Royal Husband 10

All chapters are in Royal Husband
A+ A-

“Royal ရှင် ဘာ..ဘာလုပ်မလို့လဲ”

သူမဆီတဖြည်းဖြည်းတိုးကပ်လာသော Royalကြောင့်
ကြောက်လန့်စွာနောက်ဆုတ်နေမိသည်။
နိုနိုကတော့ ဘယ်ချိန်ကတည်းကထွက်ပြေးသွားလည်းမသိ
အနီးနားမှာမရှိတော့ပေ။

ကျန်တဲ့အချိန် Royalကချောမောခန့်ညားတဲ့
နတ်ဘုရားတစ်ပါးလို့ပြောနိုင်ပေမယ့်
ဒေါသထွက်နေတဲ့အချိန်ဆိုရင်
နတ်ဆိုးတစ်ပါးနှင့်တူပေသည်။
သို့သော်…ချောမောနေတုန်းပင်။

“ခွမ်း”

သူမဆီလာနေရာမှ Royalက
နံရံဘက်သို့မျက်နှာလွှဲသွားကာ
ချိတ်ထားတဲ့ ဦးဇာနည်နဲ့ဒေါ်လေးတွဲရိုက်ထားတဲ့ပုံကို
ဖြုတ်ကာ ရိုက်ခွဲလိုက်ခြင်းပင်။
မှန်ဘောင်ခတ်ထားသောကြောင့်
ဖန်စတွေပြန့်ကျဲကုန်သည်။

ကြောက်စိတ်ကြောင့် သူယောင်မယ့်ကိုယ်က
တုန်တုန်ယင်ယင်နဲ့ပင်။

“ခွမ်း..ခွမ်း…ခွမ်း”

ချိတ်ထားသမျှပုံတွေကိုတစ်ပုံချင်း
ပေါက်ခွဲနေခြင်းပင်။ဖန်ကွဲစတွေ
သူမကိုလာစင်မှာစိုးသဖြင့်
ဝေးရာသို့ရွေ့ရသည်။

“ဟယ်…သွားပါပြီ”

ဒေါ်မိုးကလျာက ဘေးဆုံးအခန်းကနေပြေးထွက်လာကာ
အော်ကြီးဟစ်ကျယ်အော်ကာပြောလာလေသည်။
Royalက သူမအသံကြားတော့
လက်ထဲကဓာတ်ပုံကိုအပေါ်မြောက်ရင်း
ဒေါ်မိုးကလျာကို ခပ်ထေ့ထေ့ကြည့်ရင်း
ပေါက်ခွဲလေသည်။

ထိုပုံက ဦးဇာနည်တော်ဝင်နဲ့သူမရဲ့
မင်္ဂလာဓာတ်ပုံပင်။

“အစ်ကိုရေ ရှင့်သားလုပ်ပုံကို
လာကြည့်ပါဦးတော်”

အလုပ်ပိတ်ရက်ဖြစ်သဖြင့် အိမ်မှာလူစုံနေလေသည်။
ဦးမင်းတော်ဝင်တို့မိသားစုတွေအပြင်
အိမ်ကအလုပ်သမားတွေပါ အပြေးလာကြည့်ကြသည်။

“တော်ဝင်ယောက်ျား မင်းဒါဘာဖြစ်ပြန်တာလဲ”

ဒေါ်မိုးကလျာက ဓာတ်ပုံလေးတွေကောက်ကိုင်ကာ
တရှုံ့ရှုံ့နဲ့ငိုနေသည်။ဒီပုံတွေက
ဧည့်ခန်းမှာချိတ်ခွင့်မရှိတဲ့ပုံတွေ။
ဧည့်ခန်းမှာချိတ်ထားတဲ့ ဦးဇာနည်တော်ဝင်နဲ့
ဒေါ်ခင်လေးငယ်(Royalမိခင်)တို့ရဲ့မင်္ဂလာဓာတ်ပုံ
ကို ဖယ်ခွင့်မပြုလို့
သူမတို့ဓာတ်ပုံတွေကို ဒုတိယထပ်မှာချိတ်ထားရခြင်းပင်။

“မင်းရဲ့အရူးလုပ်ရပ်တွေတော်သင့်ပြီ “

“တူလေး သားဘာဖြစ်တာလဲ၊တီလေးကိုပြော”

Royalကတော့ဦးဇာနည်ရဲ့စကားသံကြားပြီး
သူ့ခြေထောက်နားက ဖန်ကွဲစတွေကြားက
ဓာတ်ပုံကိုကောက်ယူကာ ဒေါ်မိုးကလျာရဲ့မျက်နှာ
ရှိတဲ့ဓာတ်ပုံတစ်ဖက်ခြမ်းကို တစ်စစီဆွဲဖြဲလေသည်။

ထိုက်ကတော့ လှေကားလက်ရန်းကိုမှီရပ်ကာ
လက်ပိုက်ကြည့်နေလေသည်။ဦးခန့်ညားမောင်ကတော့
နိုနို့ကိုပွေ့ချီထားကာ ဘာမှဝင်ပြောမလာပေ။
ထုံးစံအတိုင်း ဦးမင်းတော်ဝင်ကတော့
မြေးဖြစ်သူအား ကောင်းသည်ဆိုးသည်ဟူ၍
ပြောလာခြင်းမရှိ။

အလုပ်သမားတွေကလည်း
တီးတိုးတီးတိုးပြောနေကြသည်။
သူယောင်မယ်ကတော့ ဘေးနားထောင့်မှာ
ခပ်ယို့ယို့လေးရပ်နေတုန်းပင်။

“ဘာလို့ဒီလောက်ရိုင်းနေရတာလဲ မင်း”

“ရိုင်းတယ်…ဟုတ်လား”

Royalက ဦးဇာနည်ကိုခပ်ရွဲ့ရွဲ့ပြန်ပြောကာ
တဟားဟားအော်ရီလိုက်သည်။
နေပါဦး…အခုသူ့ကိုရိုင်းတယ်ပြောလိုက်တာလား။
ဘယ်သူ့ကြောင့်လဲ…ဘယ်သူ့ကြောင့်
သူဒီလိုဖြစ်နေရတာလဲ။

“ကျုပ်ကို ဒီလိုမပြောခင်
ခင်ဗျားမိန်းမကျုပ်အခန်းထဲဝင်ပြီး
ဘာလုပ်ခဲ့လဲအရင်မေးလိုက်”

တစ်ခြားအချိန်ဆို Royalကသူ့ကိုယ်သူ
ကျွန်တော်လို့သုံးတတ်သော်ငြား အရမ်းဒေါသထွက်နေတဲ့အချိန်ဆိုလျှင်
အသုံးအနှုန်းပြောင်းသွားတတ်သည်။

Royalရဲ့စကားကြောင့် အားလုံးရဲ့အကြည့်က
ဒေါ်မိုးကလျာဆီသို့ရောက်လာကြသည်။
ဒေါ်မိုးကလျာကလည်း သူမဘာလုပ်ခဲ့လဲဆိုတာ
ပြန်တွေးတောနေမိတယ်။

သူမ Royalအခန်းထဲပိုင်ရှင်မသိအောင်ဝင်တာ
အမှန်ပင်။ဒါမယ့် ကုတင်ဘေးကစားပွဲပေါ်မှာထောင်ထား
တဲ့ သားအမိနှစ်ယောက်ရယ်ပြုံးနေတဲ့ဓာတ်ပုံကို
မှောက်ရုံနှင့်ကုတင်တစ်ဖက်ခြမ်းမှာထောင်ထားတဲ့
guitarကိုယူကြည့်မိယုံတင်လေးပင်။
ဓာတ်ပုံကိုမှောက်လိုက်တာက
ရယ်ပြုံးနေတဲ့သူမ(ဒေါ်ခင်လေးငယ်)အပြုံးတွေကို
မမြင်ချင်လို့။

ဓာတ်ပုံမှောက်ယုံ၊guitarထိယုံလေးနဲ့
သူမက အပြစ်အကြီးကြီးလုပ်လိုက်မိတာလား????

“နောက်တစ်ခါ ခင်ဗျားရဲ့လက်ညစ်ပတ်တွေနဲ့
ကျုပ်မြတ်နိုးရာတွေကိုလာထိလို့ကတော့
ဒီလောက်လေးနဲ့ရပ်တန့်လိမ့်မယ် မထင်နဲ့”

ထိုစကားကိုတော့ ဒေါ်မိုးကလျာရဲ့မျက်လုံးတည့်တည့်ကို
စိုက်ကြည့်ပြီးပြောကာ သူ့အခန်းထဲပြန်ဝင်သွားပြီး
guitarယူလာကာ ပြန်ထွက်သွားလေသည်။

“တူလေးက အသေမသတ်သွားတာတောင်
ကံကောင်းတယ်မှတ်လိုက်”

“မြတ်ပန်း”

ဦးခန့်ညားမောင်က သူ့မိန်းမကိုထပ်မပြောရန်
လက်မောင်းကိုကိုင်ကာ ပြောလာသည်။

“အို မှန်တာပြောတာပဲအစ်ကိုရယ်”

သူ့အပြစ်နဲ့သူမို့ ဒေါ်မိုးကလျာကဘာမှဝင်ပြောလာခြင်းမရှိ။
ဒါမယ့် သူမဒီနေ့ကိုမေ့တော့မည်မဟုတ်။
ကိုယ့်ဓာတ်ပုံကို ကိုယ့်ရှေ့မှာဆွဲဖြဲတာကို
မြင်ရတာတောင် ဘာမှဝင်မလုပ်နိုင်ခဲ့ဘူး။
တော်ဝင်ယောက်ျားကို တစ်နေ့သူမခြေရင်းမှာ
ဒူးထောက်တောင်းပန်လာတဲ့အထိ သူမလုပ်ပြမယ်။

“ကိုကိုhusband ကကြောက်စရာကြီးနော် မမ”

“ဒီကောင်လေးကတော့ မမလို့မခေါ်ပါနဲ့ဆို”

မောင်နှမနှစ်ယောက်ကလည်းပြောပြောဆိုဆိုနဲ့ပင်
ထိုအနားမှထွက်သွားကြလေသည်။ဦးမင်းတော်ဝင်ကတော့
သားဖြစ်သူစိတ်ဆင်းရဲနေတဲ့ပုံကိုကြည့်ကာ

“ဒါ မင်းရွေးချယ်ခဲ့တဲ့လမ်းပဲမဟုတ်လား”

မှန်တဲ့စကားမို့ သူ့ဘက်ကဘာမှခွန်းတုံ့မပြန်နိုင်ပေ။
ဓာတ်ပုံကိုင်ပြီးငိုင်နေတဲ့သူ့မိန်းမကိုလည်း ခါတိုင်းလို
မနှစ်သိမ့်နိုင်။Royalက သူ့မိခင်နဲ့ပတ်သက်ရင်
Sensitiveတာကို သူမအသိသားနဲ့
သွားထိမှတော့…..။

“ဒေါ်လေးရယ် ဝမ်းနည်းမနေပါနဲ့၊ဓာတ်ပုံပဲဟာ
ပြန်ရိုက်လို့ရသားပဲ”

သူယောင်မယ်ကခုချိန်ထိငိုင်ငိုင်ကြီးဖြစ်နေတဲ့
အဒေါ်ဖြစ်သူကို အခန်းထဲသို့တွဲခေါ်သွားလေသည်။

ထိုနေရာမှာလူတစ်ယောက်မှမရှိတော့မှ
အလုပ်သမားတွေက သန့်ရှင်းရေးလာလုပ်ကြသည်။

………………………………

“မင်းနယ်ဘက်ရောက်နေတာပေါ့လေ”

“. ……”

ဖုန်းပြောရင်း ပေါင်ပေါ်မှာထိုင်နေတဲ့
ကြောင်လေးနှစ်ကောင်ကိုလည်း ပွတ်သပ်ပေးနေမိသည်။

“အာ…တကူးတကကြီးငါ့အတွက်ဝယ်မလာပါနဲ့”

“. …….”

“သော်တာက စာအ​ကြွေးတွေရှိလို့
ဒီနေ့မလာဖြစ်ဘူးတဲ့၊မင်းတို့လာရင် ငါက
မုန့်လုပ်စားမလို့ကို”

“. ……..”

“အင်းပါ…မင်းလည်းဂရုစိုက်ဦး”

Ting. ..Ting. ..Ting

အပြင်ဘက်မှဘဲလ်တီးသံကြားရသဖြင့်
ပေါင်ပေါ်မှကြောင်လေးတွေကိုအသာချကာ
ပြတင်းပေါက်မှလှမ်းကြည့်လိုက်တော့
လူတစ်ယောက်ရပ်နေတာကိုတွေ့လိုက်ရသည်။

“ဧည့်သည်လာလို့ ငါဖုန်းချလိုက်တော့မယ်နော် စေရာ”

“. …..”

“အင်းပါ…ဒါပဲ”

ဖုန်းချပြီးတော့ အိမ်တံခါးဘေးမှာထောင်ထားတဲ့
ထီးကိုယူကာ အပြင်ထွက်လာလိုက်သည်။
အပြင်ကလူက သူ့ကိုဒုက္ခပေးလာရင်
ထီးချောင်းနဲ့ရိုက်ပြီး သူ့ကိုယ်သူကာကွယ်မလို့ပင်။

ခြံတံခါးနားရပ်နေသူက သူကိုကျောပေးထားသည်။
အပြင်ဘက်ကိုကြည့်လိုက်တော့ ဆိုင်ကယ်ရပ်ထားသည်ပင်။
ထိုဆိုင်ကယ်ကို သူရင်းရင်းနှီးနှီးမြင်ဖူးသလိုပဲ။

“ဒီမှာ..ဒီမှာ”

နွေရတုစကားကြားတော့ ကျောရေပ်ထားသူကလှည့်ကြည့်လာသည်။

“ဟင်…မင်း..မင်းငါ့အိမ်ဘာလာလုပ်တာလဲ”

……………………….

(မျှော်နေကြမလားမသိပေမယ့် ကိုယ်ကတော့
မနေနိုင်တော့လို့ အပ်ဒိတ်လိုက်ပါပြီ၊
Commentလေးတွေလိုချင်မိ😁)

Zawgyi

“Royal ရွင္ ဘာ..ဘာလုပ္မလို႔လဲ”

သူမဆီတျဖည္းျဖည္းတိုးကပ္လာေသာ Royalေၾကာင့္
ေၾကာက္လန့္စြာေနာက္ဆုတ္ေနမိသည္။
နိုနိုကေတာ့ ဘယ္ခ်ိန္ကတည္းကထြက္ေျပးသြားလည္းမသိ
အနီးနားမွာမရွိေတာ့ေပ။

က်န္တဲ့အခ်ိန္ Royalကေခ်ာေမာခန့္ညားတဲ့
နတ္ဘုရားတစ္ပါးလို႔ေျပာနိုင္ေပမယ့္
ေဒါသထြက္ေနတဲ့အခ်ိန္ဆိုရင္
နတ္ဆိုးတစ္ပါးႏွင့္တူေပသည္။
သို႔ေသာ္…ေခ်ာေမာေနတုန္းပင္။

“ခြမ္း”

သူမဆီလာေနရာမွ Royalက
နံရံဘက္သို႔မ်က္ႏွာလႊဲသြားကာ
ခ်ိတ္ထားတဲ့ ဦးဇာနည္နဲ႕ေဒၚေလးတြဲရိုက္ထားတဲ့ပုံကို
ျဖဳတ္ကာ ေပါက္ခြဲလိုက္ျခင္းပင္။
မွန္ေဘာင္ခတ္ထားေသာေၾကာင့္
ဖန္စေတြျပန့္က်ဲကုန္သည္။

ေၾကာက္စိတ္ေၾကာင့္ သူေယာင္မယ့္ကိုယ္က
တုန္တုန္ယင္ယင္နဲ႕ပင္။

“ခြမ္း..ခြမ္း…ခြမ္း”

ခ်ိတ္ထားသမွ်ပုံေတြကိုတစ္ပုံခ်င္း
ေပါက္ခြဲေနျခင္းပင္။ဖန္ကြဲစေတြ
သူမကိုလာစင္မွာစိုးသျဖင့္
ေဝးရာသို႔ေ႐ြ႕ရသည္။

“ဟယ္…သြားပါၿပီ”

ေဒၚမိုးကလ်ာက ေဘးဆုံးအခန္းကေနေျပးထြက္လာကာ
ေအာ္ႀကီးဟစ္က်ယ္ေအာ္ကာေျပာလာေလသည္။
Royalက သူမအသံၾကားေတာ့
လက္ထဲကဓာတ္ပုံကိုအေပၚေျမာက္ရင္း
ေဒၚမိုးကလ်ာကို ခပ္ေထ့ေထ့ၾကည့္ရင္း
ေပါက္ခြဲေလသည္။

ထိုပုံက ဦးဇာနည္ေတာ္ဝင္နဲ႕သူမရဲ႕
မဂ္လာဓာတ္ပုံပင္။

“အစ္ကိုေရ ရွင့္သားလုပ္ပုံကို
လာၾကည့္ပါဦးေတာ္”

အလုပ္ပိတ္ရက္ျဖစ္သျဖင့္ အိမ္မွာလူစုံေနေလသည္။
ဦးမင္းေတာ္ဝင္တို႔မိသားစုေတြအျပင္
အိမ္ကအလုပ္သမားေတြပါ အေျပးလာၾကည့္ၾကသည္။

“ေတာ္ဝင္ေယာက္်ား မင္းဒါဘာျဖစ္ျပန္တာလဲ”

ေဒၚမိုးကလ်ာက ဓာတ္ပုံေလးေတြေကာက္ကိုင္ကာ
တရႈံ႕ရႈံ႕နဲ႕ငိုေနသည္။ဒီပုံေတြက
ဧည့္ခန္းမွာခ်ိတ္ခြင့္မရွိတဲ့ပုံေတြ။
ဧည့္ခန္းမွာခ်ိတ္ထားတဲ့ ဦးဇာနည္ေတာ္ဝင္နဲ႕
ေဒၚခင္ေလးငယ္(Royalမိခင္)တို႔ရဲ႕မဂ္လာဓာတ္ပုံ
ကို ဖယ္ခြင့္မျပဳလို႔
သူမတို႔ဓာတ္ပုံေတြကို ဒုတိယထပ္မွာခ်ိတ္ထားရျခင္းပင္။

“မင္းရဲ႕အ႐ူးလုပ္ရပ္ေတြေတာ္သင့္ၿပီ “

“တူေလး သားဘာျဖစ္တာလဲ၊တီေလးကိုေျပာ”

Royalကေတာ့ဦးဇာနည္ရဲ႕စကားသံၾကားၿပီး
သူ႕ေျခေထာက္နားက ဖန္ကြဲစေတြၾကားက
ဓာတ္ပုံကိုေကာက္ယူကာ ေဒၚမိုးကလ်ာရဲ႕မ်က္ႏွာ
ရွိတဲ့ဓာတ္ပုံတစ္ဖက္ျခမ္းကို တစ္စစီဆြဲၿဖဲေလသည္။

ထိုက္ကေတာ့ ေလွကားလက္ရန္းကိုမွီရပ္ကာ
လက္ပိုက္ၾကည့္ေနေလသည္။ဦးခန့္ညားေမာင္ကေတာ့
နိုနို႔ကိုေပြ႕ခ်ီထားကာ ဘာမွဝင္ေျပာမလာေပ။
ထုံးစံအတိုင္း ဦးမင္းေတာ္ဝင္ကေတာ့
ေျမးျဖစ္သူအား ေကာင္းသည္ဆိုးသည္ဟူ၍
ေျပာလာျခင္းမရွိ။

အလုပ္သမားေတြကလည္း
တီးတိုးတီးတိုးေျပာေနၾကသည္။
သူေယာင္မယ္ကေတာ့ ေဘးနားေထာင့္မွာ
ခပ္ယို႔ယို႔ေလးရပ္ေနတုန္းပင္။

“ဘာလို႔ဒီေလာက္ရိုင္းေနရတာလဲ မင္း”

“ရိုင္းတယ္…ဟုတ္လား”

Royalက ဦးဇာနည္ကိုခပ္႐ြဲ႕႐ြဲ႕ျပန္ေျပာကာ
တဟားဟားေအာ္ရီလိုက္သည္။
ေနပါဦး…အခုသူ႕ကိုရိုင္းတယ္ေျပာလိုက္တာလား။
ဘယ္သူ႕ေၾကာင့္လဲ…ဘယ္သူ႕ေၾကာင့္
သူဒီလိုျဖစ္ေနရတာလဲ။

“က်ဳပ္ကို ဒီလိုမေျပာခင္
ခင္ဗ်ားမိန္းမက်ဳပ္အခန္းထဲဝင္ၿပီး
ဘာလုပ္ခဲ့လဲအရင္ေမးလိုက္”

တစ္ျခားအခ်ိန္ဆို Royalကသူ႕ကိုယ္သူ
ကြၽန္ေတာ္လို႔သုံးတတ္ေသာ္ျငား အရမ္းေဒါသထြက္ေနတဲ့အခ်ိန္ဆိုလွ်င္
အသုံးအႏႈန္းေျပာင္းသြားတတ္သည္။

Royalရဲ႕စကားေၾကာင့္ အားလုံးရဲ႕အၾကည့္က
ေဒၚမိုးကလ်ာဆီသို႔ေရာက္လာၾကသည္။
ေဒၚမိုးကလ်ာကလည္း သူမဘာလုပ္ခဲ့လဲဆိုတာ
ျပန္ေတြးေတာေနမိတယ္။

သူမ Royalအခန္းထဲပိုင္ရွင္မသိေအာင္ဝင္တာ
အမွန္ပင္။ဒါမယ့္ ကုတင္ေဘးကစားပြဲေပၚမွာေထာင္ထား
တဲ့ သားအမိႏွစ္ေယာက္ရယ္ၿပဳံးေနတဲ့ဓာတ္ပုံကို
ေမွာက္႐ုံႏွင့္ကုတင္တစ္ဖက္ျခမ္းမွာေထာင္ထားတဲ့
guitarကိုယူၾကည့္မိယုံတင္ေလးပင္။
ဓာတ္ပုံကိုေမွာက္လိုက္တာက
ရယ္ၿပဳံးေနတဲ့သူမ(ေဒၚခင္ေလးငယ္)အၿပဳံးေတြကို
မျမင္ခ်င္လို႔။

ဓာတ္ပုံေမွာက္ယုံ၊guitarထိယုံေလးနဲ႕
သူမက အျပစ္အႀကီးႀကီးလုပ္လိုက္မိတာလား????

“ေနာက္တစ္ခါ ခင္ဗ်ားရဲ႕လက္ညစ္ပတ္ေတြနဲ႕
က်ဳပ္ျမတ္နိုးရာေတြကိုလာထိလို႔ကေတာ့
ဒီေလာက္ေလးနဲ႕ရပ္တန့္လိမ့္မယ္ မထင္နဲ႕”

ထိုစကားကိုေတာ့ ေဒၚမိုးကလ်ာရဲ႕မ်က္လုံးတည့္တည့္ကို
စိုက္ၾကည့္ၿပီးေျပာကာ သူ႕အခန္းထဲျပန္ဝင္သြားၿပီး
guitarယူလာကာ ျပန္ထြက္သြားေလသည္။

“တူေလးက အေသမသတ္သြားတာေတာင္
ကံေကာင္းတယ္မွတ္လိုက္”

“ျမတ္ပန္း”

ဦးခန့္ညားေမာင္က သူ႕မိန္းမကိုထပ္မေျပာရန္
လက္ေမာင္းကိုကိုင္ကာ ေျပာလာသည္။

“အို မွန္တာေျပာတာပဲအစ္ကိုရယ္”

သူ႕အျပစ္နဲ႕သူမို႔ ေဒၚမိုးကလ်ာကဘာမွဝင္ေျပာလာျခင္းမရွိ။
ဒါမယ့္ သူမဒီေန႕ကိုေမ့ေတာ့မည္မဟုတ္။
ကိုယ့္ဓာတ္ပုံကို ကိုယ့္ေရွ႕မွာဆြဲၿဖဲတာကို
ျမင္ရတာေတာင္ ဘာမွဝင္မလုပ္နိုင္ခဲ့ဘူး။
ေတာ္ဝင္ေယာက္်ားကို တစ္ေန႕သူမေျခရင္းမွာ
ဒူးေထာက္ေတာင္းပန္လာတဲ့အထိ သူမလုပ္ျပမယ္။

“ကိုကိုhusband ကေၾကာက္စရာႀကီးေနာ္ မမ”

“ဒီေကာင္ေလးကေတာ့ မမလို႔မေခၚပါနဲ႕ဆို”

ေမာင္ႏွမႏွစ္ေယာက္ကလည္းေျပာေျပာဆိုဆိုနဲ႕ပင္
ထိုအနားမွထြက္သြားၾကေလသည္။ဦးမင္းေတာ္ဝင္ကေတာ့
သားျဖစ္သူစိတ္ဆင္းရဲေနတဲ့ပုံကိုၾကည့္ကာ

“ဒါ မင္းေ႐ြးခ်ယ္ခဲ့တဲ့လမ္းပဲမဟုတ္လား”

မွန္တဲ့စကားမို႔ သူ႕ဘက္ကဘာမွခြန္းတုံ႕မျပန္နိုင္ေပ။
ဓာတ္ပုံကိုင္ၿပီးငိုင္ေနတဲ့သူ႕မိန္းမကိုလည္း ခါတိုင္းလို
မႏွစ္သိမ့္နိုင္။Royalက သူ႕မိခင္နဲ႕ပတ္သက္ရင္
Sensitiveတာကို သူမအသိသားနဲ႕
သြားထိမွေတာ့…..။

“ေဒၚေလးရယ္ ဝမ္းနည္းမေနပါနဲ႕၊ဓာတ္ပုံပဲဟာ
ျပန္ရိုက္လို႔ရသားပဲ”

သူေယာင္မယ္ကခုခ်ိန္ထိငိုင္ငိုင္ႀကီးျဖစ္ေနတဲ့
အေဒၚျဖစ္သူကို အခန္းထဲသို႔တြဲေခၚသြားေလသည္။

ထိုေနရာမွာလူတစ္ေယာက္မွမရွိေတာ့မွ
အလုပ္သမားေတြက သန့္ရွင္းေရးလာလုပ္ၾကသည္။

………………………………

“မင္းနယ္ဘက္ေရာက္ေနတာေပါ့ေလ”

“. ……”

ဖုန္းေျပာရင္း ေပါင္ေပၚမွာထိုင္ေနတဲ့
ေၾကာင္ေလးႏွစ္ေကာင္ကိုလည္း ပြတ္သပ္ေပးေနမိသည္။

“အာ…တကူးတကႀကီးငါ့အတြက္ဝယ္မလာပါနဲ႕”

“. …….”

“ေသာ္တာက စာအေႂကြးေတြရွိလို႔
ဒီေန႕မလာျဖစ္ဘူးတဲ့၊မင္းတို႔လာရင္ ငါက
မုန့္လုပ္စားမလို႔ကို”

“. ……..”

“အင္းပါ…မင္းလည္းဂ႐ုစိုက္ဦး”

Ting. ..Ting. ..Ting

အျပင္ဘက္မွဘဲလ္တီးသံၾကားရသျဖင့္
ေပါင္ေပၚမွေၾကာင္ေလးေတြကိုအသာခ်ကာ
ျပတင္းေပါက္မွလွမ္းၾကည့္လိုက္ေတာ့
လူတစ္ေယာက္ရပ္ေနတာကိုေတြ႕လိုက္ရသည္။

“ဧည့္သည္လာလို႔ ငါဖုန္းခ်လိဳက္ေတာ့မယ္ေနာ္ ေစရာ”

“. …..”

“အင္းပါ…ဒါပဲ”

ဖုန္းခ်ၿပီးေတာ့ အိမ္တံခါးေဘးမွာေထာင္ထားတဲ့
ထီးကိုယူကာ အျပင္ထြက္လာလိုက္သည္။
အျပင္ကလူက သူ႕ကိုဒုက္ခေပးလာရင္
ထီးေခ်ာင္းနဲ႕ရိုက္ၿပီး သူ႕ကိုယ္သူကာကြယ္မလို႔ပင္။

ၿခံတံခါးနားရပ္ေနသူက သူကိုေက်ာေပးထားသည္။
အျပင္ဘက္ကိုၾကည့္လိုက္ေတာ့ ဆိုင္ကယ္ရပ္ထားသည္ပင္။
ထိုဆိုင္ကယ္ကို သူရင္းရင္းႏွီးႏွီးျမင္ဖူးသလိုပဲ။

“ဒီမွာ..ဒီမွာ”

ႏြေရတုစကားၾကားေတာ့ ေက်ာေရပ္ထားသူကလွည့္ၾကည့္လာသည္။

“ဟင္…မင္း..မင္းငါ့အိမ္ဘာလာလုပ္တာလဲ”

……………………….

(ေမွ်ာ္ေနၾကမလားမသိေပမယ့္ ကိုယ္ကေတာ့
မေနနိုင္ေတာ့လို႔ အပ္ဒိတ္လိုက္ပါၿပီ၊
Commentေလးေတြလိုခ်င္မိ😁)

Tags: read novel Royal Husband 10, novel Royal Husband 10, read Royal Husband 10 online, Royal Husband 10 chapter, Royal Husband 10 high quality, Royal Husband 10 light novel, ,

Comment

Leave a Reply

Chapter 11