Royal Husband 18

All chapters are in Royal Husband
A+ A-

“ဘာလာလုပ်တာလဲ”

ရှေ့မှာခြေချိတ်ထိုင်နေတဲ့ထိုက်ကိုသူမေးလိုက်တော့
စားပွဲပေါ်က အလှပန်းအိုးကိုတယုတယထိကိုင်ရင်းပင်
သူ့ကို မျက်လုံးလှန်ကြည့်လာသည်။

“အကြောင်းရှိမှလာရမှာလား”

အခန်းထဲဝင်ပြီး အလှလေးနဲ့ထောင့်မကျိုးကောင်
ဘာလုပ်နေလဲမသိရသောကြောင့် သူ့စိတ်တွေက
ပုံမှန်မဟုတ်ချေ။ဒါကို နန်းထိုက်တော်ဝင်က
ပြောစရာရှိတာမပြောဘဲ ဝေ့လည်ကြောင်ပတ်လုပ်နေသဖြင့်
စိတ်အခြေအနေပိုဆိုးလာသည်။

“အကြောင်းမရှိရင်လည်းပြန်တော့”

“စိတ်ကြီးလိုက်တာ…ကျွတ်..ကျွတ်”

ကျွတ်သပ်ကာပင်ပြောလိုက်တော့ မျက်လုံးစိမ်းကြီးတွေ
နဲ့ကြည့်လာသော Royal။စိတ်မကြည်တဲ့သူကိုဆိုလျှင်
ထိုက်က ပိုစချင်သည်။သူ့နေရာမှာ တစ်ခြားသူသာဆို
Royalအကြည့်ကြောင့် ကြောက်ဒူးတုန်နိုင်ပေမယ့်
သူကဘယ်သူမို့လဲ။နန်းထိုက်တော်ဝင်လေ……

“ဆွဲထုတ်ခံချင်နေတာလား”

“အိုကေ…ငါမစတော့ဘူး၊
အဘိုးကမှာလိုက်တယ်၊တစ်ရက်ရက်တော့
အိမ်ပြန်လာပြီး ထမင်းလက်ဆုံလာစားဦးတဲ့”

“ဒါပဲမလား”

“အင်း၊ဘွားတော်ကတော့ အိမ်မှာမင်းမရှိတော့
ပျော်နေတယ်ထင်ပ”

“ဟက်”

ထိုက်စကားအဆုံးမှာ Royalက
သဘောတကျရယ်လာသည်။ပျော်နေမှာပေါ့…..

“တီးတောင်…တီးတောင်”

ခြံရှေ့ကဘဲလ်သံကြောင့် နှစ်ယောက်သား
တစ်ယောက်နဲ့တစ်ယောက်ကြည့်မိသွားသည်။
ဘဲလ်သံကဆက်တိုက်ထွက်လာတာကြောင့်
မကောင်းတတ်သဖြင့် သူတံခါးသွားဖွင့်ပေးရန်ပြင်တော့
အလှလေးကအခန်းထဲကထွက်လာကာ
တံခါးပြေးဖွင့်ပေးလေသည်။

“ကိုကိုကလဲ တံခါးလာဖွင့်တာအကြာကြီးပဲ၊
ကိုစေရာရောက်နေတာလား”

ခြံပြင်မှာရပ်ထားတဲ့ကားကိုမေးငေါ့ရင်းပြောလိုက်သည်။

“သူမနက်ကတည်းက ရောက်နေတာ”

“ကောင်းတာပေါ့၊ဟိုလူဆိုးနဲ့ဆို စိတ်ချရတာမဟုတ်ဘူး”

ဆိုင်မှာ နွေရတုကိုထိကပါးရိကပါးပြောကတည်းက
လဝန်းသော်တာက တော်ဝင်ယောက်ျားကို
အမြင်မကြည်ပေ။ကိုကိုက သူကလူကောင်းလေးလို့ပြောပေမယ့်
အစ်ကိုဖြစ်သူကို လူဆိုးနဲ့တစ်အိမ်ထဲမှာနေတာ
စိတ်မချဖြစ်ရသည်။

“လက်ထဲကဘာတွေလဲ”

သူမ အိမ်လာတိုင်းဘယ်တော့မဆိုအထုတ်တွေအပြည့်ပါ
လာတတ်သည်။

“အမေလူကြုံပါးလိုက်တာလေ၊
ကိုကို့အတွက် သီးသန့်ထည့်ပေးလိုက်လို့”

“ရပါတယ်ဆိုတာကို”

မောင်နှမနှစ်ယောက်စကားပြောဆိုကာဖြင့်
အိမ်ထဲဝင်လာလိုက်သည်။ဝင်ဝင်ချင်း
ကိုယ်မတည့်သောလူကို မျက်နှာချင်းဆိုင်လိုက်ရသဖြင့်
သော်တာနှာခေါင်းရှုံ့လိုက်မိသည်။
လူဆိုးကလည်း သူမကိုသဘောမကျသည်မှာ
သိသိသာသာပင်။လူဆိုးနဲ့စကားပြောနေတဲ့လူကို
ကြည့်လိုက်တော့ ကျောပေးထားသဖြင့်
မျက်နှာမမြင်ရပေ။ဂုတ်ထောက်ဆံပင်ကိုမှ
တစ်ဝက်ကိုအပေါ်စုစည်းထားသဖြင့်
တစ်ယောက်သောသူကိုပင် အမှတ်ရသွားသည်။

“သော်တာ”

“ကိုစေရာ”

ကိုစေရာက အခန်းတံခါးဖွင့်ကာ
နှုတ်ဆက်လာသဖြင့် သူမလည်းပြုံးပြုံးရွှင်ရွှင်ပင်
နှုတ်ဆက်လိုက်သည်။ကိုကိုကတော့
မီးဖိုခန်းထဲဝင်သွားကာ ပါလာတဲ့အထုတ်တွေကို
သွားထားသည်ထင်။

သူမတို့စကားသံတွေကြောင့် ကျောပေးထားတဲ့လူက
လှည့်ကြည့်လာလေသည်။

“အို့..ရှင်”

“သိနေတာလား”

နွေရတုက အနီးနားလာရပ်ကာမေးတော့
သူမ ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်သည်။
သူမကသာ အံ့သြနေသလောက် ထိုက်ဆိုသော
သူမကျေးဇူးရှင်ကတော့ အပြုံးတစ်ချက်သာပေးလာသည်။

“ထိုင်မှာလား၊မထိုင်ဘူးလား”

မိုးထိုးမတ်တပ်ကြီးတွေရပ်နေတာမမြင်ချင်တော့သဖြင့်
ခပ်ဆောင့်ဆောင့်ပြောလိုက်တော့ အလှလေးက
ဘေးနားကခုံရှည်မှာဝင်ထိုင်လာသည်။
စေရာဆိုတဲ့ကောင်က အလှလေးဘေးသွားထိုင်မလို့လုပ်
နေတာကိုမြင်တော့ Royalမြန်မြန်ဆန်ဆန်ပင်
အလှလေးဘေးနားရွေ့ထိုင်လိုက်သည်။

“ထိုင်ရတာကြာတော့ ဖင်နာနေလို့
နေရာရွေ့တာ”

ကြောင်ကြည့်နေကြတဲ့လူတွေကို ဖြေရှင်းချက်ပေးလိုက်မှ
ထိုက်က တသြော်သြော်လုပ်လာသည်။
တမင်တကာလုပ်တဲ့ကောင်ကို မကျေနပ်သော်လည်း
ရတုရှေ့ပြသနာမဖြစ်ချင်သဖြင့် လွတ်နေတဲ့ခုံမှာ
ထိုင်လိုက်ရသည်။

“ဒါနဲ့ရှင်က ဘယ်လိုလုပ်ပြီးကိုကို့အိမ်ကို”

တိတ်ဆိတ်နေသောအခြေအနေကိုသော်တာက
အမေးဖြင့်ဖြိုခွဲလိုက်သည်။

“ကိုယ့်ညီဆီလာတာလေ”

“ညီ”

“တော်ဝင်ယောက်ျားလေ”

မတည့်တဲ့သူနဲ့ကျေးဇူးရှင်က အမျိုးတွေဆိုတော့
သူမမှာ အင်တင်တင်ပင်ဖြစ်သွားရသည်။

“ဘယ်လိုလုပ်ပြီးသိကြတာလဲ”

“ဒီလိုလေ ကိုကို”

ထိုညက ကူညီခဲ့ဖူးတာကိုပြောလိုက်တော့
ကိုကိုက ထိုက်ကိုကျေးဇူးတင်ကြောင်းပြောလေသည်။

“ဒါနဲ့နာမည်အရင်းက ထိုက်တစ်လုံးထဲလားဟင်”

သူမ မေးသံအဆုံးထိုက်ကတိုးဖွဖွရယ်လာသည်။
သူမတို့စကားဝိုင်းထဲ ကိုစေရာနဲ့လူဆိုးက
ဝင်ပါမလာချေ။

“အာ…နာမည်အရင်းက နန်းထိုက်တော်ဝင်ပါ”

“ရှင်”

“မိန်းကလေးနာမည်ဆန်တယ်နော်”

စိတ်ထဲကတွေးလိုက်ပေမယ့် အပြင်မှာတကယ်ပင်
ပြောမိသွားသည်။

“မိန်းကလေးပဲဟာ”

Royalက ရေတစ်ငုံမော့သောက်ရင်းပင်
အေးအေးလူလူပြောလိုက်သော်လည်း အံ့သြသွားရသူမှာ
နွေရတုနဲ့လဝန်းသော်တာပင်။စေရာမျိုးမြင့်က
သိပြီးသားဖြစ်၍ အံ့သြသွားခြင်းမရှိ။

“အာ…ကိုယ်က tomboyလေ”

“သြော်”

ပါးစပ်ကသာသြော်လုပ်လိုက်ရသော်ငြား…
မိန်းကလေးနဲ့တူတဲ့နေရာဆိုလို့မမြင်၊
ရင်ဘက်ကလဲ အများနဲ့မတူချပ်ရပ်နေသည်။
ကိုယ်ကလည်း ထောင်ထောင်နှင့်မျက်နှာကလည်း
ယောက်ျားဆန်သောကြောင့် သဘောမထားမိတာပင်။

………………………………..

“အစ်ကို့သားကို ဒီတိုင်းပဲလွှတ်ထားတော့မှာလား”

“ငါ့သားက မင်းဘာလာလုပ်နေလို့လဲ”

ကုတင်ပေါ်laptopတစ်လုံးနှင့်အလုပ်ရှုပ်နေသဖြင့်
စကားစလာသောသူကိုလှည့်မကြည့်ဘဲပြန်ဖြေလိုက်သည်။

“အို…အစ်ကိုမသိတာတော့ မဟုတ်ပါဘူးနော်၊
အစ်ကို့သားကောင်လေးတစ်ယောက်နဲ့ခြေရှုပ်နေတာကို”

“အဲ့တော့”

စူးစိုက်ကြည့်လာသောလူကို
သူမ ခပ်မဲ့မဲ့ပြုံးပြလိုက်ကာ

“တော်ကြာ သားယောက်ျားလေးမွေးထားပြီး
ချွေးမ မတော်လိုက်ရဘဲ သမက်ရနေမှာစိုးလို့
မိုးကစေတနာနဲ့ သတိပေးတာပါ”

ကြည့်ရတာ Royalနောက်လူလွှတ်ထားသူမှာ
သူနဲ့အဖေအပြင် မိုးကလျာပါဝင်နေကြောင်းသိရတော့
စိတ်မချဖြစ်သွားသည်မှာ အမှန်ပင်။

“မင်းသတိပေးစရာမလိုတဲ့ကိစ္စပါ”

“အို…အစ်ကိုကလည်း၊မိုးက အစ်ကို့မိန်းမပဲဟာ၊
အစ်ကို့သားကိုလည်း မိုးစိတ်ပူပေးရမှာပေါ့”

“မလိုပါဘူး”

“ဒါဆို အစ်ကိုက အစ်ကို့သားကို
တစ်ခြားလူတွေ အခြောက်ဆိုပြီးလက်ညိုးဝိုင်းထိုးကြမှာကို
ဂုဏ်ယူနေတာလား”

“မင်းပါးစပ်ပိတ်ထားလိုက်”

သားကိုအခြောက်လို့အပြောမခံနိုင်တဲ့လူကိုကြည့်ကာ
သူမ သဘောတကျပြုံးမိသွားသည်။ဒီအခြေအနေကလည်း
သူမလိုချင်တဲ့အခိုက်အတန့်ပင်။

“မိုးက ဒီတိုင်းပဲစကားအဖြစ်ပြောလိုက်တာပါ၊
တစ်ခြားလူတွေကတော့ မိုးလိုမဟုတ်ဘူးနော်၊
ဒါတော့ အစ်ကိုအသိဆုံးဖြစ်မှာပါ”

သူမစကားကြောင့် ဦးဇာနည်တော်ဝင်
တစ်ချက်ငိုင်သွားရသည်။

“မိုးအထင်တော့ ဒီအကြောင်းကို
တစ်ခြားလူတွေမသိခင် ဖြေရှင်းသင့်တယ်ထင်တယ်၊
Royalကို မိန်းမပေးစားတာဖြစ်ဖြစ်ပေါ့”

ဒါသူမ စကားလမ်းခင်းပေးလိုက်ခြင်းပင်။
သေချာပေါက်သူမစကားကိုလက်ခံမှာလည်း
အတပ်သိသည်။

“Royalကို သဘောကျတဲ့သူအများသားပဲဟာ၊
မိုးတူမလေးနဲ့ဆိုရင်လည်း လိုက်ဖက်သားပဲ”

သူမစကားအဆုံး ဦးဇာနည်တော်ဝင်က
သူမကိုလှည့်ကြည့်လာကာ ခေါင်းတဆတ်နှင့်ပင်။
သူသဘောပေါက်သွားပြီ…။
မိုးကလျာက သူ့သားနဲ့သူမ တူမကို
ချိတ်ဆက်ချင်နေတာပဲ….။

“မယ်က အရည်အချင်းရှိတဲ့မိန်းကလေးတစ်ယောက်ပါ၊
ပြီးတော့ အစ်ကိုတို့ရဲ့မျိုးဆက်ကိုလည်းမွေးပေးနိုင်
တယ်လေ၊မိုးပြောတာ မဟုတ်ဘူးလား”

“ငါ့သားအတွက် ငါကိုယ်တိုင်ရွေးချယ်မှာမို့
မင်းဝင်မပါနဲ့”

“အော..ဟုတ်ပါပြီ”

သူမအကွက်ထဲရောက်လာပြီဖြစ်သော
ကုတင်ပေါ်ကလူကိုကြည့်ကာ သဘောတကျခေါင်းယမ်းမိသည်။

လှည့်စားရလွယ်လိုက်တာ……..။

………………………………….

(Commentsလိုချင်တယ်၊
Feedback လိုချင်တယ်၊
ရဖူးတယ်ရှိအောင် reviewလည်းလိုချင်တယ်၊
စကားမစပ် ဘဲလည်းလိုချင်တယ်😁)
Zawgyi

“ဘာလာလုပ္တာလဲ”

ေရွ႕မွာေျခခ်ိတ္ထိုင္ေနတဲ့ထိုက္ကိုသူေမးလိုက္ေတာ့
စားပြဲေပၚက အလွပန္းအိုးကိုတယုတယထိကိုင္ရင္းပင္
သူ႕ကို မ်က္လုံးလွန္ၾကည့္လိုက္သည္။

“အေၾကာင္းရွိမွလာရမွာလား”

အခန္းထဲဝင္ၿပီး အလွေလးနဲ႕ေထာင့္မက်ိဳးေကာင္
ဘာလုပ္ေနလဲမသိရေသာေၾကာင့္ သူ႕စိတ္ေတြက
ပုံမွန္မဟုတ္ေခ်။ဒါကို နန္းထိုက္ေတာ္ဝင္က
ေျပာစရာရွိတာမေျပာဘဲ ေဝ့လည္ေၾကာင္ပတ္လုပ္ေနသျဖင့္
စိတ္အေျခအေနပိုဆိုးလာသည္။

“အေၾကာင္းမရွိရင္လည္းျပန္ေတာ့”

“စိတ္ႀကီးလိုက္တာ…ကြၽတ္..ကြၽတ္”

ကြၽတ္သပ္ကာပင္ေျပာလိုက္ေတာ့ မ်က္လုံးစိမ္းႀကီးေတြ
နဲ႕ၾကည့္လာေသာ Royal။စိတ္မၾကည္တဲ့သူကိုဆိုလွ်င္
ထိုက္က ပိုစခ်င္သည္။သူ႕ေနရာမွာ တစ္ျခားသူသာဆို
Royalအၾကည့္ေၾကာင့္ ေၾကာက္ဒူးတုန္နိုင္ေပမယ့္
သူကဘယ္သူမို႔လဲ။နန္းထိုက္ေတာ္ဝင္ေလ……

“ဆြဲထုတ္ခံခ်င္ေနတာလား”

“အိုေက…ငါမစေတာ့ဘူး၊
အဘိုးကမွာလိုက္တယ္၊တစ္ရက္ရက္ေတာ့
အိမ္ျပန္လာၿပီး ထမင္းလာစားဦးတဲ့”

“ဒါပဲမလား”

“အင္း၊ဘြားေတာ္ကေတာ့ အိမ္မွာမင္းမရွိေတာ့
ေပ်ာ္ေနတယ္ထင္ပ”

“ဟက္”

ထိုက္စကားအဆုံးမွာ Royalက
သေဘာတက်ရယ္လာသည္။ေပ်ာ္ေနမွာေပါ့…..

“တီးေတာင္…တီးေတာင္”

ၿခံေရွ႕ကဘဲလ္သံေၾကာင့္ ႏွစ္ေယာက္သား
တစ္ေယာက္နဲ႕တစ္ေယာက္ၾကည့္မိသြားသည္။
ဘဲလ္သံကဆက္တိုက္ထြက္လာတာေၾကာင့္
မေကာင္းတတ္သျဖင့္ သူတံခါးသြားဖြင့္ေပးရန္ျပင္ေတာ့
အလွေလးကအခန္းထဲကထြက္လာကာ
တံခါးေျပးဖြင့္ေပးေလသည္။

“ကိုကိုကလဲ တံခါးလာဖြင့္တာအၾကာႀကီးပဲ၊
ကိုေစရာေရာက္ေနတာလား”

ၿခံျပင္မွာရပ္ထားတဲ့ကားကိုေမးေငါ့ရင္းေျပာလိုက္သည္။

“သူမနက္ကတည္းက ေရာက္ေနတာ”

“ေကာင္းတာေပါ့၊ဟိုလူဆိုးနဲ႕ဆို စိတ္ခ်ရတာမဟုတ္ဘူး”

ဆိုင္မွာ ႏြေရတုကိုထိကပါးရိကပါးေျပာကတည္းက
လဝန္းေသာ္တာက ေတာ္ဝင္ေယာက္်ားကို
အျမင္မၾကည္ေပ။ကိုကိုက သူကလူေကာင္းေလးလို႔ေျပာေပမယ့္
အစ္ကိုျဖစ္သူကို လူဆိုးနဲ႕တစ္အိမ္ထဲမွာေနတာ
စိတ္မခ်ျဖစ္ရသည္။

“လက္ထဲကဘာေတြလဲ”

သူမ အိမ္လာတိုင္းဘယ္ေတာ့မဆိုအထုတ္ေတြအျပည့္ပါ
လာတတ္သည္။

“အေမလူႀကဳံပါးလိုက္တာေလ၊
ကိုကို႔အတြက္ သီးသန့္ထည့္ေပးလိုက္လို႔”

“ရပါတယ္ဆိုတာကို”

ေမာင္ႏွမႏွစ္ေယာက္စကားေျပာဆိုကာျဖင့္
အိမ္ထဲဝင္လာလိုက္သည္။ဝင္ဝင္ခ်င္း
ကိုယ္မတည့္ေသာလူကို မ်က္ႏွာခ်င္းဆိုင္လိုက္ရသျဖင့္
ေသာ္တာႏွာေခါင္းရႈံ႕လိုက္မိသည္။
လူဆိုးကလည္း သူမကိုသေဘာမက်သည္မွာ
သိသိသာသာပင္။လူဆိုးနဲ႕စကားေျပာေနတဲ့လူကို
ၾကည့္လိုက္ေတာ့ ေက်ာေပးထားသျဖင့္
မ်က္ႏွာမျမင္ရေပ။ဂုတ္ေထာက္ဆံပင္ကိုမွ
တစ္ဝက္ကိုအေပၚစုစည္းထားသျဖင့္
တစ္ေယာက္ေသာသူကိုပင္ အမွတ္ရသြားသည္။

“ေသာ္တာ”

“ကိုေစရာ”

ကိုေစရာက အခန္းတံခါးဖြင့္ကာ
ႏႈတ္ဆက္လာသျဖင့္ သူမလည္းၿပဳံးၿပဳံး႐ႊင္႐ႊင္ပင္
ႏႈတ္ဆက္လိုက္သည္။ကိုကိုကေတာ့
မီးဖိုခန္းထဲဝင္သြားကာ ပါလာတဲ့အထုတ္ေတြကို
သြားထားသည္ထင္။

သူမတို႔စကားသံေတြေၾကာင့္ ေက်ာေပးထားတဲ့လူက
လွည့္ၾကည့္လာေလသည္။

“အို႔..ရွင္”

“သိေနတာလား”

ႏြေရတုက အနီးနားလာရပ္ကာေမးေတာ့
သူမ ေခါင္းတဆတ္ဆတ္ညိတ္ျပလိုက္သည္။
သူမကသာ အံ့ၾသေနသေလာက္ ထိုက္ဆိုေသာ
သူမေက်းဇူးရွင္ကေတာ့ အၿပဳံးတစ္ခ်က္သာေပးလာသည္။

“ထိုင္မွာလား၊မထိုင္ဘူးလား”

မိုးထိုးမတ္တပ္ႀကီးေတြရပ္ေနတာမျမင္ခ်င္ေတာ့သျဖင့္
ခပ္ေဆာင့္ေဆာင့္ေျပာလိုက္ေတာ့ အလွေလးက
ေဘးနားကခုံရွည္မွာဝင္ထိုင္လာသည္။
ေစရာဆိုတဲ့ေကာင္က အလွေလးေဘးသြားထိုင္မလို႔လုပ္
ေနတာကိုျမင္ေတာ့ Royalျမန္ျမန္ဆန္ဆန္ပင္
အလွေလးေဘးနားေ႐ြ႕ထိုင္လိုက္သည္။

“ထိုင္ရတာၾကာေတာ့ ဖင္နာေနလို႔
ေနရာေ႐ြ႕တာ”

ေၾကာင္ၾကည့္ေနၾကတဲ့လူေတြကို ေျဖရွင္းခ်က္ေပးလိုက္မွ
ထိုက္က တေၾသာ္ေၾသာ္လုပ္လာသည္။
တမင္တကာလုပ္တဲ့ေကာင္ကို မေက်နပ္ေသာ္လည္း
ရတုေရွ႕ျပသနာမျဖစ္ခ်င္သျဖင့္ လြတ္ေနတဲ့ခုံမွာ
ထိုင္လိုက္ရသည္။

“ဒါနဲ႕ရွင္က ဘယ္လိုလုပ္ၿပီးကိုကို႔အိမ္ကို”

တိတ္ဆိတ္ေနေသာအေျခအေနကိုေသာ္တာက
အေမးျဖင့္ၿဖိဳခြဲလိုက္သည္။

“ကိုယ့္ညီဆီလာတာေလ”

“ညီ”

“ေတာ္ဝင္ေယာက္်ားေလ”

မတည့္တဲ့သူနဲ႕ေက်းဇူးရွင္က အမ်ိဳးေတြဆိုေတာ့
သူမမွာ အင္တင္တင္ပင္ျဖစ္သြားရသည္။

“ဘယ္လိုလုပ္ၿပီးသိၾကတာလဲ”

“ဒီလိုေလ ကိုကို”

ထိုညက ကူညီခဲ့ဖူးတာကိုေျပာလိုက္ေတာ့
ကိုကိုက ထိုက္ကိုေက်းဇူးတင္ေၾကာင္းေျပာေလသည္။

“ဒါနဲ႕နာမည္အရင္းက ထိုက္တစ္လုံးထဲလားဟင္”

သူမ ေမးသံအဆုံးထိုက္ကတိုးဖြဖြရယ္လာသည္။
သူမတို႔စကားဝိုင္းထဲ ကိုေစရာနဲ႕လူဆိုးက
ဝင္ပါမလာေခ်။

“အာ…နာမည္အရင္းက နန္းထိုက္ေတာ္ဝင္ပါ”

“ရွင္”

“မိန္းကေလးနာမည္ဆန္တယ္ေနာ္”

စိတ္ထဲကေတြးလိုက္ေပမယ့္ အျပင္မွာတကယ္ပင္
ေျပာမိသြားသည္။

“မိန္းကေလးပဲဟာ”

Royalက ေရတစ္ငုံေမာ့ေသာက္ရင္းပင္
ေအးေအးလူလူေျပာလိုက္ေသာ္လည္း အံ့ၾသသြားရသူမွာ
ႏြေရတုနဲ႕လဝန္းေသာ္တာပင္။ေစရာမ်ိဳးျမင့္က
သိၿပီးသားျဖစ္၍ အံ့ၾသသြားျခင္းမရွိ။

“အာ…ကိုယ္က tomboyေလ”

“ေၾသာ္”

ပါးစပ္ကသာေၾသာ္လုပ္လိုက္ရေသာ္ျငား…
မိန္းကေလးနဲ႕တူတဲ့ေနရာဆိုလို႔မျမင္၊
ရင္ဘက္ကလဲ အမ်ားနဲ႕မတူခ်ပ္ရပ္ေနသည္။
ကိုယ္ကလည္း ေထာင္ေထာင္ႏွင့္မ်က္ႏွာကလည္း
ေယာက္်ားဆန္ေသာေၾကာင့္ သေဘာမထားမိတာပင္။

………………………………..

“အစ္ကို႔သားကို ဒီတိုင္းပဲလႊတ္ထားေတာ့မွာလား”

“ငါ့သားက မင္းဘာလာလုပ္ေနလို႔လဲ”

ကုတင္ေပၚlaptopတစ္လုံးႏွင့္အလုပ္ရႈပ္ေနသျဖင့္
စကားစလာေသာသူကိုလွည့္မၾကည့္ဘဲျပန္ေျဖလိုက္သည္။

“အို…အစ္ကိုမသိတာေတာ့ မဟုတ္ပါဘူးေနာ္၊
အစ္ကို႔သားေကာင္ေလးတစ္ေယာက္နဲ႕ေျခရႈပ္ေနတာကို”

“အဲ့ေတာ့”

စူးစိုက္ၾကည့္လာေသာလူကို
သူမ ခပ္မဲ့မဲ့ၿပဳံးျပလိုက္ကာ

“ေတာ္ၾကာ သားေယာက္်ားေလးေမြးထားၿပီး
ေခြၽးမ မေတာ္လိုက္ရဘဲ သမက္ရေနမွာစိုးလို႔
မိုးကေစတနာနဲ႕ သတိေပးတာပါ”

ၾကည့္ရတာ Royalေနာက္လူလႊတ္ထားသူမွာ
သူနဲ႕အေဖအျပင္ မိုးကလ်ာပါဝင္ေနေၾကာင္းသိရေတာ့
စိတ္မခ်ျဖစ္သြားသည္မွာ အမွန္ပင္။

“မင္းသတိေပးစရာမလိုတဲ့ကိစပါ”

“အို…အစ္ကိုကလည္း၊မိုးက အစ္ကို႔မိန္းမပဲဟာ၊
အစ္ကို႔သားကိုလည္း မိုးစိတ္ပူေပးရမွာေပါ့”

“မလိုပါဘူး”

“ဒါဆို အစ္ကိုက အစ္ကို႔သားကို
တစ္ျခားလူေတြ အေျခာက္ဆိုၿပီးလက္ညိုးဝိုင္းထိုးၾကမွာကို
ဂုဏ္ယူေနတာလား”

“မင္းပါးစပ္ပိတ္ထားလိုက္”

သားကိုအေျခာက္လို႔အေျပာမခံနိုင္တဲ့လူကိုၾကည့္ကာ
သူမ သေဘာတက်ၿပဳံးမိသြားသည္။ဒီအေျခအေနကလည္း
သူမလိုခ်င္တဲ့အခိုက္အတန့္ပင္။

“မိုးက ဒီတိုင္းပဲစကားအျဖစ္ေျပာလိုက္တာပါ၊
တစ္ျခားလူေတြကေတာ့ မိုးလိုမဟုတ္ဘူးေနာ္၊
ဒါေတာ့ အစ္ကိုအသိဆုံးျဖစ္မွာပါ”

သူမစကားေၾကာင့္ ဦးဇာနည္ေတာ္ဝင္
တစ္ခ်က္ငိုင္သြားရသည္။

“မိုးအထင္ေတာ့ ဒီအေၾကာင္းကို
တစ္ျခားလူေတြမသိခင္ ေျဖရွင္းသင့္တယ္ထင္တယ္၊
Royalကို မိန္းမေပးစားတာျဖစ္ျဖစ္ေပါ့”

ဒါသူမ စကားလမ္းခင္းေပးလိုက္ျခင္းပင္။
ေသခ်ာေပါက္သူမစကားကိုလက္ခံမွာလည္း
အတပ္သိသည္။

“Royalကို သေဘာက်တဲ့သူအမ်ားသားပဲဟာ၊
မိုးတူမေလးနဲ႕ဆိုရင္လည္း လိုက္ဖက္သားပဲ”

သူမစကားအဆုံး ဦးဇာနည္ေတာ္ဝင္က
သူမကိုလွည့္ၾကည့္လာကာ ေခါင္းတဆတ္ႏွင့္ပင္။
သူသေဘာေပါက္သြားၿပီ…။
မိုးကလ်ာက သူ႕သားနဲ႕သူမ တူမကို
ခ်ိတ္ဆက္ခ်င္ေနတာပဲ….။

“မယ္က အရည္အခ်င္းရွိတဲ့မိန္းကေလးတစ္ေယာက္ပါ၊
ၿပီးေတာ့ အစ္ကိုတို႔ရဲ႕မ်ိဳးဆက္ကိုလည္းေမြးေပးနိုင္
တယ္ေလ၊မိုးေျပာတာ မဟုတ္ဘူးလား”

“ငါ့သားအတြက္ ငါကိုယ္တိုင္ေ႐ြးခ်ယ္မွာမို႔
မင္းဝင္မပါနဲ႕”

“ေအာ..ဟုတ္ပါၿပီ”

သူမအကြက္ထဲေရာက္လာၿပီျဖစ္ေသာ
ကုတင္ေပၚကလူကိုၾကည့္ကာ သေဘာတက်ေခါင္းယမ္းမိသည္။

လွည့္စားရလြယ္လိုက္တာ……..။

………………………………….

(Commentsလိုခ်င္တယ္၊
Feedback လိုခ်င္တယ္၊
ရဖူးတယ္ရွိေအာင္ reviewလည္းလိုခ်င္တယ္၊
စကားမစပ္ ဘဲလည္းလိုခ်င္တယ္😁)

Tags: read novel Royal Husband 18, novel Royal Husband 18, read Royal Husband 18 online, Royal Husband 18 chapter, Royal Husband 18 high quality, Royal Husband 18 light novel, ,

Comment

Leave a Reply

Chapter 19