Royal Husband 22

All chapters are in Royal Husband
A+ A-

“တော်ဝင်စံအိမ်မှာနေရတာ အဆင်ပြေရဲ့လား မယ်”

သူတို့မောင်နှမနှစ်ယောက် အချိန်ရတုန်းလေး
ဆိုင်ကောင်းတစ်ဆိုင်မှာ ထမင်းလက်ဆုံစားနေကြခြင်းပင်။
ခါတိုင်းဆို ဒေါ်မိုးကလျာပါ ထိုထမင်းဝိုင်းထဲ
ပါဝင်နိုင်ပေမယ့် ခုချိန်သူမ မအားလပ်ပေ။

“အဆင်ပြေပါတယ် ကိုစေ”

“ငါ့ညီမလေးကို အဲ့အိမ်ကလူတွေအနိုင်ကျင့်မှာ စိုးရိမ်နေတာ”

“ကိုစေကတော့ မဟုတ်တာတွေ
လျှောက်ပြောနေပြန်ပါပြီ၊သူတို့က မယ့်ကို
ဘာမှမလုပ်ပါဘူး”

တကယ်လည်း ထိုအိမ်ကလူတွေကသက်သက်လွတ်ကြီးတော့
သူမကို ရန်လာမရှာပေ။သူမတို့တူအရီးနှစ်ယောက်သာ
အေးဆေးနေမယ်ဆိုရင် ထိုလူတွေကလည်း
မရှိသလို သဘောထားကြမှာအမှန်မဟုတ်လား။
ဒီလိုနေရတာလေးနဲ့မတင်းတိမ်နိုင်တဲ့ အဒေါ်ကို
မနိုင်တော့လည်း…..။

“နင် တော်ဝင်ယောက်ျားကိုသဘောကျနေတာဆို”

စေရာကပြောလည်းပြော ညီမဖြစ်သူမျက်နှာအခြေအနေကိုလည်း
ကြည့်ရသေးသည်။

“ကိုစေ့ကို ဘယ်သူပြောတာလဲ၊အာ….အဒေါ်လား”

“အင်း”

ဟင်းပွဲတွေက မှာထားတုန်းဖြစ်သဖြင့်
စားပွဲပေါ်မှာ ရေတစ်ယောက်တစ်ခွက်သာရှိလေသည်။

“အဲ့ဒါအရင်ကပါ၊သဘောကျတယ်ဆိုတာကလည်း
ဒီတိုင်း Royalက perfectဖြစ်လို့ဆိုရမလား၊
အဒေါ်ရဲ့တွန်းအားတွေကြောင့်လား မပြောတတ်ဘူးရယ်”

ထိုစကားတွေကို မယ်ကပေါ့ပေါ့ပါးပါးရယ်မောပြောနေပေ
မယ့် မပျော်နိုင်သူကတော့ စေရာမျိုးမြင့်ပင်။
တော်ဝင်စံအိမ်မှာအနေကျပ်၍ အပြင်မှာနေရာမှ
အမေဖြစ်သူက သူမလောဘတွေအတွက်အိမ်ကြီးမှာ
ကျန်ခဲ့တဲ့မယ့်ကို အသုံးချနေတာကိုမြင်ရတာ
သူ့ကိုယ်သူ အစ်ကိုကြီးတာဝန်မကျေဘူးဟုခံစား
လာရသည်။

“ငါ့ညီမလေး ပင်ပန်းနေမှာပဲ”

“မဟုတ်တာ၊မဟုတ်လည်း မယ့််အပေါ်
အဒေါ့်ကျေးဇူးတွေက အများကြီးပဲဟာ”

စားပွဲပေါ်တင်ထားတဲ့မယ့်လက်ကို သူဆွဲယူကာ
အသာပွတ်သပ်မိသည်။ဒီလက်လေးတွေက
ငယ်ငယ်ကသေးသေးပုစိလေးတွေနဲ့အရမ်းချစ်ဖို့ကောင်း
တာကို ပြန်မြင်ယောင်မိတော့ သူပြုံးမိပြန်သည်။
သူ့ညီမလေးက ကောင်းကောင်းမွန်မွန်ကြီးပြင်းလာခဲ့ပြီပဲ။

“မယ်စိတ်မပါရင် အမေခိုင်းလည်းဘာမှမလုပ်နဲ့၊
အစ်ကို့ကိုပြော ကြားလား”

“ဟုတ်၊ဒါနဲ့ကိုစေ Royal ကောင်လေးတစ်ယောက်ကို
သဘောကျနေတယ်ဆို”

မယ့်စကားအဆုံး စေရာမျက်လုံးတွေကအနည်းငယ်မှိုင်းသွား
သလိုပင်။

“မယ် ဘယ်လိုလုပ်ပြီးသိလဲ”

“ခိုးနားထောင်တာမဟုတ်ပေမယ့်
ဟိုနေ့က အဘိုးမင်းတော်ဝင်နဲ့ဦးဇာနည်ပြောတာကြားတာ၊
ဦးဇာနည်ကတော့ သူ့သားgayဆိုတာကို
ခါးခါးသီးသီးဖြစ်နေပုံပဲ”

“တော်ဝင်ယောက်ျားအိမ်ငှားနေတဲ့တိုက်က
ရတုအိမ်လေ၊မယ် ရတုကိုသိတယ်မလား”

“သိတယ်လေ၊ကိုစေ တစ်ဖက်သတ်ကြိုက်နေတဲ့သူမလား”

အရင်းနှီးဆုံးလူတွေဖြစ်သဖြင့် သူ့ခံစားချက်တွေကို
မယ့်ကိုရင်ဖွင့်ဖူးသည်။

“တော်ဝင်ယောက်ျားသဘောကျနေတာ ရတုကို”

“ဟယ်…ဒါဆိုကိုစေက ကျန်ရစ်ဖြစ်တော့မှာလား”

“ဘာဆိုင်လို့လဲ”

“Royalကလက်မြန်တာနဲ့ကိုစေက လက်နှေးတာနဲ့တွေ့ပြီ၊
ဒီမှာ ကိုစေ မယ်ပြောမယ်၊ဖွင့်ပြောလိုက်ရင် မုန်းခံရမလား
တွေးမနေနဲ့၊အဲ့ဒီအစား ကိုနွေရတုက ကိုစေဖွင့်ပြောအလာကို
စောင့်နေတာလည်းဖြစ်နိုင်တာပဲလေ၊သူအခုချိန်ထိ
တစ်ယောက်တည်းနေတာပဲကြည့်၊မယ်ကတော့
ဒီတိုင်းခံစားနေမယ့်အစား ဖွင့်ပြောစေချင်တယ်”

“ဒါပေမယ့်…”

“ဒါပေမယ့်တွေလုပ်မနေနဲ့ ကိုစေ၊ကိုနွေရတုပိုင်ရှင်
ရှိသွားမှ မယ့်ဆီလာပြီးမငိုနဲ့နော်၊ထုလွှတ်မှာ”

ထိုချိန် ဝိတ်တာကဟင်းပွဲတွေလာချသဖြင့်
စကားစပြတ်သွားရသည်။

“မယ်ပြောတာနားလည်ရင် လှုပ်ရှားလိုက်တော့”

“အင်းပါ၊ခုတော့ ထမင်းစားတော့”

ခေါင်းမဖော်တမ်းအားရပါးရစားနေတဲ့မယ့်ကိုကြည့်ကာ
သူပြုံးမိသည်။

မယ်ပြောသလို သူတကယ်ပဲဖွင့်ပြောသင့်လား???

……………………………..

ဉာဥ့်လယ်ခေါင်ရောက်၍ အပြင်လောကမှာ
လရောင်ကလွဲပြီး မှောင်မည်းနေသော့်ငြား
နွေရတုကတော့ စားပွဲတင်မီးထွန်းကာ
အလုပ်ကြိုးစားနေလေသည်။လက်မှာလည်း
စာရေးဆရာမပုညခင်ရဲ့ “တောင်တန်းတွေရဲ့အလွန်”
စာအုပ်ကို ကိုင်ထားလျက်ပေါ့။

နေ့လည်ကဖတ်တာ မပြီး၍ညဘက်ထိပါဖတ်နေခြင်းပင်။
ဒါတောင်နေ့လည်က အလုပ်ရှိ၍ရပ်နားထားရခြင်းပင်။
သူက စာလုံးတစ်လုံးချင်းကိုလိုက်ခံစားကာ
ဇာတ်ကောင်တွေနေရာမှာ သူကိုယ်တိုင်ပါဝင်ခံစား
တတ်သဖြင့် တစ်ခြားစာဖတ်သူတွေထက်နှေးလေသည်။
ဒါကြောင့်လည်း ညဥ့်နက်ချိန်ထိရောက်လာခြင်းသာ။

ထိုဝတ္ထုထဲမှာ သူသဘောအကျဆုံးဇာတ်ကောင်က
‘ခေါင်မင်း’ပင်။အသည်းကွဲတာတောင် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ကောင်လေးပေါ့။
တစ်ခုဝမ်းနည်းမိတာက အဆုံးသတ်ထိတိုင်တစ်ဖန်ချစ်ရသူ
ကိုဖွင့်မပြောခဲ့ပေ။လျင်မာန်၊ခေါင်မင်း၊မိုင်ဇလပ်နီနဲ့
မေခင်ငြိမ်းဆိုတဲ့ဇာတ်ကောင်လေးယောက်လုံး
ဝမ်းနည်းစရာကောင်းကြပေမယ့် သူကတော့
မြန်မာမလေးမေခင်ငြိမ်းကို သနားမိဆုံးပင်။
သူမက အချစ်ခံချင်ယုံသာ။

ချင်းပြည်နည်ကိုအခြေတည်ရေးသားထားတဲ့အတွက်
ဖတ်နေရင်းပင် ချင်းအငွေ့အသက်တွေမွှေးပျံ့လာသလိုပင်။
အဆုပ်လိုက်ပွင့်နေတဲ့ တောင်ဇလပ်ပန်းနီနီတွေ၊
မဏိပူရမြစ်ရေစီးသံရယ်၊သဘာဝအတိုင်း
အသည်းပုံဖြစ်တည်နေတဲ့ ရိဒ်ရေကန်ကြီးရယ်…။

ဖတ်လို့ပြီးတော့ တစ်နာရီထိုးနေလေပြီ။
ရေငတ်သဖြင့် စားပွဲပေါ်ကရေကရားကိုကြည့်လိုက်တော့
ပြောင်သလင်းခါနေလေပြီ။ ထရမှာပြင်းသော်လည်း
အာခေါင်ခြောက်နေသဖြင့် အခန်းပြင်ထွက်ရမည်မှာ
ဧကန်မုချ။ကုတင်ပေါ်က စောင်ပေါ်ကြည့်လိုက်တော့
ကြောင်လေးနှစ်ကောင်က တစ်ကောင်နဲ့တစ်ကောင်ပူးကပ်ကာ အိပ်နေကြသည်။
စားကောင်းသောက်ကောင်းစားရ၍ ဝဖီးနေကြသည်မှာ
ရောက်ခါစကနှင့်ပင်မတူပေ။

ရေကရားယူကာ အခန်းပြင်ထွက်လာတော့
လူဆိုးကောင်အခန်းကမီးပိတ်ထားသဖြင့် မှောင်နေပြီ။
အင်းလေ…ဒီအချိန်တောင် ရောက်နေပြီဟာ
အိပ်နေမှာပေါ့…။

အခန်းရှေ့ကဖြတ်ကာ မီးဖိုခန်းထဲဝင်ပြီး
ရေကရားထဲရေဖြည့်ကာ ပြန်ထွက်လာလိုက်သည်။

“မာ…မီ..အင့်…ဟင်း…”

ရုတ်တရက်ညည်းသံကြားလိုက်ရသဖြင့် လန့်သွားသည်။
သေချာနားထောင်မှ လူဆိုးကောင်အခန်းထဲကထွက်လာတာ
သိလိုက်ရသည်။စိုးရိမ်စိတ်တွေနဲ့ အခန်းတံခါးတွန်းဖွင့်
လိုက်တော့ လော့မချထားသဖြင့်လွယ်ကူသွားသည်။

ကုတင်ပေါ်က လူဆိုးကောင်ကိုကြည့်လိုက်တော့
ချွေးစေးတွေပြန်ကာ ပါးစပ်ကမာမီဟုတဖွဖွခေါ်နေပြီး
ကိုယ်ကလည်းမငြိမ်ပေ။လက်ထဲကရေကရားကို
ဘေးကစားပွဲပေါ် အမြန်ချရသည်။

အိပ်မက်ယောင်နေသူဖြစ်သဖြင့် လူဆိုးကောင်ကို
နှိုးရသည်။

“တော်ဝင်ယောက်ျား! တော်ဝင်ယောက်ျား!!
ယောက်ျား!!!!”

ရုန်းကန်နေတဲ့လက်ကိုဆွဲယူကာ ယောက်ျားဟုအကျယ်ကြီး
အော်လိုက်မှဆတ်ခနဲမျက်လုံးပွင့်လာတဲ့လူဆိုးကောင်ကြောင့်
လန့်သွားရသည်။

“နှိုး…နှိုးပြီလား”

ကြောင်နေတဲ့လူဆိုးကောင်ကို သူစကားစလိုက်တော့
သူ့ဘက်လှည့်ကြည့်လာကာ ကုတင်ဘေးရပ်နေတဲ့သူ့ကို
ကုန်းထကာတင်းတင်ကြပ်​​ကြပ် ပွေ့ဖက်လာသည်။
မြန်ဆန်လွန်းလှသဖြင့် မတားလိုက်နိုင်ပေ။
စိတ်သက်သာစေရန် ကျောပြင်ကျယ်ကြီးကိုခပ်ဖွဖွ
ပွတ်သပ်ပေးမိသည်။

“ရော့…ရေသောက်လိုက်ဦး”

အတန်ကြာမှဖက်ထားတဲ့လက်ကိုဖယ်သွားသဖြင့်
ရေကရားထဲကရေကို ဖန်ခွက်ထဲငှဲ့ကာပေးလိုက်တော့
နာခံစွာပင် ရေသောက်နေလေသည်။

“မင်းအိပ်မက်ယောင်နေလို့ ငါဝင်လာလိုက်တာ၊
ခုအဆင်ပြေသွားပြီဆိုတော့ ငါသွားတော့မယ်”

“ချော့သိပ်”

“ဟမ်”

“ကျွန်တော့်ကို ချော့သိပ်ပါလား၊ပြန်အိပ်မပျော်တော့လို့”

အခုနောင်ပိုင်း လူဆိုးကောင်ကသူ့ကိုသူ
ကျွန်တော်ဟုပြောင်းသုံးလာသည်ကို သူသတိထားမိသည်။
ငြင်းမယ်ပြင်လိုက်ပေမယ့် မျက်နှာငယ်လေးနဲ့ကြည့်နေသူ
ကြောင့် အလိုလိုက်ချင်စိတ်တွေကတဖွားဖွားပင်။

“ဘယ်လိုချော့သိပ်ရမှာလဲ”

“သီချင်းဆိုပြီးချော့သိပ်လည်းရတယ်၊
ပုံပြင်ပြောချင်လည်းရတယ်”

“သီချင်းဆိုပြမယ်၊တစ်ပုဒ်ထဲနော်၊
အဲ့ဒါပြီးရင် မင်းအိပ်တော့”

“လာ…ကုတင်ပေါ်ထိုင်”

ဘေးအစွန်းနားဝင်ထိုင်လိုက်တော့ လူဆိုးကောင်က
သူ့ပေါင်ပေါ်ချက်ချင်းခေါင်းအုံးလာသဖြင့်
တွန့်ခနဲဖြစ်သွားရသည်။
ခွင့်မတောင်းဘဲနဲ့ ပိုင်စိုးပိုင်နင်းကြီး…။

“မင်းမျက်လုံးမှိတ်ထား၊ကြည့်နေရင် ငါမဆိုတတ်ဘူး”

လူဆိုးကောင်မျက်လုံးမှိတ်သွားမှ အာခံတွင်းရှင်းကာ
သီချင်းဆိုရသည်။သူ့လက်ကလည်း ပေါင်ပေါ်က
လူဆိုးကောင်ရဲ့ဆံပင်တိုတွေကို ပွတ်သပ်ပေးလျက်။

~~မိတ္ထီလာကန်ဝယ်…ဖားကောက်ခဲ့ပါ့ကွယ်

“ကျွန်တော် ကလေးမဟုတ်ဘူးနော်”

“ချော့သိပ်ပါတယ်ဆို ဒီသီချင်းဆိုမှာပေါ့၊လျှာမရှည်နဲ့”

~~ဗျိုင်းရှေ့က ပြန်ကာပြန်ကာရယ်

မိုးစုပ်စုပ်ချုပ်ပေါ့…သားငယ်ရယ်….

အိပ်ပါတော့ကွယ်…ကြောင်ကြီးကိုက်လိမ့်မယ်~~

အပီအပြင်သီချင်းဆိုနေတဲ့သူကတော့
ပေါင်ပေါ်ခေါင်းအုံးအိပ်နေတဲ့သူမျက်ရည်ကျသွားတာကို
သတိမထားလိုက်မိပေ။

အလှလေးရဲ့သီချင်းသံကြားပြီး ငယ်စဥ်အခါတုန်းက
မာမီသူ့ကို ချော့သိပ်ခဲ့ဖူးတာကိုသတိရသွားကာ
ဝမ်းနည်းမိသွားသည်။

အတန်ကြာမှသီချင်းသံထွက်မလာတော့သဖြင့်
ခေါင်းမော့ကြည့်လိုက်တော့ ခေါင်းငိုက်စိုက်ကျနေတဲ့
အလှလေးပါပင်။ညောင်းနေမှာစိုး၍ ပေါင်ပေါ်ကထကာ
ကုတင်ပေါ်နေရာချပေးလိုက်တော့ သဘောတွေ့စွာပင်
ကွေးကွေးလေးအိပ်နေလေသည်။

ဖောင်းသလိုမဖောင်းသလိုပါးပြင်လေး…
စင်းကျနေတဲ့မျက်တောင်လေးတွေ…
နှုတ်ခမ်းရဲရဲစိုစိုလေး….
တစ်ကိုတည်းမင်းတည်နေတဲ့ နှာခေါင်းထိပ်ကမှဲ့နက်လေး….

လှလွန်းလိုက်တာ~~
ကြည့်နေရင်းပင် အာခေါင်ခြောက်လာရသည်။

“ပြွတ်!”

ပိုင်ရှင်မသိအောင်ခိုးယူမိတဲ့ အနမ်းတစ်ပွင့်ပါပဲ။
ထိကပ်ထားတဲ့ နှုတ်ခမ်းသေးသေးလေးကို
လျှာနဲ့တစ်ချက်ယက်လိုက်သည်။

~~တစ်ချိန်ကျထိကပ်ထားယုံတင်မဟုတ်ပဲ
လျှာနီနီလေးအထိပါ နယ်ကျွံရတော့မည်~~

……………………………

(“တောင်တန်းတွေရဲ့အလွန်”ကကိုယ်အမြတ်နိုးဆုံးစာအုပ်ပါ၊
ဒါနဲ့ First kissနော်၊ရှည်ရှည်လေးရေးပေးထားပါတယ်ဗျ)

Zawgyi

“ေတာ္ဝင္စံအိမ္မွာေနရတာ အဆင္ေျပရဲ႕လား မယ္”

သူတို႔ေမာင္ႏွမႏွစ္ေယာက္ အခ်ိန္ရတုန္းေလး
ဆိုင္ေကာင္းတစ္ဆိုင္မွာ ထမင္းလက္ဆုံစားေနၾကျခင္းပင္။
ခါတိုင္းဆို ေဒၚမိုးကလ်ာပါ ထိုထမင္းဝိုင္းထဲ
ပါဝင္နိုင္ေပမယ့္ ခုခ်ိန္သူမ မအားလပ္ေပ။

“အဆင္ေျပပါတယ္ ကိုေစ”

“ငါ့ညီမေလးကို အဲ့အိမ္ကလူေတြအနိုင္က်င့္မွာ စိုးရိမ္ေနတာ”

“ကိုေစကေတာ့ မဟုတ္တာေတြ
ေလွ်ာက္ေျပာေနျပန္ပါၿပီ၊သူတို႔က မယ့္ကို
ဘာမွမလုပ္ပါဘူး”

တကယ္လည္း ထိုအိမ္ကလူေတြကသက္သက္လြတ္ႀကီးေတာ့
သူမကို ရန္လာမရွာေပ။သူမတို႔တူအရီးႏွစ္ေယာက္သာ
ေအးေဆးေနမယ္ဆိုရင္ ထိုလူေတြကလည္း
မရွိသလို သေဘာထားၾကမွာအမွန္မဟုတ္လား။
ဒီလိုေနရတာေလးနဲ႕မတင္းတိမ္နိုင္တဲ့ အေဒၚကို
မနိုင္ေတာ့လည္း…..။

“နင္ ေတာ္ဝင္ေယာက္်ားကိုသေဘာက်ေနတာဆို”

ေစရာကေျပာလည္းေျပာ ညီမျဖစ္သူမ်က္ႏွာအေျခအေနကိုလည္း
ၾကည့္ရေသးသည္။

“ကိုေစ့ကို ဘယ္သူေျပာတာလဲ၊အာ….အေဒၚလား”

“အင္း”

ဟင္းပြဲေတြက မွာထားတုန္းျဖစ္သျဖင့္
စားပြဲေပၚမွာ ေရတစ္ေယာက္တစ္ခြက္သာရွိေလသည္။

“အဲ့ဒါအရင္ကပါ၊သေဘာက်တယ္ဆိုတာကလည္း
ဒီတိုင္း Royalက perfectျဖစ္လို႔ဆိုရမလား၊
အေဒၚရဲ႕တြန္းအားေတြေၾကာင့္လား မေျပာတတ္ဘူးရယ္”

ထိုစကားေတြကို မယ္ကေပါ့ေပါ့ပါးပါးရယ္ေမာေျပာေနေပ
မယ့္ မေပ်ာ္နိုင္သူကေတာ့ ေစရာမ်ိဳးျမင့္ပင္။
ေတာ္ဝင္စံအိမ္မွာအေနက်ပ္၍ အျပင္မွာေနရာမွ
အေမျဖစ္သူက သူမေလာဘေတြအတြက္အိမ္ႀကီးမွာ
က်န္ခဲ့တဲ့မယ့္ကို အသုံးခ်ေနတာကိုျမင္ရတာ
သူ႕ကိုယ္သူ အစ္ကိုႀကီးတာဝန္မေက်ဘဴးဟုခံစား
လာရသည္။

“ငါ့ညီမေလး ပင္ပန္းေနမွာပဲ”

“မဟုတ္တာ၊မဟုတ္လည္း မယ့္္အေပၚ
အေဒၚ့ေက်းဇူးေတြက အမ်ားႀကီးပဲဟာ”

စားပြဲေပၚတင္ထားတဲ့မယ့္လက္ကို သူဆြဲယူကာ
အသာပြတ္သပ္မိသည္။ဒီလက္ေလးေတြက
ငယ္ငယ္ကေသးေသးပုစိေလးေတြနဲ႕အရမ္းခ်စ္ဖို႔ေကာင္း
တာကို ျပန္ျမင္ေယာင္မိေတာ့ သူၿပဳံးမိျပန္သည္။
သူ႕ညီမေလးက ေကာင္းေကာင္းမြန္မြန္ႀကီးျပင္းလာခဲ့ၿပီပဲ။

“မယ္စိတ္မပါရင္ အေမခိုင္းလည္းဘာမွမလုပ္နဲ႕၊
အစ္ကို႔ကိုေျပာ ၾကားလား”

“ဟုတ္၊ဒါနဲ႕ကိုေစ Royal ေကာင္ေလးတစ္ေယာက္ကို
သေဘာက်ေနတယ္ဆို”

မယ့္စကားအဆုံး ေစရာမ်က္လုံးေတြကအနည္းငယ္မွိုင္းသြား
သလိုပင္။

“မယ္ ဘယ္လိုလုပ္ၿပီးသိလဲ”

“ခိုးနားေထာင္တာမဟုတ္ေပမယ့္
ဟိုေန႕က အဘိုးမင္းေတာ္ဝင္နဲ႕ဦးဇာနည္ေျပာတာၾကားတာ၊
ဦးဇာနည္ကေတာ့ သူ႕သားgayဆိုတာကို
ခါးခါးသီးသီးျဖစ္ေနပုံပဲ”

“ေတာ္ဝင္ေယာက္်ားအိမ္ငွားေနတဲ့တိုက္က
ရတုအိမ္ေလ၊မယ္ ရတုကိုသိတယ္မလား”

“သိတယ္ေလ၊ကိုေစ တစ္ဖက္သတ္ႀကိဳက္ေနတဲ့သူမလား”

အရင္းႏွီးဆုံးလူေတြျဖစ္သျဖင့္ သူ႕ခံစားခ်က္ေတြကို
မယ့္ကိုရင္ဖြင့္ဖူးသည္။

“ေတာ္ဝင္ေယာက္်ားသေဘာက်ေနတာ ရတုကို”

“ဟယ္…ဒါဆိုကိုေစက က်န္ရစ္ျဖစ္ေတာ့မွာလား”

“ဘာဆိုင္လို႔လဲ”

“Royalကလက္ျမန္တာနဲ႕ကိုေစက လက္ႏွေးတာနဲ႕ေတြ႕ၿပီ၊
ဒီမွာ ကိုေစ မယ္ေျပာမယ္၊ဖြင့္ေျပာလိုက္ရင္ မုန္းခံရမလား
ေတြးမေနနဲ႕၊အဲ့ဒီအစား ကိုႏြေရတုက ကိုေစဖြင့္ေျပာအလာကို
ေစာင့္ေနတာလည္းျဖစ္နိုင္တာပဲေလ၊သူအခုခ်ိန္ထိ
တစ္ေယာက္တည္းေနတာပဲၾကည့္၊မယ္ကေတာ့
ဒီတိုင္းခံစားေနမယ့္အစား ဖြင့္ေျပာေစခ်င္တယ္”

“ဒါေပမယ့္…”

“ဒါေပမယ့္ေတြလုပ္မေနနဲ႕ ကိုေစ၊ကိုႏြေရတုပိုင္ရွင္
ရွိသြားမွ မယ့္ဆီလာၿပီးမငိုနဲ႕ေနာ္၊ထုလႊတ္မွာ”

ထိုခ်ိန္ ဝိတ္တာကဟင္းပြဲေတြလာခ်သျဖင့္
စကားစျပတ္သြားရသည္။

“မယ္ေျပာတာနားလည္ရင္ လႈပ္ရွားလိုက္ေတာ့”

“အင္းပါ၊ခုေတာ့ ထမင္းစားေတာ့”

ေခါင္းမေဖာ္တမ္းအားရပါးရစားေနတဲ့မယ့္ကိုၾကည့္ကာ
သူၿပဳံးမိသည္။

မယ္ေျပာသလို သူတကယ္ပဲဖြင့္ေျပာသင့္လား???

……………………………..

ဉာဥ့္လယ္ေခါင္ေရာက္၍ အျပင္ေလာကမွာ
လေရာင္ကလြဲၿပီး ေမွာင္မည္းေနေသာ့္ျငား
ႏြေရတုကေတာ့ စားပြဲတင္မီးထြန္းကာ
အလုပ္ႀကိဳးစားေနေလသည္။လက္မွာလည္း
စာေရးဆရာမပုညခင္ရဲ႕ “ေတာင္တန္းေတြရဲ႕အလြန္”
စာအုပ္ကို ကိုင္ထားလ်က္ေပါ့။

ေန႕လည္ကဖတ္တာ မၿပီး၍ညဘက္ထိပါဖတ္ေနျခင္းပင္။
ဒါေတာင္ေန႕လည္က အလုပ္ရွိ၍ရပ္နားထားရျခင္းပင္။
သူက စာလုံးတစ္လုံးခ်င္းကိုလိုက္ခံစားကာ
ဇာတ္ေကာင္ေတြေနရာမွာ သူကိုယ္တိုင္ပါဝင္ခံစား
တတ္သျဖင့္ တစ္ျခားစာဖတ္သူေတြထက္ႏွေးေလသသည္။
ဒါေၾကာင့္လည္း ညဥ့္နက္ခ်ိန္ထိေရာက္လာျခင္းသာ။

ထိုဝတ္ထုထဲမွာ သူသေဘာအက်ဆဳံးဇာတ္ေကာင္က
‘ေခါင္မင္း’ပင္။အသည္းကြဲတာေတာင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ေနတတ္တဲ့ေကာင္ေလးေပါ့။
တစ္ခုဝမ္းနည္းမိတာက အဆုံးသတ္ထိတိုင္တစ္ဖန္ခ်စ္ရသူ
ကိုဖြင့္မေျပာခဲ့ေပ။လ်င္မာန္၊ေခါင္မင္း၊မိုင္ဇလပ္နီနဲ႕
ေမခင္ၿငိမ္းဆိုတဲ့ဇာတ္ေကာင္ေလးေယာက္လုံး
ဝမ္းနည္းစရာေကာင္းၾကေပမယ့္ သူကေတာ့
ျမန္မာမေလးေမခင့္ၿငိမ္းကို သနားမိဆုံးပင္။
သူမက အခ်စ္ခံခ်င္ယုံသာ။

ခ်င္းျပည္နည္ကိုအေျခတည္ေရးသားထားတဲ့အတြက္
ဖတ္ေနရင္းပင္ ခ်င္းအေငြ႕အသက္ေတြေမႊးပ်ံ့လာသလိုပင္။
အဆုပ္လိုက္ပြင့္ေနတဲ့ ေတာင္ဇလပ္ပန္းနီနီေတြ၊
မဏိပူရျမစ္ေရစီးသံရယ္၊သဘာဝအတိုင္း
အသည္းပုံျဖစ္တည္ေနတဲ့ ရိဒ္ေရကန္ႀကီးရယ္…။

ဖတ္လို႔ၿပီးေတာ့ တစ္နာရီထိုးေနေလၿပီ။
ေရငတ္သျဖင့္ စားပြဲေပၚကေရကရားကိုၾကည့္လိုက္ေတာ့
ေျပာင္သလင္းခါေနေလၿပီ။ ထရမွာျပင္းေသာ္လည္း
အာေခါင္ေျခာက္ေနသျဖင့္ အခန္းျပင္ထြက္ရမည္မွာ
ဧကန္မုခ်။ကုတင္ေပၚက ေစာင္ေပၚၾကည့္လိုက္ေတာ့
ေၾကာင္ေလးႏွစ္ေကာင္က တစ္ေကာင္နဲ႕တစ္ေကာင္ပူးကပ္ကာ အိပ္ေနၾကသည္။
စားေကာင္းေသာက္ေကာင္းစားရ၍ ဝဖီးေနၾကသည္မွာ
ေရာက္ခါစကႏွင့္ပင္မတူေပ။

ေရကရားယူကာ အခန္းျပင္ထြက္လာေတာ့
လူဆိုးေကာင္အခန္းကမီးပိတ္ထားသျဖင့္ ေမွာင္ေနၿပီ။
အင္းေလ…ဒီအခ်ိန္ေတာင္ ေရာက္ေနၿပီဟာ
အိပ္ေနမွာေပါ့…။

အခန္းေရွ႕ကျဖတ္ကာ မီးဖိုခန္းထဲဝင္ၿပီး
ေရကရားထဲေရျဖည့္ကာ ျပန္ထြက္လာလိုက္သည္။

“မာ…မီ..အင့္…ဟင္း…”

႐ုတ္တရက္ညည္းသံၾကားလိုက္ရသျဖင့္ လန့္သြားသည္။
ေသခ်ာနားေထာင္မွ လူဆိုးေကာင္အခန္းထဲကထြက္လာတာ
သိလိုက္ရသည္။စိုးရိမ္စိတ္ေတြနဲ႕ အခန္းတံခါးတြန္းဖြင့္
လိုက္ေတာ့ ေလာ့မခ်ထားသျဖင့္လြယ္ကူသြားသည္။

ကုတင္ေပၚက လူဆိုးေကာင္ကိုၾကည့္လိုက္ေတာ့
ေခြၽးေစးေတြျပန္ကာ ပါးစပ္ကမာမီဟုတဖြဖြေခၚေနၿပီး
ကိုယ္ကလည္းမၿငိမ္ေပ။လက္ထဲကေရကရားကို
ေဘးကစားပြဲေပၚ အျမန္ခ်ရသည္။

အိပ္မက္ေယာင္ေနသူျဖစ္သူျဖင့္ လူဆိုးေကာင္ကို
ႏွိုးရသည္။

“ေတာ္ဝင္ေယာက္်ား! ေတာ္ဝင္ေယာက္်ား!!
ေယာက္်ား!!!!”

႐ုန္းကန္ေနတဲ့လက္ကိုဆြဲယူကာ ေယာက္်ားဟုအက်ယ္ႀကီး
ေအာ္လိုက္မွဆတ္ခနဲမ်က္လုံးပြင့္လာတဲ့လူဆိုးေကာင္ေၾကာင့္
လန့္သြားရသည္။

“ႏွိုး…ႏွိုးၿပီလား”

ေၾကာင္ေနတဲ့လူဆိုးေကာင္ကို သူစကားစလိုက္ေတာ့
သူ႕ဘက္လွည့္ၾကည့္လာကာ ကုတင္ေဘးရပ္ေနတဲ့သူ႕ကို
ကုန္းထကာတင္း”ၾကပ္”ေပြ႕ဖက္လာသည္။
ျမန္ဆန္လြန္းလွသျဖင့္ မတားလိုက္နိုင္ေပ။
စိတ္သက္သာေစရန္ ေက်ာျပင္က်ယ္ႀကီးကိုခပ္ဖြဖြ
ပြတ္သပ္ေပးမိသည္။

“ေရာ့…ေရေသာက္လိုက္ဦး”

အတန္ၾကာမွဖက္ထားတဲ့လက္ကိုဖယ္သြားသျဖင့္
ေရကရားထဲကေရကို ဖန္ခြက္ထဲငွဲ႕ကာေပးလိုက္ေတာ့
နာခံစြာပင္ ေရေသာက္ေနေလသည္။

“မင္းအိပ္မက္ေယာင္ေနလို႔ ငါဝင္လာလိုက္တာ၊
ခုအဆင္ေျပသြားၿပီဆိုေတာ့ ငါသြားေတာ့မယ္”

“ေခ်ာ့သိပ္”

“ဟမ္”

“ကြၽန္ေတာ့္ကို ေခ်ာ့သိပ္ပါလား၊ျပန္အိပ္မေပ်ာ္ေတာ့လို႔”

အခုေနာင္ပိုင္း လူဆိုးေကာင္ကသူ႕ကိုသူ
ကြၽန္ေတာ္ဟုေျပာင္းသုံးလာသည္ကို သူသတိထားမိသည္။
ျငင္းမယ္ျပင္လိုက္ေပမယ့္ မ်က္ႏွာငယ္ေလးနဲ႕ၾကည့္ေနသူ
ေၾကာင့္ အလိုလိုက္ခ်င္စိတ္ေတြကတဖြားဖြားပင္။

“ဘယ္လိုေခ်ာ့သိပ္ရမွာလဲ”

“သီခ်င္းဆိုၿပီးေခ်ာ့သိပ္လည္းရတယ္၊
ပုံျပင္ေျပာခ်င္လည္းရတယ္”

“သီခ်င္းဆိုျပမယ္၊တစ္ပုဒ္ထဲေနာ္၊
အဲ့ဒါၿပီးရင္ မင္းအိပ္ေတာ့”

“လာ…ကုတင္ေပၚထိုင္”

ေဘးအစြန္းနားဝင္ထိုင္လိုက္ေတာ့ လူဆိုးေကာင္က
သူ႕ေပါင္ေပၚခ်က္ခ်င္းေခါင္းအုံးလာသျဖင့္
တြန့္ခနဲျဖစ္သြားရသည္။
ခြင့္မေတာင္းဘဲနဲ႕ ပိုင္စိုးပိုင္နင္းႀကီး…။

“မင္းမ်က္လုံးမွိတ္ထား၊ၾကည့္ေနရင္ ငါမဆိုတတ္ဘူး”

လူဆိုးေကာင္မ်က္လုံးမွိတ္သြားမွ အာခံတြင္းရွင္းကာ
သီခ်င္းဆိုရသည္။သူ႕လက္ကလည္း ေပါင္ေပၚက
လူဆိုးေကာင္ရဲ႕ဆံပင္တိုေတြကို ပြတ္သပ္ေပးလ်က္။

~~မိတ္ထီလာကန္ဝယ္…ဖားေကာက္ခဲ့ပကြယ္

“ကြၽန္ေတာ္ ကေလးမဟုတ္ဘူးေနာ္”

“ေခ်ာ့သိပ္ပါတယ္ဆို ဒီသီခ်င္းဆိုမွာေပါ့၊လွ်ာမရွည္နဲ႕”

~~ဗ်ိဳင္းေရွ႕က ျပန္ကာျပန္ကာရယ္

မိုးစုပ္စုပ္ခ်ဳပ္ေပါ့…သားငယ္ရယ္….

အိပ္ပါေတာ့ကြယ္…ေၾကာင္ႀကီးကိုက္လိမ့္မယ္~~

အပီအျပင္သီခ်င္းဆိုေနတဲ့သူကေတာ့
ေပါင္ေပၚေခါင္းအုံးအိပ္ေနတဲ့သူမ်က္ရည္က်သြားတာကို
သတိမထားလိုက္မိေပ။

အလွေလးရဲ႕သီခ်င္းသံၾကားၿပီး ငယ္စဥ္အခါတုန္းက
မာမီသူ႕ကို ေခ်ာ့သိပ္ခဲ့ဖူးတာကိုသတိရသြားကာ
ဝမ္းနည္းမိသြားသည္။

အတန္ၾကာမွသီခ်င္းသံထြက္မလာေတာ့သျဖင့္
ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ေခါင္းငိုက္စိုက္က်ေနတဲ့
အလွေလးပါပင္။ေညာင္းေနမွာစိုး၍ ေပါင္ေပၚကထကာ
ကုတင္ေပၚေနရာခ်ေပးလိုက္ေတာ့ သေဘာေတြ႕စြာပင္
ေကြးေကြးေလးအိပ္ေနေလသည္။

ေဖာင္းသလိုမေဖာင္းသလိုပါးျပင္ေလး…
စင္းက်ေနတဲ့မ်က္ေတာင္ေလးေတြ…
ႏႈတ္ခမ္းရဲရဲစိုစိုေလး….
တစ္ကိုတည္းမင္းတည္ေနတဲ့ ႏွာေခါင္းထိပ္ကမွဲ႕နက္ေလး….

လွလြန္းလိုက္တာ~~
ၾကည့္ေနရင္းပင္ အာေခါင္ေျခာင္လာရသည္။

“ႁပြတ္!”

ပိုင္ရွင္မသိေအာင္ခိုးယူမိတဲ့ အနမ္းတစ္ပြင့္ပါပဲ။
ထိကပ္ထားတဲ့ ႏႈတ္ခမ္းေသးေသးေလးကို
လွ်ာနဲ႕တစ္ခ်က္ယက္လိုက္သည္။

~~တစ္ခ်ိန္က်ထိကပ္ထားယုံတင္မဟုတ္ပဲ
လွ်ာနီနီေလးအထိပါ နယ္ကြၽံရေတာ့မည္~~

……………………………

(“ေတာင္တန္းေတြရဲ႕အလြန္”ကကိုယ္အျမတ္နိုးဆုံးစာအုပ္ပါ၊
ဒါနဲ႕ First kissေနာ္၊ရွည္ရွည္ေလးေရးေပးထားပါတယ္ဗ်)

Tags: read novel Royal Husband 22, novel Royal Husband 22, read Royal Husband 22 online, Royal Husband 22 chapter, Royal Husband 22 high quality, Royal Husband 22 light novel, ,

Comment

Leave a Reply

Chapter 23