My Possessive Of You 8

All chapters are in My Possessive Of You
A+ A-

Unicode

ဒီတစ်ကြိမ် အံ့ကျူးမျိုးနွယ်ရဲ့ လုပ်ရပ်ကိုတော့ လရောင် တော်တော်အံ့ဩရသည်။တစ်ရက်လေးတောင် မဝင်ရသေးတဲ့ အလုပ်ကို နှုတ်ထွက်စာတင်လိုက်တယ်ဆိုတော့ DRH က လရောင်ကို အချဥ်ပေါက်သွားနိုင်သည်။အံ့ကျူးမျိုးနွယ်အကြောင်းကို ရာဇာက သိထားပေမယ့် စိစစ်ရေးလုပ်တဲ့ မန်နေဂျာမမကတော့ သေချာပေါက် စိတ်ထဲ ကသိကအောင့်ဖြစ်လိမ့်မည်။

စိတ်ကသိကအောင့်ဖြစ်စွာပင် သူ့ကို မော့ကြည့်လိုက်တော့ ပါးစောင်ကို လျှာနဲ့ထိုးပြီး လရောင်ကို မင်တေတေပင် ကြည့်နေသည်။

“ကျစ်…လူကို စူးစူးခါးခါးကြည့်မနေနဲ့  အဲ့ကောင်နဲ့ တစ်နေရာတည်း တူတူရှိနေမှာကို ကျုပ်က ကြည်ဖြူနိုင်မယ်ထင်လား ဝေဿန္တရာမင်းလည်းမဟုတ်ဘူး ကျုပ်က အံ့ကျူးမျိုးနွယ်!!”

“ဒါပေမယ့်……ချက်ချင်းကြီးတော့ မဖြစ်သင့်ဘူးလေကွာ”

“ဖြစ်သင့်တာ မဖြစ်သင့်တာ ကျုပ်အဘိဓာန်မှာ မရှိဘူး”

လရောင်ဘာတစ်ခုမှ မပြောလိုတော့။တဇွတ်ထိုးသမားက လုပ်ချင်သလိုလုပ်ထားပြီးပြီမို့ လရောင် သက်ပြင်းသာချနေလိုက်သည်။အားနာခြင်း၊သည်းခံခြင်းတွေလည်း ဒီလူသားမှာ ရှိနေမှာမှ မဟုတ်တာ။

“ခင်များ ဘယ်သွားစရာရှိသေးလဲ ကျုပ်လိုက်ပို့ပေးမယ် အိမ်တော့ပြန်လို့မရဘူး”

“အလုပ်မှ မရှိတော့တာ အိမ်ကလွဲပြီး ငါက ဘယ်သွားစရာရှိနေရအုန်းမှာလဲ အိမ်ပဲပြန်ပို့”

အံ့ကျူးစကားကို ကြားတော့ တွေတွေလေးငေးနေသူက ဆံပင်တွေလှုပ်ခါသွားသည်အထိ အလန့်တကြားပြန်ပြောသည်။အောက်နှုတ်ခမ်းကို ကိုက်ကာ ပြန်စွာနေပုံက စိတ်ဆိုးနေတဲ့ ကြောင်လေးနဲ့တူနေသည်။စိတ်ကောက်ချင်နေတဲ့သူက ပါးပြင်နှစ်ဖက်လုံး နီရဲနေပြီး မျက်ခုံးတန်းသွယ်သွယ်က အနည်းငယ်စုကျုံ့ချင်နေသည်။

ကိုယ့်ဘက်က ရှက်ရှက်နဲ့ ဝန်ခံထားပြီးပေမယ့် အံ့ကျူးရင်တွေလည်း ထူးထူးခြားခြားပင် တရစပ်ခုန်နေသည်။လရောင်သသ ချစ်တာကို သိပေမယ့် သူ့ဆီက မတော်တဆငြင်းလိုက်မှာကို စိုးရွံ့မိတာကြောင့် အကြမ်းနည်းနဲ့ပင် ဖွင့်ပြောလိုက်ခြင်းဖြစ်သည်။ရာဇာထူးဟန်တို့မိသားစုပိုင် ဌာနမှန်းသိသိကြီးနဲ့ အဲ့နေ့က လွှတ်ထားပေးလိုက်တာကလည်း လရောင်သသစိတ်ပျက်သွားမှာစိုး၍ ဖြစ်သည်။

ဟိုနေ့ညက သူ့ macbook ကို ကလိရင်းနဲ့ တစ်ခါတည်း သတင်းဌာနကို mail ပို့လိုက်ခြင်းဖြစ်သည်။mail တစ်ဖက်ကို ရောက်သွားတာသေချာမှ ဒီဘက်က စာကို ဖျက်ချလိုက်တာမို့ လရောင်သသ မသိရခြင်းဖြစ်သည်။

စိတ်ကောက်ချင်နေတဲ့ လရောင်သသက အံ့ကျူးကို ကျောပေးပြီး တစ်ဖက်ကို လှည့်ထားသည်။လက်နှစ်ဖက်ပိုက်ထားတဲ့ လရောင်က မျက်တောင်လေးတွေ တဖျတ်ဖျတ်ခတ်ကာ အသက်ပြင်းပြင်းရှူနေတာကို ဘေးတိုက်ကနေမြင်နေရသည်။မြှောက်စီးထားတဲ့ ဆံပင်ရှည်တွေအောက်က ဂုတ်သားဖွေးဖွေးဆီကို အကြည့်ရောက်တော့ ငုံ့နမ်းပစ်ချင်စိတ်က ထိန်းမရ။အခုနေ နမ်းလိုက်ရင် အသားယူတယ်ဆိုပြီး လရောင်သသက သေချာပေါက် သူ့ကို ထုရိုက်တော့မည်။

“First date ကို ဘယ်နေရာမှာ ဖြတ်သန်းချင်လဲ”

“ဟင် ဘာအတွက် first date လဲ”

“ပြောပြီးပြီလေ ခင်များကို ချစ်တယ်လို့ ကျုပ်ချစ်ရင် ကျုပ်ချစ်သူပဲ မဟုတ်လား သမီးရည်းစားတွေက date လုပ်လို့ရတယ်လေ”

အတည်ပေါက်ကြီးပြောနေသူက helmet ကိုတောင် လရောင်ခေါင်းပေါ် ဆောင်းပေးနေပြီ။မေးသိုင်းကြိုးပါ တပ်ပေးပြီး ငေးကြောင်နေတဲ့ လရောင်မေးဖျားကို အသာဖျစ်ညှစ်သွားသေးသည်။လရောင်မှာတော့ ရင်တွေ အဆမတန်ခုန်နေပြီး ရင်ဘတ်တစ်ခုလုံး ပေါက်ထွက်တော့မလို ခံစားနေရသည်။ဒီဟာ အိပ်မက်တော့ မဟုတ်ဘူးမလား။
ကိုယ်လက်ချောင်းကိုယ် အားထည့်ပြီး ဆိတ်ကြည့်လိုက်တော့မှ တကယ်ဆိုတာ ယုံမိသည်။အံ့ကျူးကတော့ နှုတ်ခမ်းစွန်းလေး မသိမသာကွေးနေပြီး မျက်လုံးတွေက ရယ်မြူးရိပ်သန်းနေသည်။

“ဘယ်နေရာ သွားချင်လဲဟင်”

“….”

ရွှတ်!

လရောင်လက်ကို ဆွဲယူကာ လက်ဖမိုးကို ငုံ့မွှေးလာသူကြောင့် လရောင်ရင်ထဲ လျှပ်စီးလက်သလိုဖြစ်သွားရသည်။ငယ်ငယ်ကတည်းက ခဏခဏ အနမ်းခံရပေမယ့် ဒီတစ်ကြိမ်မှာတော့ လရောင်အသက်ရှူပင် ရပ်တန့်လောက်အောင် ဖြစ်သွားရသည်။ချော့ပြောသလို လေသံက တစ်ခါမှ မကြားဖူးအောင် နူးညံ့လွန်းနေတာမို့ လရောင် မသိမသာပင် တံတွေးမျိုချမိသွားသည်။ပြောင်းလဲချင်တော့လည်း ချက်ချင်းကြီးပါလား…..။

“ငါ…ငါတို့ ဘုရားသွားကြမလားဟင်”

“ဟမ်!!”

လရောင် ထွေထွေထူးထူးစဥ်းစားမနေတော့ပဲ စိတ်ထဲရှိတဲ့ အတိုင်းပြောလိုက်တော့ အံ့ကျူးမျိုးနွယ်က သရဲတစ္ဆေတွေ့သလိုမျိုး ဆွေ့ဆွေ့ခုန်သွားသည်။အိမ်မှာ တစ်နှစ်လုံးရှိလို့ တစ်ကြိမ်တောင် အနိုင်နိုင် ဘုရားရှိခိုးတဲ့သူက ဘုရားရိပ် တရားရိပ်ကို သူနဲ့မသက်ဆိုင်သလို သတ်မှတ်ထားပုံရပါသည်။

“ဘာဖြစ်တာလဲ ဘုရားသွားမယ် ပြောတာကို အလန့်တကြား”

လရောင် အသံစွာစွာနဲ့  ပြောလိုက်တော့ နဖူးကြောတွေ တွန့်နေအောင် မျက်နှာကိုရှုံ့မဲ့ပြီး ပွစိပွစိလုပ်နေသည်။အမြဲတမ်းမျက်နှာတည်ကြီးနဲ့လူက အခုလို ရှုံ့မဲ့ပြီး နှုတ်ခမ်းကြီးစူထားတော့ ရယ်ချင်စရာကောင်းနေတော့သည်။

“ခွီး!”

ထိန်းထားတဲ့ ကြားက ရယ်သံက အလိုက်မသိစွာ ထွက်သွားတော့ အံ့ကျူးမျိုးနွယ်က မျက်လုံးလှန်ကြည့်သည်။

“ခင်များက ဘာရယ်တာလဲ…”

“ဘုရားသွားတာ ကုသိုလ်တောင် ရတယ်လေ အံ့ကျူးမျိုးနွယ်ရာ…. ဘာဖြစ်လို့ အီးမှန်သလို လုပ်နေတာလဲ”

“Date ရင်းနဲ့ ကျုပ်က ခင်များကို ဖက်ချင်နမ်းချင်လာရင်ရော ဘုရားပေါ်မှာ အဲ့တာတွေက သင့်တော်နေလို့လား”

အံ့ကျူးစကားကို ကြားတော့ လရောင်မှာ ငိုရခက် ရယ်ရခက်ဖြစ်သွားရသည်။ဒီကောင်လေးက စကားကို သွယ်ဝိုက်ပြီးတော့ မပြောတတ် ဖြစ်ချင်တာကို ဒက်ခနဲ ပြောချလိုက်တာချည်းပင်။ပွင့်လင်းတာကောင်းပေမယ့် တစ်ဖက်သား နားဝင်ချိုအောင် ပြောတတ်ဖို့လည်း လိုသည်။အံ့ကျူးမျိုးနွယ်က အကုန်တတ်ပြီးသားဆိုပေမယ့် ပြုပြင်ပေးရမယ့် အချက်တွေ အများကြီးရှိသေးသည်။

ပြောမရတဲ့အဆုံး သူ့သဘောကျ ကော်ဖီဆိုင်တစ်ခုကိုသာ သွားလိုက်ရတော့သည်။ကော်ဖီဆိုင်ကို သွားတဲ့ လမ်းတစ်လျှောက်မှာတော့ အံ့ကျူးက ဆိုင်ကယ်ကို ငြင်ငြင်သာသာမောင်းပြီး သူ့ကိုဖက်ထားတဲ့ လရောင်လက်ဖဝါးလေးတစ်ဖက်ကို သူ့လက်တွေနဲ့ ဆုပ်ကိုင်ထားသေးသည်။အပေါ်ယံသာ အေးစက်တဲ့ပုံပေါ်နေပေမယ့် အံ့ကျူးလက်ဖဝါးမှာလည်း ချွေးစတွေကပ်နေသည်။သူလည်း ရင်တွေခုန်နေတာ။

“So I tell you. A million tiny things that…. “

ဆိုင်မှာထိုင်ပြီး ခဏအကြာပဲရှိသေးသည် လရောင်ဖုန်းက မြည်လာသဖြင့် အံ့ကျူးစိတ်မကြည်ဖြစ်သွားရသည်။လရောင်သသက တစ်ခါမှ ရည်းစားမထားဖူးတဲ့ လူမှန်း သိသာသည်။ရည်းစားနဲ့ချိန်းတွေ့တာကို ဖုန်းပိတ်ထားရမှန်းမသိ။

ဖုန်းကိုင်ဖို့ လုပ်နေတဲ့သူက အံ့ကျူးကို တကြည့်ကြည့်နဲ့။

“ဟယ်လို”

*လရောင် ကိုယ်ပါ*

“အော်”

*ကိုယ်တို့ ခဏလောက်တွေ့လို့ရမလားဟင်*

“အာ….အဲဒါက”

တုန်တုန်ရီရီနဲ့ ပြောနေပြီး အံ့ကျူးကို ကွက်ကြည့်ကွက်ကြည့်လုပ်နေတဲ့သူကို အကြည့်စူးစူးတွေနဲ့ ခြိမ်းခြောက်ပစ်လိုက်သည်။

“ငါ…ငါ ဒီနေ့ မအားဘူး နောက်နေ့မှ တစ်နေရာရာမှာ ဆုံကြမယ်လေ အင့်..”

လရောင်လက်ထဲက ဖုန်းက ဆတ်ခနဲ အလုခံလိုက်ရသည်။ဘာမှ မရိုးမသားမဟုတ်ပေမယ့် ရာဇာဖြစ်နေတဲ့အတွက်ကို အံ့ကျူးမျိုးနွယ်ရှေ့မှာ အပြစ်ရှိသလိုခံစားနေရသည်။ကောင်လေးက ရာဇာထူးဟန်နဲ့ ပတ်သက်တာ မကြိုက်ဘူးမလား။

အံ့ကျူးမျိုးနွယ် လရောင်သသလက်ထဲက ဖုန်းကိုယူပြီး contact name ကို ကြည့််လိုက်တော့ တွေ့လိုက်ရတဲ့ နာမည်ကြောင့် အလျှော့ပေးထားသမျှ ဒေါသတွေက ထောင်းခနဲ။

*လရောင် ကိုယ်ပြောတာ ကြားလား*

“အဟက် မင်းသာ သတ္တိရှိတယ်ဆိုရင် ဖုန်းကို ချမပစ်လိုက်နဲ့..”

*ဟင် အံ့ကျူးမျိုးနွယ် လရောင်ရော လရောင်ကို အနိုင်ကျင့်ဖို့ မတွေးပါနဲ့ကွာ မင်းမရှိဘူးထင်လို့ ငါခေါ်မိတာပါ*

“ဟ ငါ့ကို အမိန့်တွေ လာပေးနေပါ့ရော လရောင်သသက ငါ့အပိုင် အချိန်မရွေး ငါ့အောက်ဆွဲသွင်းလို့ရတယ့်သူပဲ အဲတာကြောင့် စိတ်ကူးလေးနဲ့တောင် မပစ်မှားလိုက်နဲ့ မင်း
သူက ငါ့လူပဲ…. ငါ့လူကို ထိရင် မင်းငရဲရောက်သွားမလား နိဗ္ဗာန်ရောက်သွားမလား ငါအာမမခံဘူး”

သူ့ဘက်က တုံ့ပြန်စကားကို နားထောင်မနေတော့ပဲ ဖုန်းကို ချပစ်လိုက်ပြီး ထိုင်နေတဲ့ လရောင်သသရှေ့ ပစ်ချလိုက်သည်။မျက်ရည်လေးပုတ်ခတ်ပုတ်ခတ်နဲ့လူက လရောင်ကို ရွံစရာတစ်ခုလို ကြည့်နေသည်။

“ခင်များ စောက်ချိုးကို ပြင်လိုက် မဟုတ်ရင် ဒီနေရာမှာတင် ခင်များတစ်ခုခုဖြစ်သွားနိုင်တယ်”

“အင့်”

မျက်ရည်တွေ ပေါက်ခနဲ ကျလာကာ အောက်နှုတ်ခမ်းကို ဖိကိုက်ပြီး အံ့ကျူးကို စိတ်ကုန်နေသလို မော့ကြည့်သည်။

“လာခဲ့ ခင်များ ကျုပ်အကြောင်းသိစေရမယ်”

လက်ကောက်ဝတ်ကနေ မညှာမတာဆွဲခေါ်ပြီး ဆိုင်ကယ်ပေါ်ကောက်တင်ကာ တရကြမ်းပင် ထွက်လာခဲ့သည်။Helmet တပ်ပေးဖို့လည်း သတိမရတော့သလို သူ့မှာလည်း ပါမလာတော့။အံ့ကျူးကို ရွံစရာတစ်ခုလို ကြည့်နေသည့် သူ့အကြည့်တွေက အံ့ကျူးမျက်လုံးထဲက မထွက်။ထွက်လာတဲ့ ဒေါသက လက်က Lever ကို ပိုဆွဲမိနေသည်။နောက်ကလူဆီက ကျစ်နေအောင် အဖက်ခံရမှ သတိထားမိသည်။ကြောက်တော့ ကြောက်တတ်သေးသားပဲ။

ဒုန်း!

“အင့်”

အိမ်ကိုရောက်တာနဲ့ ခြံထဲမှာ ထိုင်နေတဲ့ ဖိုးရဲ့ တားမြစ်သံတွေ မေးမြန်းသံတွေကိုတောင် နားမထောင်နိုင်တော့ပဲ အံ့ကျူးမျိုးနွယ် ဆွဲခေါ်ရာနောက်ကို အမီလိုက်လာခဲ့ရသည်။လရောင်လဲသွားရင်တောင် တရွတ်တိုက် ဆွဲခေါ်မယ့်လူဆိုတော့ သတိထားပြီး သူသွားရာနောက်လိုက်ရသည်။

လရောင်အခန်းကိုဖွင့်ပြီး ခုတင်ပေါ်တွန်းချလိုက်တော့ အင့်ခနဲဖင်ထိုင်ရက်ကျသွားသည်။

“ဘာလို့လဲ ဘာလို့ ကျုပ်မုန်းပါတယ်ဆိုတဲ့လူနဲ့မှ အဆက်အသွယ်တွေရှိနေရတာလဲ အလုပ်သွားလျှောက်တဲ့ကိစ္စကိုတောင် ကျုပ်လိုက်လျောဖို့ တော်တော်ကြိုးစားထားရတာ ဒီလိုမျိုး နှစ်ယောက်ထဲ တွေ့ဖို့တွေထိ မပါဘူး”

လရောင်ပုခုံးကို ခပ်တင်းတင်းဆုပ်ထားတဲ့သူက မေးရိုးတွေထင်းနေအောင် အံကြိတ်ကာ ပြောသည်။ရာဇာထူးဟန်ဆီက ဒီလိုမျိုးဖုန်းအဆက်အသွယ်တွေ ခဏခဏရဖူးပေမယ့် လရောင်ဘက်က ငြင်းပယ်ခဲ့တာချည်းပင်။ဒီတစ်ကြိမ်တော့ ကံဆိုးစွာပင် အံ့ကျူးမျိုးနွယ်ရှေ့မှာ ဖြစ်သွားခဲ့ရသည်။

“ခဏလေး…ငါပြောတာကို နားထောင်ပေး..”

“မလိုဘူး ကျုပ် သတိပေးထားမယ်….ကျုပ် ခင်များကို နှစ်နှစ်ခါခါကို ချစ်မိနေတာ ဘယ်အချိန်ကတည်းက ဆိုတာတောင် ကျုပ်မသိဘူး။ အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတာ သိတယ်မလား… ကျုပ်ကို သစ္စာဖောက်လို့ကတော့ ခင်များရော အဲ့ကောင်ရော နှစ်ယောက်လုံးကို ငရဲပြည်မှာ ဆုံခွင့်ပေးမယ်….တောက်!!”

ဂျိန်း!

အံ့ကျူးမျိုးနွယ်က မနက်တုန်းက အခြေအနေနဲ့ လုံးဝဆန့်ကျင်ဘက်ကို ပြောင်းလဲသွားပြီး ဒေါသကြီးတဲ့ သူ့ရဲ့နဂိုပုံစံအတိုင်း လရောင်ကို ဆက်ဆံကာ အခန်းတံခါးကို အသံမြည်အောင်ပင် ဆောင့်ပိတ်သွားခဲ့သည်။

လရောင်သသ ကိုယ့်ကိုကိုယ်သာ မကျေမချမ်းထုရိုက်နေမိသည်။ကောင်လေးက အခုမှ  နူးညံ့ပြလာတတ်စမို့ ရင်ခုန်မှုနဲ့အတူ ကြည်နူးရပေမယ့် ဘာမှမဟုတ်တဲ့ ဖုန်းအဝင်ကောလ်တစ်ခုကြောင့် နှစ်ယောက်လုံး စိတ်ဒုက္ခရောက်ရသည်။

Ding!

ခုတင်ပေါ်မှာ စိတ်ရှုပ်ထွေးစွာပင် ထိုင်နေမိတုန်း message ဝင်လာသံကြောင့် ဖုန်းကိုကောက်ယူလိုက်သည်။လရောင် မျက်ရည်စတွေကို လက်ခုံနဲ့ ကပျာကယာသုတ်ပြီး ကြည့်လိုက်တော့ အံ့ကျူးမျိုးနွယ်ဆီမှ ဖြစ်နေသည်။

*ငိုမနေနဲ့တော့ သန့်ရှင်းရေးလုပ်ပြီး ခဏအိပ်လိုက် ညနေစာကို ပီဇာမှာပေးထားမယ်*

အံ့ကျူးရဲ့ message ကိုဖတ်ပြီး လရောင် မျက်ရည်စတွေနဲ့အတူ ပြုံးမိသည်။စိတ်တိုသွားတာတောင် အရင်လိုအပြစ်မရှာတော့ပဲ လရောင်ကို ဂရုစိုက်ပေးဖို့ ကြိုးစားထားသည်ထင်ပါရဲ့။

အတန်ကြာသည်အထိ ဖုန်းစကရင်ကို စိုက်ကြည့်ပြီး လရောင်ပြုံးနေမိသည်။

*ကိုယ့်ရည်းစားကို အလေးနက်ထားပြီး စာပြန်ရတယ်ဆိုတာ သိလား ကျုပ်စိတ်မတိုချင်ဘူးနော်*

နောက်ထပ်ရောက်လာတဲ့ စာကြောင့် လရောင်မျက်လုံးလေးတွေဝိုင်းသွားသည်။အွန်လိုင်းပေါ်က ချစ်သူရည်းစားတွေလို Reply ကြာရင်လည်း ကောင်လေးက စိတ်ကောက်ဖို့ တွေးထားသည်ထင်သည်။

*အင်း*

လရောင် ဘာပြောရမှန်းမသိ၍ ‘အင်း’တစ်လုံးပဲ ပြန်ရေးပေးလိုက်သည်။

*ကျုပ်ကို ချစ်လား*

လရောင်စာပြန်ပြီးပြီးချင်း ဝင်လာတဲ့ အံ့ကျူးရဲ့ စာကြောင့် ရုတ်တရက် အသက်ရှူရပ်သလို ခံစားလိုက်ရပြီး လက်ဖျားလေးတွေတုန်လာသည်။အခု မက်ဆေ့ပို့နေတဲ့သူက စောစောက လရောင်ကို ဆွဲလားရမ်းလားလုပ်သွားတဲ့ အံ့ကျူးမျိုးနွယ်ဆိုတာတော့ သေချာလောက်ပါတယ်နော်။

*အင်း ငါရေချိုးပြီ*

သူနဲ့ ဆက်ပြီး စာတွေပို့နေရရင် ရငခုန်ရလွန်း၍ နှလုံးရပ်ပြီး သေသွားနိုင်တာမို့ လရောင်ဘက်ကပဲ အဆုံးသတ်လိုက်သည်။တစ်အိမ်ထဲ အခန်းချင်းကပ်ရက်ဖြစ်နေပြီးမှ ဖုန်းနဲ့ ဆက်သွယ်နေရတာ ရယ်တော့ရယ်ရသား ။ လရောင်ကောင်လေးက ချစ်ပြတတ်ဖို့ ကြိုးစားဆဲပဲရှိသေးတယ်လေ ဒီလောက်တော့ နားလည်ပေးရမှာပေါ့။

SophiaMoon783(5.10.2022)
________________________________________

Daily ကို ကျွန်တော် ကြိုးစားကြည့်သေးပေမယ့် work from home မို့ နည်းနည်းခက်ခဲတာမို့ 2ရက်ခြား တစ်ပိုင်းလောက်တော့ ကြိုးစားကြည့်ပေးပါ့မယ်ရှင့်။

Zawgyi

ဒီတစ္ႀကိမ္ အံ့က်ဴးမ်ိဳးႏြယ္ရဲ႕ လုပ္ရပ္ကိုေတာ့ လေရာင္ ေတာ္ေတာ္အံ့ဩရသည္။တစ္ရက္ေလးေတာင္ မဝင္ရေသးတဲ့ အလုပ္ကို ႏႈတ္ထြက္စာတင္လိုက္တယ္ဆိုေတာ့ DRH က လေရာင္ကို အခ်ဥ္ေပါက္သြားႏိုင္သည္။အံ့က်ဴးမ်ိဳးႏြယ္အေၾကာင္းကို ရာဇာက သိထားေပမယ့္ စိစစ္ေရးလုပ္တဲ့ မန္ေနဂ်ာမမကေတာ့ ေသခ်ာေပါက္ စိတ္ထဲ ကသိကေအာင့္ျဖစ္လိမ့္မည္။

စိတ္ကသိကေအာင့္ျဖစ္စြာပင္ သူ႕ကို ေမာ့ၾကည့္လိုက္ေတာ့ ပါးေစာင္ကို လွ်ာနဲ႔ထိုးၿပီး လေရာင္ကို မင္ေတေတပင္ ၾကည့္ေနသည္။

“က်စ္…လူကို စူးစူးခါးခါးၾကည့္မေနနဲ႔  အဲ့ေကာင္နဲ႔ တစ္ေနရာတည္း တူတူ႐ွိေနမွာကို က်ဳပ္က ၾကည္ျဖဴႏိုင္မယ္ထင္လား ေဝႆႏၲရာမင္းလည္းမဟုတ္ဘူး က်ဳပ္က အံ့က်ဴးမ်ိဳးႏြယ္!!”

“ဒါေပမယ့္……ခ်က္ခ်င္းႀကီးေတာ့ မျဖစ္သင့္ဘူးေလကြာ”

“ျဖစ္သင့္တာ မျဖစ္သင့္တာ က်ဳပ္အဘိဓာန္မွာ မ႐ွိဘူး”

လေရာင္ဘာတစ္ခုမွ မေျပာလိုေတာ့။တဇြတ္ထိုးသမားက လုပ္ခ်င္သလိုလုပ္ထားၿပီးၿပီမို႔ လေရာင္ သက္ျပင္းသာခ်ေနလိုက္သည္။အားနာျခင္း၊သည္းခံျခင္းေတြလည္း ဒီလူသားမွာ ႐ွိေနမွာမွ မဟုတ္တာ။

“ခင္မ်ား ဘယ္သြားစရာ႐ွိေသးလဲ က်ဳပ္လိုက္ပို႔ေပးမယ္ အိမ္ေတာ့ျပန္လို႔မရဘူး”

“အလုပ္မွ မ႐ွိေတာ့တာ အိမ္ကလြဲၿပီး ငါက ဘယ္သြားစရာ႐ွိေနရအုန္းမွာလဲ အိမ္ပဲျပန္ပို႔”

အံ့က်ဴးစကားကို ၾကားေတာ့ ေတြေတြေလးေငးေနသူက ဆံပင္ေတြလႈပ္ခါသြားသည္အထိ အလန္႔တၾကားျပန္ေျပာသည္။ေအာက္ႏႈတ္ခမ္းကို ကိုက္ကာ ျပန္စြာေနပုံက စိတ္ဆိုးေနတဲ့ ေၾကာင္ေလးနဲ႔တူေနသည္။စိတ္ေကာက္ခ်င္ေနတဲ့သူက ပါးျပင္ႏွစ္ဖက္လုံး နီရဲေနၿပီး မ်က္ခုံးတန္းသြယ္သြယ္က အနည္းငယ္စုက်ံဳ႕ခ်င္ေနသည္။

ကိုယ့္ဘက္က ႐ွက္႐ွက္နဲ႔ ဝန္ခံထားၿပီးေပမယ့္ အံ့က်ဴးရင္ေတြလည္း ထူးထူးျခားျခားပင္ တရစပ္ခုန္ေနသည္။လေရာင္သသ ခ်စ္တာကို သိေပမယ့္ သူ႕ဆီက မေတာ္တဆျငင္းလိုက္မွာကို စိုး႐ြံ႕မိတာေၾကာင့္ အၾကမ္းနည္းနဲ႔ပင္ ဖြင့္ေျပာလိုက္ျခင္းျဖစ္သည္။ရာဇာထူးဟန္တို႔မိသားစုပိုင္ ဌာနမွန္းသိသိႀကီးနဲ႔ အဲ့ေန႔က လႊတ္ထားေပးလိုက္တာကလည္း လေရာင္သသစိတ္ပ်က္သြားမွာစိုး၍ ျဖစ္သည္။

ဟိုေန႔ညက သူ႕ macbook ကို ကလိရင္းနဲ႔ တစ္ခါတည္း သတင္းဌာနကို mail ပို႔လိုက္ျခင္းျဖစ္သည္။mail တစ္ဖက္ကို ေရာက္သြားတာေသခ်ာမွ ဒီဘက္က စာကို ဖ်က္ခ်လိုက္တာမို႔ လေရာင္သသ မသိရျခင္းျဖစ္သည္။

စိတ္ေကာက္ခ်င္ေနတဲ့ လေရာင္သသက အံ့က်ဴးကို ေက်ာေပးၿပီး တစ္ဖက္ကို လွည့္ထားသည္။လက္ႏွစ္ဖက္ပိုက္ထားတဲ့ လေရာင္က မ်က္ေတာင္ေလးေတြ တဖ်တ္ဖ်တ္ခတ္ကာ အသက္ျပင္းျပင္း႐ွဴေနတာကို ေဘးတိုက္ကေနျမင္ေနရသည္။ေျမႇာက္စီးထားတဲ့ ဆံပင္႐ွည္ေတြေအာက္က ဂုတ္သားေဖြးေဖြးဆီကို အၾကည့္ေရာက္ေတာ့ ငုံ႔နမ္းပစ္ခ်င္စိတ္က ထိန္းမရ။အခုေန နမ္းလိုက္ရင္ အသားယူတယ္ဆိုၿပီး လေရာင္သသက ေသခ်ာေပါက္ သူ႕ကို ထု႐ိုက္ေတာ့မည္။

“First date ကို ဘယ္ေနရာမွာ ျဖတ္သန္းခ်င္လဲ”

“ဟင္ ဘာအတြက္ first date လဲ”

“ေျပာၿပီးၿပီေလ ခင္မ်ားကို ခ်စ္တယ္လို႔ က်ဳပ္ခ်စ္ရင္ က်ဳပ္ခ်စ္သူပဲ မဟုတ္လား သမီးရည္းစားေတြက date လုပ္လို႔ရတယ္ေလ”

အတည္ေပါက္ႀကီးေျပာေနသူက helmet ကိုေတာင္ လေရာင္ေခါင္းေပၚ ေဆာင္းေပးေနၿပီ။ေမးသိုင္းႀကိဳးပါ တပ္ေပးၿပီး ေငးေၾကာင္ေနတဲ့ လေရာင္ေမးဖ်ားကို အသာဖ်စ္ညႇစ္သြားေသးသည္။လေရာင္မွာေတာ့ ရင္ေတြ အဆမတန္ခုန္ေနၿပီး ရင္ဘတ္တစ္ခုလုံး ေပါက္ထြက္ေတာ့မလို ခံစားေနရသည္။ဒီဟာ အိပ္မက္ေတာ့ မဟုတ္ဘူးမလား။
ကိုယ္လက္ေခ်ာင္းကိုယ္ အားထည့္ၿပီး ဆိတ္ၾကည့္လိုက္ေတာ့မွ တကယ္ဆိုတာ ယုံမိသည္။အံ့က်ဴးကေတာ့ ႏႈတ္ခမ္းစြန္းေလး မသိမသာေကြးေနၿပီး မ်က္လုံးေတြက ရယ္ျမဴးရိပ္သန္းေနသည္။

“ဘယ္ေနရာ သြားခ်င္လဲဟင္”

“….”

႐ႊတ္!

လေရာင္လက္ကို ဆြဲယူကာ လက္ဖမိုးကို ငုံ႔ေမႊးလာသူေၾကာင့္ လေရာင္ရင္ထဲ လွ်ပ္စီးလက္သလိုျဖစ္သြားရသည္။ငယ္ငယ္ကတည္းက ခဏခဏ အနမ္းခံရေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ လေရာင္အသက္႐ွဴပင္ ရပ္တန္႔ေလာက္ေအာင္ ျဖစ္သြားရသည္။ေခ်ာ့ေျပာသလို ေလသံက တစ္ခါမွ မၾကားဖူးေအာင္ ႏူးညံ့လြန္းေနတာမို႔ လေရာင္ မသိမသာပင္ တံေတြးမ်ိဳခ်မိသြားသည္။ေျပာင္းလဲခ်င္ေတာ့လည္း ခ်က္ခ်င္းႀကီးပါလား…..။

“ငါ…ငါတို႔ ဘုရားသြားၾကမလားဟင္”

“ဟမ္!!”

လေရာင္ ေထြေထြထူးထူးစဥ္းစားမေနေတာ့ပဲ စိတ္ထဲ႐ွိတဲ့ အတိုင္းေျပာလိုက္ေတာ့ အံ့က်ဴးမ်ိဳးႏြယ္က သရဲတေစၧေတြ႕သလိုမ်ိဳး ေဆြ႕ေဆြ႕ခုန္သြားသည္။အိမ္မွာ တစ္ႏွစ္လုံး႐ွိလို႔ တစ္ႀကိမ္ေတာင္ အႏိုင္ႏိုင္ ဘုရား႐ွိခိုးတဲ့သူက ဘုရားရိပ္ တရားရိပ္ကို သူနဲ႔မသက္ဆိုင္သလို သတ္မွတ္ထားပုံရပါသည္။

“ဘာျဖစ္တာလဲ ဘုရားသြားမယ္ ေျပာတာကို အလန္႔တၾကား”

လေရာင္ အသံစြာစြာနဲ႔  ေျပာလိုက္ေတာ့ နဖူးေၾကာေတြ တြန္႔ေနေအာင္ မ်က္ႏွာကို႐ႈံ႕မဲ့ၿပီး ပြစိပြစိလုပ္ေနသည္။အၿမဲတမ္းမ်က္ႏွာတည္ႀကီးနဲ႔လူက အခုလို ႐ႈံ႕မဲ့ၿပီး ႏႈတ္ခမ္းႀကီးစူထားေတာ့ ရယ္ခ်င္စရာေကာင္းေနေတာ့သည္။

“ခြီး!”

ထိန္းထားတဲ့ ၾကားက ရယ္သံက အလိုက္မသိစြာ ထြက္သြားေတာ့ အံ့က်ဴးမ်ိဳးႏြယ္က မ်က္လုံးလွန္ၾကည့္သည္။

“ခင္မ်ားက ဘာရယ္တာလဲ…”

“ဘုရားသြားတာ ကုသိုလ္ေတာင္ ရတယ္ေလ အံ့က်ဴးမ်ိဳးႏြယ္ရာ…. ဘာျဖစ္လို႔ အီးမွန္သလို လုပ္ေနတာလဲ”

“Date ရင္းနဲ႔ က်ဳပ္က ခင္မ်ားကို ဖက္ခ်င္နမ္းခ်င္လာရင္ေရာ ဘုရားေပၚမွာ အဲ့တာေတြက သင့္ေတာ္ေနလို႔လား”

အံ့က်ဴးစကားကို ၾကားေတာ့ လေရာင္မွာ ငိုရခက္ ရယ္ရခက္ျဖစ္သြားရသည္။ဒီေကာင္ေလးက စကားကို သြယ္ဝိုက္ၿပီးေတာ့ မေျပာတတ္ ျဖစ္ခ်င္တာကို ဒက္ခနဲ ေျပာခ်လိုက္တာခ်ည္းပင္။ပြင့္လင္းတာေကာင္းေပမယ့္ တစ္ဖက္သား နားဝင္ခ်ိဳေအာင္ ေျပာတတ္ဖို႔လည္း လိုသည္။အံ့က်ဴးမ်ိဳးႏြယ္က အကုန္တတ္ၿပီးသားဆိုေပမယ့္ ျပဳျပင္ေပးရမယ့္ အခ်က္ေတြ အမ်ားႀကီး႐ွိေသးသည္။

ေျပာမရတဲ့အဆုံး သူ႕သေဘာက် ေကာ္ဖီဆိုင္တစ္ခုကိုသာ သြားလိုက္ရေတာ့သည္။ေကာ္ဖီဆိုင္ကို သြားတဲ့ လမ္းတစ္ေလွ်ာက္မွာေတာ့ အံ့က်ဴးက ဆိုင္ကယ္ကို ျငင္ျငင္သာသာေမာင္းၿပီး သူ႕ကိုဖက္ထားတဲ့ လေရာင္လက္ဖဝါးေလးတစ္ဖက္ကို သူ႕လက္ေတြနဲ႔ ဆုပ္ကိုင္ထားေသးသည္။အေပၚယံသာ ေအးစက္တဲ့ပုံေပၚေနေပမယ့္ အံ့က်ဴးလက္ဖဝါးမွာလည္း ေခြၽးစေတြကပ္ေနသည္။သူလည္း ရင္ေတြခုန္ေနတာ။

“So I tell you. A million tiny things that…. “

ဆိုင္မွာထိုင္ၿပီး ခဏအၾကာပဲ႐ွိေသးသည္ လေရာင္ဖုန္းက ျမည္လာသျဖင့္ အံ့က်ဴးစိတ္မၾကည္ျဖစ္သြားရသည္။လေရာင္သသက တစ္ခါမွ ရည္းစားမထားဖူးတဲ့ လူမွန္း သိသာသည္။ရည္းစားနဲ႔ခ်ိန္းေတြ႕တာကို ဖုန္းပိတ္ထားရမွန္းမသိ။

ဖုန္းကိုင္ဖို႔ လုပ္ေနတဲ့သူက အံ့က်ဴးကို တၾကည့္ၾကည့္နဲ႔။

“ဟယ္လို”

*လေရာင္ ကိုယ္ပါ*

“ေအာ္”

*ကိုယ္တို႔ ခဏေလာက္ေတြ႕လို႔ရမလားဟင္*

“အာ….အဲဒါက”

တုန္တုန္ရီရီနဲ႔ ေျပာေနၿပီး အံ့က်ဴးကို ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနတဲ့သူကို အၾကည့္စူးစူးေတြနဲ႔ ၿခိမ္းေျခာက္ပစ္လိုက္သည္။

“ငါ…ငါ ဒီေန႔ မအားဘူး ေနာက္ေန႔မွ တစ္ေနရာရာမွာ ဆုံၾကမယ္ေလ အင့္..”

လေရာင္လက္ထဲက ဖုန္းက ဆတ္ခနဲ အလုခံလိုက္ရသည္။ဘာမွ မ႐ိုးမသားမဟုတ္ေပမယ့္ ရာဇာျဖစ္ေနတဲ့အတြက္ကို အံ့က်ဴးမ်ိဳးႏြယ္ေ႐ွ႕မွာ အျပစ္႐ွိသလိုခံစားေနရသည္။ေကာင္ေလးက ရာဇာထူးဟန္နဲ႔ ပတ္သက္တာ မႀကိဳက္ဘူးမလား။

အံ့က်ဴးမ်ိဳးႏြယ္ လေရာင္သသလက္ထဲက ဖုန္းကိုယူၿပီး contact name ကို ၾကည္္႕လိုက္ေတာ့ ေတြ႕လိုက္ရတဲ့ နာမည္ေၾကာင့္ အေလွ်ာ့ေပးထားသမွ် ေဒါသေတြက ေထာင္းခနဲ။

*လေရာင္ ကိုယ္ေျပာတာ ၾကားလား*

“အဟက္ မင္းသာ သတၱိ႐ွိတယ္ဆိုရင္ ဖုန္းကို ခ်မပစ္လိုက္နဲ႔..”

*ဟင္ အံ့က်ဴးမ်ိဳးႏြယ္ လေရာင္ေရာ လေရာင္ကို အႏိုင္က်င့္ဖို႔ မေတြးပါနဲ႔ကြာ မင္းမ႐ွိဘူးထင္လို႔ ငါေခၚမိတာပါ*

“ဟ ငါ့ကို အမိန္႔ေတြ လာေပးေနပါ့ေရာ လေရာင္သသက ငါ့အပိုင္ အခ်ိန္မေ႐ြး ငါ့ေအာက္ဆြဲသြင္းလို႔ရတယ့္သူပဲ အဲတာေၾကာင့္ စိတ္ကူးေလးနဲ႔ေတာင္ မပစ္မွားလိုက္နဲ႔ မင္း
သူက ငါ့လူပဲ…. ငါ့လူကို ထိရင္ မင္းငရဲေရာက္သြားမလား နိဗၺာန္ေရာက္သြားမလား ငါအာမမခံဘူး”

သူ႕ဘက္က တုံ႔ျပန္စကားကို နားေထာင္မေနေတာ့ပဲ ဖုန္းကို ခ်ပစ္လိုက္ၿပီး ထိုင္ေနတဲ့ လေရာင္သသေ႐ွ႕ ပစ္ခ်လိုက္သည္။မ်က္ရည္ေလးပုတ္ခတ္ပုတ္ခတ္နဲ႔လူက လေရာင္ကို ႐ြံစရာတစ္ခုလို ၾကည့္ေနသည္။

“ခင္မ်ား ေစာက္ခ်ိဳးကို ျပင္လိုက္ မဟုတ္ရင္ ဒီေနရာမွာတင္ ခင္မ်ားတစ္ခုခုျဖစ္သြားႏိုင္တယ္”

“အင့္”

မ်က္ရည္ေတြ ေပါက္ခနဲ က်လာကာ ေအာက္ႏႈတ္ခမ္းကို ဖိကိုက္ၿပီး အံ့က်ဴးကို စိတ္ကုန္ေနသလို ေမာ့ၾကည့္သည္။

“လာခဲ့ ခင္မ်ား က်ဳပ္အေၾကာင္းသိေစရမယ္”

လက္ေကာက္ဝတ္ကေန မညႇာမတာဆြဲေခၚၿပီး ဆိုင္ကယ္ေပၚေကာက္တင္ကာ တရၾကမ္းပင္ ထြက္လာခဲ့သည္။Helmet တပ္ေပးဖို႔လည္း သတိမရေတာ့သလို သူ႕မွာလည္း ပါမလာေတာ့။အံ့က်ဴးကို ႐ြံစရာတစ္ခုလို ၾကည့္ေနသည့္ သူ႕အၾကည့္ေတြက အံ့က်ဴးမ်က္လုံးထဲက မထြက္။ထြက္လာတဲ့ ေဒါသက လက္က Lever ကို ပိုဆြဲမိေနသည္။ေနာက္ကလူဆီက က်စ္ေနေအာင္ အဖက္ခံရမွ သတိထားမိသည္။ေၾကာက္ေတာ့ ေၾကာက္တတ္ေသးသားပဲ။

ဒုန္း!

“အင့္”

အိမ္ကိုေရာက္တာနဲ႔ ျခံထဲမွာ ထိုင္ေနတဲ့ ဖိုးရဲ႕ တားျမစ္သံေတြ ေမးျမန္းသံေတြကိုေတာင္ နားမေထာင္ႏိုင္ေတာ့ပဲ အံ့က်ဴးမ်ိဳးႏြယ္ ဆြဲေခၚရာေနာက္ကို အမီလိုက္လာခဲ့ရသည္။လေရာင္လဲသြားရင္ေတာင္ တ႐ြတ္တိုက္ ဆြဲေခၚမယ့္လူဆိုေတာ့ သတိထားၿပီး သူသြားရာေနာက္လိုက္ရသည္။

လေရာင္အခန္းကိုဖြင့္ၿပီး ခုတင္ေပၚတြန္းခ်လိုက္ေတာ့ အင့္ခနဲဖင္ထိုင္ရက္က်သြားသည္။

“ဘာလို႔လဲ ဘာလို႔ က်ဳပ္မုန္းပါတယ္ဆိုတဲ့လူနဲ႔မွ အဆက္အသြယ္ေတြ႐ွိေနရတာလဲ အလုပ္သြားေလွ်ာက္တဲ့ကိစၥကိုေတာင္ က်ဳပ္လိုက္ေလ်ာဖို႔ ေတာ္ေတာ္ႀကိဳးစားထားရတာ ဒီလိုမ်ိဳး ႏွစ္ေယာက္ထဲ ေတြ႕ဖို႔ေတြထိ မပါဘူး”

လေရာင္ပုခုံးကို ခပ္တင္းတင္းဆုပ္ထားတဲ့သူက ေမး႐ိုးေတြထင္းေနေအာင္ အံႀကိတ္ကာ ေျပာသည္။ရာဇာထူးဟန္ဆီက ဒီလိုမ်ိဳးဖုန္းအဆက္အသြယ္ေတြ ခဏခဏရဖူးေပမယ့္ လေရာင္ဘက္က ျငင္းပယ္ခဲ့တာခ်ည္းပင္။ဒီတစ္ႀကိမ္ေတာ့ ကံဆိုးစြာပင္ အံ့က်ဴးမ်ိဳးႏြယ္ေ႐ွ႕မွာ ျဖစ္သြားခဲ့ရသည္။

“ခဏေလး…ငါေျပာတာကို နားေထာင္ေပး..”

“မလိုဘူး က်ဳပ္ သတိေပးထားမယ္….က်ဳပ္ ခင္မ်ားကို ႏွစ္ႏွစ္ခါခါကို ခ်စ္မိေနတာ ဘယ္အခ်ိန္ကတည္းက ဆိုတာေတာင္ က်ဳပ္မသိဘူး။ အခ်စ္ႀကီးရင္ အမ်က္ႀကီးတယ္ဆိုတာ သိတယ္မလား… က်ဳပ္ကို သစၥာေဖာက္လို႔ကေတာ့ ခင္မ်ားေရာ အဲ့ေကာင္ေရာ ႏွစ္ေယာက္လုံးကို ငရဲျပည္မွာ ဆုံခြင့္ေပးမယ္….ေတာက္!!”

ဂ်ိန္း!

အံ့က်ဴးမ်ိဳးႏြယ္က မနက္တုန္းက အေျခအေနနဲ႔ လုံးဝဆန္႔က်င္ဘက္ကို ေျပာင္းလဲသြားၿပီး ေဒါသႀကီးတဲ့ သူ႕ရဲ႕နဂိုပုံစံအတိုင္း လေရာင္ကို ဆက္ဆံကာ အခန္းတံခါးကို အသံျမည္ေအာင္ပင္ ေဆာင့္ပိတ္သြားခဲ့သည္။

လေရာင္သသ ကိုယ့္ကိုကိုယ္သာ မေက်မခ်မ္းထု႐ိုက္ေနမိသည္။ေကာင္ေလးက အခုမွ  ႏူးညံ့ျပလာတတ္စမို႔ ရင္ခုန္မႈနဲ႔အတူ ၾကည္ႏူးရေပမယ့္ ဘာမွမဟုတ္တဲ့ ဖုန္းအဝင္ေကာလ္တစ္ခုေၾကာင့္ ႏွစ္ေယာက္လုံး စိတ္ဒုကၡေရာက္ရသည္။

Ding!

ခုတင္ေပၚမွာ စိတ္႐ႈပ္ေထြးစြာပင္ ထိုင္ေနမိတုန္း message ဝင္လာသံေၾကာင့္ ဖုန္းကိုေကာက္ယူလိုက္သည္။လေရာင္ မ်က္ရည္စေတြကို လက္ခုံနဲ႔ ကပ်ာကယာသုတ္ၿပီး ၾကည့္လိုက္ေတာ့ အံ့က်ဴးမ်ိဳးႏြယ္ဆီမွ ျဖစ္ေနသည္။

*ငိုမေနနဲ႔ေတာ့ သန္႔႐ွင္းေရးလုပ္ၿပီး ခဏအိပ္လိုက္ ညေနစာကို ပီဇာမွာေပးထားမယ္*

အံ့က်ဴးရဲ႕ message ကိုဖတ္ၿပီး လေရာင္ မ်က္ရည္စေတြနဲ႔အတူ ျပဳံးမိသည္။စိတ္တိုသြားတာေတာင္ အရင္လိုအျပစ္မ႐ွာေတာ့ပဲ လေရာင္ကို ဂ႐ုစိုက္ေပးဖို႔ ႀကိဳးစားထားသည္ထင္ပါရဲ႕။

အတန္ၾကာသည္အထိ ဖုန္းစကရင္ကို စိုက္ၾကည့္ၿပီး လေရာင္ျပဳံးေနမိသည္။

*ကိုယ့္ရည္းစားကို အေလးနက္ထားၿပီး စာျပန္ရတယ္ဆိုတာ သိလား က်ဳပ္စိတ္မတိုခ်င္ဘူးေနာ္*

ေနာက္ထပ္ေရာက္လာတဲ့ စာေၾကာင့္ လေရာင္မ်က္လုံးေလးေတြဝိုင္းသြားသည္။အြန္လိုင္းေပၚက ခ်စ္သူရည္းစားေတြလို Reply ၾကာရင္လည္း ေကာင္ေလးက စိတ္ေကာက္ဖို႔ ေတြးထားသည္ထင္သည္။

*အင္း*

လေရာင္ ဘာေျပာရမွန္းမသိ၍ ‘အင္း’တစ္လုံးပဲ ျပန္ေရးေပးလိုက္သည္။

*က်ဳပ္ကို ခ်စ္လား*

လေရာင္စာျပန္ၿပီးၿပီးခ်င္း ဝင္လာတဲ့ အံ့က်ဴးရဲ႕ စာေၾကာင့္ ႐ုတ္တရက္ အသက္႐ွဴရပ္သလို ခံစားလိုက္ရၿပီး လက္ဖ်ားေလးေတြတုန္လာသည္။အခု မက္ေဆ့ပို႔ေနတဲ့သူက ေစာေစာက လေရာင္ကို ဆြဲလားရမ္းလားလုပ္သြားတဲ့ အံ့က်ဴးမ်ိဳးႏြယ္ဆိုတာေတာ့ ေသခ်ာေလာက္ပါတယ္ေနာ္။

*အင္း ငါေရခ်ိဳးၿပီ*

သူနဲ႔ ဆက္ၿပီး စာေတြပို႔ေနရရင္ ရင္ခုန္ရလြန္း၍ ႏွလုံးရပ္ၿပီး ေသသြားႏိုင္တာမို႔ လေရာင္ဘက္ကပဲ အဆုံးသတ္လိုက္သည္။တစ္အိမ္ထဲ အခန္းခ်င္းကပ္ရက္ျဖစ္ေနၿပီးမွ ဖုန္းနဲ႔ ဆက္သြယ္ေနရတာ ရယ္ေတာ့ရယ္ရသား ။ လေရာင္ေကာင္ေလးက ခ်စ္ျပတတ္ဖို႔ ႀကိဳးစားဆဲပဲ႐ွိေသးတယ္ေလ ဒီေလာက္ေတာ့ နားလည္ေပးရမွာေပါ့။

SophiaMoon783(5.10.2022)
________________________________________

Daily ကို ကြၽန္ေတာ္ ႀကိဳးစားၾကည့္ေသးေပမယ့္ work from home မို႔ နည္းနည္းခက္ခဲတာမို႔ 2ရက္ျခား တစ္ပိုင္းေလာက္ေတာ့ ႀကိဳးစားၾကည့္ေပးပါ့မယ္႐ွင့္။

Tags: read novel My Possessive Of You 8, novel My Possessive Of You 8, read My Possessive Of You 8 online, My Possessive Of You 8 chapter, My Possessive Of You 8 high quality, My Possessive Of You 8 light novel, ,

Comment

Leave a Reply

Chapter 9