My Possessive Of You 15

All chapters are in My Possessive Of You
A+ A-

“လရောင်လေး အကိုလေးအံ့ကျူး ခေါ်နေတယ်”

“သူနိုးပြီလား မမဆွေ၊ကျွန်တော် သွားလိုက်မယ် ဒီပန်းလေးတွေ ဘုရားကပ်လိုက်ပါအုန်း”

“အေးအေး”

ဇွန်ပန်းသေးသေးလေးတွေ ဖွေးနေတဲ့ လင်ဗန်းလေးကို သူမလက်ထဲ ထည့်ခဲ့ပြီး အိမ်ပေါ်တက်သွားတဲ့ ကျောပြင်လေးကို ကြည်နူးစွာကြည့်နေမိသည်။အိမ်နေရင်း ချည်သားဝမ်းဆက်အညိုလေးဝတ်ထားပြီး ဆံပင်ရှည်တွေကို စုစည်းထားတဲ့ လရောင်သသလေးက လူကောင်သေးသေးနဲ့ ကလေးလေးလိုဖြစ်နေသည်။ဆံပင်ရှည်ထားရတာ ဘာကြောင့် ကြိုက်မှန်းမသိပေမယ့် ဒီကလေးက ဆံပင်ရှည်နဲ့တော့ အတော်လေးကို လိုက်ဖက်ပါသည်။

လရောင် အပေါ်ထပ်ရောက်တော့ အံ့ကျူးမျိုးနွယ်က အခန်းရှေ့မှာ အရှေ့လျှောက်အနောက်လျှောက်လုပ်နေသည်။ပုံစံက အနည်းငယ်ဖရိုဖရဲနိုင်နေကာ မျက်လုံးတွေကလည်း ဟိုကြည့်ဒီကြည့်နဲ့ တစ်ခုခုကို ရှာနေပုံဖြစ်သည်။

“အံ့ကျူးမျိုးနွယ်”

“ဘယ်တွေသွားနေတာလဲ လာခဲ့”

လရောင်ကို လက်မောင်းရင်းကနေ ဆွဲပြီး အခန်းထဲခေါ်သွားတာကြောင့် ယက်ကန်ယက်ကန်နဲ့ပါသွားရသည်။ နီညိုရောင် suit ဝတ်ထားပေမယ့် အင်္ကျီကတော့ အခုထိ ကြယ်သီးမတပ်ရသေး။လရောင်ကို နံရံမှာကပ်ပြီး အပေါ်ကနေ အုပ်မိုးထားသည်။ခန္ဓာကိုယ်နှစ်ခုက သိသိသာသာကို ကွာခြားလွန်းသည်။

“မောင့်ကို အင်္ကျီကြယ်သီးတပ်ပေး”

“ဟင်”

လရောင် အံ့အားသင့်သွား၍ မော့ကြည့်လိုက်တော့ အံ့ကျူးမျိုးနွယ်က စုပ်တစ်ချက်သတ်ပြီး မျက်နှာလွှဲသွားသည်။

“မကြားဘူးလား ပြောနေတယ်လေ”

“ဟင်…အင်း ကြားတယ် ကြားတယ်။ ဒါနဲ့ စောစောက မင်းဘယ်လိုပြောလိုက်တယ်”

“အင်္ကျီကြယ်သီးတပ်ပေးလို့”

“မဟုတ်ဘူးလေ မင်းကိုယ်မင်း ဘယ်လိုပြောလိုက်တာ”

သူ့ရင်ဘတ်ကို လက်ညှိုးနဲ့ထိုးပြီး ပြောတော့ လရောင်လက်ညှိုးကို ဖမ်းကာ သွားချွန်ချွန်တွေပေါ်အောင် အသံတိတ်ရယ်နေသည်။လူထွားကြီး ရှက်ကိုးရှက်ကန်းနိုင်နေတာက ရယ်ချင်စရာတော့ကောင်းသည်။

“ရုံးကို ဒီနေ့စသွားမှာ လို့”

“အဲဒီတော့…အာ့”

လရောင်စချင်တာကြောင့် သူ့စကားကို အလေးမထားသလိုလုပ်တော့ ဖြတ်ခနဲလည်ပင်းကို ငုံ့ကိုက်သည်။

“မောင့်ကို အင်္ကျီကြယ်သီးတပ်ပေး”

“အဟင်း ဒါများ စောစောကတည်းက..၊အာ့..တော်ပြီ တော်ပြီ”

သူနဲ့ အပေးအယူတည့်ပြီးကတည်းက သူ့ကိုယ်သူ ကျုပ်လို့ မသုံးတော့သလို၊ လရောင်ကိုလည်း ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံတော့။သူ့ကို ဆက်စမှာသိတော့ သူ့မျက်နှာနားရောက်နေတဲ့ နားရွက်ဖျားက ငုံထွေးခံလိုက်ရသည်။လူကို ကလိချင်သလိုကလိတာကတော့ နည်းနည်းလေးမှ မလျော့သေး။

အံ့ကျူး ရင်ဘတ်ပေါ်မှာ လှုပ်ရှားနေတဲ့ ရှည်သွယ်သွယ်လက်ချောင်းဖြူလေးတွေကို အသေးစိတ်ကြည့်နေမိသည်။ဖော့ဖယောင်းလို ပျော့ပြောင်းနေပြီး လက်ဆစ်ဟူသည်ဘယ်မှာနည်းဟု မေးရလောက်အောင် သွယ်လျဖြောင့်တန်းနေကာ လက်သည်းခွံတွေကအစ သွေးရောင်ကြွနေသည်။အထက်စီးကနေ ကြည့်နေတာမို့ မျက်တောင်ရှည်တွေကလည်း လက်ချောင်းအတိုင်း ရွေ့လျားနေသည်။

မော့ကြည့်လိုက်တိုင်း လှုပ်ခတ်သွားတဲ့ ထိုမျက်ဝန်းရွဲကြီးတွေက အသက်ရှူပင် ရပ်ချင်စရာ။

“ပြီးပြီ”

“အင်း နမ်းချင်တယ်”

“ဟမ်”

အံ့ကျူးက နှုတ်ခမ်းတပြင်ပြင်နဲ့ ကြည့်နေပြီး အိပ်ရာပေါ် စွေ့ခနဲ ကောက်ပစ်ခံလိုက်ရသည်။နှစ်ယောက်သား နီးစပ်မှုက တဟုန်ထိုးကြီး တိုးတက်သွားတာဖြစ်သည်။အသက်ရှူကျပ်ကာ သူ့ကိုထုရိုက်နေတဲ့ လက်တွေအားလျော့သွားတော့မှ လွှတ်ပေးကာ ခုတင်ပေါ်ကနေ အသာချပေးသည်။

“အဟမ်း အောက်က စောင့်နေမယ် ရုံးကို လိုက်ခဲ့အုန်းမယ်မလား”

လရောင်ဆီက အဖြေကိုတောင် မစောင့်တော့ပဲ သူ့လည်ပင်းသူပွတ်ပြီး ထွက်သွားတော့သည်။လရောင်သသ အံ့သြပြီးရင်း အံ့သြနေရသည်။အငမ်းမရနမ်းတုန်းက နမ်းပြီး ရှက်ကိုးရှက်ကန်းနဲ့ ထွက်သွားတဲ့သူက သူ့ရဲ့ချစ်လှစွာသော အံ့ကျူးမျိုးနွယ်ရော ဟုတ်ရဲ့လားမသိ။

လွန်ခဲ့တဲ့ရက်ကတည်းက ကုမ္ပဏီက ဖေဖေ့လူယုံ ဦးတိုးကို ခေါ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ခိုင်းပြီး Universe ပြန်လည်ပတ်မယ့်အကြောင်း အသိပေးစေနှင့်ပြီးဖြစ်သည်။ဒီနေ့တော့ ရှယ်ယာရှင်အစည်းအဝေးရှိသည့်အပြင် အံ့ကျူးရဲ့ CEO အဖြစ်ပထမဆုံး ရုံးတက်ရမည့်နေ့လည်းဖြစ်သည်။

လရောင်ကိုယ့်အခန်းကို ပြန်ပြီး အံ့ကျူး ကျူးကျော်သွား၍ နီရဲနေသော မျက်နှာကိုမိတ်ကပ်ပါးပါးလူးကာ အနည်းငယ်ဖူးကြွသွားသည့် နှုတ်ခမ်းတစ်စုံကိုလည်း ပန်းဆီရောင်ဆေးအချို့ကူစေလိုက်သည်။ဆံပင်ရှည်တွေကိုလည်း စုမချည်တော့ပဲ ပုံသွင်းပြီး ဖြန့်ချထားလိုက်သည်။ ကော်လံမှာ ငွေရောင်လှိုင်းတွန့်လေးတွေပါသော နို့နှစ်ရောင် suit ကို ဝတ်လိုက်တော့ မှန်ထဲမှာ ပေါ်နေတဲ့ လရောင်ရဲ့ ပုံရိပ်က ကြွေရုပ်လေးတစ်ရုပ်လိုပင် ကြွရွနေသည်။နဂို ထိရက်စရာမရှိအောင် လှနေတာက ကုသိုလ်ကံကြောင့်ဆိုပေမယ့် ပိုလှအောင်နေရတာကို ကြိုက်သည်။

“ချောတယ်”

“ဟင်”

“မဟုတ်ဘူး လှတယ်…လှတာထက်ကို အများကြီးပိုတယ်”

လရောင် ကားထဲဝင်ရုံပဲရှိသေးသည် အံ့ကျူးရဲ့ ခပ်ရှရှအသံကြောင့် ကြောင်သွားရသည်။လရောင်တစ်ကိုယ်လုံးကို ခြုံကြည့်နေပြီး သူ့မျက်လုံးတွေက ရီဝေဝေဖြစ်နေသည်။သူနဲ့အနီးကပ်ဆုံး နေလာတာနဲ့အမျှ အံ့ကျူးမျိုးနွယ်ရဲ့စွဲလမ်းမှုကို ကြောက်လာရသည်။မထင်ရင်မထင်သလို ဆွဲနမ်းတတ်ပြီး ချစ်စရာကောင်းအောင်နေတယ်ဆိုပြီးတော့လည်း ဖျစ်ညှစ်တတ်သေးသည်။

“မင်း…”

“အဟက် ခါးပတ်,ပတ်ပေးမလို့ပါ ခင်များကလည်း”

သူ့ကိုယ်ကြီးက လရောင်ဘက်ကို ရွေ့လာတာကြောင့် ကိုယ်ကိုကျုံ့ပြီး မျက်လုံးစုံမှိတ်ထားလိုက်မိသည်။

ဖူး….!!

နဖူးပေါ်ဝဲနေတဲ့ ဆံပင်စတွေကို လေနဲ့မှုတ်ထုတ်လိုက်တော့ နဖူးလေးတွေပါ တွန့်သွားသည်။မျက်နှာလေးက ဝင်းမွတ်နေပြီး နားသယ်စပ်က မွှေးညင်းနုလေးတွေက စိမ်းဖန့်ဖန့်လေးနဲ့ နားဆီကို တွန့်ကွေးနေသည်။သူ့ဆံပင်လေးတွေက သဘာဝအတိုင်းပျော့အိပြီး လှုပ်လှုပ်ကလေးတွေဖြစ်နေသည်။

နဖူးကို အသာလေး တောက်လိုက်တော့ မကျေနပ်သလို မျက်လုံးပင့်ကြည့်သည်။

“ချစ်စရာလေး”

ဆက်ကြည့်နေရင် ကားပေါ်မှာတင် ကြမ်းကြမ်းတမ်းတမ်းနမ်းမိတော့မှာကြောင့် အံ့ကျူး ကားစက်သာနှိုးလိုက်တော့သည်။

•••••

Universe က ပြန်လည် လည်ပတ်လာတာကြောင့် ကုမ္ပဏီနားတစ်ဝိုက် စည်ကားလာပြန်သည်။ကားပါကင်မှာ နေရာချပြီး နှစ်ယောက်သား ကားပေါ်ကဆင်းလိုက်တော့ ဖေဖေ့လက်ထောက် ဦးတိုးက လာကြိုသည်။အံ့ကျူးမျိုးနွယ်ကို ပီတိဖြစ်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေပြီး ဦးတိုးမျက်လုံးတွေထဲမှာ ကြည်နူးမှုတွေကိုပါ တွေ့နေရသည်။Universe ရဲ့ ဆက်ခံသူက မျိုးနွယ် မိသားစုထဲကပဲ ဖြစ်သင့်သည်လေ။

အံ့ကျူးမျိုးနွယ်ကတော့ အရယ်အပြုံးမရှိပဲ ဦးတိုးကို ခေါင်းညိတ်ပြပြီး အဆောက်အအုံထဲ ဝင်သွားသည်။လရောင်ကသာ အကျိုးအကြောင်းပြောပြပြီး အံ့ကျူးအကြောင်း အကျဥ်းချုပ်ကိုပါ ရှင်းပြရသည်။

ရှယ်ယာရှင်တွေနဲ့ စကားပြောတော့လည်း အံ့ကျူးမျိုးနွယ်က လိုရင်းကလွဲပြီး ဘာကိုမှအပိုစကားမပြော။မျက်နှာထားတင်းတာက သူ့ပုံစံအမှန်ဆိုပေမယ့် လူမှုဆက်ဆံရေးမှာတော့ အရယ်အပြုံးလေးလည်း ပါသင့်သည်လေ။အလုပ်လုပ်ရာမှာတော့ အံ့ကျူးမျိုးနွယ်က ပိရိသေသပ်သည်။ပြတ်သားတဲ့ စကားတွေကြောင့် ရှယ်ယာရှင်အချို့က ချီးကျူးပေမယ့် တင်းမာလွန်းတဲ့ သူ့ပုံစံကြောင့် အချို့ကတော့ သဘောမကျကြ။

“မင်း ဘယ်လိုကြီး လုပ်နေတာလဲ။ ဧည့်သည်တွေကို နည်းနည်းလောက်တော့ ပြုံးပြပါအုန်းလား”

အစည်းအဝေးအပြီး ရုံးခန်းထဲမှာ အံ့ကျူးကို စိတ်ပျက်စွာပင် ပြောမိသည်။လရောင်လေသံက နည်းနည်းကျယ်သွားတော့ laptop screen မှာ အာရုံစိုက်နေသူက ခေါင်းမော့ကြည့်လာသည်။မျက်မှောင်ကို အသာကြုံ့ထားပြီး လရောင်ကို ထူးဆန်းသလို ကြည့်နေသည်။

“ပြုံးပြရအောင် ခင်များမှ မဟုတ်တာ”

“ဘာပြောတယ်..!!”

“ဟုတ်တယ်လေ ရည်းစားမှ မဟုတ်တာ၊အဓိက,က ဖြစ်စေချင်တဲ့ အကြောင်းအရာနဲ့ ဘယ်လိုတိုးတက်အောင်လုပ်မယ်ဆိုတာပဲလေ။ ဘာကိစ္စအပိုတွေလုပ်နေမှာလဲ”

“အဲလိုလည်း မဟုတ်ဘူးလေ၊လူမှုရေးအရတော့…”

“ကျစ် ကျုပ် အဲ့တာတွေ စိတ်မဝင်စားဘူး။လိုလည်းမလိုအပ်ဘူး”

စိတ်တိုလာ၍ထင်သည် သူ့အသံက နည်းနည်းကျယ်လာသည်။အော်တာမဟုတ်ပေမယ့် လရောင်ဝမ်းနည်းသွားသည်။ ပြောရဆိုရခက်တဲ့လူကို ဘာမှ မပြောချင်တော့တာကြောင့် ရုံးခန်းထောင့်က ဆိုဖာပေါ်မှာသာ သွားထိုင်နေလိုက်သည်။

“လရောင်သသ…”

လရောင်ကျောပေးပြီး ထိုင်နေတော့ သူ့ဆီက အသံထွက်လာသည်။မထူးချင်ပါ….။သူ့ကို သင်ပြပေးတာတောင် လက်မခံနိုင်တဲ့လူကို စကားလည်း ဖက်မပြောချင်ပါ။

“လရောင်…..”

လရောင် ခါးကိုပိုမတ်ထားလိုက်သည်။မကြည့်ဘူး…ဒီ လူ့ကတ်သပ်ကောင်ကို လုံးဝ လှည့်မကြည့်ဘူး။

“လရောင်…လို့”

“….”

“မောင်မှ အဲလိုတွေ မလုပ်ချင်တာ”

ခါးကနေ သိမ်းပွေ့ခံလိုက်ရပြီး လရောင် လည်တိုင်ဆီကို မျက်နှာအပ်လာသည်။ရုတ်တရက်ကြီး ပြောင်းလဲပစ်လို့ မရဘူးဆိုပေမယ့် ပြောင်းလဲကြည့်ဖို့ ကြိုးစားချင်စိတ်တော့ရှိသင့်သည်လေ။

“စိတ်ပျက်သွားပြီလား”

လေပူတစ်ချို့မှုတ်ထုတ်လိုက်တော့ အံ့ကျူးဆီက ခပ်တန်းတန်းလေသံကို ကြားလိုက်ရသည်။စိတ်မရှည်တာကတော့ ပြုပြင်လို့ရမည့်အရာ မဟုတ်လောက်ပေ။

“မပျက်ပါဘူး မောင်က အော်တော့စိတ်မကောင်းဖြစ်သွားရုံပဲ”

“ကျစ်၊ မောင်မှားသွားတယ်ကွာ ရပြီလား”

လူ့ကျင့်ဝတ်ကို ဘာကြောင့် အံ့ကျူးမျိုးနွယ်မသိတတ်သလည်းဆိုတာ လရောင်တော့ မယုံနိုင်တော့ပါ။ဘဝကို အရှိအတိုင်းပဲ ဖြတ်သန်းတာက ကောင်းပေမယ့် လူတွေနဲ့ လိုက်လျောညီထွေတော့ နေသင့်သည်လေ။
မှားသွားရင် တောင်းပန်ရမယ်၊ပြင်ဆင်ရမယ်ဆိုတာကိုလည်း နားလည်ထားဟန်မတူပါ။ရှင်သန်ခဲ့ရတဲ့ အသိုင်းအဝိုင်းရဲ့ ပေါ့ဆမှုကြောင့်လို့ ပြောရအောင်ကလည်း လရောင်ကိုယ်တိုင် ဒီမိသားစုမှာ ကြီးပြင်းလာတာမို့ အသိဆုံးဖြစ်သည်။

“ငါပြန်တော့မယ်..”

“ဘာ!!”

အစက သူနဲ့အတူ နေပေးဖို့ တွေးထားပေမယ့် လရောင်စိတ်ကျဥ်းကျပ်လာသည်။

“ပြန်တော့မယ် ငါလုပ်စရာလည်းမရှိပဲနဲ့..”

“မပြန်ရဘူး”

“Commission အပ်ထားတာတွေ ရှိသေးတယ်”

IR နဲ့ ကျောင်းပြီးခဲ့ပေမယ့် ဘာမှ မလုပ်ဖြစ်တာကြောင့် အိမ်မှာနေရင်းနဲ့သာ Art ဘက်ကို online ကနေ လေ့လာဖြစ်သည်။စိတ်ဝင်စားမှုကြောင့် ခဏလေးနဲ့ အသားကျသွားသည်။ထို့ကြောင့် မဂ္ဂဇင်းမျက်နှာဖုံးတွေနဲ့ စာစောင်အချို့မှာ Art တွေ ဆွဲပေးဖြစ်သည်။ရာဇာထူးဟန် ပိုင်တဲ့ DRH သတင်းဌာနက အသစ်ထုတ်ဝေတဲ့ မဂ္ဂဇင်းမှာ ပထမဆုံးဆွဲဖြစ်တာ ဖြစ်သည်။ Commission Art တွေဆွဲနေတယ်ဆိုတာတော့ အံ့ကျူးသိလောက်ပေမယ့် DRH နဲ့အတူလုပ်ဖြစ်နေတာကိုတော့ မသိနိုင်လောက်ပေ။

“မပြန်ရဘူး အဲ့ ပုံတွေဆွဲမနေလည်း ခင်များကို ဝအောင်ကျွေးနိုင်တယ်”

“ဦးတိုးရဲ့ driver နဲ့ပဲ ပြန်လိုက်မယ်”

နားထင်ကြောတွေ တင်းကာ လေသံမာလာသူကို အငြင်းအခုန်ထပ်မပြောချင်တော့တာကြောင့် လရောင် အေးအေးပဲ ပြောလိုက်သည်။ဖေဖေ အေးဆေးပါသလောက် သွေးကြွလွယ်တဲ့ သားဖြစ်သူကိုတော့ လရောင်တကယ်ကို အံ့သြမိပါသည်။တစ်ခုခုဆို သူက ဒေါသထွက်နှင့်ပြီးသား။

“ရုံးခန်းထဲကနေ ခြေတစ်လှမ်း လှမ်းရဲရင် လှမ်းကြည့်လိုက်”

သူ့ကို ကျောခိုင်းထားတော့ နောက်ကနေ သွားကြားထဲက လေသံနဲ့ လှမ်းခြိမ်းခြောက်သည်။လရောင် လှည့်ကြည့်လိုက်တော့ မင်တေတေမျက်လုံးတွေနဲ့ ကြည့်နေသည်။ပုံသွင်းထားတဲ့ ဆံပင်တွေက သေသေသပ်သပ်ဖြစ်နေတာကြောင့် နဖူးပြင်က ဝင်းမွတ်နေကာ မျက်ခုံးထူတွေက ထင်းလွန်းနေသည်။မျက်ခုံးနှစ်ဖက်ကို စုကျုံ့ထားပြီး လရောင်ကို စိုက်ကြည့်နေတာက သွေးဆိုးဆိုးလူတစ်ယောက်လို။

“ခင်များခြေထောက်တွေကို ရိုက်ချိုးပြီး လှောင်ထားလိုက်လို့ရတယ် နားလည်လား”

“မင်း အနိုင်မကျင့်နဲ့ အင့်”

“ကျစ် ခင်များကို ဘာလုပ်ရသေးလို့ အဲ့အရည်တွေက ထွက်လာရတာလဲ ဟမ်”

ဒေါသထွက်ထွက်နဲ့ စိတ်ထဲရှိသလို ပြောချင်ရာပြောချလိုက်တော့ မျက်ရည်လေးတွေ ဝိုင်းပြီး ရှိုက်သံတွေတောင် ထွက်လာသည်။အံ့ကျူး ငေါက်လိုက်တော့မှ ပြန်ဖို့ကို လက်လျှော့ပြီး ဆိုဖာပေါ်မှာ ကျောပေးကာ ငြိမ်ငြိမ်လေးထိုင်နေပြန်သည်။နေရာကနေ မရွေ့ပဲ အံ့ကျူးကြည့်နေလိုက်တော့ ကိုယ်သေးသေးလေးက ရှိုက်ငိုနေသည်ထင်သည်။ခဏခဏ လှုပ်ခါနေသည်။

အံ့ကျူးကို တစ်ချက်တစ်ချက် ခေါင်းငဲ့ငဲ့ကြည့်ကာ သူနဲ့အကြည့်ဆုံသွားတိုင်း မျက်စောင်းထိုးတတ်သေးသည်။ငိုထား၍ နှာခေါင်းလုံးလုံးလေးက ရဲတွတ်နေသည်။

ငိုရင် ပက်ပက်စက်စက်လှတာကိုတော့ သူကိုယ်တိုင်လည်း သတိထားမိပုံမပေါ်။အံ့ကျူး အသံတိတ် တစ်ချက်ရယ်လိုက်ပြီး အလုပ်ထဲသာ အာရုံစိုက်နေလိုက်သည်။အံ့ကျူးမဟုတ်တဲ့ အခြားလူတစ်ယောက်နဲ့ နှစ်ယောက်တည်းပြန်မှာကိုတော့ ဘယ်လိုမှလွှတ်မထားနိုင်ပါ။

ဒီလူ့အတွက်ဆို ဒူးထောက်သင့်ရင် ဒူးထောက်ပြီး ခြိမ်းခြောက်သင့်ရင်လည်း ခြိမ်းခြောက်ကာ သေတဲ့အထိ အနားမှာခေါ်ထားမိမှာဖြစ်သည်။

So_So_Sophia(1.11.2022)
________________________________________
ပေါ့သွားရင် တောင်းပန်ပါတယ်။ဒီလူက update ကြာလွန်းတော့ ongoing လိုက်ပေးတဲ့လူတွေကိုတောင် တကယ်အားနာနေပါပြီ။Personal case လေးလည်း ရှိသွားတာမို့ လိုအပ်တာထက်ပိုကြာသွားပါတယ်။

“လေရာင္ေလး အကိုေလးအံ့က်ဴး ေခၚေနတယ္”

“သူႏိုးၿပီလား မမေဆြ၊ကြၽန္ေတာ္ သြားလိုက္မယ္ ဒီပန္းေလးေတြ ဘုရားကပ္လိုက္ပါအုန္း”

“ေအးေအး”

ဇြန္ပန္းေသးေသးေလးေတြ ေဖြးေနတဲ့ လင္ဗန္းေလးကို သူမလက္ထဲ ထည့္ခဲ့ၿပီး အိမ္ေပၚတက္သြားတဲ့ ေက်ာျပင္ေလးကို ၾကည္ႏူးစြာၾကည့္ေနမိသည္။အိမ္ေနရင္း ခ်ည္သားဝမ္းဆက္အညိဳေလးဝတ္ထားၿပီး ဆံပင္႐ွည္ေတြကို စုစည္းထားတဲ့ လေရာင္သသေလးက လူေကာင္ေသးေသးနဲ႔ ကေလးေလးလိုျဖစ္ေနသည္။ဆံပင္႐ွည္ထားရတာ ဘာေၾကာင့္ ႀကိဳက္မွန္းမသိေပမယ့္ ဒီကေလးက ဆံပင္႐ွည္နဲ႔ေတာ့ အေတာ္ေလးကို လိုက္ဖက္ပါသည္။

လေရာင္ အေပၚထပ္ေရာက္ေတာ့ အံ့က်ဴးမ်ိဳးႏြယ္က အခန္းေ႐ွ႕မွာ အေ႐ွ႕ေလွ်ာက္အေနာက္ေလွ်ာက္လုပ္ေနသည္။ပုံစံက အနည္းငယ္ဖ႐ိုဖရဲႏိုင္ေနကာ မ်က္လုံးေတြကလည္း ဟိုၾကည့္ဒီၾကည့္နဲ႔ တစ္ခုခုကို ႐ွာေနပုံျဖစ္သည္။

“အံ့က်ဴးမ်ိဳးႏြယ္”

“ဘယ္ေတြသြားေနတာလဲ လာခဲ့”

လေရာင္ကို လက္ေမာင္းရင္းကေန ဆြဲၿပီး အခန္းထဲေခၚသြားတာေၾကာင့္ ယက္ကန္ယက္ကန္နဲ႔ပါသြားရသည္။ နီညိဳေရာင္ suit ဝတ္ထားေပမယ့္ အက်ႌကေတာ့ အခုထိ ၾကယ္သီးမတပ္ရေသး။လေရာင္ကို နံရံမွာကပ္ၿပီး အေပၚကေန အုပ္မိုးထားသည္။ခႏၶာကိုယ္ႏွစ္ခုက သိသိသာသာကို ကြာျခားလြန္းသည္။

“ေမာင့္ကို အက်ႌၾကယ္သီးတပ္ေပး”

“ဟင္”

လေရာင္ အံ့အားသင့္သြား၍ ေမာ့ၾကည့္လိုက္ေတာ့ အံ့က်ဴးမ်ိဳးႏြယ္က စုပ္တစ္ခ်က္သတ္ၿပီး မ်က္ႏွာလႊဲသြားသည္။

“မၾကားဘူးလား ေျပာေနတယ္ေလ”

“ဟင္…အင္း ၾကားတယ္ ၾကားတယ္။ ဒါနဲ႔ ေစာေစာက မင္းဘယ္လိုေျပာလိုက္တယ္”

“အက်ႌၾကယ္သီးတပ္ေပးလို႔”

“မဟုတ္ဘူးေလ မင္းကိုယ္မင္း ဘယ္လိုေျပာလိုက္တာ”

သူ႕ရင္ဘတ္ကို လက္ညိႇဳးနဲ႔ထိုးၿပီး ေျပာေတာ့ လေရာင္လက္ညိႇဳးကို ဖမ္းကာ သြားခြၽန္ခြၽန္ေတြေပၚေအာင္ အသံတိတ္ရယ္ေနသည္။လူထြားႀကီး ႐ွက္ကိုး႐ွက္ကန္းႏိုင္ေနတာက ရယ္ခ်င္စရာေတာ့ေကာင္းသည္။

“႐ုံးကို ဒီေန႔စသြားမွာ လို႔”

“အဲဒီေတာ့…အာ့”

လေရာင္စခ်င္တာေၾကာင့္ သူ႕စကားကို အေလးမထားသလိုလုပ္ေတာ့ ျဖတ္ခနဲလည္ပင္းကို ငုံ႔ကိုက္သည္။

“ေမာင့္ကို အက်ႌၾကယ္သီးတပ္ေပး”

“အဟင္း ဒါမ်ား ေစာေစာကတည္းက..၊အာ့..ေတာ္ၿပီ ေတာ္ၿပီ”

သူနဲ႔ အေပးအယူတည့္ၿပီးကတည္းက သူ႕ကိုယ္သူ က်ဳပ္လို႔ မသုံးေတာ့သလို၊ လေရာင္ကိုလည္း ၾကမ္းၾကမ္းတမ္းတမ္းမဆက္ဆံေတာ့။သူ႕ကို ဆက္စမွာသိေတာ့ သူ႕မ်က္ႏွာနားေရာက္ေနတဲ့ နား႐ြက္ဖ်ားက ငုံေထြးခံလိုက္ရသည္။လူကို ကလိခ်င္သလိုကလိတာကေတာ့ နည္းနည္းေလးမွ မေလ်ာ့ေသး။

အံ့က်ဴး ရင္ဘတ္ေပၚမွာ လႈပ္႐ွားေနတဲ့ ႐ွည္သြယ္သြယ္လက္ေခ်ာင္းျဖဴေလးေတြကို အေသးစိတ္ၾကည့္ေနမိသည္။ေဖာ့ဖေယာင္းလို ေပ်ာ့ေျပာင္းေနၿပီး လက္ဆစ္ဟူသည္ဘယ္မွာနည္းဟု ေမးရေလာက္ေအာင္ သြယ္လ်ေျဖာင့္တန္းေနကာ လက္သည္းခြံေတြကအစ ေသြးေရာင္ႂကြေနသည္။အထက္စီးကေန ၾကည့္ေနတာမို႔ မ်က္ေတာင္႐ွည္ေတြကလည္း လက္ေခ်ာင္းအတိုင္း ေ႐ြ႕လ်ားေနသည္။

ေမာ့ၾကည့္လိုက္တိုင္း လႈပ္ခတ္သြားတဲ့ ထိုမ်က္ဝန္း႐ြဲႀကီးေတြက အသက္႐ွဴပင္ ရပ္ခ်င္စရာ။

“ၿပီးၿပီ”

“အင္း နမ္းခ်င္တယ္”

“ဟမ္”

အံ့က်ဴးက ႏႈတ္ခမ္းတျပင္ျပင္နဲ႔ ၾကည့္ေနၿပီး အိပ္ရာေပၚ ေစြ႕ခနဲ ေကာက္ပစ္ခံလိုက္ရသည္။ႏွစ္ေယာက္သား နီးစပ္မႈက တဟုန္ထိုးႀကီး တိုးတက္သြားတာျဖစ္သည္။အသက္႐ွဴက်ပ္ကာ သူ႕ကိုထု႐ိုက္ေနတဲ့ လက္ေတြအားေလ်ာ့သြားေတာ့မွ လႊတ္ေပးကာ ခုတင္ေပၚကေန အသာခ်ေပးသည္။

“အဟမ္း ေအာက္က ေစာင့္ေနမယ္ ႐ုံးကို လိုက္ခဲ့အုန္းမယ္မလား”

လေရာင္ဆီက အေျဖကိုေတာင္ မေစာင့္ေတာ့ပဲ သူ႕လည္ပင္းသူပြတ္ၿပီး ထြက္သြားေတာ့သည္။လေရာင္သသ အံ့ၾသၿပီးရင္း အံ့ၾသေနရသည္။အငမ္းမရနမ္းတုန္းက နမ္းၿပီး ႐ွက္ကိုး႐ွက္ကန္းနဲ႔ ထြက္သြားတဲ့သူက သူ႕ရဲ႕ခ်စ္လွစြာေသာ အံ့က်ဴးမ်ိဳးႏြယ္ေရာ ဟုတ္ရဲ႕လားမသိ။

လြန္ခဲ့တဲ့ရက္ကတည္းက ကုမၸဏီက ေဖေဖ့လူယုံ ဦးတိုးကို ေခၚၿပီး သတင္းစာ႐ွင္းလင္းပြဲလုပ္ခိုင္းၿပီး Universe ျပန္လည္ပတ္မယ့္အေၾကာင္း အသိေပးေစႏွင့္ၿပီးျဖစ္သည္။ဒီေန႔ေတာ့ ႐ွယ္ယာ႐ွင္အစည္းအေဝး႐ွိသည့္အျပင္ အံ့က်ဴးရဲ႕ CEO အျဖစ္ပထမဆုံး ႐ုံးတက္ရမည့္ေန႔လည္းျဖစ္သည္။

လေရာင္ကိုယ့္အခန္းကို ျပန္ၿပီး အံ့က်ဴး က်ဴးေက်ာ္သြား၍ နီရဲေနေသာ မ်က္ႏွာကိုမိတ္ကပ္ပါးပါးလူးကာ အနည္းငယ္ဖူးႂကြသြားသည့္ ႏႈတ္ခမ္းတစ္စုံကိုလည္း ပန္းဆီေရာင္ေဆးအခ်ိဳ႕ကူေစလိုက္သည္။ဆံပင္႐ွည္ေတြကိုလည္း စုမခ်ည္ေတာ့ပဲ ပုံသြင္းၿပီး ျဖန္႔ခ်ထားလိုက္သည္။ ေကာ္လံမွာ ေငြေရာင္လိႈင္းတြန္႔ေလးေတြပါေသာ ႏို႔ႏွစ္ေရာင္ suit ကို ဝတ္လိုက္ေတာ့ မွန္ထဲမွာ ေပၚေနတဲ့ လေရာင္ရဲ႕ ပုံရိပ္က ေႂကြ႐ုပ္ေလးတစ္႐ုပ္လိုပင္ ႂကြ႐ြေနသည္။နဂို ထိရက္စရာမ႐ွိေအာင္ လွေနတာက ကုသိုလ္ကံေၾကာင့္ဆိုေပမယ့္ ပိုလွေအာင္ေနရတာကို ႀကိဳက္သည္။

“ေခ်ာတယ္”

“ဟင္”

“မဟုတ္ဘူး လွတယ္…လွတာထက္ကို အမ်ားႀကီးပိုတယ္”

လေရာင္ ကားထဲဝင္႐ုံပဲ႐ွိေသးသည္ အံ့က်ဴးရဲ႕ ခပ္႐ွ႐ွအသံေၾကာင့္ ေၾကာင္သြားရသည္။လေရာင္တစ္ကိုယ္လုံးကို ျခဳံၾကည့္ေနၿပီး သူ႕မ်က္လုံးေတြက ရီေဝေဝျဖစ္ေနသည္။သူနဲ႔အနီးကပ္ဆုံး ေနလာတာနဲ႔အမွ် အံ့က်ဴးမ်ိဳးႏြယ္ရဲ႕စြဲလမ္းမႈကို ေၾကာက္လာရသည္။မထင္ရင္မထင္သလို ဆြဲနမ္းတတ္ၿပီး ခ်စ္စရာေကာင္းေအာင္ေနတယ္ဆိုၿပီးေတာ့လည္း ဖ်စ္ညႇစ္တတ္ေသးသည္။

“မင္း…”

“အဟက္ ခါးပတ္,ပတ္ေပးမလို႔ပါ ခင္မ်ားကလည္း”

သူ႕ကိုယ္ႀကီးက လေရာင္ဘက္ကို ေ႐ြ႕လာတာေၾကာင့္ ကိုယ္ကိုက်ံဳ႕ၿပီး မ်က္လုံးစုံမွိတ္ထားလိုက္မိသည္။

ဖူး….!!

နဖူးေပၚဝဲေနတဲ့ ဆံပင္စေတြကို ေလနဲ႔မႈတ္ထုတ္လိုက္ေတာ့ နဖူးေလးေတြပါ တြန္႔သြားသည္။မ်က္ႏွာေလးက ဝင္းမြတ္ေနၿပီး နားသယ္စပ္က ေမႊးညင္းႏုေလးေတြက စိမ္းဖန္႔ဖန္႔ေလးနဲ႔ နားဆီကို တြန္႔ေကြးေနသည္။သူ႕ဆံပင္ေလးေတြက သဘာဝအတိုင္းေပ်ာ့အိၿပီး လႈပ္လႈပ္ကေလးေတြျဖစ္ေနသည္။

နဖူးကို အသာေလး ေတာက္လိုက္ေတာ့ မေက်နပ္သလို မ်က္လုံးပင့္ၾကည့္သည္။

“ခ်စ္စရာေလး”

ဆက္ၾကည့္ေနရင္ ကားေပၚမွာတင္ ၾကမ္းၾကမ္းတမ္းတမ္းနမ္းမိေတာ့မွာေၾကာင့္ အံ့က်ဴး ကားစက္သာႏိႈးလိုက္ေတာ့သည္။

•••••

Universe က ျပန္လည္ လည္ပတ္လာတာေၾကာင့္ ကုမၸဏီနားတစ္ဝိုက္ စည္ကားလာျပန္သည္။ကားပါကင္မွာ ေနရာခ်ၿပီး ႏွစ္ေယာက္သား ကားေပၚကဆင္းလိုက္ေတာ့ ေဖေဖ့လက္ေထာက္ ဦးတိုးက လာႀကိဳသည္။အံ့က်ဴးမ်ိဳးႏြယ္ကို ပီတိျဖစ္ေနတဲ့ အၾကည့္ေတြနဲ႔ ၾကည့္ေနၿပီး ဦးတိုးမ်က္လုံးေတြထဲမွာ ၾကည္ႏူးမႈေတြကိုပါ ေတြ႕ေနရသည္။Universe ရဲ႕ ဆက္ခံသူက မ်ိဳးႏြယ္ မိသားစုထဲကပဲ ျဖစ္သင့္သည္ေလ။

အံ့က်ဴးမ်ိဳးႏြယ္ကေတာ့ အရယ္အျပဳံးမ႐ွိပဲ ဦးတိုးကို ေခါင္းညိတ္ျပၿပီး အေဆာက္အအုံထဲ ဝင္သြားသည္။လေရာင္ကသာ အက်ိဳးအေၾကာင္းေျပာျပၿပီး အံ့က်ဴးအေၾကာင္း အက်ဥ္းခ်ဳပ္ကိုပါ ႐ွင္းျပရသည္။

႐ွယ္ယာ႐ွင္ေတြနဲ႔ စကားေျပာေတာ့လည္း အံ့က်ဴးမ်ိဳးႏြယ္က လိုရင္းကလြဲၿပီး ဘာကိုမွအပိုစကားမေျပာ။မ်က္ႏွာထားတင္းတာက သူ႕ပုံစံအမွန္ဆိုေပမယ့္ လူမႈဆက္ဆံေရးမွာေတာ့ အရယ္အျပဳံးေလးလည္း ပါသင့္သည္ေလ။အလုပ္လုပ္ရာမွာေတာ့ အံ့က်ဴးမ်ိဳးႏြယ္က ပိရိေသသပ္သည္။ျပတ္သားတဲ့ စကားေတြေၾကာင့္ ႐ွယ္ယာ႐ွင္အခ်ိဳ႕က ခ်ီးက်ဴးေပမယ့္ တင္းမာလြန္းတဲ့ သူ႕ပုံစံေၾကာင့္ အခ်ိဳ႕ကေတာ့ သေဘာမက်ၾက။

“မင္း ဘယ္လိုႀကီး လုပ္ေနတာလဲ။ ဧည့္သည္ေတြကို နည္းနည္းေလာက္ေတာ့ ျပဳံးျပပါအုန္းလား”

အစည္းအေဝးအၿပီး ႐ုံးခန္းထဲမွာ အံ့က်ဴးကို စိတ္ပ်က္စြာပင္ ေျပာမိသည္။လေရာင္ေလသံက နည္းနည္းက်ယ္သြားေတာ့ laptop screen မွာ အာ႐ုံစိုက္ေနသူက ေခါင္းေမာ့ၾကည့္လာသည္။မ်က္ေမွာင္ကို အသာၾကဳံ႕ထားၿပီး လေရာင္ကို ထူးဆန္းသလို ၾကည့္ေနသည္။

“ျပဳံးျပရေအာင္ ခင္မ်ားမွ မဟုတ္တာ”

“ဘာေျပာတယ္..!!”

“ဟုတ္တယ္ေလ ရည္းစားမွ မဟုတ္တာ၊အဓိက,က ျဖစ္ေစခ်င္တဲ့ အေၾကာင္းအရာနဲ႔ ဘယ္လိုတိုးတက္ေအာင္လုပ္မယ္ဆိုတာပဲေလ။ ဘာကိစၥအပိုေတြလုပ္ေနမွာလဲ”

“အဲလိုလည္း မဟုတ္ဘူးေလ၊လူမႈေရးအရေတာ့…”

“က်စ္ က်ဳပ္ အဲ့တာေတြ စိတ္မဝင္စားဘူး။လိုလည္းမလိုအပ္ဘူး”

စိတ္တိုလာ၍ထင္သည္ သူ႕အသံက နည္းနည္းက်ယ္လာသည္။ေအာ္တာမဟုတ္ေပမယ့္ လေရာင္ဝမ္းနည္းသြားသည္။ ေျပာရဆိုရခက္တဲ့လူကို ဘာမွ မေျပာခ်င္ေတာ့တာေၾကာင့္ ႐ုံးခန္းေထာင့္က ဆိုဖာေပၚမွာသာ သြားထိုင္ေနလိုက္သည္။

“လေရာင္သသ…”

လေရာင္ေက်ာေပးၿပီး ထိုင္ေနေတာ့ သူ႕ဆီက အသံထြက္လာသည္။မထူးခ်င္ပါ….။သူ႕ကို သင္ျပေပးတာေတာင္ လက္မခံႏိုင္တဲ့လူကို စကားလည္း ဖက္မေျပာခ်င္ပါ။

“လေရာင္…..”

လေရာင္ ခါးကိုပိုမတ္ထားလိုက္သည္။မၾကည့္ဘူး…ဒီ လူ႕ကတ္သပ္ေကာင္ကို လုံးဝ လွည့္မၾကည့္ဘူး။

“လေရာင္…လို႔”

“….”

“ေမာင္မွ အဲလိုေတြ မလုပ္ခ်င္တာ”

ခါးကေန သိမ္းေပြ႕ခံလိုက္ရၿပီး လေရာင္ လည္တိုင္ဆီကို မ်က္ႏွာအပ္လာသည္။႐ုတ္တရက္ႀကီး ေျပာင္းလဲပစ္လို႔ မရဘူးဆိုေပမယ့္ ေျပာင္းလဲၾကည့္ဖို႔ ႀကိဳးစားခ်င္စိတ္ေတာ့႐ွိသင့္သည္ေလ။

“စိတ္ပ်က္သြားၿပီလား”

ေလပူတစ္ခ်ိဳ႕မႈတ္ထုတ္လိုက္ေတာ့ အံ့က်ဴးဆီက ခပ္တန္းတန္းေလသံကို ၾကားလိုက္ရသည္။စိတ္မ႐ွည္တာကေတာ့ ျပဳျပင္လို႔ရမည့္အရာ မဟုတ္ေလာက္ေပ။

“မပ်က္ပါဘူး ေမာင္က ေအာ္ေတာ့စိတ္မေကာင္းျဖစ္သြား႐ုံပဲ”

“က်စ္၊ ေမာင္မွားသြားတယ္ကြာ ရၿပီလား”

လူ႕က်င့္ဝတ္ကို ဘာေၾကာင့္ အံ့က်ဴးမ်ိဳးႏြယ္မသိတတ္သလည္းဆိုတာ လေရာင္ေတာ့ မယုံႏိုင္ေတာ့ပါ။ဘဝကို အ႐ွိအတိုင္းပဲ ျဖတ္သန္းတာက ေကာင္းေပမယ့္ လူေတြနဲ႔ လိုက္ေလ်ာညီေထြေတာ့ ေနသင့္သည္ေလ။
မွားသြားရင္ ေတာင္းပန္ရမယ္၊ျပင္ဆင္ရမယ္ဆိုတာကိုလည္း နားလည္ထားဟန္မတူပါ။႐ွင္သန္ခဲ့ရတဲ့ အသိုင္းအဝိုင္းရဲ႕ ေပါ့ဆမႈေၾကာင့္လို႔ ေျပာရေအာင္ကလည္း လေရာင္ကိုယ္တိုင္ ဒီမိသားစုမွာ ႀကီးျပင္းလာတာမို႔ အသိဆုံးျဖစ္သည္။

“ငါျပန္ေတာ့မယ္..”

“ဘာ!!”

အစက သူနဲ႔အတူ ေနေပးဖို႔ ေတြးထားေပမယ့္ လေရာင္စိတ္က်ဥ္းက်ပ္လာသည္။

“ျပန္ေတာ့မယ္ ငါလုပ္စရာလည္းမ႐ွိပဲနဲ႔..”

“မျပန္ရဘူး”

“Commission အပ္ထားတာေတြ ႐ွိေသးတယ္”

IR နဲ႔ ေက်ာင္းၿပီးခဲ့ေပမယ့္ ဘာမွ မလုပ္ျဖစ္တာေၾကာင့္ အိမ္မွာေနရင္းနဲ႔သာ Art ဘက္ကို online ကေန ေလ့လာျဖစ္သည္။စိတ္ဝင္စားမႈေၾကာင့္ ခဏေလးနဲ႔ အသားက်သြားသည္။ထို႔ေၾကာင့္ မဂၢဇင္းမ်က္ႏွာဖုံးေတြနဲ႔ စာေစာင္အခ်ိဳ႕မွာ Art ေတြ ဆြဲေပးျဖစ္သည္။ရာဇာထူးဟန္ ပိုင္တဲ့ DRH သတင္းဌာနက အသစ္ထုတ္ေဝတဲ့ မဂၢဇင္းမွာ ပထမဆုံးဆြဲျဖစ္တာ ျဖစ္သည္။ Commission Art ေတြဆြဲေနတယ္ဆိုတာေတာ့ အံ့က်ဴးသိေလာက္ေပမယ့္ DRH နဲ႔အတူလုပ္ျဖစ္ေနတာကိုေတာ့ မသိႏိုင္ေလာက္ေပ။

“မျပန္ရဘူး အဲ့ ပုံေတြဆြဲမေနလည္း ခင္မ်ားကို ဝေအာင္ေကြၽးႏိုင္တယ္”

“ဦးတိုးရဲ႕ driver နဲ႔ပဲ ျပန္လိုက္မယ္”

နားထင္ေၾကာေတြ တင္းကာ ေလသံမာလာသူကို အျငင္းအခုန္ထပ္မေျပာခ်င္ေတာ့တာေၾကာင့္ လေရာင္ ေအးေအးပဲ ေျပာလိုက္သည္။ေဖေဖ ေအးေဆးပါသေလာက္ ေသြးႂကြလြယ္တဲ့ သားျဖစ္သူကိုေတာ့ လေရာင္တကယ္ကို အံ့ၾသမိပါသည္။တစ္ခုခုဆို သူက ေဒါသထြက္ႏွင့္ၿပီးသား။

“႐ုံးခန္းထဲကေန ေျခတစ္လွမ္း လွမ္းရဲရင္ လွမ္းၾကည့္လိုက္”

သူ႕ကို ေက်ာခိုင္းထားေတာ့ ေနာက္ကေန သြားၾကားထဲက ေလသံနဲ႔ လွမ္းၿခိမ္းေျခာက္သည္။လေရာင္ လွည့္ၾကည့္လိုက္ေတာ့ မင္ေတေတမ်က္လုံးေတြနဲ႔ ၾကည့္ေနသည္။ပုံသြင္းထားတဲ့ ဆံပင္ေတြက ေသေသသပ္သပ္ျဖစ္ေနတာေၾကာင့္ နဖူးျပင္က ဝင္းမြတ္ေနကာ မ်က္ခုံးထူေတြက ထင္းလြန္းေနသည္။မ်က္ခုံးႏွစ္ဖက္ကို စုက်ံဳ႕ထားၿပီး လေရာင္ကို စိုက္ၾကည့္ေနတာက ေသြးဆိုးဆိုးလူတစ္ေယာက္လို။

“ခင္မ်ားေျခေထာက္ေတြကို ႐ိုက္ခ်ိဳးၿပီး ေလွာင္ထားလိုက္လို႔ရတယ္ နားလည္လား”

“မင္း အႏိုင္မက်င့္နဲ႔ အင့္”

“က်စ္ ခင္မ်ားကို ဘာလုပ္ရေသးလို႔ အဲ့အရည္ေတြက ထြက္လာရတာလဲ ဟမ္”

ေဒါသထြက္ထြက္နဲ႔ စိတ္ထဲ႐ွိသလို ေျပာခ်င္ရာေျပာခ်လိုက္ေတာ့ မ်က္ရည္ေလးေတြ ဝိုင္းၿပီး ႐ိႈက္သံေတြေတာင္ ထြက္လာသည္။အံ့က်ဴး ေငါက္လိုက္ေတာ့မွ ျပန္ဖို႔ကို လက္ေလွ်ာ့ၿပီး ဆိုဖာေပၚမွာ ေက်ာေပးကာ ၿငိမ္ၿငိမ္ေလးထိုင္ေနျပန္သည္။ေနရာကေန မေ႐ြ႕ပဲ အံ့က်ဴးၾကည့္ေနလိုက္ေတာ့ ကိုယ္ေသးေသးေလးက ႐ိႈက္ငိုေနသည္ထင္သည္။ခဏခဏ လႈပ္ခါေနသည္။

အံ့က်ဴးကို တစ္ခ်က္တစ္ခ်က္ ေခါင္းငဲ့ငဲ့ၾကည့္ကာ သူနဲ႔အၾကည့္ဆုံသြားတိုင္း မ်က္ေစာင္းထိုးတတ္ေသးသည္။ငိုထား၍ ႏွာေခါင္းလုံးလုံးေလးက ရဲတြတ္ေနသည္။

ငိုရင္ ပက္ပက္စက္စက္လွတာကိုေတာ့ သူကိုယ္တိုင္လည္း သတိထားမိပုံမေပၚ။အံ့က်ဴး အသံတိတ္ တစ္ခ်က္ရယ္လိုက္ၿပီး အလုပ္ထဲသာ အာ႐ုံစိုက္ေနလိုက္သည္။အံ့က်ဴးမဟုတ္တဲ့ အျခားလူတစ္ေယာက္နဲ႔ ႏွစ္ေယာက္တည္းျပန္မွာကိုေတာ့ ဘယ္လိုမွလႊတ္မထားႏိုင္ပါ။

ဒီလူ႕အတြက္ဆို ဒူးေထာက္သင့္ရင္ ဒူးေထာက္ၿပီး ၿခိမ္းေျခာက္သင့္ရင္လည္း ၿခိမ္းေျခာက္ကာ ေသတဲ့အထိ အနားမွာေခၚထားမိမွာျဖစ္သည္။

So_So_Sophia(1.11.2022)
________________________________________
ေပါ့သြားရင္ ေတာင္းပန္ပါတယ္။ဒီလူက update ၾကာလြန္းေတာ့ ongoing လိုက္ေပးတဲ့လူေတြကိုေတာင္ တကယ္အားနာေနပါၿပီ။Personal case ေလးလည္း ႐ွိသြားတာမို႔ လိုအပ္တာထက္ပိုၾကာသြားပါတယ္။

Tags: read novel My Possessive Of You 15, novel My Possessive Of You 15, read My Possessive Of You 15 online, My Possessive Of You 15 chapter, My Possessive Of You 15 high quality, My Possessive Of You 15 light novel, ,

Comment

Leave a Reply

Chapter 17