Royal Husband 37

All chapters are in Royal Husband
A+ A-

“ကိုကို….ကျွန်….ကျွန်တော်”

မြင်နေရတဲ့Expressကားကြီးကိုကြည့်ကာ
သူကြောက်မိတာအမှန်။ဒါကိုလည်း ဘေးနားရပ်နေတဲ့ကိုကိုကသိသည်ထင်၊သူ့လက်ကိုဆုပ်ကိုင်
လာကာ ပြုံးပြလာပြီး

“ဘာမှမဖြစ်ဘူးလေ….ကိုကိုရှိတာပဲဟာ”

“ဒါ…ဒါပေမယ့်”

ထိုညက ဒီလောက်ကြီးတဲ့ကားကြီးနဲ့တိုက်မိတဲ့အချိန်
မာမီက သူ့ကိုပွေ့ဖက်ခဲ့တဲ့မြင်ကွင်းက ပြန်ပေါ်လာတဲ့အခါ
တုန်လှုပ်ကာ ကိုကို့လက်ကိုဖျစ်ညစ်မိသည်။

“တစ်ချိန်ကျရင် ကိုကိုကLover seatမှာထိုင်ပြီး
ကားမောင်းနေတဲ့မင်းကို တစိမ့်စိမ့်ငေးကြည့်ချင်တာ၊
ကားစတီယာတိုင်ကိုထိန်းနေတဲ့ မင်းလက်ချောင်းလေးတွေကို
ငေးမယ်၊လက်တစ်ဖက်ကို ဆုပ်ကိုင်ထားပြီး
မင်းကားမောင်းနေတာ အာရုံနောက်အောင်
အနမ်းတွေတဖွဖွပေးချင်တာ”

“ကို….ကို”

မျက်လုံးလေးတွေကြည်တောက်နေကာ အပြုံးတွေချိုလှတဲ့
ကိုကိုက ရှေ့လျှောက်အနာဂတ်မှာမြင်တွေ့ချင်တာလေးတွေ
ပြောလာတော့ သူ့အနေနဲ့အားနာရသည်။ဆိုပေမယ့်လို့
ကြောက်စိတ်တွေပြေလျော့သွားတာတော့အမှန်။ ကိုကိုဖြစ်ချင်တာတွေဖြည့်ဆည်းပေးဖို့အတွက်
သူကားမောင်းသင်ချင်တဲ့စိတ်ကူးတွေက အတွေးတွေထဲ
ဝင်လာသည်။

“အဲ့အချိန်ကျရင် ဒီကလေးတွေကိုရော
တူတူခေါ်မယ်လေ”

ကိုကိုက သူကိုင်ထားတဲ့ကြောင်လှောင်အိမ်ကိုမြှောက်ပြကာ
ဆိုတော့သူနှစ်လိုဖွယ်ပြုံးပြမိသည်၊သေချာပေါက်
သူက ကိုကိုဖြစ်ချင်တာတွေပြည့်မြောက်အောင်
ကြိုးစားပေးမှာပေါ့။

“ကိုကို!!”

အကြည်ဆိုက်နေတုန်း ကျယ်လွန်းလှတဲ့အော်သံကြောင့်
အနီးနားဝေ့ဝဲကြည့်လိုက်တော့ သော်တာကလက်ယမ်းပြကာ
ပြေးလာလေသည်။နန်းထိုက်တော်ဝင်ကလည်း
ကပ်လျက်လိုက်ပါလာသည်။

“ဒီကောင်မလေး ချော်လှဲနေဦးမှာ”

“ဖမ်းပေးမယ့်သူတစ်ယောက်လုံးဘေးမှာရှိနေတာကို
ဘာလို့စိတ်ပူနေဦးမှာလဲ”

သော်တာက ထိုက်ကိုကြည့်ကာဆိုလာသဖြင့်
ကြောင်အသွားရသူက Royalနဲ့နွေရတုပင်။
ထိုက်ကိုကြည့်တော့လည်း နားရွက်ဖျားတွေရဲနေတာက
လွဲရင် မူမပျက်ပေ။

“နှစ်ယောက်က….”

“ချစ်သူတွေလေ”

သော်တာက ထိုစကားကိုဂုဏ်ယူဝံကြားဟန်ဖြင့်
ဆိုလာတော့ထိုက်ကသဘောကျစွာ သော်တာ့ခေါင်းကို
ဖွလာလေသည်။

“ဘယ်…ဘယ်လိုလုပ်ပြီး”

“ထိုက်…မင်း ငါတို့ကိုလျိူထားတယ်ပေါ့လေ”

“ဒီနေ့က ငါတို့ရဲ့ပထမဆုံးနေ့လေ”

ထိုစကားက Royalကိုရည်ရွယ်ပေမယ့်
မျက်လုံးကတော့ သူ့ကိုချစ်ရိပ်တွေနဲ့ကြည့်နေတဲ့ကောင်မလေးကိုပြုံးကာ
ဆိုလာသည်။ဒီကောင်မလေးကို သူလည်းသိပ်ချစ်ရပါသည်။

“ကိုကို မေမေ့ကိုသတင်းပါးလိုက်ပါ၊
ချစ်သမီးတော်လေးက မယ်တော့်အတွက်ချွေးမရှာထား
ပါတယ်ဆိုတာ…ဟီး…ဟီး”

“ဒီကောင်မလေးကတော့ စစရာမဟုတ်တာကို”

“အမှန်ပြောတာကို”

ထိုစဥ် ကားစပယ်ယာက ခရီးသည်တွေကားပေါ်တက်ရန်
အော်လာတော့သည်။

“သွားကြစို့ ကိုကို”

ဘေးနားချထားတဲ့အထုပ်တွေကိုမကာ
Royalပြောလိုက်သည်။

“သော်တာ….ငါသွားတော့မယ်”

တကယ်ဆို သူမလည်းအိမ်ပြန်ချင်ပေမယ့်
ကျောင်းပိတ်ရက်မဟုတ်တာကြောင့်သာ ကျန်ရစ်ရခြင်းပင်။
ဆိုပေမယ့်လည်း crushဆီကအဖြေရထားတဲ့
လဝန်းသော်တာကတော့ ပြုံးရွှင်လို့ပင်။

“ညီမလေးမှာတာ ပြောဖို့မမေ့နဲ့နော် ကိုကို”

“မဟုတ်တာတွေပြောနေပြန်ပြီ….သွားတော့မယ်နော်”

နောက်ဆုံးစကားကိုတော့ ထိုက်ကိုကြည့်ကာဆိုလိုက်တော့
ထိုက်ကခေါင်းငြိမ့်ပြလိုက်သည်။ထို့နောက် နွေရတုက
အရင်ကားပေါ်တက်ကာ Royalကိုလှည့်ကြည့်လာသည်။
Royalက ထိုက်ကိုလက်နဲ့သာ သွားတော့မယ်အချက်ပြကာ
နွေရတုနောက်လိုက်သွားလေသည်။

“Royalကားစီးတာဘယ်လိုနေမလဲသိချင်လိုက်တာ”

“သူအဆင်ပြေမှာပါ”

ကားပေါ်မှာတော့ နွေရတုကခုံနံပါတ်လိုက်ရှာကာ
Royalကတော့ အမေနောက်လိုက်နေတဲ့ကလေးလိုပင်။

“လာ….အစွန်းမှာထိုင်၊ရှုခင်းတွေကြည့်လိုက်ခဲ့ရင်
My Husband ကားစီးပျော်သွားမယ်ဆိုတာ
ကိုကိုအာမခံတယ်”

အထုပ်တွေကိုအပေါ်တင်ကာ Royalက
အစွန်းမှာထိုင်ပြီးတော့ နွေရတုကဘေးကပ်ထိုင်ကာ
Royalလက်ကိုဆုပ်ကိုင်လာသည်။

“ကိုကိုရှိတယ်နော်….ဘာမှမကြောက်နဲ့”

သူ့လက်ကိုဆုပ်ကိုင်ထားတဲ့ကိုကို့လက်ကိုအပေါ်ကထပ်ကိုင်ကာ သူပြုံးပြလိုက်သည်။

ကိုကိုတစ်ယောက်လုံးဘေးမှာထိုင်နေတာကို
သူကဘာကိုတွေးပူပြီး ကြောက်ရဦးမှာလဲ……

…………………….

ကားကွင်းကအပြန်ကားပေါ်မှာတစ်ချိန်လုံးငြိမ်နေတဲ့
သော်တာ့ကို ထိုက်ကားမောင်းရင်းမကြာခဏ
လှည့်ကြည့်မိသည်။

ဟူး~~~

သက်ပြင်းချသံအကျယ်ကြီးကြောင့် သူ့ကလေး
ဘာတွေကိုတွေးပူနေသလဲ သူအနည်းငယ်ရိပ်မိနေပြီ။

“ပြောပါဦး…ကိုယ့်ကလေးက ဘာလို့သက်ပြင်းချနေတာလဲ”

“ကို”

“ပြောလေ”

“တကယ်…တကယ်လို့လေ ကို့ရဲ့မိဘတွေက
သော်တာတို့ကိုသဘောမတူခဲ့ရင် ဘယ်လိုလုပ်မလဲဟင်”

ထိုကိစ္စကို သူမတကယ်စိုးရိမ်နေတာဖြစ်သည်။
ကိုကို့အလှည့်တုန်းကလည်း လူဆိုးကောင်အဖေက
သဘောမတူဘူးမလား၊ဘယ်လိုပဲ ကို့ရဲ့မိဘတွေက
ကို့ကိုမချုပ်ချယ်ပါဘူးဆိုဆို အိမ်ထောင်ဖက်ကို
သူမကိုမရွေးချယ်စေရင် ဘယ်လိုလုပ်မလဲ။

“ဒီကနေ့ပဲ ကိုယ့်မိဘတွေနဲ့မိတ်ဆက်ပေးမလို့လေ ကလေးကို”

“ရှင်…ဘယ်လို…ဘယ်လို”

“ကိုယ့်မိဘတွေက ကိုယ့်အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး
ဘာမှမချုပ်ချယ်ဘူး၊ကိုယ့်ကလေးက ကိုယ့်တစ်သက်တာလုံး
လက်တွဲသွားချင်တဲ့သူမို့ ချစ်သူစဖြစ်တဲ့နေ့မှာပဲ
ကိုယ့်မိဘတွေနဲ့မိတ်ဆက်ပေးမလို့ ကိုယ်တွေးထားတာ”

“ကို့….ကားကိုလမ်းဘေးခဏရပ်လိုက်ပါလား”

သူမပုံစံကအလျင်မြန်နေပုံကြောင့် သူကားရှင်းမရှင်းကြည့်ကာ ကားကိုလမ်းဘေးချရပ်လိုက်သည်။

“ဘာလုပ်…..”

“ကို့ကိုချစ်တယ်!!”

အသံကျယ်ကြီးနဲ့ချစ်စကားဆိုလာကာ
သူမထိုင်နေတဲ့ခုံကနေ သူ့ကိုခါးကိုင်းကာလှမ်းဖက်လာတဲ့သူကိုသူလည်း
ပြန်ပွေ့ဖက်ထားလိုက်သည်။

လဝန်းသော်တာက နန်းထိုက်တော်ဝင် တစ်သက်တာလုံး
လက်တွဲသွားချင်တဲ့ချစ်ရသူမို့……

……………………….

ကားစထွက်ကာစက ကြောက်စိတ်အနည်းငယ်ရှိပေမယ့်
ကိုကို့ရဲ့အားပေးမှုနဲ့ကားမှန်ကနေမြင်နေတဲ့ရှုခင်းတွေကြောင့်
သူ့ကြောက်စိတ်တွေ အဝေးသို့လွင့်ပြယ်သွားသည်။
အစကမှိုင်းကျနေတဲ့ သူ့မျက်နှာကခဏအတွင်းပင်
လန်းဆန်းလာသည်။တကယ်တမ်းပြောရရင်
Royalက ငယ်ငယ်ကaccidentသာမဖြစ်ခဲ့ရင်
ကားစီးရတာသဘောကျသူဖြစ်သည်။

ကားမူးတတ်တဲ့အကျင့်မရှိတာက ဆုလာဘ်တစ်ခုပင်။
ကိုကိုပြောသလိုပင် ခရီးကခြောက်နာရီအကြာစီးရသော
ကြောင့် အီစိမ့်နေတာတော့အမှန်။

ကားကလယ်ကွင်းတွေရွှေရောင်ပြေးနေတဲ့အနားက
“. ….”ရွာဟုဆိုင်းဘုတ်ထောင်ထားသောနေရာမှာ
ရပ်တော့ ကိုကိုကဦးဆောင်ကာ ကားပေါ်ကဆင်းလာသည်။
သူကတော့ အထုပ်တွေပိုက်လျက်၊ကိုကို့နောက်က
လိုက်လျက်ပေါ့။

ကားထွက်တော့ စောနကကားကွယ်ထားတဲ့လမ်းတစ်ဘက်မှာ
ရပ်ထားတဲ့နွားလှည့်ကို မြင်ရတော့နွေရတုမျက်လုံးတွေက
ပြုံးရွှင်သွားတယ်။

“ဗျို့….ကိုကြီးနွေ”

လူကောင်သေးလှပေမယ့် အသံကျယ်လှသည်။
ကိုကိုက ထိုနွားလှည်းဆီလျှောက်သွားသဖြင့်
သူလည်းအထုပ်တွေဆွဲကာ လိုက်ရပြန်သည်။

“ဒါ ကိုကြီးနွေရဲ့ချစ်သူလားဗျ၊ရုပ်ချောလိုက်တာဗျာ”

ကိုယ့်ကိုဒဲ့ဒိုးကြည့်ကာဆိုလာသူကြောင့် Royalရှက်သွား
ရသည်။

“ဖိုးသားကတော့…”

“ကိုကြီးနွေတို့က လူနှစ်ယောက်ရော၊အထုပ်တွေရောပါ
တယ်ဆိုလို့ ကျုပ်ကနွားလှည်းနဲ့လာကြိုတာ၊ဆိုင်ကယ်နဲ့က
မဆန့်ဘူးလေ၊လာ…အထုပ်တွေအပေါ်တင်ပြီး
တက်ကြတော့၊နေပူလှပြီ”

တကယ်လည်း နေပူနေသဖြင့် အထုပ်တွေလှည်းပေါ်တင်ကာ
နွေရတုကအရင်တက်သည်။တစ်ခါမှလှည်းမစီးဖူးတဲ့
Royalအတွက်တော့ ကိုးယို့ကားယားဖြစ်တာအမှန်။

လှည်းစထွက်တော့ကြောက်ရွံ့ပြီး ကိုကို့လက်ကိုဆွဲကိုင်လိုက်တော့ ကိုကိုကပြုံးပြလာကာ

“လှည်းစီးရတာ ပျော်ဖို့ကောင်းတယ်”

သူပြုံးပြလိုက်ပေမယ့်လို့ စိတ်ထဲမှာငိုနေမိသည်။
သူ့အနေနဲ့ ကားစီးရမှာထက်လှည်းစီးရတာကို
ပိုကြောက်သွားလေပြီ……

……………………….

(updateနောက်ကျသွားတဲ့အတွက် ဆောရီးပါနော်၊
ဒီကြားထဲ ကိုယ်စာရေးချင်စိတ်ပျောက်နေတဲ့အပြင် မအားလပ်လို့ပါနော်၊နားလည်ပေးကြပါဗျ❤)

Zawgyi

“ကိုကို….ကြၽန္….ကြၽန္ေတာ္”

ျမင္ေနရတဲ့Expressကားႀကီးကိုၾကည့္ကာ
သူေၾကာက္မိတာအမွန္။ဒါကိုလည္း ေဘးနားရပ္ေနတဲ့ကိုကိုကသိသည္ထင္၊သူ႕လက္ကိုဆုပ္ကိုင္
လာကာ ၿပဳံးျပလာၿပီး

“ဘာမွမျဖစ္ဘူးေလ….ကိုကိုရွိတာပဲဟာ”

“ဒါ…ဒါေပမယ့္”

ထိုညက ဒီေလာက္ႀကီးတဲ့ကားႀကီးနဲ႕တိုက္မိတဲ့အခ်ိန္
မာမီက သူ႕ကိုေပြ႕ဖက္ခဲ့တဲ့ျမင္ကြင္းက ျပန္ေပၚလာတဲ့အခါ
တုန္လႈပ္ကာ ကိုကို႔လက္ကိုဖ်စ္ညစ္မိသည္။

“တစ္ခ်ိန္က်ရင္ ကိုကိုကLover seatမွာထိုင္ၿပီး
ကားေမာင္းေနတဲ့မင္းကို တစိမ့္စိမ့္ေငးၾကည့္ခ်င္တာ၊
ကားစတီယာတိုင္ကိုထိန္းေနတဲ့ မင္းလက္ေခ်ာင္းေလးေတြကို
ေငးမယ္၊လက္တစ္ဖက္ကို ဆုပ္ကိုင္ထားၿပီး
မင္းကားေမာင္းေနတာ အာ႐ုံေနာက္ေအာင္
အနမ္းေတြတဖြဖြေပးခ်င္တာ”

“ကို….ကို”

မ်က္လုံးေလးေတြၾကည္ေတာက္ေနကာ အၿပဳံးေတြခ်ိဳလွတဲ့
ကိုကိုက ေရွ႕ေလွ်ာက္အနာဂတ္မွာျမင္ေတြ႕ခ်င္တာေလးေတြ
ေျပာလာေတာ့ သူ႕အေနနဲ႕အားနာရသည္။ဆိုေပမယ့္လို႔
ေၾကာက္စိတ္ေတြေျပေလ်ာ့သြားတာေတာ့အမွန္။ ကိုကိုျဖစ္ခ်င္တာေတြျဖည့္ဆည္းေပးဖို႔အတြက္
သူကားေမာင္းသင္ခ်င္တဲ့စိတ္ကူးေတြက အေတြးေတြထဲ
ဝင္လာသည္။

“အဲ့အခ်ိန္က်ရင္ ဒီကေလးေတြကိုေရာ
တူတူေခၚမယ္ေလ”

ကိုကိုက သူကိုင္ထားတဲ့ေၾကာင္ေလွာင္အိမ္ကိုျမႇောက္ျပကာ
ဆိုေတာ့သူႏွစ္လိုဖြယ္ၿပဳံးျပမိသည္၊ေသခ်ာေပါက္
သူက ကိုကိုျဖစ္ခ်င္တာေတြျပည့္ေျမာက္ေအာင္
ႀကိဳးစားေပးမွာေပါ့။

“ကိုကို!!”

အၾကည္ဆိုက္ေနတုန္း က်ယ္လြန္းလွတဲ့ေအာ္သံေၾကာင့္
အနီးနားေဝ့ဝဲၾကည့္လိုက္ေတာ့ ေသာ္တာကလက္ယမ္းျပကာ
ေျပးလာေလသည္။နန္းထိုက္ေတာ္ဝင္ကလည္း
ကပ္လ်က္လိုက္ပါလာသည္။

“ဒီေကာင္မေလး ေခ်ာ္လွဲေနဦးမွာ”

“ဖမ္းေပးမယ့္သူတစ္ေယာက္လုံးေဘးမွာရွိေနတာကို
ဘာလို႔စိတ္ပူေနဦးမွာလဲ”

ေသာ္တာက ထိုက္ကိုၾကည့္ကာဆိုလာသျဖင့္
ေၾကာင္အသြားရသူက Royalနဲ႕ႏြေရတုပင္။
ထိုက္ကိုၾကည့္ေတာ့လည္း နား႐ြက္ဖ်ားေတြရဲေနတာက
လြဲရင္ မူမပ်က္ေပ။

“ႏွစ္ေယာက္က….”

“ခ်စ္သူေတြေလ”

ေသာ္တာက ထိုစကားကိုဂုဏ္ယူဝံၾကားဟန္ျဖင့္
ဆိုလာေတာ့ထိုက္ကသေဘာက်စြာ ေသာ္တာ့ေခါင္းကို
ဖြလာေလသည္။

“ဘယ္…ဘယ္လိုလုပ္ၿပီး”

“ထိုက္…မင္း ငါတို႔ကိုလ်ိဴထားတယ္ေပါ့ေလ”

“ဒီေန႕က ငါတို႔ရဲ႕ပထမဆုံးေန႕ေလ”

ထိုစကားက Royalကိုရည္႐ြယ္ေပမယ့္
မ်က္လုံးကေတာ့ သူ႕ကိုခ်စ္ရိပ္ေတြနဲ႕ၾကည့္ေနတဲ့ေကာင္မေလးကိုၿပဳံးကာ
ဆိုလာသည္။ဒီေကာင္မေလးကို သူလည္းသိပ္ခ်စ္ရပါသည္။

“ကိုကို ေမေမ့ကိုသတင္းပါးလိုက္ပါ၊
ခ်စ္သမီးေတာ္ေလးက မယ္ေတာ့္အတြက္ေခြၽးမရွာထား
ပါတယ္ဆိုတာ…ဟီး…ဟီး”

“ဒီေကာင္မေလးကေတာ့ စစရာမဟုတ္တာကို”

“အမွန္ေျပာတာကို”

ထိုစဥ္ ကားစပါယ္ယာက ခရီးသည္ေတြကားေပၚတက္ရန္
ေအာ္လာေတာ့သည္။

“သြားၾကစို႔ ကိုကို”

ေဘးနားခ်ထားတဲ့အထုပ္ေတြကိုမကာ
Royalေျပာလိုက္သည္။

“ေသာ္တာ….ငါသြားေတာ့မယ္”

တကယ္ဆို သူမလည္းအိမ္ျပန္ခ်င္ေပမယ့္
ေက်ာင္းပိတ္ရက္မဟုတ္တာေၾကာင့္သာ က်န္ရစ္ရျခင္းပင္။
ဆိုေပမယ့္လည္း crushဆီကအေျဖရထားတဲ့
လဝန္းေသာ္တာကေတာ့ ၿပဳံး႐ႊင္လို႔ပင္။

“ညီမေလးမွာတာ ေျပာဖို႔မေမ့နဲ႕ေနာ္ ကိုကို”

“မဟုတ္တာေတြေျပာေနျပန္ၿပီ….သြားေတာ့မယ္ေနာ္”

ေနာက္ဆုံးစကားကိုေတာ့ ထိုက္ကိုၾကည့္ကာဆိုလိုက္ေတာ့
ထိုက္ကေခါင္းၿငိမ့္ျပလိုက္သည္။ထို႔ေနာက္ ႏြေရတုက
အရင္ကားေပၚတက္ကာ Royalကိုလွည့္ၾကည့္လာသည္။
Royalက ထိုက္ကိုလက္နဲ႕သာ သြားေတာ့မယ္အခ်က္ျပကာ
ႏြေရတုေနာက္လိုက္သြားေလသည္။

“Royalကားစီးတာဘယ္လိုေနမလဲသိခ်င္လိုက္တာ”

“သူအဆင္ေျပမွာပါ”

ကားေပၚမွာေတာ့ ႏြေရတုကခုံနံပါတ္လိုက္ရွာကာ
Royalကေတာ့ အေမေနာက္လိုက္ေနတဲ့ကေလးလိုပင္။

“လာ….အစြန္းမွာထိုင္၊ရႈခင္းေတြၾကည့္လိုက္ခဲ့ရင္
My Husband ကားစီးေပ်ာ္သြားမယ္ဆိုတာ
ကိုကိုအာမခံတယ္”

အထုပ္ေတြကိုအေပၚတင္ကာ Royalက
အစြန္းမွာထိုင္ၿပီးေတာ့ ႏြေရတုကေဘးကပ္ထိုင္ကာ
Royalလက္ကိုဆုပ္ကိုင္လာသည္။

“ကိုကိုရွိတယ္ေနာ္….ဘာမွမေၾကာက္နဲ႕”

သူ႕လက္ကိုဆုပ္ကိုင္ထားတဲ့ကိုကို႔လက္ကိုအေပၚကထပ္ကိုင္ကာ သူၿပဳံးျပလိုက္သည္။

ကိုကိုတစ္ေယာက္လုံးေဘးမွာထိုင္ေနတာကို
သူကဘာကိုေတြးပူၿပီး ေၾကာက္ရဦးမွာလဲ……

…………………….

ကားကြင္းကအျပန္ကားေပၚမွာတစ္ခ်ိန္လုံးၿငိမ္ေနတဲ့
ေသာ္တာ့ကို ထိုက္ကားေမာင္းရင္းမၾကာခဏ
လွည့္ၾကည့္မိသည္။

ဟူး~~~

သက္ျပင္းခ်သံအက်ယ္ႀကီးေၾကာင့္ သူ႕ကေလး
ဘာေတြကိုေတြးပူေနသလဲ သူအနည္းငယ္ရိပ္မိေနၿပီ။

“ေျပာပါဦး…ကိုယ့္ကေလးက ဘာလို႔သက္ျပင္းခ်ေနတာလဲ”

“ကို”

“ေျပာေလ”

“တကယ္…တကယ္လို႔ေလ ကို႔ရဲ႕မိဘေတြက
ေသာ္တာတို႔ကိုသေဘာမတူခဲ့ရင္ ဘယ္လိုလုပ္မလဲဟင္”

ထိုကိစ္စကို သူမတကယ္စိုးရိမ္ေနတာျဖစ္သည္။
ကိုကို႔အလွည့္တုန္းကလည္း လူဆိုးေကာင္အေဖက
သေဘာမတူဘူးမလား၊ဘယ္လိုပဲ ကို႔ရဲ႕မိဘေတြက
ကို႔ကိုမခ်ဳပ္ခ်ယ္ပါဘူးဆိုဆို အိမ္ေထာင္ဖက္ကို
သူမကိုမေ႐ြးခ်ယ္ေစရင္ ဘယ္လိုလုပ္မလဲ။

“ဒီကေန႕ပဲ ကိုယ့္မိဘေတြနဲ႕မိတ္ဆက္ေပးမလို႔ေလ ကေလးကို”

“ရွင္…ဘယ္လို…ဘယ္လို”

“ကိုယ့္မိဘေတြက ကိုယ့္အိမ္ေထာင္ေရးနဲ႕ပတ္သက္ၿပီး
ဘာမွမခ်ဳပ္ခ်ယ္ဘူး၊ကိုယ့္ကေလးက ကိုယ့္တစ္သက္တာလုံး
လက္တြဲသြားခ်င္တဲ့သူမို႔ ခ်စ္သူစျဖစ္တဲ့ေန႕မွာပဲ
ကိုယ့္မိဘေတြနဲ႕မိတ္ဆက္ေပးမလို႔ ကိုယ္ေတြးထားတာ”

“ကို႔….ကားကိုလမ္းေဘးခဏရပ္လိုက္ပါလား”

သူမပုံစံကအလ်င္ျမန္ေနပုံေၾကာင့္ သူကားရွင္းမရွင္းၾကည့္ကာ ကားကိုလမ္းေဘးခ်ရပ္လိုက္သည္။

“ဘာလုပ္…..”

“ကို႔ကိုခ်စ္တယ္!!”

အသံက်ယ္ႀကီးနဲ႕ခ်စ္စကားဆိုလာကာ
သူမထိုင္ေနတဲ့ခုံကေန သူ႕ကိုခါးကိုင္းကာလွမ္းဖက္လာတဲ့သူကိုသူလည္း
ျပန္ေပြ႕ဖက္ထားလိုက္သည္။

လဝန္းေသာ္တာက နန္းထိုက္ေတာ္ဝင္ တစ္သက္တာလုံး
လက္တြဲသြားခ်င္တဲ့ခ်စ္ရသူမို႔……

……………………….

ကားစထြက္ကာစက ေၾကာက္စိတ္အနည္းငယ္ရွိေပမယ့္
ကိုကို႔ရဲ႕အားေပးမႈနဲ႕ကားမွန္ကေနျမင္ေနတဲ့ရႈခင္းေတြေၾကာင့္
သူ႕ေၾကာက္စိတ္ေတြ အေဝးသို႔လြင့္ျပယ္သြားသည္။
အစကမွိုင္းက်ေနတဲ့ သူ႕မ်က္ႏွာကခဏအတြင္းပင္
လန္းဆန္းလာသည္။တကယ္တမ္းေျပာရရင္
Royalက ငယ္ငယ္ကaccidentသာမျဖစ္ခဲ့ရင္
ကားစီးရတာသေဘာက်သဴျဖစ္သည္။

ကားမူးတတ္တဲ့မဟုတ္တာ ဆုလာဘ္တစ္ခုပင္။
ကိုကိုေျပာသလိုပင္ ခရီးကေျခာက္နာရီအၾကာစီးရေသာ
ေၾကာင့္ အီစိမ့္ေနတာေတာ့အမွန္။

ကားကလယ္ကြင္းေတြေ႐ႊေရာင္ေျပးေနတဲ့အနားက
“. ….”႐ြာဟုဆိုင္းဘုတ္ေထာင္ထားေသာေနရာမွာ
ရပ္ေတာ့ ကိုကိုကဦးေဆာင္ကာ ကားေပၚကဆင္းလာသည္။
သူကေတာ့ အထုပ္ေတြပိုက္လ်က္၊ကိုကို႔ေနာက္က
လိုက္လ်က္ေပါ့။

ကားထြက္ေတာ့ ေစာနကကားကြယ္ထားတဲ့လမ္းတစ္ဘက္မွာ
ရပ္ထားတဲ့ႏြားလွည့္ကို ျမင္ရေတာ့ႏြေရတုမ်က္လုံးေတြက
ၿပဳံး႐ႊင္သြားတယ္။

“ဗ်ိဳ႕….ကိုႀကီးႏြေ”

လူေကာင္ေသးလွေပမယ့္ အသံက်ယ္လွသည္။
ကိုကိုက ထိုႏြားလွည္းဆီေလွ်ာက္သြားသျဖင့္
သူလည္းအထုပ္ေတြဆြဲကာ လိုက္ရျပန္သည္။

“ဒါ ကိုႀကီးႏြေရဲ႕ခ်စ္သူလားဗ်၊႐ုပ္ေခ်ာလိုက္တာဗ်ာ”

ကိုယ့္ကိုဒဲ့ဒိုးၾကည့္ကာဆိုလာသူေၾကာင့္ Royalရွက္သြား
ရသည္။

“ဖိုးသားကေတာ့…”

“ကိုႀကီးႏြေတို႔က လူႏွစ္ေယာက္ေရာ၊အထုပ္ေတြေရာပါ
တယ္ဆိုလို႔ က်ဳပ္ကႏြားလွည္းနဲ႕လာႀကိဳတာ၊ဆိုင္ကယ္နဲ႕က
မဆန့္ဘူးေလ၊လာ…အထုပ္ေတြအေပၚတင္ၿပီး
တက္ၾကေတာ့၊ေနပူလွၿပီ”

တကယ္လည္း ေနပူေနသျဖင့္ အထုပ္ေတြလွည္းေပၚတင္ကာ
ႏြေရတုကအရင္တက္သည္။တစ္ခါမွလွည္းမစီးဖူးတဲ့
Royalအတြက္ေတာ့ ကိုးယို႔ကားယားျဖစ္တာအမွန္။

လွည္းစထြက္ေတာ့ေၾကာက္႐ြံ႕ၿပီး ကိုကို႔လက္ကိုဆြဲကိုင္လိုက္ေတာ့ ကိုကိုကၿပဳံးျပလာကာ

“လွည္းစီးရတာ ေပ်ာ္ဖို႔ေကာင္းတယ္”

သူၿပဳံးျပလိုက္ေပမယ့္လို႔ စိတ္ထဲမွာငိုေနမိသည္။
သူ႕အေနနဲ႕ ကားစီးရမွာထက္လွည္းစီးရတာကို
ပိုေၾကာက္သြားေလၿပီ……

……………………….

(updateေနာက္က်သြားတဲ့အတြက္ ေဆာရီးပါေနာ္၊
ဒီၾကားထဲ ကိုယ္စာေရးခ်င္စိတ္ေပ်ာက္ေနတဲ့အျပင္ မအားလပ္လို႔ပါေနာ္၊နားလည္ေပးၾကပါဗ်)

Tags: read novel Royal Husband 37, novel Royal Husband 37, read Royal Husband 37 online, Royal Husband 37 chapter, Royal Husband 37 high quality, Royal Husband 37 light novel, ,

Comment

Leave a Reply

Chapter 38