Royal Husband 1

All chapters are in Royal Husband
A+ A-

“Royal”

မျက်နှာချင်းဆိုင်မှာထိုင်နေသောသူရခေါ်သံကြောင့်
အပြင်းစားအရက်သောက်နေရင်းမှသူမော့ကြည့်လိုက်တော့
သူရက သူ့နောက်ကျောဘက်ကို​မေးငေါ့ပြလာလေသည်။
နောက်လှည့်ကြည့်လိုက်ဟု သဘောဆောင်သည်ပင်။

Barဖြစ်သည့်အလျောက်တီးလုံးသံတွေကဆူပူနေ၏။
လူများတဲ့နေရာမကြိုက်သူတွေအဖို့တော့ barကမလာသင့်
တဲ့နေရာ ထိပ်ဆုံးစာရင်းဝင်သည်။အကြောင်းပြချက်က
လူအရမ်းရှုပ်လို့။ဒီနေရာကိုလာတဲ့မိန်းကလေးအများစု
ကတော့ တစ်ကိုယ်လုံးလုံခြုံအောင်ဝတ်ထားသည့်Lady
ဆိုတာ ခပ်ရှားရှားပင်။

“နောက်လှည့်ကြည့်လိုက် Royal”

ခုနကသူမေးငေါ့ပြတာကိုလှည့်မကြည့်လို့ထင် သူရက
ပါးစပ်ကနေဖွင့်ပြောလာ၏။သူ့ကို လှည့်ကြည့်စေချင်ပုံ
အတော်ပေါက်နေတဲ့သူရကြောင့် လက်ထဲကအရက်ခွက်ကို
ချကာ အသာလှည့်ကြည့်လိုက်သည်။

သူ့ကိုစူးစူးရဲရဲစိုက်ကြည့်နေတဲ့ မိန်းမလှလေး။နှုတ်ခမ်းနီရဲရဲ
ဆိုးထားတဲ့နှုတ်ခမ်းလေးက သူလှည့်ကြည့်တာမြင်တော့
အပေါ်သို့အနည်းငယ်ကွေးတက်သွားကာ ပြုံးပြလာလေသည်။နှုတ်ခမ်းနီရောင်နှင့်လိုက်ဖက်စွာ
အနီရောင်ကိုယ်ကျပ်အင်္ကျီကိုဝတ်ဆင်ထား၍ လှပတဲ့
ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကို ထင်းထင်းလင်းလင်းမြင်ရသည်။ဝတ်ထားတဲ့ကိုယ်ကျပ်အင်္ကျီ က ပေါင်အလယ်လောက်သာ
ဖြစ်၍ သူမရဲ့သေးသွယ်ရှည်လျားတဲ့ပေါင်တံလေးတွေကို
ဖုံးကွယ်ထားခြင်းမရှိပေ။အတိုခြုံး၍ပြောရလျှင်
သူမက အရိုင်းဆန်စွာလှပသည်ပင်။

မြောက်များလှစွာသောအမျိုးသားထုရဲ့အမြင်မှာ
သူမဟာ အရိုင်းဆန်စွာလှပသော်ငြား Royalရဲ့မျက်လုံးထဲ
မှာတော့ သူမအလှကသာမာန်ပင်။တစ်ချက်သာလှည့်ကြည့်ပြီး အရက်သာပြန်သောက်နေလိုက်
၏။

“ကောင်မလေးအပေါ် အဲ့လောက်ထိမရက်စက်ပါနဲ့လားကွာ”

“ဒါဆို မင်းကြိုက်လိုက်”

သူရထက်နိုင်က Royalနောက်ကျောကိုစူးစိုက်ကြည့်နေတုန်းဖြစ်တဲ့
မိန်းမလှလေးအား သနားမူပိုကာပြောမိတော့
Royalက ခပ်ပြတ်ပြတ်သာပြန်ပြောလာသည်။

“ဟ..ငါ့ကိုလာမကြိုက်လို့ပေါ့ကွ”

သူ့အပြောကိုသဘောကျသွားကာRoyalက
နှုတ်ခမ်းတစ်ဖက်တွန့်ကွေးကာပြုံးလာလေ၏။

“မှန်မှန်ပြော..မင်း..ကောင်မလေးက
ဟိုအဘွားကြီးတူမမို့လို့ မင်းပြန်မကြိုက်တာလား”

သူတွေးတွေးဆဆပြောလိုက်တော့ Royalက
အရက်မော့နေရင်းမျက်ခုံးတစ်ဖက်ပင့်ပြလာသည်။
ပြီးမှ အရက်ခွက်ကိုအောက်ပြန်ချကာ
သူရထက်နိုင်ကို စူးစိုက်ကြည့်လာသည်။

“သူမက ငါ့အကြိုက်ပုံစံမဟုတ်ဘူး”

သူတို့နှစ်ယောက်ကြားအတန်ကြာတိတ်ဆိတ်နေတုန်း
တီးလုံးသံတွေက ပိုပိုပြီးကျယ်လောင်လာသလိုပင်။

“နေရောင် ဒုတိယထပ်မှာရှိတယ်မလား”

အပေါ်ထပ်ကိုတစ်ချက်မော့ကြည့်ရင်းRoyalကမေးလာတော့ သူရကခေါင်းငြိမ့်ပြကာ

“ရှိတယ်လေ၊ဘာလဲ မင်းသွားမလို့လား”

Royalကသူ့ကိုဘာမှပြန်မပြောဘဲထိုင်ခုံမှထကာထွက်သွားလေသည်။တစ်ချို့သောမေးခွန်းတွေကို ပြန်ဖြေမည့်အစား
အလုပ်နဲ့သာ လက်တွေ့ပြတတ်တာက Royalအကျင့်ပင်။
သူရကလည်း Royalအကျင့်ကိုသိသဖြင့်
သူ့အမေးကို အရေးတယူပြန်မဖြေသွားသော
Royalကို စိတ်မဆိုးမိ။

Royalထထွက်သွားတာကိုလိုက်ကြည့်နေရင်းရှေ့မျက်နှာချင်းဆိုင်မှာထိုင်နေသော မိန်းမလှလေးကိုမြင်တော့
သူမကလည်း Royalနောက်ကိုကြည့်နေသည်ပင်။
ထိုမိန်းမလှလေးကိုကြည့်ရင်း သူကျွတ်သပ်မိသည်။
သနားစရာကောင်းလိုက်တာ………..

‘သူယောင်မယ်’ သူမကိုလှည့်ကြည့်လာသော
Royalကြောင့်ပျော်သွားရသော်ငြားထိုလူက
သူမကိုတစ်ချက်သာကြည့်ပြီး အရယ်အပြုံးမရှိပြန်လှည့်သွား
တာမြင်တော့ အနည်းငယ်ဒေါသထွက်မိသည်။
သူမ ထိုလူ့ဆီကလျစ်လျူရှုခံရတာ
ဒီတစ်ခါကပထမဆုံးအကြိမ်မဟုတ်တော့ပေ။

ဝမ်းနည်းသွားရသော်ငြား Royalကသူမတင်မဟုတ်၊
သူ့နားလာကပ်တဲ့တစ်ခြားမိန်းကလေးတွေအပေါ်မှာလည်း
အေးစက်စက်ဆက်ဆံတဲ့အတွက်ကြောင့် စိတ်သက်သာရာ
ရမိသည်။

အရောင်ဆိုးထားခြင်းမရှိတဲ့ဆံပင်တွေကို အမြဲလှန်တင်ထားတတ်ပြီး စူးရှတဲ့မျက်ဝန်းတစ်စုံ၊ထူထဲတဲ့မျက်ခုံးမွှေး၊စင်းနေတဲ့နှာတံနဲ့သေသပ်ပိရိတဲ့နှုတ်ခမ်းတစ်စုံအပြင်
မေးရိုးကားကားကြီးတွေက Royalဟာ
ချောမောခန့်ညားသူတစ်ယောက်ဖြစ်ကြောင်း
သက်သေခံနေလေသည်။မကြီးမသေးနားတစ်ဖက်မှာတပ်ထားတဲ့တလက်လက်ဖြစ်နေတဲ့နားကပ်လေးက သူ့ရဲ့ငယ်ရွယ်မှုကို
ထောက်ပြနေပြန်သည်။၆ပေကျော်တဲ့အရပ်နဲ့လိုက်ဖက်စွာ
တောင့်တောင့်တင်းတင်းကိုယ်က တကယ်ကို
မိန်းကလေးတွေကြားထဲ ရေပန်းစားသည်မှာမထူးဆန်းပေ။

Royalရယ်ပြုံးတာကိုမြင်ဖူးတဲ့လူတစ်ချို့ကတော့
Royalရဲ့ချွန်ထက်နေတဲ့သွားတက်လေးကိုမြင်ဖူးကြပေမယ့် သူမကတော့မမြင်ဖူးပေ။
ဘာလို့ဆို Royalကသူမကိုမြင်လျှင်
ရယ်ပြုံးနေရင်တောင် တည်တည်တံ့တံ့ဖြစ်သွားတတ်လို့။

ထိုင်ခုံမှထကာထွက်ခွာသွားတဲ့ကျောပြင်ကိုကြည့်ရင်း
သူမ မသိမသာအံကြိတ်မိသည်။သူမကိုလိုက်ကပ်နေတဲ့
လူတွေကိုလျစ်လျူရှုပြီး ဒီလူမှဒီလူဖြစ်နေသော
မိမိကိုယ်ကိုယ်လည်း ခံပြင်းဒေါသထွက်မိပါသည်။

နောင်တစ်ချိန်ကျရင်တော့ သူမကိုမျက်ကွယ်ပြုခဲ့တာတွေအတွက်
Royalကို ပါးပါးလေးပညာပေးဖို့ကို သူမစိတ်ထဲ
အစီအစဥ်ချနေလေသည်။

………………..

ဒုတိယထပ်တံခါးကိုသူဖွင့်လိုက်ချင်းပင်
အထဲကအသံတွေက သူ့နားဆီသို့ဦးတည်လာသည်။
အလုံခန်းဖြစ်သည့်အတွက်
ပထမထပ်ကအသံကို ဒုတိယထပ်ကမကြားသလို
ဒုတိယထပ်ကအသံကိုလည်း ပထမထပ်ကမကြားရပေ။

တံခါးပြန်ပိတ်ကာ နေရောင့်ကိုမျက်လုံးကစားကာရှာကြည့်လိုက်တော့
သကောင့်သားက ဘေးတစ်ဖက်စီမှာ
Babyလေး(အသားဖြူဖြူချောချောလှလှကောင်လေး)
တွေနဲ့ကျီစယ်နေလေ၏။
မြင်နေကျမြင်ကွင်းဖြစ်သည့်အလျောက်
ထူးဆန်းသွားခြင်းမရှိပေ။
အကြောင်းမှာ နေရောင်ခြည်ဆိုတဲ့
သူတို့သူငယ်ချင်းက come outလုပ်ထားသော
Gayတစ်ယောက်မို့လို့ပင်။

နေရောင်ရဲ့မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်တော့
သူ့(နေရောင်)ရဲ့babyလေးတွေက Royalဆီသို့အကြည့်
ရောက်လာကြသည်။ဂရုမစိုက်စွာဖြင့်
စားပွဲပေါ်မှာတင်ထားသော ဆေးလိပ်ကိုယူကာ
နှုတ်ခမ်းကြားထည့်လိုက်သည်။
နေရောင်က အလိုက်သိစွာပင်
မီးခြစ်ကမ်းပေးလာလေသည်။Royalအား
ခပ်ညူညူကြည့်နေကြသောbabyတစ်သိုက်အား
နှင်လိုက်လေပြီ နေရောင်ခြည်ကနှင်လိုက်လေပြီ။
ဒါတောင် မထချင်ထချင်နှင့်ထွက်သွားတဲ့
babyလေးတွေကြောင့်နေရောင်ခြည်က ခပ်ဟဟပြုံးရယ်လေသည်။

သာမန်ဆိုဒီနေရာမှာဆေးလိပ်သောက်ခွင့်
တားမြစ်ထားသည်ဆိုပေမယ့် ယခုသောက်နေသူမှာ
Royalဖြစ်သည့်အလျောက် မည်သူမှအပြစ်ပြောဆိုခြင်း
မရှိပေ။နှုတ်ခမ်းလွှာတွေကြားမှ ဆေးလိပ်ငွေ့တွေမှုတ်ထုတ်ရင်း ဘေးဘီကြည့်လိုက်တော့
သူ့ကိုမရဲတရဲကြည့်နေကြသောကောင်လေးတွေကို
တွေ့ရသည်။

“Royal Bar”ကိုအထပ်သုံးထပ်ဖြင့်ဖွဲ့စည်းထားသည်။
ပထမထပ်မှာတစ်ခြားbarတွေလိုမျိုးပင်ဖြစ်လင့်ကစား
ဒုတိယထပ်ကတော့ gay barပင်။
အကြောင်းမှာ နေရောင့်အတွက်
ရည်ရွယ်ဖွင့်ပေးထားခြင်း။gay barဖြစ်သည့်အတွက်
ဒုတိယထပ်မှာ ယောကျာ်းလေးတွေသာပင်ရှိသည်။
တတိယထပ်ကတော့ သူတို့သူငယ်ချင်းလေးယောက်
အတွက် သီးသန့်ခန်းတွေပင်ဖြစ်သည်။

“ထိုက်ရော မင်းနဲ့ပါမလာဘူးလား”

ဆေးလိပ်တစ်လိပ်ခဲရင်းနေရောင်ကသူ့ကိုမေးလာလေသည်။
ထိုက်နဲ့Royalကတစ်ဝမ်းကွဲဆိုတော့ သွားအတူလာအတူ
ရှိတာကြောင့် နေရောင်ကထိုသို့မေးလာခြင်းပင်။

“သူဒီနေ့ မအားဘူး”

“အော်”

ထို့နောက်ထပ်ပြီးနေရောင်ကဘာမှမမေးလာတော့ပေ။
ချောမောခန့်ညားတဲ့အမျိုးသားနှစ်ယောက်
ဆေးလိပ်ကိုစတိုင်ကျစွာသောက်နေပုံအား
တစ်ချို့ကတော့ ပေါ်တင်တစ်မျိုး၊ခိုးကြည့်တစ်ဖုံနဲ့
လိုချင်တက်မက်စွာ ကြည့်နေကြလေသည်။

…………………..

“Royal”

Helmetတပ်ကာဆိုင်ကယ်ပေါ်တက်ခွနေတုန်း
သူ့ကိုခေါ်လာသောခပ်အီအီအသံကြောင့်သူကြည့်လိုက်တော့
အပြုံးတွေဖောဖောသီသီပေးလာသောသူမ။

“တို့လည်း ခုပဲအိမ်ပြန်တော့မလို့”

Royalကဘာမှမပြောဘဲနေလိုက်တော့သူမကဆက်ပြောလာလေသည်။

“တို့ဒီနေ့ကားပါမလာဘူးလေ၊မဟုတ်လည်း တစ်အိမ်ထဲပဲ
နေရတာပဲဟာ၊တို့ကိုရော လမ်းကြုံခေါ်သွားပါလား”

ဘေးမှာတစ်ချို့အိမ်ပြန်နေတဲ့သူတွေရောရှိသဖြင့်သူမက
Royalနဲ့သူမရဲ့ဆက်ဆံရေးကိုတစ်မျိုးထင်စေရန်အလို့ငှာ
ပုံမှန်ထက်အသံအနည်းငယ်ကျယ်ကာပြောလာလေသည်။

သူမကတစ်ခြားယောကျာ်းတွေအတွက်ဘယ်လိုလူပင်ဖြစ်လင့်ကစား သူ့(Royal)အတွက်တော့
တန်ဖိုးမဲ့တဲ့မိန်းမတစ်ယောက်သာသာပင်။သူမကို
အထင်သေးတဲ့အကြည့်တစ်ချက်သာပေးပို့ရင်း
ဆိုင်ကယ်မောင်းထွက်ခဲ့လိုက်သည်။

ရာရာစစ သူမကဘယ်သူ့ကိုအပိုင်လိုချင်နေတာပါလိမ့်???

…………………….

Zawgyi

“Royal”

မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနေသာသူရေခၚသံေၾကာင့္
အျပင္းစားအရက္ေသာက္ေနရင္းမွသူေမာ့ၾကည့္လိုက္ေတာ့
သူရက သူ႕ေနာက္ေက်ာဘက္ကိုေမွးေငါ့ျပလာေလသည္။
ေနာက္လိုက္ၾကည့္လိုက္ဟု သေဘာေဆာင္သည္ပင္။

Barျဖစ္သည့္အေလ်ာက္တီးလုံးသံေတြကဆူပူေန၏။
လူမ်ားတဲ့ေနရာမႀကိဳက္သူေတြအဖို႔ေတာ့ barကမလာသင့္
တဲ့ေနရာ ထိပ္ဆုံးစားရင္းဝင္သည္။အေၾကာင္းျပခ်က္က
လူအရမ္းရႈပ္လို႔။ဒီေနရာကိုလာတဲ့မိန္းကေလးအမ်ားစု
ကေတာ့ တစ္ကိုယ္လုံးလုံၿခဳံေအာင္ဝတ္ထားသည့္Lady
ဆိုတာ လက္ေရခ်ိဳးလို႔ရသည္အထိ ခပ္ရွားရွားပင္။

“ေနာက္လွည့္ၾကည့္လိုက္ Royal”

ခုနကသူေမွးေငါ့ျပတာကိုလွည့္မၾကည့္လို႔ထင္ သူရက
ပါးစပ္ကေနဖြင့္ေျပာလာ၏။သူ႕ကို လွည့္ၾကည့္ေစခ်င္ပုံ
အေတာ္ေပါက္ေနတဲ့သူရေၾကာင့္ လက္ထဲကအရက္ခြက္ကို
ခ်ကာ အသာလွည့္ၾကည့္လိုက္သည္။

သူ႕ကိုစူးစူးရဲရဲစိုက္ၾကည့္ေနတဲ့ မိန္းမလွေလး။ႏႈတ္ခမ္းနီရဲရဲ
ဆိုးထားတဲ့ႏႈတ္ခမ္းေလးက သူလွည့္ၾကည့္တာျမင္ေတာ့
အေပၚသို႔အနည္းငယ္ေကြးတက္သြားကာ ၿပဳံးျပလာေလသည္။ႏႈတ္ခမ္းနီေရာင္ႏွင့္လိုက္ဖက္စြာ
အနီေရာင္ကိုယ္ၾကပ္အက္်ီကိုဝတ္ဆင္ထား၍ လွပတဲ့
ခန္ဓာကိုယ္ေကာက္ေၾကာင္းအလွေတြကို ထင္းထင္းလင္းလင္းျမင္ရသည္။ဝတ္ထားတဲ့ကိုယ္ၾကပ္အက္်ီက ေပါင္အလယ္ေလာက္သာ
ျဖစ္၍ သူမရဲ႕ေသးသြယ္ရွည္လ်ားတဲ့ေပါင္တံေလးေတြကို
ဖုံးကြယ္ထားျခင္းမရွိေပ။အတိုၿခဳံး၍ေျပာရလွ်င္
သူမက အရိုင္းဆန္စြာလွပသည္ပင္။

ေျမာက္မ်ားလွစြာေသာအမ်ိဳးသားထုရဲ႕အျမင္မွာ
သူမဟာ အရိုင္းဆန္စြာလွပေသာ္ျငား Royalရဲ႕မ်က္လုံးထဲ
မွာေတာ့ သူမအလွကသာမာန္ပင္။တစ္ခ်က္သာလွည့္ၾကည့္ၿပီး အရက္သာျပန္ေသာက္ေနလိုက္
၏။

“ေကာင္မေလးအေပၚ အဲ့ေလာက္ထိမရက္စက္ပါနဲ႕လားကြာ”

“ဒါဆို မင္းႀကိဳက္လိုက္”

သူရထက္နိုင္က Royalေနာက္ေက်ာကိုစူးစိုက္ၾကည့္ေနတုန္းျဖစ္တဲ့
မိန္းမလွေလးအား သနားမူပိုကာေျပာမိေတာ့
Royalက ခပ္ျပတ္ျပတ္သာျပန္ေျပာလာသည္။

“ဟ..ငါ့ကိုလာမႀကိဳက္လို႔ေပါ့ကြ”

သူ႕အေျပာကိုသေဘာက်သြားကာRoyalက
ႏႈတ္ခမ္းတစ္ဖက္တြန့္ေကြးကာၿပဳံးလာေလ၏။

“မွန္မွန္ေျပာ..မင္း..ေကာင္မေလးက
ဟိုအဘြားႀကီးတူမမို႔လို႔ မင္းျပန္မႀကိဳက္တာလား”

သူေတြးေတြးဆဆေျပာလိုက္ေတာ့ Royalက
အရက္ေမာ့ေနရင္းမ်က္ခုံးတစ္ဖက္ပင့္ျပလာသည္။
ၿပီးမွ အရက္ခြက္ကိုေအာက္ျပန္ခ်ကာ
သူထက္နိုင္ကို စူးစိုက္ၾကည့္လာသည္။

“သူမက ငါ့အႀကိဳက္ပုံစံမဟုတ္ဘူး”

သူတို႔ႏွစ္ေယာက္ၾကားအတန္ၾကာတိတ္ဆိတ္ေနတုန္း
တီးလုံးသံေတြက ပိုပိုၿပီးက်ယ္ေလာင္လာသလိုပင္။

“ေနေရာင္ ဒုတိယထပ္မွာရွိတယ္မလား”

အေပၚထပ္ကိုတစ္ခ်က္ေမာ့ၾကည့္ရင္းRoyalကေမးလာေတာ့ သူရကေခါင္းၿငိမ့္ျပကာ

“ရွိတယ္ေလ၊ဘာလဲ မင္းသြားမလို႔လား”

Royalကသူ႕ကိုဘာမွျပန္မေျပာဘဲထိုင္ခုံမွထကာထြက္သြားေလသည္။တစ္ခ်ိဳ႕ေသာေမးခြန္းေတြကို ျပန္ေျဖမည့္အစား
အလုပ္နဲ႕သာ လက္ေတြ႕ျပတတ္တာက Royalအက်င့္ပင္။
သူရကလည္း Royalအက်င့္ကိုသိသျဖင့္
သူ႕အေမးကို အေရးတယူျပန္မေျဖသြားေသာ
Royalကို စိတ္မဆိုးမိ။

Royalထထြက္သြားတာကိုလိုက္ၾကည့္ေနရင္းေရွ႕မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနေသာ မိန္းမလွေလးကိုျမင္ေတာ့
သူမကလည္း Royalေနာက္ကိုၾကည့္ေနသည္ပင္။
ထိုမိန္းမလွေလးကိုၾကည့္ရင္း သူကြၽတ္သပ္မိသည္။
သနားစရာေကာင္းလိုက္တာ………..

‘သူေယာင္မယ္’ သူမကိုလွည့္ၾကည့္လာေသာ
Royalေၾကာင့္ေပ်ာ္သြားရေသာ္ျငားထိုလူက
သူမကိုတစ္ခ်က္သာၾကည့္ၿပီး အရယ္အၿပဳံးမရွိျပန္လွည့္သြား
တာျမင္ေတာ့ အနည္းငယ္ေဒါသထြက္မိသည္။
သူမ ထိုလူ႕ဆီကလ်စ္လ်ဴရႈခံရတာ
ဒီတစ္ခါကပထမဆုံးအႀကိမ္မဟုတ္ေတာ့ေပ။

ဝမ္းနည္းသြားရေသာ္ျငား Royalကသူမတင္မဟုတ္၊
သူ႕နားလာကပ္တဲ့တစ္ျခားမိန္းကေလးေတြအေပၚမွာလည္း
ေအးစက္စက္ဆက္ဆံတဲ့အတြက္ေၾကာင့္ စိတ္သက္သာရာ
ရမိသည္။

အေရာင္ဆိုးထားျခင္းမရွိတဲ့ဆံပင္ေတြကို အၿမဲလွန္တင္ထားတတ္ၿပီး စူးရွတဲ့မ်က္ဝန္းတစ္စုံ၊ထူထဲတဲ့မ်က္ခုံးေမႊး၊စင္းေနတဲ့ႏွာတံနဲ႕ေသသပ္ပိရိတဲ့ႏႈတ္ခမ္းတစ္စုံအျပင္
ေမးရိုးကားကားႀကီးေတြက Royalဟာ
ေခ်ာေမာခန့္ညားသူတစ္ေယာက္ျဖစ္ေၾကာင္း
သက္ေသခံေနေလသည္။မႀကီးမေသးနားတစ္ဖက္မွာတပ္ထားတဲ့တလက္လက္ျဖစ္ေနတဲ့နားကပ္ေလးက သူ႕ရဲ႕ငယ္႐ြယ္မႈကို
ေထာက္ျပေနျပန္သည္။၆ေပေက်ာ္တဲ့အရပ္နဲ႕လိုက္ဖက္စြာ
ေတာင့္ေတာင့္တင္းတင္းကိုယ္က တကယ္ကို
မိန္းကေလးေတြၾကားထဲ ေရပန္းစားသည္မွာမထူးဆန္းေပ။

Royalရယ္ၿပဳံးတာကိုျမင္ဖူးတဲ့လူတစ္ခ်ိဳ႕ကေတာ့
Royalရဲ႕ခြၽန္ထက္ေနတဲ့သြားတက္ေလးကိုျမင္ဖူးၾကေပမယ့္ သူမကေတာ့မျမင္ဖူးေပ။
ဘာလို႔ဆို Royalကသူမကိုျမင္လွ်င္
ရယ္ၿပဳံးေနရင္ေတာင္ တည္တည္တံ့တံ့ျဖစ္သြားတတ္လို႔။

ထိုင္ခုံမွထကာထြက္ခြာသြားတဲ့ေက်ာျပင္ကိုၾကည့္ရင္း
သူမ မသိမသာအံႀကိတ္မိသည္။သူမကိုလိုက္ကပ္ေနတဲ့
လူေတြကိုလ်စ္လ်ဴရႈၿပီး ဒီလူမွဒီလူျဖစ္ေနေသာ
မိမိကိုယ္ကိုလည္း ခံျပင္းေဒါသထြက္မိပါသည္။

ေနာင္တစ္ခ်ိန္က်ရင္ေတာ့ သူမကိုမ်က္ကြယ္ျပဳခဲ့တာေတြအတြက္
Royalကို ပါးပါးေလးပညာေပးဖို႔ကို သူမစိတ္ထဲ
အစီအစဥ္ခ်ေနေလသည္။

………………..

ဒုတိယထပ္တံခါးကိုသူဖြင့္လိုက္ခ်င္းပင္
အထဲကအသံေတြက သူ႕နားဆီသို႔ဦးတည္လာသည္။
အလုံခန္းျဖစ္သည့္အတြက္
ပထမထပ္ကအသံကို ဒုတိယထပ္ကမၾကားသလို
ဒုတိယထပ္ကအသံကိုလည္း ပထမထပ္ကမၾကားရေပ။

တံခါးျပန္ပိတ္ကာ ေနေရာင့္ကိုမ်က္လုံးကစားကာရွာၾကည့္လိုက္ေတာ့
သေကာင့္သားက ေဘးတစ္ဖက္စီမွာ
Babyေလး(အသားျဖဴျဖဴေခ်ာေခ်ာလွလွေကာင္ေလး)
ေတြနဲ႕က်ီစယ္ေနေလ၏။
ျမင္ေနက်ျမင္ကြင္းျဖစ္သည့္အေလ်ာက္
ထူးဆန္းသြားျခင္းမရွိေပ။
အေၾကာင္းမွာ ေနေရာင္ျခည္ဆိုတဲ့
သူတို႔သူငယ္ခ်င္းက come outလုပ္ထားေသာ
Gayတစ္ေယာက္မို႔လို႔ပင္။

ေနေရာင္ရဲ႕မ်က္ႏွာခ်င္းဆိုင္ခုံမွာ ဝင္ထိုင္လိုက္ေတာ့
သူ႕(ေနေရာင္)ရဲ႕babyေလးေတြက Royalဆီသို႔အၾကည့္
ေရာက္လာၾကသည္။ဂ႐ုမစိုက္စြာျဖင့္
စားပြဲေပၚမွာတင္ထားေသာ ေဆးလိပ္ကိုယူကာ
ႏႈတ္ခမ္းၾကားထည့္လိုက္သည္။
ေနေရာင္က အလိုက္သိစြာပင္
မီးျခစ္ကမ္းေပးလာေလသည္။Royalအား
ခပ္ၫူၫူၾကည့္ေနၾကေသာbabyတစ္သိုက္အား
ႏွင္လိုက္ေလၿပီ။

သာမန္ဆိုဒီေနရာမွာေဆးလိပ္ေသာက္ခြင့္
တားျမစ္ထားသည္ဆိုေပမယ့္ ယခုေသာက္ေနသူမွာ
Royalျဖစ္သည့္အေလ်ာက္ မည္သူမွအျပစ္ေျပာဆိုျခင္း
မရွိေပ။ႏႈတ္ခမ္းလႊာေတြၾကားမွ ေဆးလိပ္ေငြ႕ေတြမႈတ္ထုတ္ရင္း ေဘးဘီၾကည့္လိုက္ေတာ့
သူ႕ကိုမရဲတရဲၾကည့္ေနၾကေသာေကာင္ေလးေတြကို
ေတြ႕ရသည္။

“Royal Bar”ကိုအထပ္သုံးထပ္ျဖင့္ဖြဲ႕စည္းထားသည္။
ပထမထပ္မွာတစ္ျခားbarေတြလိုမ်ိဳးပင္ျဖစ္လင့္ကစား
ဒုတိယထပ္ကေတာ့ gay barပင္။
အေၾကာင္းမွာ ေနေရာင့္အတြက္
ရည္ရည္ဖြင့္ေပးထားျခင္း။gay barျဖစ္သည့္အတြက္
ဒုတိယထပ္မွာ ေယာက်ာ္းေလးေတြသာပင္ရွိသည္။
တတိယထပ္ကေတာ့ သူတို႔သူငယ္ခ်င္းေလးေယာက္
အတြက္ သီးသန့္ခန္းေတြပင္ျဖစ္သည္။

“ထိုက္ေရာ မင္းနဲ႕ပါမလာဘူးလား”

ေဆးလိပ္တစ္လိပ္ခဲရင္းေနေရာင္ကသူ႕ကိုေမးလာေလသည္။
ထိုက္နဲ႕Royalကတစ္ဝမ္းကြဲဆိုေတာ့ သြားအတူလာအတူ
ရွိတာေၾကာင့္ ေနေရာင္ကထိုသို႔ေမးလာျခင္းပင္။

“သူဒီေန႕ မအားဘူး”

“ေအာ္”

ထို႔ေနာက္ထပ္ၿပီးေနေရာင္ကဘာမွမေမးလာေတာ့ေပ။
ေခ်ာေမာခန့္ညားတဲ့အမ်ိဳးသားႏွစ္ေယာက္
ေဆးလိပ္ကိုစတိုင္က်စြာေသာက္ေနပုံအား
တစ္ခ်ိဳ႕ကေတာ့ ေပၚတင္တစ္မ်ိဳး၊ခိုးၾကည့္တစ္ဖုံနဲ႕
လိုခ်င္တက္မက္စြာ ၾကည့္ေနၾကေလသည္။

…………………..

“Royal”

Helmetတပ္ကာဆိုင္ကယ္ေပၚတက္ခြေနတုန္း
သူ႕ကိုေခၚလာေသာခပ္အီအီအသံေၾကာင့္သူၾကည့္လိုက္ေတာ့
အၿပဳံးေတြေဖာေဖာသီသီေပးလာေသာသူမ။

“တို႔လည္း ခုပဲအိမ္ျပန္ေတာ့မလို႔”

Royalကဘာမွမေျပာဘဲေနလိုက္ေတာ့သူမကဆက္ေျပာလာေလသည္။

“တို႔ဒီေန႕ကားပါမလာဘူးေလ၊မဟုတ္လည္း တစ္အိမ္ထဲပဲ
ေနရတာပဲဟာ၊တို႔ကိုေရာ လမ္းႀကဳံေခၚသြားပါလား”

ေဘးမွာတစ္ခ်ိဳ႕အိမ္ျပန္ေနတဲ့သူေတြေရာရွိသျဖင့္သူမက
Royalနဲ႕သူမရဲ႕ဆက္ဆံေရးကိုတစ္မ်ိဳးထင္ေစရန္အလို႔ငွာ
ပုံမွန္ထက္အသံအနည္းငယ္က်ယ္ကာေျပာလာေလသည္။

သူမကတစ္ျခားေယာက်ာ္းေတြအတြက္ဘယ္လိုလူပင္ျဖစ္လင့္ကစား သူ႕(Royal)အတြက္ေတာ့
တန္ဖိုးမဲ့တဲ့မိန္းမတစ္ေယာက္သာသာပင္။သူမကို
အထင္ေသးတဲ့အၾကည့္တစ္ခ်က္သာေပးပို႔ရင္း
ဆိုင္ကယ္ေမာင္းထြက္ခဲ့လိုက္သည္။

ရာရာစစ သူမကဘယ္သူ႕ကိုအပိုင္လိုခ်င္ေနတာပါလိမ့္???

…………………….

Tags: read novel Royal Husband 1, novel Royal Husband 1, read Royal Husband 1 online, Royal Husband 1 chapter, Royal Husband 1 high quality, Royal Husband 1 light novel, ,

Comment

Leave a Reply

Chapter 1