My Possessive Of You 5

All chapters are in My Possessive Of You
A+ A-

Unicode.

တီ တီ!

အိမ်ရှေ့မှာရပ်နေတုန်း နောက်က ဆိုင်ကယ်ဟွန်းသံအကျယ်ကြီးကြောင့် လရောင်လန့်သွားရသည်။အလုပ်အတွက် အင်တာဗျူးသွားဖြေဖို့ ပြင်နေတုန်း မမဇူးက သူလိုက်ပို့ပေးမည်ဆို၍ စောင့်နေရခြင်းဖြစ်သည်။

သူ့ဆိုင်ကယ်နဲ့ လွတ်ရာကို ရပ်နေပါရက်နဲ့ တတီတီလုပ်နေတာမို့ နောက်ကိုလှည့်ကြည့်လိုက်တော့ Helmet အပြာရောင်ကိုဆောင်းထားပြီး နက်ပြာရောင်ဂျာကင်ကို မိတ်ကပ်ရောင် pant နဲ့တွဲဝတ်ထားသည့် အံ့ကျူးမျိုးနွယ်ကို အခန့်သားတွေ့လိုက်ရသည်။

“ဘယ်သွားမလို့လဲ ကျုပ်လိုက်ပို့ပေးမယ်”

“အင်တာဗျူးသွားဖြေမလို့ မမဇူးလိုက်ပို့မှာ”

လရောင်ရဲ့အဖြေကို အံ့ကျူးက သဘောမကျဟန် မျက်မှောက်ကြုတ်သည်။အံ့ကျူးမျိုးနွယ်ဖြစ်နေလို့သာ ချစ်မိနေတာဖြစ်သည်။သဘောမတွေ့စရာအချက်တွေမှ အများကြီး ဒီလူမှာရှိနေသည်။အခြားလူရဲ့အမြင်ကို ထည့်မတွေး သူ့သဘောသူ့ဆန္ဒပဲ ဖြစ်စေချင်နေတာ။

“ဘာလဲ ငြင်းနေတာလား ခုက”

“မဟုတ်ပါဘူး မမဇူးနဲ့အတူသွားဖို့ ပြောပြီးသားမလို့ပါ”

“ဘယ်သူ့အပိုင်လဲ”

“ဟမ်”

ဇာတိကပြလာပြန်ပြီ။အခုတလော သူ့အပိုင်ဖြစ်ကြောင်းကိုပဲ ပြချင်နေတာဖြစ်သည်။ကိုယ်ဘာမှ ပြန်မပြောနိုင်အောင် သူ့အပိုင် သူထားသလိုနေရမယ်ဆိုပြီး အကြပ်ကိုင်ချင်နေတာဖြစ်သည်။ကိုယ်ကလည်း အဲလိုအချုပ်ချယ်ခံချင်လို့ပဲ ငိုယိုပြီး ဒူးထောက်တောင်းပန်ခဲ့ရတာ မဟုတ်လား။

“နားလေးနေတာလား”

ဘုနဲ့ဘောက်ပြောတတ်တဲ့ အကျင့်ကြီးကိုလည်း လုံးဝမကြိုက်ပါ။မသိမ်မွေ့တတ်တာလား သိမ်မွေ့ပြရမှာရှက်တာပဲလားမသိဘူး ဒီလူက တော်တော်စကားပြောရိုင်းပါသည်။

“မမဇူးလာပြီ ငါသွားတော့မယ်”

“ကျစ် အဲ့မမလည်း မပြန်တော့ဘူးလားမသိဘူး”

အံ့ကျူးမျိုးနွယ်က မမဇူးကိုတောင် ကြည်ဟန်မတူတော့။စုပ်သတ်ပြီး မျက်နှာကြီးရှုံ့မဲ့နေသည်။

“လရောင်သသ ခင်များနေအုန်း”

“ဟင်”

မမဇူးရဲ့ Audi အဖြူလေးဆီ လျှောက်သွားတော့ အံ့ကျူးမျိုးနွယ်က နောက်ကနေ လိုက်လာသည်။

“ရော့ ခင်များဆံပင်တွေ ချည်ထား”

ဘယ်ကတည်းက သူ့ဆီမှာရှိနေလဲ မသိသည့် အနက်ရောင်ဖဲသားခေါင်းစီးကြိုးတစ်ချောင်းကို လရောင်လက်ထဲ အတင်းထိုးထည့်သည်။
လရောင်က အမြဲတမ်းလည်း ဆံပင်ကို ချထားတာပဲလေ အခုကျမှ ရုတ်တရက်ကြီး ဆံပင်စီးဖို့ ပြောတာကြောင့် အံ့သြသွားရသည်။

“ဟင်”

“ဘာဖြစ်နေတာလဲ တဟင်ဟင်နဲ့ ဗမာစကားနားမလည်ဘူးလား ဘိုလိုပြောရမလား”

“ဟို ငါက ဒီအတိုင်းပဲနေတတ်..”

“Tie your hair right now! “

“ဟွန့် “

အံ့ကျူးက မျက်မှောက်တွေ တွန့်ချိုးထားပြီး လရောင်ရဲ့မျက်နှာကို တစ်စက်မှမကြည့်။ကျောပေါ်ဝဲကျနေသည့် ဆံပင်တွေကိုသာ စူးစူးစိုက်စိုက်ကြည့်နေသည်။

ပွမ်! ပွမ်!

မမဇူးကလည်း ကားဟွန်းတီးပြီး သူ့ဆီလာဖို့ ခေါ်နေပြီဖြစ်သည်။အင်တာဗျူးကလည်း ၉နာရီအမီသွားရမည်မို့ လရောင်အခက်တွေ့နေသည်။သပ်သပ်ရပ်ရပ်ဖြီးသင်ထားတဲ့ ဆံပင်ကို စီးမထားချင်ပါ ။ဆံပင်စီးပြီး အပြင်လည်းမထွက်ဖူး၍ ဗျာများနေရခြင်းဖြစ်သည်။

“ငါ မစီးတတ်ဘူး အံ့ကျူး”

“ဆံပင်မစီးရင် မသွားရဘူး သွားရဲရင် သွားကြည့်လိုက်”

“ဟူး….”

အမြဲတမ်းနာခံနေရပြီးသားမို့ ငြင်းဆန်နေလည်း လေကုန်ရုံသာအဖတ်တင်လိမ့်မည်မို့ ဆံသားပျော့ပျော့တွေကို အနက်ရောင်ဖဲသားခေါင်းစီးကြိုးနဲ့ စုပြီးချည်နှောင်လိုက်ရပါသည်။

“ရပြီမလား”

စိတ်တိုတိုနဲ့  ခြေကိုဆောင့်ပြီး မေးလိုက်တော့ နှုတ်ခမ်းတစ်ဖက်ကွေးရုံပြုံးပြီး လူကို ခေါင်းအစခြေအဆုံးကြည့်သည်။

“နောက်ခါဆို အပြင်သွားတိုင်း ဆံပင်တွေ စီးထား”

“ပြီးရော”

လရောင် တမင်ခြေကိုဆောင့်ပြီး ကားဆီသွားတော့ နောက်ကလူဆီက ရယ်သံလွင်လွင်ကို ကြားလိုက်ရသည်။အဲဒီကောင်လေးက သူဖြစ်စေချင်သလို နေပေးရင် ပျော်နေတော့တာပါပဲ။

လရောင်သသတို့ ကားလေးခြံထဲက ထွက်သွားမှ အံ့ကျူးလည်း ဆိုင်ကယ်ကိုမောင်းပြီး ထွက်လာခဲ့သည်။အချိန်နည်းနည်းစောသေးသလိုရှိပေမယ့် ဒီနေ့ သူ့ရည်းစားဟောင်းရဲ့ မွေးနေ့အတွက် လက်ဆောင်သွားဝယ်ပေးရအုန်းမည်ဖြစ်သည်။အံ့ကျူးက ပတ်သက်ခဲ့ပြီးသား လူတွေနဲ့ ကင်းကင်းရှင်းရှင်းနေချင်ပေမယ့် သူတို့က သူငယ်ချင်းဇုန်မှာတော့ ရှိနေချင်သေးသည်ဆို၍ စိတ်ရှုပ်ရှုပ်နဲ့  လက်ခံထားရသေးတာဖြစ်သည်။

အခုလို မွေးနေ့ပွဲတွေ ဒင်နာတွေ ဖိတ်တဲ့အခါမျိုးမှာတော့ အံ့ကျူးမျိုးနွယ်က နှစ်ခါခေါ်စရာမလို။ကိုယ်တိုင်က မသွားချင်ရင်တောင် သူငယ်ချင်းယစ်ထုပ်တွေအတွက် တစ်ဝိုင်းစာသက်သာသည်မလား။လက်ဆောင်ဗန်းပြပြီး အဝသောက်ရအုန်းမည်ဖြစ်သည်။

ကိုယ်တိုင်က လူကြားထဲမှာ ကခုန်ပျော်ပါးရတာကြိုက်သလောက် ကိုကို့ကိုတော့ အိမ်ထဲက အိမ်ပြင်မထွက်စေချင်ပါ။အခုမနက်တော့ ကိုကို့ကြောင့် အံ့ကျူး ရင်ထဲ ကုလားဘုရားလှည့်သလို အပျော်ကြီးပျော်နေရသည်။ကိုကိုက သဘောမကျပေမယ့် သူ့အတွက် ဆံပင်တွေကို ချည်ပေးခဲ့တယ်မဟုတ်လား။ဆံပင်ဖားလျားချထားရင် ကိုကိုက ရူးလောက်အောင်လှတာမို့ အဲ့ဒီအလှကို အံ့ကျူးကလွဲရင် အခြားဘယ်သူ့ကိုမှ မမြင်စေချင်။ထို့ကြောင့်လည်း ရည်းစားဟောင်းရဲ့မွေးနေ့အတွက် စီစဥ်ထားတဲ့ အကုန်ကျသက်သာဆုံးသော ခေါင်းစီးကြိုးကို ကိုကို့ကိုပေးလိုက်တာဖြစ်သည်။

ညီမင်းဟန်အကြံပေးထားသည့်အတိုင်း လက်ဆောင်ဗူးအလတ်ထဲကို စက္ကူတွေအပြည့်ထည့်ပြီး ခေါင်းစီးကြိုးကို ထည့်ပေးဖို့စိတ်ကူးထားတာဖြစ်သည်။ဖဲသားနဲ့လုပ်ထားတဲ့ အနက်ရောင်ခေါင်းစီးကြိုးက ကိုကို့ဆံပင်တွေနဲ့မှ ပိုပြီးလှနေသလိုထင်ရသည်။

အဝေးပြေးလမ်းမကြီးမှာ အံ့ကျူးတစ်ယောက်ထဲ ဆိုင်ကယ်စီးနေပေမယ့် မျက်ဝန်းထဲက စိမ်းနုရောင်အင်္ကျီနဲ့ အဖြူရောင်ဘောင်းဘီကို တွဲဝတ်ထားသည့် ဆံပင်ရှည်တွေ ဂုတ်ပေါ်ဝဲကျနေသည့် ပုံရိပ်လေးကိုပဲ မြင်နေမိသည်။ကိုကိုက ဆံပင်တွေ ဖြန့်ချထားရင် တော်တော်လေးကိုလှသည်။

“အံ့ကျူး ဒီမှာ”

“အင်း လာပြီ”

ဆုံနေကျ ဆိုင်ထဲဝင်လိုက်တော့ ညီမင်းဟန်နဲ့ရဲထွဋ်က ထောင့်ကျကျဝိုင်းတစ်ခုကနေ လက်ယမ်းပြသည်။

“ဒီဝိုင်းကိုတော့ ငါတို့ရှင်းလိုက်မယ် ညနေကျရင်တော့ ငါတို့ကိုခေါ်မယ်မလား ဟဲဟဲ”

အံ့ကျူးက ထိုင်စရှိသေးသည်။ရဲထွဋ်က သူတို့ဆွဲထားတဲ့ အစီအစဉ်ကို ချက်ချင်းပြောတော့သည်။ဒီကောင်တွေက ဒီယုန်မြင်လို့ ဒီခြုံထွင်တဲ့ သဘော။မွေးနေ့ရှင်က အံ့ကျူးနဲ့ပဲ ပတ်သတ်ဖူးတာမို့ အံ့ကျူးတစ်ယောက်ထဲကို ဖိတ်ထားခြင်းဖြစ်သည်။ဆေးကျောင်းသူမို့ အပေါင်းအသင်းတွေက အစ အထက်လွှာကျသည်။

“မခေါ်လည်း လိုက်မှာမလား”

“အေးပေါ့ဟ”

“လက်ဆောင်ရော ငါပြောထားသလိုလုပ်ရဲ့လား အံ့ကျူး”

ညီမင်းဟန်က သူ့အကြံပေးချက်ကို အံ့ကျူးလုပ်မလုပ် သိချင်နေသည်။သူက လူတွေကို စနောက်ရတာကြိုက်သည်။မထိတထိနဲ့ ငိုရခက်ရယ်ရခက်ဖြစ်အောင် စတတ်သည်။

“လုပ်မလို့ပဲ ဒါပေမယ့် ခေါင်းစီးကြိုးက မဝယ်ရသေးဘူး”

“ဟိုနေ့က ငါ့ကိုမှာလိုက်တဲ့ ဖဲကြိုးလေးကရော”

“မရှိတော့ဘူး”

“ဟင်”

“ဘယ်ရောက်သွားတာလဲ”

“ထားလိုက်ပါတော့ အသစ်ပြန်ဝယ်ပေးလိုက်မယ်”

ဖဲကြိုးလေးက သိပ်လှတဲ့ လူဆီမှာ ချစ်စရာကောင်းစွာ ရှိနေတာကိုတော့ ဒီကောင်တွေကို မပြောပြလိုက်တော့။

•••••

DRH News Department

အလုပ်လျှောက်ရမည့် သတင်းဌာနအကြောင်း အသေးစိတ်ကို google မှာ လရောင်လေ့လာကြည့်မိသည်။နာမည်ပျက်မရှိ နိုင်ငံတကာထောက်ခံမှုနှင့်အတူ ပြည်သူက ဝမ်းသာအားရလက်ခံသည့် တိကျမှန်ကန်သည့် သတင်းတွေကိုသာ တင်ဆက်ပြီး သတင်းသမားတွေရဲ့ လုံခြုံရေးကို တာဝန်ယူအာမခံချက်ပေးနိုင်သော ပုဂ္ဂလိကပိုင် သတင်းဌာနတစ်ခုဖြစ်သည်။

အမေရိကန်သတင်းဌာနတစ်ခုမှာ အလုပ်လုပ်နေသော သူငယ်ချင်းဖြစ်သူ ဇေယျာကောင်း၏ အကြံပေးချက်ကြောင့် ဒီသတင်းဌာနမှာ အလုပ်လျှောက်ဖို့ ဖြစ်လာခဲ့သည်။ဖိုးဖိုးကတော့ အိမ်မှာပဲ နေစေချင်ပေမယ့် ရှေ့ဆက်လျှောက်ရမယ့် ဘဝအတွက် ကိုယ်ဝါသနာပါသည့် အလုပ်မှာ ခြေချဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်သည်။ဖိုးတို့ ဖေဖေတို့ မျိုးနွယ်မိသားစုပိုင်ဆိုင်သည့် များပြားလှသောလုပ်ငန်းတွေကိုက အံ့ကျူးမျိုးနွယ်သာ ဆက်ခံသင့်သည်လေ။

သတင်းဌာနအဆောက်အဦရှေ့ရောက်တော့ မမဇူးက ကားပါကင်မှာ ဝင်မထိုးတော့ပဲ အဆောက်အဦရှေ့မှာပဲ ကားရပ်သည်။လရောင်ကတော့ စီးထားတဲ့ ဆံပင်တွေကို ကိုင်ကြည့်ပြီး ဒီအတိုင်းပဲ ဆင်းသွားရမလို၊ဖြည်ပဲဖြည်ချရမလိုဖြစ်နေသည်။ဆံပင်တွေကို စုသိမ်းထားလျှင် စိတ်မလုံသလို ခံစားရ၍ ချိန်ဆနေရခြင်းဖြစ်သည်။အံ့ကျူးမျိုးနွယ် ဒီအထိတော့ လိုက်လာနိုင်မယ် မထင်ပါဘူး။

“မမ”

“ဟင် ပြောလေ လရောင်လေး”

“ခေါင်းစီးကြိုးဖြည်ပေးပါလား ကျွန်တော်မနေတတ်လို့”

“အင်း အင်း မမဖြည်ပေးမယ်”

မမဇူးက ခေါင်းစီးကြိုးကို ဖြည်ပြီး လရောင်လက်ထဲ ထည့်ပေးသည်။တစ်ချက်ပြုံးပြကာ လရောင်ပါးဖောင်းဖောင်းတွေကို ဘယ်ပြန်ညာပြန်နမ်းသေးသည်။

“Good luck ငါတို့ကလေးလေး”

“ကျေးဇူး မမ”

“ပြီးရင် ဖုန်းဆက်လိုက်နော် မမရန်ကုန်တစ်ပတ်ပတ်အုန်းမယ် မနက်ဖြန် ပြန်မှာဆိုတော့”

“ဟုတ်ကဲ့”

မမဇူး ပြန်မယ်သာသိရင် အံ့ကျူးမျိုးနွယ်ကတော့ အကြီးအကျယ်ဝမ်းသာနေလောက်သည်။မမက လရောင်နဲ့ပဲ တစ်ချိန်လုံးရှိနေတာကို သူသဘောကျပုံမရ။အမြဲလိုလို မျက်မှောင်ကြီး တွန့်ချိုးထားသေးသည်။

“လရောင်သသ ဟုတ်ပါတယ်နော်”

“ဟုတ်ကဲ့”

“ဝင်လို့ရပါပြီ”

အင်္ကျီအဖြူကို စကပ်အပြာဒူးဖုံးနဲ့ ဝတ်ထားတဲ့ အမတစ်ယောက်က လရောင်ကို အင်တာဗျူးဖြေရမည့် အခန်းထဲသို့လိုက်ပို့သည်။ဝန်ထမ်းအသစ်ခေါ်ယူခြင်းမှာ လျှောက်ထားသူဟူ၍ လရောင်အပါအဝင် သုံးယောက်ပဲရှိသည်။

ပေါ်လစ်သုတ်ထားသည့် ကျွန်းသားတံခါးကြီးကို ဖွင့်လိုက်တော့ ဥက္ကဋ္ဌဟု ထင်ရသည့် တစ်ယောက်က ကျောပေးထိုင်ကာ နေပြီး ဘေးမှာ ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက်က ထိုင်နေသည်။မိန်းကလေးက မာနကြီးတဲ့အသွင်ကို ဆောင်ပေမယ့် ဘေးက ဥက္ကဋ္ဌလို့ထင်ရတဲ့လူရွယ်ကိုတော့ ဂရုတစိုက်ရှိဟန်တူသည်။

“ကိုယ်ရေးအကျဥ်းလေး တစ်ချက်လောက်”

မိန်းကလေးက မျက်နှာအနေအထားပျော့ပြောင်းခြင်း အလျင်းမရှိပါပဲနဲ့ လရောင်ကို လေသံမှန်မှန်နဲ့သာပြောသည်။ဘေးက လူရွယ်ကတော့ အခုထိ လှည့်မလာသေး။ကော်ဖီတစ်ခွက်နဲ့ အလုပ်ရှုပ်နေပုံထင်သည်။

“လရောင်သသ ဟုတ်လား နာမည်က တစ်မျိုးပဲနော်”

မိန်းကလေးဆီက အထူးတဆန်းစကားသံကို ကြားတော့ လရောင်ပြုံးပြလိုက်သည်။လူတော်တော်များများကလည်း ထိုသို့ပြောကြသည်လေ။သို့သော် နာမည်က နည်းနည်းဆန်းနေလို့ပဲလား ဘေးကလူက လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

“လရောင် ..”

“ရာဇာ တိုက်ဆိုင်လိုက်တာ”

Suit အကျအနနဲ့ ဆံပင်ကိုဖြီးသင်ထားတာက ရာဇာ့ကို လူကြီးလူကောင်းပုံစံပေါက်နေစေသည်။ကံကြမ္မာက ဒီလောက်ဆန်းကြယ်နေတာလားမသိ။ဒယ်ဒီပိုင်တဲ့ သတင်းဌာနကို လက်လွှဲယူထားတာ တစ်ပတ်ပင်မပြည့်သေး ချစ်ရသူလေးက အလုပ်လာလျှောက်သည်မို့ ရာဇာထူးဟန် အံ့သြဝမ်းသာဖြစ်ရသည်။ချစ်ရသူဆီက ငြင်းပယ်ခံခဲ့ရပြီးကတည်းက အလုပ်ကိုပဲ စိတ်နှစ်တော့မယ်ဟု ဆုံးဖြတ်ခဲ့ပေမယ့် သောကမီးက တမြိုက်မြိုက်လောင်ကျွမ်းနေ၍ အသက်မဲ့ခန္ဓာလိုဖြစ်နေခဲ့ရသည်။

“လရောင် တကယ်ပဲ ဒီနေရာကို လာလျှောက်တာလား”

“ဟုတ်တယ် ရာဇာ ငါ ဖိုးခွင့်ပြုချက်နဲ့ အလုပ်လာလျှောက်တာ “

လရောင်ပြုံးပြလိုက်တော့ ရာဇာက မျက်လုံးတွေမှေးစင်းသွားအောင် တိုးတိုးရယ်သည်။ရာဇာက ရုပ်ရည်ရော ပညာအရည်အချင်း မိဘနောက်ခံ  အကုန်ပြည့်စုံတာမို့ ရာဇာ့အချစ်ကို ရချင်သူတွေကလည်း ဝိုင်းဝိုင်းလည်နေသည်။သို့သော်လည်း Gay တစ်ယောက်အဖြစ် come out လုပ်ခဲ့ပြီးသည့်အပြင် အထက်တန်းကတည်းက အခုချိန်ထိ လရောင်ကိုပဲ စွဲစွဲမြဲမြဲချစ်ပေးခဲ့တာဖြစ်သည်။ထို့ကြောင့်လည်း လရောင်သသခမျာ ရာဇာထူးဟန်၏ ဝဋ်တွေလည်နေရတာ ထင်သည်။အံ့ကျူးမျိုးနွယ်က သူချစ်တာကို ပိုင်ဆိုင်မှုနဲ့ပဲ ထုတ်ပြချင်နေတာဖြစ်သည်။

“အဟမ်း ၊ နှစ်ယောက်သားက သိနေကြတာလား”

“ဟုတ်တယ် မေမီ ကိုယ်တို့ အထက်တန်းကတည်းက သူငယ်ချင်းတွေ ဒါနဲ့လေ လရောင်ကိုတော့ ကိုယ်စစ်လိုက်တော့မယ် မေမီသွားနားလိုက်တော့”

“အော် ရော့ စစ်ဆေးရေးမေးခွန်းတွေ၊ဒါဆို ကိုယ်သွားပြီနော် ရာဇာ”

မေမီဆိုသော မိန်းကလေးကို အားတုံ့အားနာနဲ့ပဲ လရောင်ပြုံးပြလိုက်ရသည်။လရောင်ကို ချစ်ကြတဲ့ အမျိုးသားနှစ်ယောက်လုံးက လရောင်နဲ့ ပတ်သက်ရင်တော့ sensitive ဖြစ်လွယ်ကြသည်။လရောင်သက်တောင့်သက်သာ ဖြစ်အောင်ဆိုပြီး မေမီ ကို နှင်ထုတ်လိုက်ပေမယ့် ရာဇာနဲ့ နှစ်ယောက်တည်း ရှိနေရတာကိုက လရောင်အတွက် ဘေးကျပ်နံကျပ်ဖြစ်စေသည်။

“Record ယူမှာမလို့ ကိုယ်မေးရိုးမေးစဥ်အတိုင်းပဲ မေးမယ်နော် လရောင်”

“ရတယ် ရာဇာ ငါ အဆင်ပြေပါတယ်”

“ဒါဆို ကိုယ်မေးတော့မယ်နော်”

ရာဇာက မေးခွန်းတစ်ရွက်ကို ဆွဲယူလိုက်တော့ ဒိတ်ခနဲဖြစ်သွားရသည်။ဒီလိုနေရာမျိုးမှာ အလုပ်ရဖို့က သူ့အတွက် အိပ်မက်တစ်ခုမို့ အမှားမှားအယွင်းယွင်းဖြစ်မှာ ကြောက်နေရသည်။အသံဖမ်းစက်ကို ခလုတ်ဖွင့်လိုက်ပြီး ချက်ချင်းပဲ ရာဇာ့အသံက မှန်မှန်ထွက်လာသည်။

“Name”

“လရောင်သသပါ”

“Age”

“25 နှစ်”

“Education”

“IR (international relation) နဲ့ကျောင်းပြီးထားပါတယ်”

“Relationship”

“လူလွတ်ပါ”

လရောင်ရဲ့ အဖြေကိုကြားတော့ ရာဇာ တစ်ခဏတာတွေဝေသွားသည်။ဒီအဖြေကို သူမဝံ့မရဲမျှော်နေမိခဲ့တာဖြစ်သည်။လရောင်က သူမပိုင်နိုင်တော့တဲ့ လူတစ်ယောက်ဖြစ်စေအုန်းကာမူ အနိုင်ယူလွန်းတဲ့ အံ့ကျူးမျိုးနွယ်လို လူတစ်ယောက်လက်ထဲကိုတော့ ထည့်မပေးချင်ပါ။လရောင်အတွက် မခက်ခဲလောက်သည့် မေးခွန်းအချို့ကို မေးပြီး အချိန်ကိုဖြုန်းလိုက်ရသည်။ခန့်အပ်သင့် မသင့်ကိုတော့ စဥ်းစားစရာမလိုတော့ ဒီလူသားလေးကို သူ့အနားမှာ အချိန်တိုင်းရှိနေနိုင်ဖို့ ရွေးချယ်တော့မှာဖြစ်သည်။

“Result ကို ဒီနေ့ည ဆယ့်နှစ်နာရီမတိုင်ခင်မှာ မောင်လေးတို့ ညီမလေးတို့ဆီကို mail ပို့ပေးပါ့မယ်၊အစက တစ်ယောက်ထဲ ရွေးဖို့ဆိုပေမယ့် ဥက္ကဋ္ဌက အကြောင်းအမျိုးမျိုးကြောင့် နှစ်ယောက်ရွေးပေးပါ့မယ်တဲ့ မရွေးချယ်ပဲ ကျန်ခဲ့မယ့်တစ်ယောက်ကလည်း အားမလျော့ပဲ နောက်ထပ်ဝန်ထမ်းခေါ်မယ့်အချိန်မှာ ထပ်ပြီးလျှောက်စေချင်ပါတယ်နော်၊အားလုံးပဲ Good luckပါ”

ဌာနကနေ ထွက်လာတော့ ဆယ့်နှစ်နာရီထိုးလုပြီဖြစ်သည်။မမဇူးကို ဖုန်းဆက်ပြီး လှမ်းခေါ်ရသည်။ဈေးဝယ်သရဲ မမဇူးကတော့ မြန်မာပလာဇာကနေ ထွက်လာပြီဆို၍ အဆောက်အဦရှေ့ကနေပဲ စောင့်နေလိုက်သည်။

“လရောင် ကိုယ်လိုက်ပို့ရမလား”

“ဟင်”

နောက်ကနေ ရောက်လာသည့် အမောတကောလေသံနဲ့အတူ ရာဇာထူးဟန်ကို တွေ့လိုက်သည်။သူ့နောက်ခပ်လှမ်းလှမ်းမှာတော့ ရုံးခန်းထဲမှာ ရာဇာနဲ့အတူ စောစောကတွေ့ခဲ့သည့် မေမီဆိုသော မိန်းကလေးလည်း ပါလာသည်။နေပူဒဏ်ကြောင့် မျက်ခုံးတွေတွန့်ချိုးထားပြီး လက်ကိုင်အိတ်နဲ့ မျက်လုံးကိုကာထားသည်။

“ကိုယ်လိုက်ပို့ပေးမယ်”

“အာ ရပါတယ် မမဇူးလာခေါ်မှာ”

ဟိုတစ်ခါ အံ့ကျူးနဲ့ တစ်ပတ်လောက်စကားမပြောပဲ နေခဲ့ရပြီးကတည်းက ရာဇာ့ကိုလည်း ခပ်ရှိန်ရှိန်ဖြစ်နေခဲ့တာဖြစ်သည်။ဘယ်သူ့ကြောင့်နဲ့မှ အံ့ကျူးနဲ့သူနဲ့ကြား အထိခိုက်ဖြစ်မခံနိုင်ပါ။

“ရော့ ဒါခြုံထားလိုက် နေပူတယ်”

ရာဇာက ရုတ်တရက်ပင် သူ့အပေါ်ကုတ်ကို ချွတ်ပေးပြီး လရောင် ခေါင်းပေါ်အုပ်မိုးလာသည်။ဘာအရိပ်အာဝါသမှ မရှိပဲ အဆောက်အဦအပြင်ဘက်ရောက်နေသည့်အပြင် မွန်းတည့်နေမို့ စူးစူးခါးခါးပူသည်။

“ရ ရပါတယ် ရာဇာထူးဟန်”

“အဲ့လိုကြီး မစိမ်းသက်ပါနဲ့ ကိုယ်က လရောင်မနှစ်မြို့မယ့် ဘယ်အရာကိုမှ မလုပ်ပါဘူး”

အဲလိုပြောပြန်တော့လည်း ရာဇာ့အတွက် စိတ်မကောင်း။သူ့အတွက် မျှော်လင့်ချက်မရှိတော့တာတောင် ကိုယ့်အပေါ်စေတနာထားနေတုန်းဖြစ်သည်။ဇိုးဇိုးဇတ်ဇတ်နိုင်လှတဲ့ အံ့ကျူးနဲ့ တစ်ခြားစီဆိုပေမယ့် ဖူးစာကလည်း အံ့ကျူးနဲ့မှ ပါတာထင်သည်။လုပ်သမျှ အပြစ်မမြင်နိုင်ပေ။

ဝူး….!! တီ တီ!

“အံ့ကျူး”

အရှိန်အဟုန်ပြင်းပြင်းရောက်လာတဲ့ ဆိုင်ကယ်သံကြောင့် လရောင်ကိုယ်လေးတုန်သွားပြီး ချက်ချင်းပဲ ထိုအပြာရောင်အရိပ်ဆီ ရောက်သွားသည်။အံ့ကျူးက မျက်မှောက်ကို ကျုံ့ထားပေမယ့် လရောင်ကိုတော့ ဒေါသထွက်ဟန်မပြ။

“နောက်က တက် နေပူတယ်”

“မမဇူးရော”

“ကားပျက်လို့တဲ့ ကျုပ်ကို ဖုန်းဆက်လို့”

“အင်း ၊ အမြင့်ကြီးပဲ”

သူ့ဆိုင်ကယ်နောက်က တစ်ခါမှ မလိုက်ဖူး၍ ဆိုင်ကယ်ပေါ်တက်ဖို့ အိုးတိုးအမ်းတမ်းဖြစ်နေရသည်။

“ကျုပ် ပွေ့တင်ရမလား”

“ဟင် အမေ့”

ပြောပြီး ခါးကနေသိုင်းမလိုက်သူကြောင့် အလန့်တကြားပင် လည်ပင်းကို တင်းကြပ်စွာ ဖက်ထားလိုက်ရသည်။ရုတ်တရက်ရလိုက်တဲ့ ဘီယာနံ့ပြင်းရှရှက ယောကျ်ားဆန်တဲ့ ကိုယ်သင်းနံ့နဲ့ပေါင်းပြီး ဆွဲဆောင်မှုရှိနေသည်။

“ခေါင်းမော့”

သူ့အပြောအတိုင်း မော့ပေးလိုက်တော့ ဂျာကင်ကို ချွတ်ပြီး လရောင်ခေါင်းကို အုပ်ကာ လည်ပင်းမှာ သိုင်းချည်ပေးလာသည်။
ရာဇာ့ကို ကြည့်လိုက်တော့ညှိုးငယ်စွာပင် လရောင်ကို ကြည့်နေသည်။ရာဇာ့ရှေ့မှာမို့ တမင်ဂရုစိုက်ပေးနေတာလား မပြောတတ်ပေမယ့် အံ့ကျူးရဲ့ ပုံစံကို သဘောအကျကြီးကျနေရသည်။

ဆိုင်ကယ်စက် စနှိုးတာနဲ့ ရင်ထိတ်စွာပင် ခါးကို တင်းကျပ်စွာဖက်ထားလိုက်မိသည်။သူမြင်ဖူးသမျှ အံ့ကျူးက ဆိုင်ကယ်ကို အရှိန်မြှင့်ပြီး မောင်းလေ့ရှိတာကြောင့်ဖြစ်သည်။

“မကြောက်နဲ့ ဖြည်းဖြည်းပဲမောင်းမှာ ကျုပ်ကို ဖက်ထား”

“အင်း”

ပြောသည့်အတိုင်းပင် သူမောင်းနေကြထက် တစ်ဝက်လောက် အရှိန်လျှော့ပြီး မောင်းပေးတာမို့ လရောင်ပြုံးမိသေးသည်။သို့သော် လမ်းတစ်လျှောက်ဝင်လာသည့် ပီတိက အိမ်နားရောက်ခါနီးမှာတော့ စိုးထိတ်မှုအဖြစ်သာ ဝင်ရောက်လာရပြန်သည်။အဘယ်ကြောင့်ဆိုသော် အံ့ကျူး၏ သွေးအေးအေးပြောလိုက်သည့် စကားကား…

“ဆံပင်တွေချည်ထားတာကို ဘယ်သူ့ခွင့်ပြုချက်နဲ့ ဖြုတ်ရဲရတာလဲ”တဲ့။

SophiaMoon783 (27.9.2022)
_______________________________________

နည်းနည်းပိုရှည်ပေးထားတယ်လေ…
Feedback feedback လိုနေတာ feedback ပါ။

Zawgyi.

တီ တီ!

အိမ္ေ႐ွ႕မွာရပ္ေနတုန္း ေနာက္က ဆိုင္ကယ္ဟြန္းသံအက်ယ္ႀကီးေၾကာင့္ လေရာင္လန္႔သြားရသည္။အလုပ္အတြက္ အင္တာဗ်ဴးသြားေျဖဖို႔ ျပင္ေနတုန္း မမဇူးက သူလိုက္ပို႔ေပးမည္ဆို၍ ေစာင့္ေနရျခင္းျဖစ္သည္။

သူ႕ဆိုင္ကယ္နဲ႔ လြတ္ရာကို ရပ္ေနပါရက္နဲ႔ တတီတီလုပ္ေနတာမို႔ ေနာက္ကိုလွည့္ၾကည့္လိုက္ေတာ့ Helmet အျပာေရာင္ကိုေဆာင္းထားၿပီး နက္ျပာေရာင္ဂ်ာကင္ကို မိတ္ကပ္ေရာင္ pant နဲ႔တြဲဝတ္ထားသည့္ အံ့က်ဴးမ်ိဳးႏြယ္ကို အခန္႔သားေတြ႕လိုက္ရသည္။

“ဘယ္သြားမလို႔လဲ က်ဳပ္လိုက္ပို႔ေပးမယ္”

“အင္တာဗ်ဴးသြားေျဖမလို႔ မမဇူးလိုက္ပို႔မွာ”

လေရာင္ရဲ႕အေျဖကို အံ့က်ဴးက သေဘာမက်ဟန္ မ်က္ေမွာက္ၾကဳတ္သည္။အံ့က်ဴးမ်ိဳးႏြယ္ျဖစ္ေနလို႔သာ ခ်စ္မိေနတာျဖစ္သည္။သေဘာမေတြ႕စရာအခ်က္ေတြမွ အမ်ားႀကီး ဒီလူမွာ႐ွိေနသည္။အျခားလူရဲ႕အျမင္ကို ထည့္မေတြး သူ႕သေဘာသူ႕ဆႏၵပဲ ျဖစ္ေစခ်င္ေနတာ။

“ဘာလဲ ျငင္းေနတာလား ခုက”

“မဟုတ္ပါဘူး မမဇူးနဲ႔အတူသြားဖို႔ ေျပာၿပီးသားမလို႔ပါ”

“ဘယ္သူ႕အပိုင္လဲ”

“ဟမ္”

ဇာတိကျပလာျပန္ၿပီ။အခုတေလာ သူ႕အပိုင္ျဖစ္ေၾကာင္းကိုပဲ ျပခ်င္ေနတာျဖစ္သည္။ကိုယ္ဘာမွ ျပန္မေျပာႏိုင္ေအာင္ သူ႕အပိုင္ သူထားသလိုေနရမယ္ဆိုၿပီး အၾကပ္ကိုင္ခ်င္ေနတာျဖစ္သည္။ကိုယ္ကလည္း အဲလိုအခ်ဳပ္ခ်ယ္ခံခ်င္လို႔ပဲ ငိုယိုၿပီး ဒူးေထာက္ေတာင္းပန္ခဲ့ရတာ မဟုတ္လား။

“နားေလးေနတာလား”

ဘုနဲ႔ေဘာက္ေျပာတတ္တဲ့ အက်င့္ႀကီးကိုလည္း လုံးဝမႀကိဳက္ပါ။မသိမ္ေမြ႕တတ္တာလား သိမ္ေမြ႕ျပရမွာ႐ွက္တာပဲလားမသိဘူး ဒီလူက ေတာ္ေတာ္စကားေျပာ႐ိုင္းပါသည္။

“မမဇူးလာၿပီ ငါသြားေတာ့မယ္”

“က်စ္ အဲ့မမလည္း မျပန္ေတာ့ဘူးလားမသိဘူး”

အံ့က်ဴးမ်ိဳးႏြယ္က မမဇူးကိုေတာင္ ၾကည္ဟန္မတူေတာ့။စုပ္သတ္ၿပီး မ်က္ႏွာႀကီး႐ႈံ႕မဲ့ေနသည္။

“လေရာင္သသ ခင္မ်ားေနအုန္း”

“ဟင္”

မမဇူးရဲ႕ Audi အျဖဴေလးဆီ ေလွ်ာက္သြားေတာ့ အံ့က်ဴးမ်ိဳးႏြယ္က ေနာက္ကေန လိုက္လာသည္။

“ေရာ့ ခင္မ်ားဆံပင္ေတြ ခ်ည္ထား”

ဘယ္ကတည္းက သူ႕ဆီမွာ႐ွိေနလဲ မသိသည့္ အနက္ေရာင္ဖဲသားေခါင္းစီးႀကိဳးတစ္ေခ်ာင္းကို လေရာင္လက္ထဲ အတင္းထိုးထည့္သည္။
လေရာင္က အၿမဲတမ္းလည္း ဆံပင္ကို ခ်ထားတာပဲေလ အခုက်မွ ႐ုတ္တရက္ႀကီး ဆံပင္စီးဖို႔ ေျပာတာေၾကာင့္ အံ့ၾသသြားရသည္။

“ဟင္”

“ဘာျဖစ္ေနတာလဲ တဟင္ဟင္နဲ႔ ဗမာစကားနားမလည္ဘူးလား ဘိုလိုေျပာရမလား”

“ဟို ငါက ဒီအတိုင္းပဲေနတတ္..”

“Tie your hair right now! “

“ဟြန္႔ “

အံ့က်ဴးက မ်က္ေမွာက္ေတြ တြန္႔ခ်ိဳးထားၿပီး လေရာင္ရဲ႕မ်က္ႏွာကို တစ္စက္မွမၾကည့္။ေက်ာေပၚဝဲက်ေနသည့္ ဆံပင္ေတြကိုသာ စူးစူးစိုက္စိုက္ၾကည့္ေနသည္။

ပြမ္! ပြမ္!

မမဇူးကလည္း ကားဟြန္းတီးၿပီး သူ႕ဆီလာဖို႔ ေခၚေနၿပီျဖစ္သည္။အင္တာဗ်ဴးကလည္း ၉နာရီအမီသြားရမည္မို႔ လေရာင္အခက္ေတြ႕ေနသည္။သပ္သပ္ရပ္ရပ္ၿဖီးသင္ထားတဲ့ ဆံပင္ကို စီးမထားခ်င္ပါ ။ဆံပင္စီးၿပီး အျပင္လည္းမထြက္ဖူး၍ ဗ်ာမ်ားေနရျခင္းျဖစ္သည္။

“ငါ မစီးတတ္ဘူး အံ့က်ဴး”

“ဆံပင္မစီးရင္ မသြားရဘူး သြားရဲရင္ သြားၾကည့္လိုက္”

“ဟူး….”

အၿမဲတမ္းနာခံေနရၿပီးသားမို႔ ျငင္းဆန္ေနလည္း ေလကုန္႐ုံသာအဖတ္တင္လိမ့္မည္မို႔ ဆံသားေပ်ာ့ေပ်ာ့ေတြကို အနက္ေရာင္ဖဲသားေခါင္းစီးႀကိဳးနဲ႔ စုၿပီးခ်ည္ေႏွာင္လိုက္ရပါသည္။

“ရၿပီမလား”

စိတ္တိုတိုနဲ႔  ေျခကိုေဆာင့္ၿပီး ေမးလိုက္ေတာ့ ႏႈတ္ခမ္းတစ္ဖက္ေကြး႐ုံျပဳံးၿပီး လူကို ေခါင္းအစေျခအဆုံးၾကည့္သည္။

“ေနာက္ခါဆို အျပင္သြားတိုင္း ဆံပင္ေတြ စီးထား”

“ၿပီးေရာ”

လေရာင္ တမင္ေျခကိုေဆာင့္ၿပီး ကားဆီသြားေတာ့ ေနာက္ကလူဆီက ရယ္သံလြင္လြင္ကို ၾကားလိုက္ရသည္။အဲဒီေကာင္ေလးက သူျဖစ္ေစခ်င္သလို ေနေပးရင္ ေပ်ာ္ေနေတာ့တာပါပဲ။

လေရာင္သသတို႔ ကားေလးျခံထဲက ထြက္သြားမွ အံ့က်ဴးလည္း ဆိုင္ကယ္ကိုေမာင္းၿပီး ထြက္လာခဲ့သည္။အခ်ိန္နည္းနည္းေစာေသးသလို႐ွိေပမယ့္ ဒီေန႔ သူ႕ရည္းစားေဟာင္းရဲ႕ ေမြးေန႔အတြက္ လက္ေဆာင္သြားဝယ္ေပးရအုန္းမည္ျဖစ္သည္။အံ့က်ဴးက ပတ္သက္ခဲ့ၿပီးသား လူေတြနဲ႔ ကင္းကင္း႐ွင္း႐ွင္းေနခ်င္ေပမယ့္ သူတို႔က သူငယ္ခ်င္းဇုန္မွာေတာ့ ႐ွိေနခ်င္ေသးသည္ဆို၍ စိတ္႐ႈပ္႐ႈပ္နဲ႔  လက္ခံထားရေသးတာျဖစ္သည္။

အခုလို ေမြးေန႔ပြဲေတြ ဒင္နာေတြ ဖိတ္တဲ့အခါမ်ိဳးမွာေတာ့ အံ့က်ဴးမ်ိဳးႏြယ္က ႏွစ္ခါေခၚစရာမလို။ကိုယ္တိုင္က မသြားခ်င္ရင္ေတာင္ သူငယ္ခ်င္းယစ္ထုပ္ေတြအတြက္ တစ္ဝိုင္းစာသက္သာသည္မလား။လက္ေဆာင္ဗန္းျပၿပီး အဝေသာက္ရအုန္းမည္ျဖစ္သည္။

ကိုယ္တိုင္က လူၾကားထဲမွာ ကခုန္ေပ်ာ္ပါးရတာႀကိဳက္သေလာက္ ကိုကို႔ကိုေတာ့ အိမ္ထဲက အိမ္ျပင္မထြက္ေစခ်င္ပါ။အခုမနက္ေတာ့ ကိုကို႔ေၾကာင့္ အံ့က်ဴး ရင္ထဲ ကုလားဘုရားလွည့္သလို အေပ်ာ္ႀကီးေပ်ာ္ေနရသည္။ကိုကိုက သေဘာမက်ေပမယ့္ သူ႕အတြက္ ဆံပင္ေတြကို ခ်ည္ေပးခဲ့တယ္မဟုတ္လား။ဆံပင္ဖားလ်ားခ်ထားရင္ ကိုကိုက ႐ူးေလာက္ေအာင္လွတာမို႔ အဲ့ဒီအလွကို အံ့က်ဴးကလြဲရင္ အျခားဘယ္သူ႕ကိုမွ မျမင္ေစခ်င္။ထို႔ေၾကာင့္လည္း ရည္းစားေဟာင္းရဲ႕ေမြးေန႔အတြက္ စီစဥ္ထားတဲ့ အကုန္က်သက္သာဆုံးေသာ ေခါင္းစီးႀကိဳးကို ကိုကို႔ကိုေပးလိုက္တာျဖစ္သည္။

ညီမင္းဟန္အၾကံေပးထားသည့္အတိုင္း လက္ေဆာင္ဗူးအလတ္ထဲကို စကၠဴေတြအျပည့္ထည့္ၿပီး ေခါင္းစီးႀကိဳးကို ထည့္ေပးဖို႔စိတ္ကူးထားတာျဖစ္သည္။ဖဲသားနဲ႔လုပ္ထားတဲ့ အနက္ေရာင္ေခါင္းစီးႀကိဳးက ကိုကို႔ဆံပင္ေတြနဲ႔မွ ပိုၿပီးလွေနသလိုထင္ရသည္။

အေဝးေျပးလမ္းမႀကီးမွာ အံ့က်ဴးတစ္ေယာက္ထဲ ဆိုင္ကယ္စီးေနေပမယ့္ မ်က္ဝန္းထဲက စိမ္းႏုေရာင္အက်ႌနဲ႔ အျဖဴေရာင္ေဘာင္းဘီကို တြဲဝတ္ထားသည့္ ဆံပင္႐ွည္ေတြ ဂုတ္ေပၚဝဲက်ေနသည့္ ပုံရိပ္ေလးကိုပဲ ျမင္ေနမိသည္။ကိုကိုက ဆံပင္ေတြ ျဖန္႔ခ်ထားရင္ ေတာ္ေတာ္ေလးကိုလွသည္။

“အံ့က်ဴး ဒီမွာ”

“အင္း လာၿပီ”

ဆုံေနက် ဆိုင္ထဲဝင္လိုက္ေတာ့ ညီမင္းဟန္နဲ႔ရဲထြဋ္က ေထာင့္က်က်ဝိုင္းတစ္ခုကေန လက္ယမ္းျပသည္။

“ဒီဝိုင္းကိုေတာ့ ငါတို႔႐ွင္းလိုက္မယ္ ညေနက်ရင္ေတာ့ ငါတို႔ကိုေခၚမယ္မလား ဟဲဟဲ”

အံ့က်ဴးက ထိုင္စ႐ွိေသးသည္။ရဲထြဋ္က သူတို႔ဆြဲထားတဲ့ အစီအစဥ္ကို ခ်က္ခ်င္းေျပာေတာ့သည္။ဒီေကာင္ေတြက ဒီယုန္ျမင္လို႔ ဒီျခဳံထြင္တဲ့ သေဘာ။ေမြးေန႔႐ွင္က အံ့က်ဴးနဲ႔ပဲ ပတ္သတ္ဖူးတာမို႔ အံ့က်ဴးတစ္ေယာက္ထဲကို ဖိတ္ထားျခင္းျဖစ္သည္။ေဆးေက်ာင္းသူမို႔ အေပါင္းအသင္းေတြက အစ အထက္လႊာက်သည္။

“မေခၚလည္း လိုက္မွာမလား”

“ေအးေပါ့ဟ”

“လက္ေဆာင္ေရာ ငါေျပာထားသလိုလုပ္ရဲ႕လား အံ့က်ဴး”

ညီမင္းဟန္က သူ႕အၾကံေပးခ်က္ကို အံ့က်ဴးလုပ္မလုပ္ သိခ်င္ေနသည္။သူက လူေတြကို စေနာက္ရတာႀကိဳက္သည္။မထိတထိနဲ႔ ငိုရခက္ရယ္ရခက္ျဖစ္ေအာင္ စတတ္သည္။

“လုပ္မလို႔ပဲ ဒါေပမယ့္ ေခါင္းစီးႀကိဳးက မဝယ္ရေသးဘူး”

“ဟိုေန႔က ငါ့ကိုမွာလိုက္တဲ့ ဖဲႀကိဳးေလးကေရာ”

“မ႐ွိေတာ့ဘူး”

“ဟင္”

“ဘယ္ေရာက္သြားတာလဲ”

“ထားလိုက္ပါေတာ့ အသစ္ျပန္ဝယ္ေပးလိုက္မယ္”

ဖဲႀကိဳးေလးက သိပ္လွတဲ့ လူဆီမွာ ခ်စ္စရာေကာင္းစြာ ႐ွိေနတာကိုေတာ့ ဒီေကာင္ေတြကို မေျပာျပလိုက္ေတာ့။

•••••

“DRH News Department”

အလုပ္ေလွ်ာက္ရမည့္ သတင္းဌာနအေၾကာင္း အေသးစိတ္ကို google မွာ လေရာင္ေလ့လာၾကည့္မိသည္။နာမည္ပ်က္မ႐ွိ ႏိုင္ငံတကာေထာက္ခံမႈႏွင့္အတူ ျပည္သူက ဝမ္းသာအားရလက္ခံသည့္ တိက်မွန္ကန္သည့္ သတင္းေတြကိုသာ တင္ဆက္ၿပီး သတင္းသမားေတြရဲ႕ လုံျခဳံေရးကို တာဝန္ယူအာမခံခ်က္ေပးႏိုင္ေသာ ပုဂၢလိကပိုင္ သတင္းဌာနတစ္ခုျဖစ္သည္။

အေမရိကန္သတင္းဌာနတစ္ခုမွာ အလုပ္လုပ္ေနေသာ သူငယ္ခ်င္းျဖစ္သူ ေဇယ်ာေကာင္း၏ အၾကံေပးခ်က္ေၾကာင့္ ဒီသတင္းဌာနမွာ အလုပ္ေလွ်ာက္ဖို႔ ျဖစ္လာခဲ့သည္။ဖိုးဖိုးကေတာ့ အိမ္မွာပဲ ေနေစခ်င္ေပမယ့္ ေ႐ွ႕ဆက္ေလွ်ာက္ရမယ့္ ဘဝအတြက္ ကိုယ္ဝါသနာပါသည့္ အလုပ္မွာ ေျခခ်ဖို႔ဆုံးျဖတ္ခဲ့ရတာျဖစ္သည္။ဖိုးတို႔ ေဖေဖတို႔ မ်ိဳးႏြယ္မိသားစုပိုင္ဆိုင္သည့္ မ်ားျပားလွေသာလုပ္ငန္းေတြကိုက အံ့က်ဴးမ်ိဳးႏြယ္သာ ဆက္ခံသင့္သည္ေလ။

သတင္းဌာနအေဆာက္အဦေ႐ွ႕ေရာက္ေတာ့ မမဇူးက ကားပါကင္မွာ ဝင္မထိုးေတာ့ပဲ အေဆာက္အဦေ႐ွ႕မွာပဲ ကားရပ္သည္။လေရာင္ကေတာ့ စီးထားတဲ့ ဆံပင္ေတြကို ကိုင္ၾကည့္ၿပီး ဒီအတိုင္းပဲ ဆင္းသြားရမလို၊ျဖည္ပဲျဖည္ခ်ရမလိုျဖစ္ေနသည္။ဆံပင္ေတြကို စုသိမ္းထားလွ်င္ စိတ္မလုံသလို ခံစားရ၍ ခ်ိန္ဆေနရျခင္းျဖစ္သည္။အံ့က်ဴးမ်ိဳးႏြယ္ ဒီအထိေတာ့ လိုက္လာႏိုင္မယ္ မထင္ပါဘူး။

“မမ”

“ဟင္ ေျပာေလ လေရာင္ေလး”

“ေခါင္းစီးႀကိဳးျဖည္ေပးပါလား ကြၽန္ေတာ္မေနတတ္လို႔”

“အင္း အင္း မမျဖည္ေပးမယ္”

မမဇူးက ေခါင္းစီးႀကိဳးကို ျဖည္ၿပီး လေရာင္လက္ထဲ ထည့္ေပးသည္။တစ္ခ်က္ျပဳံးျပကာ လေရာင္ပါးေဖာင္းေဖာင္းေတြကို ဘယ္ျပန္ညာျပန္နမ္းေသးသည္။

“Good luck ငါတို႔ကေလးေလး”

“ေက်းဇူး မမ”

“ၿပီးရင္ ဖုန္းဆက္လိုက္ေနာ္ မမရန္ကုန္တစ္ပတ္ပတ္အုန္းမယ္ မနက္ျဖန္ ျပန္မွာဆိုေတာ့”

“ဟုတ္ကဲ့”

မမဇူး ျပန္မယ္သာသိရင္ အံ့က်ဴးမ်ိဳးႏြယ္ကေတာ့ အႀကီးအက်ယ္ဝမ္းသာေနေလာက္သည္။မမက လေရာင္နဲ႔ပဲ တစ္ခ်ိန္လုံး႐ွိေနတာကို သူသေဘာက်ပုံမရ။အၿမဲလိုလို မ်က္ေမွာင္ႀကီး တြန္႔ခ်ိဳးထားေသးသည္။

“လေရာင္သသ ဟုတ္ပါတယ္ေနာ္”

“ဟုတ္ကဲ့”

“ဝင္လို႔ရပါၿပီ”

အက်ႌအျဖဴကို စကပ္အျပာဒူးဖုံးနဲ႔ ဝတ္ထားတဲ့ အမတစ္ေယာက္က လေရာင္ကို အင္တာဗ်ဴးေျဖရမည့္ အခန္းထဲသို႔လိုက္ပို႔သည္။ဝန္ထမ္းအသစ္ေခၚယူျခင္းမွာ ေလွ်ာက္ထားသူဟူ၍ လေရာင္အပါအဝင္ သုံးေယာက္ပဲ႐ွိသည္။

ေပၚလစ္သုတ္ထားသည့္ ကြၽန္းသားတံခါးႀကီးကို ဖြင့္လိုက္ေတာ့ ဥကၠ႒ဟု ထင္ရသည့္ တစ္ေယာက္က ေက်ာေပးထိုင္ကာ ေနၿပီး ေဘးမွာ ခပ္ငယ္ငယ္မိန္းကေလးတစ္ေယာက္က ထိုင္ေနသည္။မိန္းကေလးက မာနႀကီးတဲ့အသြင္ကို ေဆာင္ေပမယ့္ ေဘးက ဥကၠ႒လို႔ထင္ရတဲ့လူ႐ြယ္ကိုေတာ့ ဂ႐ုတစိုက္႐ွိဟန္တူသည္။

“ကိုယ္ေရးအက်ဥ္းေလး တစ္ခ်က္ေလာက္”

မိန္းကေလးက မ်က္ႏွာအေနအထားေပ်ာ့ေျပာင္းျခင္း အလ်င္းမ႐ွိပါပဲနဲ႔ လေရာင္ကို ေလသံမွန္မွန္နဲ႔သာေျပာသည္။ေဘးက လူ႐ြယ္ကေတာ့ အခုထိ လွည့္မလာေသး။ေကာ္ဖီတစ္ခြက္နဲ႔ အလုပ္႐ႈပ္ေနပုံထင္သည္။

“လေရာင္သသ ဟုတ္လား နာမည္က တစ္မ်ိဳးပဲေနာ္”

မိန္းကေလးဆီက အထူးတဆန္းစကားသံကို ၾကားေတာ့ လေရာင္ျပဳံးျပလိုက္သည္။လူေတာ္ေတာ္မ်ားမ်ားကလည္း ထိုသို႔ေျပာၾကသည္ေလ။သို႔ေသာ္ နာမည္က နည္းနည္းဆန္းေနလို႔ပဲလား ေဘးကလူက လႈပ္လႈပ္႐ွား႐ွားျဖစ္သြားသည္။

“လေရာင္ ..”

“ရာဇာ တိုက္ဆိုင္လိုက္တာ”

Suit အက်အနနဲ႔ ဆံပင္ကိုၿဖီးသင္ထားတာက ရာဇာ့ကို လူႀကီးလူေကာင္းပုံစံေပါက္ေနေစသည္။ကံၾကမၼာက ဒီေလာက္ဆန္းၾကယ္ေနတာလားမသိ။ဒယ္ဒီပိုင္တဲ့ သတင္းဌာနကို လက္လႊဲယူထားတာ တစ္ပတ္ပင္မျပည့္ေသး ခ်စ္ရသူေလးက အလုပ္လာေလွ်ာက္သည္မို႔ ရာဇာထူးဟန္ အံ့ၾသဝမ္းသာျဖစ္ရသည္။ခ်စ္ရသူဆီက ျငင္းပယ္ခံခဲ့ရၿပီးကတည္းက အလုပ္ကိုပဲ စိတ္ႏွစ္ေတာ့မယ္ဟု ဆုံးျဖတ္ခဲ့ေပမယ့္ ေသာကမီးက တၿမိဳက္ၿမိဳက္ေလာင္ကြၽမ္းေန၍ အသက္မဲ့ခႏၶာလိုျဖစ္ေနခဲ့ရသည္။

“လေရာင္ တကယ္ပဲ ဒီေနရာကို လာေလွ်ာက္တာလား”

“ဟုတ္တယ္ ရာဇာ ငါ ဖိုးခြင့္ျပဳခ်က္နဲ႔ အလုပ္လာေလွ်ာက္တာ “

လေရာင္ျပဳံးျပလိုက္ေတာ့ ရာဇာက မ်က္လုံးေတြေမွးစင္းသြားေအာင္ တိုးတိုးရယ္သည္။ရာဇာက ႐ုပ္ရည္ေရာ ပညာအရည္အခ်င္း မိဘေနာက္ခံ  အကုန္ျပည့္စုံတာမို႔ ရာဇာ့အခ်စ္ကို ရခ်င္သူေတြကလည္း ဝိုင္းဝိုင္းလည္ေနသည္။သို႔ေသာ္လည္း Gay တစ္ေယာက္အျဖစ္ come out လုပ္ခဲ့ၿပီးသည့္အျပင္ အထက္တန္းကတည္းက အခုခ်ိန္ထိ လေရာင္ကိုပဲ စြဲစြဲၿမဲၿမဲခ်စ္ေပးခဲ့တာျဖစ္သည္။ထို႔ေၾကာင့္လည္း လေရာင္သသခမ်ာ ရာဇာထူးဟန္၏ ဝဋ္ေတြလည္ေနရတာ ထင္သည္။အံ့က်ဴးမ်ိဳးႏြယ္က သူခ်စ္တာကို ပိုင္ဆိုင္မႈနဲ႔ပဲ ထုတ္ျပခ်င္ေနတာျဖစ္သည္။

“အဟမ္း ၊ ႏွစ္ေယာက္သားက သိေနၾကတာလား”

“ဟုတ္တယ္ ေမမီ ကိုယ္တို႔ အထက္တန္းကတည္းက သူငယ္ခ်င္းေတြ ဒါနဲ႔ေလ လေရာင္ကိုေတာ့ ကိုယ္စစ္လိုက္ေတာ့မယ္ ေမမီသြားနားလိုက္ေတာ့”

“ေအာ္ ေရာ့ စစ္ေဆးေရးေမးခြန္းေတြ၊ဒါဆို ကိုယ္သြားၿပီေနာ္ ရာဇာ”

ေမမီဆိုေသာ မိန္းကေလးကို အားတုံ႔အားနာနဲ႔ပဲ လေရာင္ျပဳံးျပလိုက္ရသည္။လေရာင္ကို ခ်စ္ၾကတဲ့ အမ်ိဳးသားႏွစ္ေယာက္လုံးက လေရာင္နဲ႔ ပတ္သက္ရင္ေတာ့ sensitive ျဖစ္လြယ္ၾကသည္။လေရာင္သက္ေတာင့္သက္သာ ျဖစ္ေအာင္ဆိုၿပီး ေမမီ ကို ႏွင္ထုတ္လိုက္ေပမယ့္ ရာဇာနဲ႔ ႏွစ္ေယာက္တည္း ႐ွိေနရတာကိုက လေရာင္အတြက္ ေဘးက်ပ္နံက်ပ္ျဖစ္ေစသည္။

“Record ယူမွာမလို႔ ကိုယ္ေမး႐ိုးေမးစဥ္အတိုင္းပဲ ေမးမယ္ေနာ္ လေရာင္”

“ရတယ္ ရာဇာ ငါ အဆင္ေျပပါတယ္”

“ဒါဆို ကိုယ္ေမးေတာ့မယ္ေနာ္”

ရာဇာက ေမးခြန္းတစ္႐ြက္ကို ဆြဲယူလိုက္ေတာ့ ဒိတ္ခနဲျဖစ္သြားရသည္။ဒီလိုေနရာမ်ိဳးမွာ အလုပ္ရဖို႔က သူ႕အတြက္ အိပ္မက္တစ္ခုမို႔ အမွားမွားအယြင္းယြင္းျဖစ္မွာ ေၾကာက္ေနရသည္။အသံဖမ္းစက္ကို ခလုတ္ဖြင့္လိုက္ၿပီး ခ်က္ခ်င္းပဲ ရာဇာ့အသံက မွန္မွန္ထြက္လာသည္။

“Name”

“လေရာင္သသပါ”

“Age”

“25 ႏွစ္”

“Education”

“IR (international relation) နဲ႔ေက်ာင္းၿပီးထားပါတယ္”

“Relationship”

“လူလြတ္ပါ”

လေရာင္ရဲ႕ အေျဖကိုၾကားေတာ့ ရာဇာ တစ္ခဏတာေတြေဝသြားသည္။ဒီအေျဖကို သူမဝံ့မရဲေမွ်ာ္ေနမိခဲ့တာျဖစ္သည္။လေရာင္က သူမပိုင္ႏိုင္ေတာ့တဲ့ လူတစ္ေယာက္ျဖစ္ေစအုန္းကာမူ အႏိုင္ယူလြန္းတဲ့ အံ့က်ဴးမ်ိဳးႏြယ္လို လူတစ္ေယာက္လက္ထဲကိုေတာ့ ထည့္မေပးခ်င္ပါ။လေရာင္အတြက္ မခက္ခဲေလာက္သည့္ ေမးခြန္းအခ်ိဳ႕ကို ေမးၿပီး အခ်ိန္ကိုျဖဳန္းလိုက္ရသည္။ခန္႔အပ္သင့္ မသင့္ကိုေတာ့ စဥ္းစားစရာမလိုေတာ့ ဒီလူသားေလးကို သူ႕အနားမွာ အခ်ိန္တိုင္း႐ွိေနႏိုင္ဖို႔ ေ႐ြးခ်ယ္ေတာ့မွာျဖစ္သည္။

“Result ကို ဒီေန႔ည ဆယ့္ႏွစ္နာရီမတိုင္ခင္မွာ ေမာင္ေလးတို႔ ညီမေလးတို႔ဆီကို mail ပို႔ေပးပါ့မယ္၊အစက တစ္ေယာက္ထဲ ေ႐ြးဖို႔ဆိုေပမယ့္ ဥကၠ႒က အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏွစ္ေယာက္ေ႐ြးေပးပါ့မယ္တဲ့ မေ႐ြးခ်ယ္ပဲ က်န္ခဲ့မယ့္တစ္ေယာက္ကလည္း အားမေလ်ာ့ပဲ ေနာက္ထပ္ဝန္ထမ္းေခၚမယ့္အခ်ိန္မွာ ထပ္ၿပီးေလွ်ာက္ေစခ်င္ပါတယ္ေနာ္၊အားလုံးပဲ Good luckပါ”

ဌာနကေန ထြက္လာေတာ့ ဆယ့္ႏွစ္နာရီထိုးလုၿပီျဖစ္သည္။မမဇူးကို ဖုန္းဆက္ၿပီး လွမ္းေခၚရသည္။ေဈးဝယ္သရဲ မမဇူးကေတာ့ ျမန္မာပလာဇာကေန ထြက္လာၿပီဆို၍ အေဆာက္အဦေ႐ွ႕ကေနပဲ ေစာင့္ေနလိုက္သည္။

“လေရာင္ ကိုယ္လိုက္ပို႔ရမလား”

“ဟင္”

ေနာက္ကေန ေရာက္လာသည့္ အေမာတေကာေလသံနဲ႔အတူ ရာဇာထူးဟန္ကို ေတြ႕လိုက္သည္။သူ႕ေနာက္ခပ္လွမ္းလွမ္းမွာေတာ့ ႐ုံးခန္းထဲမွာ ရာဇာနဲ႔အတူ ေစာေစာကေတြ႕ခဲ့သည့္ ေမမီဆိုေသာ မိန္းကေလးလည္း ပါလာသည္။ေနပူဒဏ္ေၾကာင့္ မ်က္ခုံးေတြတြန္႔ခ်ိဳးထားၿပီး လက္ကိုင္အိတ္နဲ႔ မ်က္လုံးကိုကာထားသည္။

“ကိုယ္လိုက္ပို႔ေပးမယ္”

“အာ ရပါတယ္ မမဇူးလာေခၚမွာ”

ဟိုတစ္ခါ အံ့က်ဴးနဲ႔ တစ္ပတ္ေလာက္စကားမေျပာပဲ ေနခဲ့ရၿပီးကတည္းက ရာဇာ့ကိုလည္း ခပ္႐ွိန္႐ွိန္ျဖစ္ေနခဲ့တာျဖစ္သည္။ဘယ္သူ႕ေၾကာင့္နဲ႔မွ အံ့က်ဴးနဲ႔သူနဲ႔ၾကား အထိခိုက္ျဖစ္မခံႏိုင္ပါ။

“ေရာ့ ဒါျခဳံထားလိုက္ ေနပူတယ္”

ရာဇာက ႐ုတ္တရက္ပင္ သူ႕အေပၚကုတ္ကို ခြၽတ္ေပးၿပီး လေရာင္ ေခါင္းေပၚအုပ္မိုးလာသည္။ဘာအရိပ္အာဝါသမွ မ႐ွိပဲ အေဆာက္အဦအျပင္ဘက္ေရာက္ေနသည့္အျပင္ မြန္းတည့္ေနမို႔ စူးစူးခါးခါးပူသည္။

“ရ ရပါတယ္ ရာဇာထူးဟန္”

“အဲ့လိုႀကီး မစိမ္းသက္ပါနဲ႔ ကိုယ္က လေရာင္မႏွစ္ၿမိဳ႕မယ့္ ဘယ္အရာကိုမွ မလုပ္ပါဘူး”

အဲလိုေျပာျပန္ေတာ့လည္း ရာဇာ့အတြက္ စိတ္မေကာင္း။သူ႕အတြက္ ေမွ်ာ္လင့္ခ်က္မ႐ွိေတာ့တာေတာင္ ကိုယ့္အေပၚေစတနာထားေနတုန္းျဖစ္သည္။ဇိုးဇိုးဇတ္ဇတ္ႏိုင္လွတဲ့ အံ့က်ဴးနဲ႔ တစ္ျခားစီဆိုေပမယ့္ ဖူးစာကလည္း အံ့က်ဴးနဲ႔မွ ပါတာထင္သည္။လုပ္သမွ် အျပစ္မျမင္ႏိုင္ေပ။

ဝူး….!! တီ တီ!

“အံ့က်ဴး”

အ႐ွိန္အဟုန္ျပင္းျပင္းေရာက္လာတဲ့ ဆိုင္ကယ္သံေၾကာင့္ လေရာင္ကိုယ္ေလးတုန္သြားၿပီး ခ်က္ခ်င္းပဲ ထိုအျပာေရာင္အရိပ္ဆီ ေရာက္သြားသည္။အံ့က်ဴးက မ်က္ေမွာက္ကို က်ံဳ႕ထားေပမယ့္ လေရာင္ကိုေတာ့ ေဒါသထြက္ဟန္မျပ။

“ေနာက္က တက္ ေနပူတယ္”

“မမဇူးေရာ”

“ကားပ်က္လို႔တဲ့ က်ဳပ္ကို ဖုန္းဆက္လို႔”

“အင္း ၊ အျမင့္ႀကီးပဲ”

သူ႕ဆိုင္ကယ္ေနာက္က တစ္ခါမွ မလိုက္ဖူး၍ ဆိုင္ကယ္ေပၚတက္ဖို႔ အိုးတိုးအမ္းတမ္းျဖစ္ေနရသည္။

“က်ဳပ္ ေပြ႕တင္ရမလား”

“ဟင္ အေမ့”

ေျပာၿပီး ခါးကေနသိုင္းမလိုက္သူေၾကာင့္ အလန္႔တၾကားပင္ လည္ပင္းကို တင္းၾကပ္စြာ ဖက္ထားလိုက္ရသည္။႐ုတ္တရက္ရလိုက္တဲ့ ဘီယာနံ႔ျပင္း႐ွ႐ွက ေယာက်္ားဆန္တဲ့ ကိုယ္သင္းနံ႔နဲ႔ေပါင္းၿပီး ဆြဲေဆာင္မႈ႐ွိေနသည္။

“ေခါင္းေမာ့”

သူ႕အေျပာအတိုင္း ေမာ့ေပးလိုက္ေတာ့ ဂ်ာကင္ကို ခြၽတ္ၿပီး လေရာင္ေခါင္းကို အုပ္ကာ လည္ပင္းမွာ သိုင္းခ်ည္ေပးလာသည္။
ရာဇာ့ကို ၾကည့္လိုက္ေတာ့ညိႇဳးငယ္စြာပင္ လေရာင္ကို ၾကည့္ေနသည္။ရာဇာ့ေ႐ွ႕မွာမို႔ တမင္ဂ႐ုစိုက္ေပးေနတာလား မေျပာတတ္ေပမယ့္ အံ့က်ဴးရဲ႕ ပုံစံကို သေဘာအက်ႀကီးက်ေနရသည္။

ဆိုင္ကယ္စက္ စႏိႈးတာနဲ႔ ရင္ထိတ္စြာပင္ ခါးကို တင္းက်ပ္စြာဖက္ထားလိုက္မိသည္။သူျမင္ဖူးသမွ် အံ့က်ဴးက ဆိုင္ကယ္ကို အ႐ွိန္ျမႇင့္ၿပီး ေမာင္းေလ့႐ွိတာေၾကာင့္ျဖစ္သည္။

“မေၾကာက္နဲ႔ ျဖည္းျဖည္းပဲေမာင္းမွာ က်ဳပ္ကို ဖက္ထား”

“အင္း”

ေျပာသည့္အတိုင္းပင္ သူေမာင္းေနၾကထက္ တစ္ဝက္ေလာက္ အ႐ွိန္ေလွ်ာ့ၿပီး ေမာင္းေပးတာမို႔ လေရာင္ျပဳံးမိေသးသည္။သို႔ေသာ္ လမ္းတစ္ေလွ်ာက္ဝင္လာသည့္ ပီတိက အိမ္နားေရာက္ခါနီးမွာေတာ့ စိုးထိတ္မႈအျဖစ္သာ ဝင္ေရာက္လာရျပန္သည္။အဘယ္ေၾကာင့္ဆိုေသာ္ အံ့က်ဴး၏ ေသြးေအးေအးေျပာလိုက္သည့္ စကားကား…

“ဆံပင္ေတြခ်ည္ထားတာကို ဘယ္သူ႕ခြင့္ျပဳခ်က္နဲ႔ ျဖဳတ္ရဲရတာလဲ”တဲ့။

SophiaMoon783 (27.9.2022)
_______________________________________

နည္းနည္းပို႐ွည္ေပးထားတယ္ေလ…
Feedback feedback လိုေနတာ feedback ပါ။

Tags: read novel My Possessive Of You 5, novel My Possessive Of You 5, read My Possessive Of You 5 online, My Possessive Of You 5 chapter, My Possessive Of You 5 high quality, My Possessive Of You 5 light novel, ,

Comment

Leave a Reply

Chapter 6