Royal Husband 29

All chapters are in Royal Husband
A+ A-

“ကိုစေ….ဟင့်”

ညကအရက်အလွန်အကျွံသောက်ထားသဖြင့်
မနက်ရောက်တော့ ခေါင်းမကြည်။
သံပုရာရည်တစ်ခွက်သောက်ကာ အိမ်ရှေ့ထိုင်နေတုန်း
မယ့်ထံမှဖုန်းလာသဖြင့် ကိုင်လိုက်တော့
ငိုရှိုက်သံနဲ့ကြိုဆိုလေတဲ့ ညီမဖြစ်သူ။

“မယ် ဘာဖြစ်တာလဲ”

အလောတကြီးဆိုမိသည်က ညီမငယ်ကိုစိတ်ပူနေသောကြောင့်။

“မယ်လက်မထပ်ချင်ဘူး…ကိုစေ..ဟင့်”

ငိုသံနှင့်ဗလုံးဗထွေးဆိုလာသူကြောင့် အတွေးများရသူက
စေရာမျိုးမြင့်ပင်။အမေက မယ့်ကိုအတင်းအကြပ်များ
လက်ထပ်ခိုင်းနေတာလား။

“မယ်ဘာဖြစ်တာလဲ၊အစ်ကို့ကိုသေချာပြော”

မယ်က အကြောင်းစုံပြောပြလာပြီး ရှိုက်ငိုနေပြန်ပါသည်။
စေရာအကြောင်းစုံလည်းသိရော မယ့်ကိုသနားသည့်အပြင်
ပထမဆုံးအကြိမ် အမေ့ကိုစိတ်ပျက်မိခြင်း။
သူသာ ထိုစေ့စပ်ပွဲအကြောင်းသိရင် ကန့်ကွက်မည်ကိုသိသဖြင့် သူ့ကိုမဖိတ်ခြင်းသာဖြစ်မည်။

“မယ်ဘယ်လိုလုပ်ရမလဲဟင် ကိုစေ၊
သူက မယ့်ကိုတစ်မျိုးထင်သွားရင် ဘယ်လိုလုပ်ရမလဲဟင်”

“သူ…ဘယ်သူလဲ မယ်”

“သူ…သူရထက်နိုင်”

ယုံကြည်ရတဲ့သူမို့ မယ် ကိုစေ့ကိုဖွင့်ဟဝန်ခံမိသည်။
ဒေါ်လေးစကားမပယ်ရှားနိုင်လို့ စေ့စပ်ပွဲကိုလက်ခံလိုက်ရ
ပေမယ့် မယ်နဲ့စေ့စပ်တဲ့သူက Royalဖြစ်သည့်အလျောက်
သူရထက်နိုင်သိသွားမည်မှာ မလွဲဧကန်။
အရင်ကစိတ်ကစားလို့ Royalအပေါ်ခံစားချက်ရှိခဲ့ပေမယ့်
အခုမယ်တကယ်ချစ်တာက သူရထက်နိုင်ကိုပင်။
မယ့်ကို တန်ဖိုးထားပြီးချစ်ပေးတဲ့သူကို
မယ် လက်လွှတ်ခံအဆုံးရှုံးမခံနိုင်။

“မငိုနဲ့တော့နော် မယ်၊
အစ်ကိုက အားလုံးပြေလည်သွားအောင်ဖြေရှင်းပေးမှာမို့
ဘာမှစိတ်ပူမနေနဲ့”

“ဟုတ်…ကိုစေ”

“မယ်ချစ်ရတဲ့သူနဲ့ပေါင်းဖက်ရမှာပါ…အစ်ကို့ကိုယုံ”

မယ့်ကိုသာ ချစ်ရသူနဲ့အဆင်ပြေဖို့ သူကတိပေးလိုက်နိုင်ပေမယ့် သူကတော့
ဒီတစ်သက်ချစ်ရသူနဲ့မနီးစပ်နိုင်တော့တာကိုတွေးမိရင်
နှလုံးသားကဆစ်ခနဲနာသည်။

……………………………..

“ရပ်သင့်ပြီ အမေ”

“ဘာကိုလဲ”

“အမေ့လုပ်ရပ်တွေကိုပေါ့”

သူ့စကားကိုအဖက်မလုပ်စွာ အေးအေးသက်သာပြန်ဆိုလာသူကြောင့်
စေရာမျက်မှောင်ကုတ်မိသည်။

“ဘာလဲ…စေ့စပ်တဲ့ကိစ္စလား၊
အဲ့ပွဲငါစီစဥ်တာမဟုတ်ဘူး၊ဦးဇာနည်တော်ဝင်စီစဥ်တာ”

“အမေက ကြံရာပါမလား”

“ငါ့တူမကောင်းစားမယ့်ကိစ္စကို ကန့်ကွက်စရာလား၊
မင်းသာ ဟိုကောင်လေးနားကပ်မနေဘဲ ရှေ့ဆက်ဘယ်လို
တိုးတက်အောင်လုပ်မလဲဆိုတာ တွေးဦး”

သူ့အပိုင်တိုက်ခန်းဖြစ်သဖြင့် လေသံကျယ်သွားမှာလည်း
မစိုးရိမ်ရပေ။မိသားစုကိစ္စကို အပြင်မှာပြောလို့မကောင်း၍
သူ့တိုက်ခန်းမှာ သောင်တင်နေခြင်းသာ။

“ဦးဇာနည်က မယ့်ကိုအသုံးချနေတာကို အမေသိတယ်မလား”

“အို…အသုံးချတယ်ဆိုဆိုဘာဆိုဆို
အဆုံးသတ်ကျ မင်းညီမကောင်းစားမှာပဲမဟုတ်လား”

“အမေ နားမလည်ဘူး”

“ဘာကိုလဲ”

ခေါင်းတယမ်းယမ်းနဲ့စိတ်ပျက်လက်ပျက်ညည်းညူနေသော
သူ့ကို အမေကနားမလည်စွာကြည့်နေသည်။

“ကျွန်တော်တို့ကို အမေနားမလည်သေးဘူးပဲ”

“စကားဝှက်တွေလုပ်မနေနဲ့ စေရာမျိုးမြင့်၊
မင်းဘာပြောချင်တာလဲ”

“မပျော်ဘူး…အမေ၊မယ်မပျော်ဘူး”

သူ့စကားအဆုံး အနည်းငယ်တင်းနေတဲ့ဒေါ်မိုးကလျာမျက်
နှာက ပြေလျော့သွားသလိုပင်။

“မယ့်မှာချစ်သူရှိတယ် အမေ၊
သူRoyalကို သဘောမကျဘူး”

“အို…အရင်ကလဲRoyalကို ကြိုက်ဖူးတာပဲ၊
ပူမနေနဲ့…နောက်တိုင်ကျ Royalကိုပြန်ကြိုက်သွားလိမ့်မယ်”

“အမေ့!!!”

စေရာ တကယ်ပင်စိတ်တိုသွားရခြင်း။
အမေက မယ့်ကိုဘယ်လိုတွေးနေတာလဲ။
အမေက သူတို့ကိုတကယ်နားမလည်တော့တာ
အမှန်တကယ်။

“မယ့်ကိုဘယ်လိုအတန်းအစားထင်နေတာလဲ၊
အရင်က Royalကိုမယ်သဘောကျတယ်ဆိုတာ
အနေနီးတာကြောင့်လဲဖြစ်နိုင်သလို အမေ့ရဲ့
တိုက်တွန်းမှုတွေကြောင့်လဲ ဖြစ်နိုင်တယ်မလား၊
တစ်ခါတလေ ကျွန်တော်တွေးမိတယ်၊
အမေ မယ့်ကိုငယ်တုန်းကကျွေးမွေးလာတာ
ကြီးလာရင် ဒီလိုသူဌေးသားဆီ ထိုးကျွေးဖို့လား!”

“ဖြန်း!”

ပြင်းထန်လွန်းတဲ့ရိုက်ချက်ကြောင့် သူ့မျက်နှာပင်
လည်ထွက်သွားရသည်။အမေ့ကိုကြည့်လိုက်တော့
ဒေါသထွက်နေသည်မှာ ကိုယ်ပင်တဆတ်ဆတ်တုန်လို့နေ၏။

“ကျွန်တော်ပြောတာ မဟုတ်လို့လား၊
အမေ့ရဲ့အတောမသတ်နိုင်တဲ့လောဘတွေကြောင့်
မယ်ကမြေစာပင်ဖြစ်တော့မယ်လေ”

“ငါ့စေတနာတွေကို မစော်ကားနဲ့ စေရာမျိုးမြင့်!!
ဘယ်သူ့ကြောင့်လဲ..ဘယ်သူတွေကြောင့်ငါက ဒီစည်းစိမ်
တွေကို တက်မက်နေရတာလဲဆိုတာ မသိဘူးလား၊
မင်းတို့ကြောင့်လေ..မင်းနဲ့မယ့်ကြောင့် အဲ့အိမ်မှာ
ငါက ခယပြီးနေနေရတာ”

ဒေါ်မိုးကလျာက ပြောလည်းပြောငိုလည်းငိုပင်။
သူမတင်မဟုတ်၊စေရာမျိုးမြင့်ပါ မျက်ရည်ကျသည်။
မယ်က တူမဆိုသော်ငြား သူမအတွက်တော့
သမီးအရင်းလိုသာ။ကလေးတွေငယ်စဥ်က
ထမင်းတစ်နပ်ကျွေးနိုင်ဖို့ သူမဘယ်လောက်အပင်ပန်း
ဆင်းရဲခဲ့သလဲတွေးမိရင် ရင်တဆစ်ဆစ်နာသည်။
အသုံးမကျလေတဲ့အရက်သမားကိုချစ်ကြိုက်လို့
ယူမိတာ နောင်တရလို့မဆုံး။ထိုအချိန်မှာပဲ
အချစ်ကသူမအတွက် အရေးမပါတော့။

“Royalကိုရလို့ မယ်မပျော်သလို
စည်းစိမ်တွေရလို့လဲ ကျွန်တော်မပျော်ဘူး အမေ၊
အခုအခြေအနေထက် အရင်ကအိမ်စုတ်မှာ
အမေကိုယ်တိုင်ချက်ကျွေးတဲ့ထမင်းစားခဲ့ချိန်က
အပျော်ဆုံးပဲ”

“အဲ့အိမ်မှာ အမုန်းခံပေကပ်ပြီး ထီမထင်သလို
စော်ကားပြောခံခဲ့ရတဲ့အချိန်တွေက အလကားဖြစ်သွားမှာ
ပေါ့”

“Royalနေရာမှာ ကျွန်တော်သာဆိုရင်လဲ
အမေ့ကိုမုန်းမိမှာ”

ဒေါ်မိုးကလျာက စေရာ့စကားကြားတော့ထိတ်လန့်သွားသည်။

“ဘယ်သူ့ကိုမှ ကိုယ့်အမေနေရာအစားထိုးမနိုင်ဘူး၊
ကျွန်တော်ဆိုရင်လဲ အမေ့နေရာမှာတစ်ခြားတစ်ယောက်ကို
လက်မခံနိုင်ဘူး အမေ၊Royalအမေကို အမေသတ်တာ
မဟုတ်ဘူးလို့ဘယ်လိုပဲဆိုဆို သေရတဲ့အကြောင်းအရင်းက
အမေ့ပယောဂမကင်းဘူးမလား၊Royal အမေ့ကို
မမုန်းဘူးဆိုတာကမှ အထူးအဆန်းလိုဖြစ်နေမှာ၊
ပြီးတော့ Royalဘက်ကစပြီး အမေ့ကိုစော်ကား
ပြောဆိုခဲ့တာ တစ်ခါမှမရှိဘူး အမေ”

မှန်သောစကားတွေကြောင့် သူမငြိမ်သွားသည်။
Royalအမေသေရတာ သူမပဘောဂမကင်းတာမှန်တယ်။
ဒါပေမယ့် သူမ မသတ်ဘူး။နောက်ပြီး သူမဘက်က
အရင်နှောက်ယှက်လို့ Royalဘက်ကစကားရိုင်းတာလည်း
မှန်သည်။အတွေးများနေတဲ့သူမက လက်ကိုလာထိတဲ့
သားကြောင့် မော့ကြည့်လိုက်တော့ သားကသူမကို
နူးနူးညံ့ညံ့စူးစိုက်ကြည့်နေလေသည်။

“အမေက သန်မာတဲ့သူပါ၊
ကိုယ့်ကိုမကြင်နာတဲ့သူတွေအနားမှာ ခိုကပ်နေဖို့မလိုဘူးမလား၊ပြန်သွားရအောင် အမေ”

“ဟမ်”

“ဟိုးအရင်က ပျော်စရာကောင်းတဲ့အချိန်တွေဆီပြန်သွားကြရအောင် အမေရယ်..ကျွန်တော်ရယ်…မယ်ရယ်ပေါ့၊
ကျွန်တော်က အမေနဲ့မယ့်ကိုတော့ ဝမ်းဝအောင်
လုပ်​ကျွေးနိုင်ပါပြီ”

ပြုံးပြလာသောသားရဲ့ပါးတွေကို ခပ်ဖွဖွပွတ်သပ်မိသည်။
တကယ်ပဲ ဟိုးအရင်အချိန်တွေကိုပြန်သွားရင် ကောင်းမလား။

…………………………..

Royal အခုအလှလေးရဲ့ဆိုင်ရှေ့မှာထိုင်နေခြင်းဖြစ်သည်။
မနေ့ညက ဘားရောက်လာတဲ့အလှလေးကိုအိမ်ရောက်တော့
စိတ်မထိန်းနိုင်ဘဲ နမ်းမိသွားလို့စိတ်ဆိုးပြီး
ဆိုင်ထဲအဝင်မခံခြင်း။ဒါကြောင့် သူ့မှာဆိုင်ရှေ့
ယောင်လည်လည်နဲ့သာ။

Royalတစ်ယောက်ထဲ ယောင်လည်လည်ဖြစ်နေတာတော့
မဟုတ်ပေ။နွေရတုလည်း ဆိုင်တွင်းထဲမှာဟိုဟာလုပ်၊
ဒီဟာလုပ်ဖြင့် ဆိုင်ပြင်ကလူဆိုးကောင်ကို
ခိုးကြည့်နေသည်မှာ မရေမတွက်နိုင်အောင်ပင်။

“ဟေးးးငါ့သူငယ်ချင်းလေး သနားလိုက်တာ”

ခနဲ့တဲ့တဲ့ဆိုလာသူကြောင့် သူကြည့်လိုက်တော့
နေရောင်က ခပ်ပြုံးပြုံးနှင့်။

“အာရုံလာမစားနဲ့ကွာ”

“မင်းဖြစ်နေတဲ့ပုံ သဘောကျလို့ ဟားးဟားးးဟားးး”

နေရောင်က ဆိုင်အရိပ်ကျတဲ့နေရာမှာရပ်ပြောနေတာဖြစ်ပြီး
Royalက မျက်နှာချင်းဆိုင်ရပ်နေသည်။ထိုစဥ်…နေရောင့်
မျက်လုံးထောင့်ဘက်က မူမမှန်တာတစ်ခုကိုမြင်လိုက်ရသည်

“Royal!!ဘေးဖယ်”

သူ့စကားကြောင့် Royalကကြောင်အအဖြစ်သွားကာ
နေရောင်ကြည့်ရာဘက်ကိုကြည့်လိုက်တော့ သူ့ဆီသို့
အရှိန်ပြင်းစွာဦးတည်လာတဲ့ ကားတစ်စီး။
ငယ်ငယ်တုန်းက accidentနဲ့အနည်းငယ်ဆင်နေသော
ကြောင့် သူကြောင်အစွာရပ်နေမိသည်။

သူ့ဆီဦးတည်လာတဲ့ကား..အရှိန်ပြင်းတယ်…နီးစပ်လာပြီ

“Royal!!”

“ယောက်ျား!!”

ခေါ်သံနဲ့အတူလဲကျသွားတဲ့ သူ့ကိုယ်။
နေရောင်ခြည်က ကြောင်အစွာကြည့်နေတဲ့ Royalကို
လှမ်းဆွဲလိုက်လို့ လဲကျသွားခြင်းပင်။
နေရောင်ဆွဲလို့ လွတ်သည်ဆိုပေမယ့်
ကားက သူ့အနားရောက်မှတစ်ဖက်သို့ကွေ့ကာမောင်းနှင်သွား
ခြင်းကြောင့်။ကြည့်ရတာ သူ့ကိုခြောက်လှန့်ဖို့ပဲရည်ရွယ်သည်ထင်။

“Royal ဘာဖြစ်သွားသေးလဲ”

အသိစိတ်ဝင်လာပြီဖြစ်သဖြင့် နေရောင်ကိုသူဘာမှမဖြစ်ကြောင်းခေါင်းခါပြနေတုန်း
ဆိုင်တံခါးဖွင့်ကာ သူ့ကိုပြေးဖက်လာတဲ့အလှလေးကြောင့်
ကြောင်သွားရသည်။

“ဘာလို့မရှောင်တာလဲ လူဆိုးကောင်ရဲ့၊
တိုက်မိသွားရင် ဘယ်လိုလုပ်မတုန်း”

အသံလေးကတုန်နေသဖြင့် ခုနကမြင်ကွင်းကို
အလှလေးမြင်သွားတာ သေချာသည်။အလန့်ပြေစေရန်
ကျောပြင်ငယ်လေးကို ပွတ်သပ်ပေးလိုက်ပြီး

“စိတ်ပူတယ်ပေါ့”

“ပူတာပေါ့”

“ဘာလို့လဲ”

“ချစ်လို့ပေါ့ လူဆိုးကောင်ရဲ့!!”

ခေါင်းထောင်လာပြီးဆိုလာသူ။
ကြားလိုက်ရတဲ့စကားကို သူမယုံနိုင်။

“အမ်”

ခုမှသူ့ပါးစပ်ကထွက်သွားတဲ့စကားကိုရိပ်မိသွားတဲ့အလှလေး။

“ဟို…ဟို”

ရှက်နေသူအား အသည်းယားစွာရင်ခွင်ထဲက
လူကောင်ပေါက်စလေးကို ခပ်တင်းတင်းပွေ့ဖက်လိုက်သည်။

ရူးရတော့မှာပါပဲ~~

………………………

(အိုက်ယားးးးအလှလေးကဖွင့်ဟလိုက်ပြီ။
ဒါနဲ့ ရှည်ရှည်လေးရေးပေးထားတယ်နော်)

Zawgyi

“ကိုေစ….ဟင့္”

ညကအရက္အလြန္အကြၽံေသာက္ထားသျဖင့္
မနက္ေရာက္ေတာ့ ေခါင္းမၾကည္။
သံပုရာရည္တစ္ခြက္ေသာက္ကာ အိမ္ေရွ႕ထိုင္ေနတုန္း
မယ့္ထံမွဖုန္းလာသျဖင့္ ကိုင္လိုက္ေတာ့
ငိုရွိုက္သံနဲ႕ႀကိဳဆိုေလတဲ့ ညီမျဖစ္သူ။

“မယ္ ဘာျဖစ္တာလဲ”

အေလာတႀကီးဆိုမိသည္က ညီမငယ္ကိုစိတ္ပူေနေသာေၾကာင့္။

“မယ္လက္မထပ္ခ်င္ဘူး…ကိုေစ..ဟင့္”

ငိုသံႏွင့္ဗလုံးဗေထြးဆိုလာသူေၾကာင့္ အေတြးမ်ားရသူက
ေစရာမ်ိဳးျမင့္ပင္။အေမက မယ့္ကိုအတင္းအၾကပ္မ်ား
လက္ထပ္ခိုင္းေနတာလား။

“မယ္ဘာျဖစ္တာလဲ၊အစ္ကို႔ကိုေသခ်ာေျပာ”

မယ္က အေၾကာင္းစုံေျပာျပလာၿပီး ရွိုက္ငိုေနျပန္ပါသည္။
ေစရာအေၾကာင္းစုံလည္းသိေရာ မယ့္ကိုသနားသည့္အျပင္
ပထမဆုံးအႀကိမ္ အေမ့ကိုစိတ္ပ်က္မိျခင္း။
သူသာ ထိုေစ့စပ္ပြဲအေၾကာင္းသိရင္ ကန့္ကြက္မည္ကိုသိသျဖင့္ သူ႕ကိုမဖိတ္ျခင္းသာျဖစ္မည္။

“မယ္ဘယ္လိုလုပ္ရမလဲဟင္ ကိုေစ၊
သူက မယ့္ကိုတစ္မ်ိဳးထင္သြားရင္ ဘယ္လိုလုပ္ရမလဲဟင္”

“သူ…ဘယ္သူလဲ မယ္”

“သူ…သူရထက္နိုင္”

ယုံၾကည္ရတဲ့သူမို႔ မယ္ ကိုေစ့ကိုဖြင့္ဟဝန္ခံမိသည္။
ေဒၚေလးစကားမပယ္ရွားနိုင္လို႔ ေစ့စပ္ပြဲကိုလက္ခံလိုက္ရ
ေပမယ့္ မယ္နဲ႕ေစ့စပ္တဲ့သူက Royalျဖစ္သည့္အေလ်ာက္
သူရထက္နိုင္သိသြားမည္မွာ မလြဲဧကန္။
အရင္ကစိတ္ကစားလို႔ Royalအေပၚခံစားခ်က္ရွိခဲ့ေပမယ့္
အခုမယ္တကယ္ခ်စ္တာက သူရထက္နိုင္ကိုပင္။
မယ့္ကို တန္ဖိုးထားၿပီးခ်စ္ေပးတဲ့သူကို
မယ္ လက္လႊတ္ခံအဆုံးရႈံးမခံနိုင္။

“မငိုနဲ႕ေတာ့ေနာ္ မယ္၊
အစ္ကိုက အားလုံးေျပလည္သြားေအာင္ေျဖရွင္းေပးမွာမို႔
ဘာမွစိတ္ပူမေနနဲ႕”

“ဟုတ္…ကိုေစ”

“မယ္ခ်စ္ရတဲ့သူနဲ႕ေပါင္းဖက္ရမွာပါ…အစ္ကို႔ကိုယုံ”

မယ့္ကိုသာ ခ်စ္ရသူနဲ႕အဆင္ေျပဖို႔ သူကတိေပးလိုက္နိုင္ေပမယ့္ သူကေတာ့
ဒီတစ္သက္ခ်စ္ရသူနဲ႕မနီးစပ္နိုင္ေတာ့တာကိုေတြးမိရင္
ႏွလုံးသားကဆစ္ခနဲနာသည္။

……………………………..

“ရပ္သင့္ၿပီ အေမ”

“ဘာကိုလဲ”

“အေမ့လုပ္ရပ္ေတြကိုေပါ့”

သူ႕စကားကိုအဖက္မလုပ္စြာ ေအးေအးသက္သာျပန္ဆိုလာသူေၾကာင့္
ေစရာမ်က္ေမွာင္ကုတ္မိသည္။

“ဘာလဲ…ေစ့စပ္တဲ့ကိစ္စလား၊
အဲ့ပြဲငါစီစဥ္တာမဟုတ္ဘူး၊ဦးဇာနည္ေတာ္ဝင္စီစဥ္တာ”

“အေမက ႀကံရာပါမလား”

“ငါ့တူမေကာင္းစားမယ့္ကိစ္စကို ကန့္ကြက္စရာလား၊
မင္းသာ ဟိုေကာင္ေလးနားကပ္မေနဘဲ ေရွ႕ဆက္ဘယ္လို
တိုးတက္ေအာင္လုပ္မလဲဆိုတာ ေတြးဦး”

သူ႕အပိုင္တိုက္ခန္းျဖစ္သျဖင့္ ေလသံက်ယ္သြားမွာလည္း
မစိုးရိမ္ရေပ။မိသားစုကိစ္စကို အျပင္မွာေျပာလို႔မေကာင္း၍
သူ႕တိုက္ခန္းမွာ ေသာင္တင္ေနျခင္းသာ။

“ဦးဇာနည္က မယ့္ကိုအသုံးခ်ေနတာကို အေမငိတယ္မလား”

“အို…အသုံးခ်တယ္ဆိုဆိုဘာဆိုဆို
အဆုံးသတ္က် မင္းညီမေကာင္းစားမွာပဲမဟုတ္လား”

“အေမ နားမလည္ဘူး”

“ဘာကိုလဲ”

ေခါင္းတယမ္းယမ္းနဲ႕စိတ္ပ်က္လက္ပ်က္ညည္းၫူေနေသာ
သူ႕ကို အေမကနားမလည္စြာၾကည့္ေနသည္။

“ကြၽန္ေတာ္တို႔ကို အေမနားမလည္ေသးဘူးပဲ”

“စကားဝွက္ေတြလုပ္မေနနဲ႕ ေစရာမ်ိဳးျမင့္၊
မင္းဘာေျပာခ်င္တာလဲ”

“မေပ်ာ္ဘူး…အေမ၊မယ္မေပ်ာ္ဘူး”

သူ႕စကားအဆုံး အနည္းငယ္တင္းေနတဲ့ေဒၚမိုးကလ်ာမ်က္
ႏွာက ေျပေလ်ာ့သြားသလိုပင္။

“မယ့္မွာခ်စ္သူရွိတယ္ အေမ၊
သူRoyalကို သေဘာမ်က်ဘဴး”

“အို…အရင္ကလဲRoyalကို ႀကိဳက္ဖူးတာပဲ၊
ပူမေနနဲ႕…ေနာက္တိုင္က် Royalကိုျပန္ႀကိဳက္သြားလိမ့္မယ္”

“အေမ့!!!”

ေစရာ တကယ္ပင္စိတ္တိုသြားရျခင္း။
အေမက မယ့္ကိုဘယ္လိုေတြးေနတာလဲ။
အေမက သူတို႔ကိုတကယ္နားမလည္ေတာ့တာ
အမွန္တကယ္။

“မယ့္ကိုဘယ္လိုအတန္းအစားထင္ေနတာလဲ၊
အရင္က Royalကိုမယ္သေဘာက်တယ္ဆိုတာ
အေနနီးတာေၾကာင့္လဲျဖစ္နိုင္သလို အေမ့ရဲ႕
တိုက္တြန္းမႈေတြေၾကာင့္လဲ ျဖစ္နိုင္တယ္မလား၊
တစ္ခါတေလ ကြၽန္ေတာ္ေတြးမိတယ္၊
အေမ မယ့္ကိုငယ္တုန္းကေကြၽးေမြးလာတာ
ႀကီးလာရင္ ဒီလိုသူေဌးသားဆီ ထိုးေကြၽးဖို႔လား!”

“ျဖန္း!”

ျပင္းထန္လြန္းတဲ့ရိုက္ခ်က္ေၾကာင့္ သူ႕မ်က္ႏွာပင္
လည္ထြက္သြားရသည္။အေမ့ကိုၾကည့္လိုက္ေတာ့
ေဒါသထြက္ေနသည္မွာ ကိုယ္ပင္တဆတ္ဆတ္တုန္လို႔ေန၏။

“ကြၽန္ေတာ္ေျပာတာ မဟုတ္လို႔လား၊
အေမ့ရဲ႕အေတာမသတ္နိုင္တဲ့ေလာဘေတြေၾကာင့္
မယ္ကေျမစာပင္ျဖစ္ေတာ့မယ္ေလ”

“ငါ့ေစတနာေတြကို မေစာ္ကားနဲ႕ ေစရာမ်ိဳးျမင့္!!
ဘယ္သူ႕ေၾကာင့္လဲ..ဘယ္သူေတြေၾကာင့္ငါက ဒီစည္းစိမ္
ေတြကို တက္မက္ေနရတာလဲဆိုတာ မသိဘူးလား၊
မင္းတို႔ေၾကာင့္ေလ..မင္းနဲ႕မယ့္ေၾကာင့္ အဲ့အိမ္မွာ
ငါက ခယၿပီးေနေနရတာ”

ေဒၚမိုးကလ်ာက ေျပာလည္းေျပာငိုလည္းငိုပင္။
သူမတင္မဟုတ္၊ေစရာမ်ိဳးျမင့္ပါ မ်က္ရည္က်သည္။
မယ္က တူမဆိုေသာ္ျငား သူမအတြက္ေတာ့
သမီးအရင္းလိုသာ။ကေလးေတြငယ္စဥ္က
ထမင္းတစ္နပ္ေကြၽးနိုင္ဖို႔ သူမဘယ္ေလာက္အပင္ပန္း
ဆင္းရဲခဲ့သလဲေတြးမိရင္ ရင္တဆစ္ဆစ္နာသည္။
အသုံးမက်ေလတဲ့အရက္သမားကိုခ်စ္ႀကိဳက္လို႔
ယူမိတာ ေနာင္တရလို႔မဆုံး။ထိုအခ်ိန္မွာပဲ
အခ်စ္ကသူမအတြက္ အေရးမပါေတာ့။

“Royalကိုရလို႔ မယ္မေပ်ာ္သလို
စည္းစိမ္ေတြရလို႔လဲ ကြၽန္ေတာ္မေပ်ာ္ဘူး အေမ၊
အခုအေျခအေနထက္ အရင္ကအိမ္စုတ္မွာ
အေမကိုယ္တိုင္ခ်က္ေကြၽးတဲ့ထမင္းစားခဲ့ခ်ိန္က
အေပ်ာ္ဆုံးပဲ”

“အဲ့အိမ္မွာ အမုန္းခံေပကပ္ၿပီး ထီမထင္သလို
ေစာ္ကားေျပာခံခဲ့ရတဲ့အခ်ိန္ေတြက အလကားျဖစ္သြားမွာ
ေပါ့”

“Royalေနရာမွာ ကြၽန္ေတာ္သာဆိုရင္လဲ
အေမ့ကိုမုန္းမိမွာ”

ေဒၚမိုးကလ်ာက ေစရာ့စကားၾကားေတာ့ထိတ္လန့္သြားသည္။

“ဘယ္သူ႕ကိုမွ ကိုယ့္အေမေနရာအစားထိုးမနိုင္ဘူး၊
ကြၽန္ေတာ္ဆိုရင္လဲ အေမ့ေနရာမွာတစ္ျခားတစ္ေယာက္ကို
လက္မခံနိုင္ဘူး အေမ၊Royalအေမကို အေမသတ္တာ
မဟုတ္ဘူးလို႔ဘယ္လိုပဲဆိုဆို ေသရတဲ့အေၾကာင္းအရင္းက
အေမ့ပေယာဂမကင္းဘူးမလား၊Royal အေမ့ကို
မမုန္းဘူးဆိုတာကမွ အထူးအဆန္းလိုျဖစ္ေနမွာ၊
ၿပီးေတာ့ Royalဘက္ကစၿပီး အေမ့ကိုေစာ္ကား
ေျပာဆိုခဲ့တာ တစ္ခါမွမရွိဘူး အေမ”

မွန္ေသာစကားေတြေၾကာင့္ သူမၿငိမ္သြားသည္။
Royalအေမေသရတာ သူမပေဘာဂမကင္းတာမွန္တယ္။
ဒါေပမယ့္ သူမ မသတ္ဘူး။ေနာက္ၿပီး သူမဘက္က
အရင္ႏွောက္ယွက္လို႔ Royalဘက္ကစကားရိုင္းတာလည္း
မွန္သည္။အေတြးမ်ားေနတဲ့သူမက လက္ကိုလာထိတဲ့
သားေၾကာင့္ ေမာ့ၾကည့္လိုက္ေတာ့ သားကသူမကို
ႏူးႏူးညံ့ညံ့စူးစိုက္ၾကည့္ေနေလသည္။

“အေမက သန္မာတဲ့သူပါ၊
ကိုယ့္ကိုမၾကင္နာတဲ့သူေတြအနားမွာ ခိုကပ္ေနဖို႔မလိုဘူးမလား၊ျပန္သြားရေအာင္ အေမ”

“ဟမ္”

“ဟိုးအရင္က ေပ်ာ္စရာေကာင္းတဲ့အခ်ိန္ေတြဆီျပန္သြားၾကရေအာင္ အေမရယ္..ကြၽန္ေတာ္ရယ္…မယ္ရယ္ေပါ့၊
ကြၽန္ေတာ္က အေမနဲ႕မယ့္ကိုေတာ့ ဝမ္းဝေအာင္
လုပ္ေကြၽးနိုင္ပါၿပီ”

ၿပဳံးျပလာေသာသားရဲ႕ပါးေတြကို ခပ္ဖြဖြပြတ္သပ္မိသည္။
တကယ္ပဲ ဟိုးအရင္အခ်ိန္ေတြကိုျပန္သြားရင္ ေကာင္းမလား။

…………………………..

Royal အခုအလွေလးရဲ႕ဆိုင္ေရွ႕မွာထိုင္ေနျခင္းျဖစ္သည္။
မေန႕ညက ဘားေရာက္လာတဲ့အလွေလးကိုအိမ္ေရာက္ေတာ့
စိတ္မထိန္းနိုင္ဘဲ နမ္းမိသြားလို႔စိတ္ဆိုးၿပီး
ဆိုင္ထဲအဝင္မခံျခင္း။ဒါေၾကာင့္ သူ႕မွာဆိုင္ေရွ႕
ေယာင္လည္လည္နဲ႕သာ။

Royalတစ္ေယာက္ထဲ ေယာင္လည္လည္ျဖစ္ေနတာေတာ့
မဟုတ္ေပ။ႏြေရတုလည္း ဆိုင္တြင္းထဲမွာဟိုဟာလုပ္၊
ဒီဟာလုပ္ျဖင့္ ဆိုင္ျပင္ကလူဆိုးေကာင္ကို
ခိုးၾကည့္ေနသည္မွာ မေရမတြက္နိုင္ေအာင္ပင္။

“ေဟးးးငါ့သူငယ္ခ်င္းေလး သနားလိုက္တာ”

ခနဲ႕တဲ့တဲ့ဆိုလာသူေၾကာင့္ သူၾကည့္လိုက္ေတာ့
ေနေရာင္က ခပ္ၿပဳံးၿပဳံးႏွင့္။

“အာ႐ုံလာမစားနဲ႕ကြာ”

“မင္းျဖစ္ေနတဲ့ပုံ သေဘာပ်လိဳ႕ ဟားးဟားးးဟားးး”

ေနေရာင္က ဆိုင္အရိပ္က်တဲ့ေနရာမွာရပ္ေျပာေနတာျဖစ္ၿပီး
Royalက မ်က္ႏွာခ်င္းဆိုင္ရပ္ေနသည္။ထိုစဥ္…ေနေရာင့္
မ်က္လုံးေထာင့္ဘက္က မူမမွန္တာတစ္ခုကိုျမင္လိုက္ရသည္

“Royal!!ေဘးဖယ္”

သူ႕စကားေၾကာင့္ Royalကေၾကာင္အအျဖစ္သြားကာ
ေနေရာင္ၾကည့္ရာဘက္ကိုၾကည့္လိုက္ေတာ့ သူ႕ဆီသို႔
အရွိန္ျပင္းစြာဦးတည္လာတဲ့ ကားတစ္စီး။
ငယ္ငယ္တုန္းက accidentနဲ႕အနည္းငယ္ဆင္ေနေသာ
ေၾကာင့္ သူေၾကာင္အစြာရပ္ေနမိသည္။

သူ႕ဆီဦးတည္လာတဲ့ကား..အရွိန္ျပင္းတယ္…နီးစပ္လာၿပီ

“Royal!!”

“ေယာက္်ား!!”

ေခၚသံနဲ႕အတူလဲက်သြားတဲ့ သူ႕ကိုယ္။
ေနေရာင္ျခည္က ေၾကာင္အစြာၾကည့္ေနတဲ့ Royalကို
လွမ္းဆြဲလိုက္လို႔ လဲက်သြားျခင္းပင္။
ေနေရာင္ဆြဲလို႔ လြတ္သည္ဆိုေပမယ့္
ကားက သူ႕အနားေရာက္မွတစ္ဖက္သို႔ေကြ႕ကာေမာင္းႏွင္သြား
ျခင္းေၾကာင့္။ၾကည့္ရတာ သူ႕ကိုေျခာက္လွန့္ဖို႔ပဲရည္႐ြယ္သည္ထင္။

“Royal ဘာျဖစ္သြားေသးလဲ”

အသိစိတ္ဝင္လာၿပီျဖစ္သျဖင့္ ေနေရာင္ကိုသူဘာမွမျဖစ္ေၾကာင္းေခါင္းခါျပေနတုန္း
ဆိုင္တံခါးဖြင့္ကာ သူ႕ကိုေျပးဖက္လာတဲ့အလွေလးေၾကာင့္
ေၾကာင္သြားရသည္။

“ဘာလို႔မေရွာင္တာလဲ လူဆိုးေကာင္ရဲ႕၊
တိုက္မိသြားရင္ ဘယ္လိုလုပ္မတုန္း”

အသံေလးကတုန္ေနသျဖင့္ ခုနကျမင္ကြင္းကို
အလွေလးျမင္သြားတာ ေသခ်ာသည္။အလန့္ေျပေစရန္
ေက်ာျပင္ငယ္ေလးကို ပြတ္သပ္ေပးလိုက္ၿပီး

“စိတ္ပူတယ္ေပါ့”

“ပူတာေပါ့”

“ဘာလို႔လဲ”

“ခ်စ္လို႔ေပါ့ လူဆိုးေကာင္ရဲ႕!!”

ေခါင္းေထာင္လာၿပီးဆိုလာသူ။
ၾကားလိုက္ရတဲ့စကားကို သူမယုံနိုင္။

“အမ္”

ခုမွသူ႕ပါးစပ္ကထြက္သြားတဲ့စကားကိုရိပ္မိသြားတဲ့အလွေလး။

“ဟို…ဟို”

ရွက္ေနသူအား အသည္းယားစြာရင္ခြင္ထဲက
လူေကာင္ေပါက္စေလးကို ခပ္တင္းတင္းေပြ႕ဖက္လိုက္သည္။

႐ူးရေတာ့မွာပါပဲ~~

………………………

(အိုက္ယားးးးအလွေလးကဖြင့္ဟလိုက္ၿပီ။
ဒါနဲ႕ ရွည္ရွည္ေလးေရးေပးထားတယ္ေနာ္)

Tags: read novel Royal Husband 29, novel Royal Husband 29, read Royal Husband 29 online, Royal Husband 29 chapter, Royal Husband 29 high quality, Royal Husband 29 light novel, ,

Comment

Leave a Reply

Chapter 30