My Possessive Of You 29

All chapters are in My Possessive Of You
A+ A-

“Hello bro”

Wedding အခမ်းအနားပြီးသွားတော့ suit လဲပြီး ဟိုတယ်ဝန်းထဲက ပန်းခြံမှာ လရောင်ဖျော်ရည်သောက်နေတုန်း နိုင်ငံခြားသားတစ်ယောက်က လာနှုတ်ဆက်သည်။အံ့ကျူးကတော့ သူ့ရဲ့ နိုင်ငံခြားသားသူငယ်ချင်းတွေနဲ့ wedding hall ထဲမှာပဲ ကျန်ခဲ့သေးသည်။

“Hello”

လရောင်ပြန်နှုတ်ဆက်တော့ ပြုံးပြပြီး လရောင်ရှေ့မှာ ဝင်ထိုင်သည်။အရပ်အရှည်ကြီးဖြစ်ကာ အသားအရေကလည်း ရဲစပ်စပ်နဲ့ဖြစ်သည်။

“You’re so beautiful”

“အဟင်း..thank you”

ချက်ချင်းပင် လရောင်ကို သိပ်လှတာပဲ ဟုပြောလာတာကြောင့် နည်းနည်းတော့ အနေရခက်သွားသည်။

“Where are you from? ”

“I am from Myanmar”

“Awwn, Myanmar is very beautiful”

“Thank you so much”

လရောင်ကိုသာမက မြန်မာနိုင်ငံကိုပါ လှကြောင်း ချီးကျူးနေတာကြောင့် အနည်းငယ်တော့ ပီတိဖြစ်သွားရသည်။

“Are you single? If you’re single…. ”

“Damn it. Go away mother-fucker. He is my wife!! ”

“အံ့ကျူး..”

လရောင်ကို ဖလစ်ဖို့ စတင်ကြိုးစားနေတဲ့ ထိုနိုင်ငံခြားသားကို မတုံ့ပြန်နိုင်သေးခင်မှာပင် လက်မောင်းရင်းကနေ ဆွဲခြင်းခံလိုက်ရသည်။နိုင်ငံခြားသားကတော့ မျက်နှာတစ်ပြင်လုံး ရဲသွားပြီး ဆန့်ကျင်ဘက်ကို မျက်နှာလွှဲသွားသည်။

အံ့ကျူးကတော့ ပေါက်ထွက်တော့မတတ် ကြည့်နေပြီး လရောင်လက်မောင်းကိုလည်း ဖျစ်ညှစ်ထားသည်။

“အံ့ကျူး…သူက ”

“ခင်များ အသံမထွက်နဲ့!!”

“အင့်”

အခြားသူစိမ်းတစ်ယောက်ရှေ့မှာ အအော်ခံလိုက်ရတော့ လရောင်ရင်ထဲ ဆို့နစ်သွားသည်။အံ့ကျူးမျိုးနွယ်က အလိုက်မသိလိုက်တာ..။

“I’m sorry”

“Go! …go quickly”

လရောင်သသကို ဇိမ်ပြေနပြေကြည့်ပြီး မျက်စိအရသာခံနေတဲ့ ထိုလူ့ပုံစံက အဝေးကမြင်နေရကတည်းက အံ့ကျူးဒေါသတွေကို ဆွနေသည်။သူကသာ ဒေါသတွေထွက်နေရတာ ဘေးက ငတုံးလေးကတော့ ဘာမှတောင်သိပုံမရ။

“အထဲကိုဝင်တော့ ခင်များ”

အံ့ကျူး အော်လိုက်တော့ မျက်စောင်းထိုးပြီး ခြေဆောင့်ကာ ထွက်သွားသည်။တီရှပ်အဖြူကို ဆင်စွယ်ရောင် ဘောင်းဘီတိုနှင့်ဝတ်ထားကာ ဆံပင်တွေကို နောက်လှန်ညှပ်ထားတဲ့ လရောင်သသက သေးသေးကွေးကွေးနှင့် ချစ်စရာလေးဖြစ်နေသည်။

“ဟွန့်”

“အဟက်..”

အံ့ကျူး ကြည့်နေမှန်းသိတော့ နှုတ်ခမ်းပင် စူပြပြန်သေးသည်။အရင်က ဒီလို အကျင့်မျိုးတွေ လရောင်သသမှာ မရှိ။အံ့ကျူးဆူလိုက်ရင် မျက်ရည်လေးအဝိုင်းသားနဲ့ ထွက်သွားတဲ့ အချိန်ကများသည်။အခုတော့ သူမဟုတ်သလို စိတ်ဆိုးကြောင်း အံ့ကျူးသိအောင်ပင် တမင်လုပ်ပြနေသေးသည်။

အလိုလိုက်ထားလို့ မနာခံတတ်နေတာ…။

အံ့ကျူး ခေါင်းငုံ့ပြီး အသာပြုံးလိုက်မိတယ်။လုပ်သမျှငြိမ်ခံနေတာနဲ့စာရင် အခုလိုအပြုအမူလေးနဲ့ ကလန်ကဆန်လုပ်ပြတော့ လရောင်သသက တစ်မျိုးလေးပဲ။

“အံ့ကျူးမျိုးနွယ်..”

“ခင်မျာ..”

ကွန်ဒိုပြန်ရောက်တော့ ဖေဖေက အံ့ကျူးတို့ထက်အရင်ရောက်နှင့်နေသည်။အစက သဘောမကျသလိုလုပ်နေပေမယ့် LAကို အံ့ကျူးတို့ရောက်လာကတည်းက ဖေဖေလည်း Aussie ကနေ လိုက်လာတာဖြစ်သည်။

“ဒီည ပါတီပြီးရင် ပြန်တော့မှာမလား”

အမေးသဘောဆိုပေမယ့် ဖေဖေက ပြန်စေချင်နေသည့် အရိပ်အယောင်တွေပြနေသည်။လရောင်သသကလည်း အံ့ကျူးကိုတစ်လှည့် ဖေဖေ့ကိုတစ်လှည့် ကြည့်နေရှာသည်။

“ပြန်ဖြစ်မယ်ထင်တယ် ဖေဖေ”

“ကောင်းပြီ တအားမူးအောင် သောက်မနေနဲ့”

ဖေဖေပြန်သွားတော့ လရောင်က သွားညီညီလေးတွေပေါ်လာအောင် အံ့ကျူးကို ပြုံးပြနေသည်။

“ဘာပြုံးတာလဲ”

“အဟီး..ဖေဖေ့စကားကို ဒီတစ်ခါနားထောင်သွားပြီ”

ပြောပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေ မှိတ်ကျသွားသည်အထိ ပြုံးနေသေးသည်။လရောင်သသ တစ်ခါပြုံးရယ်လိုက်တိုင်း ပါးနှစ်ဖက်ကလည်း ဖောင်းတက်သွားသည်။

“ရွှတ်!

“အမေ့..ဘာလုပ်!!”

အံ့ကျူး အသံမြည်တဲ့အထိ သူ့ပါးကို ဖိနမ်းပစ်လိုက်တော့ ကိုယ်လေးတောင့်သွားကာ မျက်လုံးပြူးသွားသည်။

“အထဲဝင်တော့ ခဏနေ မမဇူးတို့ရောက်လာရင် party အတွက် ပြင်ဆင်တော့မှာ”

“အင်း”

လရောင်ကို လက်ကောက်ဝတ်ကနေ အသာကိုင်ပြီး ရှေ့ကဦးဆောင်သွားတာကြောင့် နောက်ကနေ အလိုက်သင့်ပင်လိုက်သွားလိုက်ရသည်။

“ရေအတူချိုးမလား”

“ဟင်”

“ရေနွေးစက်က ပျက်နေတယ် ရေအေးပဲရှိတယ်။တစ်ယောက်ထဲချိုးရင် ကြာပြီး အအေးပတ်နေမှာစိုးလို့ ကျွန်တော်နဲ့အတူ တစ်ခါတည်းချိုးလိုက်”

“ဟင့်အင်း! ဟင့်အင်း! ”

“ဘာမှ ကြောက်စရာမရှိဘူး ကျွန်တော်တစ်ယောက်လုံးရှိတယ်”

စကားဆုံးတာနဲ့ လရောင်ကို ကောက်ပွေ့ပြီးသား ဖြစ်နေသည်။ပြုတ်ကျမှာစိုး၍ လည်ပင်းကို သိုင်းဖက်လိုက်တော့ ရယ်သံတိုးတိုးကြားလိုက်ရသည်။သူရှိနေလို့ကို ကြောက်တာ။

ထို့နောက် သိပ်မကြာမီ ရေချိုးခန်းထဲတွင်တော့

“ယားတယ် အံ့ကျူး ဟားဟား..။အာ့ အဲ့လို မကိုက်နဲ့လို့…”

•••••

“အိမ်ထောင်သည်အကိုကြီး ရောက်လာပါပြီ”

“ဒီညအထိ ဒါလင်က လူပျိုပဲရှိသေးတာလေ ဒေးဗစ်ရယ် ဒီညပြီးမှ အဟီးဟီး”

အံ့ကျူးရဲ့ နိုင်ငံခြားသား သူငယ်ချင်းတွေက ဆီးပြီး စနေကြခြင်းဖြစ်သည်။လရောင်သသကတော့ suit အဖြူလေးနှင့် အံ့ကျူးဘေးမှာ ပြုံးပြုံးလေး ယှဥ်ရပ်နေသည်။ဆံပင်ကို မြင့်မြင့်လေးမြှောက်ချည်ထားတဲ့ လရောင်သသက တက်ကြွတဲ့ပုံပေါက်နေသည်။

မိတ်ကပ်ပါးပါးလေး လူးထားတော့ ပါးနှစ်ဖက်က ပန်းရောင်ပြေးချင်နေသည်။ဒေးဗစ်ရဲ့ အသံကျယ်ကြီးကြောင့် အကုန်လုံးရဲ့မျက်ဝန်းတွေက အံ့ကျူးတို့ဆီရောက်လာတယ်။

“ငအံ့”

“အော် ရဲထွဋ်”

ရဲထွဋ်က အပြေးအလွှားရောက်ချလာသည်။လရောင်ကို အားတုံ့အားနာပြုံးပြပြီး အံ့ကျူးကို မျက်နှာရိပ်မျက်နှာကဲပြသည်။လရောင်အထင် ရဲထွဋ်မျက်နှာ အတန်ငယ် ညှိုးနေသည်။

“ကျွန်တော် ဒီကောင်နဲ့ ခဏစကားပြောအုန်းမယ်…လိုက်ခဲ့ချင်လား”

“ဟို..ရ..ရတယ်၊ ငါ ဒီနားမှာပဲ စောင့်နေမယ်”

“အင်း”

လရောင်သသကို တစ်ယောက်တည်း ထားခဲ့ရပေမယ့် အံ့ကျူးမျိုးနွယ် စိတ်မချ။ရဲထွဋ်က တစ်ခုခုကို စိုးရိမ်သလို မျက်နှာမျိုးဖြစ်နေတာကြောင့်သာ ထားခဲ့ရတာ။သူတို့သူငယ်ချင်းတွေမှာလည်း စောင့်ထိန်းပေးရတဲ့ စည်းတွေက ရှိသေးသည်။

ပါတီက လူရင်းတွေကြီးပဲ ဖြစ်နေလို့သာ တော်သေးသည်။

“ညီမင်းဟန် လာတယ်..”

“အင်း သူ့ရော ဖိတ်ထားတာလေ”

“ကျစ်! လွှမ်းရိပ်ငယ်ရော ပါလာတာကွ”

“ဘာရယ်..”

“အေး အဲ့တာပြောတာ သူက ဘာလာရှုပ်တာလဲမသိဘူး”

“အာရုံပဲကွာ..”

“လရောင်သသနဲ့ မင်း အတူရှိနေတုန်း သူဝင်မရှုပ်ဖို့ပဲ မျှော်လင့်ရမယ် ညီမင်းဟန် သူ့ညီကို ထိန်းနိုင်မှာပါ”

အံ့ကျူး  ကြည်လင်နေတဲ့ စိတ်ကလေးတောင် ပျက်သွားရသည်။လရောင်သသကို အဲ့ကောင်လေးကြောင့် ဘယ်လိုမှ အပွန်းအပဲ့မခံနိုင်။စိတ်ကွက်ပြီး မျက်နှာညှိုးသွားမှဖြင့်..ခက်ချည်ရဲ့။

အံ့ကျူး ပါတီထဲကို ပြန်ရောက်သွားတော့ လရောင်သသက မမဇူးဇူးနဲ့ အတူရှိနေသည်။မမပြောသမျှကို စိတ်ဝင်တစားနားထောင်နေတဲ့ သူက မျက်တောင်ရှည်လေးတွေက တစ်ချက်တစ်ချက်လှုပ်ရှားနေသည်။

သူတို့နှစ်ယောက်ကို အံ့ကျူးရပ်ကြည့်နေမှန်း သိတော့မှ စကားစက ပြတ်သွားဟန်တူသည်။နှစ်ယောက်သား ဘာတွေလေဖောင်နေကြပါလိမ့်။

“ဟော…အံ့ကျူး  လရောင်ကို တစ်ယောက်ထဲ ထားပြီး ဘယ်တွေသွားနေတာလဲ”

“ဒီနားလေးတင်..”

“ခဏနေ ဝိုင်ခွက်တွေဖြည့်ရတော့မှာ ဘယ်မှ မသွားနဲ့တော့နော်”

မမဇူးဇူးထွက်သွားတော့မှ လရောင်နောက်ကျောဘက်ဆီကို လျှောက်သွားလိုက်သည်။ အဝတ်တွေကြေလိမ့်မယ် ဆိုပြီး အကပ်မခံတဲ့ ထိုလူသားလေးကို အတန်ငယ်စချင်သေးသည်လေ။

“ဟင့် ဘာလုပ်..”

ဆံပင်တွေ မြှောက်ချည်ထားလို့ ထင်ထင်ရှားရှားဖြစ်နေတဲ့ နားရွက်ဖျားလေးကို သွားနဲ့ အသာကိုက်လိုက်တော့ တွန့်သွားသည်။

“ခဏလောက် ဖက်ထားချင်တယ်”

“ဟင်..”

“ရေချိုးတာကြာသွားလို့လားမသိဘူး နည်းနည်းချမ်းနေတယ်”

လရောင် မော့ကြည့်လိုက်တော့ အံ့ကျူးက လရောင်လက်ကို ဆွဲပြီး နှုတ်ခမ်းကြီးစူကာ ချွဲတဲ့ အမူအရာလုပ်နေပြန်သည်။

“ရေချိုးတာကြာအောင်  ဘယ်သူလုပ်တာလဲလို့”

“ခင်များလေ..”

“ဘာရယ်”

“ခင်များအသားစိုင်လေးတွေက ကောင်းလွန်း..ဝွန်း”

အတင့်ရဲစွာ ထွက်လာတဲ့ သူ့ပါးစပ်ကို လရောင် လျင်လျင်မြန်မြန်ပင် ပိတ်ပစ်လိုက်ရသည်။ ဒီကောင်လေး အရှက်မဲ့လိုက်တာ။

“ကိုကို..!!”

ခေါ်သံကြောင့် လရောင်တို့ နှစ်ယောက်လုံး ကျီစယ်နေရာကနေ ရပ်တန့်သွားရသည်။
အသံပိုင်ရှင်က လရောင်တို့ရှေ့မှာရောက်နေပြီး ကြည်ပြာရောင် suit လေးနဲ့ အလှဆုံး ပြုံးပြနေသည်။

လရောင်စိတ်ထဲ မြင်ဖူးသလိုရှိပေမယ့် မသဲကွဲ။အံ့ကျူးကတော့ မျက်လုံးတွေက မီးတောက်တော့မယ့်အလား ထိုကောင်လေးကို စိုက်ကြည့်နေသည်။

“မင်းနဲ့အသိလား အံ့ကျူး”

“ဝိုင်ခွက်တွေ သွားဖြည့်ရအောင် လရောင်သသ”

အံ့ကျူးမျိုးနွယ်က လရောင်စကားကိုလည်းမကြားဟန်ပြုသလို ထိုကောင်လေးကိုလည်းရှောင်ဖယ်ဖို့ကြိုးစားနေသည်။

“ဒီမှာ မင်းနဲ့အသိထင်တယ် အံ့ကျူးရဲ့”

လရောင်လက်ကို ဆွဲပြီး သွားတော့ဖို့ ကြိုးစားနေတဲ့ သူ့ကို အင်္ကျီစကို ပြန်ဆွဲထားလိုက်ရသည်။

“ကိုကို ကွန်ဂရက်ကျူရေးရှင်းပါနော်”

“Thanks you လွှမ်းရိိပ်ငယ်၊ခွင့်ပြုပါအုန်း”

“ဟင် သူလား အံ့ကျူး..”

လွှမ်းရိိပ်ငယ်ဆိုတဲ့ အသံကြားမှ လရောင် ကောင်းကောင်းမှတ်မိသွားသည်။ဘားမှာ တွေ့ခဲ့တဲ့ တစ်ယောက်ပဲ။

“ဟိုတစ်ခါကိစ္စအတွက် ငယ်တောင်းပန်ပါတယ်”

“မလိုဘူး”

“အံ့ကျူးကလည်း တောင်းပန်နေတဲ့ဟာကို..”

“အင်း အဲ့တော့ ကျွန်တော်က ဘာလုပ်ပေးလိုက်ရမလဲ ခင်များပြောကြည့်”

“သူလည်း လွန်လွန်ကြူးကြူးမမှားဘူးလေ”

“ဟာ..မှားတာပေါ့ သူသာ အဲ့လိုဆေးမခတ်ခဲ့ဘူးဆိုရင် ခင်များရဲ့ပထမဆုံးကို အခုလိုအချိန်မျိုးမှ အခမ်းနားဆုံး ယူခွင့်ရခဲ့မှာ။ အဲ့ကိစ္စအတွက် ခင်များအပေါ် အခုထိ မတရားသလို ခံစားမိတုန်းပဲ”

အံ့ကျူးအသံက ကျယ်လွန်း၍ ဘေးလူတွေပါ အာရုံစိုက်လာခြင်းခံလိုက်ရသည်။လွှမ်းရိိပ်ငယ်ကတော့ ခေါင်းကို ငုံ့ထားပေမယ့် လရောင်သသကတော့ ပါးစပ်အဟောင်းသားဖြစ်နေပြီဖြစ်သည်။

“သူများကိုပဲ ကြည့်မနေနဲ့ ခင်များရော ကိုယ်နဲ့ ဘယ်လိုရှေ့ဆက်ရမလဲ မသိတဲ့ လူကို အလွယ်တကူ ပေးလိုက်ရက်တယ်”

“အဲ့လူက မင်းဖြစ်နေလို့လေ တော်လောက်ပြီထင်တယ်”

နောက်ဆုံး စကားစုကို လရောင်တမင်မြှင့်အော်လိုက်တော့ လက်ကောက်ဝတ်ကနေ ဆွဲခေါ်ခြင်းခံလိုက်ရသည်။ရုတ်တရက် သူ့ရင်ဘတ်နဲ့ ကပ်သွားပြီး သူ့ရဲ့ အသက်ရှူသံပြင်းပြင်းကိုတောင် ကြားနေရသည်။

“ကျစ်! ကျုပ်ဘယ်လောက်တောင် ယူကျုံးတွေမရ ဖြစ်လဲသိလား..ကျုပ် တန်ဖိုးထားတဲ့ ခင်များကို အဲ့လိုနည်းနဲ့ ယူချင်ခဲ့တာမှ မဟုတ်တာ”

“ပြန်ရအောင်..”

“ဘာ..”

“ငါ ဆက်မနေချင်တော့ဘူး”

“ဝိုင်ဖြည့်ရအုန်းမယ်လေ”

“ဝိုင်မဖြည့်လည်း မင်းနဲ့ငါ တရားဝင်လက်ထပ်ပြီးသား ဖြစ်သွားပြီမလား  ငါနားချင်နေပြီ”

စိတ်ခုသွားပြီဆိုတာ သိလိုက်သည်။စကားသံက အနည်းငယ်ဖြေးညင်းသွားပြီး နွမ်းလျသလိုဖြစ်သွားသည်။

“စိတ်ဆိုးသွားတာလား ကျွန်တော်က ခင်များကို အဖိုးဖြတ်မရအောင် မြတ်နိုးနေမိလို့ပါဗျာ
ခင်များကို တရားဝင်မပိုင်ဆိုင်ရသေးပဲ အရယူမိတဲ့မှတ်ဥာဏ်က ကျွန်တော့်ကို နေ့စဥ်နဲ့အမျှ နှောက်ယှက်နေတာ”

“အင့်..”

“ဖြစ်စေတဲ့ တရားခံကိုမြင်တော့ ပိုပြီး ယူကျုံးမရ ဖြစ်မိတာ”

“အင့် ပြန်ရအောင်..”

အံ့ကျူး အင်္ကျီရင်ဘတ်ကို ဆုပ်ထားတဲ့ လက်ကလေးတွေက ပိုပြီးတင်းကျပ်လာသည်။

“မငိုနဲ့တော့ ပြန်ကြမယ်နော်၊ ငိုနေရအောင် ခင်များက ကလေးလား”

“အများကြီး ချစ်တယ်နော် မောင်…။ငါ့ကို အဲ့လောက်ချစ်မှန်း မသိခဲ့ဘူး”

“အင်း ချစ်တယ်…ရူးသွားလောက်အောင်ပဲ…”

SophiaMoon783(25.1.2023)
______________________________________

ကျွန်တော် လုံးဝ နေပြန်ကောင်းသွားပါပြီ။
ဒီတစ်ခါအဖျားကတော့ လန့်စရာပဲ။
Fic က သက်တမ်းအရမ်းကြာနေပြီမို့ မြန်မြန်လေး ရေးပါတော့မယ် ဆက်မဖျားတော့ရင်ပေါ့..။

______________________________________

The next part will come on 27.1.2023.

“Hello bro”

Wedding အခမ္းအနားၿပီးသြားေတာ့ suit လဲၿပီး ဟိုတယ္ဝန္းထဲက ပန္းျခံမွာ လေရာင္ေဖ်ာ္ရည္ေသာက္ေနတုန္း ႏိုင္ငံျခားသားတစ္ေယာက္က လာႏႈတ္ဆက္သည္။အံ့က်ဴးကေတာ့ သူ႕ရဲ႕ ႏိုင္ငံျခားသားသူငယ္ခ်င္းေတြနဲ႔ wedding hall ထဲမွာပဲ က်န္ခဲ့ေသးသည္။

“Hello”

လေရာင္ျပန္ႏႈတ္ဆက္ေတာ့ ျပဳံးျပၿပီး လေရာင္ေ႐ွ႕မွာ ဝင္ထိုင္သည္။အရပ္အ႐ွည္ႀကီးျဖစ္ကာ အသားအေရကလည္း ရဲစပ္စပ္နဲ႔ျဖစ္သည္။

“You’re so beautiful”

“အဟင္း..thank you”

ခ်က္ခ်င္းပင္ လေရာင္ကို သိပ္လွတာပဲ ဟုေျပာလာတာေၾကာင့္ နည္းနည္းေတာ့ အေနရခက္သြားသည္။

“Where are you from? ”

“I am from Myanmar”

“Awwn, Myanmar is very beautiful”

“Thank you so much”

လေရာင္ကိုသာမက ျမန္မာႏိုင္ငံကိုပါ လွေၾကာင္း ခ်ီးက်ဴးေနတာေၾကာင့္ အနည္းငယ္ေတာ့ ပီတိျဖစ္သြားရသည္။

“Are you single? If you’re single…. ”

“Damn it. Go away mother-fucker. He is my wife!! ”

“အံ့က်ဴး..”

လေရာင္ကို ဖလစ္ဖို႔ စတင္ႀကိဳးစားေနတဲ့ ထိုႏိုင္ငံျခားသားကို မတုံ႔ျပန္ႏိုင္ေသးခင္မွာပင္ လက္ေမာင္းရင္းကေန ဆြဲျခင္းခံလိုက္ရသည္။ႏိုင္ငံျခားသားကေတာ့ မ်က္ႏွာတစ္ျပင္လုံး ရဲသြားၿပီး ဆန္႔က်င္ဘက္ကို မ်က္ႏွာလႊဲသြားသည္။

အံ့က်ဴးကေတာ့ ေပါက္ထြက္ေတာ့မတတ္ ၾကည့္ေနၿပီး လေရာင္လက္ေမာင္းကိုလည္း ဖ်စ္ညႇစ္ထားသည္။

“အံ့က်ဴး…သူက ”

“ခင္မ်ား အသံမထြက္နဲ႔!!”

“အင့္”

အျခားသူစိမ္းတစ္ေယာက္ေ႐ွ႕မွာ အေအာ္ခံလိုက္ရေတာ့ လေရာင္ရင္ထဲ ဆို႔နစ္သြားသည္။အံ့က်ဴးမ်ိဳးႏြယ္က အလိုက္မသိလိုက္တာ..။

“I’m sorry”

“Go! …go quickly”

လေရာင္သသကို ဇိမ္ေျပနေျပၾကည့္ၿပီး မ်က္စိအရသာခံေနတဲ့ ထိုလူ႕ပုံစံက အေဝးကျမင္ေနရကတည္းက အံ့က်ဴးေဒါသေတြကို ဆြေနသည္။သူကသာ ေဒါသေတြထြက္ေနရတာ ေဘးက ငတုံးေလးကေတာ့ ဘာမွေတာင္သိပုံမရ။

“အထဲကိုဝင္ေတာ့ ခင္မ်ား”

အံ့က်ဴး ေအာ္လိုက္ေတာ့ မ်က္ေစာင္းထိုးၿပီး ေျခေဆာင့္ကာ ထြက္သြားသည္။တီ႐ွပ္အျဖဴကို ဆင္စြယ္ေရာင္ ေဘာင္းဘီတိုႏွင့္ဝတ္ထားကာ ဆံပင္ေတြကို ေနာက္လွန္ညႇပ္ထားတဲ့ လေရာင္သသက ေသးေသးေကြးေကြးႏွင့္ ခ်စ္စရာေလးျဖစ္ေနသည္။

“ဟြန္႔”

“အဟက္..”

အံ့က်ဴး ၾကည့္ေနမွန္းသိေတာ့ ႏႈတ္ခမ္းပင္ စူျပျပန္ေသးသည္။အရင္က ဒီလို အက်င့္မ်ိဳးေတြ လေရာင္သသမွာ မ႐ွိ။အံ့က်ဴးဆူလိုက္ရင္ မ်က္ရည္ေလးအဝိုင္းသားနဲ႔ ထြက္သြားတဲ့ အခ်ိန္ကမ်ားသည္။အခုေတာ့ သူမဟုတ္သလို စိတ္ဆိုးေၾကာင္း အံ့က်ဴးသိေအာင္ပင္ တမင္လုပ္ျပေနေသးသည္။

အလိုလိုက္ထားလို႔ မနာခံတတ္ေနတာ…။

အံ့က်ဴး ေခါင္းငုံ႔ၿပီး အသာျပဳံးလိုက္မိတယ္။လုပ္သမွ်ၿငိမ္ခံေနတာနဲ႔စာရင္ အခုလိုအျပဳအမူေလးနဲ႔ ကလန္ကဆန္လုပ္ျပေတာ့ လေရာင္သသက တစ္မ်ိဳးေလးပဲ။

“အံ့က်ဴးမ်ိဳးႏြယ္..”

“ခင္မ်ာ..”

ကြန္ဒိုျပန္ေရာက္ေတာ့ ေဖေဖက အံ့က်ဴးတို႔ထက္အရင္ေရာက္ႏွင့္ေနသည္။အစက သေဘာမက်သလိုလုပ္ေနေပမယ့္ LAကို အံ့က်ဴးတို႔ေရာက္လာကတည္းက ေဖေဖလည္း Aussie ကေန လိုက္လာတာျဖစ္သည္။

“ဒီည ပါတီၿပီးရင္ ျပန္ေတာ့မွာမလား”

အေမးသေဘာဆိုေပမယ့္ ေဖေဖက ျပန္ေစခ်င္ေနသည့္ အရိပ္အေယာင္ေတြျပေနသည္။လေရာင္သသကလည္း အံ့က်ဴးကိုတစ္လွည့္ ေဖေဖ့ကိုတစ္လွည့္ ၾကည့္ေန႐ွာသည္။

“ျပန္ျဖစ္မယ္ထင္တယ္ ေဖေဖ”

“ေကာင္းၿပီ တအားမူးေအာင္ ေသာက္မေနနဲ႔”

ေဖေဖျပန္သြားေတာ့ လေရာင္က သြားညီညီေလးေတြေပၚလာေအာင္ အံ့က်ဴးကို ျပဳံးျပေနသည္။

“ဘာျပဳံးတာလဲ”

“အဟီး..ေဖေဖ့စကားကို ဒီတစ္ခါနားေထာင္သြားၿပီ”

ေျပာၿပီး မ်က္လုံးဝိုင္းဝိုင္းေလးေတြ မွိတ္က်သြားသည္အထိ ျပဳံးေနေသးသည္။လေရာင္သသ တစ္ခါျပဳံးရယ္လိုက္တိုင္း ပါးႏွစ္ဖက္ကလည္း ေဖာင္းတက္သြားသည္။

“႐ႊတ္!

“အေမ့..ဘာလုပ္!!”

အံ့က်ဴး အသံျမည္တဲ့အထိ သူ႕ပါးကို ဖိနမ္းပစ္လိုက္ေတာ့ ကိုယ္ေလးေတာင့္သြားကာ မ်က္လုံးျပဴးသြားသည္။

“အထဲဝင္ေတာ့ ခဏေန မမဇူးတို႔ေရာက္လာရင္ party အတြက္ ျပင္ဆင္ေတာ့မွာ”

“အင္း”

လေရာင္ကို လက္ေကာက္ဝတ္ကေန အသာကိုင္ၿပီး ေ႐ွ႕ကဦးေဆာင္သြားတာေၾကာင့္ ေနာက္ကေန အလိုက္သင့္ပင္လိုက္သြားလိုက္ရသည္။

“ေရအတူခ်ိဳးမလား”

“ဟင္”

“ေရေႏြးစက္က ပ်က္ေနတယ္ ေရေအးပဲ႐ွိတယ္။တစ္ေယာက္ထဲခ်ိဳးရင္ ၾကာၿပီး အေအးပတ္ေနမွာစိုးလို႔ ကြၽန္ေတာ္နဲ႔အတူ တစ္ခါတည္းခ်ိဳးလိုက္”

“ဟင့္အင္း! ဟင့္အင္း! ”

“ဘာမွ ေၾကာက္စရာမ႐ွိဘူး ကြၽန္ေတာ္တစ္ေယာက္လုံး႐ွိတယ္”

စကားဆုံးတာနဲ႔ လေရာင္ကို ေကာက္ေပြ႕ၿပီးသား ျဖစ္ေနသည္။ျပဳတ္က်မွာစိုး၍ လည္ပင္းကို သိုင္းဖက္လိုက္ေတာ့ ရယ္သံတိုးတိုးၾကားလိုက္ရသည္။သူ႐ွိေနလို႔ကို ေၾကာက္တာ။

ထို႔ေနာက္ သိပ္မၾကာမီ ေရခ်ိဳးခန္းထဲတြင္ေတာ့

“ယားတယ္ အံ့က်ဴး ဟားဟား..။အာ့ အဲ့လို မကိုက္နဲ႔လို႔…”

•••••

“အိမ္ေထာင္သည္အကိုႀကီး ေရာက္လာပါၿပီ”

“ဒီညအထိ ဒါလင္က လူပ်ိဳပဲ႐ွိေသးတာေလ ေဒးဗစ္ရယ္ ဒီညၿပီးမွ အဟီးဟီး”

အံ့က်ဴးရဲ႕ ႏိုင္ငံျခားသား သူငယ္ခ်င္းေတြက ဆီးၿပီး စေနၾကျခင္းျဖစ္သည္။လေရာင္သသကေတာ့ suit အျဖဴေလးႏွင့္ အံ့က်ဴးေဘးမွာ ျပဳံးျပဳံးေလး ယွဥ္ရပ္ေနသည္။ဆံပင္ကို ျမင့္ျမင့္ေလးေျမႇာက္ခ်ည္ထားတဲ့ လေရာင္သသက တက္ႂကြတဲ့ပုံေပါက္ေနသည္။

မိတ္ကပ္ပါးပါးေလး လူးထားေတာ့ ပါးႏွစ္ဖက္က ပန္းေရာင္ေျပးခ်င္ေနသည္။ေဒးဗစ္ရဲ႕ အသံက်ယ္ႀကီးေၾကာင့္ အကုန္လုံးရဲ႕မ်က္ဝန္းေတြက အံ့က်ဴးတို႔ဆီေရာက္လာတယ္။

“ငအံ့”

“ေအာ္ ရဲထြဋ္”

ရဲထြဋ္က အေျပးအလႊားေရာက္ခ်လာသည္။လေရာင္ကို အားတုံ႔အားနာျပဳံးျပၿပီး အံ့က်ဴးကို မ်က္ႏွာရိပ္မ်က္ႏွာကဲျပသည္။လေရာင္အထင္ ရဲထြဋ္မ်က္ႏွာ အတန္ငယ္ ညိႇဳးေနသည္။

“ကြၽန္ေတာ္ ဒီေကာင္နဲ႔ ခဏစကားေျပာအုန္းမယ္…လိုက္ခဲ့ခ်င္လား”

“ဟို..ရ..ရတယ္၊ ငါ ဒီနားမွာပဲ ေစာင့္ေနမယ္”

“အင္း”

လေရာင္သသကို တစ္ေယာက္တည္း ထားခဲ့ရေပမယ့္ အံ့က်ဴးမ်ိဳးႏြယ္ စိတ္မခ်။ရဲထြဋ္က တစ္ခုခုကို စိုးရိမ္သလို မ်က္ႏွာမ်ိဳးျဖစ္ေနတာေၾကာင့္သာ ထားခဲ့ရတာ။သူတို႔သူငယ္ခ်င္းေတြမွာလည္း ေစာင့္ထိန္းေပးရတဲ့ စည္းေတြက ႐ွိေသးသည္။

ပါတီက လူရင္းေတြႀကီးပဲ ျဖစ္ေနလို႔သာ ေတာ္ေသးသည္။

“ညီမင္းဟန္ လာတယ္..”

“အင္း သူ႕ေရာ ဖိတ္ထားတာေလ”

“က်စ္! လႊမ္းရိပ္ငယ္ေရာ ပါလာတာကြ”

“ဘာရယ္..”

“ေအး အဲ့တာေျပာတာ သူက ဘာလာ႐ႈပ္တာလဲမသိဘူး”

“အာ႐ုံပဲကြာ..”

“လေရာင္သသနဲ႔ မင္း အတူ႐ွိေနတုန္း သူဝင္မ႐ႈပ္ဖို႔ပဲ ေမွ်ာ္လင့္ရမယ္ ညီမင္းဟန္ သူ႕ညီကို ထိန္းႏိုင္မွာပါ”

အံ့က်ဴး  ၾကည္လင္ေနတဲ့ စိတ္ကေလးေတာင္ ပ်က္သြားရသည္။လေရာင္သသကို အဲ့ေကာင္ေလးေၾကာင့္ ဘယ္လိုမွ အပြန္းအပဲ့မခံႏိုင္။စိတ္ကြက္ၿပီး မ်က္ႏွာညိႇဳးသြားမွျဖင့္..ခက္ခ်ည္ရဲ႕။

အံ့က်ဴး ပါတီထဲကို ျပန္ေရာက္သြားေတာ့ လေရာင္သသက မမဇူးဇူးနဲ႔ အတူ႐ွိေနသည္။မမေျပာသမွ်ကို စိတ္ဝင္တစားနားေထာင္ေနတဲ့ သူက မ်က္ေတာင္႐ွည္ေလးေတြက တစ္ခ်က္တစ္ခ်က္လႈပ္႐ွားေနသည္။

သူတို႔ႏွစ္ေယာက္ကို အံ့က်ဴးရပ္ၾကည့္ေနမွန္း သိေတာ့မွ စကားစက ျပတ္သြားဟန္တူသည္။ႏွစ္ေယာက္သား ဘာေတြေလေဖာင္ေနၾကပါလိမ့္။

“ေဟာ…အံ့က်ဴး  လေရာင္ကို တစ္ေယာက္ထဲ ထားၿပီး ဘယ္ေတြသြားေနတာလဲ”

“ဒီနားေလးတင္..”

“ခဏေန ဝိုင္ခြက္ေတြျဖည့္ရေတာ့မွာ ဘယ္မွ မသြားနဲ႔ေတာ့ေနာ္”

မမဇူးဇူးထြက္သြားေတာ့မွ လေရာင္ေနာက္ေက်ာဘက္ဆီကို ေလွ်ာက္သြားလိုက္သည္။ အဝတ္ေတြေၾကလိမ့္မယ္ ဆိုၿပီး အကပ္မခံတဲ့ ထိုလူသားေလးကို အတန္ငယ္စခ်င္ေသးသည္ေလ။

“ဟင့္ ဘာလုပ္..”

ဆံပင္ေတြ ေျမႇာက္ခ်ည္ထားလို႔ ထင္ထင္႐ွား႐ွားျဖစ္ေနတဲ့ နား႐ြက္ဖ်ားေလးကို သြားနဲ႔ အသာကိုက္လိုက္ေတာ့ တြန္႔သြားသည္။

“ခဏေလာက္ ဖက္ထားခ်င္တယ္”

“ဟင္..”

“ေရခ်ိဳးတာၾကာသြားလို႔လားမသိဘူး နည္းနည္းခ်မ္းေနတယ္”

လေရာင္ ေမာ့ၾကည့္လိုက္ေတာ့ အံ့က်ဴးက လေရာင္လက္ကို ဆြဲၿပီး ႏႈတ္ခမ္းႀကီးစူကာ ခြၽဲတဲ့ အမူအရာလုပ္ေနျပန္သည္။

“ေရခ်ိဳးတာၾကာေအာင္  ဘယ္သူလုပ္တာလဲလို႔”

“ခင္မ်ားေလ..”

“ဘာရယ္”

“ခင္မ်ားအသားစိုင္ေလးေတြက ေကာင္းလြန္း..ဝြန္း”

အတင့္ရဲစြာ ထြက္လာတဲ့ သူ႕ပါးစပ္ကို လေရာင္ လ်င္လ်င္ျမန္ျမန္ပင္ ပိတ္ပစ္လိုက္ရသည္။ ဒီေကာင္ေလး အ႐ွက္မဲ့လိုက္တာ။

“ကိုကို..!!”

ေခၚသံေၾကာင့္ လေရာင္တို႔ ႏွစ္ေယာက္လုံး က်ီစယ္ေနရာကေန ရပ္တန္႔သြားရသည္။
အသံပိုင္႐ွင္က လေရာင္တို႔ေ႐ွ႕မွာေရာက္ေနၿပီး ၾကည္ျပာေရာင္ suit ေလးနဲ႔ အလွဆုံး ျပဳံးျပေနသည္။

လေရာင္စိတ္ထဲ ျမင္ဖူးသလို႐ွိေပမယ့္ မသဲကြဲ။အံ့က်ဴးကေတာ့ မ်က္လုံးေတြက မီးေတာက္ေတာ့မယ့္အလား ထိုေကာင္ေလးကို စိုက္ၾကည့္ေနသည္။

“မင္းနဲ႔အသိလား အံ့က်ဴး”

“ဝိုင္ခြက္ေတြ သြားျဖည့္ရေအာင္ လေရာင္သသ”

အံ့က်ဴးမ်ိဳးႏြယ္က လေရာင္စကားကိုလည္းမၾကားဟန္ျပဳသလို ထိုေကာင္ေလးကိုလည္းေ႐ွာင္ဖယ္ဖို႔ႀကိဳးစားေနသည္။

“ဒီမွာ မင္းနဲ႔အသိထင္တယ္ အံ့က်ဴးရဲ႕”

လေရာင္လက္ကို ဆြဲၿပီး သြားေတာ့ဖို႔ ႀကိဳးစားေနတဲ့ သူ႕ကို အက်ႌစကို ျပန္ဆြဲထားလိုက္ရသည္။

“ကိုကို ကြန္ဂရက္က်ဴေရး႐ွင္းပါေနာ္”

“Thanks you လႊမ္းရိိပ္ငယ္၊ခြင့္ျပဳပါအုန္း”

“ဟင္ သူလား အံ့က်ဴး..”

လႊမ္းရိိပ္ငယ္ဆိုတဲ့ အသံၾကားမွ လေရာင္ ေကာင္းေကာင္းမွတ္မိသြားသည္။ဘားမွာ ေတြ႕ခဲ့တဲ့ တစ္ေယာက္ပဲ။

“ဟိုတစ္ခါကိစၥအတြက္ ငယ္ေတာင္းပန္ပါတယ္”

“မလိုဘူး”

“အံ့က်ဴးကလည္း ေတာင္းပန္ေနတဲ့ဟာကို..”

“အင္း အဲ့ေတာ့ ကြၽန္ေတာ္က ဘာလုပ္ေပးလိုက္ရမလဲ ခင္မ်ားေျပာၾကည့္”

“သူလည္း လြန္လြန္ၾကဴးၾကဴးမမွားဘူးေလ”

“ဟာ..မွားတာေပါ့ သူသာ အဲ့လိုေဆးမခတ္ခဲ့ဘူးဆိုရင္ ခင္မ်ားရဲ႕ပထမဆုံးကို အခုလိုအခ်ိန္မ်ိဳးမွ အခမ္းနားဆုံး ယူခြင့္ရခဲ့မွာ။ အဲ့ကိစၥအတြက္ ခင္မ်ားအေပၚ အခုထိ မတရားသလို ခံစားမိတုန္းပဲ”

အံ့က်ဴးအသံက က်ယ္လြန္း၍ ေဘးလူေတြပါ အာ႐ုံစိုက္လာျခင္းခံလိုက္ရသည္။လႊမ္းရိိပ္ငယ္ကေတာ့ ေခါင္းကို ငုံ႔ထားေပမယ့္ လေရာင္သသကေတာ့ ပါးစပ္အေဟာင္းသားျဖစ္ေနၿပီျဖစ္သည္။

“သူမ်ားကိုပဲ ၾကည့္မေနနဲ႔ ခင္မ်ားေရာ ကိုယ္နဲ႔ ဘယ္လိုေ႐ွ႕ဆက္ရမလဲ မသိတဲ့ လူကို အလြယ္တကူ ေပးလိုက္ရက္တယ္”

“အဲ့လူက မင္းျဖစ္ေနလို႔ေလ ေတာ္ေလာက္ၿပီထင္တယ္”

ေနာက္ဆုံး စကားစုကို လေရာင္တမင္ျမႇင့္ေအာ္လိုက္ေတာ့ လက္ေကာက္ဝတ္ကေန ဆြဲေခၚျခင္းခံလိုက္ရသည္။႐ုတ္တရက္ သူ႕ရင္ဘတ္နဲ႔ ကပ္သြားၿပီး သူ႕ရဲ႕ အသက္႐ွဴသံျပင္းျပင္းကိုေတာင္ ၾကားေနရသည္။

“က်စ္! က်ဳပ္ဘယ္ေလာက္ေတာင္ ယူက်ံဳးေတြမရ ျဖစ္လဲသိလား..က်ဳပ္ တန္ဖိုးထားတဲ့ ခင္မ်ားကို အဲ့လိုနည္းနဲ႔ ယူခ်င္ခဲ့တာမွ မဟုတ္တာ”

“ျပန္ရေအာင္..”

“ဘာ..”

“ငါ ဆက္မေနခ်င္ေတာ့ဘူး”

“ဝိုင္ျဖည့္ရအုန္းမယ္ေလ”

“ဝိုင္မျဖည့္လည္း မင္းနဲ႔ငါ တရားဝင္လက္ထပ္ၿပီးသား ျဖစ္သြားၿပီမလား  ငါနားခ်င္ေနၿပီ”

စိတ္ခုသြားၿပီဆိုတာ သိလိုက္သည္။စကားသံက အနည္းငယ္ေျဖးညင္းသြားၿပီး ႏြမ္းလ်သလိုျဖစ္သြားသည္။

“စိတ္ဆိုးသြားတာလား ကြၽန္ေတာ္က ခင္မ်ားကို အဖိုးျဖတ္မရေအာင္ ျမတ္ႏိုးေနမိလို႔ပါဗ်ာ
ခင္မ်ားကို တရားဝင္မပိုင္ဆိုင္ရေသးပဲ အရယူမိတဲ့မွတ္ဥာဏ္က ကြၽန္ေတာ္႕ကို ေန႔စဥ္နဲ႔အမွ် ေႏွာက္ယွက္ေနတာ”

“အင့္..”

“ျဖစ္ေစတဲ့ တရားခံကိုျမင္ေတာ့ ပိုၿပီး ယူက်ံဳးမရ ျဖစ္မိတာ”

“အင့္ ျပန္ရေအာင္..”

အံ့က်ဴး အက်ႌရင္ဘတ္ကို ဆုပ္ထားတဲ့ လက္ကေလးေတြက ပိုၿပီးတင္းက်ပ္လာသည္။

“မငိုနဲ႔ေတာ့ ျပန္ၾကမယ္ေနာ္၊ ငိုေနရေအာင္ ခင္မ်ားက ကေလးလား”

“အမ်ားႀကီး ခ်စ္တယ္ေနာ္ ေမာင္…။ငါ့ကို အဲ့ေလာက္ခ်စ္မွန္း မသိခဲ့ဘူး”

“အင္း ခ်စ္တယ္…႐ူးသြားေလာက္ေအာင္ပဲ…”

SophiaMoon783(25.1.2023)
______________________________________

ကြၽန္ေတာ္ လုံးဝ ေနျပန္ေကာင္းသြားပါၿပီ။
ဒီတစ္ခါအဖ်ားကေတာ့ လန္႔စရာပဲ။
Fic က သက္တမ္းအရမ္းၾကာေနၿပီမို႔ ျမန္ျမန္ေလး ေရးပါေတာ့မယ္ ဆက္မဖ်ားေတာ့ရင္ေပါ့..။

______________________________________

The next part will come on 27.1.2023.

Tags: read novel My Possessive Of You 29, novel My Possessive Of You 29, read My Possessive Of You 29 online, My Possessive Of You 29 chapter, My Possessive Of You 29 high quality, My Possessive Of You 29 light novel, ,

Comment

Leave a Reply

Chapter 31