Royal Husband 28

All chapters are in Royal Husband
A+ A-

“ညနေကျ အိမ်ပြန်လာခဲ့၊
ဖြစ်သလို ဝတ်စားမလာနဲ့၊အရေးကြီးတဲ့ပွဲဖြစ်လို့
suitဖြစ်ဖြစ် ဝတ်ခဲ့”

“ကျွန်တော်မလာဘူးဆိုရင်ရော”

သူ့ရဲ့တုံ့ပြန်စကားကြောင့် တစ်ဖက်မှလူဒေါသထွက်သွားသည်ကိုဖုန်းထဲကကြားနေရတဲ့
တရှူးရှူးအသံတွေကြောင့်သိရသည်။

“မလာမဖြစ်လာရမယ်၊ဒီပွဲမှာ မင်းကအရေးကြီးဆုံးမို့”

ဒေါသကိုထိန်းချုပ်ထားဟန်အသံဖြင့်ဆိုလာသော ဒယ်ဒီ။
ဘာပွဲမို့ သူကအရေးကြီးဆုံးလဲ။သူ့မွေးနေ့လည်းမဟုတ်တာသေချာသည်။Companyနှစ်ပတ်လည်နေ့လည်းမဟုတ်ပေ။
အဘိုးကလည်း သူ့ကိုလှမ်းပြီးအကြောင်းမကြား။

“ဘာမှလျှောက်တွေးမနေနဲ့၊ညနေတိုင်ကျ စောစောလာ၊
နောက်မကျစေနဲ့”

ငြင်းလည်းမရမကခေါ်နေဦးမှာသိသဖြင့် လာမယ်လို့သာ
ပြောလိုက်ရသည်။တကယ်ဆို အိမ်ဘက်ကိုခြေဦးမလှည့်ချင်။

………………….

“တော်ဝင်စံအိမ်”

မှန်ထဲမှာမြင်နေရတဲ့သူမမျက်နှာကပြင်ဆင်ခြယ်သထားတဲ့
မိတ်ကပ်တွေကြောင့် အရင်ကထက်ပိုလှနေသည်မှာအမှန်။

“အဒေါ့်တူမက တကယ်ကိုအချောလေးပဲ”

အခန်းတံခါးဖွင့်ကာဝင်လာသောဒေါ်လေးက
သူမကိုကြည့်ကာဆိုလာသည်။မှန်တင်ခုံမှထကာ
အဒေါ့်ဘက်လှည့်လိုက်ပြီး

“ဖြစ်ပါ့မလား ဒေါ်လေး”

သူမစကားက အရင်းမရှိ၊အဖျားမရှိပေမယ့်
ဒေါ်လေးကတော့နားလည်သူပီပီ ခေါင်းတဆတ်ဆတ်ငြိမ့်ပြ
လာပြီး ဝတ်ထားတဲ့ကိုယ်ကျပ်အက်ျီလေးကိုပြုပြင်ပေးလာ
ရင်း

“ဘာမှပူမနေနဲ့၊Royalဒီတစ်ခါဘယ်လိုမှမငြင်းနိုင်ဘူး”

“ဒါပေမယ့်…”

“ဧည့်သည်တွေစုံနေပြီ၊လာ..အောက်ဆင်းကြစို့”

အငြင်းစကားဆိုရန်ပြင်လိုက်ပေမယ့် အဒေါ်ကသူမကို
စကားစခွင့်မပေးတော့။အရင်ကစိတ်နဲ့ဆိုခုချိန်ပျော်မြူးနေမှာ
ဖြစ်ပေမယ့် Royalကိုသာမာန်လူလို့မြင်ပြီးနောက်ပိုင်း
အပိုင်မလိုချင်တော့။

Royal စံအိမ်ကိုရောက်တော့
လူအများကြီးရှိမယ်ထင်ထားပေမယ့်
ထင်ထားသလောက်မဟုတ်ပေ။
စံအိမ်မျက်နှာစာမှာ ရောင်စုံမီးအချို့နဲ့လူအချို့။
သူနောက်ကျမှရောက်လာပေမယ့် အချိန်ကောင်းရောက်လာသလိုပင်။

Company ရှယ်ယာရှင်တွေနဲ့တစ်ခြားစီးပွားရေးတွဲလုပ်တဲ့ ပါတနာတွေကိုမြင်တော့ ရိုးရိုးပွဲလို့ထင်လိုက်ပေမယ့်
သူ့ကိုမြင်တဲ့လူတွေက အနားလာပြီး
“Congratulations နော်”ဟုဆိုလာတာကြောင့်
အခြေအနေမမှန်တာကို သူရိပ်မိလိုက်ပြီ။

“ရောက်လာပြီလား”

“ဒါ…ဘာပွဲလဲ”

“မကြာခင်သိရမှာပေါ့ ငါ့သားရယ်၊
သိပ်မလောပါနဲ့”

ကျေနပ်ပြုံးကြီးနှင့်သူ့ပုခုံးကိုတစ်ချက်ပုတ်ကာဆိုလာသော
ဒယ်ဒီကြောင့် သူပုခုံးတွန့်မိသည်။အဘိုးနှင့်ဒေါ်လေးတို့လင်မယားကိုလည်း မမြင်မိ။
ဒယ်ဒီက ခနလေးပဲသူ့နားနေကာ
တစ်ခြားသို့ထွက်သွားလေသည်။

“Hey!Royal”

လက်တစ်ဖက်ယမ်းပြကာ အနားရောက်လာသောထိုက်။
ထိုက်ကသာမာန်ဝတ်စားထားသဖြင့် ပွဲလာတာမဟုတ်တာ
သေချာသည်။

“ဒါဘာပွဲလဲ”

“မင်းမသိဘူးလား Royal”

မျက်လုံးတစ်ချက်စွေကြည့်လိုက်တော့ ထိုက်ကနားလည်
သဘောပေါက်စွာ

“ငါထင်တယ်…ငါထင်တယ်၊ဦးလေးက မင်းကိုမပြောဘူးဆိုတာ”

“ဘာကိုလဲ”

“ဒါမင်းနဲ့သူယောင်မယ်ရဲ့စေ့စပ်ပွဲလေ၊အဘိုးနဲ့ငါ့မိဘတွေက
သဘောမတူလို့ ပွဲမတက်တာ”

ထိုက်စကားအဆုံး လက်သီးတင်းတင်းဆုပ်လိုက်မိသည်။

“ကြည့်ရတာ ဒီပွဲကဦးလေးဇွတ်စီစဥ်တာ၊
မင်းနဲ့ကိုနွေဆက်ဆံရေးကို ရိပ်မိသွားလို့နေမှာပေါ့”

ထိုစဥ်ပွဲထဲရောက်လာတဲ့သူယောင်မယ်ကြောင့်
အချို့ကသူတို့နှစ်ယောက်ကိုယှဥ်ကြည့်ကြကာ
ပွဲစီစဥ်သူ သဘောကျအောင်”လိုက်ဖက်လိုက်တာနော်”
ဟူသောစကားသံတွေထွက်လာသည်။

ချက်ချင်းပြန်ရင်ပြင်လိုက်ပေမယ့် သူ့လက်မောင်းကို
ထိုက်ကလှမ်းဆွဲလာကာ

“ဒီတိုင်းကြီးတော့ မပြန်နဲ့လေ Royal၊
သူတို့ကလာကစားရင် ကိုယ့်ဘက်ကလှည့်ကွက်တွေ
ထုတ်သုံးရမယ်မဟုတ်လား၊အမြင့်ကိုဆွဲတင်ပြီးမှ
အောက်ဆုံးကိုပြန်ရိုက်ချတာ ခံရအခက်ဆုံးပဲဆိုတာ
မင်းသိသားပဲ”

ထိုက်စကားအဆုံး သူရောထိုက်ပါ
နှုတ်ခမ်းတစ်ဖက်တွန့်ကွေးအောင် ပြုံးမိသည်။
ထိုအပြုံးက ကြောက်စရာကောင်းတာအမှန်။
တစ်ရက်နှစ်ရက်တော့ ပျော်ခိုင်းထားလိုက်ဦးမယ်…

ထိုညက စေ့စပ်ပွဲမှာ ရုပ်တည်ကြီးနဲ့သတို့သမီးလောင်းအနား
မကပ်သော သတို့သားလောင်းရှိခဲ့သည်။
ခေါင်းထဲမှာတော့ ဘယ်လိုရိုက်ချရမလဲတွေးတောရင်း….

………………………….

“Royal”ဆိုသော Barဆိုင်းဘုတ်ကိုကြည့်ပြီး
မဆီမဆိုင် လူဆိုးကောင်ကိုပင်သတိရသွားသည်။
ဆိုင်ထဲသို့ဝင်မလို၊ပြန်တော့မလိုလုပ်နေတဲ့သူ့ကို
လုံခြုံရေးတွေက ကွက်ကြည့်ကွက်ကြည့်နှင့်။
မဝင်လို့လည်း မဖြစ်ပေ၊စေရာက barမှာမူးရူးပြီး
မှောက်နေပြီမို့ လာခေါ်ရန်ဝန်ထမ်းကောင်လေးက
ဖုန်းဆက်လာလို့ သူဒီရောက်လာခြင်းသာ။
မဟုတ်လို့ကတော့ နွေရတုက barရှိရာအရပ်
အရိပ်ပင်အရောက်မခံတဲ့သူ။

စိတ်တင်းကာ လုံခြုံရေးတွေကိုကျော်ဝင်လာခဲ့လိုက်သည်။
တော်သေးသည်က ဒီbarကဘာပါမှ၊ညာပါမှ ဝင်လို့ရတာပါ
ဆိုပြီးမဟုတ်လို့။

အထဲရောက်တော့ ဆူညံလွန်းတဲ့အသံတွေကြောင့်
နားအုပ်မိသည်။မပေါ်တပေါ်အဝတ်တွေနဲ့ကောင်မလေး
တွေကြောင့် မဆီမဆိုင်ရှက်ရသူက သူသာလျှင်။
တစ်ချို့လူတွေကလည်း သူ့ကိုကြည့်ကာ
မသိမသာရယ်လာကြသည်မို့ သူ့ကိုယ်သူငုံ့ကြည့်လိုက်တော့
ညဝတ်နေကျ ဘောင်းဘီတိုနှင့်အက်ျီစွပ်ကျယ်ကို
လက်ရှည်ခံ၍ဝတ်လာခြင်း။

ဝန်ထမ်းကောင်လေးက ဖုန်းဆက်ကတည်းက
ဒုတိယထပ်လို့ပြောထားသဖြင့် ရောင်စုံမီးတွေနဲ့
ကခုန်နေတဲ့လူတွေကြားမှ အပေါ်ထပ်တက်ရန်လှေကားကို
မနည်းရှာရသည်။ရောက်နေကျနေရာမဟုတ်သဖြင့်
ခေါင်းကလည်းရိပ်တိတ်တိတ်နဲ့မူးနှောက်နေ၏။

…………………………

“မင်း သူယောင်မယ်ကိုတကယ်မယူရဘူးနော် Royal”

သူရထက်နိုင်က အရက်တစ်ငုံမော့သောက်ကာဖြင့်ဆိုလာ
သောကြောင့် Royalကမချေမငံကြည့်လာပြီး

“မင်းကောင်မလေးကို ငါမကြိုက်ဘူး”

“စိတ်ပူမနေစမ်းပါနဲ့ သူရရာ၊
Royalမှာ ကိုနွေတစ်ယောက်လုံးရှိတာမင်းသိသားနဲ့”

“စိတ်ပူရတာပေါ့ကွ၊
ငါက တစ်ဖက်သတ်သမားအခြေအနေပဲရှိသေးတာကို”

သူယောင်မယ်ကို သူရကချစ်ခွင့်ပန်ထားပေမယ့်
သူမဘက်ကစဥ်းစားဦးမယ်ဆိုကာ စည်းခြားထားသည်။
ယခု Royalနဲ့သူယောင်မယ်ရဲ့စေ့စပ်ပွဲဆိုတဲ့အသံကြား
တော့ သူစိတ်ပူတာမမှားပေ။

“စေရာ….စေရာမျိုးမြင့်!!”

ရင်းနှီးနေကျအသံလေးကြောင့် နောက်ခုံဝိုင်းကိုသူလှည့်ကြည့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဒေါသတွေကထောင်းခနဲ။
အလှလေးက ဘယ်လိုလုပ်ပြီးဒီလိုနေရာကို….။

“အဲ့ဒါ ကိုနွေရတုမလား”

စားပွဲဝိုင်းပေါ်ခေါင်းမှောက်နေသူကြောင့်
လက်မောင်းကဆွဲပြီးနာမည်ခေါ်နေသော်လည်း
ခေါင်းထောင်မလာသောစေရာကြောင့် နွေရတုစိတ်အိုက်လာသည်။

ဘေးဝိုင်းမှလူတွေကြည့်နေမလားအကဲခတ်လိုက်တော့
မြင်လိုက်ရတဲ့အကြည့်စူးစူးကြောင့် ဆွဲထားတဲ့စေရာ
လက်မောင်းကိုဖြုတ်ချလိုက်သည်။
လူဆိုးကောင်က သူ့ကိုစူးစိုက်ကြည့်နေတယ်။
သူကြည့်နေတုန်း လူဆိုးကောင်ကထိုင်ခုံမှထလာသောကြောင့်
ခြေဖျားလက်ဖျားတွေ အေးလာရသည်။

“လာ..လာ ခင်ဗျားလာခဲ့”

လေသံအေးနဲ့ခေါ်နေသော်ငြား ကြောက်ရသည်။
လူဆိုးကောင်က ရုပ်တည်ကြီးနဲ့မို့…။
လူဆိုးကောင်က သူ့တစ်ကိုယ်လုံးကိုအပေါ်အောက်
ကြည့်ကာ စုတ်သပ်လာသည်။

“ကျစ်….ခင်ဗျားကတော့လေ”

………………………………

(အားလုံးပဲ ဂရုစိုက်ကြပါဗျ)

Zawgyi

“ညေနက် အိမ္ျပန္လာခဲ့၊
ျဖစ္သလို ဝတ္စားမလာနဲ႕၊အေရးႀကီးတဲ့ပြဲျဖစ္လို႔
suitျဖစ္ျဖစ္ ဝတ္ခဲ့”

“ကြၽန္ေတာ္မလာဘူးဆိုရင္ေရာ”

သူ႕ရဲ႕တုံ႕ျပန္စကားေၾကာင့္ တစ္ဖက္မွလူေဒါသထြက္သြားသည္ကိုဖုန္းထဲကၾကားေနရတဲ့
တရႉးရႉးအသံေတြေၾကာင့္သိရသည္။

“မလာမျဖစ္လာရမယ္၊ဒီပြဲမွာ မင္းကအေရးႀကီးဆုံးမို႔”

ေဒါသကိုထိန္းခ်ဳပ္ထားဟန္အသံျဖင့္ဆိုလာေသာ ဒယ္ဒီ။
ဘာပြဲမို႔ သူကအေရးႀကီးဆုံးလဲ။သူ႕ေမြးေန႕လည္းမဟုတ္တာေသခ်ာသည္။Companyႏွစ္ပတ္လည္ေန႕လည္းမဟုတ္ေပ။
အဘိုးကလည္း သူ႕ကိုလွမ္းၿပီးအေၾကာင္းမၾကား။

“ဘာမွေလွ်ာက္ေတြးမေနနဲ႕၊ညေနတိုင္က် ေစာေစာလာ၊
ေနာက္မက်ေစနဲ႕”

ျငင္းလည္းမရမကေခၚေနဦးမွာသိသျဖင့္ လာမယ္လို႔သာ
ေျပာလိုက္ရသည္။တကယ္ဆို အိမ္ဘက္ကိုေျခဦးမလွည့္ခ်င္။

………………….

“ေတာ္ဝင္စံအိမ္”

မွန္ထဲမွာျမင္ေနရတဲ့သူမမ်က္ႏွာကျပင္ဆင္ျခယ္သထားတဲ့
မိတ္ကပ္ေတြေၾကာင့္ အရင္ကထက္ပိုလွေနသည္မွာအမွန္။

“အေဒၚ့တူမက တကယ္ကိုအေခ်ာေလးပဲ”

အခန္းတံခါးဖြင့္ကာဝင္လာေသာေဒၚေလးက
သူမကိုၾကည့္ကာဆိုလာသည္။မွန္တင္ခုံမွထကာ
အေဒၚ့ဘက္လွည့္လိုက္ၿပီး

“ျဖစ္ပါ့မလား ေဒၚေလး”

သူမစကားက အရင္းမရွိ၊အဖ်ားမရွိေပမယ့္
ေဒၚေလးကေတာ့နားလည္သူပီပီ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပ
လာၿပီး ဝတ္ထားတဲ့ကိုယ္က်ပ္အက္်ီေလးကိုျပဳျပင္ေပးလာ
ရင္း

“ဘာမွပူမေနနဲ႕၊Royalဒီတစ္ခါဘယ္လိုမွမျငင္းနိုင္ဘူး”

“ဒါေပမယ့္…”

“ဧည့္သည္ေတြစုံေနၿပီ၊လာ..ေအာက္ဆင္းၾကစို႔”

အျငင္းစကားဆိုရန္ျပင္လိုက္ေပမယ့္ အေဒၚကသူမကို
စကားစခြင့္မေပးေတာ့။အရင္ကစိတ္နဲ႕ဆိုခုခ်ိန္ေပ်ာ္ျမဴးေနမွာ
ျဖစ္ေပမယ့္ Royalကိုသာမာန္လူလို႔ျမင္ၿပီးေနာက္ပိုင္း
အပိုင္မလိုခ်င္ေတာ့။

Royal စံအိမ္ကိုေရာက္ေတာ့
လူအမ်ားႀကီးရွိမယ္ထင္ထားေပမယ့္
ထင္ထားသေလာက္မဟုတ္ေပ။
စံအိမ္မ်က္ႏွာစာမွာ ေရာင္စုံမီးအခ်ိဳ႕နဲ႕လူအခ်ိဳ႕။
သူေနာက္က်မွေရာက္လာေပမယ့္ အခ်ိန္ေကာင္းေရာက္လာသလိုပင္။

Company ရွယ္ယာရွင္ေတြနဲ႕တစ္ျခားစီးပြားေရးတြဲလုပ္တဲ့ ပါတနာေတြကိုျမင္ေတာ့ ရိုးရိုးပြဲလို႔ထင္လိုက္ေပမယ့္
သူ႕ကိုျမင္တဲ့လူေတြက အနားလာၿပီး
“Congratulations ေနာ္”ဟုဆိုလာတာေၾကာင့္
အေျခအေနမမွန္တာကို သူရိပ္မိလိုက္ၿပီ။

“ေရာက္လာၿပီလား”

“ဒါ…ဘာပြဲလဲ”

“မၾကာခင္သိရမွာေပါ့ ငါ့သားရယ္၊
သိပ္မေလာပါနဲ႕”

ေက်နပ္ၿပဳံးႀကီးႏွင့္သူ႕ပုခုံးကိုတစ္ခ်က္ပုတ္ကာဆိုလာေသာ
ဒယ္ဒီေၾကာင့္ သူပုခုံးတြန့္မိသည္။အဘိုးႏွင့္ေဒၚေလးတို႔လင္မယားကိုလည္း မျမင္မိ။
ဒယ္ဒီက ခနေလးပဲသူ႕နားေနကာ
တစ္ျခားသို႔ထြက္သြားေလသည္။

“Hey!Royal”

လက္တစ္ဖက္ယမ္းျပကာ အနားေရာက္လာေသာထိုက္။
ထိုက္ကသာမာန္ဝတ္စားထားသျဖင့္ ပြဲလာတာမဟုတ္တာ
ေသခ်ာသည္။

“ဒါဘာပြဲလဲ”

“မင္းမသိဘူးလား Royal”

မ်က္လုံးတစ္ခ်က္ေစြၾကည့္လိုက္ေတာ့ ထိုက္ကနားလည္
သေဘာေပါက္စြာ

“ငါထင္တယ္…ငါထင္တယ္၊ဦးေလးက မင္းကိုမေျပာဘူးဆိုတာ”

“ဘာကိုလဲ”

“ဒါမင္းနဲ႕သူေယာင္မယ္ရဲ႕ေစ့စပ္ပြဲေလ၊အဘိုးနဲ႕ငါ့မိဘေတြက
သေဘာမတူလို႔ ပြဲမတက္တာ”

ထိုက္စကားအဆုံး လက္သီးတင္းတင္းဆုပ္လိုက္မိသည္။

“ၾကည့္ရတာ ဒီပြဲကဦးေလးဇြတ္စီစဥ္တာ၊
မင္းနဲ႕ကိုႏြေဆက္ဆံေရးကို ရိပ္မိသြားလို႔ေနမွာေပါ့”

ထိုစဥ္ပြဲထဲေရာက္လာတဲ့သူေယာင္မယ္ေၾကာင့္
အခ်ိဳ႕ကသူတို႔ႏွစ္ေယာက္ကိုယွဥ္ၾကည့္ၾကကာ
ပြဲစီစဥ္သူ သေဘာက်ေအာင္”လိုက္ဖက္လိုက္တာေနာ္”
ဟူေသာစကားသံေတြထြက္လာသည္။

ခ်က္ခ်င္းျပန္ရင္ျပင္လိုက္ေပမယ့္ သူ႕လက္ေမာင္းကို
ထိုက္ကလွမ္းဆြဲလာကာ

“ဒီတိုင္းႀကီးေတာ့ မျပန္နဲ႕ေလ Royal၊
သူတို႔ကလာကစားရင္ ကိုယ့္ဘက္ကလွည့္ကြက္ေတြ
ထုတ္သုံးရမယ္မဟုတ္လား၊အျမင့္ကိုဆြဲတင္ၿပီးမွ
ေအာက္ဆုံးကိုျပန္ရိုက္ခ်တာ ခံရအခက္ဆုံးပဲဆိုတာ
မင္းသိသားပဲ”

ထိုက္စကားအဆုံး သူေရာထိုက္ပါ
ႏႈတ္ခမ္းတစ္ဖက္တြန့္ေကြးေအာင္ ၿပဳံးမိသည္။
ထိုအၿပဳံးက ေၾကာက္စရာေကာင္းတာအမွန္။

ထိုညက ေစ့စပ္ပြဲမွာ ႐ုပ္တည္ႀကီးနဲ႕သတို႔သမီးေလာင္းအနား
မကပ္ေသာ သတို႔သားေလာင္းရွိခဲ့သည္။
ေခါင္းထဲမွာေတာ့ ဘယ္လိုရိုက္ခ်ရမလဲေတြးေတာရင္း….

………………………….

“Royal”ဆိုေသာ Barဆိုင္းဘုတ္ကိုၾကည့္ၿပီး
မဆီမဆိုင္ လူဆိုးေကာင္ကိုပင္သတိရသြားသည္။
ဆိုင္ထဲသို႔ဝင္မလို၊ျပန္ေတာ့မလိုလုပ္ေနတဲ့သူ႕ကို
လုံၿခဳံေရးေတြက ကြက္ၾကည့္ကြက္ၾကည့္ႏွင့္။
မဝင္လို႔လည္း မျဖစ္ေပ၊ေစရာက barမွာမူး႐ူးၿပီး
ေမွာက္ေနၿပီမို႔ လာေခၚရန္ဝန္ထမ္းေကာင္ေလးက
ဖုန္းဆက္လာလို႔ သူဒီေရာက္လာျခင္းသာ။
မဟုတ္လို႔ကေတာ့ ႏြေရတုက barရွိရာအရပ္
အရိပ္ပင္အေရာက္မခံတဲ့သူ။

စိတ္တင္းကာ လုံၿခဳံေရးေတြကိုေက်ာ္ဝင္လာခဲ့လိုက္သည္။
ေတာ္ေသးသည္က ဒီbarကဘာပါမွ၊ညာပါမွ ဝင္လို႔ရတာပါ
ဆိုၿပီးမဟုတ္လို႔။

အထဲေရာက္ေတာ့ ဆူညံလြန္းတဲ့အသံေတြေၾကာင့္
နားအုပ္မိသည္။မေပၚတေပၚအဝတ္ေတြနဲ႕ေကာင္မေလး
ေတြေၾကာင့္ မဆီမဆိုင္ရွက္ရသူက သူသာလွ်င္။
တစ္ခ်ိဳ႕လူေတြကလည္း သူ႕ကိုၾကည့္ကာ
မသိမသာရယ္လာၾကသည္မို႔ သူ႕ကိုယ္သူငုံ႕ၾကည့္လိုက္ေတာ့
ညဝတ္ေနက် ေဘာင္းဘီတိုႏွင့္အက္်ီစြပ္က်ယ္ကို
လက္ရွည္ခံ၍ဝတ္လာျခင္း။

ဝန္ထမ္းေကာင္ေလးက ဖုန္းဆက္ကတည္းက
ဒုတိယထပ္လို႔ေျပာထားသျဖင့္ ေရာင္စုံမီးေတြနဲ႕
ကခုန္ေနတဲ့လူေတြၾကားမွ အေပၚထပ္တက္ရန္ေလွကားကို
မနည္းရွာရသည္။ေရာက္ေနက်ေနရာမဟုတ္သျဖင့္
ေခါင္းကလည္းရိပ္တိတ္တိတ္နဲ႕မူးႏွောက္ေန၏။

…………………………

“မင္း သူေယာင္မယ္ကိုတကယ္မယူရဘူးေနာ္ Royal”

သူရထက္နိုင္က အရက္တစ္ငုံေမာ့ေသာက္ကာျဖင့္ဆိုလာ
ေသာေၾကာင့္ Royalကမေခ်မငံၾကည့္လာၿပီး

“မင္းေကာင္မေလးကို ငါမႀကိဳက္ဘူး”

“စိတ္ပူမေနစမ္းပါနဲ႕ သူရရာ၊
Royalမွာ ကိုႏြေတစ္ေယာက္လုံးရွိတာမင္းသိသားနဲ႕”

“စိတ္ပူရတာေပါ့ကြ၊
ငါက တစ္ဖက္သတ္သမားအေျခအေနပဲရွိေသးတာကို”

သူေယာင္မယ္ကို သူရကခ်စ္ခြင့္ပန္ထားေပမယ့္
သူမဘက္ကစဥ္းစားဦးမယ္ဆိုကာ စည္းျခားထားသည္။
ယခု Royalနဲ႕သူေယာင္မယ္ရဲ႕ေစ့စပ္ပြဲဆိုတဲ့အသံၾကား
ေတာ့ သူစိတ္ပူတာမမွားေပ။

“ေစရာ….ေစရာမ်ိဳးျမင့္!!”

ရင္းႏွီးေနက်အသံေလးေၾကာင့္ ေနာက္ခုံဝိုင္းကိုသူလွည့္ၾကည့္လိုက္ေတာ့ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ေဒါသေတြကေထာင္းခနဲ။
အလွေလးက ဘယ္လိုလုပ္ၿပီးဒီလိုေနရာကို….။

“အဲ့ဒါ ကိုႏြေရတုမလား”

စားပြဲဝိုင္းေပၚေခါင္းေမွာက္ေနသူေၾကာင့္
လက္ေမာင္းကဆြဲၿပီးနာမည္ေခၚေနေသာ္လည္း
ေခါင္းေထာင္မလာေသာေစရာေၾကာင့္ ႏြေရတုစိတ္အိုက္လာသည္။

ေဘးဝိုင္းမွလူေတြၾကည့္ေနမလားအကဲခတ္လိုက္ေတာ့
ျမင္လိုက္ရတဲ့အၾကည့္စူးစူးေၾကာင့္ ဆြဲထားတဲ့ေစရာ
လက္ေမာင္းကိုျဖဳတ္ခ်လိဳက္သည္။
လူဆိုးေကာင္က သူ႕ကိုစူးစိုက္ၾကည့္ေနတယ္။
သူၾကည့္ေနတုန္း လူဆိုးေကာင္ကထိုင္ခုံမွထလာေသာေၾကာင့္
ေျခဖ်ားလက္ဖ်ားေတြ ေအးလာရသည္။

“လာ..လာ ခင္ဗ်ားလာခဲ့”

ေလသံေအးနဲ႕ေခၚေနေသာ္ျငား ေၾကာက္ရသည္။
လူဆိုးေကာင္က ႐ုပ္တည္ႀကီးနဲ႕မို႔…။
လူဆိုးေကာင္က သူ႕တစ္ကိုယ္လုံးကိုအေပၚေအာက္
ၾကည့္ကာ စုတ္သပ္လာသည္။

“က်စ္….ခင္ဗ်ားကေတာ့ေလ”

………………………………

(အားလုံးပဲ ဂ႐ုစိုက္ၾကပါဗ်)

Tags: read novel Royal Husband 28, novel Royal Husband 28, read Royal Husband 28 online, Royal Husband 28 chapter, Royal Husband 28 high quality, Royal Husband 28 light novel, ,

Comment

Leave a Reply

Chapter 29