Royal Husband 31

All chapters are in Royal Husband
A+ A-

ရင်ခွင်ထဲသို့ခေါင်းတိုးဝင်လာတဲ့အထိအတွေ့ကြောင့်
Royalနှိုးလာသည်။ပြတင်းလိုက်ကာကြားမှ
အလင်းရောင်ထိုးထွက်နေသဖြင့် မိုးလင်းနေပြီဆိုတာ
သိလိုက်၏။

ရင်ခွင်ထဲကလူကိုကြည့်လိုက်တော့ သူ့လက်မောင်းပေါ်
ခေါင်းအုံးထားပြီး လက်တစ်ဖက်ကလည်းသူ့ကိုယ်ကို
ပွေ့ဖက်ထားသည်။ခါတိုင်း ဒီလိုအချိန်ဆို အလှလေးက
အကုန်ပြင်ဆင်လို့ပြီးနေပေမယ့် ညတုန်းကပင်ပန်းထားသဖြင့်
ခုမထနိုင်ခြင်းပင်။

ဟေးးးးပင်ပန်းတယ်ဆိုလို့ အတွေးမများပါနဲ့။
သုံးထိပ်စီးလူပျိုကြီးကို အနမ်းသင်တန်းဆင်းပေးနေရလို့
ညဥ့်နက်သွားခြင်းသာ။ရင်ဘတ်ပေါ်ကလက်ကို
အသာလေးချကာ သူထထိုင်လိုက်ပြီး အိပ်နေတုန်းဖြစ်တဲ့
အလှလေးကိုကြည့်နေလိုက်သည်။သေချာပေါက်
သူ့နှုတ်ခမ်းတွေက ပြုံးရိပ်သန်းလို့။သူနမ်းထားလို့
ဖူးယောင်နေတဲ့နှုတ်ခမ်းလေးကို လက်နဲ့အသာပွတ်သပ်လိုက်
တော့ အိပ်နေသူကသူ့လက်ကိုပုတ်ထုပ်ကာ
တစ်ဖက်လှည့်ပြန်အိပ်သွားလေသည်။

“ချစ်စရာလေးကွာ”

~~Ring. ..Ring~~

စားပွဲပေါ်တင်ထားတဲ့ဖုန်းသံမြည်လာသဖြင့်
အမြန်ကောက်ကိုင်လိုက်ရသည်။အိပ်နေသူကို မနှိုးစေလို။
ဖုန်းscreenမှာပေါ်နေတာက ‘Nay Yaung’

“မနက်စောစောကြီးကိုကွာ”

“မနက်စောစောလုပ်မနေနဲ့ Royal၊
မင်းမြင်ပြီးပြီလား”

“ဘာကိုမြင်ရမှာလဲ၊ရှင်းအောင်ပြော”

“မင်းမသိသေးဘူးပဲ၊လိုင်းဖွင့်လိုက် Royal၊
Cbကနေ ငါlinkပို့လိုက်မယ်၊ဝင်ကြည့်လိုက်”

“ဘာကိုလဲ”

“ငါပြောသလိုသာလုပ်စမ်းပါ”

မြန်မြန်ပင်နေရောင့်ဘက်မှဖုန်းချသွားလေသည်။
နေရောင် အလောတကြီးဖြစ်တာတစ်ခါမှမမြင်ဖူးသဖြင့်
လိုင်းဖွင့်ကာ messengerပြေးကြည့်ရသည်။
တင်ခနဲဆိုသောအသံနှင့် နေရောင်ပို့လာသော link
Linkထဲဝင်လိုက်တော့ မြင်လိုက်ရတဲ့ပို့စ်ကြောင့်
သူလက်သီးဆုပ်လိုက်မိသည်။

ဘယ်သူတွေကများ ရာရာစစသူ့လူကိုထိရဲရတာလဲ။
Commentsတွေဝင်ကြည့်လိုက်တော့ ဆိုးရွှားသော
မှတ်ချက်တွေက နွေရတုဆီသာလျှင်ဦးတည်သည်။
တစ်ချို့ကောမန့်တွေကတော့ နွေရတုကောင်းကြောင်း
ရေးသားထားလေသည်။

Girl 1~~ဟဲ့ရေ..အဲ့အစ်ကိုကို ငါသိတယ်ဟ၊cafeဆိုင်ပိုင်ရှင်အစ်ကိုကြီးလေ၊ငါမြင်တာကတော့နော်
ခက်မိုက်မိုက်အစ်ကိုကြီးက လိုက်ကပ်တာပဲမြင်တယ်၊
ဆိုင်မှာ ဟိုအစ်ကိုကြီးကသီချင်းတွေဆိုပြီး ချော့နေတာရော

Girl 2~~အဲ့cafeဆိုင်က ဘယ်လမ်းမှာရှိတာလဲ
ညွှန်းပါဦး အပေါ်ကတစ်ယောက်ရေ…

“နိုးနေတာကြာပြီလား”

ကျောနောက်ကနေထွက်လာတဲ့အသံကြောင့်
ဖုန်းကိုမြန်မြန်ပိတ်လိုက်သည်။စိတ်ဆင်းရဲစရာကိစ္စတွေကို
အလှလေးကို ပေးမမြင်ချင်။

“မကြာသေးပါဘူး”

“ငါ့လည်းမနှိုးဘူး၊ဆိုင်ဖွင့်ချိန်နောက်ကျနေတော့မှာ”

ပြောရင်း မျက်လုံးနှစ်ဖက်ကို လက်နဲ့ပွတ်သပ်နေသူကြောင့်
အသည်းယားစွာ ဆံပင်အုပ်အုပ်လေးကိုဖွပစ်လိုက်သည်။

“ဒီနေ့ဆိုင်မသွားပါနဲ့လား”

“ဘာလို့လဲ”

အခုဖြစ်နေတဲ့အကြောင်းတွေကိုလည်း သူမပြောချင်။

“ဒီနေ့ဆိုင်မသွားဘဲ အိမ်မှာပဲ dateကြရအောင်၊
တစ်ရက်တလေဆိုင်ပိတ်တာနဲ့ မမွဲဘူးမလား”

“ဟင်”

မျက်လုံးတွေကအရောင်လက်သွားတာများ
သဘောကျနေသည်ထင်။

“တကယ်ကြီးလား”

လူကောင်သေးသေးလေးကို ပွေ့ယူကာသူ့ပေါင်ပေါ်တင်လိုက်ပြီး နဖူးလေးကိုအနမ်းပေးမိသည်။

“တကယ်၊ကျွန်တော် အခုတော့သွားစရာရှိတယ်၊
ဒါမယ့် မကြာပါဘူး၊ခနပဲ ပြီးရင်ကျွန်တော်နဲ့
တစ်နေကုန်ဒိတ်မလား”

“အွန်း…မင်းသဘော”

“ကိုကို့ကိုချစ်တယ်”

မျက်နှာနုနုကို ပွတ်သပ်ကာချစ်စကားဆိုမိတော့
ချစ်ရသူက သွားဖွေးဖွေးလေးတွေပေါ်အောင် ပြုံးရယ်လာကာ သူ့လည်ပင်းကြားထဲခေါင်းဝှက်လာပြီး

“ငါလည်းမင်းကိုချစ်တယ်”

အသည်းယားစွာ ခေါင်းလုံးလုံးလေးကိုအနမ်းပေးမိသည်။
ချစ်လိုက်ရတာ…

………………………….

နွေရတု ကိုယ်မှာapronဝတ်ကာဖြင့် မီးဖိုခန်းထဲ
အလုပ်ရှုပ်နေပါသည်။တစ်ခြားအတွဲတွေdateရင်
ဘာလုပ်ကြသလဲမသိပေမယ့် Royalနဲ့နွေရတုကတော့
ထမင်းလက်ဆုံစားကာ အိမ်မှာပဲရုပ်ရှင်dateကြမှာပင်။

လူဆိုးကောင်က အပြင်မသွားခင်ထူးထူးဆန်းဆန်းစကားတွေ
ပြောသွားသေးတယ်။social mediaသုံးသလားမေးပြီး
ဖုန်းမကြည့်နဲ့ဆိုသွားလေသည်။အရင်ကတည်းက
သူလည်း သိပ်မသုံးဖြစ်သဖြင့်လွယ်လွယ်ခေါင်းငြိမ့်လိုက်၏။

~Ring. ..Ring~~

စားပွဲပေါ်တင်ထားတဲ့ဖုန်းကအသံမြည်လာသဖြင့်
မီးခလုတ်ကိုပိတ်ကာ ဘယ်သူခေါ်သလဲကြည့်လိုက်တော့
စေရာဖုန်းခေါ်နေခြင်း။ဆီပေနေတဲ့လက်ကို လက်သုတ်ပဝါနဲ့
သုတ်ကာ ဖုန်းကိုင်လိုက်သည်။

“ပြော…စေရာ”

“ရတု…မင်းအဆင်ပြေလား”

ဖုန်းတစ်ဖက်မှစေရာ့အသံက သူ့ကိုစိုးရိမ်နေသလို အလောတကြီးနှင့်။

“ဘာကိုလဲ”

စကားအသွားအလာကြည့်ခြင်းဖြင့် လိုင်းပေါ်ကကိစ္စတွေကို
ရတုမသိသေးဘူးဆိုတာ သူသိလိုက်သည်။

“တော်ဝင်ယောက်ျားရောရှိလား ရတု”

“ဟင့်အင်း…သူအပြင်သွားစရာရှိလို့ဆိုပြီးထွက်သွားတယ်၊
ဘာဖြစ်လို့လဲ စေရာ”

“ဘာမှမဟုတ်ပါဘူး၊မင်းအဆင်ပြေရင် ပြီးတာပါပဲ၊
ဒါပဲနော် ရတု”

ထိုစကားသာဆိုပြီး ဖုန်းချသွားသူကြောင့်
နွေရတု အချိန်ခနတော့ကြောင်သွားသည်။
လူဆိုးကောင်က အထူးအဆန်းတွေဆိုသလို
စေရာ့စကားတွေကလည်း ဘာကိုဆိုလိုချင်နေမှန်းမသိ။
သူမသိတဲ့ ကိစ္စတစ်ခုခုများ ရှိနေတာလား။

~~တီးတောင်….တီးတောင်

ဘဲလ်သံမြည်လာသဖြင့် အတွေးရပ်ကာ
ခြံပြင်ကိုမျှော်ကြည့်လိုက်တော့ သော်တာ။
ကျောင်းဖွင့်တာကို ဒီကောင်မလေးကဘာလာလုပ်တာပါလိမ့်။

ခြံတံခါးဖွင့်ပေးလိုက်တော့ သော်တာက
သူ့တစ်ကိုယ်လုံးကို နှံ့နှံ့စပ်စပ်ကြည့်ကာ

“ကိုကို ဘာမှမဖြစ်ဘူးလား”

“ငါကဘာဖြစ်ရမှာလဲ”

သော်တာက ခုမှစိတ်သက်သာရာရသွားသလို
သက်ပြင်းချလိုက်သည်။သတင်းကြားကြားချင်း
သူမဘယ်လောက်တောင် စိတ်ပူလိုက်ရသလဲ။

“နေပါဦး…လူဆိုးကောင်နဲ့စေရာ့အပြင်
နင်ကပါ အထူးအဆန်းတွေလာလုပ်နေတယ်၊
ငါမသိတဲ့ကိစ္စတစ်ခုခုရှိနေတာလား”

ကိုကို့ပုံစံကြည့်ရတာ ဘာမှမသိတဲ့ပုံပင်။
ကြည့်ရတာ တော်ဝင်ယောက်ျားက တမင်တကာပေးမသိပုံ။
ဆိုပေသည့် သူမကတော့ ကိုကို့ကိုပြောပြချင်သည်။
အခုက ဖုံးကွယ်လိုက်တာနဲ့ပြီးသွားမယ့်အရာမှမဟုတ်တာ။

ဖုန်းဖွင့်ကာ နွေရတုလက်ထဲထိုးပေးလိုက်သည်။

“ကြည့်လိုက်..ကိုကို၊အရာအားလုံးနားလည်သွားလိမ့်မယ်”

သော်တာပြောသလို ဖုန်းကြည့်လိုက်သည်။
မြင်လိုက်ရတဲ့အရာတွေကြောင့် ဝမ်းနည်းမိသွားတာတော့အမှန်။
လူဆိုးကောင်က ဒါတွေကြောင့် သူ့ကိုဖုန်းမကြည့်စေချင်တာပေါ့။သူ့ကိုစိတ်မဆင်းရဲစေချင်တဲ့လူဆိုးကောင်ကြောင့်
ဝမ်းနည်းနေတဲ့ကြားမှ ကြည်နူးရသည်။

သော်တာကတော့ သူ့ကိုမကောင်းပြောထားတဲ့ပို့စ်မြင်တာတောင်
ပြုံးနေတဲ့ကိုကို့ကို နားမလည်နိုင်ပေ။

……………………….

“ဒေါ်မိုးကလျာ! ဒေါ်မိုးကလျာ!!”

အပေါ်ထပ်တက်တဲ့လှေကားရင်းမှအော်လိုက်တဲ့အသံကြောင့်
တစ်အိမ်လုံးဟိန်းသွားလေသည်။

Royalအသံကြောင့် အိမ်ရဲ့အကြီးအကဲတွေအပြင်
အလုပ်သမားတွေပါထွက်ကြည့်လာကြသည်။
Royalကတော့ သဘောမထားစွာ
ဒေါ်မိုးကလျာကိုမြင်တာနဲ့ လည်ပင်းကြောတွေ
ထောင်ထလာပုံမှာ အလွန်ဒေါသထွက်နေပုံ။

“ခင်ဗျားစိတ်ဓာတ် အဲ့လောက်အောက်တန်းကျလိမ့်မယ်လို့
ကျုပ်မထင်ထားဘူး”

“ဒီမှာ Royal၊မင်းဘာတွေပြောနေတာလဲဆိုတာ
ငါမသိဘူး”

“ဟက်…ဗြောင်လိမ်တာပဲ”

နန်းထိုက်တော်ဝင်အကြောင်းစုံ​ပြောပြထားသဖြင့်
အဘိုးကလည်း ဝင်မပြောလာ။

“ငါမကောင်းတာ ဘာမှမလုပ်ထားဘူး Royal”

“သေချာလား ခင်ဗျား”

“မဆိုင်တဲ့သူကို စွပ်စွဲမနေနဲ့ တော်ဝင်ယောက်ျား”

လှေကားထစ်တစ်ထစ်ချင်းစီကို ဟန်ပါပါဆင်းလာတဲ့
ဦးဇာနည်တော်ဝင်က ဆိုလာသဖြင့် Royal
မဲ့ပြုံး ပြုံးလိုက်သည်။

“ဒေါ်မိုးကလျာက ခုကိစ္စနဲ့မဆိုင်ဘူးဆိုတော့
မဟုတ်မှလွဲ ဒီကိစ္စကဒယ်ဒီလုပ်တာလို့ဆိုလိုချင်တာလား”

“ဟုတ်တယ်…ငါလုပ်တာ”

ထိုစကားအဆုံး Royalအပြင်တစ်ခြားလူတွေပါ
ဆွံ့အသွားကြလေသည်။အဆိုးဆုံးကတော့ Royalပင်။

အဖေအရင်းက ကိုယ့်ချစ်သူကို လုပ်ကြံတယ်ဆိုတဲ့အသိက
သူ့အတွက် အလွန်ခံပြင်းစရာ…….။

……………………..

(ခုတလောစာရေးချင်စိတ်ပျောက်ပြီး
အမျိုးသားရှောင်းရင်ခွင်ထဲပဲ နေချင်တော့တယ်)

Zawgyi

ရင္ခြင္ထဲသို႔ေခါင္းတိုးဝင္လာတဲ့အထိအေတြ႕ေၾကာင့္
Royalႏွိုးလာသည္။ျပတင္းလိုက္ကာၾကားမွ
အလင္းေရာင္ထိုးထြက္ေနသျဖင့္ မိုးလင္းေနၿပီဆိုတာ
သိလိုက္၏။

ရင္ခြင္ထဲကလူကိုၾကည့္လိုက္ေတာ့ သူ႕လက္ေမာင္းေပၚ
ေခါင္းအုံးထားၿပီး လက္တစ္ဖက္ကလည္းသူ႕ကိုယ္ကို
ေပြ႕ဖက္ထားသည္။ခါတိုင္း ဒီလိုအခ်ိန္ဆို အလွေလးက
အကုန္ျပင္ဆင္လို႔ၿပီးေနေပမယ့္ ညတုန္းကပင္ပန္းထားသျဖင့္
ခုမထနိုင္ျခင္းပင္။

ေဟးးးးပင္ပန္းတယ္ဆိုလို႔ အေတြးမမ်ားပါနဲ႕။
သုံးထိပ္စီးလူပ်ိဳႀကီးကို အနမ္းသင္တန္းဆင္းေပးေနရလို႔
ညဥ့္နက္သြားျခင္းသာ။ရင္ဘတ္ေပၚကလက္ကို
အသာေလးခ်ကာ သူထထိုင္လိုက္ၿပီး အိပ္ေနတုန္းျဖစ္တဲ့
အလွေလးကိုၾကည့္ေနလိုက္သည္။ေသခ်ာေပါက္
သူ႕ႏႈတ္ခမ္းေတြက ၿပဳံးရိပ္သန္းလို႔။သူနမ္းထားလို႔
ဖူးေယာင္ေနတဲ့ႏႈတ္ခမ္းေလးကို လက္နဲ႕အသာပြတ္သပ္လိုက္
ေတာ့ အိပ္ေနသူကသူ႕လက္ကိုပုတ္ထုပ္ကာ
တစ္ဖက္လွည့္ျပန္အိပ္သြားေလသည္။

“ခ်စ္စရာေလးကြာ”

~~Ring. ..Ring~~

စားပြဲေပၚတင္ထားတဲ့ဖုန္းသံျမည္လာသျဖင့္
အျမန္ေကာက္ကိုင္လိုက္ရသည္။အိပ္ေနသူကို မႏွိုးေစလို။
ဖုန္းscreenမွာေပၚေနတာက ‘Nay Yaung’

“မနက္ေစာေစာႀကီးကိုကြာ”

“မနက္ေစာေစာလုပ္မေနနဲ႕ Royal၊
မင္းျမင္ၿပီးၿပီလား”

“ဘာကိုျမင္ရမွာလဲ၊ရွင္းေအာင္ေျပာ”

“မင္းမသိေသးဘူးပဲ၊လိုင္းဖြင့္လိုက္ Royal၊
Cbကေန ငါlinkပို႔လိုက္မယ္၊ဝင္ၾကည့္လိုက္”

“ဘာကိုလဲ”

“ငါေျပာသလိုသာလုပ္စမ္းပါ”

ျမန္ျမန္ပင္ေနေရာင့္ဘက္မွဖုန္းခ်သြားေလသည္။
ေနေရာင္ အေလာတႀကီးျဖစ္တာတစ္ခါမွမျမင္ဖူးသျဖင့္
လိုင္းဖြင့္ကာ messengerေျပးၾကည့္ရသည္။
တင္ခနဲဆိုေသာအသံႏွင့္ ေနေရာင္ပို႔လာေသာ link
Linkထဲဝင္လိုက္ေတာ့ ျမင္လိုက္ရတဲ့ပို႔စ္ေၾကာင့္
သူလက္သီးဆုပ္လိုက္မိသည္။

ဘယ္သူေတြကမ်ား ရာရာစစသူ႕လူကိုထိရဲရတာလဲ။
Commentsေတြဝင္ၾကည့္လိုက္ေတာ့ ဆိုး႐ႊားေသာ
မွတ္ခ်က္ေတြက ႏြေရတုဆီသာလွ်င္ဦးတည္သည္။
တစ္ခ်ိဳ႕ေကာမန့္ေတြကေတာ့ ႏြေရတုေကာင္းေၾကာင္း
ေရးသားထားေလသည္။

Girl 1~~ဟဲ့ေရ..အဲ့အစ္ကိုကို ငါသိတယ္ဟ၊cafeဆိုင္ပိုင္ရွင္အစ္ကိုႀကီးေလ၊ငါျမင္တာကေတာ့ေနာ္
ခက္မိုက္မိုက္အစ္ကိုႀကီးက လိုက္ကပ္တာပဲျမင္တယ္၊
ဆိုင္မွာ ဟိုအစ္ကိုႀကီးကသီခ်င္းေတြဆိုၿပီး ေခ်ာ့ေနတာေရာ

Girl 2~~အဲ့cafeဆိုင္က ဘယ္လမ္းမွာရွိတာလဲ
ၫႊန္းပါဦး အေပၚကတစ္ေယာက္ေရ…

“နိုးေနတာၾကာၿပီလား”

ေက်ာေနာက္ကေနထြက္လာတဲ့အသံေၾကာင့္
ဖုန္းကိုျမန္ျမန္ပိတ္လိုက္သည္။စိတ္ဆင္းရဲစရာကိစ္စေတြကို
အလွေလးကို ေပးမျမင္ခ်င္။

“မၾကာေသးပါဘူး”

“ငါ့လည္းမႏွိုးဘူး၊ဆိုင္ဖြင့္ခ်ိန္ေနာက္က်ေနေတာ့မွာ”

ေျပာရင္း မ်က္လုံးႏွစ္ဖက္ကို လက္နဲ႕ပြတ္သပ္ေနသူေၾကာင့္
အသည္းယားစြာ ဆံပင္အုပ္အုပ္ေလးကိုဖြပစ္လိုက္သည္။

“ဒီေန႕ဆိုင္မသြားပါနဲ႕လား”

“ဘာလို႔လဲ”

အခုျဖစ္ေနတဲ့အေၾကာင္းေတြကိုလည္း သူမေျပာခ်င္။

“ဒီေန႕ဆိုင္မသြားဘဲ အိမ္မွာပဲ dateၾကရေအာင္၊
တစ္ရက္တေလဆိုင္ပိတ္တာနဲ႕ မမြဲဘူးမလား”

“ဟင္”

မ်က္လုံးေတြကအေရာင္လက္သြားတာမ်ား
သေဘာက်ေနသည္ထင္။

“တကယ္ႀကီးလား”

လူေကာင္ေသးေသးေလးကို ေပြ႕ယူကာသူ႕ေပါင္ေပၚတင္လိုက္ၿပီး နဖူးေလးကိုအနမ္းေပးမိသည္။

“တကယ္၊ကြၽန္ေတာ္ အခုေတာ့သြားစရာရွိတယ္၊
ဒါမယ့္ မၾကာပါဘူး၊ခနပဲ ၿပီးရင္ကြၽန္ေတာ္နဲ႕
တစ္ေနကုန္ဒိတ္မလား”

“အြန္း…မင္းသေဘာ”

“ကိုကို႔ကိုခ်စ္တယ္”

မ်က္ႏွာႏုႏုကို ပြတ္သပ္ကာခ်စ္စကားဆိုမိေတာ့
ခ်စ္ရသူက သြားေဖြးေဖြးေလးေတြေပၚေအာင္ ၿပဳံးရယ္လာကာ သူ႕လည္ပင္းၾကားထဲေခါင္းဝွက္လာၿပီး

“ငါလည္းမင္းကိုခ်စ္တယ္”

အသည္းယားစြာ ေခါင္းလုံးလုံးေလးကိုအနမ္းေပးမိသည္။
ခ်စ္လိုက္ရတာ…

………………………….

ႏြေရတု ကိုယ္မွာapronဝတ္ကာျဖင့္ မီးဖိုခန္းထဲ
အလုပ္ရႈပ္ေနပါသည္။တစ္ျခားအတြဲေတြdateရင္
ဘာလုပ္ၾကသလဲမသိေပမယ့္ Royalနဲ႕ႏြေရတုကေတာ့
ထမင္းလက္ဆုံစားကာ အိမ္မွာပဲ႐ုပ္ရွင္dateၾကမွာပင္။

လူဆိုးေကာင္က အျပင္မသြားခင္ထူးထူးဆန္းဆန္းစကားေတြ
ေျပာသြားေသးတယ္။social mediaသုံးသလားေမးၿပီး
ဖုန္းမၾကည့္နဲ႕ဆိုသြားေလသည္။အရင္ကတည္းက
သူလည္း သိပ္မသုံးျဖစ္သျဖင့္လြယ္လြယ္ေခါင္းၿငိမ့္လိုက္၏။

~Ring. ..Ring~~

စားပြဲေပၚတင္ထားတဲ့ဖုန္းကအသံျမည္လာသျဖင့္
မီးခလုတ္ကိုပိတ္ကာ ဘယ္သူေခၚသလဲၾကည့္လိုက္ေတာ့
ေစရာဖုန္းေခၚေနျခင္း။ဆီေပေနတဲ့လက္ကို လက္သုတ္ပဝါနဲ႕
သုတ္ကာ ဖုန္းကိုင္လိုက္သည္။

“ေျပာ…ေစရာ”

“ရတု…မင္းအဆင္ေျပလား”

ဖုန္းတစ္ဖက္မွေစရာ့အသံက သူ႕ကိုစိုးရိမ္ေနသလို အေလာတႀကီးႏွင့္။

“ဘာကိုလဲ”

စကားအသြားအလာၾကည့္ျခင္းျဖင့္ လိုင္းေပၚကကိစ္စေတြကို
ရတုမသိေသးဘူးဆိုတာ သူသိလိုက္သည္။

“ေတာ္ဝင္ေယာက္်ားေရာရွိလား ရတု”

“ဟင့္အင္း…သူအျပင္သြားစရာရွိလို႔ဆိုၿပီးထြက္သြားတယ္၊
ဘာျဖစ္လို႔လဲ ေစရာ”

“ဘာမွမဟုတ္ပါဘူး၊မင္းအဆင္ေျပရင္ ၿပီးတာပါပဲ၊
ဒါပဲေနာ္ ရတု”

ထိုစကားသာဆိုၿပီး ဖုန္းခ်သြားသူေၾကာင့္
ႏြေရတု အခ်ိန္ခနေတာ့ေၾကာင္သြားသည္။
လူဆိုးေကာင္က အထူးအဆန္းေတြဆိုသလို
ေစရာ့စကားေတြကလည္း ဘာကိုဆိုလိုခ်င္ေနမွန္းမသိ။
သူမသိတဲ့ ကိစ္စတစ္ခုခုမ်ား ရွိေနတာလား။

~~တီးေတာင္….တီးေတာင္

ဘဲလ္သံျမည္လာသျဖင့္ အေတြးရပ္ကာ
ၿခံျပင္ကိုေမွ်ာ္ၾကည့္လိုက္ေတာ့ ေသာ္တာ။
ေက်ာင္းဖြင့္တာကို ဒီေကာင္မေလးကဘာလာလုပ္တာပါလိမ့္။

ၿခံတံခါးဖြင့္ေပးလိုက္ေတာ့ ေသာ္တာက
သူ႕တစ္ကိုယ္လုံးကို ႏွံ႕ႏွံ႕စပ္စပ္ၾကည့္ကာ

“ကိုကို ဘာမွမျဖစ္ဘူးလား”

“ငါကဘာျဖစ္ရမွာလဲ”

ေသာ္တာက ခုမွစိတ္သက္သာရာရသြားသလို
သက္ျပင္းခ်လိဳက္သည္။သတင္းၾကားၾကားခ်င္း
သူမဘယ္ေလာက္ေတာင္ စိတ္ပူလိုက္ရသလဲ။

“ေနပါဦး…လူဆိုးေကာင္နဲ႕ေစရာ့အျပင္
နင္ကပါ အထူးအဆန္းေတြလာလုပ္ေနတယ္၊
ငါမသိတဲ့ကိစ္စတစ္ခုခုရွိေနတာလား”

ကိုကို႔ပုံစံၾကည့္ရတာ ဘာမွမသိတဲ့ပုံပင္။
ၾကည့္ရတာ ေတာ္ဝင္ေယာက္်ားက တမင္တကာေပးမသိပုံ။
ဆိုေပသိ သူမကေတာ့ ကိုကို႔ကိုေျပာျပခ်င္သည္။
အခုက ဖုံးကြယ္လိုက္တာနဲ႕ၿပီးသြားမယ့္အရာမွမဟုတ္တာ။

ဖုန္းဖြင့္ကာ ႏြေရတုလက္ထဲထိုးေပးလိုက္သည္။

“ၾကည့္လိုက္..ကိုကို၊အရာအားလုံးနားလည္သြားလိမ့္မယ္”

ေသာ္တာေျပာသလို ဖုန္းၾကည့္လိုက္သည္။
ျမင္လိုက္ရတဲ့အရာေတြေၾကာင့္ ဝမ္းနည္းမိသြားတာေတာ့အမွန္။
လူဆိုးေကာင္က ဒါေတြေၾကာင့္ သူ႕ကိုဖုန္းမၾကည့္ေစခ်င္တာေပါ့။သူ႕ကိုစိတ္မဆင္းရဲေစခ်င္တဲ့လူဆိုးေကာင္ေၾကာင့္
ဝမ္းနည္းေနတဲ့ၾကားမွ ၾကည္ႏူးရသည္။

ေသာ္တာကေတာ့ သူ႕ကိုမေကာင္းေျပာထားတဲ့ပို႔စ္ျမင္တာေတာင္
ၿပဳံးေနတဲ့ကိုကို႔ကို နားမနိုင္ေပ။

……………………….

“ေဒၚမိုးကလ်ာ! ေဒၚမိုးကလ်ာ!!”

အေပၚထပ္တက္တဲ့ေလွကားရင္းမွေအာ္လိုက္တဲ့အသံေၾကာင့္
တစ္အိမ္လုံးဟိန္းသြားေလသည္။

Royalအသံေၾကာင့္ အိမ္ရဲ႕အႀကီးအကဲေတြအျပင္
အလုပ္သမားေတြပါထြက္ၾကည့္လာၾကသည္။
Royalကေတာ့ သေဘာမထားစြာ
ေဒၚမိုးကလ်ာကိုျမင္တာနဲ႕ လည္ပင္းေၾကာေတြ
ေထာင္ထလာပုံမွာ အလြန္ေဒါသထြက္ေနပုံ။

“ခင္ဗ်ားစိတ္ဓာတ္ အဲ့ေလာက္ေအာက္တန္းက်လိမ့္မယ္လို႔
က်ဳပ္မထင္ထားဘူး”

“ဒီမွာ Royal၊မင္းဘာေတြေျပာေနတာလဲဆိုတာ
ငါမသိဘူး”

“ဟက္…ေျဗာင္လိမ္တာပဲ”

နန္းထိုက္ေတာ္ဝင္အေၾကာင္းစုံေျပာျပထားသျဖင့္
အဘိုးကလည္း ဝင္မေျပာလာ။

“ငါမေကာင္းတာ ဘာမွမလုပ္ထားဘူး Royal”

“ေသခ်ာလား ခင္ဗ်ား”

“မဆိုင္တဲ့သူကို စြပ္စြဲမေနနဲ႕ ေတာ္ဝင္ေယာက္်ား”

ေလွကားထစ္တစ္ထစ္ခ်င္းစီကို ဟန္ပါပါဆင္းလာတဲ့
ဦးဇာနည္ေတာ္ဝင္က ဆိုလာသျဖင့္ Royal
မဲ့ၿပဳံး ၿပဳံးလိုက္သည္။

“ေဒၚမိုးကလ်ာက ခုကိစ္စနဲ႕မဆိုင္ဘူးဆိုေတာ့
မဟုတ္မွလြဲ ဒီကိစ္စကဒယ္ဒီလုပ္တာလို႔ဆိုလိုခ်င္တာလား”

“ဟုတ္တယ္…ငါလုပ္တာ”

ထိုစကားအဆုံး Royalအျပင္တစ္ျခားလူေတြပါ
ဆြံ႕အသြားၾကေလသည္။အဆိုးဆုံးကေတာ့ Royalပင္။

အေဖအရင္းက ကိုယ့္ခ်စ္သူကို လုပ္ႀကံတယ္ဆိုတဲ့အသိက
သူ႕အတြက္ အလြန္ခံျပင္းစရာ…….။

……………………..

(ခုတေလာစာေရးခ်င္စိတ္ေပ်ာက္ၿပီး
အမ်ိဳးသားေရွာင္းရင္ခြင္ထဲပဲ ေနခ်င္ေတာ့တယ္)

Tags: read novel Royal Husband 31, novel Royal Husband 31, read Royal Husband 31 online, Royal Husband 31 chapter, Royal Husband 31 high quality, Royal Husband 31 light novel, ,

Comment

Leave a Reply

Chapter 32