Royal Husband 21

All chapters are in Royal Husband
A+ A-

ထူထဲလှသည့်မျက်ခုံး….
တိကျပြတ်သားသည့်နှုတ်ခမ်းတစ်စုံ….
စူးရဲလှသည့် အကြည့်တွေ….

မျက်လုံးထဲပုံဖော်ကြည့်ရင်း နွေရတုနှုတ်ခမ်းပါးလေးတွေ
ကော့တက်နေသည်မှာ ပိုင်ရှင်ကိုယ်တိုင်ပင်သတိမထားမိပေ။
ဆိုင်လူရှင်းချိန် ဆွဲစရာပုံလည်းမရှိသဖြင့်
ခဲတံချွန်လေးကောက်ကိုင်မိရာမှ
မျက်လုံးထဲလူဆိုးကောင်မျက်နှာကို မြင်ယောင်မိခြင်း။

မကြိုက်ပါဘူး~~
လူဆိုးကောင်က သူ့အတွေးထဲရောက်လာတတ်တာကို…

တကယ်တမ်းပြောရရင် လူဆိုးကောင်အရက်မူးတဲ့ည
နောက်ပိုင်း သူတို့စကားသေချာမပြောဖြစ်ပေ။
မေးထူးခေါ်ပြောလောက်သာ ပြောဖြစ်သည်။
တော်ဝင်ယောက်ျားက သူ့ကိုစကားမရှိစကားရှာပြီး
လာလာပြောတတ်ပေမယ့် သူကတော့
လူဆိုးကောင်ကို စိတ်ဆိုးနေသဖြင့်သေချာမပြော။
ဘာကိုစိတ်ဆိုးနေသလဲမေးရင် မူးတဲ့ညက
“အလှလေးကိုချစ်တယ်”ဆိုတဲ့စကားကြောင့်လို့
ပြောရမည်။

သူက ဆယ်ကျော်သက်အရွယ်မဟုတ်တော့ပေ။
မကြာခင်အချိန်အတွင်း သုံးထိပ်စီးပြောင်းတော့မည့်
သက်လတ်ပိုင်းလူတစ်ယောက်။သူသိသည်~~~
လူဆိုးကောင်အပေါ် သူ့ခံစားချက်တွေမူမမှန်တော့ဘူးဆိုတာကို….

ကိုယ်စိတ်ဝင်စားနေတဲ့သူက တစ်ခြားတစ်ယောက်ကို
ချစ်နေတယ်ဆိုတဲ့အသိက ခံရခက်လှပါသည်။
လူဆိုးကောင်ပြောတဲ့အလှလေးဆိုတဲ့သူကို
မြင်ချင်စမ်းလှ၏။လူဆိုးကောင်အတွက်သင့်တော်တဲ့
သူတစ်ယောက်ဖြစ်နေရင် သူကိုယ်တိုင်ပင်
လက်ခုပ်လက်ဝါးတီးကာ ဂုဏ်ပြုလိုက်ချင်ပါသည်။
သူ့ခံစားချက်တွေကို လျစ်လျူရှုပြီးပေါ့….

“ဟေးးးးကိုကို”

အတွေးလွန်နေရင်း သူ့ကိုယ်ကိုလာထိသူကြောင့်
ဆတ်ခနဲပင်ဖြစ်သွားရသည်။

“လန့်သွားတာလား ဆောရီး…ဆောရီး”

အသံကြားယုံနဲ့တင်ဘယ်သူမှန်းသိလိုက်ပါပြီ။
သူ့ကိုလန့်အောင်လုပ်တဲ့ညီမဖြစ်သူကို
လှည့်ကြည့်လိုက်တော့ သော်တာကစပ်ဖြဲဖြဲ
ကြည့်နေရာကနေ စိုးရိမ်တဲ့မျက်နှာပြောင်းသွားကာ

“အယ်…ကိုကိုငိုနေတာလား၊ဘာဖြစ်လို့လဲ”

သော်တာ့စကားကြောင့် သူ့မျက်နှာသူစမ်းကြည့်လိုက်တော့
ပါးပေါ်စီးကျနေတဲ့မျက်ရည်တစ်စက်ကို စမ်းမိလိုက်သည်။
သြော်…ပါးစပ်ကသာ အဆင်ပြေတယ်ပြောနေတာ။
လူဆိုးကောင်မှာချစ်သူရှိတယ်ဆိုတဲ့ အတွေးနဲ့တင်
နှလုံးသားကနာကျင်ပြီး မျက်ရည်သူ့အလိုလို
ကျလာပါလား…ဟူးးးးး

“ဘာမှမဖြစ်ပါဘူး၊မနေ့ကဖတ်တဲ့ဝတ္ထုအကြောင်း
တွေးရင်း ဝမ်းနည်းလာလို့”

“ကိုကိုကတော့ ဖြစ်ရလေ”

သော်တာက ဘေးနားကခုံမှာဝင်ထိုင်ကာ
ဟန်ဆောင်တာပီပြင်လွန်းသူကြီး နွေရတုကို
မှေးထောက်ကြည့်နေလေသည်။

“အတန်းလစ်လာတာလား ကောင်မလေး”

“ဟောတော်…ဒီနေ့ကကျောင်းပိတ်ရက်လေကိုကိုကလည်း”

ထိုအခါကျမှ နွေရတုကသူ့ခေါင်းသူအသာပုတ်ကာ
‘ဟုတ်သားပဲ’ဟုဆိုလာလေသည်။

“ခါတိုင်းက ကျောင်းပိတ်ရက်ဆို မနက်ကတည်းက
လာတာမဟုတ်လား၊ခုကနေ့လည်လောက်မီလာလို့
ရောသွားတာ”

“အာ..အဲ့ဒါကမနက်က အသိတစ်ယောက်နဲ့တွေ့နေလို့ရယ်”

သော်တာ့ကိုကြည့်နေတဲ့နွေရတုအနေနဲ့ကတော့
ထိုစကားအဆုံး သော်တာနှစ်လိုဖွယ်ပြုံးလိုက်တာကို
မြင်လိုက်ရသည်။သူ့စိတ်ထဲ သော်တာရည်းစားရနေ
ပြီလားဆိုတဲ့အတွေးဝင်လာသည်။နယ်ကကျောင်း
လာတက်တဲ့ညီမလေးမို့ ကလေကချေတေလေဂျပိုးနဲ့
မကြိုက်စေချင်တာတော့ သူ့စိတ်ရင်းအမှန်ပင်။

“ဒီကောင်မလေး ရည်းစားရနေတော့တာလား၊
ကိုကိုကြိုပြောထားမယ်နော်..စာရိတ္တမကောင်းတဲ့သူ
နဲ့ဆိုရင် သဘောမတူဘူးဗျ”

“ရည်းစားမဟုတ်ပါဘူးကိုကိုရယ်၊ထိုက်နဲ့တွေ့ခဲ့တာပါ”

“ထိုက်!”

“ကိုကို့လူဆိုးကောင်ရဲ့အစ်မလေ၊
ဒီတိုင်း မမထိုက်လို့လည်းခေါ်လို့မဖြစ်၊
ကိုထိုက်လို့ခေါ်ရအောင်ကလည်း တစ်မျိုးကြီးမို့၊
ထိုက်ကလည်း ထိုက်လို့ခေါ်ပါဆိုတာနဲ့”

“တော်ဝင်ယောက်ျားက ကိုကို့လူဆိုးကောင်မဟုတ်ပါဘူးနော်”

ပါးစပ်ကသာ ငြင်းလိုက်ရတာ…
တကယ်တမ်းသူ့စိတ်ထဲ ထိုနာမ်စားကို
သဘောကျနေမိတာတော့ သူတစ်ယောက်တည်းသိလျှင်
လုံလောက်ပြီ။ငါ့ရဲ့လူဆိုးကောင်…ငါ့ရဲ့လူဆိုးကောင်
ဟီးးးးဟီးးး

“သော်တာလည်း ကြိုပြောထားမယ်နော်၊
ကိုကို့ကို တော်ဝင်ယောက်ျားနဲ့သဘောမတူးဘူး၊
တူမယ့်တူတော့ ကိုစေရာနဲ့ပဲသဘောတူမှာ”

“တော်ဝင်ယောက်ျားနဲ့ကဘာလို့လဲ၊
နည်းနည်းလေးဆိုးတာကလွဲရင် ကောင်းတဲ့ဟာကို”

နည်းနည်းလေးဆိုတဲ့နေရာကို နွေရတုက
လက်သန်းလေးပါထောင်ပြလာလေသည်။
သူ့လူကိုအထိမခံတဲ့ကိုကို့ကိုကြည့်ပြီး သော်တာ
နှာခေါင်းရှုံ့မိသည်။ခုနကတော့…
ကိုကို့လူဆိုးကောင်မဟုတ်ပါဘူးဆိုပြီးငြင်းနေပြီးတော့..

“ပြီးတော့ ဘာလို့ငါ့ကိုစေရာနဲ့သဘောတူရတာလဲ၊
ငါတို့က သူငယ်ချင်းတွေပါဆို”

“ကိုကိုမသိဘူးပေါ့လေ”

“ဘာကိုသိရမှာလဲ”

“ဘာမှမဟုတ်တော့ပါဘူး”

တုံးတာလား၊အတာလားမသိတဲ့အစ်ကိုဖြစ်သူကို
ကိုယ့်ထက်အငယ်သာဆိုရင် ခေါင်းခေါက်ပြီးသာ

‘အချိန်တိုင်းချစ်မျက်ဝန်းတွေနဲ့ကြည့်နေတတ်တာကို
မသိရကောင်းလား’ဆိုပြီးနာနာလေးသာ
ခေါက်လိုက်ချင်ပါတယ်။

…………………………..

စာဖတ်ခန်းထဲထောင်ထားတဲ့မိသားစုဓာတ်ပုံကို
ခပ်ဖွဖွထိတွေ့ကြည့်နေသောမြေးဖြစ်သူကို
ဦးမင်းတော်ဝင် ခပ်ပြုံးပြုံးသာကြည့်နေလိုက်သည်။
လှမ်းမကြည့်လည်း ဓာတ်ပုံထဲကသူ့မိခင်ပုံကို
ကြည့်နေမည်ကို သူတပ်အပ်သိနေသည်။

“အဘိုးက ကျွန်တော့်မွေးနေ့ကိုပဲ မှတ်မိတာလား”

“ငါ့မြေးမွေးနေ့ရဲ့နောက်နေ့က မင်းအမေနှစ်ပတ်လည်ဆိုတာ
မေ့စရာလား”

“တစ်ယောက်သောသူကတော့ သိမယ်မထက်ပါဘူး”

နာမည်မပါသော်ငြား ဘယ်သူ့ကိုရည်ရွယ်ပြီးပြောသလဲ
ဆိုတာ သူအသိပင်။မြေးပြောသလို တကယ်လည်း
မှတ်မိမယ်မထင်ပါဘူး……။

“ကဲပါ…မွေးနေ့လက်ဆောင်ဘာလိုချင်လဲ
အဘိုးကိုပြော”

“မွေးနေ့လက်ဆောင်လား.. မယူတော့ဘူး”

“ဘာလို့လဲ”

“အဘိုးနှစ်ခါကုန်ဖြစ်နေမှာစိုးလို့”

“ဟမ်”

မြေးဖြစ်သူစကားကို သူဒီတစ်ခါနားမလည်တော့ပေ။

“နောက်တိုင်ကျ အဘိုးနားလည်လာပါလိမ့်မယ်”

ပြောဆိုပြီး Royalကသူ့အတွေးသူသဘောကျကာ
ပြုံးလာလေသည်။ခါတိုင်းလိုမဲ့ပြုံးမဟုတ်တဲ့နှစ်လိုဖွယ်
အပြုံးကို ဦးမင်းတော်ဝင်ကတော့
ငေးကြောင်ကြည့်လျှက်သာ….။

………………………….

Zawgyi

ထူထဲလွသည့္မ်က္ခုံး….
တိက်ျပတ္သားသည့္ႏႈတ္ခမ္းတစ္စုံ….
စူးရဲလွသည့္ အၾကည့္ေတြ….

မ်က္လုံးထဲပုံေဖာ္ၾကည့္ရင္း ႏြေရတုႏႈတ္ခမ္းပါးေလးေတြ
ေကာ့တက္ေနသည္မွာ ပိုင္ရွင္ကိုယ္တိုင္ပင္သတိမထားမိေပ။
ဆိုင္လူရွင္းခ်ိန္ ဆြဲစရာပုံလည္းမရွိသျဖင့္
ခဲတံခြၽန္ေလးေကာက္ကိုင္မိရာမွ
မ်က္လုံးထဲလူဆိုးေကာင္မ်က္ႏွာကို ျမင္ေယာင္မိျခင္း။

မႀကိဳက္ပါဘူး~~
လူဆိုးေကာင္က သူ႕အေတြးထဲေရာက္လာတတ္တာကို…

တကယ္တမ္းေျပာရရင္ လူဆိုးေကာင္အရက္မူးတဲ့ည
ေနာက္ပိုင္း သူတို႔စကားေသခ်ာမေျပာျဖစ္ေပ။
ေမးထူးေခၚေျပာေလာက္သာ ေျပာျဖစ္သည္။
ေတာ္ဝင္ေယာက္်ားက သူ႕ကိုစကားမရွိစကားရွာၿပီး
လာလာေျပာတတ္ေပမယ့္ သူကေတာ့
လူဆိုးေကာင္ကို စိတ္ဆိုးေနသျဖင့္ေသခ်ာမေျပာ။
ဘာကိုစိတ္ဆိုးေနသလဲေမးရင္ မူးတဲ့ညက
“အလွေလးကိုခ်စ္တယ္”ဆိုတဲ့စကားေၾကာင့္လို႔
ေျပာရမည္။

သူက ဆယ္ေက်ာ္သက္အ႐ြယ္မဟုတ္ေတာ့ေပ။
မၾကာခင္အခ်ိန္အတြင္း သုံးထိပ္စီးေျပာင္းေတာ့မည့္
သက္လတ္ပိုင္းလူတစ္ေယာက္။သူသိသည္~~~
လူဆိုးေကာင္အေပၚ သူ႕ခံစားခ်က္ေတြမူမမွန္ေတာ့ဘူးဆိုတာကို….

ကိုယ္စိတ္ဝင္စားေနတဲ့သူက တစ္ျခားတစ္ေယာက္ကို
ခ်စ္ေနတယ္ဆိုတဲ့အသိက ခံရခက္လွပါသည္။
လူဆိုးေကာင္ေျပာတဲ့အလွေလးဆိုတဲ့သူကို
ျမင္ခ်င္စမ္းလွ၏။လူဆိုးေကာင္အတြက္သင့္ေတာ္တဲ့
သူတစ္ေယာက္ျဖစ္ေနရင္ သူကိုယ္တိုင္ပင္
လက္ခုပ္လက္ဝါးတီးကာ ဂုဏ္ျပဳလိုက္ခ်င္ပါသည္။
သူ႕ခံစားခ်က္ေတြကို လ်စ္လ်ဴရႈၿပီးေပါ့….

“ေဟးးးးကိုကို”

အေတြးလြန္ေနရင္း သူ႕ကိုယ္ကိုလာထိသူေၾကာင့္
ဆတ္ခနဲပင္ျဖစ္သြားရသည္။

“လန့္သြားတာလား ေဆာရီး…ေဆာရီး”

အသံၾကားယုံနဲ႕တင္ဘယ္သူမွန္းသိလိုက္ပါၿပီ။
သူ႕ကိုလန့္ေအာင္လုပ္တဲ့ညီမျဖစ္သူကို
လွည့္ၾကည့္လိုက္ေတာ့ ေသာ္တာကစပ္ၿဖဲၿဖဲ
ၾကည့္ေနရာကေန စိုးရိမ္တဲ့မ်က္ႏွာေျပာင္းသြားကာ

“အယ္…ကိုကိုငိုေနတာလား၊ဘာျဖစ္လို႔လဲ”

ေသာ္တာ့စကားေၾကာင့္ သူ႕မ်က္ႏွာသူစမ္းၾကည့္လိုက္ေတာ့
ပါးေပၚစီးက်ေနတဲ့မ်က္ရည္တစ္စက္ကို စမ္းမိလိုက္သည္။
ေၾသာ္…ပါးစပ္ကသာ အဆင္ေျပတယ္ေျပာေနတာ။
လူဆိုးေကာင္မွာခ်စ္သူရွိတယ္ဆိုတဲ့ အေတြးနဲ႕တင္
ႏွလုံးသားကနာက်င္ၿပီး မ်က္ရည္သူ႕အလိုလို
က်လာပါလား…ဟူးးးးး

“ဘာမွမျဖစ္ပါဘူး၊မေန႕ကဖတ္တဲ့ဝတ္ထုအေၾကာင္း
ေတြးရင္း ဝမ္းနည္းလာလို႔”

“ကိုကိုကေတာ့ ျဖစ္ရေလ”

ေသာ္တာက ေဘးနားကခုံမွာဝင္ထိုင္ကာ
ဟန္ေဆာင္တာပီျပင္လြန္းသူႀကီး ႏြေရတုကို
ေမွးေထာက္ၾကည့္ေနေလသည္။

“အတန္းလစ္လာတာလား ေကာင္မေလး”

“ေဟာေတာ္…ဒီေန႕ကေက်ာင္းပိတ္ရက္ေလကိုကိုကလည္း”

ထိုအခါက်မွ ႏြေရတုကသူ႕ေခါင္းသူအသာပုတ္ကာ
‘ဟုတ္သားပဲ’ဟုဆိုလာေလသည္။

“ခါတိုင္းက ေက်ာင္းပိတ္ရက္ဆို မနက္ကတည္းက
လာတာမဟုတ္လား၊ခုကေန႕လည္ေလာက္မီလာလို႔
ေရာသြားတာ”

“အာ..အဲ့ဒါကမနက္က အသိတစ္ေယာက္နဲ႕ေတြ႕ေနလို႔ရယ္”

ေသာ္တာ့ကိုၾကည့္ေနတဲ့ႏြေရတုအေနနဲ႕ကေတာ့
ထိုစကားအဆုံး ေသာ္တာႏွစ္လိုဖြယ္ၿပဳံးလိုက္တာကို
ျမင္လိုက္ရသည္။သူ႕စိတ္ထဲ ေသာ္တာရည္းစားရေန
ၿပီလားဆိုတဲ့အေတြးဝင္လာသည္။နယ္ကေက်ာင္း
လာတက္တဲ့ညီမေလးမို႔ ကေလကေခ်ေတေလဂ်ပိဳးနဲ႕
မႀကိဳက္ေစခ်င္တာေတာ့ သူ႕စိတ္ရင္းအမွန္ပင္။

“ဒီေကာင္မေလး ရည္းစားရေနေတာ့တာလား၊
ကိုကိုႀကိဳေျပာထားမယ္ေနာ္..စာရိတ္တမေကာင္းတဲ့သူ
နဲ႕ဆိုရင္ သေဘာမတူဘူးဗ်”

“ရည္းစားမဟုတ္ပါဘူးကိုကိုရယ္၊ထိုက္နဲ႕ေတြ႕ခဲ့တာပါ”

“ထိုက္!”

“ကိုကို႔လူဆိုးေကာင္ရဲ႕အစ္မေလ၊
ဒီတိုင္း မမထိုက္လို႔လည္းေခၚလို႔မျဖစ္၊
ကိုထိုက္လို႔ေခၚရေအာင္ကလည္း တစ္မ်ိဳးႀကီးမို႔၊
ထိုက္ကလည္း ထိုက္လို႔ေခၚပါဆိုတာနဲ႕”

“ေတာ္ဝင္ေယာက္်ားက ကိုကို႔လူဆိုးေကာင္မဟုတ္ပါဘူးေနာ္”

ပါးစပ္ကသာ ျငင္းလိုက္ရတာ…
တကယ္တမ္းသူ႕စိတ္ထဲ ထိုနာမ္စားကို
သေဘာက်ေနမိတာေတာ့ သူတစ္ေယာက္တည္းသိလွ်င္
လုံေလာက္ၿပီ။ငါ့ရဲ႕လူဆိုးေကာင္…ငါ့ရဲ႕လူဆိုးေကာင္
ဟီးးးးဟီးးး

“ေသာ္တာလည္း ႀကိဳေျပာထားမယ္ေနာ္၊
ကိုကို႔ကို ေတာ္ဝင္ေယာက္်ားနဲ႕သေဘာမတူးဘူး၊
တူမယ့္တူေတာ့ ကိုေစရာနဲ႕ပဲသေဘာတူမွာ”

“ေတာ္ဝင္ေယာက္်ားနဲ႕ကဘာလို႔လဲ၊
နည္းနည္းေလးဆိုးတာကလြဲရင္ ေကာင္းတဲ့ဟာကို”

နည္းနည္းေလးဆိုတဲ့ေနရာကို ႏြေရတုက
လက္သန္းေလးပါေထာင္ျပလာေလသည္။
သူ႕လူကိုအထိမခံတဲ့ကိုကို႔ကိုၾကည့္ၿပီး ေသာ္တာ
ႏွာေခါင္းရႈံ႕မိသည္။ခုနကေတာ့…
ကိုကို႔လူဆိုးေကာင္မဟုတ္ပါဘူးဆိုၿပီးျငင္းေနၿပီးေတာ့..

“ၿပီးေတာ့ ဘာလို႔ငါ့ကိုေစရာနဲ႕သေဘာတူရတာလဲ၊
ငါတို႔က သူငယ္ခ်င္းေတြပါဆို”

“ကိုကိုမသိဘူးေပါ့ေလ”

“ဘာကိုသိရမွာလဲ”

“ဘာမွမဟုတ္ေတာ့ပါဘူး”

တုံးတာလား၊အတာလားမသိတဲ့အစ္ကိုျဖစ္သူကို
ကိုယ့္ထက္အငယ္သာဆိုရင္ ေခါင္းေခါက္ၿပီးသာ

‘အခ်ိန္တိုင္းခ်စ္မ်က္ဝန္းေတြနဲ႕ၾကည့္ေနတတ္တာကို
မသိရေကာင္းလား’ဆိုၿပီးနာနာေလးသာ
ေခါက္လိုက္ခ်င္ပါတယ္။

…………………………..

စာဖတ္ခန္းထဲေထာင္ထားတဲ့မိသားစုဓာတ္ပုံကို
ခပ္ဖြဖြထိေတြ႕ၾကည့္ေနေသာေျမးျဖစ္သူကို
ဦးမင္းေတာ္ဝင္ ခပ္ၿပဳံးၿပဳံးသာၾကည့္ေနလိုက္သည္။
လွမ္းမၾကည့္လည္း ဓာတ္ပုံထဲကသူ႕မိခင္ပုံကို
ၾကည့္ေနမည္ကို သူတပ္အပ္သိေနသည္။

“အဘိုးက ကြၽန္ေတာ့္ေမြးေန႕ကိုပဲ မွတ္မိတာလား”

“ငါ့ေျမးေမြးေန႕ရဲ႕ေနာက္ေန႕က မင္းအေမႏွစ္ပတ္လည္ဆိုတာ
ေမ့စရာလား”

“တစ္ေယာက္ေသာသူကေတာ့ သိမယ္မထက္ပါဘူး”

နာမည္မပါေသာ္ျငား ဘယ္သူ႕ကိုရည္႐ြယ္ၿပီးေျပာသလဲ
ဆိုတာ သူအသိပင္။ေျမးေျပာသလို တကယ္လည္း
မွတ္မိမယ္မထင္ပါဘူး……။

“ကဲပါ…ေမြးေန႕လက္ေဆာင္ဘာလိုခ်င္လဲ
အဘိုးကိုေျပာ”

“ေမြးေန႕လက္ေဆာင္လား.. မယူေတာ့ဘူး”

“ဘာလို႔လဲ”

“အဘိုးႏွစ္ခါကုန္ျဖစ္ေနမွာစိုးလို႔”

“ဟမ္”

ေျမးျဖစ္သူစကားကို သူဒီတစ္ခါနားမလည္ေတာ့ေပ။

“ေနာက္တိုင္က် အဘိုးနားလည္လာပါလိမ့္မယ္”

ေျပာဆိုၿပီး Royalကသူ႕အေတြးသူသေဘာက်ကာ
ၿပဳံးလာေလသည္။ခါတိုင္းလိုမဲ့ၿပဳံးမဟုတ္တဲ့ႏွစ္လိုဖြယ္
အၿပဳံးကို ဦးမင္းေတာ္ဝင္ကေတာ့
ေငးေၾကာင္ၾကည့္လွ်က္သာ….။

………………………….

Tags: read novel Royal Husband 21, novel Royal Husband 21, read Royal Husband 21 online, Royal Husband 21 chapter, Royal Husband 21 high quality, Royal Husband 21 light novel, ,

Comment

Leave a Reply

Chapter 22