Royal Husband 3

All chapters are in Royal Husband
A+ A-

Ring~~~

အိပ်နေတုန်းဖုန်းသံမြည်လာသဖြင့် မျက်လုံးမဖွင့်ဘဲ
ဖုန်းစမ်းကာကိုင်လိုက်သည်။

“ဟယ်လို”

“ကိုကို ညီမလေးကိုတံခါးလာဖွင့်ပေးဦး”

တစ်ဖက်ကချိုချိုသာသာမိန်းကလေးသံလေးထွက်လာမှသာ
ဖုန်းscreenမှာပေါ်နေတဲ့contactကိုကြည့်လိုက်တော့
“သော်တာ💙”လို့မှတ်ထားသည်ပင်။
ကြည့်ရတာ ဘဲလ်တီးသံမကြားရတာနဲ့
ဖုန်းဆက်ပြီး တံခါးဖွင့်ခိုင်းတယ်ထင်ပ။

“ကိုကို ကြားလား၊တံခါးလာဖွင့်ပေးဦးလို့”

“အေးးအေး လာပြီ”

ဖုန်းချပြီးထထိုင်လိုက်တော့ဘေးနားမှာကွေးကွေးလေးဖက်အိပ်နေကြတဲ့ ကြောင်ဝါကလေးနှစ်ကောင်ကို
တွေ့လိုက်ရသည်။ညက အချိန်လင့်နေတာနဲ့
ကလေးတွေအတွက်အိပ်ယာသီးသန့်မလုပ်ပေးဘဲ
သူ့ကုတင်ပေါ်မှာပဲသိပ်လိုက်တာ။

ဘာအနံ့မှမရတာကြောင့် ကုတင်ပေါ်မှာချီးပါသေးပေါက်
မလုပ်ထားမှန်းသိလိုက်ရသည်။ကြောင်လေးတွေက
ထမင်းစားတတ်တဲ့အရွယ်လေးတွေဖြစ်သဖြင့်
တွေ့တဲ့နေရာမှာ လက်လွတ်စပယ်ကျင်ကြီးကျင်ငယ်
မစွန့်တတ်ဘူးလို့ပဲ သူတွေးလိုက်တယ်။

ညတုန်းကလဲထမင်းဆာနေမှာစိုးသဖြင့်မနက်ကကျန်တဲ့
ထမင်းအနည်းငယ်ကိုအသင့်ကြော်ထားတဲ့ငါးကို
အသားဖတ်လေးတွေခွာပြီးနယ်ကျွေးလိုက်တော့
စားလိုက်ကြတာအားရပါးရပင်။
စားပြီးဗိုက်လေးသွားကြတော့ ငုတ်တုတ်လေးတွေထိုင်ရင်း
နဲ့ပင် မျက်လုံးလေးတွေစင်းကျပြီးငိုက်နေကြသည်မှာ
တကယ်ပင်ချစ်စရာကောင်းလှ၏။

ဘယ်လိုလူတွေကများ ဒီလောက်ချစ်စရာကောင်းတဲ့ကလေး
တွေကိုအိတ်ထဲပိတ်ပြီးလာပစ်ရပါသလဲ၊ပြီးတော့
ဒီအရွယ်လေးတွေတောင် ရောက်ပါပြီဆိုမှ။

အိပ်နေတာလေးတွေနှိုးသွားမှာစိုးသဖြင့်စောင်ကို
အသာခွာချကာ ကုတင်ပေါ်ကဆင်းလိုက်ပြီး
ဘေးနားကစားပွဲပေါ်ကသော့ကိုလှမ်းယူလိုက်ပြီး
အခန်းထဲကထွက်လာလိုက်သည်။

ကလန့်ချထားတာကိုဆွဲချလိုက်ပြီးခြံပြင်လှမ်းကြည့်လိုက်တော့အထုပ်အပိုးတွေနဲ့သော်တာ့ကိုတွေ့လိုက်ရသည်။
သူ့ကိုမြင်တော့ အားနေတဲ့လက်တစ်ဖက်ရမ်းပြလာသည်။

“ဖုန်းဆက်တာကြာနေပြီကို ခုမှသော့လာဖွင့်တယ်”

အထဲကနေခြံတံခါးသော့ဖွင့်နေတုန်းသူမက
နှုတ်ခမ်းလေးအနည်းငယ်စူကာဖြင့်ပြောလာသည်။
ရှေ့မှာဆံမြိတ်လေးချထားပြီးဆံပင်နှစ်ဖက်ခွဲကာဆံကျစ်
ကျစ်ထားသောသော်တာက တကယ်ကိုချစ်စရာကောင်း
တဲ့မိန်းကလေးပင်။

ဒူးလောက်ရှည်တဲ့ဂါဝန်ဝဲဝဲလေးကသူမရဲ့ချစ်စရာကောင်းမှုကိုပံ့ပိုးနေပြန်ပါသည်။

“သခင်မလေး အထဲဝင်လို့ရပါပြီခင်ဗျာ”

တံခါးဖွင့်ကာစစနောက်နောက်ပြောလိုက်တော့သူမလေးက
သဘောတကျရီကာအထဲသို့ဝင်သွားလေသည်။သူလည်းပဲ
တံခါးစေ့ကာ အိမ်ထဲသို့လိုက်ဝင်လာလိုက်သည်။

“ကိုကို အခုမှနှိုးတာလား”

သော်တာကလက်ထဲကအထုတ်တွေချကာသူ့ကိုယ်ကို
အပေါ်အောက်မျက်လုံးလှန်ကြည့်ရင်းပြောလာသည်။

“အင်း ညကငါအိပ်ရေးပျက်သွားလို့”

“ဘာလဲ၊မဟုတ်မှ ကိုကိုရည်းစားရနေတာလား”

သော်တာက သူ့ကိုပြုံးစိစိနှင့်ပြောလာတော့
သူ့မှာတကယ်ရည်းစားမရှိသော်ငြားရှက်ဝဲဝဲနှင့်သာ
လည်ပင်းကိုပွတ်ရင်း

“မရှိပါဘူးဟာ”

“ဟွန့် လူကဖြင့်သုံးထိပ်စီးပြောင်းတော့မှာကို၊
ခုချိန်ထိ ရည်းစားမရှိသေးဘူး”

သူမပြောလည်းပြောချင်စရာပင်။သူ့အသက်အရွယ်က
သုံးထိပ်စီးပြောင်းဖို့တစ်နှစ်သာလိုတော့သည်။
ခုအရွယ်အထိရည်းစားဆိုလို့ တစ်ခါမှပင်
မထားဖူးသေးပေ။

“ခနထိုင်ဦး၊ငါ မျက်နှာသစ်ချည်လိုက်ဦးမယ်”

သော်တာ့ကိုသူလက်ကာပြကာအခန်းထဲဝင်လိုက်တော့
ကြောင်ကလေးတွေက ကုတင်အောက်မှာဆော့နေကြလေသည်။သူဝင်လာတာမြင်
တော့ ဆော့တာရပ်ပြီးသူ့ကိုကြည့်လာကြသည်။ခေါင်းလေးတွေ အသာပွတ်ပြီး
ကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းထဲဝင်လိုက်၏။

……………….

“ဒါဆို ကိုကိုက ကြောင်လေးတွေကိုမွေးမယ်ပေါ့”

သော်တာ့ကိုအကြောင်းစုံပြောပြလိုက်တော့သူမကကြောင်လေးတွေကိုပွတ်သပ်ရင်းပြောလာသည်။

“အေး”

“ကြောင်လေးတွေက အထီးလား၊အမလား”

“အမ် ငါမကြည့်ရသေးဘူး”

ပြောပြောဆိုဆိုပင်သူက သော်တာ့လက်ထဲကကြောင်နှစ်
ကောင်ကိုဆွဲယူကာအမြီးလှန်ကြည့်လိုက်တော့….

“အယ်…နှစ်ကောင်လုံးဥလေးတွေနဲ့”

အထီးလေးတွေဆိုတော့လည်းကောင်းတာပေါ့၊အမတွေလို
မျိုးမပွားတော့ဘူး။

“ကဲပါ ဆိုင်ဖွင့်ချိန်တောင်ရောက်တော့မယ်၊
ကြောင်လေးတွေကခေါ်ခဲ့မှာမလား၊သွားရအောင်”

“ဒီနေ့က ကျောင်းပိတ်ရက်လား”

သူမကခေါင်းသာညိတ်ပြပြီးသွားဖို့သာအချက်ပြသည်။
သူလည်းကြောင်နှစ်ကောင်ကိုစက်ဘီးခြင်းထဲထည့်ကာ
အိမ်သော့ခြံသော့အကုန်ခတ်ပြီး သော်တာ့ကိုနောက်ခုံမှာ
တင်ကာ စက်ဘီးနင်းထွက်တော့သည်။

သော်တာ့နာမည်အရင်းက ‘လဝန်းသော်တာ’ပင်။
သူ့ရဲ့အဒေါ်ကမွေးထားတဲ့သမီး။
တစ်နည်းအားဖြင့် သူ့ရဲ့တစ်ဝမ်းကွဲညီမလေး။
နယ်ကနေကျောင်းလာတက်လို့ သူ့အိမ်မှာခေါ်ထားလို့ရပေမယ့်
အိမ်တစ်အိမ်ထဲယောက်ျားလေးတစ်ယောက်နဲ့မိန်းကလေးတစ်ယောက်အတူနေဖို့ မသင့်တော်သောကြောင့်
အဆောင်ငှားနေခြင်းပင်။
ကျောင်းပိတ်ရက်တိုင်း သော်တာကသူ့ဆိုင်လိုက်လာပြီး
ဝိုင်းကူတတ်၏။

………………..

“ကိုကိုhusband ၊ဒေါက်..ဒေါက်…ဒေါက်”

နာမည်ခေါ်လိုက်၊တံခါးခေါက်လိုက်နဲ့မို့
Royalမထချင်ပဲထကာ တံခါးဖွင့်လိုက်တော့
အပြင်မှာ သူ့ဒူးခေါင်းလောက်ရှိတဲ့ကလေးငယ်က
သွားအဖြီးသားနဲ့ သူ့ကိုရယ်ပြနေသည်။

“ဘာလဲ”

“Grandfatherက ထမင်းစားဖို့အောက်ဆင်းလာ
တော့တဲ့၊နိုနို့ကို ခေါ်ခိုင်းလိုက်တာ”

“နိုဘယ်တော်ဝင်”တဖြစ်လဲ နိုနိုက
Royalဆူမှာလဲစိုးထိတ်ကာ ခပ်တိုးတိုးမဝံ့မရဲသာ
ပြောလာသည်။ထိုစဥ် ဘေးအခန်းတံခါးပွင့်လာကာ
ဂုတ်ထိဆံပင်ကိုမှ အပေါ်တစ်ဝက်ခွဲစီးထားသော
အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးနဲ့လူတစ်ယောက်ထွက်လာသည်။

“မမ”

နိုနိုကဝမ်းသာအားရထိုသို့ခေါ်လိုက်တော့ထိုလူက
မျက်မှောင်ကျုံ့သွားပြီး စူးစိုက်ကြည့်လာကာ

“နိုနို အဲ့လိုမခေါ်နဲ့လို့ဘယ်နခါပြောရမှာလဲ”

“နိုနိုခေါ်တာ မှန်တာပဲကို”

Royalကခပ်ထေ့ထေ့ပြောတော့တစ်ဖက်လူရဲ့စိတ်အခြေအနေက ပိုဆိုးသွားသည်။

“မမ ကိုကိုhusbandကိုစောင့်ခေါ်ခဲ့လိုက်တော့နော်၊
နိုနို အောက်ဆင်းနှင့်တော့မယ်”

“အင်း”

ဘယ်အချိန်ကတည်းကသွားချင်နေလဲမသိ၊
နိုဘယ်တော်ဝင်က အလျင်အမြန်ပင်အောက်ဆင်း
ပြေးလေသည်။

Royalက အပြင်မှာရပ်နေတုန်းဖြစ်တဲ့ ထိုက်ကိုတစ်ချက်ကြည့်ကာ အထဲသို့ပြန်ဝင်သွားလေသည်။
ထိုက်လည်း အနောက်မှလိုက်ဝင်သွားကာ
ကုတင်ပေါ်သို့ထိုင်ချလိုက်သည်။
Royalက ဘာမှမပြောဘဲရေချိုးခန်းထဲသို့
ဝင်သွားလေသည်။

ခနကြာတော့ ခါးမှာတစ်ဘက်ပတ်ပြီးအပေါ်ပိုင်းဗလာဖြင့်
ထွက်လာသောRoyalကို ထိုက်ကအကြည့်မလွှဲသွားဘဲ
မြင်ဖူးနေကျအတိုင်း ခပ်တည်တည်သာစိုက်ကြည့်နေသည်။

ထိုက်တစ်ဖြစ်လဲ ‘နန်းထိုက်တော်ဝင် ‘ဆိုသောသူက
Tomboyတစ်ယောက်ပင်ဖြစ်သည်။
Royalရဲ့တစ်ဝမ်းကွဲအစ်မဆိုလည်း ဟုတ်တယ်။

“မင်း ဒီနေ့အားလား”

“မအားဘူး၊အလုပ်ရှိတယ် ဘာလို့လဲ”

“နေရောင်က မေးနေလို့”

“သြော်”

Royalနဲ့ထိုက်က အကျင့်တူတာမရှိသော်ငြား
စကားနည်းတာတော့တူသည်ပင်။သူတို့သူငယ်ချင်းလေးယောက်အဖွဲ့မှာ သူရထက်နိုင်နဲ့
နေရောင်ခြည်က စကားများများပြောကြသည်။

……………………

“အားလုံးကို ပြောစရာရှိလို့”

ထမင်းစားနေတုန်းထွက်လာသောစကားသံကြောင့်
အလိုလိုရပ်တန့်သွားကြကာ စကားသံထွက်လာသူဆီ
အကြည့်ရောက်လာကြသည်။

ထမင်းတင်စားတဲ့ခုံတန်းကြီးရှည်သလောက် မိသားစုကလည်းကြီးသည်ပင်။

“တကယ်တမ်းပြောရရင်တော့ မင်္ဂလာကိစ္စပေါ့”

“ဘာလဲ၊ဒယ်ဒီက နောက်ထပ်မိန်းမယူဦးမလို့လား”

ထိုစကားသံကRoyalဆီကထွက်ပေါ်လာခြင်းပင်။
ဦးဇာနည်တော်ဝင်ကသားဖြစ်သူစကားကြောင့်
ဒေါသထွက်သွားရသော်ငြား ဒီအိမ်မှာအာဏာအရှိဆုံး
ဦးမင်းတော်ဝင်က ဘာမှဝင်ပြောလာခြင်းမရှိသောကြောင့်
ဒေါသကိုပြန်မျိုသိပ်လိုက်ရသည်။မြေးချစ်တဲ့အဘိုးဖြစ်သူက
သူ့မြေးကို ပြုံးပြုံးကြီးသာကြည့်နေသည်။

“မင်းလည်း အရွယ်ရောက်လာပြီဆိုတော့
ဒီကသမီးမယ်နဲ့စေ့စပ်ကြောင်းလမ်းထားချင်လို့”

“ဟက်”

ထိုစကားကိုကြားတော့ ဒုတိယမိန်းမဖြစ်သူဘေးမှာ
ထိုင်နေတဲ့သူယောင်မယ်က ရှက်ရွံ့သလိုဖြင့်
ခေါင်းငုံ့ကာ ပြုံးနေလေသည်။

“ဒယ်ဒီတင်ဒီမိန်းမကိုယူပြီးအမျိုးတော်ရတာမကျေနပ်သေးလို့ သားကိုပါ နောက်မိန်းမရဲ့တူမနဲ့ယူခိုင်းပြီး
ထဲထဲဝင်ဝင်အမျိုးတော်ချင်နေတာလား
ဒါဆို ကျွန်တော်အကြံတစ်ခုပေးချင်လို့
အဒေါ်ကို မယားငယ်နေရာမှာထားပြီး
တူမကို မယားနှောင်းနေရာမှာထားလိုက်လည်း
အဆင်ပြေသားပဲ”

“Royal ရှင်..ရှင်”

“တော်ဝင်ယောက်ျား မင်းမရိုင်းနဲ့”

သူပြောလိုက်သောစကားကြောင့် တစ်ကိုယ်လုံးတုန်ယင်အောင်ဒေါသထွက်နေသောတူမနဲ့အဒေါ်ကိုတစ်လှည့်၊အံကြိတ်နေသော မယားချစ်ဒယ်ဒီကိုကြည့်ကာ နှုတ်ခမ်းတွေတွန့်ကွေးသွားအောင်ပြုံးလိုက်သည်။

………………………..

Zawgyi

Ring~~~

အိပ္ေနတုန္းဖုန္းသံျမည္လာသျဖင့္ မ်က္လုံးမဖြင့္ဘဲ
ဖုန္းစမ္းကာကိုင္လိုက္သည္။

“ဟယ္လို”

“ကိုကို ညီမေလးကိုတံခါးလာဖြင့္ေပးဦး”

တစ္ဖက္ကခ်ိဳခ်ိဳသာသာမိန္းကေလးသံေလးထြက္လာမွသာ
ဖုန္းscreenမွာေပၚေနတဲ့contactကိုၾကည့္လိုက္ေတာ့
“ေသာ္တာ”လို႔မွတ္ထားသည္ပင္။
ၾကည့္ရတာ ဘဲလ္တီးသံမၾကားရတာနဲ႕
ဖုန္းဆက္ၿပီး တံခါးဖြင့္ခိုင္းတယ္ထင္ပ။

“ကိုကို ၾကားလား၊တံခါးလာဖြင့္ေပးဦးလို႔”

“ေအးးေအး လာၿပီ”

ဖုန္းခ်ၿပီးထထိုင္လိုက္ေတာ့ေဘးနားမွာေကြးေကြးေလးဖက္အိပ္ေနၾကတဲ့ ေၾကာင္ဝါကေလးႏွစ္ေကာင္ကို
ေတြ႕လိုက္ရသည္။ညက အခ်ိန္လင့္ေနတာနဲ႕
ကေလးေတြအတြက္အိပ္ယာသီးသန့္မလုပ္ေပးဘဲ
သူ႕ကုတင္ေပၚမွာပဲသိပ္လိုက္တာ။

ဘာအနံ႕မွမရတာေၾကာင့္ ကုတင္ေပၚမွာခ်ီးပါေသးေပါက္
မလုပ္ထားမွန္းသိလိုက္ရသည္။ေၾကာင္ေလးေတြက
ထမင္းစားတတ္တဲ့အ႐ြယ္ေလးေတြျဖစ္သျဖင့္
ေတြ႕တဲ့ေနရာမွာ လက္လြတ္စပယ္က်င္ႀကီးက်င္ငယ္
မစြန့္တတ္ဘူးလို႔ပဲ သူေတြးလိုက္တယ္။

ညတုန္းကလဲထမင္းဆာေနမွာစိုးသျဖင့္မနက္ကက်န္တဲ့
ထမင္းအနည္းငယ္ကိုအသင့္ေၾကာ္ထားတဲ့ငါးကို
အသားဖတ္ေလးေတြခြာၿပီးနယ္ေကြၽးလိုက္ေတာ့
စားလိုက္ၾကတာအားရပါးရပင္။
စားၿပီးဗိုက္ေလးသြားၾကေတာ့ ငုတ္တုတ္ေလးေတြထိုင္ရင္း
နဲ႕ပင္ မ်က္လုံးေလးေတြစင္းက်ၿပီးငိုက္ေနၾကသည္မွာ
တကယ္ပင္ခ်စ္စရာေကာင္းလွ၏။

ဘယ္လိုလူေတြကမ်ား ဒီေလာက္ခ်စ္စရာေကာင္းတဲ့ကေလး
ေတြကိုအိတ္ထဲပိတ္ၿပီးလာပစ္ရပါသလဲ၊ၿပီးေတာ့
ဒီအ႐ြယ္ေလးေတြေတာင္ ေရာက္ပါၿပီဆိုမွ။

အိပ္ေနတာေလးေတြႏွိုးသြားမွာစိုးသျဖင့္ေစာင္ကို
အသာခြာခ်ကာ ကုတင္ေပၚကဆင္းလိုက္ၿပီး
ေဘးနားကစားပြဲေပၚကေသာ့ကိုလွမ္းယူလိုက္ၿပီး
အခန္းထဲကထြက္လာလိုက္သည္။

ကလန့္ခ်ထားတာကိုဆြဲခ်လိဳက္ၿပီးၿခံျပင္လွမ္းၾကည့္လိုက္ေတာ့အထုပ္အပိုးေတြနဲ႕ေသာ္တာ့ကိုေတြ႕လိုက္ရသည္။
သူ႕ကိုျမင္ေတာ့ အားေနတဲ့လက္တစ္ဖက္ရမ္းျပလာသည္။

“ဖုန္းဆက္တာၾကာေနၿပီကို ခုမွေသာ့လာဖြင့္တယ္”

အထဲကေနၿခံတံခါးေသာ့ဖြင့္ေနတုန္းသူမက
ႏႈတ္ခမ္းေလးအနည္းငယ္စူကာျဖင့္ေျပာလာသည္။
ေရွ႕မွာဆံၿမိတ္ေလးခ်ထားၿပီးဆံပင္ႏွစ္ဖက္ခြဲကာဆံက်စ္
က်စ္ထားေသာေသာ္တာက တကယ္ကိုခ်စ္စရာေကာင္း
တဲ့မိန္းကေလးပင္။

ဒူးေလာက္ရွည္တဲ့ဂါဝန္ဝဲဝဲေလးကသူမရဲ႕ခ်စ္စရာေကာင္းမႈကိုပံ့ပိုးေနျပန္ပါသည္။

“သခင္မေလး အထဲဝင္လို႔ရပါၿပီခင္ဗ်ာ”

တံခါးဖြင့္ကာစစေနာက္ေနာက္ေျပာလိုက္ေတာ့သူမေလးက
သေဘာတက်ရီကာအထဲသို႔ဝင္သြားေလသည္။သူလည္းပဲ
တံခါးေစ့ကာ အိမ္ထဲသို႔လိုက္ဝင္လာလိုက္သည္။

“ကိုကို အခုမွႏွိုးတာလား”

ေသာ္တာကလက္ထဲကအထုတ္ေတြခ်ကာသူ႕ကိုယ္ကို
အေပၚေအာက္မ်က္လုံးလွန္ၾကည့္ရင္းေျပာလာသည္။

“အင္း ညကငါအိပ္ေရးပ်က္သြားလို႔”

“ဘာလဲ၊မဟုတ္မွ ကိုကိုရည္းစားရေနတာလား”

ေသာ္တာက သူ႕ကိုၿပဳံးစိစိႏွင့္ေျပာလာေတာ့
သူ႕မွာတကယ္ရည္းစားမရွိေသာ္ျငားရွက္ဝဲဝဲႏွင့္သာ
လည္ပင္းကိုပြတ္ရင္း

“မရွိပါဘူးဟာ”

“ဟြန့္ လူကျဖင့္သုံးထိပ္စီးေျပာင္းေတာ့မွာကို၊
ခုခ်ိန္ထိ ရည္းစားမရွိေသးဘူး”

သူမေျပာလည္းေျပာခ်င္စရာပင္။သူ႕အသက္အ႐ြယ္က
သုံးထိပ္စီးေျပာင္းဖို႔တစ္ႏွစ္သာလိုေတာ့သည္။
ခုအ႐ြယ္အထိရည္းစားဆိုလို႔ တစ္ခါမွပင္
မထားဖူးေသးေပ။

“ခနထိုင္ဦး၊ငါ မ်က္ႏွာသစ္ေခ်လိဳက္ဦးမယ္”

ေသာ္တာ့ကိုသူလက္ကာျပကာအခန္းထဲဝင္လိုက္ေတာ့
ေၾကာင္ကေလးေတြက ကုတင္ေအာက္မွာေဆာ့ေနၾကေလသည္။သူဝင္လာတာျမင္
ေတာ့ ေဆာ့တာရပ္ၿပီးသူ႕ကိုၾကည့္လာၾကသည္။ေခါင္းေလးေတြ အသာပြတ္ၿပီး
ကိုယ္လက္သန့္စင္ဖို႔ ေရခ်ိဳးခန္းထဲဝင္လိုက္၏။

……………….

“ဒါဆို ကိုကိုက ေၾကာင္ေလးေတြကိုေမြးမယ္ေပါ့”

ေသာ္တာ့ကိုအေၾကာင္းစုံေျပာျပလိုက္ေတာ့သူမကေၾကာင္ေလးေတြကိုပြတ္သပ္ရင္းေျပာလာသည္။

“ေအး”

“ေၾကာင္ေလးေတြက အထီးလား၊အမလား”

“အမ္ ငါမၾကည့္ရေသးဘူး”

ေျပာေျပာဆိုဆိုပင္သူက ေသာ္တာ့လက္ထဲကေၾကာင္ႏွစ္
ေကာင္ကိုဆြဲယူကာအၿမီးလွန္ၾကည့္လိုက္ေတာ့….

“အယ္…ႏွစ္ေကာင္လုံးဥေလးေတြနဲ႕”

အထီးေလးေတြဆိုေတာ့လည္းေကာင္းတာေပါ့၊အမေတြလို
မ်ိဳးမပြားေတာ့ဘူး။

“ကဲပါ ဆိုင္ဖြင့္ခ်ိန္ေတာင္ေရာက္ေတာ့မယ္၊
ေၾကာင္ေလးေတြကေခၚခဲ့မွာမလား၊သြားရေအာင္”

“ဒီေန႕က ေက်ာင္းပိတ္ရက္လား”

သူမကေခါင္းသာညိတ္ျပၿပီးသြားဖို႔သာအခ်က္ျပသည္။
သူလည္းေၾကာင္ႏွစ္ေကာင္ကိုစက္ဘီးျခင္းထဲထည့္ကာ
အိမ္ေသာ့ၿခံေသာ့အကုန္ခတ္ၿပီး ေသာ္တာ့ကိုေနာက္ခုံမွာ
တင္ကာ စက္ဘီးနင္းထြက္ေတာ့သည္။

ေသာ္တာ့နာမည္အရင္းက ‘လဝန္းေသာ္တာ’ပင္။
သူ႕ရဲ႕အေဒၚကေမြးထားတဲ့သမီး။
တစ္နည္းအားျဖင့္ သူ႕ရဲ႕တစ္ဝမ္းကြဲညီမေလး။
နယ္ကေနေက်ာင္းလာတက္လို႔ သူ႕အိမ္မွာေခၚထားလို႔ရေပမယ့္
အိမ္တစ္အိမ္ထဲေယာက္်ားေလးတစ္ေယာက္နဲ႕မိန္းကေလးတစ္ေယာက္အတူေနဖို႔ မသင့္ေတာ္ေသာေၾကာင့္
အေဆာင္ငွားေနျခင္းပင္။
ေက်ာင္းပိတ္ရက္တိုင္း ေသာ္တာကသူ႕ဆိုင္လိုက္လာၿပီး
ဝိုင္းကူတတ္၏။

………………..

“ကိုကိုhusband ၊ေဒါက္..ေဒါက္…ေဒါက္”

နာမည္ေခၚလိုက္၊တံခါးေခါက္လိုက္နဲ႕မို႔
Royalမထခ်င္ပဲထကာ တံခါးဖြင့္လိုက္ေတာ့
အျပင္မွာ သူ႕ခါးေလာက္ရွိတဲ့ကေလးငယ္ကသြားအၿဖီးသား
နဲ႕ သူ႕ကိုရယ္ျပေနသည္။

“ဘာလဲ”

“Grandfatherက ထမင္းစားဖို႔ေအာက္ဆင္းလာ
ေတာ့တဲ့၊နိုနို႔ကို ေခၚခိုင္းလိုက္တာ”

“နိုဘယ္ေတာ္ဝင္”တစ္ျဖစ္လဲ နိုနိုက
Royalဆူမွာလဲစိုးထိတ္ကာ ခပ္တိုးတိုးမဝံ့မရဲသာ
ေျပာလာသည္။ထိုစဥ္ ေဘးအခန္းတံခါးပြင့္လာကာ
ဂုတ္ထိဆံပင္ကိုမွ အေပၚတစ္ဝက္ခြဲစီးထားေသာ
အရပ္ရွည္ရွည္ပိန္ပိန္ပါးပါးနဲ႕လူတစ္ေယာက္ထြက္လာသည္။

“မမ”

နိုနိုကဝမ္းသာအားရထိုသို႔ေခၚလိုက္ေတာ့ထိုလူက
မ်က္ေမွာင္က်ဳံ႕သြားၿပီး စူးစိုက္ၾကည့္လာကာ

“နိုနို အဲ့လိုမေခၚနဲ႕လို႔ဘယ္နခါေျပာရမွာလဲ”

“နိုနိုေခၚတာ မွန္တာပဲကို”

Royalကခပ္ေထ့ေထ့ေျပာေတာ့တစ္ဖက္လူရဲ႕စိတ္အေျခအေနက ပိုဆိုးသြားသည္။

“မမ ကိုကိုhusbandကိုေစာင့္ေခၚခဲ့လိုက္ေတာ့ေနာ္၊
နိုနို ေအာက္ဆင္းႏွင့္ေတာ့မယ္”

“အင္း”

ဘယ္အခ်ိန္ကတည္းကသြားခ်င္ေနလဲမသိ၊
နိုဘယ္ေတာ္ဝင္က အလ်င္အျမန္ပင္ေအာက္ဆင္း
ေျပးေလသည္။

Royalက အျပင္မွာရပ္ေနတုန္းျဖစ္တဲ့ ထိုက္ကိုတစ္ခ်က္ၾကည့္ကာ အထဲသို႔ျပန္ဝင္သြားေလသည္။
ထိုက္လည္း အေနာက္မွလိုက္ဝင္သြားကာ
ကုတင္ေပၚသို႔ထိုင္ခ်လိဳက္သည္။
Royalက ဘာမွမေျပာဘဲေရခ်ိဳးခန္းထဲသို႔
ဝင္သြားေလသည္။

ခနၾကာေတာ့ ခါးမွာတစ္ဘက္ပတ္ၿပီးအေပၚပိုင္းဗလာျဖင့္
ထြက္လာေသာRoyalကို ထိုက္ကအၾကည့္မလြဲသြားဘဲ
ျမင္ဖူးေနက်အတိုင္း ခပ္တည္တည္သာစိုက္ၾကည့္ေနသည္။

ထိုက္တစ္ျဖစ္လဲ ‘နန္းထိုက္ေတာ္ဝင္ ‘ဆိုေသာသူက
Tomboyတစ္ေယာက္ပင္ျဖစ္သည္။
Royalရဲ႕တစ္ဝမ္းကြဲအစ္မဆိုလည္း ဟုတ္တယ္။

“မင္း ဒီေန႕အားလား”

“မအားဘူး၊အလုပ္ရွိတယ္ ဘာလို႔လဲ”

“ေနေရာင္က ေမးေနလို႔”

“ေၾသာ္”

Royalနဲ႕ထိုက္က အက်င့္တူတာမရွိေသာ္ျငား
စကားနည္းတာေတာ့တူသည္ပင္။သူတို႔သူငယ္ခ်င္းေလးေယာက္အဖြဲ႕မွာ သူရထက္နိုင္နဲ႕
ေနေရာင္ျခည္က စကားမ်ားမ်ားေျပာၾကသည္။

……………………

“အားလုံးကို ေျပာစရာရွိလို႔”

ထမင္းစားေနတုန္းထြက္လာေသာစကားသံေၾကာင့္
အလိုလိုရပ္တန့္သြားၾကကာ စကားသံထြက္လာသူဆီ
အၾကည့္ေရာက္လာၾကသည္။

ထမင္းတင္စားတဲ့ခုံတန္းႀကီးရွည္သေလာက္ မိသားစုကလည္းႀကီးသည္ပင္။

“တကယ္တမ္းေျပာရရင္ေတာ့ မဂ္လာကိစေပါ့”

“ဘာလဲ၊ဒယ္ဒီက ေနာက္ထပ္မိန္းမယူဦးမလို႔လား”

ထိုစကားသံကRoyalဆီကထြက္ေပၚလာျခင္းပင္။
ဦးဇာနည္ေတာ္ဝင္ကသားျဖစ္သူစကားေၾကာင့္
ေဒါသထြက္သြားရေသာ္ျငား ဒီအိမ္မွာအာဏာအရွိဆုံး
ဦးမင္းေတာ္ဝင္က ဘာမွဝင္ေျပာလာျခင္းမရွိေသာေၾကာင့္
ေဒါသကိုျပန္မ်ိဳသိပ္လိုက္ရသည္။ေျမးခ်စ္တဲ့အဘိုးျဖစ္သူက
သူ႕ေျမးကို ၿပဳံးၿပဳံးႀကီးသာၾကည့္ေနသည္။

“မင္းလည္း အ႐ြယ္ေရာက္လာၿပီဆိုေတာ့
ဒီကသမီးမယ္နဲ႕ေစ့စပ္ေၾကာင္းလမ္းထားခ်င္လို႔”

“ဟက္”

ထိုစကားကိုၾကားေတာ့ ဒုတိယမိန္းမျဖစ္သူေဘးမွာ
ထိုင္ေနတဲ့သူေယာင္မယ္က ရွက္႐ြံ႕သလိုျဖင့္
ေခါင္းငုံ႕ကာ ၿပဳံးေနေလသည္။

“ဒယ္ဒီတင္ဒီမိန္းမကိုယူၿပီးအမ်ိဳးေတာ္ရတာမေက်နပ္ေသးလို႔ သားကိုပါ ေနာက္မိန္းမရဲ႕တူမနဲ႕ယူခိုင္းၿပီး
ထဲထဲဝင္ဝင္အမ်ိဳးေတာ္ခ်င္ေနတာလား
ဒါဆို ကြၽန္ေတာ္အႀကံတစ္ခုေပးခ်င္လို႔
အေဒၚကို မယားငယ္ေနရာမွာထားၿပီး
တူမကို မယားႏွောင္းေနရာမွာထားလိုက္လည္း
အဆင္ေျပသားပဲ”

“Royal ရွင္..ရွင္”

“ေတာ္ဝင္ေယာက္်ား မင္းမရိုင္းနဲ႕”

သူေျပာလိုက္ေသာစကားေၾကာင့္ တစ္ကိုယ္လုံးတုန္ယင္ေအာင္ေဒါသထြက္ေနေသာတူမနဲ႕အေဒၚကိုတစ္လွည့္၊အံႀကိတ္ေနေသာ မယားခ်စ္ဒယ္ဒီကိုၾကည့္ကာ ႏႈတ္ခမ္းေတြတြန့္ေကြးသြားေအာင္ၿပဳံးလိုက္သည္။

………………………..

Tags: read novel Royal Husband 3, novel Royal Husband 3, read Royal Husband 3 online, Royal Husband 3 chapter, Royal Husband 3 high quality, Royal Husband 3 light novel, ,

Comment

Leave a Reply

Chapter 3