်းလို့လား ကျွန်တော်ခုံတောင်းပေးမယ်”

“နေ နေ ရတယ် ငါက ဒီတိုင်းမေးကြည့်တာ မင်းက ဒီလို ခဏခဏသွားဖူးတယ်လား?”

“သွားဖူးတယ်လေ ကျောင်းတက်တုန်းကဒီလို ညစျေးတွေ‌ဆိုတာ ကျွန်တော်က ခဏခဏသွားနေကျ”

“သြော်”

သူ့ညီမလည်းလည်း တူတူသွားခဲ့ကြမှာပေါ့လို့ ဘုန်းပြည့်အာဏာ မဆီမဆိုင်တွေးမိသွားပြန်သည်။ စိတ်က တစ်ဖန်နောက်ကျိလာတာကြောင့် ခေါက်ဆွဲကိုသာ ဆက်ငုံ့စားနေလိုက်သည်။

“ဦးလေးကြီး လူတွေက ဘယ်ကပြန်လာကြတာလဲ?”

အုပ်စုလိုက် အုပ်စုလိုက်ပြန်ဆင်းလာကြသော လူတွေကို ကြည့်ကာ ခေါက်ဆွဲဆိုင်ရှင် ဦးလေးကြီးကို စိုင်းမာန်သစ် လှမ်းမေးလိုက်ခြင်းဖြစ်သည်။

“သြော် ဒီကမဟုတ်ဘူးထင်တယ် အထက်မှာ ရေကန်ရှိတယ်လေ ဒီနေ့နဲ့မနက်ဖြန် နှစ်ရက် ဆီမီးမျှောမှာ သွားကြည့်ချင်ကြည့်ကြလေ”

“ဥက္ကဌ ကျွန်တော်တို့သွားကြည့်ကြမလား?”

“အင်း စားပြီးရင် သွားမယ်လေ”

နှစ်ယောက်စားသောက်ပြီးတော့ ခေါက်ဆွဲဆိုင်က ဦးလေးကြီး ညွှန်ပြတဲ့လမ်းအတိုင်း ရေကန်ဆီသွားဖို့ပြင်လိုက်ကြသည်။ နယ်မြို့ဆိုသည့်အတိုင်း တကယ်တိတ်ဆိတ်သည့်ခံစားချက်ကို ခံစားလိုက်ရသည်။

ကြယ်တွေက ကောင်းကင်ပေါ်မှာ လွတ်လပ်စွာ ကွန့်မြူးနေကြသည်။ စိုင်းမာန်သစ် ကောင်းကင်ကို မော့ကြည့်ကာ တစ်လှမ်းချင်းလှမ်းလာခဲ့သည်။ လမ်းကလူအတော်ရှင်းနေပြီဖြစ်သည်။ တစ်ယောက်စနှစ်ယောက်သာ ရေကန်ကနေ မြို့ထဲကို ပြန်နေကြသည်။

*ဖြောက် ဖြောက် ဖြောက်

အသံနဲ့အတူ မိုးစက်တွေက နှစ်ယောက်လုံးရဲ့ ပုခုံးတွေကို ပွတ်တိုက်သွားသည်။ မိုးရွာမည်ကိုစိုးရိမ်စွာနှင့် စိုင်းမာန်သစ်အထိတ်တလန့် လက်ဖြန့်ကြည့်လိုက်စဉ်မှာပင် မိုးစက်တို့ကစိပ်လာသည်။ ရုတ်တရတ် သည်းလာသော မိုးကြောင့် စိုင်းမာန်သစ် ဘုန်းပြည့်အာဏာလက်ကိုဆွဲကာ နီးရာသစ်ပင်တစ်ပင်အောက်ဆွဲခေါ်သွားလိုက်သည်။

မိုးချိန်းသံတွေ တစ်ဖြည်းဖြည်းကျယ်လာသည်။ လျှပ်စီးတစ်ခါလက်ရင် တောလမ်းလေးက ၀င်းထိန်သွားသည်။ စိုင်းမာန်သစ် အချိန်မီဆွဲခေါ်လာ၍သာ နှစ်ယောက်လုံး ကြွက်စုတ်မဖြစ်ခြင်းပင်။

“ဥက္ကဌ စိုသွားပြီလား တောင်းပန်ပါတယ် ကျွန်တော် သွားကြည့်မယ်ပြောလိုက်လို့”

“ရတယ် မစိုဘူး”

စိုင်းမာန်သစ် သစ်ပင်ခြေရင်းကို ဆောင့်ကြောင့်ထိုင်လိုက်ကာ လက်နှစ်ဖက်ကို ဒူးပေါ်တင်လိုက်ပြီး မိုးရေတွေကြားထဲက ကြယ်တွေကို မော့ကြည့်နေမိသည်။ 

ဘုန်းပြည့်အာဏာကတော့ ကြယ်တွေကို ကြည့်ကာပြုံးနေသော စိုင်းမာန်သစ်ကို မတ်တပ်ရပ်ရင်းကနေ စောင်းငဲ့ကြည့်နေမိပါသည်။

ဒီကောင်လေးသည် သိပ်ချစ်ဖို့ကောင်းသည်။ ဒါကြောင့်လည်း သူ့ညီမငယ်က စိုင်းမာန်သစ်ကို သဘောကျခဲ့တာလားဟု ဘုန်းပြည့်အာဏာတွေးမိသည်။ စိုင်းမာန်သစ်က ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်အောင်လည်း ပြုံးတတ်သည်။ တစ်ခါတစ်လေမှာ ရင့်ကျက်နေတဲ့ လူကြီးတစ်ယောက်လိုလည်း ပြုမူတတ်သေးသည်။

ဒါတွေက အိမ့်မှူးသော် စိုင်းမာန်သစ်အပေါ်တိမ်းညွှတ်သွားရလောက်တဲ့ အချက်တွေလား ဘုန်းပြည့်အာဏာတွေးရင်း စိုင်းမာန်သစ်ကို ဘယ်လောက်တောင် ငေးကြည့်နေခဲ့မိသည်မသိ။ မိုးစတွေ တဖြည်းဖြည်း ကျဲလာသည်အထိ ဘုန်းပြည့်အာဏာရဲ့ မျက်၀န်းတွေက စိုင်းမာန်သစ်ဆီက အကြည့်ကို မခွာနိုင်သေးချေ။

“ဥက္ကဌ မိုးတိတ်နေတုန်း ပြေးကြစို့ မိုးချုပ်နေလိမ့်မယ်”

“ဟင်”

ဒီတစ်ခါလည်း ဘုန်းပြည့်အာဏာသည် စိုင်းမာန်သစ် ဆွဲခေါ်သည့်နောက်ကို တရွတ်တိုက်ပါသွားရပြန်ပါသည်။ မိုးကမွှားမွှားလေးကျနေဆဲမို့ စိုင်းမာန်သစ် လက်တစ်ဖက်ကို ခေါင်းပေါ်တင်ကာ အုပ်လိုက်သည်။

သို့သော်လက်က အင်္ကျီစကို စမ်းမိသွားတာကြောင့် မော့ကြည့်လိုက်မိစဥ် ဘုန်းပြည့်အာဏာက သူ့အပေါ်ကုတ်ကို လွှားမိုးပေးထားခြင်းပင်။ ပြေးနေတဲ့ခြေထောက်တွေပင် ရပ်တန့်လိုက်ချင်ရတဲ့ အခိုက်အတန့်ပင်ဖြစ်သည်။ မော့နေတဲ့ မျက်နှာက သူ့ကို အကြိမ်ကြိမ်ကြွေဆင်းလှည့်ပါလို့ ဖိတ်ခေါ်နေသသည့်အတိုင်း။

ဘယ်ခြေလှမ်းတွေက ဘယ်လိုပြေးတယ်ဆိုတာကိုတောင် စိုင်းမာန်သစ်မသိတော့‌ေချ။ မိုးရေတွေကိုလည်း မခံစားမိတော့သလို ပတ်၀န်းကျင်ပေါ်က အသံတွေကလည်း တိတ်ဆိတ်သွားသည့်အတိုင်း သူဟာ ဘုန်းပြည့်အာဏာအပေါ်နစ်မြောမိသွားသည်။

ဘုန်းပြည့်အာဏာက ငုံ့ကာကြည့်လိုက်ချိန်တွင်တော့ စိုင်းမာန်သစ်သည် ကပျာကယာအကြည့်တို့ကိုလွှဲလိုက်ကာ ခေါင်းကိုပြန်ငုံ့လိုက်သည်။ သူ ဘုန်းပြည့်အာဏာကို အခုချိန်ထိ မျက်လုံးချင်းဆိုင်မကြည့်ရဲသေး။

တည်းခိုခန်းကိုရောက်တော့ ညက တော်တော်မှောင်နေပြီဖြစ်သည်။ ဘုန်းပြည့်အာဏာက အရင် ရေချိုးခန်းသုံးပြီး စိုင်းမာန်သစ် ၀ယ်လာပေးသည့် အင်္ကျီနဲ့ ဘောင်းဘီကို၀တ်ကာ ခုတင်ပေါ်ကို တက်လိုက်သည်။သူ့အတွက် ဒီလောက်ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့ အင်္ကျီက ဒါပထမဆုံးဟုပင် ဘုန်းပြည့်အာဏာတွေးလိုက်မိသည်။

*ဒေါက် ဒေါက် ဒေါက်

တံခါးခေါက်သံကြောင့် ဘုန်းပြည့်အာဏာ ခုတင်ပေါ်ကဆင်းကာ အပေါက်သွားဖွင့်ပေးဖို့ပြင်ရသည်။ စိုင်းမာန်သစ်က ရေချိုးခန်းထဲမှာ ရှိနေတာကြောင့် သွားဖွင့်ပေးမည့်လူသည် သူသာလျှင်ရှိသည်။

“ဆရာ ဒါစောင်နဲ့ အိပ်ယာခင်းပါ ခေါင်းအုံးရောပါပါတယ်ဗျ”

ကောင်တာက ကောင်လေးပေးတဲ့ အိပ်ယာလိပ်ကြီးကို ကြည့်ရင်းဘုန်းပြည့်အာဏာခေါင်းရှုပ်သွားရသည်။

“နေပါဦး ဒါတွေက ဘာလုပ်ဖို့လဲ?”

“ဟို အစ်ကိုက လာပို့ဖို့ပြောထားလို့ပါဗျ”

ဘုန်းပြည့်အာဏာ စိုင်းမာန်သစ်ကိုသာ မေးမည်ဟုဆုံးဖြတ်လိုက်ပြီး အိပ်ယာလိပ်ကို ယူထားလိုက်သည်။

စိုင်းမာန်သစ်က သူရွေးထားတဲ့ အင်္ကျီကို ၀တ်ကာ ရေချိုးခန်းထဲမှ ထွက်လာသည်။ ဘုန်းပြည့်အာဏာ ပေါင်ပေါ်တင်ထားတဲ့ လပ်တော့စီကနေ မျက်နှာလွှဲကာ ထိုကောင်လေးကိုတစ်ချက်ကြည့်လိုက်သည်။

“ဒီအိပ်ယာလိပ်တွေလာပို့သွားတယ်”

“သြော် လာပို့သွားပြီလား?”

“ဘာလုပ်ဖို့လဲ?”

“ကျွန်တော် အိပ်ဖို့လေ”

“မင်းက ငါနဲ့မအိပ်ချင်လို့လား?”

ဘုန်းပြည့်အာဏာသည် ပေါက်ပေါက်ရှာရှာမေးမှမေးတတ်ပါသည်။ စိုင်းမာန်သစ်က သူနဲ့အိပ်ချင်တာမှ တစ်ပိုင်းတင်မဟုတ် အကုန်လုံးပါသေနေတာဖြစ်သည်။ စိုင်းမာန်သစ် ဒီအ‌ေတာအ‌တွင်း အရိပ်အကဲမသိတတ်သည့် ဘုန်းပြည့်အာဏာသည် ဥက္ကဌ ဘယ်လိုများဖြစ်လာတာလဲဆိုတာ သေချာစဥ်းစားနေခဲ့မိသည်။

“ဥက္ကဌ အနေရကျပ်မှာမို့”

“ဟိုမှာလည်း တူတူအိပ်ဖူးတာဘဲကို”

“ဗျာ”

“မိုးကလည်း အေးနေတာ မင်းမိုးလည်းမိထားသေးတယ် အောက်မှာအိပ်ရင် တန်းလျှောမှာပေါ့ အပိုတွေပြောမနေနဲ့ အပေါ်မှာပဲအိပ်”

“ဗျာ”

“ပိန်းလိုက်တဲ့ ဦးနှောက်”

ဘုရား ဘုရား အခု စိုင်းမာန်သစ်ကို တုံးတယ်လို့ စော်ကားခံလိုက်ရတာဖြစ်သည်။ စိုင်းမာန်သစ်က အဆင့်တွေဘာတွေ မချိတ်ခဲ့သော်လည်း ကျောင်းနေ့တိုင်းလစ်တာတောင် နှစ်ချင်းပေါက်အောင်လာတဲ့ ကောင်ဖြစ်သည်။ ထိုသို့ထူးချွန်လှသည့်ကျောင်းသားကို အခုလိုစော်ကားတာဟာ မဖြစ်သင့်။

_____________________________________________________

“အသစ် မပြေးနဲ့”

“ခ်ခ် တိုတို မိုးရေတွေ”

“အအေးပက်မယ် ကလေးလေးရဲ့ လာ အိမ်ပြန်ကြစို့နော်”

စိုင်းမာန်သစ် အငယ်လေးက မိုးရေတွေကို သဘောကျပုံရသည်။ တဖြောက်ဖြောက်ကျနေတဲ့ မိုးရေတွေကြားမှာ တခစ်ခစ်ရယ်ရင်း ပြေးလွှားနေသည်။

“အသစ် အဲ့လိုမလိမ်မာရင် ကိုကိုက လာလာပေါ့မကျွေးတော့ဘူးနော်”

“တိုတို ညစ်ပတ်”

“အသစ် နေမကောင်းဖြစ်မှာဆိုးလို့ပါဗျာ လာ အိမ်ပြန်ရအောင်”

“တိုတိုကို ခေါ်ဘူး”

“အသစ် လာလို့”

သူဆော့ချင်တာကို မဆော့ခိုင်းဘဲ အကျပ်ကိုင်လိုက်တာကြောင့် စိုင်းမာန်သစ်အငယ်လေးက ပို၍ပင်စိတ်ကောက်သွားသေးသည် ထင်ပါသည်။ ကိုကိုဆိုသူက နောက်ကနေလိုက်ဖမ်းဖို့သာ ပြင်ရ‌ေတာ့သည်။ လက်ထဲမှာ Strawberry Lollipop ကိုကိုင်လျက်။

မိုးက တစ်ဖြည်းဖြည်းသည်းလာသည်။ ငါးနှစ်အရွယ် စိုင်းမာန်သစ်ကလေးသည် ကြွက်စုတ်ကလေးလို စိုရွှဲနေပြီဖြစ်သည်။ ထို့အတူ သူကိုကိုဆိုပြီး ချစ်စဖွယ်ခေါ်နေတတ်သည့် ကောင်ကလေးသည်လည်း ရွှဲနစ်နေပြီဖြစ်သည်။

“အသစ် ဒီမှာ လာလာပေါ့”

မိုးရေတွေကြားထဲကပင် စိုင်းမာန်သစ်အငယ်လေးက  အခွံခွာပြီးသား Lollipop ကိုလှမ်းယူကာ ပါးစပ်ထဲထည့်လိုက်သည်။

“ခ်ခ် တိုတို ရေတွေနဲ့”

သူ့သဘောသူ့ဆန္ဒအတိုင်း အရာအားလုံးဖြစ်နေသော ကလေးလေးသည် အပြစ်ကင်းစင်စွာ ရယ်မောနေခဲ့ပါသည်။ လိုချင်တပ်မက်စိတ်နည်းပါးခဲ့တဲ့ ကလေးဘ၀က အပြစ်ကင်းစင်စွာပြုံးဖို့ အလှပခဲ့ဆုံးဖြစ်ခဲ့တာပါဘဲ။

“ခင်ဗျားလေးကြောင့်လေ ကိုစိုင်းမာန်သစ်ရဲ့”

“တိုတို အသစ်ကို လိုက်ဖမ်း”

“ချော်လဲမယ်လို့ အသစ် ဟားး ဆိုးလိုက်တာ”

မိုးရေထဲ လျှောက်ပြေးနေသော ထိုကောင်လေးကို လိုက်ဖမ်းရတာလည်း အဲ့ဒီနေ့ရက်တွေရဲ့ နိဗ္ဗာန်ပင်ဖြစ်မည်။

တခစ်ခစ်ရယ်ကာ သူ့ရင်ခွင်ထဲတိုးဝင်လာသူကြောင့် ဘုန်းပြည့်အာဏာမျက်မှောင်ကြုတ်မိသွားသည်။

“ကိုကို”

စိုင်းမာန်သစ်ခေါ်လိုက်သည့် ကိုကိုဆိုသည့်အသံကြောင့် ဘုန်းပြည့်အာဏာစိတ်ထဲ အမျိုးအမည်မသိသည့်ခံစားချက်တစ်ခုကိုရလိုက်သည်။

သူ့ကိုတင်းကြပ်စွာဖက်လာသည့် စိုင်းမာန်သစ်ကိုစူးစူးရဲရဲကြည့်ရင်း သူကိုယ်တိုင်တောင်မသိလိုက်ပါပဲ စိုင်းမာန်သစ်၏ဆံပင်တွေကို ထိုးဖိမိရင်း ပြန်ဖက်လိုက်မိသည်။

ညသည် ကြယ်တွေအလွန်စုံခဲ့ပါသည်။

_______________________________________________________________________

“ဟယ်လို အိမ့်”

“………”

“ဒီနေ့လား?”

“………”

“ငါက အခုထိနယ်ဘက်ရောက်နေတုန်း”

“………”

“အင်း နေ့လည်တော့ ပြန်ရောက်တယ်”

“……….”

“အင်းပါ”

ဘုန်းပြည့်အာဏာ တည်းခိုခန်း ၀ရံတာမှာ စိုင်းမာန်သစ် ပြောနေတာတွေကို အစအဆုံးကြားလိုက်ရသည်။ အိမ့်မှူးသော် ဒီနေ့ ထွက်ပြေးမည်ကို မနေ့ကတည်းက သူသိသည်။ ဒါပေမယ့် သူမမူ့သည်က စိုင်းမာန်သစ်ကို သူ့အနားခေါ်ထားတာကြောင့်ဖြစ်သည်။

သူတို့စီစဥ်ထားတဲ့အချိန်ထိ စိုင်းမာန်သစ်ကို ဆွဲထားနိုင်ရင် အိမ့်မှူးသော်လည်း ထွက်ပြေးလို့မရတော့သလို စိုင်းမာန်သစ်နဲ့လည်း အနည်းဆုံးတော့ ကတောက်ကဆဖြစ်လိမ့်မည်ဟု ဘုန်းပြည့်အာဏာတွေးကာ စီစဥ်ထားခြင်းဖြစ်သည်။

ထို့ကြောင့် ဒီကိစ္စအတွက် သူဘာဆိုဘာမှပင် အများကြီးပြင်ဆင်မထား။ ဒါက SL Group ရဲ့ ဥက္ကဌကြီး ဘုန်းပြည့်အာဏာရဲ့ အစီအစဥ်ပင်။ စိုင်းမာန်သစ်ပြောသလို ဘယ်လို ဥက္ကဌဖြစ်လာသလဲဆိုတာသာ စဥ်းစားကြည့်ကြဖို့လို‌ေနပြီဖြစ်သည်။

ဒါမှမဟုတ် ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်တွေပိကာ ဦးဘုန်းပြည့်အာဏာတစ်ယောက် တွေးခေါ်နိုင်စွမ်းတွေ ခေတ္တခဏချို့ယွင်းနေခဲ့လေသလား။

@OliviaThet-Eleanor

_____________________________________________________________________

Tags: read novel Lollipop Chapter 13 – Unicode, novel Lollipop Chapter 13 – Unicode, read Lollipop Chapter 13 – Unicode online, Lollipop Chapter 13 – Unicode chapter, Lollipop Chapter 13 – Unicode high quality, Lollipop Chapter 13 – Unicode light novel, ,

Comment

Leave a Reply

Chapter 13