Royal Husband 4
All chapters are in Royal Husband
A+ A-
“ကျွန်တော် အပြင်မှာနေမလို့”
တစ်ဖန်တိတ်ဆိတ်သွားပြန်သောထမင်းဝိုင်းက
Royalရဲ့စကားသံကြားပြီး ထမင်းစားနေကြရာမှ
မော့ကြည့်လာကြသည်။
ထိုစကားကိုပြောတဲ့သူကတစ်ခြားအိမ်သားတစ်ယောက်ဆိုရင်’အိမ်မှာပဲနေပါ’လို့ပြောကြမှာဖြစ်ပေမယ့်
ပြောတဲ့သူမှာ Royalဖြစ်သည့်အတွက်
မည်သူမှ အထွန့်တက်ပြီးဘာမှမပြောပေ။
အကြောင်းမှာ Royalကထိုစကားကိုခွင့်တောင်းတာ
မဟုတ်ပဲ အသိပေးခြင်းဆိုတာသူတို့သိထားကြလို့ပင်။
“ငါ့ကြောင့်လား”
ဦးဇာနည်တော်ဝင်က သားဖြစ်သူကိုကြည့်ကာ
သူ့ကိုယ်သူလက်ညိုးထိုးရင်းပြောလေသည်။
ကျန်တဲ့မိသားစုဝင်တွေက ဘာမှဝင်မပြောသော်ငြား
Royalဆီက အမှတ်လိုချင်နေတဲ့’မယ်’ကတော့
လှုပ်လှုပ်ရှားရှားဖြစ်သွားကာ
“ဘာလို့ အပြင်မှာနေမှာလဲ Royal၊
မိသားစုနဲ့နေရတာလောက်ကောင်း…”
သူမစကားကိုအဆုံးမသတ်လိုက်ရပေ။
အကြောင်းမှာ Royalအပြင်ထိုက်ကပါ
သူမကို စူးစိုက်ကြည့်လာတာမို့။
Royalကိုကြောက်ရသည့်အပြင်
နန်းထိုက်တော်ဝင်ကိုလည်း မယ်ကြောက်ရသည်။
ထိုက်နဲ့သူမက မိန်းကလေးချင်းဆိုသော်ငြား
tomboyဖြစ်သူထိုက်က အရှိန်အဝါနဲ့ပင်။
“အန်တီ့ကြောင့်ဆိုရင်တော့ အပြင်မှာနေစရာမလိုပါဘူး
သားရယ်..”
“အဲ့​ေ-ာက်ပါးစပ်က သားလို့မခေါ်ဖို့
ဘယ်နခါပြောရမှာလဲ”
“မင်းမရိုင်းစိုင်းစမ်းနဲ့”
မိန်းမကိုထိတော့ မယားချစ်ဦးဇာနည်တော်ဝင်က
အထိမခံရွှေပန်းကန်ဆောင်ပုဒ်ဆောင်ကာဝင်ပြောလာသည်။
“ဖေဖေ့မြေးကို မပြောတော့ဘူးလား”
ထိပ်ဆုံးမှာအစားအသောက်မပျက်ထိုင်စားနေတဲ့
ဦးမင်းတော်ဝင်ကသားဖြစ်သူအပြောကို
အရေးတယူလုပ်ပြီး ပြန်ဖြေခြင်းမရှိပေ။
“တကယ်ဆို ကိုကြီးက ကိုကြီးမိန်းမကို
ဘာမှမပြောဖို့ပြောထားရမှာမဟုတ်ဘူးလား”
တစ်လျှောက်လုံးငြိမ်နေတဲ့ ဒေါ်မြတ်ပန်းတော်ဝင်က
ဝင်ပြောလာသည်။သူမယောက်ျားဦးခန့်ညားမောင်ကတော့
ဦးမင်းတော်ဝင်အတိုင်း ဘာမှဝင်ပြောလာခြင်းမရှိပေ။မြတ်ပန်းတော်ဝင်ဆိုသောသူမသည်
ဦးမင်းတော်ဝင်ရဲ့သမီးအငယ်ဖြစ်ကာ
ဦးဇာနည်တော်ဝင်ရဲ့ညီမဖြစ်ပြီး တစ်နည်းအားဖြင့်
တော်ဝင်ယောက်ျား(Royal)ရဲ့အဒေါ်၊
နန်းထိုက်တော်ဝင်နဲ့နိုဘယ်တော်ဝင်တို့ရဲ့အမေပင်ဖြစ်သည်။
တစ်အိမ်လုံးမှာအငယ်ဆုံးလေးဖြစ်သူ
“နိုဘယ်တော်ဝင်”ကတော့
ဟိုကြည့်လိုက် ဒီကြည့်လိုက်နဲ့ပင်။
“အစားအစာကိုသာ အာရုံစိုက်”
သူ့ခေါင်းကိုအသာပွတ်ရင်းနန်းထိုက်တော်ဝင်ကပြောမှ
နိုနိုက ခေါင်းငုံ့ကာအစားဆက်စားနေလေသည်။
“မြတ်ရဲ့တူလေး ဒီလိုပုံစံဖြစ်လာတာ
ကိုကြီးနဲ့ကိုကြီးနောက်မိန်းမကြောင့်ဆိုတာ
မေ့နေတာတော့မဟုတ်လောက်ပါဘူးနော်”
Royalကတော့ဒီကိစ္စဟာသူနဲ့မဆိုင်သည့်အလား
ထမင်းဆက်စားနေလေသည်။
မိသားစုဝင်တွေသူ့ဘက်မှာမရှိတာကို
ဦးဇာနည်တော်ဝင်က ဒေါသထွက်စွာဖြင့်
တောက်တစ်ချက်ခေါက်ကာသူ့မိန်းမကိုခေါ်ပြီး
ထမင်းစားခန်းထဲမှ ထွက်သွားလေသည်။
“သူယောင်မယ်”ကတော့
သူမဘက်တော်သားမရှိသော်ငြား
ခပ်တည်တည်နဲ့ထမင်းစားနေလေ၏။
“အပြင်မှာနေဖို့ဆုံးဖြတ်ပြီးတာသေချာရင်တော့
အဘိုးကဘာမှထပ်မပြောချင်ဘူး။
ဒါပေမဲ့…အလုပ်တွေတော့ မလစ်ဟင်းစေနဲ့”
ထမင်းစားဝသွားမှ ဦးမင်းတော်ဝင်ကမြေးဖြစ်သူကို
ဒီတစ်ခွန်းသာထုတ်ပြောလာသည်။Royalကတော့
အသိအမှတ်ပြုသည့်သဘောဖြင့်
ခေါင်းသာညိတ်ပြလေသည်။
………………………..
“အဲ့Royalဆိုတဲ့ကောင်ရိုင်းစိုင်းဆက်ဆံစော်ကားမော်ကား
ပြောတာကို ငါကဘယ်အချိန်ထိခံနေရမှာလဲ”
ပြောရင်းပင်ဒေါ်မိုးကလျာက မှန်တင်ခုံပေါ်မှာထားရှိတဲ့
အလှကုန်ပစ္စည်းတွေကိုလက်နဲ့ယမ်းချလေသည်။
ယောက်ျားဖြစ်သူအိမ်မှာရှိတုန်း ဒေါသကိုထိန်းချုပ်ထားသမျှ
ဘယ်သူမှမရှိမှသောင်းကြမ်းနေခြင်းပင်ဖြစ်သည်။
အသံလုံတဲ့အခန်းဖြစ်၍ တစ်ခြားသူကြားမှာကိုလည်း
စိုးရိမ်ခြင်းမရှိ။
“ဒေါ်လေးရယ် စိတ်လျှော့ပါဦး”
ကုတင်ပေါ်မှာထိုင်နေတဲ့’သူယောင်မယ်’က
အဒေါ်ဖြစ်သူစိတ်လျှော့စေရန်အလို့ငှာ
အေးအေးလူလူပြောလာလေသည်။
“နင်လည်း ဘာမှ​ေ-ာက်သုံးမကျဘူး၊
ဒီတစ်ယောက်ကိုတောင် အပီမချုပ်နိုင်ဘူးလား”
“Royalက မယ့်ကိုအနားကပ်မခံတာလည်း
ဒေါ်လေးအသိပဲလေ”
ဒေါ်လေးဖြစ်သူစကားကမယ့်ရဲ့မာနကိုထိခိုက်လာပေမယ့်
လွန်ဆန်နိုင်တဲ့အခြေအနေမဟုတ်တာကို
မယ်သိတယ်။
“ပြီးတော့ ဒေါ်လေးသားလည်း
အသုံးကျလို့လား”
ဒေါ်မိုးကလျာနဲ့သူယောင်မယ်က
လောဘတက်တဲ့သူတွေဖြစ်ပေမယ့်
ဒေါ်မိုးကလျာရဲ့သားကတော့သူတို့နဲ့မတူပေ။
Companyမှာနေရာတစ်ခုရတာကိုပဲ
ကျေကျေနပ်နပ်ခံယူကာ အရှုပ်တွေထဲမနေချင်ဟုဆိုကာ
ကွန်ဒိုမှာပင်နေသည်။
“အားနေ နွေရတုရဲ့ဆိုင်ပဲရောက်နေတတ်တဲ့သားကလည်း
အသုံးမကျဘူး၊အိမ်ပေါ်တက်နေတဲ့တူမဖြစ်သူကလည်း
အသုံးမကျဘူး”
သူယောင်မယ်ကတော့ သူမကိုအပြစ်ဆိုနေတဲ့အဒေါ့်ရဲ့
ဗြစ်တောက်ဗြစ်တောက်စကားသံတွေကိုလျစ်လျူရှုနေလိုက်ပြီး Royalကိုဘယ်လိုချဥ်းကပ်ရမလဲဆိုတာကိုသာ
တွေးတောနေလိုက်၏။
……………………….
“တကယ် ညီမလေးအတွက်လား”
လက်ထဲကသူမရဲ့ပုံတူပန်းချီကိုတစ်လှည့်
ရှေ့က ကိုကို့ကိုတစ်လှည့်ကြည့်ရင်းသူမမှာအံ့သြနေရသည်။
“ဟုတ်တယ်လို့၊ငါမနေ့ကဆွဲထားတာ”
“ကျေးဇူးပဲနော် ကိုကို”
ဆိုကာသူမရဲ့ပုံတူပန်းချီကိုအသာအယာပြန်သိမ်းလေသည်။
“အာ..ဟုတ်သားပဲမေ့နေလိုက်တာ”
သော်တာ့ရဲ့စကားကြားတော့ နွေရတု ကဘာလဲဟူသော
သဘောဖြင့်မျက်လုံးပင့်ကြည့်လာသည်။
“ညီမလေးသူငယ်ချင်းမေဖြူလေ သူကသူ့idolပုံ
ဆွဲပေးပါဦးတဲ့”
ဆယ်ကျော်သက်အရွယ်လေးတွေသူ့ဆီပုံတူအပ်ရင်
အမြဲလိုလိုidolပုံတွေချည်းပဲပင်။သူ့အနေနဲ့
ပုံတူဆွဲပေးရများလွန်းလို့ တစ်ချို့သောidolတွေကိုပင်
ကြိုက်လုချင်ချင်ဖြစ်နေပြီ။
“အင်းပါ၊နင်ပြန်ခါနီးကျမှ ပုံကူးပေးထားခဲ့လိုက်”
“ဟုတ်”
ကြောင်လေးတွေကတော့တစ်ကောင်နဲ့တစ်ကောင်ကိုက်ဖဲ့ကာ
ဆော့နေကြသည်။ကိုနိုင်နဲ့ကောင်းထက်ကတော့
အပြင်မှာဆိုင်ဖွင့်နေကြလေပြီ။
“ဒါဆို ညီမလေးကိုနိုင်တို့ကိုသွားကူလိုက်ဦးမယ်နော်”
နွေရတုခေါင်းညိတ်ပြလိုက်တော့သူမက
သွက်သွက်လက်လက်ပင် အပြင်သို့ပြေးထွက်သွားလေသည်။
…………………….
“မင်းဘယ်မှာလဲ”
ဖုန်းကိုင်ကိုင်ချင်းပင်တစ်ဖက်မှRoyalရဲ့အာဏာသံထွက်ပေါ်လာတာကြောင့် နေရောင်နှာခေါင်းရှုံ့မိသည်။
ပြီးတော့ ကောင်တာမှာရပ်နေတဲ့ကောင်လေးဆီအကြည့်ပို့ကာ
“ငါ့ဘေဘီလေး အလုပ်လုပ်တဲ့ဆိုင်မှာ”
“ဘယ်ဘေဘီလဲ”
Royalထိုသို့မေးတာ အပိုမဟုတ်ပေ။
နေရောင်ခြည်ဆိုသောသူက လူရှုပ်လူပွေတစ်ယောက်မို့ပင်။
“ငါတကယ်ချစ်တဲ့ ငါ့ဘေဘီ”
ထိုစကားကိုတော့အနီးနားကော်ဖီခွက်လာချသောကောင်လေးကြားအောင်ပြောလိုက်သည်။
“ဘယ်နားမှာလဲပြော၊ငါလာခဲ့မယ်”
“Ok. .Ok”
ထိုသို့ပြောကာဖုန်းချလိုက်ပြီးလိပ်စာပြောပြလိုက်သည်။
ထို့နောက်ကောင်လေးကိုကြည့်လိုက်တော့ သူ့ဘာသာသူပင်
ကော်ဖီခွက်ချကာ ပြန်ထွက်သွားလေပြီ။
နေရောင့်အနေနဲ့ ကောင်းထက်ဟိန်းစံ ဟူသောကောင်လေးကို
ပိုးလာတာအတော်ကြာပြီပင်။သူကလူရှုပ်လူပွေတစ်ယောက်
မို့လက်မခံတာသိတော့ အဆက်တွေဖြတ်လိုက်သော်ငြား
သူ့အချစ်ကိုလက်ခံလာခြင်းမရှိ။ဒါကြောင့်
ကောင်လေးက သူ့ကိုတစ်ခြားသူတွေနဲ့တွေ့ရင်
သဝန်တိုမလားဆိုတဲ့အတွေးနဲ့ လူပွေပြန်ဖြစ်နေခြင်းပင်။
သိပ်မကြာလိုက်ပေ၊ဆိုင်ရှေ့သို့
Royalရဲ့ဆိုင်ကယ်ထိုးရပ်လာတာကိုသူမြင်လိုက်ရသည်။
ဆိုင်ထဲသို့ဝေ့ဝဲကြည့်လာသဖြင့် သူ့ကိုမြင်စေရန်အလို့ငှာ
လက်ယမ်းပြလိုက်သည်။
လက်တစ်ဖက်ကhelmetကိုင်ရင်းပင်ဆိုင်ထဲသို့ဝင်လာကာ
သူ့ရှေ့ခုံမှာထိုင်လာသည်။
“ဘာသောက်မလဲ”
ခေါင်းယမ်းပြလာသဖြင့် ကောင်တာကကောင်လေးက
သူတို့ဆီလာမလို့ပြင်နေတာမို့ ခေါင်းယမ်းပြလိုက်တော့
သဘောပေါက်စွာ မလာပေ။
“ငါ့ကို အိမ်ရှာပေး”
“ဘာလဲ မင်းအပြင်မှာနေမလို့လား၊ဒါဆို
မင်းပိုင်တဲ့hotelတွေမှာနေလို့ရတာပဲ”
Royalကဘာမှမပြောဘဲနှုတ်ခမ်းမှာဆေးလိပ်တင်ကာ
သူ့ကိုစူးစိုက်ကြည့်လာသည်။
“Ok ငါရှာပေးမယ်၊ဟုတ်ပြီလား”
ထိုအခါမှRoyalကသဘောကျသလိုနှုတ်ခမ်းတစ်ဖက်တွန့်ကွေးကာ နှုတ်ခမ်းကဆေးလိပ်ကိုအသင့်ပါလာတဲ့
မီးခြစ်နဲ့မီးညှိလေသည်။
“ဧည့်သည်ရှင့် ဆိုင်ထဲမှာဆေးလိပ်သောက်လို့မရပါဘူး”
လဝန်းသော်တာ Royalတို့ဝိုင်းတို့လာကာ
ညင်ညင်သာသာပြောလိုက်သော်ငြား
Royalက မသိသလိုလုပ်ကာဆေးလိပ်ငွေ့တွေပင်
မှုတ်ထုတ်လိုက်သည်။
“ဆေးလိပ်သောက်ချင်ရင် ဆိုင်ပြင်ထွက်သောက်ပါရှင့်၊
တစ်ခြားဧည့်သည်တွေကို အားနာစရာကောင်းလို့ပါ”
သို့သော် Royalကအလေ့မလုပ်ပေ။
သူ့ကိုအမိန့်လာပေးနေသော ထိုမိန်းကလေးကို
ဘာမှမလုပ်တာပင် ထိုမိန်းကလေးကသူ့ကို
ကျေးဇူးတင်ဖို့ကောင်းနေပြီ။
ပြီးတော့ Royalတို့ထိုင်နေတဲ့ဝိုင်းက
ထောင့်အကျဆုံးဖြစ်သည့်အပြင် ဆိုင်ထဲဧည့်သည်သိပ်မရှိသေးပေ။
ကောင်းထက်ကလည်း သူမတို့အနားသို့ရောက်လာကာ
အခြေအနေကိုသဘောပေါက်သွားလေသည်။
နေရောင်ခြည်ကတော့ Royalရဲ့အကြောင်း
သိသူပီပီ ဘာမှဝင်ပြောလာခြင်းမရှိ။
ထိုစဥ် Royalရဲ့နှုတ်ခမ်းကဆေးလိပ်ကို
တစ်စုံတစ်ယောက်ကဆွဲယူသွားလေသည်။
နေရောင်ခြည်ပင် ခပ်လန့်လန့်ဖြစ်သွားရသည်။
ဘယ်လိုလူမျိုးကများ Royalရဲ့ဒေါသကို
လာဆွရတာပါလိမ့်။
ထင်သည့်အတိုင်းပင် Royalကထိုင်ခုံမှဝုန်းကနဲထကာ
တစ်ဖက်လူအားရိုက်ရန် လက်ရွယ်ပြီးသားဖြစ်နေလေပြီ။
လှတယ်၊သူ့ရှေ့ကအမျိုးသားက
အတော်လေးကိုလှတယ်။မီးစမရှိတဲ့ဆေးလိပ်ဖင်ကို
ကိုင်ထားပြီး သူရိုက်မှာစိုးလို့ကြောက်ရွံ့ပြီးမျက်လုံး
မှိတ်ထားတော့ စင်းနေတဲ့မျက်တောင်ရှည်လေးတွေကို
မြင်နေရသည်။နှာလုံးလုံးလေးနဲ့နီထွေးနေတဲ့နှုတ်ခမ်းလေးက
တစ်မျိုးတစ်ဖုံလှနေပြန်ရော။မှိတ်ထားတဲ့မျက်ဝန်း
လေးတွေကရော ဘယ်လောက်များလှလိမ့်မလဲ။
“ဟက်”
ကြောက်တယ်သားနဲ့ဘယ်ကသတ္တိတွေနဲ့များ
သူ့နှုတ်ခမ်းကဆေးလိပ်ကိုလာဆွဲရတာပါလိမ့်။
…………………….
(A/N ဒီficမှာသုံးထားတဲ့’တော်ဝင်’ဆိုတာက
နာမည်ပါပဲနော်၊တော်ဝင်မျိုးနွယ်ကဆင်းသက်လာလို့
မဟုတ်ပါဘူး။)
Zawgyi
မော့ကြည့်လာကြသည်။
“ငါ့ကြောင့်လား”
သားရယ်..”
ဘယ်နခါပြောရမှာလဲ”
“နိုဘယ်တော်ဝင်”ကတော့
Royalကတော့ဒီကိစဟာသူနဲ့မဆိုင်သည့်အလား
ထမင်းဆက်စားနေလေသည်။
“သူယောင်မယ်”ကတော့
ဒါမယ့်…အလုပ်တွေတော့ မလစ်ဟင်းစေနဲ့”
ခေါင်းသာညိတ်ပြလေသည်။
………………………..
အလှကုန်ပစ်စည်းတွေကိုလက်နဲ့ယမ်းချလေသည်။
စိုးရိမ်ခြင်းမရှိ။
ဒေါ်လေးအသိပဲလေ”
မယ်သိတယ်။
အသုံးကျလို့လား”
ကွန်ဒိုမှာပင်နေသည်။
“အားနေ နွရေတုရဲ့ဆိုင်ပဲရောက်နေတတ်တဲ့သားကလည်း
အသုံးမကျဘူး”
တွေးတောနေလိုက်၏။
……………………….
“တကယ် ညီမလေးအတွက်လား”
“ကျေးဇူးပဲနော် ကိုကို”
သော်တာ့ရဲ့စကားကြားတော့ နွရေတု ကဘာလဲဟူသော
ဆွဲပေးပါဦးတဲ့”
“ဟုတ်”
နွရေတုခေါင်းညိတ်ပြလိုက်တော့သူမက
…………………….
“မင်းဘယ်မှာလဲ”
“ဘယ်ဘေဘီလဲ”
“Ok. .Ok”
ထို့နောက်ကောင်လေးကိုကြည့်လိုက်တော့ သူ့ဖာသူပင်
လက်ယမ်းပြလိုက်သည်။
“ဘာသောက်မလဲ”
သဘောပေါက်စွာ မလာပေ။
“ငါ့ကို အိမ်ရှာပေး”
ထိုအခါမှRoyalကသဘောကျသလိုနှုတ်ခမ်းတစ်ဖက်တွန့်ကွေးကာ နှုတ်ခမ်းကဆေးလိပ်ကိုအင့်ပါလာတဲ့
မှုတ်ထုတ်လိုက်သည်။
လာဆွရတာပါလိမ့်။
တသ်ဖက်လူအားရိုက်ရန် လက်ရွယ်ပြီးသားဖြစ်နေလေပြီ။
“ဟက်”
ကြောက်တယ်သားနဲ့ဘယ်ကသတ်တိတွေနဲ့များ
…………………….
မဟုတ်ပါဘူး။)
Tags: read novel Royal Husband 4, novel Royal Husband 4, read Royal Husband 4 online, Royal Husband 4 chapter, Royal Husband 4 high quality, Royal Husband 4 light novel, ,
Comment
Leave a Reply
Chapter 4