My Possessive Of You 20

All chapters are in My Possessive Of You
A+ A-

လရောင်’s pov
——————–

တရိပ်ရိပ်တက်လာတဲ့ အပူငွေ့နဲ့အတူ ခေါင်းတစ်ခုလုံးလေးလံနေသည်။ handbag ကိုလွယ်ပြီး ခြေဦးတည့်ရာ ဦးတည်ခဲ့တာမို့ လရောင် အခုဆိုရင် အိမ်နဲ့တော်တော်ဝေးရာကို ရောက်နေပြီဖြစ်သည်။လမ်းဘေးမီးရောင်မှိန်ပြပြကို အားပြုပြီး လျှောက်နေတဲ့ လရောင်ရဲ့ ခရီးမှာ ဘယ်ကိုသွားရမယ်ဆိုတာမသိသေး။

အသက်ထက်မကချစ်ပေမယ့် စိတ်နာသည်။အံ့ကျူးမျိုးနွယ်က စိတ်ပျက်စရာကောင်းလောက်အောင် လရောင်ကို ချုပ်ကိုင်လွန်းသည်။သူထွက်လာရခြင်းက Laptop ကိုရိုက်ခွဲလို့လည်းမဟုတ်၊မထင်ရင်မထင်သလိုအနိုင်ကျင့်တတ်တာကြောင့်လည်း မဟုတ်ပေ။

မယုံကြည်မှုတွေ၊သံသယတွေများလွန်းတဲ့ ဆက်ဆံရေးက ဘယ်လိုနည်းနဲ့မှ ဖြောင့်ဖြူးလိမ့်မည်မဟုတ်။အံ့ကျူးက လရောင်သသကိုဆိုရင် ဘယ်တော့မှ ယုံကြည်မပေး၊သူလုပ်သမျှအမှန် သူပြောသမျှသာ အမှန်။ရာဇာထူးဟန်ကိုလည်း အပြစ်မဆိုချင်။ဒီအလုပ်ကို ကမ်းလှမ်းခဲ့တာ သူဆိုပေမယ့် လရောင်က လိုလိုလားလားလက်ခံပေးခဲ့တာ။ဘာပဲဖြစ်ဖြစ် သူ့မျက်နှာတစ်ကမ္ဘာထင်နေတဲ့ လရောင်ကိုတော့ ယုံပေးသင့်သည်။

ရာဇာထူးဟန်နဲ့ ပတ်သက်တိုင်း၊DRH နဲ့ပတ်သက်တိုင်း သူတို့နှစ်ယောက်အတူရှိချင်လို့ဆိုတာကြီးက အံ့ကျူးမျိုးနွယ်ရဲ့ ယုတ္တိမရှိတဲ့ မဟာအကြောင်းပြချက်ကြီး။

“ဟေး…ရွှတ်၊ရွှတ် တစ်ယောက်ထဲလား ညီမလေး”

အိမ်နဲ့တော်တော်ကြီးကို ဝေးနေပြီလို့ သတိထားမိတဲ့ အချိန်မှာပဲ လရောင်ရှေ့မှာ ယိုင်ထိုးနေတဲ့ အရက်သမားနှစ်ယောက်ပေါ်လာသည်။အိမ်ကထွက်လာတဲ့ ပုံစံအတိုင်း ဆံပင်ရှည်တွေကို ရှေ့မှာဖြန့်ချထားတာမို့ သူတို့အမြင်မှာ မိန်းကလေးတစ်ယောက်လို့ မြင်နေတာဖြစ်မည်။လရောင် လန့်သွားပေမယ့် တံတွေးတစ်ချက်မြိုချပြီး သူတို့ကို ရှောင်ကွင်းသွားဖို့ ကြိုးစားလိုက်သည်။

“အေ့…ညီမလေးကလည်း ကိုကြီးတို့ လိုက်ပို့မယ်လေ..ဟားဟား”

အညိုအမဲစွဲနေတဲ့ မျက်နှာနဲ့ ကွမ်းတံတွေးတွေ ရဲနေတဲ့ သွားကြီးတွေကို ဖြီးပြကာ လရောင်ကို လက်ဖြန့်ပြီး တားနေပြန်သည်။

“ကျွန်…ကျွန်တော်က မိန်းမဟုတ်ဘူး”

“ဘာ…၊မိန်းမမဟုတ်ဘူးတဲ့ ဟားဟားးး”

သူတို့ အချင်းချင်းကြည့်ပြီး ရယ်နေတာကြောင့် လရောင် ကြက်သီးတွေ တဖြန်းဖြန်းထနေရသည်။တစ်ကိုယ်လုံးအေးစက်ကာ အားလျော့သလို ခံစားလာရသည်။

“မိန်းမမဟုတ်လည်း ချစ်စရာလေးကွာ၊ကိုယ်တို့နဲ့ လိုက်မလား”

လရောင်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ထိုလူ့မျက်ဝန်းတွေက ကျဥ်းမြောင်းလာသည်။ရုတ်တရက် လက်ကောက်ဝတ်ကိုလာဆွဲတဲ့ လက်ဖဝါးကြမ်းကြီးကြောင့် လရောင် ရင်ထဲဒိတ်ခနဲ အကြောက်တရားက ဆောင့်တိုးလာသည်။လူပြတ်တဲ့နေရာမို့လည်း လရောင်လန့်နေသည်။

“အဲ့လိုမလုပ်ပါနဲ့ ကျွန်တော့်ကို လွှတ်ပါ…”

“လာပါ အချောလေးရဲ့၊ကိုကိုတို့နဲ့ ပျော်ကြမယ်လေ ဟုတ်တယ်နော် ဟေ့ကောင်”

သူ့ဘေးက လူကိုပါမေးဆတ်ပြီး စကားကို ထောက်ခံခိုင်းနေသေးသည်။ချည်သားဘောင်းဘီဝတ်ထားတဲ့ ပေါင်တံသွယ်သွယ်ပေါ်ကို လက်တစ်ဖက်က ရောက်လာသည်။
ထိုလူ့မျက်နှာက ဖောင်းကြွနေပြီး အဆီတဝင်းဝင်းနဲ့ ရွံစရာကောင်းအောင် ရမ္မက်ဆန်လွန်းနေသည်။ဘယ်လိုနည်းနဲ့မှ ဒီလူ့လက်ထဲတော့ လရောင်ဘဝကိုအဆုံးရှုံးမခံနိုင်။အံ့ကျူးကို အကြာကြီးပစ်ထားပြီး အဝေးကနေ စောင့်ကြည့်ရအုန်းမည်။

“အားးးး”

ထိုလူ့ ပေါင်ကြားတည့်တည့်ကို အားသုံးပြီး ကန်လိုက်တော့ အသံနက်ကြီး အော်တော့သည်။ထိုအခါတွင်တော့ ကျန်တဲ့တစ်ယောက်က လရောင်ကို လက်နှစ်ဖက်က ဆွဲပြီး ချုပ်နှောင်တာ ခံလိုက်ရသည်။

“မင်း…!!”

လရောင်ခြေဖျားစာမိသွားတဲ့ လူက အံကြိတ်ပြီး လရောင်မျက်နှာရှေ့တည့်တည့်ကို လက်ဝါးစောင်းနဲ့ရွယ်လာသည်။

“ဟေးးး အဲတာဘာလုပ်နေကြတာလဲ”

လရောင်သသ ထိုလူရိုက်ပြီအထင်နဲ့ မျက်စိမှိတ်ကာ ခေါင်းကိုစောင်းချလိုက်တော့ အသံတစ်သံကို ကြားလိုက်ရသည်။

“ဟေ့ကောင် လူလာပြီ ပြေးပြေး”

အသံပိုင်ရှင်က လရောင်တို့ဆီ ဦးတည်လာတော့ ထိုလူနှစ်ယောက်က လရောင်လက်ကို လွှတ်ချပြီး သုတ်ချေတင်ကြတော့သည်။လရောင်သသရှေ့ကို ရောက်လာတဲ့ ရှူးဖိနပ်ဦးချွန်အနက်ရောင်လေးအတိုင်း မော့ကြည့်လိုက်တော့ လရောင်ထက်အသက်ကြီးမယ့်ပုံပေါ်တဲ့ လူရည်သန့်အမျိုးသားတစ်ဦး။Uniform အပြည့်အစုံနဲ့ ထိုလူ့ပုံစံက လူကြီးလူကောင်းတစ်ယောက်နှင့်တူသည်။

“ဟို….ကျေးဇူးတင်ပါတယ်”

“ရပါတယ် မလိုပါဘူး၊ အဖော်မပါဘူးလား ဒီလမ်းတွေက လူပြတ်တယ်”

လရောင်ကို စိတ်ပူသလိုကြည့်ပြီး ပြောနေတဲ့ ဒီလူ့ဆီမှာ စေတနာအရင်းခံကိုလည်း ခံစားလိုက်ရသည်။တော်သေးတယ် ဒီလူနဲ့တွေ့သေးလို့။

“ဟုတ်…ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဟော…မလိုပါဘူးလို့ ပြောနေတယ်လေကွာ၊ ဒါနဲ့ ဘယ်သွားဖို့လဲ တော်တော်နောက်ကျနေပြီ ညီ”

ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောလာပေမယ့် ထိုလူ့ရဲ့စကားမှာ လရောင်ရဲ့ နဂိုဝမ်းနည်းစိတ်က ပြန်ပေါ်လာပြန်သည်။သူကိုယ်တိုင်လည်း ဘယ်ကိုသွားရမလည်း တကယ်ကိုမသိသေး။ပြည်က မမဇူးဆီသွားရင်လည်း ရပေမယ့် သူက အံ့ကျူးမျိုးနွယ်ရဲ့ တစ်ဦးတည်းသော ဆွေမျိုးဖြစ်လို့ အလွယ်တကူ လရောင်ကို ရှာတွေ့သွားနိုင်သည်။

“ဟို ကျွန်တော် ဘယ်သွားရမလဲ မသိဘူး”

“ဘာရယ်!!”

လရောင် ထိုအကိုရှေ့မှာတင် ဒူးထောက်ထိုင်ချပြီး ဒူးနှစ်ဖက်ပေါ် မျက်နှာအပ်ထားလိုက်မိသည်။သူတကယ်ကို ဘာဆက်လုပ်ရမယ်မသိသေး ဖြစ်နေသည်။။ အံ့ကျူးကို စိတ်နာလွန်းလို့သာ ထွက်လာရတာ လရောင်မှာ ကိုယ့်ဘဝကိုယ်ရပ်တည်နိုင်မယ့် အခြေအနေက မရောက်သေး။

“ဘယ်သွားရမလဲ မသိပဲ လမ်းပေါ်မှာရပ်နေရင် စောစောကလို ထပ်ဖြစ်နေအုန်းမယ်၊ ဒီလိုလုပ် ဒီည ကိုယ့်အိမ်မှာ တည်းလိုက်”

“ဟင်”

“ပြီးမှ ဘယ်သွားရမလဲဆိုတာ ဆက်စဥ်းစား”

လရောင်သသ ထိုလူ့ကို အားကိုးတကြီးမော့ကြည့်လိုက်သည်။မြင်မြင်ချင်း ထိုလူ့ကို ယုံကြည်သွားတာက လရောင်အတွက်တော့ ထူးဆန်းနေသည်။

“ကိုယ့်အိမ်က သိပ်မဝေးတော့ဘူး။ဟိုနားက လမ်းကွေ့မှာ ကိုယ့်ကားက ပျက်နေလို့ ကိုယ့် driver နဲ့ ဝပ်ရှော့ကကောင်လေးတွေ ပြင်နေတုန်း လမ်းလျှောက်ထွက်လာခဲ့တာ”

လရောင် ထိုလူ့စကားတွေကို ဘာမှမတုံ့ပြန်မိ။မျက်တောင် တဖျတ်ဖျတ်ခတ်ပြီးတော့သာ မော့ကြည့်နေမိသည်။ထိုလူနဲ့ လရောင်ကြားမှာ ထုထည်ကြီးမားသည့် တစ်စုံတစ်ခုဆက်နွယ်နေသလို ခံစားနေရသည်။

“ကိုယ့်အိမ်က အကျယ်ကြီးပါ၊ အိမ်မှာ ကိုယ့်ကြီးကြီးလည်း ရှိတယ်”

“ဒါပေမယ့်…”

“စောစောက ကောင်တွေလို လူဆိုးရုပ်ပေါက်နေလို့လား ဟင်”

ပြုံးရယ်ပြီး ပြောတဲ့ ထိုလူ့ရဲ့စကားတွေက မယုံချင်စရာတော့ တစ်ခုမှမရှိ။

တီ! တီ!

“ဟော ကိုယ့်ကားတောင်လာပြီ၊လိုက်ခဲ့မယ် မလားဟင်”

အနက်ရောင်ကားလေးက လရောင်နဲ့ထိုအကို ရှိနေရာဆီကို ထိုးရပ်လာသည်။အကိုက ပြုံးနေပြီး ကားနောက်ခန်းတံခါးကို ဖွင့်ပေးလာသည်။လရောင် ခပ်တည်တည်ပဲ ဝင်ထိုင်လိုက်တော့ ထိုအကိုက ခေါင်းကို အသာပုတ်သည်။ပြီးတော့

“ငါ့ညီသာ ရှိရင် မင်းအရွယ်လောက်ရောက်ပြီ”

ထိုတစ်ခွန်းသာ ပြောပြီး အကိုက ကားရှေ့ခန်းမှာ ဝင်ထိုင်တော့ ကားက ငြိမ့်ခနဲ မောင်းထွက်သွားသည်။ကမ်းမမြင်လမ်းမမြင်ပဲ လူတစ်ယောက်ကို အကြွင်းမဲ့ ယုံလိုက်မိပြန်သည်။

“သား ဒီနေ့ ပြန်လာတာနောက်ကျလိုက်တာ”

လရောင်တို့ မီးရောင်တွေထိန်နေသည့် ခြံဝင်းတစ်ခုထဲ ဝင်သွားတော့ အသက်ငါးဆယ်အရွယ် အမျိုးတစ်ဦး ထွက်လာသည်။

“ဟုတ်ကဲ့ ကြီးကြီး၊မောင်ထွေးရယ် ကားကို သေချာဂရုမစိုက်ပဲမောင်းနေလို့လေ ဝပ်ရှော့ဝင်နေရသေးတာ”

“နို့…နေပါအုန်း၊ သူလေးက ဘယ်သူလေးလဲ”

လရောင်ကို လှည့်ကြည့်လာတဲ့အချိန်မှာတော့ handbag ကိုပိုက်ပြီးသာ ခေါင်းငုံ့နေလိုက်မိသည်။

“လမ်းမှာလေ လူရမ်းကားတွေ နှောင့်ယှက်နေလို့ ကျွန်တော်ခေါ်လာခဲ့တာ”

“လူကောင်းလား လူဆိုးလားမသိပဲနဲ့ သားရယ်”

ထိုအမျိုးသမီးရဲ့ အားမနာတမ်းပြောချလိုက်တဲ့ စကားမှာတော့ လရောင် အိတ်ကိုသာ လက်သည်းတွေနှင့် ကုတ်ခြစ်မိတော့သည်။

“လူကောင်းပါ ကြီးကြီးရဲ့”

“ဒါဖြင့် မိန်းကလေး…ဘယ်သွားဖို့လဲ”

“မိန်းကလေးမဟုတ်ဘူး ယောကျ်ားလေး”

လရောင် ခေါင်းငုံ့လျက်ကနှင့်ပင် အသံတိုးတိုးနဲ့ ပြောလိုက်သည်။တစ်ကြိမ်တစ်ခါမှ မဆုံဖူးပေမယ့် လရောင်နဲ့ ထိုအမျိုးသမီးက ရင်းနှီးနေသလို ခံစားနေရသည်။

“ဟင်… သားနေ ယောကျ်ားလေးတဲ့”

“ယောကျ်ားလေးပဲ ဘာဖြစ်လဲ ကြီးကြီးရဲ့”

ထိုအမျိုးသမီးက မျက်လုံးအဝိုင်းသားနဲ့ လရောင်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး သူ့တူကိုလည်း ပြန်ကြည့်နေပြန်သည်။

“လာလာ…ညစာစားရင်းနဲ့မှ စကားပြောကြရအောင်”

လရောင်သသက ယောကျ်ားတစ်ယောက်ပါဆိုတာကို အတည်ပြုပြီးသွားချိန်မှာတော့ ထိုအမျိုးသမီးက လိုလိုလားလား ပြုံးပြကာ ညစာစားဖို့ ခေါ်တော့သည်။

“ကလေးနာမည်က ဘယ်လိုခေါ်လဲ၊ ကြီးကြီးနာမည်က ဒေါ်နွေးနွေးလွင် မင်းကို ခေါ်လာတဲ့ လူကတော့ ကြီးကြီးတူ နေကောင်းဆက်သာလို့ခေါ်တယ်”

လရောင်ပန်းကန်ထဲ ဟင်းတွေခပ်ပေးရင်း ကြီးကြီးက ပြောခြင်းဖြစ်သည်။

“လရောင်သသလို့ခေါ်ပါတယ်”

“ဟင်”

လရောင်ရဲ့ အဖြေကိုကြားတော့ ကြီးကြီးမျက်လုံးတွေက အရောင်လက်သွားတာကို တွေ့လိုက်ရသည်။နေကောင်းဆက်သာကလည်း မျက်ခုံးတွေပင့်သွားပြီး ထမင်းစားနေရင်းကနေ လရောင်ကို မော့ကြည့်သည်။

“သားနေ…သူ…သူက”

ကြီးကြီးအသံက ထစ်ငေါ့စွာနဲ့ လရောင်ကို လက်ညှိုးညွှန်ပြီး ထွက်လာသည်။ကိုနေကောင်းဆက်သာကတော့ ကြီးကြီးကို လက်ကာပြပြီး လရောင်ကို စကားဆက်ပြောဖို့ ကြိုးစားသည်။

“အသက်ဘယ်လောက်ရှိပြီလဲ”

“နှစ်ဆယ့်လေးနှစ်”

“မိဘတွေရှိလား”

“ကျွန်တော့်ကို ဖိုးက မွေးစားထားတာ New Year ပွဲမှာ ဖိုးနဲ့ တွေ့တာ၊ မိဘမရှိဘူး အုပ်ထိန်းသူက ဦးမင်းမျိုးနွယ်”

“သားနေ…သေချာလောက်တယ်မလားဟင်”

လရောင် နားမလည်နိုင်ပေမယ့် ကြီးကြီးအသံက ငိုသံစွက်လာသည်။ကိုနေကောင်းဆက်သာရဲ့ မျက်နှာကလည်း အတန်ငယ်ရဲလာသည်။ထမင်းလည်း ဆက်မစားဖြစ်ကြတော့။ကြီးကြီးက ရုတ်တရက် ထပြီး လရောင်သသရဲ့ အင်္ကျီကော်လံစကို ဆွဲကာ ညှပ်ရိုးအထက်ကို လှန်ကြည့်သည်။

“သေချာတယ်…ဒါငါတို့ကလေးလေး၊ငါတို့လရောင်လေးပဲ သားနေ အီးဟီးဟီး”

လရောင်ဘာမှ မစဥ်းစားနိုင်သေးခင်မှာပင် ကြီးကြီးက လရောင်ကိုဖက်ပြီး ငိုနေတော့သည်။ကိုနေကောင်းဆက်သာကလည်း မျက်ရည်တွေဝိုင်းကာ လရောင်ကို ကြည့်နေသည်။

“ကလေးလေးရယ် ဘယ်တွေများရောက်နေခဲ့တာလဲဟင်”

“ကျွန်တော်…ကျွန်တော် ဘာမှနားမလည်တော့ဘူး”

“သားလေးမေမေက သားလေးမွေးပြီး သုံးနှစ်သားမှာပဲ  အဟင့် စိတ်ဝေဒနာခံစားလိုက်ရတာ၊ သားမေမေ ကျန်းမာရေးကြောင့် သားကို ကြီးကြီးပဲ စောင့်ရှောက်ခဲ့ရတာ သားရဲ့၊
သားငါးနှစ်သားလောက်ပဲ ရှိအုန်းမယ်ထင်တယ် တစ်နေ့ကျတော့ သားမေမေက သားကိုဘယ်သူမှ မသိအောင် ခေါ်သွားတာ အဲ့နေ့ အဲ့နေ့ကတည်းက သားလေးကို ဆုံးရှုံးလိုက်ရတာပဲ အဟင့်”

ကြီးကြီးစကားဆုံးတာနဲ့ ကိုနေက မျက်ရည်တွေကျနေတော့သည်။

ဒါကြောင့်လား ဒါကြောင့် ကိုနေကောင်းကို မြင်ရုံနဲ့ ယုံကြည်မိသွားတာလား။ကိုနေကောင်းကရော လရောင်ကို အဖြူအမဲမသဲကွဲပဲ အိမ်ပေါ်ခေါ်လာတာ လရောင်ခံစားနေရသလို သူလည်း ခံစားမိလို့လား”

“သားနေက သားငယ်လေးထက် သုံးနှစ်ကြီးတယ်၊သားနေကိုယ်တိုင် သားငယ်လေးရဲ့ နာမည်ကို လရောင်ဆက်သာလို့ မှည့်ပေးခဲ့တာ”

“ဒါ…ဒါဆို ကိုနေကောင်းဆက်သာက ကျွန်တော့်အကိုအရင်း ကြီးကြီးက ကျွန်တော့်ကြီးကြီးအရင်းပေါ့ဟုတ်လား အီးဟီးဟီး”

“ဟုတ်တာပေါ့ ကြီးကြီးက သားကြီးကြီး၊နေကောင်းက သားကိုကိုအရင်းလေ”

“သားကို ဘာလို့လိုက်မရှာကြတာလဲလို့ အဟင့်၊ဘာကြောင့်လဲ”

“သားလေးကို တစ်ချိန်လုံးလိုက်ရှာခဲ့ပါသေးတယ်ကွယ်၊နှစ်နှစ်နီးပါးကြာတော့မှ ကြီးကြီးလည်း လက်လျှော့ပြီး အမ်စတာဒမ်မှာ သွားနေခဲ့တာ”

“လရောင်လေး၊ ကိုကို့ညီလေး…ကိုကို့ကလေးလေး”

လက်နှစ်ဖက်ဆန့်ပြီး မျက်ရည်တွေရွှဲနေတဲ့ ကိုကို့ရင်ခွင်ထဲ ဝင်ပြီး လရောင်ငိုပစ်လိုက်သည်။အကိုတစ်ယောက်ရှိနေတာကိုတောင် သိခွင့်မရခဲ့တဲ့ လရောင်ရဲ့ဘဝက တကယ်ကို ဆိုးလွန်းလှပါသည်။

ကြီးကြီးနဲ့ကိုကို့ရဲ့ ထွေးပွေ့မှုကြားမှာ ငိုကြွေးနေရင်းကနေ အံ့ကျူးကို တိတ်တိတ်လေးသတိရမိသေးသည်။ မောင်က အခုလောက်ဆို ကောင်းကောင်းအိပ်နေရောပေါ့။လရောင်ထွက်သွားတာ ညတွင်းချင်းတော့ မသိကောင်းပါရဲ့။

So_So_Sophia(18.11.2022)
________________________________________

အရှည်ကြီး ရေးပေးချင်ပေမယ့် တအားအေးနေလို့ လက်ကို စောင်ထဲက မထုတ်နိုင်တော့ပါဘူး😖

နွေးနွေးထွေးထွေးနေကြပါရှင့်♡

လေရာင္’s pov
——————–

တရိပ္ရိပ္တက္လာတဲ့ အပူေငြ႕နဲ႔အတူ ေခါင္းတစ္ခုလုံးေလးလံေနသည္။ handbag ကိုလြယ္ၿပီး ေျခဦးတည့္ရာ ဦးတည္ခဲ့တာမို႔ လေရာင္ အခုဆိုရင္ အိမ္နဲ႔ေတာ္ေတာ္ေဝးရာကို ေရာက္ေနၿပီျဖစ္သည္။လမ္းေဘးမီးေရာင္မွိန္ျပျပကို အားျပဳၿပီး ေလွ်ာက္ေနတဲ့ လေရာင္ရဲ႕ ခရီးမွာ ဘယ္ကိုသြားရမယ္ဆိုတာမသိေသး။

အသက္ထက္မကခ်စ္ေပမယ့္ စိတ္နာသည္။အံ့က်ဴးမ်ိဳးႏြယ္က စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ လေရာင္ကို ခ်ဳပ္ကိုင္လြန္းသည္။သူထြက္လာရျခင္းက Laptop ကို႐ိုက္ခြဲလို႔လည္းမဟုတ္၊မထင္ရင္မထင္သလိုအႏိုင္က်င့္တတ္တာေၾကာင့္လည္း မဟုတ္ေပ။

မယုံၾကည္မႈေတြ၊သံသယေတြမ်ားလြန္းတဲ့ ဆက္ဆံေရးက ဘယ္လိုနည္းနဲ႔မွ ေျဖာင့္ျဖဴးလိမ့္မည္မဟုတ္။အံ့က်ဴးက လေရာင္သသကိုဆိုရင္ ဘယ္ေတာ့မွ ယုံၾကည္မေပး၊သူလုပ္သမွ်အမွန္ သူေျပာသမွ်သာ အမွန္။ရာဇာထူးဟန္ကိုလည္း အျပစ္မဆိုခ်င္။ဒီအလုပ္ကို ကမ္းလွမ္းခဲ့တာ သူဆိုေပမယ့္ လေရာင္က လိုလိုလားလားလက္ခံေပးခဲ့တာ။ဘာပဲျဖစ္ျဖစ္ သူ႕မ်က္ႏွာတစ္ကမ႓ာထင္ေနတဲ့ လေရာင္ကိုေတာ့ ယုံေပးသင့္သည္။

ရာဇာထူးဟန္နဲ႔ ပတ္သက္တိုင္း၊DRH နဲ႔ပတ္သက္တိုင္း သူတို႔ႏွစ္ေယာက္အတူ႐ွိခ်င္လို႔ဆိုတာႀကီးက အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ ယုတၱိမ႐ွိတဲ့ မဟာအေၾကာင္းျပခ်က္ႀကီး။

“ေဟး…႐ႊတ္၊႐ႊတ္ တစ္ေယာက္ထဲလား ညီမေလး”

အိမ္နဲ႔ေတာ္ေတာ္ႀကီးကို ေဝးေနၿပီလို႔ သတိထားမိတဲ့ အခ်ိန္မွာပဲ လေရာင္ေ႐ွ႕မွာ ယိုင္ထိုးေနတဲ့ အရက္သမားႏွစ္ေယာက္ေပၚလာသည္။အိမ္ကထြက္လာတဲ့ ပုံစံအတိုင္း ဆံပင္႐ွည္ေတြကို ေ႐ွ႕မွာျဖန္႔ခ်ထားတာမို႔ သူတို႔အျမင္မွာ မိန္းကေလးတစ္ေယာက္လို႔ ျမင္ေနတာျဖစ္မည္။လေရာင္ လန္႔သြားေပမယ့္ တံေတြးတစ္ခ်က္ၿမိဳခ်ၿပီး သူတို႔ကို ေ႐ွာင္ကြင္းသြားဖို႔ ႀကိဳးစားလိုက္သည္။

“ေအ့…ညီမေလးကလည္း ကိုႀကီးတို႔ လိုက္ပို႔မယ္ေလ..ဟားဟား”

အညိဳအမဲစြဲေနတဲ့ မ်က္ႏွာနဲ႔ ကြမ္းတံေတြးေတြ ရဲေနတဲ့ သြားႀကီးေတြကို ၿဖီးျပကာ လေရာင္ကို လက္ျဖန္႔ၿပီး တားေနျပန္သည္။

“ကြၽန္…ကြၽန္ေတာ္က မိန္းမဟုတ္ဘူး”

“ဘာ…၊မိန္းမမဟုတ္ဘူးတဲ့ ဟားဟားးး”

သူတို႔ အခ်င္းခ်င္းၾကည့္ၿပီး ရယ္ေနတာေၾကာင့္ လေရာင္ ၾကက္သီးေတြ တျဖန္းျဖန္းထေနရသည္။တစ္ကိုယ္လုံးေအးစက္ကာ အားေလ်ာ့သလို ခံစားလာရသည္။

“မိန္းမမဟုတ္လည္း ခ်စ္စရာေလးကြာ၊ကိုယ္တို႔နဲ႔ လိုက္မလား”

လေရာင္ကို ေျခဆုံးေခါင္းဆုံးၾကည့္ၿပီး ထိုလူ႕မ်က္ဝန္းေတြက က်ဥ္းေျမာင္းလာသည္။႐ုတ္တရက္ လက္ေကာက္ဝတ္ကိုလာဆြဲတဲ့ လက္ဖဝါးၾကမ္းႀကီးေၾကာင့္ လေရာင္ ရင္ထဲဒိတ္ခနဲ အေၾကာက္တရားက ေဆာင့္တိုးလာသည္။လူျပတ္တဲ့ေနရာမို႔လည္း လေရာင္လန္႔ေနသည္။

“အဲ့လိုမလုပ္ပါနဲ႔ ကြၽန္ေတာ္႕ကို လႊတ္ပါ…”

“လာပါ အေခ်ာေလးရဲ႕၊ကိုကိုတို႔နဲ႔ ေပ်ာ္ၾကမယ္ေလ ဟုတ္တယ္ေနာ္ ေဟ့ေကာင္”

သူ႕ေဘးက လူကိုပါေမးဆတ္ၿပီး စကားကို ေထာက္ခံခိုင္းေနေသးသည္။ခ်ည္သားေဘာင္းဘီဝတ္ထားတဲ့ ေပါင္တံသြယ္သြယ္ေပၚကို လက္တစ္ဖက္က ေရာက္လာသည္။
ထိုလူ႕မ်က္ႏွာက ေဖာင္းႂကြေနၿပီး အဆီတဝင္းဝင္းနဲ႔ ႐ြံစရာေကာင္းေအာင္ ရမၼက္ဆန္လြန္းေနသည္။ဘယ္လိုနည္းနဲ႔မွ ဒီလူ႕လက္ထဲေတာ့ လေရာင္ဘဝကိုအဆုံး႐ႈံးမခံႏိုင္။အံ့က်ဴးကို အၾကာႀကီးပစ္ထားၿပီး အေဝးကေန ေစာင့္ၾကည့္ရအုန္းမည္။

“အားးးး”

ထိုလူ႕ ေပါင္ၾကားတည့္တည့္ကို အားသုံးၿပီး ကန္လိုက္ေတာ့ အသံနက္ႀကီး ေအာ္ေတာ့သည္။ထိုအခါတြင္ေတာ့ က်န္တဲ့တစ္ေယာက္က လေရာင္ကို လက္ႏွစ္ဖက္က ဆြဲၿပီး ခ်ဳပ္ေႏွာင္တာ ခံလိုက္ရသည္။

“မင္း…!!”

လေရာင္ေျခဖ်ားစာမိသြားတဲ့ လူက အံႀကိတ္ၿပီး လေရာင္မ်က္ႏွာေ႐ွ႕တည့္တည့္ကို လက္ဝါးေစာင္းနဲ႔႐ြယ္လာသည္။

“ေဟးးး အဲတာဘာလုပ္ေနၾကတာလဲ”

လေရာင္သသ ထိုလူ႐ိုက္ၿပီအထင္နဲ႔ မ်က္စိမွိတ္ကာ ေခါင္းကိုေစာင္းခ်လိုက္ေတာ့ အသံတစ္သံကို ၾကားလိုက္ရသည္။

“ေဟ့ေကာင္ လူလာၿပီ ေျပးေျပး”

အသံပိုင္႐ွင္က လေရာင္တို႔ဆီ ဦးတည္လာေတာ့ ထိုလူႏွစ္ေယာက္က လေရာင္လက္ကို လႊတ္ခ်ၿပီး သုတ္ေခ်တင္ၾကေတာ့သည္။လေရာင္သသေ႐ွ႕ကို ေရာက္လာတဲ့ ႐ွဴးဖိနပ္ဦးခြၽန္အနက္ေရာင္ေလးအတိုင္း ေမာ့ၾကည့္လိုက္ေတာ့ လေရာင္ထက္အသက္ႀကီးမယ့္ပုံေပၚတဲ့ လူရည္သန္႔အမ်ိဳးသားတစ္ဦး။Uniform အျပည့္အစုံနဲ႔ ထိုလူ႕ပုံစံက လူႀကီးလူေကာင္းတစ္ေယာက္ႏွင့္တူသည္။

“ဟို….ေက်းဇူးတင္ပါတယ္”

“ရပါတယ္ မလိုပါဘူး၊ အေဖာ္မပါဘူးလား ဒီလမ္းေတြက လူျပတ္တယ္”

လေရာင္ကို စိတ္ပူသလိုၾကည့္ၿပီး ေျပာေနတဲ့ ဒီလူ႕ဆီမွာ ေစတနာအရင္းခံကိုလည္း ခံစားလိုက္ရသည္။ေတာ္ေသးတယ္ ဒီလူနဲ႔ေတြ႕ေသးလို႔။

“ဟုတ္…ကူညီေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္”

“ေဟာ…မလိုပါဘူးလို႔ ေျပာေနတယ္ေလကြာ၊ ဒါနဲ႔ ဘယ္သြားဖို႔လဲ ေတာ္ေတာ္ေနာက္က်ေနၿပီ ညီ”

ျပဳံးျပဳံး႐ႊင္႐ႊင္နဲ႔ ေျပာလာေပမယ့္ ထိုလူ႕ရဲ႕စကားမွာ လေရာင္ရဲ႕ နဂိုဝမ္းနည္းစိတ္က ျပန္ေပၚလာျပန္သည္။သူကိုယ္တိုင္လည္း ဘယ္ကိုသြားရမလည္း တကယ္ကိုမသိေသး။ျပည္က မမဇူးဆီသြားရင္လည္း ရေပမယ့္ သူက အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ တစ္ဦးတည္းေသာ ေဆြမ်ိဳးျဖစ္လို႔ အလြယ္တကူ လေရာင္ကို ႐ွာေတြ႕သြားႏိုင္သည္။

“ဟို ကြၽန္ေတာ္ ဘယ္သြားရမလဲ မသိဘူး”

“ဘာရယ္!!”

လေရာင္ ထိုအကိုေ႐ွ႕မွာတင္ ဒူးေထာက္ထိုင္ခ်ၿပီး ဒူးႏွစ္ဖက္ေပၚ မ်က္ႏွာအပ္ထားလိုက္မိသည္။သူတကယ္ကို ဘာဆက္လုပ္ရမယ္မသိေသး ျဖစ္ေနသည္။။ အံ့က်ဴးကို စိတ္နာလြန္းလို႔သာ ထြက္လာရတာ လေရာင္မွာ ကိုယ့္ဘဝကိုယ္ရပ္တည္ႏိုင္မယ့္ အေျခအေနက မေရာက္ေသး။

“ဘယ္သြားရမလဲ မသိပဲ လမ္းေပၚမွာရပ္ေနရင္ ေစာေစာကလို ထပ္ျဖစ္ေနအုန္းမယ္၊ ဒီလိုလုပ္ ဒီည ကိုယ့္အိမ္မွာ တည္းလိုက္”

“ဟင္”

“ၿပီးမွ ဘယ္သြားရမလဲဆိုတာ ဆက္စဥ္းစား”

လေရာင္သသ ထိုလူ႕ကို အားကိုးတႀကီးေမာ့ၾကည့္လိုက္သည္။ျမင္ျမင္ခ်င္း ထိုလူ႕ကို ယုံၾကည္သြားတာက လေရာင္အတြက္ေတာ့ ထူးဆန္းေနသည္။

“ကိုယ့္အိမ္က သိပ္မေဝးေတာ့ဘူး။ဟိုနားက လမ္းေကြ႕မွာ ကိုယ့္ကားက ပ်က္ေနလို႔ ကိုယ့္ driver နဲ႔ ဝပ္ေ႐ွာ့ကေကာင္ေလးေတြ ျပင္ေနတုန္း လမ္းေလွ်ာက္ထြက္လာခဲ့တာ”

လေရာင္ ထိုလူ႕စကားေတြကို ဘာမွမတုံ႔ျပန္မိ။မ်က္ေတာင္ တဖ်တ္ဖ်တ္ခတ္ၿပီးေတာ့သာ ေမာ့ၾကည့္ေနမိသည္။ထိုလူနဲ႔ လေရာင္ၾကားမွာ ထုထည္ႀကီးမားသည့္ တစ္စုံတစ္ခုဆက္ႏြယ္ေနသလို ခံစားေနရသည္။

“ကိုယ့္အိမ္က အက်ယ္ႀကီးပါ၊ အိမ္မွာ ကိုယ့္ႀကီးႀကီးလည္း ႐ွိတယ္”

“ဒါေပမယ့္…”

“ေစာေစာက ေကာင္ေတြလို လူဆိုး႐ုပ္ေပါက္ေနလို႔လား ဟင္”

ျပဳံးရယ္ၿပီး ေျပာတဲ့ ထိုလူ႕ရဲ႕စကားေတြက မယုံခ်င္စရာေတာ့ တစ္ခုမွမ႐ွိ။

တီ! တီ!

“ေဟာ ကိုယ့္ကားေတာင္လာၿပီ၊လိုက္ခဲ့မယ္ မလားဟင္”

အနက္ေရာင္ကားေလးက လေရာင္နဲ႔ထိုအကို ႐ွိေနရာဆီကို ထိုးရပ္လာသည္။အကိုက ျပဳံးေနၿပီး ကားေနာက္ခန္းတံခါးကို ဖြင့္ေပးလာသည္။လေရာင္ ခပ္တည္တည္ပဲ ဝင္ထိုင္လိုက္ေတာ့ ထိုအကိုက ေခါင္းကို အသာပုတ္သည္။ၿပီးေတာ့

“ငါ့ညီသာ ႐ွိရင္ မင္းအ႐ြယ္ေလာက္ေရာက္ၿပီ”

ထိုတစ္ခြန္းသာ ေျပာၿပီး အကိုက ကားေ႐ွ႕ခန္းမွာ ဝင္ထိုင္ေတာ့ ကားက ၿငိမ့္ခနဲ ေမာင္းထြက္သြားသည္။ကမ္းမျမင္လမ္းမျမင္ပဲ လူတစ္ေယာက္ကို အႂကြင္းမဲ့ ယုံလိုက္မိျပန္သည္။

“သား ဒီေန႔ ျပန္လာတာေနာက္က်လိုက္တာ”

လေရာင္တို႔ မီးေရာင္ေတြထိန္ေနသည့္ ျခံဝင္းတစ္ခုထဲ ဝင္သြားေတာ့ အသက္ငါးဆယ္အ႐ြယ္ အမ်ိဳးတစ္ဦး ထြက္လာသည္။

“ဟုတ္ကဲ့ ႀကီးႀကီး၊ေမာင္ေထြးရယ္ ကားကို ေသခ်ာဂ႐ုမစိုက္ပဲေမာင္းေနလို႔ေလ ဝပ္ေ႐ွာ့ဝင္ေနရေသးတာ”

“ႏို႔…ေနပါအုန္း၊ သူေလးက ဘယ္သူေလးလဲ”

လေရာင္ကို လွည့္ၾကည့္လာတဲ့အခ်ိန္မွာေတာ့ handbag ကိုပိုက္ၿပီးသာ ေခါင္းငုံ႔ေနလိုက္မိသည္။

“လမ္းမွာေလ လူရမ္းကားေတြ ေႏွာင့္ယွက္ေနလို႔ ကြၽန္ေတာ္ေခၚလာခဲ့တာ”

“လူေကာင္းလား လူဆိုးလားမသိပဲနဲ႔ သားရယ္”

ထိုအမ်ိဳးသမီးရဲ႕ အားမနာတမ္းေျပာခ်လိုက္တဲ့ စကားမွာေတာ့ လေရာင္ အိတ္ကိုသာ လက္သည္းေတြႏွင့္ ကုတ္ျခစ္မိေတာ့သည္။

“လူေကာင္းပါ ႀကီးႀကီးရဲ႕”

“ဒါျဖင့္ မိန္းကေလး…ဘယ္သြားဖို႔လဲ”

“မိန္းကေလးမဟုတ္ဘူး ေယာက်္ားေလး”

လေရာင္ ေခါင္းငုံ႔လ်က္ကႏွင့္ပင္ အသံတိုးတိုးနဲ႔ ေျပာလိုက္သည္။တစ္ႀကိမ္တစ္ခါမွ မဆုံဖူးေပမယ့္ လေရာင္နဲ႔ ထိုအမ်ိဳးသမီးက ရင္းႏွီးေနသလို ခံစားေနရသည္။

“ဟင္… သားေန ေယာက်္ားေလးတဲ့”

“ေယာက်္ားေလးပဲ ဘာျဖစ္လဲ ႀကီးႀကီးရဲ႕”

ထိုအမ်ိဳးသမီးက မ်က္လုံးအဝိုင္းသားနဲ႔ လေရာင္ကို ေျခဆုံးေခါင္းဆုံးၾကည့္ၿပီး သူ႕တူကိုလည္း ျပန္ၾကည့္ေနျပန္သည္။

“လာလာ…ညစာစားရင္းနဲ႔မွ စကားေျပာၾကရေအာင္”

လေရာင္သသက ေယာက်္ားတစ္ေယာက္ပါဆိုတာကို အတည္ျပဳၿပီးသြားခ်ိန္မွာေတာ့ ထိုအမ်ိဳးသမီးက လိုလိုလားလား ျပဳံးျပကာ ညစာစားဖို႔ ေခၚေတာ့သည္။

“ကေလးနာမည္က ဘယ္လိုေခၚလဲ၊ ႀကီးႀကီးနာမည္က ေဒၚေႏြးေႏြးလြင္ မင္းကို ေခၚလာတဲ့ လူကေတာ့ ႀကီးႀကီးတူ ေနေကာင္းဆက္သာလို႔ေခၚတယ္”

လေရာင္ပန္းကန္ထဲ ဟင္းေတြခပ္ေပးရင္း ႀကီးႀကီးက ေျပာျခင္းျဖစ္သည္။

“လေရာင္သသလို႔ေခၚပါတယ္”

“ဟင္”

လေရာင္ရဲ႕ အေျဖကိုၾကားေတာ့ ႀကီးႀကီးမ်က္လုံးေတြက အေရာင္လက္သြားတာကို ေတြ႕လိုက္ရသည္။ေနေကာင္းဆက္သာကလည္း မ်က္ခုံးေတြပင့္သြားၿပီး ထမင္းစားေနရင္းကေန လေရာင္ကို ေမာ့ၾကည့္သည္။

“သားေန…သူ…သူက”

ႀကီးႀကီးအသံက ထစ္ေငါ့စြာနဲ႔ လေရာင္ကို လက္ညိႇဳးၫႊန္ၿပီး ထြက္လာသည္။ကိုေနေကာင္းဆက္သာကေတာ့ ႀကီးႀကီးကို လက္ကာျပၿပီး လေရာင္ကို စကားဆက္ေျပာဖို႔ ႀကိဳးစားသည္။

“အသက္ဘယ္ေလာက္႐ွိၿပီလဲ”

“ႏွစ္ဆယ့္ေလးႏွစ္”

“မိဘေတြ႐ွိလား”

“ကြၽန္ေတာ္႕ကို ဖိုးက ေမြးစားထားတာ New Year ပြဲမွာ ဖိုးနဲ႔ ေတြ႕တာ၊ မိဘမ႐ွိဘူး အုပ္ထိန္းသူက ဦးမင္းမ်ိဳးႏြယ္”

“သားေန…ေသခ်ာေလာက္တယ္မလားဟင္”

လေရာင္ နားမလည္ႏိုင္ေပမယ့္ ႀကီးႀကီးအသံက ငိုသံစြက္လာသည္။ကိုေနေကာင္းဆက္သာရဲ႕ မ်က္ႏွာကလည္း အတန္ငယ္ရဲလာသည္။ထမင္းလည္း ဆက္မစားျဖစ္ၾကေတာ့။ႀကီးႀကီးက ႐ုတ္တရက္ ထၿပီး လေရာင္သသရဲ႕ အက်ႌေကာ္လံစကို ဆြဲကာ ညႇပ္႐ိုးအထက္ကို လွန္ၾကည့္သည္။

“ေသခ်ာတယ္…ဒါငါတို႔ကေလးေလး၊ငါတို႔လေရာင္ေလးပဲ သားေန အီးဟီးဟီး”

လေရာင္ဘာမွ မစဥ္းစားႏိုင္ေသးခင္မွာပင္ ႀကီးႀကီးက လေရာင္ကိုဖက္ၿပီး ငိုေနေတာ့သည္။ကိုေနေကာင္းဆက္သာကလည္း မ်က္ရည္ေတြဝိုင္းကာ လေရာင္ကို ၾကည့္ေနသည္။

“ကေလးေလးရယ္ ဘယ္ေတြမ်ားေရာက္ေနခဲ့တာလဲဟင္”

“ကြၽန္ေတာ္…ကြၽန္ေတာ္ ဘာမွနားမလည္ေတာ့ဘူး”

“သားေလးေမေမက သားေလးေမြးၿပီး သုံးႏွစ္သားမွာပဲ  အဟင့္ စိတ္ေဝဒနာခံစားလိုက္ရတာ၊ သားေမေမ က်န္းမာေရးေၾကာင့္ သားကို ႀကီးႀကီးပဲ ေစာင့္ေ႐ွာက္ခဲ့ရတာ သားရဲ႕၊
သားငါးႏွစ္သားေလာက္ပဲ ႐ွိအုန္းမယ္ထင္တယ္ တစ္ေန႔က်ေတာ့ သားေမေမက သားကိုဘယ္သူမွ မသိေအာင္ ေခၚသြားတာ အဲ့ေန႔ အဲ့ေန႔ကတည္းက သားေလးကို ဆုံး႐ႈံးလိုက္ရတာပဲ အဟင့္”

ႀကီးႀကီးစကားဆုံးတာနဲ႔ ကိုေနက မ်က္ရည္ေတြက်ေနေတာ့သည္။

ဒါေၾကာင့္လား ဒါေၾကာင့္ ကိုေနေကာင္းကို ျမင္႐ုံနဲ႔ ယုံၾကည္မိသြားတာလား။ကိုေနေကာင္းကေရာ လေရာင္ကို အျဖဴအမဲမသဲကြဲပဲ အိမ္ေပၚေခၚလာတာ လေရာင္ခံစားေနရသလို သူလည္း ခံစားမိလို႔လား”

“သားေနက သားငယ္ေလးထက္ သုံးႏွစ္ႀကီးတယ္၊သားေနကိုယ္တိုင္ သားငယ္ေလးရဲ႕ နာမည္ကို လေရာင္ဆက္သာလို႔ မွည့္ေပးခဲ့တာ”

“ဒါ…ဒါဆို ကိုေနေကာင္းဆက္သာက ကြၽန္ေတာ္႕အကိုအရင္း ႀကီးႀကီးက ကြၽန္ေတာ္႕ႀကီးႀကီးအရင္းေပါ့ဟုတ္လား အီးဟီးဟီး”

“ဟုတ္တာေပါ့ ႀကီးႀကီးက သားႀကီးႀကီး၊ေနေကာင္းက သားကိုကိုအရင္းေလ”

“သားကို ဘာလို႔လိုက္မ႐ွာၾကတာလဲလို႔ အဟင့္၊ဘာေၾကာင့္လဲ”

“သားေလးကို တစ္ခ်ိန္လုံးလိုက္႐ွာခဲ့ပါေသးတယ္ကြယ္၊ႏွစ္ႏွစ္နီးပါးၾကာေတာ့မွ ႀကီးႀကီးလည္း လက္ေလွ်ာ့ၿပီး အမ္စတာဒမ္မွာ သြားေနခဲ့တာ”

“လေရာင္ေလး၊ ကိုကို႔ညီေလး…ကိုကို႔ကေလးေလး”

လက္ႏွစ္ဖက္ဆန္႔ၿပီး မ်က္ရည္ေတြ႐ႊဲေနတဲ့ ကိုကို႔ရင္ခြင္ထဲ ဝင္ၿပီး လေရာင္ငိုပစ္လိုက္သည္။အကိုတစ္ေယာက္႐ွိေနတာကိုေတာင္ သိခြင့္မရခဲ့တဲ့ လေရာင္ရဲ႕ဘဝက တကယ္ကို ဆိုးလြန္းလွပါသည္။

ႀကီးႀကီးနဲ႔ကိုကို႔ရဲ႕ ေထြးေပြ႕မႈၾကားမွာ ငိုေႂကြးေနရင္းကေန အံ့က်ဴးကို တိတ္တိတ္ေလးသတိရမိေသးသည္။ ေမာင္က အခုေလာက္ဆို ေကာင္းေကာင္းအိပ္ေနေရာေပါ့။လေရာင္ထြက္သြားတာ ညတြင္းခ်င္းေတာ့ မသိေကာင္းပါရဲ႕။

So_So_Sophia(18.11.2022)
________________________________________

အ႐ွည္ႀကီး ေရးေပးခ်င္ေပမယ့္ တအားေအးေနလို႔ လက္ကို ေစာင္ထဲက မထုတ္ႏိုင္ေတာ့ပါဘူး😖

ေႏြးေႏြးေထြးေထြးေနၾကပါ႐ွင့္♡

Tags: read novel My Possessive Of You 20, novel My Possessive Of You 20, read My Possessive Of You 20 online, My Possessive Of You 20 chapter, My Possessive Of You 20 high quality, My Possessive Of You 20 light novel, ,

Comment

Leave a Reply

Chapter 22