Royal Husband 16

All chapters are in Royal Husband
A+ A-

“ကိုကိုhusbandကို မလွမ်းဘူးလားဟင် မမမယ်”

သူ့ရှေ့မှာအရုပ်ဆက်နေတဲ့မမမယ်ကိုသိလိုစိတ်ဖြင့်
နိုနိုမေးလိုက်တော့ မမမယ်ကသူ့ကိုမျက်လုံးလှန်ကြည့်လာကာ

“ဘာလို့လွမ်းရမှာလဲ”

“မမမယ်က ကိုကိုhusband ကိုကြိုက်နေတာမလား”

နိုဘယ်တော်ဝင်က ကလေးသာဆိုတယ်။
အကုန်သိ၊အကုန်တတ်တဲ့ ကလေးလေးပင်။
အရင်က သူ မကောင်းဘူးလို့ထင်ထားတဲ့မမမယ်က
ခုဆိုသူ့ရဲ့ကစားဖော်ပင်ဖြစ်နေပြီ။

“အရင်ကပါ၊ခုတော့ မကြိုက်ပါဘူး”

“ဘာလို့မကြိုက်တော့တာလဲဟင်၊
ကိုကိုhusband ကအရမ်းချောတာပဲကို”

“နိုနိုလေးရဲ့ကိုကိုက မမမျက်စိထဲ
မချောတော့လို့ပေါ့”

ဒါ သူမ အမှန်အတိုင်းဆိုလိုက်တာပင်။
အရင်က ဒေါ်လေးရဲ့ဖိအားပေးမှုတွေကြောင့်အပြင်
သူမကိုယ်တိုင်ကလဲ ချောမောခန့်ညားတဲ့Royalကို
ချစ်သူကောင်လေးအဖြစ်လိုချင်ခဲ့မိသည်။
သို့ပေမယ့် သေချာစဥ်းစားစီစစ်လိုက်တော့
Royalကို အမှန်တကယ်မချစ်ဘူးဆိုတဲ့အဖြေထွက်လာသည်။
ဒီတိုင်း Royalရဲ့ချောမောမှုမှာ ခဏတာနစ်မျောသွားယုံပါပဲ…..။

“နိုနိုလည်းကြီးလာရင် ကိုကိုhusband လို
စော်ကြည်ချင်တယ်”

ပြောရင်းပင် အရွယ်ရောက်လာတဲ့သူ့အနားမှာ
ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတာကို
မြင်ယောင်ကြည့်လိုက်တော့
မျက်လုံးလေးတွေပင် တလက်လက်ဖြစ်လာရသည်။
စော်ကြည်တဲ့ နိုဘယ်တော်ဝင်လေး….။

“ငယ်ငယ်လေးပဲရှိသေးတာကိုနော်”

“အာ့…မမမယ်ကလည်း”

သူယောင်မယ်က နိုနို့ရဲ့နဖူးလေးကိုအသာလေးရိုက်လိုက်တော့
နိုနိုက နှုတ်ခမ်းတစ်တောင်လောက်စူထွက်လာလေသည်။

“သူယောင်မယ်”

နာမည်ခေါ်သံကြားလို့လှည့်ကြည့်လိုက်တော့.
ဒေါ်လေးက အခန်းတံခါးမှီကာခေါ်နေခြင်းပင်။

“ရှင် ဒေါ်လေး”

“ပြောစရာရှိလို့ အခန်းထဲလာခဲ့”

ထိုစကားသာပြောပြီး အခန်းထဲသို့ဝင်သွားလေသည်။

“ဆော့နှင့်နော်”

“ဟုတ်”

သူမအခန်းထဲဝင်လိုက်တော့ ဒေါ်လေးက
မှန်တင်ခုံမှာထိုင်ကာ စောင့်နေသည်။

“ဘာပြောမလို့လဲဟင် ဒေါ်လေး”

“တစ်နေ့တစ်နေ့ အဲ့ကလေးနဲ့ပဲ
အချိန်ကုန်နေမှာတော့မဟုတ်ဘူးမလား သူယောင်မယ်”

“Companyမှာအလုပ်လျှောက်ထားပါတယ်”

အမှန်တကယ်လည်း သူမက Fashion Company
တစ်ခုမှာအလုပ်လျှောက်ထားခြင်းပင်။
အလုပ်ရမှာကိုလည်း သူမကိုယ်သူမသိသည်။

“Royalကိုအပိုင်ရဖို့ရော မကြံတော့ဘူးလား”

“သူ့ကိုလက်လျှော့လိုက်ပြီ”

“ဘာ”

သူယောင်မယ်စကားကြားပြီး ဒေါ်မိုးကလျာမှာ
အလန့်တကြားပင်ဖြစ်သွားရသည်။
ဘာလို့ လက်လျှော့ရမှာလဲ။

“မဟုတ်တာတွေလျှောက်မတွေးဘဲ
Royalကိုအပိုင်ရဖို့သာကြံ၊
သူ့ကိုရရင် နင်ဒီတစ်သက်လုံးအလုပ်မလုပ်ဘဲ
ထိုင်စားနေလို့ရတယ်”

“Royalကို ကျွန်မ မချစ်ဘူး ဒေါ်လေး”

“နင်ကငါ့ကို ကျေးဇူးကန်းချင်နေတာလားဟမ်”

“မဟုတ်ပါဘူး”

သူမငယ်ကတည်းက မိဘတွေဆုံးပါးသွားသဖြင့်
ဒေါ်လေးကခုအသက်အရွယ်ထိပြုစုပျိုးထောင်လာခြင်းပင်။
ဒါကြောင့် ဒေါ်လေးစကားကိုလွန်ဆန်ဖို့ရာအတွက်
မတတ်နိုင်ပေ။

“နင်ဘာမှမကြံလည်းရတယ်။
ငါကြံမှာမို့ ငါပြောတဲ့အတိုင်းသာလုပ်
ကြားလားးးး”

“ဟုတ်ကဲ့၊ဒါနဲ့ ဒေါ်လေးဘာလုပ်မလို့လဲ”

“နောက်လဆို Royalရဲ့မွေးနေ့ရောက်တော့မယ်လေ၊
အဲ့ချိန်ကျ သိလိမ့်မယ်ပေါ့”

ထိုစကားကိုတော့ ဒေါ်မိုးကလျာက
ပြုံးပြုံးကြီးသာပြောလာသဖြင့် သူယောင်မယ်မှာ
မသိမသာ သက်ပြင်းချမိသွားသည်။

…………………………..

“အဖေ့မြေးကို ဒီအတိုင်းပဲလွှတ်ထားတော့မှာတော့
မဟုတ်ဘူးမလား”

ဦးဇာနည်စကားအဆုံး ဦးမင်းတော်ဝင်က
မျက်ခုံးပင့်ကာလှန်ကြည့်လာသည်။
ဘာကိုဆိုလိုချင်တာလဲဆိုသည့်သဘောပင်။

“ထိုင်ပြီးပြောလေ”

“ဒီမှာ”

ဦးဇာနည်က ဝင်မထိုင်သေးဘဲလက်ထဲပါလာတဲ့ဆာလာအိတ်ကိုဖွင့်ကာ
ထိုအထဲမှ ဓာတ်ပုံတွေကိုယူပြီး
ဦးမင်းတော်ဝင်ရှေ့ကစားပွဲပေါ် တင်လိုက်သည်။

“ဘာတွေလဲ”

“အဖေ ကြည့်ကြည့်လေ”

ဦးမင်းတော်ဝင်က ထိပ်ဆုံးကဓာတ်ပုံကိုကြည့်လိုက်တော့
မြေးဖြစ်သူနဲ့ကောင်လေးတစ်ယောက် ဆိုင်ကယ်အတူစီး
နေ့သည့်ပုံပင်။
ကျန်တဲ့ပုံတွေကိုကြည့်လိုက်တော့လည်း
နေရာအနေအထား၊အပြုအမူတွေသာကွဲသွားတယ်။
ထိုလူသားနှစ်ယောက်ကတော့ ပါမြဲသာ။

ဓာတ်ပုံတွေကိုပြန်ချကာ မျက်နှာချင်းဆိုင်ကသားဖြစ်သူ
ကိုကြည့်ပြီး

“မင်းသားနောက် လူလွှတ်ထားတာလား”

“ကျွန်တော့်သားနောက် လူလွှတ်ထားတာဆန်းသလား”

“အို့…ကိုယ့်သွေးသားကိုတော့ သိသေးသားပဲ”

“ကျွန်တော့်ကို ခနဲ့ မနေပါနဲ့တော့၊
အဖေ့မြေးကိုသာ အိမ်ပြန်ခေါ်ဖို့လုပ်ရမယ်လေ”

“သူ့ဖာသာသူနေတာ နေပါစေပေါ့”

“ဒီအတိုင်းသာလွှတ်ထားရင် အဖေ့မြေး
မိန်းမ မရဘဲ ယောက်ျားရသွားလိမ့်မယ်”

ဦးဇာနည်ကသာ သားဖြစ်သူအတွက်
တရစပ်ပြောနေသော်ငြား ဦးမင်းတော်ဝင်ကတော့
အေးအေးဆေးဆေးသာပင်။
သူ့အနေနဲ့ ဒီကိစ္စကိုထွေထူးပြီးစိုးရိမ်နေတာလည်းမရှိ။

“ယူပါစေပေါ့၊ခုခေတ်မှာ လိင်တူချစ်ကြိုက်လက်ထပ်ကြတာ
ရှားမှမရှားဘဲ၊ငါ့မြေးက သူနဲ့သင့်တော်မယ့်သူကို
ရွေးချယ်တာပဲမဟုတ်ဘူးလား”

“ဒါပေမယ့်….”

“မင်းတောင် မင်းသဘောကျတဲ့သူယူထားတာပဲမဟုတ်လား၊
ပြီးတော့ Royalကမင်းထိန်းချုပ်လို့ရတဲ့သူမဟုတ်ဘူးဆို
တာ သတိရဦး”

“ဒါကြောင့် အဖေ့ကိုလာတားခိုင်းတာလေ၊
အဖေ့မြေးက ကျွန်တော့်ကိုသူ့အဖေလို့မှ မသတ်မှတ်တာ”

“ကိုယ်တိုင်ဆန်းစစ်ကြည့်လိုက်ဦး၊
မင်းက ငါ့မြေးအဖေလို့သတ်မှတ်ဖို့တန်ရဲ့လားဆိုတာ”

ဦးဇာနည်တော်ဝင် ဘာမှမပြောနိုင်တော့ပေ။
မှန်သောစကားတွေဖြစ်သည့်အတွက် သူခွန်းတုံ့မပြန်နိုင်။
သို့ပေသိ သူ့အနေနဲ့သားဖြစ်သူ
Gayလို့ပတ်ဝန်းကျင်မှာ အပြောအဆိုမခံရဖို့အတွက်တော့
သူကြံရဦးမှာပင်။

“Royalကိုတွေးပူမနေပါနဲ့၊
မင်းရဲ့ချစ်လှစွာသော ဇနီးကိုသာဂရုစိုက်လိုက်”

“ဒါဆို ကျွန်တော်သွားပြီ အဖေ”

ထွက်ခွာသွားသောသားဖြစ်သူကိုကြည့်ပြီး
ဦးမင်းတော်ဝင် ခပ်မဲ့မဲ့ပြုံးမိသည်။

အခုချိန်မှသားကိုလာချစ်ပြနေတယ်……..

……………………….

“ခါးကို ကျစ်ကျစ်ဖက်ထားပါလို့ ခနခနပြောနေရတာပဲ”

သူ့စကားအဆုံးအလှလေးက တင်းတင်းကြပ်ကြပ်ဖက်လာသည်။
အလှလေးက ပြောမကောင်း၊ဆိုမကောင်းလေးပင်။

“အဲ့ဒါဆို မပြောနဲ့ပေါ့”

“ဟာ….ခင်ဗျားပြုတ်ကျမှာမို့ပြောနေရတာပေါ့”

“ဟွန့်”

အခုဆို ကြောင်လှောင်အိမ်လေးလည်းဝယ်ပြီးပြီ။
ခါတိုင်းစီးသွားနေကျ စက်ဘီးလေးကလည်း
ချောင်ထိုးခံထားရသည်မှာ အချိန်တစ်ခုစာကြာနေပြီပင်။
သူဘယ်သွားသွား လူဆိုးကောင်ကလိုက်ပို့မြဲ။
အိမ်ငှားနေတဲ့လဝက်အတွင်း လူဆိုးကောင်
ကားစီးတာတစ်ခါမှမမြင်ဘူး။အမြဲတမ်းလိုလို
ဆိုင်ကယ်တဝှီးဝှီးနဲ့ပင်။

“အတွေးများနေပြန်ပြီ”

“ခါးကိုကျစ်ကျစ်ဖက်ထားရင် ပြီးရောမလား၊
နေရာတိုင်းလိုက်ပြောချင်နေတော့တာပဲ”

“ခင်ဗျားနဲ့မှပါ”

“ဘာပြောလိုက်တာလဲ”

လေတိုးသံတွေကြောင့်တိုးတိုးပြောလိုက်တဲ့လူဆိုးကောင်စကားကိုသေချာမကြားလိုက်ရသဖြင့် ထပ်မေးလိုက်တော့
ခေါင်းခါပြလာသည်။

စကားလေးတစ်ခွန်းတည်းကိုထပ်ပြောလိုက်ရ
ဘာဖြစ်သွားမှာကျလို့…

လူဆိုးကောင်က လေနှမြောလိုက်တာ…..

……………………

(My Villager အတွက်extraရေးနေလို့
ဒီဘက်မရောက်ဖြစ်တာရယ်၊ကြာသွားရင်ခွင့်လွှတ်😁)

Zawgyi

“ကိုကိုhusbandကို မလြမ္းဘူးလားဟင္ မမမယ္”

သူ႕ေရွ႕မွာအ႐ုပ္ဆက္ေနတဲ့မမမယ္ကိုသိလိုစိတ္ျဖင့္
နိုနိုေမးလိုက္ေတာ့ မမမယ္ကသူ႕ကိုမ်က္လုံးလွန္ၾကည့္လာကာ

“ဘာလို႔လြမ္းရမွာလဲ”

“မမမယ္က ကိုကိုhusband ကိုႀကိဳက္ေနတာမလား”

နိုဘယ္ေတာ္ဝင္က ကေလးသာဆိုတယ္။
အကုန္သိ၊အကုန္တတ္တဲ့ ကေလးေလးပင္။
အရင္က သူ မေကာင္းဘူးလို႔ထင္ထားတဲ့မမမယ္က
ခုဆိုသူ႕ရဲ႕ကစားေဖာ္ပင္ျဖစ္ေနၿပီ။

“အရင္ကပါ၊ခုေတာ့ မႀကိဳက္ပါဘူး”

“ဘာလို႔မႀကိဳက္ေတာ့တာလဲဟင္၊
ကိုကိုhusband ကအရမ္းေခ်ာတာပဲကို”

“နိုနိုေလးရဲ႕ကိုကိုက မမမ်က္စိထဲ
မေခ်ာေတာ့လို႔ေပါ့”

ဒါ သူမ အမွန္အတိုင္းဆိုလိုက္တာပင္။
အရင္က ေဒၚေလးရဲ႕ဖိအားေပးမႈေတြေၾကာင့္အျပင္
သူမကိုယ္တိုင္ကလဲ ေခ်ာေမာခန့္ညားတဲ့Royalကို
ခ်စ္သူေကာင္ေလးအျဖစ္လိုခ်င္ခဲ့မိသည္။
သို႔ေပမယ့္ ေသခ်ာစဥ္းစားစီစစ္လိုက္ေတာ့
Royalကို အမွန္တကယ္မခ်စ္ဘူးဆိုတဲ့အေျဖထြက္လာသည္။
ဒီတိုင္း Royalရဲ႕ေခ်ာေမာမႈမွာ ခဏတာနစ္ေမ်ာသြားယုံပါပဲ…..။

“နိုနိုလည္းႀကီးလာရင္ ကိုကိုhusband လို
ေစာ္ၾကည္ခ်င္တယ္”

ေျပာရင္းပင္ အ႐ြယ္ေရာက္လာတဲ့သူ႕အနားမွာ
ေကာင္မေလးေတြဝိုင္းဝိုင္းလည္ေနတာကို
ျမင္ေယာင္ၾကည့္လိုက္ေတာ့
မ်က္လုံးေလးေတြပင္ တလက္လက္ျဖစ္လာရသည္။
ေစာ္ၾကည္တဲ့ နိုဘယ္ေတာ္ဝင္ေလး….။

“ငယ္ငယ္ေလးပဲရွိေသးတာကိုေနာ္”

“အာ့…မမမယ္ကလည္း”

သူေယာင္မယ္က နိုနို႔ရဲ႕နဖူးေလးကိုအသာေလးရိုက္လိုက္ေတာ့
နိုနိုက ႏႈတ္ခမ္းတစ္ေတာင္ေလာက္စူထြက္လာေလသည္။

“သူေယာင္မယ္”

နာမည္ေခၚသံၾကားလို႔လွည့္ၾကည့္လိုက္ေတာ့.
ေဒၚေလးက အခန္းတံခါးမွီကာေခၚေနျခင္းပင္။

“ရွင္ ေဒၚေလး”

“ေျပာစရာရွိလို႔ အခန္းထဲလာခဲ့”

ထိုစကားသာေျပာၿပီး အခန္းထဲသို႔ဝင္သြားေလသည္။

“ေဆာ့ႏွင့္ေနာ္”

“ဟုတ္”

သူမအခန္းထဲဝင္လိုက္ေတာ့ ေဒၚေလးက
မွန္တင္ခုံမွာထိုင္ကာ ေစာင့္ေနသည္။

“ဘာေျပာမလို႔လဲဟင္ ေဒၚေလး”

“တစ္ေန႕တစ္ေန႕ အဲ့ကေလးနဲ႕ပဲ
အခ်ိန္ကုန္ေနမွာေတာ့မဟုတ္ဘူးမလား သူေယာင္မယ္”

“Companyမွာအလုပ္ေလွ်ာက္ထားပါတယ္”

အမွန္တကယ္လည္း သူမက Fashion Company
တစ္ခုမွာအလုပ္ေလွ်ာက္ထားျခင္းပင္။
အလုပ္ရမွာကိုလည္း သူမကိုယ္သူမသိသည္။

“Royalကိုအပိုင္ရဖို႔ေရာ မႀကံေတာ့ဘူးလား”

“သူ႕ကိုလက္ေလွ်ာ့လိုက္ၿပီ”

“ဘာ”

သူေယာင္မယ္စကားၾကားၿပီး ေဒၚမိုးကလ်ာမွာ
အလန့္တၾကားပင္ျဖစ္သြားရသည္။
ဘာလို႔ လက္ေလွ်ာ့ရမွာလဲ။

“မဟုတ္တာေတြေလွ်ာက္မေတြးဘဲ
Royalကိုအပိုင္ရဖို႔သာႀကံ၊
သူ႕ကိုရရင္ နင္ဒီတစ္သက္လုံးအလုပ္မလုပ္ဘဲ
ထိုင္စားေနလို႔ရတယ္”

“Royalကို ကြၽန္မ မခ်စ္ဘူး ေဒၚေလး”

“နင္ကငါ့ကို ေက်းဇူးကန္းခ်င္ေနတာလားဟမ္”

“မဟုတ္ပါဘူး”

သူမငယ္ကတည္းက မိဘေတြဆုံးပါးသြားသျဖင့္
ေဒၚေလးကခုအသက္အ႐ြယ္ထိျပဳစုပ်ိဳးေထာင္လာျခင္းပင္။
ဒါေၾကာင့္ ေဒၚေလးစကားကိုလြန္ဆန္ဖို႔ရာအတြက္
မတတ္နိုင္ေပ။

“နင္ဘာမွမႀကံလည္းရတယ္။
ငါႀကံမွာမို႔ ငါေျပာတဲ့အတိုင္းသာလုပ္
ၾကားလားးးး”

“ဟုတ္ကဲ့၊ဒါနဲ႕ ေဒၚေလးဘာလုပ္မလို႔လဲ”

“ေနာက္လဆို Royalရဲ႕ေမြးေန႕ေရာက္ေတာ့မယ္ေလ၊
အဲ့ခ်ိန္က် သိလိမ့္မယ္ေပါ့”

ထိုစကားကိုေတာ့ ေဒၚမိုးကလ်ာက
ၿပဳံးၿပဳံးႀကီးသာေျပာလာသျဖင့္ သူေယာင္မယ္မွာ
မသိမသာ သက္ျပင္းခ်မိသြားသည္။

…………………………..

“အေဖ့ေျမးကို ဒီအတိုင္းပဲလႊတ္ထားေတာ့မွာေတာ့
မဟုတ္ဘူးမလား”

ဦးဇာနည္စကားအဆုံး ဦးမင္းေတာ္ဝင္က
မ်က္ခုံးပင့္ကာလွန္ၾကည့္လာသည္။
ဘာကိုဆိုလိုခ်င္တာလဲဆိုသည့္သေဘာပင္။

“ထိုင္ၿပီးေျပာေလ”

“ဒီမွာ”

ဦးဇာနည္က ဝင္မထိုင္ေသးဘဲလက္ထဲပါလာတဲ့ဆာလာအိတ္ကိုဖြင့္ကာ
ထိုအထဲမွ ဓာတ္ပုံေတြကိုယူၿပီး
ဦးမင္းေတာ္ဝင္ေရွ႕ကစားပြဲေပၚ တင္လိုက္သည္။

“ဘာေတြလဲ”

“အေဖ ၾကည့္ၾကည့္ေလ”

ဦးမင္းေတာ္ဝင္က ထိပ္ဆုံးကဓာတ္ပုံကိုၾကည့္လိုက္ေတာ့
ေျမးျဖစ္သူနဲ႕ေကာင္ေလးတစ္ေယာက္ ဆိုင္ကယ္အတူစီး
ေန႕သည့္ပုံပင္။
က်န္တဲ့ပုံေတြကိုၾကည့္လိုက္ေတာ့လည္း
ေနရာအေနအထား၊အျပဳအမူေတြသာကြဲသြားတယ္။
ထိုလူသားႏွစ္ေယာက္ကေတာ့ ပါၿမဲသာ။

ဓာတ္ပုံေတြကိုျပန္ခ်ကာ မ်က္ႏွာခ်င္းဆိုင္ကသားျဖစ္သူ
ကိုၾကည့္ၿပီး

“မင္းသားေနာက္ လူလႊတ္ထားတာလား”

“ကြၽန္ေတာ့္သားေနာက္ လူလႊတ္ထားတာဆန္းသလား”

“အို႔…ကိုယ့္ေသြးသားကိုေတာ့ သိေသးသားပဲ”

“ကြၽန္ေတာ့္ကို ခနဲ႕ မေနပါနဲ႕ေတာ့၊
အေဖ့ေျမးကိုသာ အိမ္ျပန္ေခၚဖို႔လုပ္ရမယ္ေလ”

“သူ႕ဖာသာသူေနတာ ေနပါေစေပါ့”

“ဒီအတိုင္းသာလႊတ္ထားရင္ အေဖ့ေျမး
မိန္းမ မရဘဲ ေယာက္်ားရသြားလိမ့္မယ္”

ဦးဇာနည္ကသာ သားျဖစ္သူအတြက္
တရဆပ္ေျပာေနေသာ္ျငား ဦးမင္းေတာ္ဝင္ကေတာ့
ေအးေအးေဆးေဆးသာပင္။
သူ႕အေနနဲ႕ ဒီကိစကိုေထြထူးၿပီးစိုးရိမ္ေနတာလည္းမရွိ။

“ယူပါေစေပါ့၊ခုေခတ္မွာ လိင္တူခ်စ္ႀကိဳက္လက္ထပ္ၾကတာ
ရွားမွမရွားဘဲ၊ငါ့ေျမးက သူနဲ႕သင့္ေတာ္မယ့္သူကို
ေ႐ြးခ်ယ္တာပဲမဟုတ္ဘူးလား”

“ဒါေပမယ့္….”

“မင္းေတာင္ မင္းသေဘာက်တဲ့သူယူထားတာပဲမဟုတ္လား၊
ၿပီးေတာ့ Royalကမင္းထိန္းခ်ဳပ္လို႔ရတဲ့သူမဟုတ္ဘူးဆို
တာ သတိရဦး”

“ဒါေၾကာင့္ အေဖ့ကိုလာတားခိုင္းတာေလ၊
အေဖ့ေျမးက ကြၽန္ေတာ့္ကိုသူ႕အေဖလို႔မွ မသတ္မွတ္တာ”

“ကိုယ္တိုင္ဆန္းစစ္ၾကည့္လိုက္ဦး၊
မင္းက ငါ့ေျမးအေဖလို႔သတ္မွတ္ဖို႔တန္ရဲ႕လားဆိုတာ”

ဦးဇာနည္ေတာ္ဝင္ ဘာမွမေျပာနိုင္ေတာ့ေပ။
မွန္ေသာစကားေတြျဖစ္သည့္အတြက္ သူခြန္းတုံ႕မျပန္နိုင္။
သို႔ေပသိ သူ႕အေနနဲ႕သားျဖစ္သူ
Gayလို႔ပတ္ဝန္းက်င္မွာ အေျပာအဆိုမခံရဖို႔အတြက္ေတာ့
သူႀကံရဦးမွာပင္။

“Royalကိုေတြးပူမေနပါနဲ႕၊
မင္းရဲ႕ခ်စ္လွစြာေသာ ဇနီးကိုသာဂ႐ုစိုက္လိုက္”

“ဒါဆို ကြၽန္ေတာ္သြားၿပီ အေဖ”

ထြက္ခြာသြားေသာသားျဖစ္သူကိုၾကည့္ၿပီး
ဦးမင္းေတာ္ဝင္ ခပ္မဲ့မဲ့ၿပဳံးမိသည္။

အခုခ်ိန္မွသားကိုလာခ်စ္ျပေနတယ္……..

……………………….

“ခါးကို က်စ္က်စ္ဖက္ထားပါလို႔ ခနခနေျပာေနရတာပဲ”

သူ႕စကားအဆုံးအလွေလးက တင္းတင္းၾကပ္ၾကပ္ဖက္လာသည္။
အလွေလးက ေျပာမေကာင္း၊ဆိုမေကာင္းေလးပင္။

“အဲ့ဒါဆို မေျပာနဲ႕ေပါ့”

“ဟာ….ခင္ဗ်ားျပဳတ္က်မွာမို႔ေျပာေနရတာေပါ့”

“ဟြန့္”

အခုဆို ေၾကာင္ေလွာင္အိမ္ေလးလည္းဝယ္ၿပီးၿပီ။
ခါတိုင္းစီးသြားေနက် စက္ဘီးေလးကလည္း
ေခ်ာင္ထိုးခံထားရသည္မွာ အခ်ိန္တစ္ခုစာၾကာေနၿပီပင္။
သူဘယ္သြားသြား လူဆိုးေကာင္ကလိုက္ပို႔ၿမဲ။
အိမ္ငွားေနတဲ့လဝက္အတြင္း လူဆိုးေကာင္
ကားစီးတာတစ္ခါမွမျမင္ဘူး။အၿမဲတမ္းလိုလို
ဆိုင္ကယ္တဝွီးဝွီးနဲ႕ပင္။

“အေတြးမ်ားေနျပန္ၿပီ”

“ခါးကိုက်စ္က်စ္ဖက္ထားရင္ ၿပီးေရာမလား၊
ေနရာတိုင္းလိုက္ေျပာခ်င္ေနေတာ့တာပဲ”

“ခင္ဗ်ားနဲ႕မွပါ”

“ဘာေျပာလိုက္တာလဲ”

ေလတိုးသံေတြေၾကာင့္တိုးတိုးေျပာလိုက္တဲ့လူဆိုးေကာင္စကားကိုေသခ်ာမၾကားလိုက္ရသျဖင့္ ထပ္ေမးလိုက္ေတာ့
ေခါင္းခါျပလာသည္။

စကားေလးတစ္ခြန္းတည္းကိုထပ္ေျပာလိုက္ရ
ဘာျဖစ္သြားမွာက်လိဳ႕…

လူဆိုးေကာင္က ေလႏွေျမာလိုက္တာ…..

……………………

(My Villager အတြက္extraေရးေနလို႔
ဒီဘက္မေရာက္ျဖစ္တာရယ္၊ၾကာသြားရင္ခြင့္လႊတ္😁)

Tags: read novel Royal Husband 16, novel Royal Husband 16, read Royal Husband 16 online, Royal Husband 16 chapter, Royal Husband 16 high quality, Royal Husband 16 light novel, ,

Comment

Leave a Reply

Chapter 17