My Possessive Of You 23

All chapters are in My Possessive Of You
A+ A-

“ပြန်မလာတော့ဘူး ထင်နေတာ လရောင်သသရာ”

မျက်တောင်ရှည်ကြီးတွေ ညွတ်ကျသွားပြီး မျက်လွှာချထားသူကို ကြည့်ကာ အံ့ကျူး နင့်နင့်နဲနဲပြောမိသည်။မေးဖျားကနေ ဆွဲပင့်ကာ မျက်လုံးချင်းဆုံဖို့ ကြိုးစားတော့ လက်မခံ။ခေါင်းကို ငုံ့မြဲသာငုံ့ထားသည်။

“အာ့”

သတိမပြုမိပဲ အားသုံးကာ မေးဖျားကို ဖျစ်ညှစ်မိတော့ နာသွားသည်ထင်သည်၊ညည်းသံ ထွက်လာသည်။

“ဆော…ဆောရီး၊ နာသွားလား”

အံ့ကျူး အတတ်နိုင်ဆုံး အသံကိုညင်သာလိုက်ပြီး ဒူးကို နည်းနည်းကွေးကာ ရဲသွားတဲ့ လရောင်သသရဲ့ မေးလုံးလုံးလေးကို ဖွဖွလက်မနဲ့ ပွတ်ဆွဲပေးလိုက်သည်။မျက်တောင်ရှည်တွေက မျက်ဝန်းအစုံကို အုပ်ကျနေပြီး မျက်တောင်ဖျားထိခတ်နေရာတွေကလည်း ပန်းဆီရောင်သန်းနေသည်။မျက်ခွံမို့မို့က ဖောင်းအစ်နေပြီး မျက်ခမ်းစပ်နေရာကလည်း နီရဲနေသည်။

“ကျုပ် တောင်းပန်ပါတယ်ဗျာ၊ နောက်တစ်ခါထွက်မသွားပါနဲ့တော့”

လရောင်သသမျက်နှာနဲ့ တစ်တန်းတည်းဖြစ်အောင် ဒူးကွေးထားသူဆီက အရက်နံ့ပြင်းပြင်းကိုရနေသည်။သူတကယ် သောက်စားနေခဲ့တာပဲ။လရောင် စိတ်နာမိပေမယ့် သူနဲ့တကယ်ဝေးကွာရတော့မယ်ဆိုတော့လည်း ရင်ထဲဆို့နစ်နေရပြန်သည်။စကားပြောဖို့ကြိုးစားလိုက်တာနဲ့ ငိုသံကြီးပါပြီး သူ့ရှေ့မှာတင် ထပ်ငိုမိပြန်တော့မှာ။

“ကျုပ်ကို တကယ်စကားမပြောတော့ဘူးလား၊ ဒီနေ့တစ်နေ့လုံး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့တာ လရောင်သသရယ်”

အံ့ကျူးမျိုးနွယ်စကားအဆုံးမှာ လရောင်ကိုယ်လေး တောင့်ခနဲဖြစ်သွားရသည်။ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့လူက သောက်စားနေခဲ့တာတဲ့လား။အောက်နှုတ်ခမ်းအတွင်းသားကို အသာဖိကိုက်ပြီးသာ မလှုပ်မယှက်ရပ်နေလိုက်သည်။

“စကားပြန်ပြောပါဗျာ၊ ကျုပ်တစ်ညလုံး ခင်များကိုစိတ်ပူနေခဲ့တာ”

သူ့စကားကြောင့် လရောင်ပြန်မော့ကြည့်လိုက်တော့ မျက်လုံးတွေမှာ ဆွေးရိပ်သန်းနေပြီး တောင်းပန်မှုတွေနဲ့ ပြည့်လျှံနေသည်။လရောင် ချက်ချင်းပင် အကြည့်လွှဲလိုက်မိသည်။အခုချိန်မှာ ညင်သာပြနေလည်း နောင်တစ်ချိန်ကျ ဟိုနေ့ကလို အပြုအမူမျိုးကို သူလုပ်အုန်းမှာပဲ။

“ငါ့မှာ အကိုအရင်းရှိတယ်”

မပြောလို့မဖြစ်တဲ့ ကိစ္စမလို့ လရောင်ပြောပြလိုက်သည်။တော်ကြာ နောက်တစ်ခါထွက်ပြေးမှာစိုးတယ်ဆိုပြီး အခန်းထဲ သော့ပိတ်ထားနေမှာလည်း ကြောက်ရသေးသည်။

“ဘာ”

“ဟုတ်တယ် အဲ့ညက ငါ့ကို အရက်သမားတွေ နှောင့်ယှက်တော့ ငါ့အကိုနဲ့ တွေ့ခဲ့ရတာ၊သူသာ ရောက်မလာရင် အဲ့အမူးသမားတွေ ငါ့ကိုဘာလုပ်မယ်မသိ အင့်”

အံ့ကျူးမျိုးနွယ် ခန္ဓာကိုယ်က မတ်သွားပြီး မျက်ခုံးတွေကလည်း သူ့ဗီဇအတိုင်းပင် စုကျုံ့သွားပြန်သည်။နှုတ်ခမ်းထူထူတွေက တင်းတင်းစေ့သွားပြီး ခပ်စူးစူးစိုက်ကြည့်ပြန်သည်။

“ကျုပ်ကို နောက်မနေနဲ့ လရောင်သသ၊ခင်များမရှိလို့ မဖြစ်ဘူးဆိုပေမယ့် ဟိုနေ့က ကိစ္စ ကျုပ်အခဲကြေသေးတာမဟုတ်ဘူး”

စောစောက နူးညံ့ပြနေတဲ့လူက ရုတ်ချည်းအရိုင်းဆန်လာပြန်သည်။လရောင် အရင်လိုသူ့ကို ကြောက်ဟန်မပြတော့ပဲ နှုတ်ခမ်းတွေကိုသာ အသာဖိကိုက်ထားလိုက်သည်။

“စနေတာ မဟုတ်ဘူး အံ့ကျူး၊ ငါ အခု လာနှုတ်ဆက်တာ၊ငါ့အကိုနဲ့ အားတဲ့တစ်ရက် လာခဲ့အုန်းမှာပါ”

“မပြောနဲ့ ခင်များ”

ချက်ချင်းဆိုသလိုပင် လရောင်လည်ပင်းကို သန်မာတဲ့လက်ဖဝါးတစ်ဖက်က ညှစ်လာပြီး နံရံဆီကို ပိုတွန်းတာ ခံလိုက်ရသည်။

အင့် အု!

မျက်မှောင်ကြုံ့ထားသူက လွှတ်မပေးတဲ့အပြင် ပိုတိုးပြီး လရောင်ကို နံရံနဲ့သူ့ကိုယ်ကြီးကြားမှာ ညှပ်ထားပြန်သည်။မျက်ထောင့်တွေရဲပြီး လည်ပင်းကြောတွေထောင်ထလာတာက သားရဲတစ်ကောင်နဲ့တူနေသည်။

အံ့ကျူးအင်္ကျီလက်မောင်းစကို တင်းတင်းဆွဲထားတဲ့ လက်သေးသေးလေးက အားလျော့သွားတော့မှ သတိဝင်လာပြီး လွှတ်ပေးလိုက်သည်။အံ့ကျူးလက်ကလွတ်သွားတာနဲ့ နံရံကို မှီထိုင်ချပြီး ရှိုက်ကြီးတငင်ငိုတော့သည်။

“ဆော…ဆောရီး ဆောရီးဗျာ”

လရောင်သသဆီက စကားကြားလိုက်တာနဲ့တင် အံ့ကျူးစိတ်တွေက ထိန်းမရဖြစ်သွားတာ။စတာဆိုရင်တောင် ဒီလိုသဘောမျိုးပါတဲ့ စကားတွေကို အံ့ကျူးမျိုးနွယ် လုံးဝမကြိုက်။ဘယ့်နှယ် ကိုကိုက သူ့အပိုင်မဖြစ်ရမှာလဲ။

“အင့်…ကြောက် …ကြောက်တယ်”

အံ့ကျူးမျိုးနွယ် ငိုနေသူကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ခေါင်းလုံးလုံးကို အသာပွတ်ပြီး ဆံနွယ်ရှည်တွေကြား နမ်းရှိုက်ပစ်လိုက်တော့ ရှိုက်သံနဲ့အတူ စကားသံတိုးတိုးကြားလိုက်ရသည်။သူလက်လွန်သွားတယ်ဆိုတာကိုလည်း သိလိုက်သည်။တသိမ့်သိမ့်ရှိုက်ငိုနေသူက တော်ရုံနဲ့ တိတ်မယ့်ပုံမပေါ်။

“မောင့်ကို လန့်သွားလားဟင်၊ မောင့်ကို အဲ့လိုစကားတွေနဲ့ မစပါနဲ့ကွာ”

အံ့ကျူး သူ့ကို ခပ်တင်းတင်းထွေးပိုက်ပြီး ဆိုမိသည်။သူ့ဆီက ရနေတဲ့ ကိုယ်သင်းနံ့က ဘာနဲ့မှ မယှဥ်နိုင်။ပုခုံးဖျားလေးကို အသာဖိနမ်းလိုက်တော့ ငိုနေရင်းနဲ့တောင် ကိုယ်လေးမသိမသာကြုံ့သွားသည်။အဲ့လောက်တောင် စိတ်နာသွားတာလားကွာ။

“ဟို…အကိုလေး ”

အံ့ကျူးမျိုးနွယ် လရောင်သသကို အတော်ကြာအောင် ဖက်ထားနေတုန်းမှာပဲ မဆွေက ရေးကြီးသုတ်ပြာနဲ့ လှေကားထစ်တွေအတိုင်း တက်လာသည်။

“ပြော”

“ဟို…”

“ဘာဖြစ်တာလဲ”

အံ့ကျူး စိတ်မရှည်တော့၍ ခပ်ဆတ်ဆတ်မေးလိုက်တော့ မဆွေက ဟိုကြည့်ဒီကြည့်လုပ်ပြီး သူ့လက်သူဆုပ်နယ်နေသည်။

“လရောင်လေး အကိုဆိုတာ ရောက်…ရောက် ရောက်နေတယ် အကိုလေး”

“ဘာ..”

“ဟင်”

အသံက အံ့ကျူးနဲ့လရောင်နှစ်ယောက်လုံးဆီက တစ်ပြိုင်တည်းထွက်လာသည်။အကိုလေးက လရောင်လေးကို ချက်ချင်းစိုက်ကြည့်ပစ်လိုက်တာက မဆွေကိုတောင် လန့်သွားစေသည်။လရောင်လေးကတော့ သူ့မျက်နှာပေါ်ကျနေတဲ့ ဆံပင်စတွေကို သပ်တင်ပြီး ထိုင်နေရာကနေ ချက်ချင်းထသည်။

“ကို..ကိုနေ လာကြိုပြီလား မမဆွေ”

လရောင်လေးအသံက ကယ်တင်ရှင်ရောက်လာသလိုမျိုး ချက်ချင်းတက်ကြွသွားသည်။အကိုလေးမျက်နှာကတော့ပေါက်ကွဲတော့မယ့် မီးတောင်တစ်ခုနဲ့တူနေသည်။လရောင်လေးကို စိုက်ကြည့်နေတာက ပေါက်ထွက်တော့မတတ်။

မဆွေ ခေါင်းငြိမ့်ပြပြီးတော့သာ နေရာကမရွေ့ မတုန်မလှုပ်ရပ်နေလိုက်သည်။

“တောက်!!”

“အင့်”

အကိုလေး အံ့ကျူးရဲ့ တက်ခေါက်သံနဲ့အတူ လရောင်လေးရဲ့ ရှိုက်သံကိုပါ တစ်ပြိုင်တည်းကြားလိုက်ရသည်။

“ခင်များ သွားတော့”

“ဟုတ်..ဟုတ်ကဲ့”

မဆွေ အမြန်ဆုံးသာ ပြေးဆင်းလာခဲ့လိုက်သည်။အကိုလေးရဲ့ အကြည့်တွေက သားရဲတစ်ကောင်လိုဖြစ်နေပြီး ကြောက်စရာကောင်းလွန်းနေသည်။စိုက်ကြည့်ခံနေရတဲ့ လရောင်လေးတော့ ဘယ်လိုနေမယ်မသိ။မဆွေကတော့ ကြက်သီးတွေ တဖြန်းဖြန်းထနေရပြီဖြစ်သည်။

“စောစောက ခင်များပြောတာ တကယ်လား လရောင်သသ”

လရောင်ကို စေ့စေ့ကြည့်ပြီး မေးလာတဲ့လူက ဒေါသကို ထိန်းချုပ်ထားရလို့ထင်သည် အသံက အနည်းငယ်အက်ကွဲနေသည်။သို့သော် လရောင်မလှုပ်မယှက်ပင် နှုတ်ခမ်းတင်းတင်းစေ့ကာ တုံ့ပြန်လိုက်သည်။

“အင်း အမှန်ပဲ”

“ကျစ်! ခင်များဗျာ”

“မင်းကို စနောက်နေရအောင် မင်းက ကလေးမဟုတ်သလို ငါလည်း  ကလေးမဟုတ်ဘူး အံ့ကျူးမျိုးနွယ် အင့်”

အံ့ကျူးမျိုးနွယ်ရဲ့ တုံ့ပြန်ပုံက လရောင်ထင်ထားသလိုမဟုတ်ပဲ ဆန့်ကျင်စွာပင် လရောင်ကိုယ်လေးကို တင်းတင်းကျပ်ကျပ်ဖက်တွယ်လာသည်။သူ့တစ်ကိုယ်လုံးနဲ့ မှီချလိုက်တာမို့ လရောင်မှာ နံရံဆီကို ပိုလို့ပင် ကပ်သွားရသည်။

“ကျုပ်ကို တကယ်ကြီး ထားခဲ့တော့မှာပေါ့ လရောင်သသရာ”

သူ့အပြုအမူကြောင့် လရောင်ခဏတော့ ကြောင်သွားသည်။လရောင်ပုခုံးပေါ် မျက်နှာအပ်ထားသူက ခါးကနေ တင်းနေအောင် ဖက်ထားပြီး တိုးတိုးရေရွတ်နေသည်။

“စ, နေတာပဲ မလား၊ စ, နေတာဆိုရင်လည်း အဲ့လောက်ကြီးပိရိအောင် မလုပ်ပါနဲ့ဗျာ”

“မောင်… မောင်ရယ်”

လရောင်မျက်ဝန်းအိမ်ထဲ မျက်ရည်တွေက ပြည့်လာပြန်ရသည်။ဒီလိုကျတော့လည်း ဒီကောင်လေးကို သူသနားရပြန်သည်။သူ ဘယ်လိုမှကို မယုံကြည်နိုင်ဖြစ်နေပုံရသည်။သူ့ကိုယ်ကို လရောင်အားလေးနဲ့ တတ်နိုင်သလောက် ဖျစ်ညှစ်ကာ ဖက်ထားလိုက်သည်။

“အင့်..”

အချိန်အတော်ကြာအောင် ဖက်တွယ်ထားသူက လရောင်ဆီကနေ ခွာသွားပြန်သည်။တစ်ဖက်ကိုလှည့်ပြီး လက်လှုပ်ရှားနေပုံအရ မျက်ရည်တွေ သုတ်နေမှန်းသိလိုက်ရသည်။
အစက သူ့ကို စိတ်နာနေတာတွေ၊စိတ်ပျက်နေတာတွေက ကြက်ပျောက်ငှက်ပျောက် ဖြစ်သွားရပြန်သည်။ဒါတွေအားလုံးက ဒီကောင်လေး လရောင်ကို ချစ်လွန်းလို့ ဖြစ်ရတာတွေပဲမလား။

“သွားတော့ ”

“ဟို  တွေ့..”

“ကျုပ် ခင်များအကိုဆိုတာကို မတွေ့ချင်ဘူး”

ထိုတစ်ခွန်းသာ ပြောပြီး လျှောက်လမ်းကနေ အခန်းဆီဦးတည်သွားသူကြောင့် လရောင်အသံတိတ်ရှိုက်လိုက်ရပြန်သည်။

“မောင့်ကို ခဏခဏ လာတွေ့မှာပါ”

လရောင် ထိုစကားတစ်ခွန်းသာ သူကြားရုံပြောလိုက်ပြီး လှေကားအတိုင်းဆင်းလာခဲ့လိုက်သည်။ဘာပစ္စည်းမှလည်း ယူမလာလိုက်တော့။

••••••••

“ရော့…”

ကြီးကြီးနဲ့ လရောင် တီဗွီကြည့်နေတုန်း ကိုနေက လရောင်လက်ထဲ စတော်ဘယ်ရီသီးတစ်လုံးထည့်ပေးလာသည်။လရောင်မော့ကြည့်လိုက်တော့ ကိုနေက ပြုံးပြီး လရောင်ကိုကြည့်နေသည်။သွေးက စကားပြောတာပဲလားမသိ။ကိုနေ့အပြုံးတွေက လရောင်ကို နွေးထွေးစေသည်။

စတော်ဘယ်ရီသီးကိုတစ်လှည့် ကိုနေ့ကို တစ်လှည့်ကြည့်နေတော့ ကြီးကြီးက လရောင်ဆံပင်တွေကို လက်ချောင်းတွေနဲ့ အသာဖြီးသင်ပေးပြီး ရယ်သည်။

“စားလေ လရောင်လေးရဲ့၊ လရောင်လေးငယ်ငယ်တုန်းက စတော်ဘယ်ရီ အရမ်းကြိုက်တာ၊ဟိုမှာ နေတုန်းကဆို သားငယ်လေးကို ပြန်တွေ့ရင် ပေးဖို့ဆိုပြီး စတော်ဘယ်ရီခင်းကြီးတောင်  နေကောင်းက စိုက်သေးတယ် သားငယ်လေးရဲ့”

ကြီးကြီးပြောစကားကြောင့် လရောင်မျက်ရည်လေးတွေတောင် ရစ်ဝဲလာသည်။မိခင်တစ်ယောက်ထဲကနေ အတူတူမွေးဖွားခဲ့ပါရက်နဲ့ ကိုနေနဲ့ သူနဲ့က တစ်ကွဲတစ်ပြားစီဖြစ်ခဲ့ရသည်။တော်သေးသည်က ဖိုးလို မေတ္တာရှင်နဲ့တွေ့လို့သာ လရောင်သသ အခုလို လှလှပပနေနိုင်တာဖြစ်သည်။

ကိုနေက ဆက်တိုက်ပြုံးနေပြီး လရောင်ရဲ့ နဖူးစပ်က ဆံပင်တွေကို ဖွဖွသပ်တင်နေသည်။

“ငယ်ငယ်လေးကတည်းက ပြန်တွေ့ခဲ့သင့်တာ ကလေးရယ်”

ကိုနေ့စကားကြောင့် လရောင် ဝမ်းနည်းပေမယ့် အားတင်းပြီးသာ ပြုံးပြလိုက်ရသည်။တကယ်တော့ လရောင်နဲ့စာရင် ကိုနေက ပိုသနားစရာကောင်းသည်။လရောင် ငယ်ဘဝက အတူကြီးပြင်းပေးခဲ့တဲ့ ချစ်ရတဲ့ အံ့ကျူးမျိုးနွယ် ရှိပေမယ့် ကိုနေ့ဘဝကျတော့ တစ်ယောက်တည်း ကြီးပြင်းခဲ့ရသည်။

“ဆံပင်ရှည်က ငယ်ငယ်လေးကတည်းက ထားတာလား”

“ ဟုတ် ကြီးကြီး”

“ဆံသားပျော့ပျော့လေးတွေက သားငယ်လေးနဲ့လှလိုက်တာကွယ်”

ဆံပင်အရှည်နဲ့ ခပ်ပျော့ပျော့ကောင်လေးက gay တစ်ယောက်ဆိုတာ မပြောလည်းသိပေမယ့်လို့ မြန်မာ့လူ့ပတ်ဝန်းကျင်က စပ်စုပြီး ဝေဖန်ချင်ကြသည်၊ လူရာမသွင်း ရွံစရာတစ်ခုလို ရှုံ့ချချင်ကြသည်။ထို့ကြောင့်လည်း လရောင် ပွင့်ပွင့်လင်းလင်းပြောပြဖို့ ဆုံးဖြတ်လိုက်သည်။ဒါက သူ့မိသားစုမိို့ သူ့ဖြစ်တည်မှုကိုတော့ ကောင်းကောင်းသိထားသင့်သည်လေ။

“ကြီးကြီးနဲ့ ကိုနေ့ကို ကျွန်တော်ဝန်ခံစရာရှိတယ်”

“ဘာများလဲဟင် သားငယ်လေး”

ကြီးကြီးက လရောင်ဆံပင်တွေကို ကိုင်တွယ်နေရာကနေ မေးလာသည်။

“ဟို…ကျွန်တော်က gay.. ”

လရောင် ထိုတစ်ခွန်းသာ ပြောပြီး ဘာမှဆက်မပြောလိုက်တော့။ကိုနေကတော့ ခေါင်းကိုသာ တစ်ဆတ်ဆတ်ငြိမ့်သည်။

“အို..gay တော့ရော ဘာဖြစ်လဲ၊ဒီအိမ်က ကလေးက ဒီအိမ်ကကလေးပဲမို့ လရောင်လေးကို ကြီးကြီးတို့က လက်ခံပေးနိုင်တယ်၊ကုန်ကုန်ပြောရရင် လရောင်လေး ဘာဖြစ်ဖြစ်ကို ကြီးကြီးက လက်ခံပေးနိုင်တယ်”

“ဟုတ်”

လရောင် ဟုတ်တစ်လုံးတည်းသာ ပြောပြီး ကြီးကြီးရင်ခွင်ထဲ တိုးဝင်ပစ်လိုက်သည်။ကြီးကြီးကတော့ လရောင်ဆံပင်တွေကို တရှုံ့ရှုံ့နမ်းပြီး ကျောကိုအသာပုတ်ပေးနေလေရဲ့။

SophiaMoon783 (1.12.2022)
______________________________________

တိုသွားတယ်ဟုတ်။တစ်ဖြတ်လောက်ရေးပြီးရင်ကို တအားတင်ချင်နေတော့တာ🥺။
Good night ပါ ဘေးကင်းကြပါစေနော်။

“ျပန္မလာေတာ့ဘူး ထင္ေနတာ လေရာင္သသရာ”

မ်က္ေတာင္႐ွည္ႀကီးေတြ ၫြတ္က်သြားၿပီး မ်က္လႊာခ်ထားသူကို ၾကည့္ကာ အံ့က်ဴး နင့္နင့္နဲနဲေျပာမိသည္။ေမးဖ်ားကေန ဆြဲပင့္ကာ မ်က္လုံးခ်င္းဆုံဖို႔ ႀကိဳးစားေတာ့ လက္မခံ။ေခါင္းကို ငုံ႔ၿမဲသာငုံ႔ထားသည္။

“အာ့”

သတိမျပဳမိပဲ အားသုံးကာ ေမးဖ်ားကို ဖ်စ္ညႇစ္မိေတာ့ နာသြားသည္ထင္သည္၊ညည္းသံ ထြက္လာသည္။

“ေဆာ…ေဆာရီး၊ နာသြားလား”

အံ့က်ဴး အတတ္ႏိုင္ဆုံး အသံကိုညင္သာလိုက္ၿပီး ဒူးကို နည္းနည္းေကြးကာ ရဲသြားတဲ့ လေရာင္သသရဲ႕ ေမးလုံးလုံးေလးကို ဖြဖြလက္မနဲ႔ ပြတ္ဆြဲေပးလိုက္သည္။မ်က္ေတာင္႐ွည္ေတြက မ်က္ဝန္းအစုံကို အုပ္က်ေနၿပီး မ်က္ေတာင္ဖ်ားထိခတ္ေနရာေတြကလည္း ပန္းဆီေရာင္သန္းေနသည္။မ်က္ခြံမို႔မို႔က ေဖာင္းအစ္ေနၿပီး မ်က္ခမ္းစပ္ေနရာကလည္း နီရဲေနသည္။

“က်ဳပ္ ေတာင္းပန္ပါတယ္ဗ်ာ၊ ေနာက္တစ္ခါထြက္မသြားပါနဲ႔ေတာ့”

လေရာင္သသမ်က္ႏွာနဲ႔ တစ္တန္းတည္းျဖစ္ေအာင္ ဒူးေကြးထားသူဆီက အရက္နံ႔ျပင္းျပင္းကိုရေနသည္။သူတကယ္ ေသာက္စားေနခဲ့တာပဲ။လေရာင္ စိတ္နာမိေပမယ့္ သူနဲ႔တကယ္ေဝးကြာရေတာ့မယ္ဆိုေတာ့လည္း ရင္ထဲဆို႔နစ္ေနရျပန္သည္။စကားေျပာဖို႔ႀကိဳးစားလိုက္တာနဲ႔ ငိုသံႀကီးပါၿပီး သူ႕ေ႐ွ႕မွာတင္ ထပ္ငိုမိျပန္ေတာ့မွာ။

“က်ဳပ္ကို တကယ္စကားမေျပာေတာ့ဘူးလား၊ ဒီေန႔တစ္ေန႔လုံး ဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္ေနခဲ့တာ လေရာင္သသရယ္”

အံ့က်ဴးမ်ိဳးႏြယ္စကားအဆုံးမွာ လေရာင္ကိုယ္ေလး ေတာင့္ခနဲျဖစ္သြားရသည္။ဘာလုပ္လို႔လုပ္ရမွန္းမသိတဲ့လူက ေသာက္စားေနခဲ့တာတဲ့လား။ေအာက္ႏႈတ္ခမ္းအတြင္းသားကို အသာဖိကိုက္ၿပီးသာ မလႈပ္မယွက္ရပ္ေနလိုက္သည္။

“စကားျပန္ေျပာပါဗ်ာ၊ က်ဳပ္တစ္ညလုံး ခင္မ်ားကိုစိတ္ပူေနခဲ့တာ”

သူ႕စကားေၾကာင့္ လေရာင္ျပန္ေမာ့ၾကည့္လိုက္ေတာ့ မ်က္လုံးေတြမွာ ေဆြးရိပ္သန္းေနၿပီး ေတာင္းပန္မႈေတြနဲ႔ ျပည့္လွ်ံေနသည္။လေရာင္ ခ်က္ခ်င္းပင္ အၾကည့္လႊဲလိုက္မိသည္။အခုခ်ိန္မွာ ညင္သာျပေနလည္း ေနာင္တစ္ခ်ိန္က် ဟိုေန႔ကလို အျပဳအမူမ်ိဳးကို သူလုပ္အုန္းမွာပဲ။

“ငါ့မွာ အကိုအရင္း႐ွိတယ္”

မေျပာလို႔မျဖစ္တဲ့ ကိစၥမလို႔ လေရာင္ေျပာျပလိုက္သည္။ေတာ္ၾကာ ေနာက္တစ္ခါထြက္ေျပးမွာစိုးတယ္ဆိုၿပီး အခန္းထဲ ေသာ့ပိတ္ထားေနမွာလည္း ေၾကာက္ရေသးသည္။

“ဘာ”

“ဟုတ္တယ္ အဲ့ညက ငါ့ကို အရက္သမားေတြ ေႏွာင့္ယွက္ေတာ့ ငါ့အကိုနဲ႔ ေတြ႕ခဲ့ရတာ၊သူသာ ေရာက္မလာရင္ အဲ့အမူးသမားေတြ ငါ့ကိုဘာလုပ္မယ္မသိ အင့္”

အံ့က်ဴးမ်ိဳးႏြယ္ ခႏၶာကိုယ္က မတ္သြားၿပီး မ်က္ခုံးေတြကလည္း သူ႕ဗီဇအတိုင္းပင္ စုက်ံဳ႕သြားျပန္သည္။ႏႈတ္ခမ္းထူထူေတြက တင္းတင္းေစ့သြားၿပီး ခပ္စူးစူးစိုက္ၾကည့္ျပန္သည္။

“က်ဳပ္ကို ေနာက္မေနနဲ႔ လေရာင္သသ၊ခင္မ်ားမ႐ွိလို႔ မျဖစ္ဘူးဆိုေပမယ့္ ဟိုေန႔က ကိစၥ က်ဳပ္အခဲေၾကေသးတာမဟုတ္ဘူး”

ေစာေစာက ႏူးညံ့ျပေနတဲ့လူက ႐ုတ္ခ်ည္းအ႐ိုင္းဆန္လာျပန္သည္။လေရာင္ အရင္လိုသူ႕ကို ေၾကာက္ဟန္မျပေတာ့ပဲ ႏႈတ္ခမ္းေတြကိုသာ အသာဖိကိုက္ထားလိုက္သည္။

“စေနတာ မဟုတ္ဘူး အံ့က်ဴး၊ ငါ အခု လာႏႈတ္ဆက္တာ၊ငါ့အကိုနဲ႔ အားတဲ့တစ္ရက္ လာခဲ့အုန္းမွာပါ”

“မေျပာနဲ႔ ခင္မ်ား”

ခ်က္ခ်င္းဆိုသလိုပင္ လေရာင္လည္ပင္းကို သန္မာတဲ့လက္ဖဝါးတစ္ဖက္က ညႇစ္လာၿပီး နံရံဆီကို ပိုတြန္းတာ ခံလိုက္ရသည္။

အင့္ အု!

မ်က္ေမွာင္ၾကဳံ႕ထားသူက လႊတ္မေပးတဲ့အျပင္ ပိုတိုးၿပီး လေရာင္ကို နံရံနဲ႔သူ႕ကိုယ္ႀကီးၾကားမွာ ညႇပ္ထားျပန္သည္။မ်က္ေထာင့္ေတြရဲၿပီး လည္ပင္းေၾကာေတြေထာင္ထလာတာက သားရဲတစ္ေကာင္နဲ႔တူေနသည္။

အံ့က်ဴးအက်ႌလက္ေမာင္းစကို တင္းတင္းဆြဲထားတဲ့ လက္ေသးေသးေလးက အားေလ်ာ့သြားေတာ့မွ သတိဝင္လာၿပီး လႊတ္ေပးလိုက္သည္။အံ့က်ဴးလက္ကလြတ္သြားတာနဲ႔ နံရံကို မွီထိုင္ခ်ၿပီး ႐ိႈက္ႀကီးတငင္ငိုေတာ့သည္။

“ေဆာ…ေဆာရီး ေဆာရီးဗ်ာ”

လေရာင္သသဆီက စကားၾကားလိုက္တာနဲ႔တင္ အံ့က်ဴးစိတ္ေတြက ထိန္းမရျဖစ္သြားတာ။စတာဆိုရင္ေတာင္ ဒီလိုသေဘာမ်ိဳးပါတဲ့ စကားေတြကို အံ့က်ဴးမ်ိဳးႏြယ္ လုံးဝမႀကိဳက္။ဘယ့္ႏွယ္ ကိုကိုက သူ႕အပိုင္မျဖစ္ရမွာလဲ။

“အင့္…ေၾကာက္ …ေၾကာက္တယ္”

အံ့က်ဴးမ်ိဳးႏြယ္ ငိုေနသူကို ရင္ခြင္ထဲ ဆြဲသြင္းလိုက္ၿပီး ေခါင္းလုံးလုံးကို အသာပြတ္ၿပီး ဆံႏြယ္႐ွည္ေတြၾကား နမ္း႐ိႈက္ပစ္လိုက္ေတာ့ ႐ိႈက္သံနဲ႔အတူ စကားသံတိုးတိုးၾကားလိုက္ရသည္။သူလက္လြန္သြားတယ္ဆိုတာကိုလည္း သိလိုက္သည္။တသိမ့္သိမ့္႐ိႈက္ငိုေနသူက ေတာ္႐ုံနဲ႔ တိတ္မယ့္ပုံမေပၚ။

“ေမာင့္ကို လန္႔သြားလားဟင္၊ ေမာင့္ကို အဲ့လိုစကားေတြနဲ႔ မစပါနဲ႔ကြာ”

အံ့က်ဴး သူ႕ကို ခပ္တင္းတင္းေထြးပိုက္ၿပီး ဆိုမိသည္။သူ႕ဆီက ရေနတဲ့ ကိုယ္သင္းနံ႔က ဘာနဲ႔မွ မယွဥ္ႏိုင္။ပုခုံးဖ်ားေလးကို အသာဖိနမ္းလိုက္ေတာ့ ငိုေနရင္းနဲ႔ေတာင္ ကိုယ္ေလးမသိမသာၾကဳံ႕သြားသည္။အဲ့ေလာက္ေတာင္ စိတ္နာသြားတာလားကြာ။

“ဟို…အကိုေလး ”

အံ့က်ဴးမ်ိဳးႏြယ္ လေရာင္သသကို အေတာ္ၾကာေအာင္ ဖက္ထားေနတုန္းမွာပဲ မေဆြက ေရးႀကီးသုတ္ျပာနဲ႔ ေလွကားထစ္ေတြအတိုင္း တက္လာသည္။

“ေျပာ”

“ဟို…”

“ဘာျဖစ္တာလဲ”

အံ့က်ဴး စိတ္မ႐ွည္ေတာ့၍ ခပ္ဆတ္ဆတ္ေမးလိုက္ေတာ့ မေဆြက ဟိုၾကည့္ဒီၾကည့္လုပ္ၿပီး သူ႕လက္သူဆုပ္နယ္ေနသည္။

“လေရာင္ေလး အကိုဆိုတာ ေရာက္…ေရာက္ ေရာက္ေနတယ္ အကိုေလး”

“ဘာ..”

“ဟင္”

အသံက အံ့က်ဴးနဲ႔လေရာင္ႏွစ္ေယာက္လုံးဆီက တစ္ၿပိဳင္တည္းထြက္လာသည္။အကိုေလးက လေရာင္ေလးကို ခ်က္ခ်င္းစိုက္ၾကည့္ပစ္လိုက္တာက မေဆြကိုေတာင္ လန္႔သြားေစသည္။လေရာင္ေလးကေတာ့ သူ႕မ်က္ႏွာေပၚက်ေနတဲ့ ဆံပင္စေတြကို သပ္တင္ၿပီး ထိုင္ေနရာကေန ခ်က္ခ်င္းထသည္။

“ကို..ကိုေန လာႀကိဳၿပီလား မမေဆြ”

လေရာင္ေလးအသံက ကယ္တင္႐ွင္ေရာက္လာသလိုမ်ိဳး ခ်က္ခ်င္းတက္ႂကြသြားသည္။အကိုေလးမ်က္ႏွာကေတာ့ေပါက္ကြဲေတာ့မယ့္ မီးေတာင္တစ္ခုနဲ႔တူေနသည္။လေရာင္ေလးကို စိုက္ၾကည့္ေနတာက ေပါက္ထြက္ေတာ့မတတ္။

မေဆြ ေခါင္းၿငိမ့္ျပၿပီးေတာ့သာ ေနရာကမေ႐ြ႕ မတုန္မလႈပ္ရပ္ေနလိုက္သည္။

“ေတာက္!!”

“အင့္”

အကိုေလး အံ့က်ဴးရဲ႕ တက္ေခါက္သံနဲ႔အတူ လေရာင္ေလးရဲ႕ ႐ိႈက္သံကိုပါ တစ္ၿပိဳင္တည္းၾကားလိုက္ရသည္။

“ခင္မ်ား သြားေတာ့”

“ဟုတ္..ဟုတ္ကဲ့”

မေဆြ အျမန္ဆုံးသာ ေျပးဆင္းလာခဲ့လိုက္သည္။အကိုေလးရဲ႕ အၾကည့္ေတြက သားရဲတစ္ေကာင္လိုျဖစ္ေနၿပီး ေၾကာက္စရာေကာင္းလြန္းေနသည္။စိုက္ၾကည့္ခံေနရတဲ့ လေရာင္ေလးေတာ့ ဘယ္လိုေနမယ္မသိ။မေဆြကေတာ့ ၾကက္သီးေတြ တျဖန္းျဖန္းထေနရၿပီျဖစ္သည္။

“ေစာေစာက ခင္မ်ားေျပာတာ တကယ္လား လေရာင္သသ”

လေရာင္ကို ေစ့ေစ့ၾကည့္ၿပီး ေမးလာတဲ့လူက ေဒါသကို ထိန္းခ်ဳပ္ထားရလို႔ထင္သည္ အသံက အနည္းငယ္အက္ကြဲေနသည္။သို႔ေသာ္ လေရာင္မလႈပ္မယွက္ပင္ ႏႈတ္ခမ္းတင္းတင္းေစ့ကာ တုံ႔ျပန္လိုက္သည္။

“အင္း အမွန္ပဲ”

“က်စ္! ခင္မ်ားဗ်ာ”

“မင္းကို စေနာက္ေနရေအာင္ မင္းက ကေလးမဟုတ္သလို ငါလည္း  ကေလးမဟုတ္ဘူး အံ့က်ဴးမ်ိဳးႏြယ္ အင့္”

အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ တုံ႔ျပန္ပုံက လေရာင္ထင္ထားသလိုမဟုတ္ပဲ ဆန္႔က်င္စြာပင္ လေရာင္ကိုယ္ေလးကို တင္းတင္းက်ပ္က်ပ္ဖက္တြယ္လာသည္။သူ႕တစ္ကိုယ္လုံးနဲ႔ မွီခ်လိုက္တာမို႔ လေရာင္မွာ နံရံဆီကို ပိုလို႔ပင္ ကပ္သြားရသည္။

“က်ဳပ္ကို တကယ္ႀကီး ထားခဲ့ေတာ့မွာေပါ့ လေရာင္သသရာ”

သူ႕အျပဳအမူေၾကာင့္ လေရာင္ခဏေတာ့ ေၾကာင္သြားသည္။လေရာင္ပုခုံးေပၚ မ်က္ႏွာအပ္ထားသူက ခါးကေန တင္းေနေအာင္ ဖက္ထားၿပီး တိုးတိုးေရ႐ြတ္ေနသည္။

“စ, ေနတာပဲ မလား၊ စ, ေနတာဆိုရင္လည္း အဲ့ေလာက္ႀကီးပိရိေအာင္ မလုပ္ပါနဲ႔ဗ်ာ”

“ေမာင္… ေမာင္ရယ္”

လေရာင္မ်က္ဝန္းအိမ္ထဲ မ်က္ရည္ေတြက ျပည့္လာျပန္ရသည္။ဒီလိုက်ေတာ့လည္း ဒီေကာင္ေလးကို သူသနားရျပန္သည္။သူ ဘယ္လိုမွကို မယုံၾကည္ႏိုင္ျဖစ္ေနပုံရသည္။သူ႕ကိုယ္ကို လေရာင္အားေလးနဲ႔ တတ္ႏိုင္သေလာက္ ဖ်စ္ညႇစ္ကာ ဖက္ထားလိုက္သည္။

“အင့္..”

အခ်ိန္အေတာ္ၾကာေအာင္ ဖက္တြယ္ထားသူက လေရာင္ဆီကေန ခြာသြားျပန္သည္။တစ္ဖက္ကိုလွည့္ၿပီး လက္လႈပ္႐ွားေနပုံအရ မ်က္ရည္ေတြ သုတ္ေနမွန္းသိလိုက္ရသည္။
အစက သူ႕ကို စိတ္နာေနတာေတြ၊စိတ္ပ်က္ေနတာေတြက ၾကက္ေပ်ာက္ငွက္ေပ်ာက္ ျဖစ္သြားရျပန္သည္။ဒါေတြအားလုံးက ဒီေကာင္ေလး လေရာင္ကို ခ်စ္လြန္းလို႔ ျဖစ္ရတာေတြပဲမလား။

“သြားေတာ့ ”

“ဟို  ေတြ႕..”

“က်ဳပ္ ခင္မ်ားအကိုဆိုတာကို မေတြ႕ခ်င္ဘူး”

ထိုတစ္ခြန္းသာ ေျပာၿပီး ေလွ်ာက္လမ္းကေန အခန္းဆီဦးတည္သြားသူေၾကာင့္ လေရာင္အသံတိတ္႐ိႈက္လိုက္ရျပန္သည္။

“ေမာင့္ကို ခဏခဏ လာေတြ႕မွာပါ”

လေရာင္ ထိုစကားတစ္ခြန္းသာ သူၾကား႐ုံေျပာလိုက္ၿပီး ေလွကားအတိုင္းဆင္းလာခဲ့လိုက္သည္။ဘာပစၥည္းမွလည္း ယူမလာလိုက္ေတာ့။

••••••••

“ေရာ့…”

ႀကီးႀကီးနဲ႔ လေရာင္ တီဗြီၾကည့္ေနတုန္း ကိုေနက လေရာင္လက္ထဲ စေတာ္ဘယ္ရီသီးတစ္လုံးထည့္ေပးလာသည္။လေရာင္ေမာ့ၾကည့္လိုက္ေတာ့ ကိုေနက ျပဳံးၿပီး လေရာင္ကိုၾကည့္ေနသည္။ေသြးက စကားေျပာတာပဲလားမသိ။ကိုေန႔အျပဳံးေတြက လေရာင္ကို ေႏြးေထြးေစသည္။

စေတာ္ဘယ္ရီသီးကိုတစ္လွည့္ ကိုေန႔ကို တစ္လွည့္ၾကည့္ေနေတာ့ ႀကီးႀကီးက လေရာင္ဆံပင္ေတြကို လက္ေခ်ာင္းေတြနဲ႔ အသာၿဖီးသင္ေပးၿပီး ရယ္သည္။

“စားေလ လေရာင္ေလးရဲ႕၊ လေရာင္ေလးငယ္ငယ္တုန္းက စေတာ္ဘယ္ရီ အရမ္းႀကိဳက္တာ၊ဟိုမွာ ေနတုန္းကဆို သားငယ္ေလးကို ျပန္ေတြ႕ရင္ ေပးဖို႔ဆိုၿပီး စေတာ္ဘယ္ရီခင္းႀကီးေတာင္  ေနေကာင္းက စိုက္ေသးတယ္ သားငယ္ေလးရဲ႕”

ႀကီးႀကီးေျပာစကားေၾကာင့္ လေရာင္မ်က္ရည္ေလးေတြေတာင္ ရစ္ဝဲလာသည္။မိခင္တစ္ေယာက္ထဲကေန အတူတူေမြးဖြားခဲ့ပါရက္နဲ႔ ကိုေနနဲ႔ သူနဲ႔က တစ္ကြဲတစ္ျပားစီျဖစ္ခဲ့ရသည္။ေတာ္ေသးသည္က ဖိုးလို ေမတၱာ႐ွင္နဲ႔ေတြ႕လို႔သာ လေရာင္သသ အခုလို လွလွပပေနႏိုင္တာျဖစ္သည္။

ကိုေနက ဆက္တိုက္ျပဳံးေနၿပီး လေရာင္ရဲ႕ နဖူးစပ္က ဆံပင္ေတြကို ဖြဖြသပ္တင္ေနသည္။

“ငယ္ငယ္ေလးကတည္းက ျပန္ေတြ႕ခဲ့သင့္တာ ကေလးရယ္”

ကိုေန႔စကားေၾကာင့္ လေရာင္ ဝမ္းနည္းေပမယ့္ အားတင္းၿပီးသာ ျပဳံးျပလိုက္ရသည္။တကယ္ေတာ့ လေရာင္နဲ႔စာရင္ ကိုေနက ပိုသနားစရာေကာင္းသည္။လေရာင္ ငယ္ဘဝက အတူႀကီးျပင္းေပးခဲ့တဲ့ ခ်စ္ရတဲ့ အံ့က်ဴးမ်ိဳးႏြယ္ ႐ွိေပမယ့္ ကိုေန႔ဘဝက်ေတာ့ တစ္ေယာက္တည္း ႀကီးျပင္းခဲ့ရသည္။

“ဆံပင္႐ွည္က ငယ္ငယ္ေလးကတည္းက ထားတာလား”

“ ဟုတ္ ႀကီးႀကီး”

“ဆံသားေပ်ာ့ေပ်ာ့ေလးေတြက သားငယ္ေလးနဲ႔လွလိုက္တာကြယ္”

ဆံပင္အ႐ွည္နဲ႔ ခပ္ေပ်ာ့ေပ်ာ့ေကာင္ေလးက gay တစ္ေယာက္ဆိုတာ မေျပာလည္းသိေပမယ့္လို႔ ျမန္မာ့လူ႕ပတ္ဝန္းက်င္က စပ္စုၿပီး ေဝဖန္ခ်င္ၾကသည္၊ လူရာမသြင္း ႐ြံစရာတစ္ခုလို ႐ႈံ႕ခ်ခ်င္ၾကသည္။ထို႔ေၾကာင့္လည္း လေရာင္ ပြင့္ပြင့္လင္းလင္းေျပာျပဖို႔ ဆုံးျဖတ္လိုက္သည္။ဒါက သူ႕မိသားစုမိိဳ႕ သူ႕ျဖစ္တည္မႈကိုေတာ့ ေကာင္းေကာင္းသိထားသင့္သည္ေလ။

“ႀကီးႀကီးနဲ႔ ကိုေန႔ကို ကြၽန္ေတာ္ဝန္ခံစရာ႐ွိတယ္”

“ဘာမ်ားလဲဟင္ သားငယ္ေလး”

ႀကီးႀကီးက လေရာင္ဆံပင္ေတြကို ကိုင္တြယ္ေနရာကေန ေမးလာသည္။

“ဟို…ကြၽန္ေတာ္က gay.. ”

လေရာင္ ထိုတစ္ခြန္းသာ ေျပာၿပီး ဘာမွဆက္မေျပာလိုက္ေတာ့။ကိုေနကေတာ့ ေခါင္းကိုသာ တစ္ဆတ္ဆတ္ၿငိမ့္သည္။

“အို..gay ေတာ့ေရာ ဘာျဖစ္လဲ၊ဒီအိမ္က ကေလးက ဒီအိမ္ကကေလးပဲမို႔ လေရာင္ေလးကို ႀကီးႀကီးတို႔က လက္ခံေပးႏိုင္တယ္၊ကုန္ကုန္ေျပာရရင္ လေရာင္ေလး ဘာျဖစ္ျဖစ္ကို ႀကီးႀကီးက လက္ခံေပးႏိုင္တယ္”

“ဟုတ္”

လေရာင္ ဟုတ္တစ္လုံးတည္းသာ ေျပာၿပီး ႀကီးႀကီးရင္ခြင္ထဲ တိုးဝင္ပစ္လိုက္သည္။ႀကီးႀကီးကေတာ့ လေရာင္ဆံပင္ေတြကို တ႐ႈံ႕႐ႈံ႕နမ္းၿပီး ေက်ာကိုအသာပုတ္ေပးေနေလရဲ႕။

SophiaMoon783 (1.12.2022)
______________________________________

တိုသြားတယ္ဟုတ္။တစ္ျဖတ္ေလာက္ေရးၿပီးရင္ကို တအားတင္ခ်င္ေနေတာ့တာ🥺။
Good night ပါ ေဘးကင္းၾကပါေစေနာ္။

Tags: read novel My Possessive Of You 23, novel My Possessive Of You 23, read My Possessive Of You 23 online, My Possessive Of You 23 chapter, My Possessive Of You 23 high quality, My Possessive Of You 23 light novel, ,

Comment

Leave a Reply

Chapter 25