My Possessive Of You 22

All chapters are in My Possessive Of You
A+ A-

“မင်း စဥ်းစားကြည့်ကွာ၊ငါတစ်ယောက်လုံးရှိနေရက်နဲ့  ရာဇာထူးဟန်ဆီမှာ အလုပ်လုပ်စရာလိုသလားကွာ”

“အကိုလရောင်က အိမ်မှာပဲနေတာ မဟုတ်ဘူးလား”

မူးရင် မှောက်အိပ်တဲ့ကောင်က အခုကျတော့ စကားတွေ တတွတ်တွတ်ပြောနေသည်။“ဖြစ်သင့်လားကွာ” “လိုက်ရှာသင့်လားကွာ” ဆိုတဲ့စကားက ထပ်ချည်းတလဲလဲဖြစ်နေသည်။

“အိမ်မှာနေတော့ရော အခြားယောကျ်ားတစ်ယောက်နဲ့ ဆက်သွယ်နေတာ ငါဘယ်လိုစိတ်ချရမှာလဲ ဟမ် မင်းပြောကြည့်”

“အဲတာက…”

“သူငါ့ကို ဖောက်ပြန်သွားရင် ဘယ်လိုလုပ်မလဲ”

“ဒါပေမယ့် ငအံ့ မင်းက အကိုလရောင်ကို တရားဝင်ပိုင်ဆိုင်ထားတာမှ မဟုတ်တာ”

အံ့ကျူးက ချက်ချင်းငြိမ်သွားပြီး မျက်လုံးတွေက တွေဝေသွားသည်။ဘာမှဆက်မပြောတော့ပဲ ဆက်သာ သောက်နေပြန်သည်။အံ့ကျူးကို ကြည့်ပြီး မင်းဟန် စိတ်ရှုပ်ထွေးနေရသည်။ဒီကောင်က နေနိုင်တာလဲမဟုတ်ပဲနဲ့ အချိန်တန်ပြန်လာမှာလို့ပဲ ထင်နေတာ။မသိစိတ်ကလည်း ပြန်မလာမှာ ကြောက်နေပြန်သေးပုံရသည်။

“မင်းတကယ် လိုက်မရှာဘူးလား”

“….”

“အကိုလရောင်က မိန်းကလေးရှုံးအောင်လှတာ၊ အခုခေတ်လူတွေက ကျားမသိပ်ရွေးတော့တာ မဟုတ်ဘူး အကိုလရောင်သာ တစ်ခုခုဖြစ်ရင်”

“မနေ့ညကထိတော့ ဘာမှမဖြစ်ဘူး”

“သေချာလို့လား ငအံ့”

“အင်း ငါစုံစမ်းပြီးပြီ၊ သူ အခုလောက်ဆို ပြည်ရောက်နေမှာ လရောင်သသက ပြည်ကလွဲပြီး ဘယ်မှသွားဖူးတာမဟုတ်ဘူး”

လရောင်သသ မမဇူးဆီရောက်နေမယ်လို့ပဲ အံ့ကျူး တစ်ထစ်ချ ယုံကြည်နေမိသည်။ပြည်မြို့ကလွဲပြီး အခြားနေရာတွေကိုလည်း အံ့ကျူးခေါ်မသွားဖူးသလို သူ့တစ်ယောက်ထဲလည်း ဘယ်မြို့ကိုမှ သွားခွင့်မပေးခဲ့ဖူးပေ။

“များနေပြီ ဟေ့ကောင် တော်တော့”

တစ်ခွက်ပြီးတစ်ခွက်ဆက်သောက်နေတာမို့ ညီမင်းဟန် အံ့ကျူးကို လက်မောင်းရင်းကနေ ဆွဲချုပ်ထားလိုက်ရသည်။

“အားးး ဘာလို့ငါမှလဲ ဟေ့ကောင် ဘာလို့ ငါပဲ ချန်ထားခံနေရတာလဲကွာ”

“အဲ့လို ခံစားနေမယ့်အစား  အကိုလရောင်ကိုသာ လိုက်ရှာဖို့ဆုံးဖြတ်လိုက် မင်းပြောသလို မင်းအပိုင်ပဲဖြစ်မှာလေ”

“ငါ…ငါ လရောင်သသကို စိတ်ပူတယ်”

“အေး အခုမှ အဲ့အသိဝင်နေလိုက်၊အိမ်မှာမရှိမှန်းသိကတည်းက မင်းစိတ်ပူရမှာ”

“ငါပြန်တော့မယ်”

ပြန်တော့မယ်ဆိုပြီး ကမူးရူးထိုးနဲ့ ကုန်းရုန်းထသည်။စောစောက အပေအတေတစ်ယောက်လို လုပ်နေတာ သူမဟုတ်သလိုပဲ ချက်ချင်းဖျတ်လတ်သွားသည်။

“မောင်းလို့ရရဲ့လား ငါလိုက်ပို့ပေးမယ်”

“ရတယ် သားကြီး”

အံ့ကျူးမျိုးနွယ် ကားဆီရောက်သည်အထိ ညီမင်းဟန် လိုက်ပို့လိုက်ပါသည်။သူငယ်ချင်းမရှိပဲ ကြီးပြင်းခဲ့ရတဲ့ သူ့ဘဝထဲ ဒီကောင်တွေက ပထမဆုံးအသက်ဝင်စေခဲ့ရသည်လေ။

“Ring Ring”

ညီမင်းဟန်လည်း ကားပေါ်တက်ပြီး မကြာခင်မှာပဲ ဖုန်းဝင်လာသည်။အထူးအဆန်းပင် ဖေဖေ့ဆီက ဝင်လာတဲ့ဖုန်းဖြစ်နေသည်။

“ဟယ်လို”

*သား ညီမင်းဟန် မင်းညီလေး စိတ်ဖောက်နေလို့ အိမ်ပြန်ခဲ့ပါအုန်း အဟင့်*

ဖုန်းထဲက အသံပိုင်ရှင်က ဖေဖေ့မိန်းမဖြစ်နေသည်။ငိုသံကြီးနဲ့ ပြောလာတော့ ညီမင်းဟန် နည်းနည်းတော့ ပျာသွားသည်။ညီမင်းဟန်က အိမ်မှာ ဘယ်သူနဲ့မှ မရောပဲ သီးသန့်နေတာမို့ ဖေဖေ့အမျိုးသမီးနဲ့လည်း ကတောက်ကဆမရှိ။လွှမ်းရိပ်ငယ်နဲ့လည်း စကားတောင်သေချာမပြောမိသေးပေ။ရုတ်တရက်ကြီးဆိုတော့ ညီမင်းဟန် အံ့သြသွားသည်။

“ဟုတ်ကဲ့ အန်တီ”

ညီမင်းဟန် ထိုတစ်ခွန်းသာပြောပြီး ကားကို အမြန်နှုန်းနဲ့ မောင်းထွက်မိတော့သည်။

••••••

“ခြံရှေ့မှာပဲ ရပ်လိုက်တော့ ကိုထွေး၊ ကျွန်တော်သိပ်မကြာပါဘူး”

အရင်နေခဲ့တဲ့အိမ်ကို ခဏသွားချင်တယ်လို့ ကိုနေ့ကို ဖုန်းဆက်တော့ သူ့ဒရိုင်ဘာ ကိုထွေးကို လွှတ်ပေးသည်။ကိုနေက လိုက်ပို့ချင်ပေမယ့် အလုပ်တွေမပြတ်သေးလို့ ဟု ပြောသေးသည်။ကြီးကြီးကတော့ လူကြီးပီပီ လိုက်ကြောင်းမပြော။ကိုနေအားတဲ့ တစ်နေ့တော့ ကျေးဇူးတင်ကြောင်း တကူးတက သွားပြောအုန်းမည်တဲ့။

လရောင် အိမ်ထဲဝင်လာတော့ ထုံးစံအတိုင်းပဲ တိတ်ဆိတ်လွန်းနေသည်။ကားဂိုထောင်ကို လှမ်းကြည့်တော့ ဆိုင်ကယ်နဲ့ လရောင်အတွက်ဝယ်ပေးထားတဲ့ ကားကလွဲရင် အံ့ကျူးမျိုးနွယ် ကားက ရှိမနေသောကြောင့် အိမ်မှာ သူရှိမနေဟု သိလိုက်ရသည်။

လရောင် မချိပြုံး ပြုံးလိုက်ရသည်။တစ်နေ့လုံး၊တစ်ညလုံး လရောင်ပျောက်သွားတာတောင် လိုက်မရှာပဲ နေနိုင်တာကိုတော့ ရင်နာနာနဲ့ပဲ တော်တော်အံ့သြရပါသည်။အခုလည်း company မှာပဲ အလုပ်များနေလား၊တစ်နေရာရာမှာပဲ သောက်စားနေလားမသိပေ။

အံ့ကျူးမျိုးနွယ်က ဘယ်အရာကိုမှ အရေးတယူခံစားနေမှာမဟုတ်တာကို သိပေမယ့် သူ့အပေါ်ကိုတော့ ဒီလောက်ကြီးနေနိုင်လိမ့်မယ်လို့မထင်။သူ့ကို ချော့မော့ပြီး အိမ်ပြန်လာဖို့ပြောသင့်သည်။မိသားစုနဲ့ ဆုံလိုက်ရလို့သာ လရောင်အန္တရာယ်ကင်းနေရတာ။မဟုတ်ရင် ကြောက်ကြောက်လန့်လန့်နဲ့ ဘာဖြစ်နေမယ်မသိ။သူမို့ကြောင့် စိတ်ချလက်ချနေရက်သည်။ဒါမှမဟုတ် သူတကယ်ပဲ လရောင်အပေါ် စိတ်မရှိခဲ့ဘူးလား။

“ဟယ် လရောင်လေး တစ်နေ့လုံး၊တစ်ညလုံးဘယ်တွေ သွားနေတာလဲ မဆွေစိတ်ပူလိုက်တာ”

လရောင် အိမ်ထဲဝင်ဝင်ချင်းမှာပဲ မမဆွေက လက်မောင်းကို လှုပ်ခါပြီးမေးရှာသည်။သူ့ကို စိတ်ပူတဲ့လူ တစ်ယောက်တော့ရှိပါသေးလားဆိုပြီး ဖြေသာရသည်။

“ကျွန်တော် လိုအပ်တာတွေ လာယူတာမမဆွေ”

“ဟင်”

ထင်မှတ်မထားတဲ့ စကားဖြစ်နေ၍ မဆွေ အံ့သြသွားဟန်တူသည်။အံ့သြရင်လည်း အံ့သြချင်စရာပဲလေ။ နေ့ချင်းညချင်းကြီး ခိုလှုံရမယ့် မိသားစုအစစ်အမှန်ပေါ်လာတဲ့လရောင်က ဒီအိမ်ကို တစ်သက်လုံးနေသွားရတော့မှာလည်း မဟုတ်တော့။လရောင် တစ်သက်လုံးနေလာခဲ့တဲ့ အရိပ်အာဝါသကို စွန့်လွှတ်ရတော့မယ်လို့ တွေးမိတော့လည်း ရင်ထဲဆို့နစ်လာရသည်။

ဒီအိမ်မှာပဲ သူတို့နှစ်ယောက်ရှင်သန်ကြီးပြင်းခဲ့ရသည်။ဒီအိမ်ထဲမှာပဲ အံ့ကျူးက လရောင်ကို ဖွက်ထားဖူးသည်၊ အနိုင်ကျင့်ဖူးသည်။လရောင်ပထမဆုံးအကြိမ်ကိုလည်း ဒီအိမ်ထဲမှာပဲ အံ့ကျူးဆီမှာ အပ်နှင်းခဲ့ရသည်။အံ့ကျူးမျိုးနွယ်ကို ခံစားစေချင်ရုံသက်သက်၊စိတ်ကုန်ရုံသက်သက်နဲ့ ထွက်ခဲ့ပေမယ့် အခုတော့ တကယ်ကြီးနှုတ်ဆက်ရတော့မည်။

“ကျွန်တော့် အကိုအရင်းနဲ့ တွေ့ခဲ့တယ်၊မမဆွေ”

“ဟင် ဒါ..ဒါဆို”

“ဟုတ်တယ် မမဆွေ၊ကျွန်တော် အိမ်ကနေ အပြီးထွက်သွားရတော့မှာ”

မမဆွေကို ကိုနေနဲ့စတွေ့ပုံက အစ အကုန်ပြောပြလိုက်တော့ မမဆွေက လရောင်စကားအဆုံးမှာ ငိုတော့သည်။

“ခဏခဏတော့ ပြန်လာမယ်မလားဟင်”

“ဟုတ် ကျွန်တော်ကြိုးစားကြည့်ပါ့မယ်”

“အကိုလေးသာ သိရင် ဘယ်လိုလုပ်အုန်းမလဲ မသိဘူး လရောင်ရယ်”

“သူ ဘာလုပ်နေမှာမလို့လဲ မမဆွေ၊သူဆက်သွယ်လာမှာကို စောင့်နေပေမယ့် တစ်ချက်လေးတောင် ဆက်သွယ်ဖော်မရဘူး အင့်”

အံ့ကျူးမျိုးနွယ်အကြောင်း ပြောတော့ ဇာတိကပြလာသည်။ဝမ်းနည်းပြီး ငိုချင်စိတ်က ထိန်းမရ။မျက်ရည်တွေ တလိမ့်လိမ့်နဲ့ဆင်းကျလာတော့သည်။

မဆွေ လရောင်လေးပုခုံးကို အသာထိန်းပွေ့ပြီး နှစ်သိမ့်ပေးရုံကလွဲပြီး ဘာမှမတတ်နိုင်။အကိုလေးက ဘယ်လောက်အနိုင်ကျင့်တတ်လည်း မဆွေလည်းသိသလို၊ လရောင်ကို ဂရုမစိုက်တတ်တာကိုလည်း သိထားသည်လေ။

သူမဘေးမှာ မိုးပြာရောင် over size တီရှပ်ကို မိတ်ကပ်ရောင်ဘောင်းဘီနဲ့တွဲဝတ်ထားပြီး ဆံပင်တွေကို မြှောက်ချည်ထားတဲ့ ကောင်ငယ်လေးကိုသာ ဂရုဏာသက်စွာကြည့်နေမိသည်။မိသားစုနဲ့ပြန်တွေ့ရပြီဆိုတော့လည်း လရောင်လေးအတွက် ကောင်းတာပေါ့။ဝမ်းနည်းပေမယ့်လည်း သူမပျော်မိပါသည်။

“မမဆွေ ကျွန်တော် လိုအပ်တာတွေယူရင်း အိမ်ကြီးကိုလည်း လာနှုတ်ဆက်တာ၊ခြံရှေ့မှာ ကိုနေ့ဒရိုင်ဘာစောင့်နေတယ်”

“အကိုလေး ပြန်လာအောင်မစောင့်တော့ဘူးလား လရောင်ရယ်”

လှေကားဆီကို ဦးတည်နေတဲ့ ကျောပြင်လေးကို ကြည့်ပြီး မဆွေ ပြောလိုက်သည်။အကိုလေးက ကြမ်းတမ်းလွန်းပေမယ့် လရောင်အပေါ်မှာတော့ မျက်လုံးအကြည့်တွေက အရောင်ပြောင်းသည်လေ။အနည်းဆုံးတော့ အိမ်ရဲ့ လတ်တလောအရှင်သခင်ကိုလည်း နှုတ်ဆက်သွားသင့်သည်မလား။

“မစောင့်တော့ဘူး မမဆွေ၊တအားညနက်သွားလိမ့်မယ်”

ရှိုက်သံတစ်ဝက်နဲ့ ပြန်ဖြေပြီး လရောင်အပေါ်ထပ်ကိုသာ တက်သွားလိုက်သည်။အိမ်ထဲမှာ ကြာကြာနေလေ လရောင်ငိုချင်လေလေဖြစ်နေသည်။အကိုအရင်း၊အဒေါ်အရင်းနဲ့ နေရတော့မယ်ဆိုပေမယ့် ငယ်ငယ်ကတည်းက ကြီးပြင်းခဲ့ရတဲ့ ဒီနေရာကိုလည်း မခွဲချင်ဖြစ်ရပြန်သည်။

“တစ်ရက်ရက်တော့ အေးအေးဆေးဆေးလာခဲ့ပါအုန်း ကလေးရယ်”

“ဟုတ်ကဲ့ အခုတော့ မမပဲ သူ့ကိုပြောပြလိုက်ပါ၊ ဖိုးကိုတော့ ကိုနေက ဆက်သွယ်မယ်လို့ ပြောထားတယ်”

မမဆွေက လရောင်အခန်းထဲထိလိုက်လာသည်။မျက်ရည်တွေ တရွှတ်ရွှတ်သုတ်နေပြီး ငိုနေတာလည်း မရပ်တော့။

“မမဆွေ လရောင်လေးစားဖို့ တစ်ခုခုလုပ်ထားနှင့်မယ်၊ညစာတော့ စားသွားပါကွယ်”

“ဒါပေမယ့်…..”

“ဒါတော့ မငြင်းပါနဲ့တော့ကွယ်”

မမဆွေကို အားနာတာကြောင့် လရောင်ခေါင်းညိတ်ပြလိုက်ရသည်။ကိုထွေးကိုတော့ ဖုန်းဆက်ပြီး ပြန်နှင့်ဖို့သာ ပြောလိုက်ရသည်။အဖိုးသာ မြန်မာပြည်မှာရှိနေရင် ဖိုးလည်း မမဆွေလိုပဲ စိတ်မကောင်းဖြစ်နေလောက်သည်။

အံဆွဲကို ဆွဲဖွင့်လိုက်တော့ ကလေးဘဝတုန်းက အတူရိုက်ထားတဲ့ ဓာတ်ပုံလေးက ကြိုဆိုနေသည်။

“အရင်ကထက် ပိုပြီးရမ်းကားလာတယ် မင်း”

ဓာတ်ပုံထဲမှာလည်း လရောင်ပေါက်စလေးက မျက်ရည်လည်ရွဲဖြစ်နေပြီး little အံ့ကျူးကလည်း ဗီဇမပျက်။မျက်မှောင်ကြုံ့လျက်သားနှင့်ပင်ဖြစ်သည်။လရောင် ထိုဓာတ်ပုံကိုလည်း ရင်ဘတ်မှာအပ်ပြီး ဗီရိုထဲက handbag အကြီးတစ်လုံးယူကာ ထည့်ထားလိုက်သည်။အချစ်တွေလျော့သွားတာလည်း မဟုတ်၊မချစ်တော့တာလည်းမဟုတ် စိတ်နာမိသွားတာဖြစ်သည်။အံ့ကျူးမျိုးနွယ်ကို မုန်းလို့တော့ ဘယ်တော့မှ ရမှာမဟုတ်။

“ကျွီ!!”

ကားဘရိတ်အုပ်သံ ခပ်ပြင်းပြင်းကြောင့် လရောင် လန့်သွားသည်။သူပြန်လာပြီလား။မဟုတ်ပါစေနဲ့ ဆုတောင်းပေမယ့် ဒီလောက်အကြမ်းပတမ်းဖြစ်စေတာဟာ သူကလွဲရင် နှစ်ယောက်မရှိနိုင်။

လရောင် အခန်းအပြင်ကို အမြန်ထွက်ပြီး လှေကားအကွယ်ကနေ ချောင်းကြည့်လိုက်တော့ အမှန်တကယ်ပဲ သူဖြစ်နေသည်။အပေါ်ကုတ်ကို ချွတ်ပြီး လက်ပေါ်တင်ထားကာ ဖရိုဖရဲဖြစ်နေတဲ့ သူ့ပုံစံက သောက်လာတာမှန်း အလွတ်သိရသည်။မျက်ရည်စတွေက မျက်လုံးမှာအပြည့်ဖြစ်လာပြန်သည်။သူတကယ်ပဲ လရောင်ကို စိုးရိမ်မနေခဲ့တာ။

အံ့ကျူးမျိုးနွယ် ဇူးဇူးမေသော်ဆီကို ဆက်သွယ်ခဲ့ပေမယ့် အခြေအနေက သူထင်ထားသလိုမဟုတ်ပေ။လရောင်သသက ပြည်မြို့ကို သွားခဲ့တာမဟုတ်။နေရာတော်တော်များများကိုလည်း သူ့လူတွေ လွှတ်ထားခဲ့ပေမယ့် အခုထိတော့ ဘာသတင်းမှ မကြားရသေးတာကြောင့် အိမ်ကိုပဲ စိတ်ပျက်လက်ပျက်ပြန်လာခဲ့လိုက်သည်။

အပေါ်ထပ်ကို တက်လိုက်တော့ ရုတ်တရက် ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့သင်းသင်းကို ရှူရှိုက်လိုက်မိသည်။အံ့ကျူး ခြေလှမ်းတွေက လှေကားထစ်အပေါ်ဆုံးမှာတင် ရပ်တန့်သွားသည်။စိတ်ထင်လို့ပဲလား။သို့သော်လည်း အနံ့က သူနဲ့အနီးဆုံးက ရနေသည်။

လရောင်အပေါ်  စွဲလမ်းတဲ့စိတ်က ဒီဂရီမြင့်တက်လွန်းသွားလို့ပဲ ထင်ယောင်ထင်မှားတွေ ဖြစ်နေသလားမသိတော့။သေချာတာတော့ အံ့ကျူး နောင်တအကြီးအကျယ်ရနေပြီဖြစ်သည်။လရောင်သသက သူ့ကိုမချစ်တော့ရင်တောင် အဆင်ပြေနေရဲ့လား သိချင်သည်။

“ဟပ်ချိုး”

ရုတ်တရက် လှေကားအကွယ် အခန်းနံရံဘေးက နှာချေသံကြောင့် အံ့ကျူး မျက်ခုံးပင့်မိသွားသည်။ဒီတစ်ခါ ထင်ယောင်ထင်မှားဟုတ်ပုံမရတော့။ဒါဆို လရောင်သသ တကယ်ပြန်ရောက်နေတာပဲ။

နံရံကို လက်နှစ်ဖက်ထောက်ပြီး ငုံ့ကြည့်လိုက်တော့ မျက်လုံးအဝိုင်းသားနဲ့ သူ့ရဲ့အရုပ်ကလေးကို တွေ့လိုက်ရသည်။

SophiaMoon783 (28.11.2022)
______________________________________
Plot အတိုင်းသွားနေတာတောင်မှ လိုအပ်ချက်တွေ တအားများလာသလိုပဲ။အတတ်နိုင်ဆုံး အဆုံးထိလိုက်ခဲ့ပေးကြပါအုန်းဗျ။

“မင္း စဥ္းစားၾကည့္ကြာ၊ငါတစ္ေယာက္လုံး႐ွိေနရက္နဲ႔  ရာဇာထူးဟန္ဆီမွာ အလုပ္လုပ္စရာလိုသလားကြာ”

“အကိုလေရာင္က အိမ္မွာပဲေနတာ မဟုတ္ဘူးလား”

မူးရင္ ေမွာက္အိပ္တဲ့ေကာင္က အခုက်ေတာ့ စကားေတြ တတြတ္တြတ္ေျပာေနသည္။“ျဖစ္သင့္လားကြာ” “လိုက္႐ွာသင့္လားကြာ” ဆိုတဲ့စကားက ထပ္ခ်ည္းတလဲလဲျဖစ္ေနသည္။

“အိမ္မွာေနေတာ့ေရာ အျခားေယာက်္ားတစ္ေယာက္နဲ႔ ဆက္သြယ္ေနတာ ငါဘယ္လိုစိတ္ခ်ရမွာလဲ ဟမ္ မင္းေျပာၾကည့္”

“အဲတာက…”

“သူငါ့ကို ေဖာက္ျပန္သြားရင္ ဘယ္လိုလုပ္မလဲ”

“ဒါေပမယ့္ ငအံ့ မင္းက အကိုလေရာင္ကို တရားဝင္ပိုင္ဆိုင္ထားတာမွ မဟုတ္တာ”

အံ့က်ဴးက ခ်က္ခ်င္းၿငိမ္သြားၿပီး မ်က္လုံးေတြက ေတြေဝသြားသည္။ဘာမွဆက္မေျပာေတာ့ပဲ ဆက္သာ ေသာက္ေနျပန္သည္။အံ့က်ဴးကို ၾကည့္ၿပီး မင္းဟန္ စိတ္႐ႈပ္ေထြးေနရသည္။ဒီေကာင္က ေနႏိုင္တာလဲမဟုတ္ပဲနဲ႔ အခ်ိန္တန္ျပန္လာမွာလို႔ပဲ ထင္ေနတာ။မသိစိတ္ကလည္း ျပန္မလာမွာ ေၾကာက္ေနျပန္ေသးပုံရသည္။

“မင္းတကယ္ လိုက္မ႐ွာဘူးလား”

“….”

“အကိုလေရာင္က မိန္းကေလး႐ႈံးေအာင္လွတာ၊ အခုေခတ္လူေတြက က်ားမသိပ္ေ႐ြးေတာ့တာ မဟုတ္ဘူး အကိုလေရာင္သာ တစ္ခုခုျဖစ္ရင္”

“မေန႔ညကထိေတာ့ ဘာမွမျဖစ္ဘူး”

“ေသခ်ာလို႔လား ငအံ့”

“အင္း ငါစုံစမ္းၿပီးၿပီ၊ သူ အခုေလာက္ဆို ျပည္ေရာက္ေနမွာ လေရာင္သသက ျပည္ကလြဲၿပီး ဘယ္မွသြားဖူးတာမဟုတ္ဘူး”

လေရာင္သသ မမဇူးဆီေရာက္ေနမယ္လို႔ပဲ အံ့က်ဴး တစ္ထစ္ခ် ယုံၾကည္ေနမိသည္။ျပည္ၿမိဳ႕ကလြဲၿပီး အျခားေနရာေတြကိုလည္း အံ့က်ဴးေခၚမသြားဖူးသလို သူ႕တစ္ေယာက္ထဲလည္း ဘယ္ၿမိဳ႕ကိုမွ သြားခြင့္မေပးခဲ့ဖူးေပ။

“မ်ားေနၿပီ ေဟ့ေကာင္ ေတာ္ေတာ့”

တစ္ခြက္ၿပီးတစ္ခြက္ဆက္ေသာက္ေနတာမို႔ ညီမင္းဟန္ အံ့က်ဴးကို လက္ေမာင္းရင္းကေန ဆြဲခ်ဳပ္ထားလိုက္ရသည္။

“အားးး ဘာလို႔ငါမွလဲ ေဟ့ေကာင္ ဘာလို႔ ငါပဲ ခ်န္ထားခံေနရတာလဲကြာ”

“အဲ့လို ခံစားေနမယ့္အစား  အကိုလေရာင္ကိုသာ လိုက္႐ွာဖို႔ဆုံးျဖတ္လိုက္ မင္းေျပာသလို မင္းအပိုင္ပဲျဖစ္မွာေလ”

“ငါ…ငါ လေရာင္သသကို စိတ္ပူတယ္”

“ေအး အခုမွ အဲ့အသိဝင္ေနလိုက္၊အိမ္မွာမ႐ွိမွန္းသိကတည္းက မင္းစိတ္ပူရမွာ”

“ငါျပန္ေတာ့မယ္”

ျပန္ေတာ့မယ္ဆိုၿပီး ကမူး႐ူးထိုးနဲ႔ ကုန္း႐ုန္းထသည္။ေစာေစာက အေပအေတတစ္ေယာက္လို လုပ္ေနတာ သူမဟုတ္သလိုပဲ ခ်က္ခ်င္းဖ်တ္လတ္သြားသည္။

“ေမာင္းလို႔ရရဲ႕လား ငါလိုက္ပို႔ေပးမယ္”

“ရတယ္ သားႀကီး”

အံ့က်ဴးမ်ိဳးႏြယ္ ကားဆီေရာက္သည္အထိ ညီမင္းဟန္ လိုက္ပို႔လိုက္ပါသည္။သူငယ္ခ်င္းမ႐ွိပဲ ႀကီးျပင္းခဲ့ရတဲ့ သူ႕ဘဝထဲ ဒီေကာင္ေတြက ပထမဆုံးအသက္ဝင္ေစခဲ့ရသည္ေလ။

“Ring Ring”

ညီမင္းဟန္လည္း ကားေပၚတက္ၿပီး မၾကာခင္မွာပဲ ဖုန္းဝင္လာသည္။အထူးအဆန္းပင္ ေဖေဖ့ဆီက ဝင္လာတဲ့ဖုန္းျဖစ္ေနသည္။

“ဟယ္လို”

*သား ညီမင္းဟန္ မင္းညီေလး စိတ္ေဖာက္ေနလို႔ အိမ္ျပန္ခဲ့ပါအုန္း အဟင့္*

ဖုန္းထဲက အသံပိုင္႐ွင္က ေဖေဖ့မိန္းမျဖစ္ေနသည္။ငိုသံႀကီးနဲ႔ ေျပာလာေတာ့ ညီမင္းဟန္ နည္းနည္းေတာ့ ပ်ာသြားသည္။ညီမင္းဟန္က အိမ္မွာ ဘယ္သူနဲ႔မွ မေရာပဲ သီးသန္႔ေနတာမို႔ ေဖေဖ့အမ်ိဳးသမီးနဲ႔လည္း ကေတာက္ကဆမ႐ွိ။လႊမ္းရိပ္ငယ္နဲ႔လည္း စကားေတာင္ေသခ်ာမေျပာမိေသးေပ။႐ုတ္တရက္ႀကီးဆိုေတာ့ ညီမင္းဟန္ အံ့ၾသသြားသည္။

“ဟုတ္ကဲ့ အန္တီ”

ညီမင္းဟန္ ထိုတစ္ခြန္းသာေျပာၿပီး ကားကို အျမန္ႏႈန္းနဲ႔ ေမာင္းထြက္မိေတာ့သည္။

••••••

“ျခံေ႐ွ႕မွာပဲ ရပ္လိုက္ေတာ့ ကိုေထြး၊ ကြၽန္ေတာ္သိပ္မၾကာပါဘူး”

အရင္ေနခဲ့တဲ့အိမ္ကို ခဏသြားခ်င္တယ္လို႔ ကိုေန႔ကို ဖုန္းဆက္ေတာ့ သူ႕ဒ႐ိုင္ဘာ ကိုေထြးကို လႊတ္ေပးသည္။ကိုေနက လိုက္ပို႔ခ်င္ေပမယ့္ အလုပ္ေတြမျပတ္ေသးလို႔ ဟု ေျပာေသးသည္။ႀကီးႀကီးကေတာ့ လူႀကီးပီပီ လိုက္ေၾကာင္းမေျပာ။ကိုေနအားတဲ့ တစ္ေန႔ေတာ့ ေက်းဇူးတင္ေၾကာင္း တကူးတက သြားေျပာအုန္းမည္တဲ့။

လေရာင္ အိမ္ထဲဝင္လာေတာ့ ထုံးစံအတိုင္းပဲ တိတ္ဆိတ္လြန္းေနသည္။ကားဂိုေထာင္ကို လွမ္းၾကည့္ေတာ့ ဆိုင္ကယ္နဲ႔ လေရာင္အတြက္ဝယ္ေပးထားတဲ့ ကားကလြဲရင္ အံ့က်ဴးမ်ိဳးႏြယ္ ကားက ႐ွိမေနေသာေၾကာင့္ အိမ္မွာ သူ႐ွိမေနဟု သိလိုက္ရသည္။

လေရာင္ မခ်ိျပဳံး ျပဳံးလိုက္ရသည္။တစ္ေန႔လုံး၊တစ္ညလုံး လေရာင္ေပ်ာက္သြားတာေတာင္ လိုက္မ႐ွာပဲ ေနႏိုင္တာကိုေတာ့ ရင္နာနာနဲ႔ပဲ ေတာ္ေတာ္အံ့ၾသရပါသည္။အခုလည္း company မွာပဲ အလုပ္မ်ားေနလား၊တစ္ေနရာရာမွာပဲ ေသာက္စားေနလားမသိေပ။

အံ့က်ဴးမ်ိဳးႏြယ္က ဘယ္အရာကိုမွ အေရးတယူခံစားေနမွာမဟုတ္တာကို သိေပမယ့္ သူ႕အေပၚကိုေတာ့ ဒီေလာက္ႀကီးေနႏိုင္လိမ့္မယ္လို႔မထင္။သူ႕ကို ေခ်ာ့ေမာ့ၿပီး အိမ္ျပန္လာဖို႔ေျပာသင့္သည္။မိသားစုနဲ႔ ဆုံလိုက္ရလို႔သာ လေရာင္အႏၲရာယ္ကင္းေနရတာ။မဟုတ္ရင္ ေၾကာက္ေၾကာက္လန္႔လန္႔နဲ႔ ဘာျဖစ္ေနမယ္မသိ။သူမို႔ေၾကာင့္ စိတ္ခ်လက္ခ်ေနရက္သည္။ဒါမွမဟုတ္ သူတကယ္ပဲ လေရာင္အေပၚ စိတ္မ႐ွိခဲ့ဘူးလား။

“ဟယ္ လေရာင္ေလး တစ္ေန႔လုံး၊တစ္ညလုံးဘယ္ေတြ သြားေနတာလဲ မေဆြစိတ္ပူလိုက္တာ”

လေရာင္ အိမ္ထဲဝင္ဝင္ခ်င္းမွာပဲ မမေဆြက လက္ေမာင္းကို လႈပ္ခါၿပီးေမး႐ွာသည္။သူ႕ကို စိတ္ပူတဲ့လူ တစ္ေယာက္ေတာ့႐ွိပါေသးလားဆိုၿပီး ေျဖသာရသည္။

“ကြၽန္ေတာ္ လိုအပ္တာေတြ လာယူတာမမေဆြ”

“ဟင္”

ထင္မွတ္မထားတဲ့ စကားျဖစ္ေန၍ မေဆြ အံ့ၾသသြားဟန္တူသည္။အံ့ၾသရင္လည္း အံ့ၾသခ်င္စရာပဲေလ။ ေန႔ခ်င္းညခ်င္းႀကီး ခိုလႈံရမယ့္ မိသားစုအစစ္အမွန္ေပၚလာတဲ့လေရာင္က ဒီအိမ္ကို တစ္သက္လုံးေနသြားရေတာ့မွာလည္း မဟုတ္ေတာ့။လေရာင္ တစ္သက္လုံးေနလာခဲ့တဲ့ အရိပ္အာဝါသကို စြန္႔လႊတ္ရေတာ့မယ္လို႔ ေတြးမိေတာ့လည္း ရင္ထဲဆို႔နစ္လာရသည္။

ဒီအိမ္မွာပဲ သူတို႔ႏွစ္ေယာက္႐ွင္သန္ႀကီးျပင္းခဲ့ရသည္။ဒီအိမ္ထဲမွာပဲ အံ့က်ဴးက လေရာင္ကို ဖြက္ထားဖူးသည္၊ အႏိုင္က်င့္ဖူးသည္။လေရာင္ပထမဆုံးအႀကိမ္ကိုလည္း ဒီအိမ္ထဲမွာပဲ အံ့က်ဴးဆီမွာ အပ္ႏွင္းခဲ့ရသည္။အံ့က်ဴးမ်ိဳးႏြယ္ကို ခံစားေစခ်င္႐ုံသက္သက္၊စိတ္ကုန္႐ုံသက္သက္နဲ႔ ထြက္ခဲ့ေပမယ့္ အခုေတာ့ တကယ္ႀကီးႏႈတ္ဆက္ရေတာ့မည္။

“ကြၽန္ေတာ္႕ အကိုအရင္းနဲ႔ ေတြ႕ခဲ့တယ္၊မမေဆြ”

“ဟင္ ဒါ..ဒါဆို”

“ဟုတ္တယ္ မမေဆြ၊ကြၽန္ေတာ္ အိမ္ကေန အၿပီးထြက္သြားရေတာ့မွာ”

မမေဆြကို ကိုေနနဲ႔စေတြ႕ပုံက အစ အကုန္ေျပာျပလိုက္ေတာ့ မမေဆြက လေရာင္စကားအဆုံးမွာ ငိုေတာ့သည္။

“ခဏခဏေတာ့ ျပန္လာမယ္မလားဟင္”

“ဟုတ္ ကြၽန္ေတာ္ႀကိဳးစားၾကည့္ပါ့မယ္”

“အကိုေလးသာ သိရင္ ဘယ္လိုလုပ္အုန္းမလဲ မသိဘူး လေရာင္ရယ္”

“သူ ဘာလုပ္ေနမွာမလို႔လဲ မမေဆြ၊သူဆက္သြယ္လာမွာကို ေစာင့္ေနေပမယ့္ တစ္ခ်က္ေလးေတာင္ ဆက္သြယ္ေဖာ္မရဘူး အင့္”

အံ့က်ဴးမ်ိဳးႏြယ္အေၾကာင္း ေျပာေတာ့ ဇာတိကျပလာသည္။ဝမ္းနည္းၿပီး ငိုခ်င္စိတ္က ထိန္းမရ။မ်က္ရည္ေတြ တလိမ့္လိမ့္နဲ႔ဆင္းက်လာေတာ့သည္။

မေဆြ လေရာင္ေလးပုခုံးကို အသာထိန္းေပြ႕ၿပီး ႏွစ္သိမ့္ေပး႐ုံကလြဲၿပီး ဘာမွမတတ္ႏိုင္။အကိုေလးက ဘယ္ေလာက္အႏိုင္က်င့္တတ္လည္း မေဆြလည္းသိသလို၊ လေရာင္ကို ဂ႐ုမစိုက္တတ္တာကိုလည္း သိထားသည္ေလ။

သူမေဘးမွာ မိုးျပာေရာင္ over size တီ႐ွပ္ကို မိတ္ကပ္ေရာင္ေဘာင္းဘီနဲ႔တြဲဝတ္ထားၿပီး ဆံပင္ေတြကို ေျမႇာက္ခ်ည္ထားတဲ့ ေကာင္ငယ္ေလးကိုသာ ဂ႐ုဏာသက္စြာၾကည့္ေနမိသည္။မိသားစုနဲ႔ျပန္ေတြ႕ရၿပီဆိုေတာ့လည္း လေရာင္ေလးအတြက္ ေကာင္းတာေပါ့။ဝမ္းနည္းေပမယ့္လည္း သူမေပ်ာ္မိပါသည္။

“မမေဆြ ကြၽန္ေတာ္ လိုအပ္တာေတြယူရင္း အိမ္ႀကီးကိုလည္း လာႏႈတ္ဆက္တာ၊ျခံေ႐ွ႕မွာ ကိုေန႔ဒ႐ိုင္ဘာေစာင့္ေနတယ္”

“အကိုေလး ျပန္လာေအာင္မေစာင့္ေတာ့ဘူးလား လေရာင္ရယ္”

ေလွကားဆီကို ဦးတည္ေနတဲ့ ေက်ာျပင္ေလးကို ၾကည့္ၿပီး မေဆြ ေျပာလိုက္သည္။အကိုေလးက ၾကမ္းတမ္းလြန္းေပမယ့္ လေရာင္အေပၚမွာေတာ့ မ်က္လုံးအၾကည့္ေတြက အေရာင္ေျပာင္းသည္ေလ။အနည္းဆုံးေတာ့ အိမ္ရဲ႕ လတ္တေလာအ႐ွင္သခင္ကိုလည္း ႏႈတ္ဆက္သြားသင့္သည္မလား။

“မေစာင့္ေတာ့ဘူး မမေဆြ၊တအားညနက္သြားလိမ့္မယ္”

႐ိႈက္သံတစ္ဝက္နဲ႔ ျပန္ေျဖၿပီး လေရာင္အေပၚထပ္ကိုသာ တက္သြားလိုက္သည္။အိမ္ထဲမွာ ၾကာၾကာေနေလ လေရာင္ငိုခ်င္ေလေလျဖစ္ေနသည္။အကိုအရင္း၊အေဒၚအရင္းနဲ႔ ေနရေတာ့မယ္ဆိုေပမယ့္ ငယ္ငယ္ကတည္းက ႀကီးျပင္းခဲ့ရတဲ့ ဒီေနရာကိုလည္း မခြဲခ်င္ျဖစ္ရျပန္သည္။

“တစ္ရက္ရက္ေတာ့ ေအးေအးေဆးေဆးလာခဲ့ပါအုန္း ကေလးရယ္”

“ဟုတ္ကဲ့ အခုေတာ့ မမပဲ သူ႕ကိုေျပာျပလိုက္ပါ၊ ဖိုးကိုေတာ့ ကိုေနက ဆက္သြယ္မယ္လို႔ ေျပာထားတယ္”

မမေဆြက လေရာင္အခန္းထဲထိလိုက္လာသည္။မ်က္ရည္ေတြ တ႐ႊတ္႐ႊတ္သုတ္ေနၿပီး ငိုေနတာလည္း မရပ္ေတာ့။

“မမေဆြ လေရာင္ေလးစားဖို႔ တစ္ခုခုလုပ္ထားႏွင့္မယ္၊ညစာေတာ့ စားသြားပါကြယ္”

“ဒါေပမယ့္…..”

“ဒါေတာ့ မျငင္းပါနဲ႔ေတာ့ကြယ္”

မမေဆြကို အားနာတာေၾကာင့္ လေရာင္ေခါင္းညိတ္ျပလိုက္ရသည္။ကိုေထြးကိုေတာ့ ဖုန္းဆက္ၿပီး ျပန္ႏွင့္ဖို႔သာ ေျပာလိုက္ရသည္။အဖိုးသာ ျမန္မာျပည္မွာ႐ွိေနရင္ ဖိုးလည္း မမေဆြလိုပဲ စိတ္မေကာင္းျဖစ္ေနေလာက္သည္။

အံဆြဲကို ဆြဲဖြင့္လိုက္ေတာ့ ကေလးဘဝတုန္းက အတူ႐ိုက္ထားတဲ့ ဓာတ္ပုံေလးက ႀကိဳဆိုေနသည္။

“အရင္ကထက္ ပိုၿပီးရမ္းကားလာတယ္ မင္း”

ဓာတ္ပုံထဲမွာလည္း လေရာင္ေပါက္စေလးက မ်က္ရည္လည္႐ြဲျဖစ္ေနၿပီး little အံ့က်ဴးကလည္း ဗီဇမပ်က္။မ်က္ေမွာင္ၾကဳံ႕လ်က္သားႏွင့္ပင္ျဖစ္သည္။လေရာင္ ထိုဓာတ္ပုံကိုလည္း ရင္ဘတ္မွာအပ္ၿပီး ဗီ႐ိုထဲက handbag အႀကီးတစ္လုံးယူကာ ထည့္ထားလိုက္သည္။အခ်စ္ေတြေလ်ာ့သြားတာလည္း မဟုတ္၊မခ်စ္ေတာ့တာလည္းမဟုတ္ စိတ္နာမိသြားတာျဖစ္သည္။အံ့က်ဴးမ်ိဳးႏြယ္ကို မုန္းလို႔ေတာ့ ဘယ္ေတာ့မွ ရမွာမဟုတ္။

“ကြၽီ!!”

ကားဘရိတ္အုပ္သံ ခပ္ျပင္းျပင္းေၾကာင့္ လေရာင္ လန္႔သြားသည္။သူျပန္လာၿပီလား။မဟုတ္ပါေစနဲ႔ ဆုေတာင္းေပမယ့္ ဒီေလာက္အၾကမ္းပတမ္းျဖစ္ေစတာဟာ သူကလြဲရင္ ႏွစ္ေယာက္မ႐ွိႏိုင္။

လေရာင္ အခန္းအျပင္ကို အျမန္ထြက္ၿပီး ေလွကားအကြယ္ကေန ေခ်ာင္းၾကည့္လိုက္ေတာ့ အမွန္တကယ္ပဲ သူျဖစ္ေနသည္။အေပၚကုတ္ကို ခြၽတ္ၿပီး လက္ေပၚတင္ထားကာ ဖ႐ိုဖရဲျဖစ္ေနတဲ့ သူ႕ပုံစံက ေသာက္လာတာမွန္း အလြတ္သိရသည္။မ်က္ရည္စေတြက မ်က္လုံးမွာအျပည့္ျဖစ္လာျပန္သည္။သူတကယ္ပဲ လေရာင္ကို စိုးရိမ္မေနခဲ့တာ။

အံ့က်ဴးမ်ိဳးႏြယ္ ဇူးဇူးေမေသာ္ဆီကို ဆက္သြယ္ခဲ့ေပမယ့္ အေျခအေနက သူထင္ထားသလိုမဟုတ္ေပ။လေရာင္သသက ျပည္ၿမိဳ႕ကို သြားခဲ့တာမဟုတ္။ေနရာေတာ္ေတာ္မ်ားမ်ားကိုလည္း သူ႕လူေတြ လႊတ္ထားခဲ့ေပမယ့္ အခုထိေတာ့ ဘာသတင္းမွ မၾကားရေသးတာေၾကာင့္ အိမ္ကိုပဲ စိတ္ပ်က္လက္ပ်က္ျပန္လာခဲ့လိုက္သည္။

အေပၚထပ္ကို တက္လိုက္ေတာ့ ႐ုတ္တရက္ ရင္းႏွီးေနတဲ့ ကိုယ္သင္းနံ႔သင္းသင္းကို ႐ွဴ႐ိႈက္လိုက္မိသည္။အံ့က်ဴး ေျခလွမ္းေတြက ေလွကားထစ္အေပၚဆုံးမွာတင္ ရပ္တန္႔သြားသည္။စိတ္ထင္လို႔ပဲလား။သို႔ေသာ္လည္း အနံ႔က သူနဲ႔အနီးဆုံးက ရေနသည္။

လေရာင္အေပၚ  စြဲလမ္းတဲ့စိတ္က ဒီဂရီျမင့္တက္လြန္းသြားလို႔ပဲ ထင္ေယာင္ထင္မွားေတြ ျဖစ္ေနသလားမသိေတာ့။ေသခ်ာတာေတာ့ အံ့က်ဴး ေနာင္တအႀကီးအက်ယ္ရေနၿပီျဖစ္သည္။လေရာင္သသက သူ႕ကိုမခ်စ္ေတာ့ရင္ေတာင္ အဆင္ေျပေနရဲ႕လား သိခ်င္သည္။

“ဟပ္ခ်ိဳး”

႐ုတ္တရက္ ေလွကားအကြယ္ အခန္းနံရံေဘးက ႏွာေခ်သံေၾကာင့္ အံ့က်ဴး မ်က္ခုံးပင့္မိသြားသည္။ဒီတစ္ခါ ထင္ေယာင္ထင္မွားဟုတ္ပုံမရေတာ့။ဒါဆို လေရာင္သသ တကယ္ျပန္ေရာက္ေနတာပဲ။

နံရံကို လက္ႏွစ္ဖက္ေထာက္ၿပီး ငုံ႔ၾကည့္လိုက္ေတာ့ မ်က္လုံးအဝိုင္းသားနဲ႔ သူ႕ရဲ႕အ႐ုပ္ကေလးကို ေတြ႕လိုက္ရသည္။

SophiaMoon783 (28.11.2022)
______________________________________

Tags: read novel My Possessive Of You 22, novel My Possessive Of You 22, read My Possessive Of You 22 online, My Possessive Of You 22 chapter, My Possessive Of You 22 high quality, My Possessive Of You 22 light novel, ,

Comment

Leave a Reply

Chapter 24