My Possessive Of You 16

All chapters are in My Possessive Of You
A+ A-

“Mini mart ဝင်ချင်သေးတယ်”

စိတ်ဆိုးနေသူက အိမ်ပြန်လမ်းတစ်လျှောက်လုံး အသံတိတ်နေကာ လိုချင်တာရှိမှ အသံထွက်လာတာဖြစ်သည်။အံ့ကျူး ခပ်ရဲ့ရဲ့သာ ပြုံးလိုက်ပြီး သူ့ကို ကြည့်လိုက်တော့ အလိုလိုက်ထားတဲ့ ကြောင်ဆိုးလေးလို ကြည့်နေသည်။

“ငါဝယ်စရာတွေရှိသေးလို့”

အံ့ကျူး ပြုံးမြဲသာပြုံးနေလိုက်တော့ အသံက ခပ်ဆာဆာလေးဖြစ်လာသည်။

“အံ့ကျူးမျိုးနွယ်…!!”

“အချိန်က ပြန်လုပ်ယူလို့မရဘူး ရုံးက သယ်လာတဲ့ အလုပ်တွေ မောင့်မှာရှိသေးတယ်”

အံ့ကျူး ခပ်မှန်မှန်ကားမောင်းရင်းပဲ သူ့ကို မကြည့်ပဲဖြေလိုက်သည်။မျက်လုံးလေးတွေက စုကျုံ့သွားပေမယ့် ချက်ချင်းပဲ အောက်နှုတ်ခမ်းက ဖောင်းထွက်လာသည်။နှုတ်ခမ်းစူလိုက်တာနဲ့အမျှ ပါးဖောင်းဖောင်းလေးတွေကလည်း ပိုဖောင်းလာသည်။ထိုပါးလေးတွေက ဖြူဖြူလုံးလုံးလေးနဲ့ နို့ကိတ်လေးတွေနဲ့ တူသည်။

“အဟမ်း၊ တစ်ခုတော့ရှိတယ်”

အံ့ကျူးက ရွေးချယ်ခွင့်ပေးတော့မှာကို သိတော့ မျက်လုံးလေးတွေက တောက်လာပြီး တက်တက်ကြွကြွလေးဖြစ်လာသည်။တကယ့် ကလေးလေးလိုပဲ။မျက်နှာလေးက ရှေ့ကို တိုးလာကာ အံ့ကျူးပြောလာမယ့် စကားကို စောင့်နေသည်။

“နမ်းမယ်”

“အင်း တစ်ခါ..”

“မရဘူး အကြာကြီး…။ဝအောင် နမ်းမယ်”

“ဘာ”

လရောင် ခေါင်းကြိမ်းသွားရသည်။ကိုယ့်ဘက်က ခေါင်းမညိတ်ပဲနေရင်တောင် အတင်းနမ်းတဲ့လူက လရောင်များ ခွင့်ပြုချက်နဲ့ နမ်းခိုင်းလိုက်ရင် မျက်နှာတစ်ပြင်လုံး အကောင်းရှိလိမ့်မယ်မထင်။

“ရှေ့နားဆိုရင် mart ကိုရောက်ပြီ စဥ်းစားနော် အိမ်ရောက်မှဆိုရင် ပြန်လိုက်မပို့ဘူး”

ကားကို ပုံမှန်ထက် လျှော့မောင်းလိုက်ပြီး သူ့ကို မကြည့်ပဲ အံ့ကျူးတမင်ပင် အသံမြှင့်ပြောနေလိုက်သည်။တစ်ခုလိုချင် တစ်ခုတော့ ပေးရမယ်လေ လရောင်သသရာ…။

မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့ ချိန်ဆနေပုံက သက်ရှိအရုပ်ကလေးနဲ့တူနေသည်။ပါးဖောင်းဖောင်းလေးက ဖြူဝင်းနေကာ သွေးကြောစိမ်းစိမ်းလေးတွေ ပြေးနေသည်။တစ်ဝကြီး နမ်းပစ်လိုက်ရင် ချက်ချင်းလန်းဆန်းသွားမယ့် အမွှေးလုံးလေးလည်းဖြစ်သည်။

“အင်း”

Mini mart ကို  လှမ်းမြင်ရတဲ့နေရာရောက်တော့ စူအောင့်အောင့်အသံလေး ထွက်လာသည်။Mini mart က အံ့ကျူးတို့ နေထိုင်ရာခြံဝန်းနေရာရဲ့ တစ်လမ်းကျော်မှာရှိပြီး အနီးဆုံးနေရာလည်းဖြစ်သည်။

“မရယ်နဲ့…အင့်”

အံ့ကျူး အသံတိတ်ရယ်တော့ အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး လက်သီးဆုပ်နဲ့ ပေါင်ကိုထုသည်။ mart နဲ့ မလှမ်းမကမ်းမှာ ကားရပ်ပြီး နေရာကမရွေ့ပဲ ထိုင်ခုံခါးပတ်ဖြုတ်ပြီး သူ့ကိုပေါင်ပေါ် ဆွဲပွေ့လိုက်တော့ မျက်လုံးအပြူးသားလေးနဲ့ ပါလာသည်။
သူ့မျက်နှာဆီ ဦးတည်လိုက်တော့ လက်ဖဝါးနွေးနွေးလေးနဲ့ တွန်းလာသည်။

“ကိုယ့်ပါကိုယ် နမ်းမယ်၊ မင်းက အကြမ်းကြီး..”

“အင်း”

ချောမောနေသူက သွားချွန်ချွန်တွေ ပေါ်အောင်ရယ်နေတာမို့ လရောင်ရင်တွေ တရစပ်ခုန်နေရသည်။မျက်နှာ ချောချောကို အုပ်ကိုင်လိုက်တော့ အလိုက်သင့်လေး ခေါင်းငုံ့ပေးလာသည်။တစ်ခါမှ ကိုယ်က စမနမ်းဖူးတာမို့ အိုးတိုးအမ်းတမ်းနိုင်ပေမယ့် သူသာနမ်းရင် လရောင်မျက်နှာ တစ်ပြင်လုံးရစရာမရှိအောင် နီရဲသွားနိုင်သည်။

“မွ..”

နဖူးပြင်ကို ထိလာတဲ့ နှုတ်ခမ်းဖူးဖူးလေး၏ အနွေးဓာတ်ကြောင့် အံ့ကျူးတွန့်သွားသည်။အထိအတွေ့က နူးညံ့လွန်း၍ ရင်တွေပါ တရစပ်ခုန်လာသည်။ကလေးတစ်ယောက်လိုမျိုး နဖူးပြင်အနှံ့ မထိတထိလေး နမ်းနေပုံက အံ့ကျူးကို အသဲယားစေသည်။

“တစ်နေရာထဲ နမ်းမှာဆိုရင် ဆိုင်ထဲမှာ အချိန်တစ်မိနစ်ပဲ ပေးမယ်”

“ဟင်း…”

အချိန်ကန့်သတ်ချုပ်ချယ်ရတာ မကြိုက်ပေမယ့် နဖူးပြင်က အနမ်းသေးသေးလေးတွေကိုအားမလိုအားမရဖြစ်လာတာမို့ အံ့ကျူး အကြပ်ကိုင်လိုက်သည်။နှစ်ဆယ့်ငါးနှစ်အရွယ် ယောကျ်ားပျိုတစ်ယောက်က ကိုယ့်ချစ်သူကို နမ်းရမှာ တွန့်တိုနေတာက သဘာဝမကျပေ။

“ရွှတ် ရွှတ် မွ မွ”

အံ့ကျူးစကားကြောင့် ချက်ချင်းပင် ခါးလေးမတ်လာပြီး ပါးပြင်နှစ်ဖက်ကိုပါ တရွှတ်ရွှတ်နမ်းလာသည်။နှာခေါင်းလုံးလုံးလေးကပါ နှုတ်ခမ်းဖူးဖူးလေးနဲ့ အတူ အံ့ကျူးပါးပြင်ကို ကျီစယ်ထိတွေ့နေသည်။အသက်ရှူသံငွေ့ငွေ့နဲ့ အတူ နို့နံ့သင်းသင်းကိုပါ လရောင်သသဆီက ရနေသည်။နို့ပါတဲ့ အသုံးအဆောင်တွေကိုပဲ သုံးလွန်းလို့လားမသိ လရောင်အသားအရည်က နူးညံ့အိစက်ပြီး နို့ကိတ်လေးလိုဖြစ်နေသည်။

နူးညံ့တဲ့ အထိအတွေ့နဲ့အတူ အနီးကပ်ဆုံးရှိနေတဲ့ အနေအထားမို့ အံ့ကျူး အသဲယားလာကာ ပေါင်ပေါ်ထိုင်လျက်သားဖြစ်နေတဲ့ တင်ပါးလုံးလုံးလေးကို ဖျစ်ညှစ်လိုက်မိသည်။

ဗုန်း! ဗုန်း!

အကျိုးဆက်ကတော့ အံ့ကျူးရင်ဘတ်တွေ တအုန်းအုန်းထုခံလိုက်ရခြင်းပင်။

“ဘယ်လိုတောင် ဖြစ်နေတာလဲ ၊”

“ဟို…ကိုင်ချင်လာလို့…”

အံ့ကျူး ရယ်ကျဲကျဲနဲ့ ပြောလိုက်တော့ မဟာမျက်စောင်းက ဒိုင်းခနဲရောက်လာပြီး အံ့ကျူးကိုယ်ပေါ်ကနေ ရုန်းထွက်တော့သည်။

“တော်ပြီ ငါဒီမှာပဲ ဆင်းနေခဲ့တော့မယ် ပြန်ချင်ပြန်မပြန်ချင်နေ ငါ့ဘာသာ ခြေကျင်ပဲလျှောက်မယ်”

ပွစိပွစိနဲ့ ရေရွတ်ကာ သူ့တင်ပါးပေါ်ရောက်နေတဲ့ အံ့ကျူးလက်တွေကို အတင်းဖယ်ချသည်။မျက်စောင်းတထိုးထိုးနဲ့ လုပ်နေသူကြောင့် ခါးကနေ ဆွဲသိမ်းပြီး ရင်ဘတ်ချင်းထိကပ်ထားလိုက်သည်။

“လူဆိုးကောင်….နမ်းရုံလေးပဲ နမ်းမယ်ပြောပြီးတော့ အွန့်..”

မျက်လွှာလေးချပြီး မပွင့်တပွင့် ပြောလာသူ၏ နှုတ်ခမ်းဖူးဖူးလေးတွေကို အံ့ကျူးသိမ်းပိုက်ပစ်လိုက်သည်။အစပိုင်း နှုတ်ခမ်းတစ်လွှာချင်းကို စုပ်ယူတော့ ထွန့်ထွန့်လူးအောင် ရုန်းသေးသည်။အံ့ကျူးရဲ့ အနမ်းကျွမ်းကျင်မှုကြောင့် လရောင်ပါ အနမ်းတွေကို တုံ့ပြန်လာသည်။အပေးအယူညီမျှစွာ နမ်းရှိုက်မိကြတော့ အသံပိစိလေးတွေ ထွက်လာသည်။ခံတွင်းထဲထိ မွှေနှောက်ပြီး သူ့လျှာလေးကိုပါ စုပ်ယူပြီး နမ်းပစ်လိုက်သည်။
ရင်ဘတ်ကို လက်တွေက တွန်းလာတာကြောင့် အောက်နှုတ်ခမ်းကို စုပ်ဆွဲပြီး လွှတ်ပေးလိုက်သည်။

“အဟင်း…”

ထိုမှသာ အံ့ကျူးရင်ဘတ်ကိုမှီပြီး အသက်ဝဝရှူလိုက်ရသည်။နှုတ်ခမ်းတွေကလည်း နီရဲနေမှာ အသေအချာပင်။လရောင် စိတ်တိုသွားရပေမယ့် ကားပေါ်က အမြန်ဆင်းပြီးတော့သာ ဆိုင်ထဲဝင်လိုက်ရတော့သည်။အိမ်မှာ မုန့်တွေနဲ့ အာလူးကြော်တွေ နည်းနေပြီဖြစ်သည့်အပြင် လရောင် sketch ချရန်အတွက် ကားချပ်အချို့လည်း ဝယ်ရအုန်းမည်ဖြစ်သည်။

•••••
“မနေ့က ကိုယ့် PA က ပြောတယ် ဒင်နာကို လရောင်မလာနိုင်ဘူးဆို”

“ဟုတ်တယ် ရာဇာ…၊ငါ လာဖို့အဆင်မပြေလို့”

အိပ်ရာဝင်ခါနီး ရာဇာ့ဆီက ဖုန်းဝင်လာခြင်းဖြစ်သည်။ဌာနခွဲအတွက် ဝန်ထမ်းတွေနဲ့ ညစာစားပွဲ စီစဥ်ရာမှာ သူတို့ဌာနရဲ့ partner အဖြစ် လရောင်ကိုလည်း ဖိတ်ထားခြင်းဖြစ်သည်။ designရေးတာတောင် အိမ်ကနေလုပ်ရအဆင်ပြေလို့ဖြစ်တာကြောင့် ညစာစားပွဲလို နေရာမျိုးကိုတော့ လုံးဝသွားလို့ဖြစ်မှာမဟုတ်။

“ကိုယ်တို့ အပြင်မှာ မဆုံရတာတောင်ကြာပြီ”

ရာဇာ့ရဲ့ လေသံဖျော့ဖျော့ကြောင့် စိတ်မကောင်းဖြစ်သွားပေမယ့် လရောင် ကိုယ့်ဝမ်းနာကိုယ်သာသိသည်။ DRH မှာ အလုပ်တစ်ရက်လေးတောင် မဝင်ရပါသေးပဲနဲ့ ထွက်စာတင်ပြီး လျော်ကြေးပေးခဲ့တာက သူ့ကို ရာဇာနဲ့အတူမရှိစေချင်တဲ့ ရည်ရွယ်ချက်တစ်ခုတည်းကြောင့်မလား။အံ့ကျူးရဲ့ တဇွတ်ထိုးနိုင်ပုံကို သူသာအသိဆုံးဖြစ်သည်။

“ငါ အားနာပါတယ် ရာဇာ..။ အဆင်ပြေတဲ့ တစ်နေ့တော့ တွေ့ဖြစ်ကြမှာပါ”

ကျောင်းသားဘဝကတည်းက အံ့ကျူးရန်လိုနေတဲ့ကြားက လရောင်နောက် တောက်လျှောက်လိုက်တွယ်ကပ်နေတဲ့ ရာဇာထူးဟန်ရဲ့ ခံစားချက်ကိုလည်း ကောင်းကောင်းနားလည်သည်။နှစ်သိမ့်ရုံကလွဲပြီး ဘာမှမတတ်နိုင်။စိတ်ရော၊လူရော ဘဝတစ်ခုလုံးကို အံ့ကျူးမျိုးနွယ်ကို အပိုင်ပေးထားပြီးသားဖြစ်သည်။

“ကိုယ်မင်းကို အရမ်းလွမ်းနေတာ လရောင်…လွမ်းလွန်းလို့ ရူးတော့မလိုပဲ”

“ဟင်”

“မင်း မချစ်နိုင်မှန်းသိပေမယ့် ကိုယ်ကတော့ ဘယ်လိုမှ မေ့ကြည့်လို့မရဘူး”

“ရာဇာ”

ဖုန်းထဲက ရာဇာ့အသံမှာ ကြေကွဲမှုနဲ့အတူ ငိုသံပါစွက်နေသည်။ဘယ်လိုဖြေသိမ့်ပေးရမှန်းမသိပေမယ့် တစ်ဖက်သတ်ချစ်ရတာ ပင်ပန်းတာကိုတော့ သိသည်။သူလည်း အံ့ကျူးပွေခဲ့ရှုပ်ခဲ့တဲ့ အချိန်တွေတုန်းက သေမလိုခံစားခဲ့ရဖူးသည်။

“ကိုယ့်ကို အခွင့်အရေးမပေးချင်တော့ဘူးလား ကိုယ်ကြိုးစားကြည့်ချင်တယ်”

“ရာဇာ..”

“ကိုယ်မင်းကို စွဲလမ်းပြီး သေသွားမလားမသိဘူး”

“တော်ပါတော့..အင့်”

ရာဇာ့စကားတွေကြောင့် လရောင် ငိုချင်လာသည်။ကိုယ့်ရဲ့ဖြစ်တည်မှုက တစ်ပါးသူကို သွယ်ဝိုက်ပြီး နာကျင်စေမိပြီ။

“လရောင်သသ ခင်များအိပ်နေပြီလား”

အံ့ကျူးအသံကြောင့် လရောင်ကိုယ်လေး ဆတ်ခနဲ တွန့်သွားပြီး ဖုန်းချပစ်လိုက်သည်။ရာဇာ့စကားတွေ နားထောင်ပြီး မျက်ရည်တွေ ကျလာရ၍ ပါးပြင်ပေါ်က မျက်ရည်စတွေကို လက်ခုံနဲ့ ပွတ်သုပ်လိုက်သည်။

“စိတ်ဆိုးနေသေးတာလား”

အံ့ကျူးဝင်လာကာမှ ကျောပေးသွားသူကြောင့် လေသံခပ်မှန်မှန်နဲ့ပဲ မေးလိုက်သည်။ကားပေါ်က ကိစ္စကို သူ့မှာအခုထိ မကျေချမ်းနိုင်သေး။ညစာစားတုန်းကလည်း အံ့ကျူးကို မကြည့် အခု အခန်းထဲဝင်လာတော့လည်း ကျောပေးသွားပြန်သေးသည်။အလျှော့ပေးမှန်းသိလို့ ဆိုးနေပြန်တော့တာ။

“လရောင်သသ..!!”

မျက်ရည်တွေက အတောမသပ်နိုင်ကျနေသေးတာမို့ လရောင် သူနဲ့ တမင် မျက်နှာချင်းမဆိုင်အောင် နေတာဖြစ်သည်။ပထမတစ်ခွန်းနဲ့တင် သူ့ကိုလှည့်မကြည့်တော့ လေသံက ကျယ်လာသည်။

“ကျစ်…ဘာစောက်ကြီးကျယ်နေတာလဲခင်များ..”

“အင့်”

ခဏနေတော့ ပုခုံးကနေ အကြမ်းပတမ်းကိုင်ပြီး တစ်ကိုယ်လုံး ဆွဲလှည့်ခံလိုက်ရသည်။မျက်လုံးတွေက အားမလိုအားမရမှုတွေနဲ့ စိတ်မရှည်မှုတွေပြည့်နေသည်။ bathrobe တစ်ထည်တည်း ဝတ်ထားပြီး ဖရိုဖရဲဖြစ်နေကာ ပေါင်တံကျစ်ကျစ်တွေတောင် ပေါ်နေသည်။ရေချိုးကာစဖြစ်လာပုံရကာ ယောကျ်ားဆန်ဆန်ကိုယ်သင်းနံ့ကို ရနေသည်။

“နမ်းရုံလေး နမ်းတာကို ဒီလောက်ထိဖြစ်စရာလား အခု အဲ့တာကြောင့် ငိုနေတာလား ဟမ်!!”

တစ်ခုခုဆို မျက်ရည်ကျလွယ်ပြီး တော်တော်နဲ့ မရပ်ပဲ ဆက်တိုက်မျက်ရည်ကျတတ်တဲ့ ကိုယ့်ကိုကိုယ်လည်း စိတ်ပျက်သည်။ ဒီအတိုင်း ရာဇာ့အတွက် စိတ်မကောင်းလို့ပါ ဟု ပြောရင်လည်း လူဆိုးကောင်က ထင်တိုင်းကြဲအုန်းမည်။

“မဟုတ်ဘူး..အင့်”

“ဘာစောက်ကြောင်းမှ မရှိရင် အဲ့အရည်တွေက ထွက်မလာဘူး လရောင်သသ။ ကျုပ်ကို ငပိန်းထင်နေတာလား”

“ငါ..”

“ကျစ်! ပြောလေ ဘာဖြစ်နေတာလဲ ချီးပဲ”

အံ့ကျူး သူ့မျက်ရည်တွေကို မြင်လိုက်ရ၍ ဒေါသက ငယ်ထိပ်ဆောင့်တက်သွားသည်။သူ့ကြောင့်နဲ့မှ မဟုတ််ရင် ဘာအကြောင်းကြောင့်မှ လရောင်သသ ငိုတာမကြိုက်။
အခြားသူကြောင့် ကျတဲ့ လရောင်သသရဲ့မျက်ရည်က အံ့ကျူးမျိုးနွယ်အတွက် ငရဲတစ်ဆူလိုပင်။

“ငါ ဗိုက်ဆာလို့ပါ အဟင့်”

အံ့ကျူးကို ကြောက်စိတ်ကြောင့် လရောင်တုန်တုန်ရီရီနဲ့ မုသားသုံးလိုက်မိသည်။ယုတ္တိမရှိပေမယ့် လရောင်ဒီ့ထက်လည်း ပိုပြီးမတွေးတတ်။သူ့ဆီက အဖြေကိုကြားတော့ အံ့ကျူးက မကြိုက်သလို မျက်မှောင်ကြုံ့ပြီး စိုက်ကြည့်သည်။လရောင် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး တမင်အသနားခံကာ ကြည့်လိုက်တော့မှ သက်ပြင်းအကြီးကြီးချသည်။

“ညစာစားတုန်းက လူကိုကောက်နေရတာနဲ့ ခင်များဝအောင်မစားဘူးလေ ။ ကျစ်! တကယ်ပဲ ဗိုက်ဆာတာနဲ့ ငိုရအောင် ခင်များက သုံးနှစ်သားလား ဟမ်”

အံ့ကျူး စိတ်တွေပူထူသွားရပေမယ့် လရောင်အဖြေကြောင့် အနည်းငယ်တော့ စိတ်အေးသွားရသည်။သို့သော်လည်း သူ ဗိုက်ပြည့်ဖို့ ဘာလုပ်ပေးရမလဲ မသိတာကြောင့် အံ့ကျူးခေါင်းကုတ်ရပြန်သည်။မမဆွေကလည်း အိပ်နေလောက်ပြီမို့ သွားနှိုးပြီး စားစရာလုပ်ပေးခိုင်းဖို့ကလည်း မဖြစ်။ထမင်းစားခန်းဘက်ကို ပြေးဆင်းပြီး စားစရာရှာသော်လည်း ဘာတစ်ခုမှ မတွေ့။မနက်ဖြန် မမဆွေ ဈေးသွားမယ့်ရက်ထင်သည်။ရေခဲသေတ္တာထဲမှာလည်း အသင့်စားခေါက်ဆွဲခြောက်တွေကလွဲရင် ဘာမှ မရှိ။

အခန်းထဲ ဖုန်းဝင်ယူကာ လရောင်သသဆီ ပြန်သွားပြီး Online ကနေ မှာပေးဖို့လုပ်တော့လည်း ဥာဥ့်နက်နေပြီမို့ လက်လျှော့လိုက်ရပြန်သည်။ငိုတောင်ငိုသည်ဆိုတော့ ဗိုက်အရမ်းဆာနေလို့ဖြစ်မည်။လရောင် အဆင်ပြေရဲ့လား မသိပေမယ့် အံ့ကျူးကတော့ ပြာယာခတ်နေသည်။

“ခေါက်ဆွဲပြုတ်ပေးမယ်..”

“ဟင့်အင် အံဆွဲထဲမှာ မုန့်တွေရှိတယ် မောင်”

အံ့ကျူး ခဏတော့ မျက်ဖြူလန်ချင်သွားသည်။စားစရာမုန့်တွေရှိနေပါရက်နဲ့ ဗိုက်ဆာတယ်ဆိုပြီး ငိုကာ အံ့ကျူးမှာတော့အပေါ်တက်အောက်ဆင်းနဲ့ ရှုပ်ရှက်ခတ်နေတာတောင် ခုတင်ပေါ်ကနေ တုပ်တုပ်မလှုပ်ပဲကြည့်နေသည်လေ။အဆုံးသတ်စကားကြောင့်သာ ဆွဲဆက်နမ်းပစ်ချင်စိတ်ကို ထိန်းထားလိုက်ရသည်။အငိုသန်တဲ့ ကလေးတစ်ယောက်ကို ထိန်းနေရသလိုပင်။

So_So_Sophia (3.11.2022)
_______________________________________
ဒီအပိုင်း စာလုံးပေါင်းမစစ်ရသေးပါဘူးရှင်။ဟိုလေ တစ်ယောက်ယောက်များ reviewပေးထားကြသေးလားဟင်။view and vote တွေ တအားတက်လာလို့။review ပေးထားကြရင်လည်း ပြောကြပါအုန်းနော် ကျွန်တော်ဖတ်ကြည့်ချင်လို့ပါ♡´・ᴗ・’♡

“Mini mart ဝင္ခ်င္ေသးတယ္”

စိတ္ဆိုးေနသူက အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံး အသံတိတ္ေနကာ လိုခ်င္တာ႐ွိမွ အသံထြက္လာတာျဖစ္သည္။အံ့က်ဴး ခပ္ရဲ႕ရဲ႕သာ ျပဳံးလိုက္ၿပီး သူ႕ကို ၾကည့္လိုက္ေတာ့ အလိုလိုက္ထားတဲ့ ေၾကာင္ဆိုးေလးလို ၾကည့္ေနသည္။

“ငါဝယ္စရာေတြ႐ွိေသးလို႔”

အံ့က်ဴး ျပဳံးၿမဲသာျပဳံးေနလိုက္ေတာ့ အသံက ခပ္ဆာဆာေလးျဖစ္လာသည္။

“အံ့က်ဴးမ်ိဳးႏြယ္…!!”

“အခ်ိန္က ျပန္လုပ္ယူလို႔မရဘူး ႐ုံးက သယ္လာတဲ့ အလုပ္ေတြ ေမာင့္မွာ႐ွိေသးတယ္”

အံ့က်ဴး ခပ္မွန္မွန္ကားေမာင္းရင္းပဲ သူ႕ကို မၾကည့္ပဲေျဖလိုက္သည္။မ်က္လုံးေလးေတြက စုက်ံဳ႕သြားေပမယ့္ ခ်က္ခ်င္းပဲ ေအာက္ႏႈတ္ခမ္းက ေဖာင္းထြက္လာသည္။ႏႈတ္ခမ္းစူလိုက္တာနဲ႔အမွ် ပါးေဖာင္းေဖာင္းေလးေတြကလည္း ပိုေဖာင္းလာသည္။ထိုပါးေလးေတြက ျဖဴျဖဴလုံးလုံးေလးနဲ႔ ႏို႔ကိတ္ေလးေတြနဲ႔ တူသည္။

“အဟမ္း၊ တစ္ခုေတာ့႐ွိတယ္”

အံ့က်ဴးက ေ႐ြးခ်ယ္ခြင့္ေပးေတာ့မွာကို သိေတာ့ မ်က္လုံးေလးေတြက ေတာက္လာၿပီး တက္တက္ႂကြႂကြေလးျဖစ္လာသည္။တကယ့္ ကေလးေလးလိုပဲ။မ်က္ႏွာေလးက ေ႐ွ႕ကို တိုးလာကာ အံ့က်ဴးေျပာလာမယ့္ စကားကို ေစာင့္ေနသည္။

“နမ္းမယ္”

“အင္း တစ္ခါ..”

“မရဘူး အၾကာႀကီး…။ဝေအာင္ နမ္းမယ္”

“ဘာ”

လေရာင္ ေခါင္းႀကိမ္းသြားရသည္။ကိုယ့္ဘက္က ေခါင္းမညိတ္ပဲေနရင္ေတာင္ အတင္းနမ္းတဲ့လူက လေရာင္မ်ား ခြင့္ျပဳခ်က္နဲ႔ နမ္းခိုင္းလိုက္ရင္ မ်က္ႏွာတစ္ျပင္လုံး အေကာင္း႐ွိလိမ့္မယ္မထင္။

“ေ႐ွ႕နားဆိုရင္ mart ကိုေရာက္ၿပီ စဥ္းစားေနာ္ အိမ္ေရာက္မွဆိုရင္ ျပန္လိုက္မပို႔ဘူး”

ကားကို ပုံမွန္ထက္ ေလွ်ာ့ေမာင္းလိုက္ၿပီး သူ႕ကို မၾကည့္ပဲ အံ့က်ဴးတမင္ပင္ အသံျမႇင့္ေျပာေနလိုက္သည္။တစ္ခုလိုခ်င္ တစ္ခုေတာ့ ေပးရမယ္ေလ လေရာင္သသရာ…။

မ်က္ေတာင္ေလးပုတ္ခတ္ပုတ္ခတ္နဲ႔ ခ်ိန္ဆေနပုံက သက္႐ွိအ႐ုပ္ကေလးနဲ႔တူေနသည္။ပါးေဖာင္းေဖာင္းေလးက ျဖဴဝင္းေနကာ ေသြးေၾကာစိမ္းစိမ္းေလးေတြ ေျပးေနသည္။တစ္ဝႀကီး နမ္းပစ္လိုက္ရင္ ခ်က္ခ်င္းလန္းဆန္းသြားမယ့္ အေမႊးလုံးေလးလည္းျဖစ္သည္။

“အင္း”

Mini mart ကို  လွမ္းျမင္ရတဲ့ေနရာေရာက္ေတာ့ စူေအာင့္ေအာင့္အသံေလး ထြက္လာသည္။Mini mart က အံ့က်ဴးတို႔ ေနထိုင္ရာျခံဝန္းေနရာရဲ႕ တစ္လမ္းေက်ာ္မွာ႐ွိၿပီး အနီးဆုံးေနရာလည္းျဖစ္သည္။

“မရယ္နဲ႔…အင့္”

အံ့က်ဴး အသံတိတ္ရယ္ေတာ့ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ၿပီး လက္သီးဆုပ္နဲ႔ ေပါင္ကိုထုသည္။ mart နဲ႔ မလွမ္းမကမ္းမွာ ကားရပ္ၿပီး ေနရာကမေ႐ြ႕ပဲ ထိုင္ခုံခါးပတ္ျဖဳတ္ၿပီး သူ႕ကိုေပါင္ေပၚ ဆြဲေပြ႕လိုက္ေတာ့ မ်က္လုံးအျပဴးသားေလးနဲ႔ ပါလာသည္။
သူ႕မ်က္ႏွာဆီ ဦးတည္လိုက္ေတာ့ လက္ဖဝါးေႏြးေႏြးေလးနဲ႔ တြန္းလာသည္။

“ကိုယ့္ပါကိုယ္ နမ္းမယ္၊ မင္းက အၾကမ္းႀကီး..”

“အင္း”

ေခ်ာေမာေနသူက သြားခြၽန္ခြၽန္ေတြ ေပၚေအာင္ရယ္ေနတာမို႔ လေရာင္ရင္ေတြ တရစပ္ခုန္ေနရသည္။မ်က္ႏွာ ေခ်ာေခ်ာကို အုပ္ကိုင္လိုက္ေတာ့ အလိုက္သင့္ေလး ေခါင္းငုံ႔ေပးလာသည္။တစ္ခါမွ ကိုယ္က စမနမ္းဖူးတာမို႔ အိုးတိုးအမ္းတမ္းႏိုင္ေပမယ့္ သူသာနမ္းရင္ လေရာင္မ်က္ႏွာ တစ္ျပင္လုံးရစရာမ႐ွိေအာင္ နီရဲသြားႏိုင္သည္။

“မြ..”

နဖူးျပင္ကို ထိလာတဲ့ ႏႈတ္ခမ္းဖူးဖူးေလး၏ အေႏြးဓာတ္ေၾကာင့္ အံ့က်ဴးတြန္႔သြားသည္။အထိအေတြ႕က ႏူးညံ့လြန္း၍ ရင္ေတြပါ တရစပ္ခုန္လာသည္။ကေလးတစ္ေယာက္လိုမ်ိဳး နဖူးျပင္အႏွံ႔ မထိတထိေလး နမ္းေနပုံက အံ့က်ဴးကို အသဲယားေစသည္။

“တစ္ေနရာထဲ နမ္းမွာဆိုရင္ ဆိုင္ထဲမွာ အခ်ိန္တစ္မိနစ္ပဲ ေပးမယ္”

“ဟင္း…”

အခ်ိန္ကန္႔သတ္ခ်ဳပ္ခ်ယ္ရတာ မႀကိဳက္ေပမယ့္ နဖူးျပင္က အနမ္းေသးေသးေလးေတြကိုအားမလိုအားမရျဖစ္လာတာမို႔ အံ့က်ဴး အၾကပ္ကိုင္လိုက္သည္။ႏွစ္ဆယ့္ငါးႏွစ္အ႐ြယ္ ေယာက်္ားပ်ိဳတစ္ေယာက္က ကိုယ့္ခ်စ္သူကို နမ္းရမွာ တြန္႔တိုေနတာက သဘာဝမက်ေပ။

“႐ႊတ္ ႐ႊတ္ မြ မြ”

အံ့က်ဴးစကားေၾကာင့္ ခ်က္ခ်င္းပင္ ခါးေလးမတ္လာၿပီး ပါးျပင္ႏွစ္ဖက္ကိုပါ တ႐ႊတ္႐ႊတ္နမ္းလာသည္။ႏွာေခါင္းလုံးလုံးေလးကပါ ႏႈတ္ခမ္းဖူးဖူးေလးနဲ႔ အတူ အံ့က်ဴးပါးျပင္ကို က်ီစယ္ထိေတြ႕ေနသည္။အသက္႐ွဴသံေငြ႕ေငြ႕နဲ႔ အတူ ႏို႔နံ႔သင္းသင္းကိုပါ လေရာင္သသဆီက ရေနသည္။ႏို႔ပါတဲ့ အသုံးအေဆာင္ေတြကိုပဲ သုံးလြန္းလို႔လားမသိ လေရာင္အသားအရည္က ႏူးညံ့အိစက္ၿပီး ႏို႔ကိတ္ေလးလိုျဖစ္ေနသည္။

ႏူးညံ့တဲ့ အထိအေတြ႕နဲ႔အတူ အနီးကပ္ဆုံး႐ွိေနတဲ့ အေနအထားမို႔ အံ့က်ဴး အသဲယားလာကာ ေပါင္ေပၚထိုင္လ်က္သားျဖစ္ေနတဲ့ တင္ပါးလုံးလုံးေလးကို ဖ်စ္ညႇစ္လိုက္မိသည္။

ဗုန္း! ဗုန္း!

အက်ိဳးဆက္ကေတာ့ အံ့က်ဴးရင္ဘတ္ေတြ တအုန္းအုန္းထုခံလိုက္ရျခင္းပင္။

“ဘယ္လိုေတာင္ ျဖစ္ေနတာလဲ ၊”

“ဟို…ကိုင္ခ်င္လာလို႔…”

အံ့က်ဴး ရယ္က်ဲက်ဲနဲ႔ ေျပာလိုက္ေတာ့ မဟာမ်က္ေစာင္းက ဒိုင္းခနဲေရာက္လာၿပီး အံ့က်ဴးကိုယ္ေပၚကေန ႐ုန္းထြက္ေတာ့သည္။

“ေတာ္ၿပီ ငါဒီမွာပဲ ဆင္းေနခဲ့ေတာ့မယ္ ျပန္ခ်င္ျပန္မျပန္ခ်င္ေန ငါ့ဘာသာ ေျခက်င္ပဲေလွ်ာက္မယ္”

ပြစိပြစိနဲ႔ ေရ႐ြတ္ကာ သူ႕တင္ပါးေပၚေရာက္ေနတဲ့ အံ့က်ဴးလက္ေတြကို အတင္းဖယ္ခ်သည္။မ်က္ေစာင္းတထိုးထိုးနဲ႔ လုပ္ေနသူေၾကာင့္ ခါးကေန ဆြဲသိမ္းၿပီး ရင္ဘတ္ခ်င္းထိကပ္ထားလိုက္သည္။

“လူဆိုးေကာင္….နမ္း႐ုံေလးပဲ နမ္းမယ္ေျပာၿပီးေတာ့ အြန္႔..”

မ်က္လႊာေလးခ်ၿပီး မပြင့္တပြင့္ ေျပာလာသူ၏ ႏႈတ္ခမ္းဖူးဖူးေလးေတြကို အံ့က်ဴးသိမ္းပိုက္ပစ္လိုက္သည္။အစပိုင္း ႏႈတ္ခမ္းတစ္လႊာခ်င္းကို စုပ္ယူေတာ့ ထြန္႔ထြန္႔လူးေအာင္ ႐ုန္းေသးသည္။အံ့က်ဴးရဲ႕ အနမ္းကြၽမ္းက်င္မႈေၾကာင့္ လေရာင္ပါ အနမ္းေတြကို တုံ႔ျပန္လာသည္။အေပးအယူညီမွ်စြာ နမ္း႐ိႈက္မိၾကေတာ့ အသံပိစိေလးေတြ ထြက္လာသည္။ခံတြင္းထဲထိ ေမႊေႏွာက္ၿပီး သူ႕လွ်ာေလးကိုပါ စုပ္ယူၿပီး နမ္းပစ္လိုက္သည္။
ရင္ဘတ္ကို လက္ေတြက တြန္းလာတာေၾကာင့္ ေအာက္ႏႈတ္ခမ္းကို စုပ္ဆြဲၿပီး လႊတ္ေပးလိုက္သည္။

“အဟင္း…”

ထိုမွသာ အံ့က်ဴးရင္ဘတ္ကိုမွီၿပီး အသက္ဝဝ႐ွဴလိုက္ရသည္။ႏႈတ္ခမ္းေတြကလည္း နီရဲေနမွာ အေသအခ်ာပင္။လေရာင္ စိတ္တိုသြားရေပမယ့္ ကားေပၚက အျမန္ဆင္းၿပီးေတာ့သာ ဆိုင္ထဲဝင္လိုက္ရေတာ့သည္။အိမ္မွာ မုန္႔ေတြနဲ႔ အာလူးေၾကာ္ေတြ နည္းေနၿပီျဖစ္သည့္အျပင္ လေရာင္ sketch ခ်ရန္အတြက္ ကားခ်ပ္အခ်ိဳ႕လည္း ဝယ္ရအုန္းမည္ျဖစ္သည္။

•••••
“မေန႔က ကိုယ့္ PA က ေျပာတယ္ ဒင္နာကို လေရာင္မလာႏိုင္ဘူးဆို”

“ဟုတ္တယ္ ရာဇာ…၊ငါ လာဖို႔အဆင္မေျပလို႔”

အိပ္ရာဝင္ခါနီး ရာဇာ့ဆီက ဖုန္းဝင္လာျခင္းျဖစ္သည္။ဌာနခြဲအတြက္ ဝန္ထမ္းေတြနဲ႔ ညစာစားပြဲ စီစဥ္ရာမွာ သူတို႔ဌာနရဲ႕ partner အျဖစ္ လေရာင္ကိုလည္း ဖိတ္ထားျခင္းျဖစ္သည္။ designေရးတာေတာင္ အိမ္ကေနလုပ္ရအဆင္ေျပလို႔ျဖစ္တာေၾကာင့္ ညစာစားပြဲလို ေနရာမ်ိဳးကိုေတာ့ လုံးဝသြားလို႔ျဖစ္မွာမဟုတ္။

“ကိုယ္တို႔ အျပင္မွာ မဆုံရတာေတာင္ၾကာၿပီ”

ရာဇာ့ရဲ႕ ေလသံေဖ်ာ့ေဖ်ာ့ေၾကာင့္ စိတ္မေကာင္းျဖစ္သြားေပမယ့္ လေရာင္ ကိုယ့္ဝမ္းနာကိုယ္သာသိသည္။ DRH မွာ အလုပ္တစ္ရက္ေလးေတာင္ မဝင္ရပါေသးပဲနဲ႔ ထြက္စာတင္ၿပီး ေလ်ာ္ေၾကးေပးခဲ့တာက သူ႕ကို ရာဇာနဲ႔အတူမ႐ွိေစခ်င္တဲ့ ရည္႐ြယ္ခ်က္တစ္ခုတည္းေၾကာင့္မလား။အံ့က်ဴးရဲ႕ တဇြတ္ထိုးႏိုင္ပုံကို သူသာအသိဆုံးျဖစ္သည္။

“ငါ အားနာပါတယ္ ရာဇာ..။ အဆင္ေျပတဲ့ တစ္ေန႔ေတာ့ ေတြ႕ျဖစ္ၾကမွာပါ”

ေက်ာင္းသားဘဝကတည္းက အံ့က်ဴးရန္လိုေနတဲ့ၾကားက လေရာင္ေနာက္ ေတာက္ေလွ်ာက္လိုက္တြယ္ကပ္ေနတဲ့ ရာဇာထူးဟန္ရဲ႕ ခံစားခ်က္ကိုလည္း ေကာင္းေကာင္းနားလည္သည္။ႏွစ္သိမ့္႐ုံကလြဲၿပီး ဘာမွမတတ္ႏိုင္။စိတ္ေရာ၊လူေရာ ဘဝတစ္ခုလုံးကို အံ့က်ဴးမ်ိဳးႏြယ္ကို အပိုင္ေပးထားၿပီးသားျဖစ္သည္။

“ကိုယ္မင္းကို အရမ္းလြမ္းေနတာ လေရာင္…လြမ္းလြန္းလို႔ ႐ူးေတာ့မလိုပဲ”

“ဟင္”

“မင္း မခ်စ္ႏိုင္မွန္းသိေပမယ့္ ကိုယ္ကေတာ့ ဘယ္လိုမွ ေမ့ၾကည့္လို႔မရဘူး”

“ရာဇာ”

ဖုန္းထဲက ရာဇာ့အသံမွာ ေၾကကြဲမႈနဲ႔အတူ ငိုသံပါစြက္ေနသည္။ဘယ္လိုေျဖသိမ့္ေပးရမွန္းမသိေပမယ့္ တစ္ဖက္သတ္ခ်စ္ရတာ ပင္ပန္းတာကိုေတာ့ သိသည္။သူလည္း အံ့က်ဴးေပြခဲ့႐ႈပ္ခဲ့တဲ့ အခ်ိန္ေတြတုန္းက ေသမလိုခံစားခဲ့ရဖူးသည္။

“ကိုယ့္ကို အခြင့္အေရးမေပးခ်င္ေတာ့ဘူးလား ကိုယ္ႀကိဳးစားၾကည့္ခ်င္တယ္”

“ရာဇာ..”

“ကိုယ္မင္းကို စြဲလမ္းၿပီး ေသသြားမလားမသိဘူး”

“ေတာ္ပါေတာ့..အင့္”

ရာဇာ့စကားေတြေၾကာင့္ လေရာင္ ငိုခ်င္လာသည္။ကိုယ့္ရဲ႕ျဖစ္တည္မႈက တစ္ပါးသူကို သြယ္ဝိုက္ၿပီး နာက်င္ေစမိၿပီ။

“လေရာင္သသ ခင္မ်ားအိပ္ေနၿပီလား”

အံ့က်ဴးအသံေၾကာင့္ လေရာင္ကိုယ္ေလး ဆတ္ခနဲ တြန္႔သြားၿပီး ဖုန္းခ်ပစ္လိုက္သည္။ရာဇာ့စကားေတြ နားေထာင္ၿပီး မ်က္ရည္ေတြ က်လာရ၍ ပါးျပင္ေပၚက မ်က္ရည္စေတြကို လက္ခုံနဲ႔ ပြတ္သုပ္လိုက္သည္။

“စိတ္ဆိုးေနေသးတာလား”

အံ့က်ဴးဝင္လာကာမွ ေက်ာေပးသြားသူေၾကာင့္ ေလသံခပ္မွန္မွန္နဲ႔ပဲ ေမးလိုက္သည္။ကားေပၚက ကိစၥကို သူ႕မွာအခုထိ မေက်ခ်မ္းႏိုင္ေသး။ညစာစားတုန္းကလည္း အံ့က်ဴးကို မၾကည့္ အခု အခန္းထဲဝင္လာေတာ့လည္း ေက်ာေပးသြားျပန္ေသးသည္။အေလွ်ာ့ေပးမွန္းသိလို႔ ဆိုးေနျပန္ေတာ့တာ။

“လေရာင္သသ..!!”

မ်က္ရည္ေတြက အေတာမသပ္ႏိုင္က်ေနေသးတာမို႔ လေရာင္ သူနဲ႔ တမင္ မ်က္ႏွာခ်င္းမဆိုင္ေအာင္ ေနတာျဖစ္သည္။ပထမတစ္ခြန္းနဲ႔တင္ သူ႕ကိုလွည့္မၾကည့္ေတာ့ ေလသံက က်ယ္လာသည္။

“က်စ္…ဘာေစာက္ႀကီးက်ယ္ေနတာလဲခင္မ်ား..”

“အင့္”

ခဏေနေတာ့ ပုခုံးကေန အၾကမ္းပတမ္းကိုင္ၿပီး တစ္ကိုယ္လုံး ဆြဲလွည့္ခံလိုက္ရသည္။မ်က္လုံးေတြက အားမလိုအားမရမႈေတြနဲ႔ စိတ္မ႐ွည္မႈေတြျပည့္ေနသည္။ bathrobe တစ္ထည္တည္း ဝတ္ထားၿပီး ဖ႐ိုဖရဲျဖစ္ေနကာ ေပါင္တံက်စ္က်စ္ေတြေတာင္ ေပၚေနသည္။ေရခ်ိဳးကာစျဖစ္လာပုံရကာ ေယာက်္ားဆန္ဆန္ကိုယ္သင္းနံ႔ကို ရေနသည္။

“နမ္း႐ုံေလး နမ္းတာကို ဒီေလာက္ထိျဖစ္စရာလား အခု အဲ့တာေၾကာင့္ ငိုေနတာလား ဟမ္!!”

တစ္ခုခုဆို မ်က္ရည္က်လြယ္ၿပီး ေတာ္ေတာ္နဲ႔ မရပ္ပဲ ဆက္တိုက္မ်က္ရည္က်တတ္တဲ့ ကိုယ့္ကိုကိုယ္လည္း စိတ္ပ်က္သည္။ ဒီအတိုင္း ရာဇာ့အတြက္ စိတ္မေကာင္းလို႔ပါ ဟု ေျပာရင္လည္း လူဆိုးေကာင္က ထင္တိုင္းႀကဲအုန္းမည္။

“မဟုတ္ဘူး..အင့္”

“ဘာေစာက္ေၾကာင္းမွ မ႐ွိရင္ အဲ့အရည္ေတြက ထြက္မလာဘူး လေရာင္သသ။ က်ဳပ္ကို ငပိန္းထင္ေနတာလား”

“ငါ..”

“က်စ္! ေျပာေလ ဘာျဖစ္ေနတာလဲ ခ်ီးပဲ”

အံ့က်ဴး သူ႕မ်က္ရည္ေတြကို ျမင္လိုက္ရ၍ ေဒါသက ငယ္ထိပ္ေဆာင့္တက္သြားသည္။သူ႕ေၾကာင့္နဲ႔မွ မဟုတ္္ရင္ ဘာအေၾကာင္းေၾကာင့္မွ လေရာင္သသ ငိုတာမႀကိဳက္။
အျခားသူေၾကာင့္ က်တဲ့ လေရာင္သသရဲ႕မ်က္ရည္က အံ့က်ဴးမ်ိဳးႏြယ္အတြက္ ငရဲတစ္ဆူလိုပင္။

“ငါ ဗိုက္ဆာလို႔ပါ အဟင့္”

အံ့က်ဴးကို ေၾကာက္စိတ္ေၾကာင့္ လေရာင္တုန္တုန္ရီရီနဲ႔ မုသားသုံးလိုက္မိသည္။ယုတၱိမ႐ွိေပမယ့္ လေရာင္ဒီ့ထက္လည္း ပိုၿပီးမေတြးတတ္။သူ႕ဆီက အေျဖကိုၾကားေတာ့ အံ့က်ဴးက မႀကိဳက္သလို မ်က္ေမွာင္ၾကဳံ႕ၿပီး စိုက္ၾကည့္သည္။လေရာင္ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ၿပီး တမင္အသနားခံကာ ၾကည့္လိုက္ေတာ့မွ သက္ျပင္းအႀကီးႀကီးခ်သည္။

“ညစာစားတုန္းက လူကိုေကာက္ေနရတာနဲ႔ ခင္မ်ားဝေအာင္မစားဘူးေလ ။ က်စ္! တကယ္ပဲ ဗိုက္ဆာတာနဲ႔ ငိုရေအာင္ ခင္မ်ားက သုံးႏွစ္သားလား ဟမ္”

အံ့က်ဴး စိတ္ေတြပူထူသြားရေပမယ့္ လေရာင္အေျဖေၾကာင့္ အနည္းငယ္ေတာ့ စိတ္ေအးသြားရသည္။သို႔ေသာ္လည္း သူ ဗိုက္ျပည့္ဖို႔ ဘာလုပ္ေပးရမလဲ မသိတာေၾကာင့္ အံ့က်ဴးေခါင္းကုတ္ရျပန္သည္။မမေဆြကလည္း အိပ္ေနေလာက္ၿပီမို႔ သြားႏိႈးၿပီး စားစရာလုပ္ေပးခိုင္းဖို႔ကလည္း မျဖစ္။ထမင္းစားခန္းဘက္ကို ေျပးဆင္းၿပီး စားစရာ႐ွာေသာ္လည္း ဘာတစ္ခုမွ မေတြ႕။မနက္ျဖန္ မမေဆြ ေဈးသြားမယ့္ရက္ထင္သည္။ေရခဲေသတၱာထဲမွာလည္း အသင့္စားေခါက္ဆြဲေျခာက္ေတြကလြဲရင္ ဘာမွ မ႐ွိ။

အခန္းထဲ ဖုန္းဝင္ယူကာ လေရာင္သသဆီ ျပန္သြားၿပီး Online ကေန မွာေပးဖို႔လုပ္ေတာ့လည္း ဥာဥ့္နက္ေနၿပီမို႔ လက္ေလွ်ာ့လိုက္ရျပန္သည္။ငိုေတာင္ငိုသည္ဆိုေတာ့ ဗိုက္အရမ္းဆာေနလို႔ျဖစ္မည္။လေရာင္ အဆင္ေျပရဲ႕လား မသိေပမယ့္ အံ့က်ဴးကေတာ့ ျပာယာခတ္ေနသည္။

“ေခါက္ဆြဲျပဳတ္ေပးမယ္..”

“ဟင့္အင္ အံဆြဲထဲမွာ မုန္႔ေတြ႐ွိတယ္ ေမာင္”

အံ့က်ဴး ခဏေတာ့ မ်က္ျဖဴလန္ခ်င္သြားသည္။စားစရာမုန္႔ေတြ႐ွိေနပါရက္နဲ႔ ဗိုက္ဆာတယ္ဆိုၿပီး ငိုကာ အံ့က်ဴးမွာေတာ့အေပၚတက္ေအာက္ဆင္းနဲ႔ ႐ႈပ္႐ွက္ခတ္ေနတာေတာင္ ခုတင္ေပၚကေန တုပ္တုပ္မလႈပ္ပဲၾကည့္ေနသည္ေလ။အဆုံးသတ္စကားေၾကာင့္သာ ဆြဲဆက္နမ္းပစ္ခ်င္စိတ္ကို ထိန္းထားလိုက္ရသည္။အငိုသန္တဲ့ ကေလးတစ္ေယာက္ကို ထိန္းေနရသလိုပင္။

So_So_Sophia (3.11.2022)
_______________________________________
ဒီအပိုင္း စာလုံးေပါင္းမစစ္ရေသးပါဘူး႐ွင္။ဟိုေလ တစ္ေယာက္ေယာက္မ်ား reviewေပးထားၾကေသးလားဟင္။view and vote ေတြ တအားတက္လာလို႔။review ေပးထားၾကရင္လည္း ေျပာၾကပါအုန္းေနာ္ ကြၽန္ေတာ္ဖတ္ၾကည့္ခ်င္လို႔ပါ♡´・ᴗ・’♡

Tags: read novel My Possessive Of You 16, novel My Possessive Of You 16, read My Possessive Of You 16 online, My Possessive Of You 16 chapter, My Possessive Of You 16 high quality, My Possessive Of You 16 light novel, ,

Comment

Leave a Reply

Chapter 18