Royal Husband 7

All chapters are in Royal Husband
A+ A-

ကြောင်လေးတွေကိုထမင်းကျွေးပြီး
အပေါ့အလေးသွားရန်အတွက် အိမ်ပြင်ထုတ်ကာ
ခြံဝင်းထဲက ဗန်ဒါပင်အောက်ကကွပ်ပျစ်ပေါ်မှာ
ထိုင်နေလိုက်သည်။

အပင်ပင်စည်ကိုသစ်သားတွေနဲ့စက်ဝိုင်းပုံစံဝိုင်းထားခြင်းပင်။
နှစ်စဥ်ထိုးထွက်နေတဲ့အကိုင်းအခက်တွေကိုခုတ်ပေးသဖြင့်
အောက်သို့အုံ့ဆိုင်းကာ အရိပ်အာဝါသကောင်းသည်။
လပြည့်ညဖြစ််သဖြင့် နေ့အချိန်လောက်ထင်ထင်လင်းလင်း
သိသိသာသာမမြင်ရသော်ငြား သူ့ဟာနဲ့သူတော့
မြင်နေရသည်ပင်။

သူငယ်ငယ်တုန်းကတော့ လပြည့်ညတွေဆို
ဒီအပင်အောက်မှာခြင်ထောင်ထောင်ပြီး
အဖေနဲ့အမေနဲ့အတူအိပ်သည်။အဖေပြောတဲ့
တစ်ထောင့်တစ်ညပုံပြင်လေးတွေနားထောင်ပြီး
အိပ်ရသည်မှာ နှစ်နှစ်ခြိုက်ခြိုက်ပင်။

အဖေကအသားညိုပေမယ့် အမေကတော့အသားဖြူသည်။
တစ်ဦးတည်းသောသားဖြစ်တဲ့သူက အမေ့တူပြီးအသားဖြူသည်။အများပြောကြတာကတော့ သူကအသားဖြူတာတင်မကဘဲ အမေ့ရဲ့အလှတွေကိုပါ
လက်ခံရယူထားပါသတဲ့။ဆိုတော့ကားးးး
သူက မိန်းကလေးဆန်ဆန်ချောတာပေါ့။

မိဘမဲ့တစ်ယောက်ဖြစ်တဲ့အမေက
သူ့ကိုမွေးပြီးရင်နောက်ထပ်ကလေးယူဖို့မစဥ်းစားတော့ဘဲ
မိဘမဲ့ကလေးတစ်ယောက်မွေးစားမယ်လို့အမြဲပြောဖူးတယ်။
ဒါမယ့် အချိန်မပေးနိုင်သဖြင့်သေဆုံးသွားသည့်တိုင်အောင်
ကလေးမမွေးစားလိုက်ရပေ။

သူလည်းပဲ အသက်သုံးဆယ်ပြည့်ပြီးလို့ကြင်သူမတွေ့သေးရင်
ကလေးတစ်ယောက်မွေးစားမယ်လို့ရည်ရွယ်ထားတယ်။
သူမွေးစားလိုက်လို့ ကလေးတစ်ယောက်အဖေခေါ်စရာလူ
ရှိသွားတာ ဘယ်လောက်တောင်ကြည်နူးစရာ
ကောင်းလိုက်သလဲ။ငယ်စဥ်ကတည်းက
အမေ့စကားတွေကို နှလုံးသားနဲ့နားထောင်ခဲ့တာလည်း
ပါတာပေါ့။

အဖေနဲ့အမေဆုံးတော့ သူ့အသက်14နှစ်ပင်ရှိသေးတယ်။
အဖေကရှေ့နေဖြစ်လို့ သူအမြဲဂုဏ်ယူခဲ့ရတာအမှန်ပင်။
ဒါမယ့် အဖေကမုဒိန်းမှုမှာ တရားခံဘက်က
ရှေ့နေဖြစ်နေခဲ့တယ်။အမှုရှုံးတော့ ညီမဖြစ်သူဘဝပျက်
သွားလို့အစ်ကိုဖြစ်သူက အဖေ့အပေါ်အငြိုးထားကာ
အမေ့ကိုပါ သတ်သွားခဲ့၏။ထိုစဥ်က
သူကျောင်းတက်နေသဖြင့် လွတ်မြောက်သွားသည်
လားတော့မပြောတတ်ပေ။

ထိုလူသတ်သမားအပေါ် သူ့အနေနဲ့အပြစ်မမြင်မိ။
မိဘတွေသေဆုံးသွားတာသူ့အတွက်ကြီးမားသောဆုံးရှုံးမှု
ဆိုပေမယ့် ထိုလူ့နေရာမှာသူဆိုရင်လည်း
လူသတ်မိမှာပင်။အပြစ်ကျူးလွန်မှန်းသိသာနေတာတောင်မှ
တရားခံက အဖေ့ကြောင့်ပြစ်ဒဏ်ကျခံလိုက်ရခြင်းမရှိ။
ဘယ်မှာလဲ…ဘဝပျက်သွားတဲ့ညီမဖြစ်သူအတွက်
တရားမျှတမှု။

နွေရတုဆိုသောလူက ထိုသို့နှစ်ဦးနှစ်ဖက်အမြဲတွေးပေးတတ်
သောလူသားပင်။

အတွေးများနေတုန်း အိမ်ပြန်လာခဲ့စဥ်ကလို
သူ့ကိုတစ်ယောက်ယောက်စိုက်ကြည့်နေသလိုခံစားလာရပြန်သည်။လအရောင်ဖြင့်
ဘေးဘီလျှောက်ကြည့်သော်လည်း ဘာမှမတွေ့ပေ။

ဟင်!ခြံရှေ့မှာ အရိပ်မည်းကြီး

ဆဌမအာရုံအရ ခြံပေါက်ဝကိုကြည့်လိုက်တော့
အရိပ်မည်းမည်းကြီးကို သူမြင်လိုက်ရသည်။
ကြောက်လန့်စိတ်ကြောင့် ဆတ်ခနဲပင်
သူ့ကိုယ်ကတုန်လှုပ်သွားသည်။

ယခုလက်ရှိမိဘတွေအကြောင်းတွေးထားသဖြင့်
အဖေမသေခင်က အဖေ့ရန်သူက
အခုမှထောင်ကလွတ်လာပြီးလာသတ်တာလားဟုပင်
သူ့ခေါင်းထဲအတွေးဝင်လာ၏။
အပင်အရိပ်ဘက်သို့အသာတိုးထိုင်ကာ
ခြံဝကိုသေချာကြည့်လိုက်တော့ တစ်ကိုယ်လုံး
အမည်းရောင်ဝတ်ထားပြီးကိုယ်တောင့်တဲ့လူ။

ထိုသူက နွေရတုအပင်အောက်မှာထိုင်နေတာကိုသိသည်ထင်
သူ့ကိုသာစူးစိုက်ကြည့်နေသလိုပင်။
ခြံစည်းရိုးတွေအပေါ်မှာသံဆူးလိမ်တွေနဲ့လုပ်ထားသဖြင့်
ထိုသူစိမ်းအိမ်ထဲသို့ဝင်မလာနိုင်တာသိတော့
အနည်းငယ်စိတ်အေးရပြန်ပါသည်။

ကြောင်လေးတွေကိုကြည့်လိုက်တော့
မြင်းခင်းပေါ်မှာပြေးကာလွှားကာဖြင့်ဆော့ကစားနေကြလေသည်။စိတ်ကိုရဲဆေးတင်ကာ
ဆော့နေကြတဲ့ကလေးနှစ်ကောင်ကို
အမြန်ကောက်ပွေ့ကာ မီးဖွင့်ထားတဲ့အိမ်ထဲသို့
ဝင်ပြေးကာ ကလေးတွေကိုအောက်ချပြီး
သံတံခါးကို အမြန်ဆွဲပိတ်လိုက်သည်။ပြီးမှ
အထဲကတံခါးတစ်ထပ် ထပ်ပိတ်ပြီးမှ
စိတ်အေးသွားရသည်။

မနက်ဆိုင်သွားရမှာတောင် သူကြောက်နေပြီ…ဟူးးးးးးး

အိမ်ထဲသို့အမြန်ပြေးဝင်သွားသော
အလှလေးကြောင့် Royalပြုံးမိပြန်သည်။
အိပ်ချိန်ဖြစ်၍ ဒူးအထက်ဘောင်းဘီပွလေးဝတ်ကာ
စွပ်ကျယ်အပွဝတ်ထားတာ ချစ်စရာလေးပင်။
သုံးထိပ်စီးပြောင်းတော့မယ်ဆိုတာ ယုံချင်စရာပင်မရှိ။

ညမိုးချုပ်တစ်ယောက်ထဲပြန်သွားသော အလှလေးအား
စိတ်မချ၍သူနောက်မှအသာလိုက်လာခြင်းပင်။
အတွေးများနေခဲ့တဲ့အလှလေးကတော့
သူ့ကိုသတိထားမိမည်မဟုတ်။

မီးပိတ်သွားပြီဖြစ်သောအိမ်လေးအားကြည့်ကာ
နှုတ်ဆက်တဲ့သူမရှိသော်ငြား သူလက်ယမ်းပြလိုက်သည်။
ပြီးနောက် အကွယ်မှာရပ်ထားသောဆိုင်ကယ်ပေါ်တက်ကာ
မောင်းထွက်ခဲ့လိုက်သည်။

နောက်နေ့တွေလည်းတွေ့ရဦးမှာဖြစ်လို့
သူ့အနေနဲ့ အရမ်းလောစရာမလိုသေးပါဘူး။

……………………………

“ထိုက် barသွားမလို့လား”

Royalကသူ့အင်္ကျီတွေထုပ်ပိုးခိုင်းသဖြင့်
Royalအခန်းမှာရှိတဲ့ကျောပိုးအိတ်ထဲဆံ့သလောက်အဝတ်တွေထည့်လိုက်သည်။အတွင်းခံအချို့ကိုလည်း
ထောင့်ကပ်ကာထည့်ပေးလိုက်၏။
ငယ်စဥ်ကတည်းက ယောက်ျားလေးလိုနေခဲ့သလို
Royalကလဲ ထိုက်ကိုမိန်းကလေးလို့မမြင်ပေ။

အရပ်ရှည်အောင်ဘားတွေဆွဲပြီးRoyalနည်းတူ
ကိုယ်ခံပညာလည်း တတ်ထားသဖြင့်
ထိုက်ကိုယ်ကမိန်းကလေးလို့ယုံနိုင်ဖွယ်ရာမရှိအောင်
ကိုယ်တောင့်သည်။

Royalအဝတ်တွေထုတ်ပိုးပြီး
Barမှာရှိနေမှာကြိုတင်သိသည့်အတွက်
သွားပေးရန် အခန်းပြင်ထွက်လိုက်စဥ်မှာပင်
“သူယောင်မယ်”က ဘယ်အချိန်ကတည်းက
စောင့်နေသည်မသိ သူ့ကိုမေးလာသည်။

“Barသွားမယ်ဆိုရင် မယ်ရောလိုက်မလို့၊
မယ့်ကားက ပြင်ဆိုင်ပို့ထားရတယ်”

Barသွားမယ်မှန်းသိသာအောင်ပင်
သူမကခါတိုင်းလိုအရိုင်းဆန်စွာဝတ်ဆင်ထားသည်။
ထိုက်က မိန်းကလေးတွေကိုကြိုက်သည့်အတွက်
မယ့်အနေနဲ့ ထိုက်သူမကိုကြိုက်လာရင်လည်း
အလကားမဖြစ်ပေ။
ထိုက်က မယ့်ကိုမကြိုက်ရင်တောင်မှ
ထိုက်ကတစ်ဆင့် Royalနဲ့နီးစပ်ဖို့အခွင့်အရေးရှိမည်ကို
ကြိုမြင်မိသောကြောင့်ပင်။

ထိုက်က သူမကိုအတန်ကြာကြည့်နေပြီးမှ’ok’ဟုဆိုကာ
ရှေ့မှကျောပိုးအိတ်လွယ်ရင်းအောက်ဆင်းသွားလေသည်။

ဦးမင်းတော်ဝင်ကတော့ မြေးတွေကိုစိတ်ချကာ
သဘောရှိအတိုင်းလွှတ်ထားပေးသည်။
ပြသာနာမှန်သမျှဖြေရှင်းပေးသော်ငြားအလုပ်နဲ့ပတ်သက်ရင်
တာဝန်လစ်ဟင်းသည်ကိုမကြိုက်ပေ။

ကားတွင်းရှိပတ်ဝန်းကျင်က အတော်လေးကိုတိတ်ဆိတ်သည်။
သူယောင်မယ်ဘက်က စကားပြောချင်သော်ငြား
ထိုက်ကလေချွန်နေသဖြင့် အခွင့်မသာချေ။

နန်းထိုက်တော်ဝင်ဆိုသော သူမက
ယောက်ျားမိန်းမခွဲခြားချက်တွေကို အလွန်မုန်းတီးသည်။
မိန်းမတစ်ယောက်အဖြစ်မွေးဖွားလာတာနဲ့ကို
အများစုကခွဲခြားချင်နေကြပြီ။

မိန်းမတွေလေမချွန်ကောင်းဘူး….။
ဘယ်ဘုရားကဟောထားခဲ့ပါသလဲ။

ယောက်ျားတွေကငွေရှာပြီးမိန်းမတွေက
အိမ်မှုကိစ္စနိုင်အောင်လုပ်ရတယ်ဆိုတာသဘာဝကျပေမယ့်
မိန်းမတွေကငွေရှာပြီး
ယောက်ျားတွေလည်းအိမ်မှုကိစ္စနိုင်အောင်
လုပ်လို့ရတာပဲလေ။
ဘာတွေကို ယောက်ျားအလုပ်၊
မိန်းမအလုပ်ခွဲခြားချင်နေရတာပါလဲ။

“ထိုက်က မိန်းမယူမှာလားဟင်”

အတွေးများနေတုန်းဘေးနားကထွက်လာသော
မယ့်အသံကြောင့် သူလှည့်ကြည့်လိုက်တော့
မယ်က သူ့ကိုကြည့်ကာမေးလာသည်။
အမှန်အတိုင်းဝန်ခံရရင် မယ်က
တကယ်ကိုမိန်းမလှလေးတစ်ယောက်ပင်။

“ဘာလို့အဲ့လိုမေးတာလဲ”

“ဟို..ထိုက်က မိန်းကလေးတွေပဲ
ကြိုက်တယ်ဆိုလို့လေ”

“ကိုယ်အမှန်တကယ်ချစ်မြတ်နိုးတဲ့သူနဲ့တွေ့ဆုံခဲ့ရင်ပေါ့”

“သြော်”

ထို့နောက် မယ်ကဘာမှထပ်ပြောလာခြင်းမရှိ၍
Barရှေ့ကားထိုးရပ်သွားသည့်တိုင်
တိတ်ဆိတ်နေသည်။

“အတူခေါ်လာပေးလို့ ကျေးဇူးပါနော်ထိုက်”

သူ့ကိုကျေးဇူးတင်ကာအပြင်ထွက်ဖို့ကားတံခါးလက်လှမ်းနေသောမယ့်ကိုကြည့်ကာ

“ကိုယ်တစ်ခုလောက် ပြောချင်လို့”

“ဘာပြောမလို့လဲဟင်”

ထိုက်က မယ့်ရဲ့ကိုယ်လုံးကို
အပေါ်အောက်စုန်ဆန်ကြည့်ကာ

“မင်းရဲဲဒီပုံစံက Royalအကြိုက်မဟုတ်ဘူး”

“ရှင်”

ပြောပြောဆိုဆိုထိုက်က သူမရဲ့ပေါ်နေသောပေါင်နဲ့
အပေါ်သို့အနည်းငယ်မောက်ထွက်နေသောရင်ကို
လက်ညိုးနဲ့အသာတို့ကာ

“ဒီလိုအပျက်ဆန်တာထက် ရိုးရိုးယဥ်ယဥ်ပုံစံလေးက
Royalကို သဘောကျစေမှာ”

နေပါဦး…အခုထိုက်က မယ့်ကို
အပျက်မလို့ဆိုလိုချင်တာလား။ဒေါသထွက်လာသော်လည်း
ထိုက်ရဲ့ရှေ့မှာမို့ ထိန်းချုပ်နေရသည်မှာ
ကိုယ်တွေပင်တုန်နေသည်။

“အကြံပေးတယ်လို့ ယူဆလိုက်ပါ့မယ်”

ကားထဲမှအမြန်ပင်ထွက်လိုက်သည်။
မဟုတ်ရင်သူမဒေါသတွေပေါက်ကွဲထွက်လာတော့မည်။

……………………………….

(ဒီficက စိတ်ကူးယဥ်သက်သက်မို့
အပြင်လောကနဲ့ကိုက်ညီမှုမရှိပါဘူး။
စိတ်ကူးထဲမှာပေါ်လာတဲ့အတိုင်းပဲ ရေးထားတာပါဗျ)

Zawgyi

ေၾကာင္ေလးေတြကိုထမင္းေကြၽးၿပီး
အေပါ့အေလးသြားရန္အတြက္ အိမ္ျပင္ထုတ္ကာ
ၿခံဝင္းထဲက ဗန္ဒါပင္ေအာက္ကကြပ္ပ်စ္ေပၚမွာ
ထိုင္ေနလိုက္သည္။

အပင္ပင္စည္ကိုသစ္သားေတြနဲ႕စက္ဝိုင္းပုံစံဝိုင္းထားျခင္းပင္။
ႏွစ္စဥ္ထိုးထြက္ေနတဲ့အကိုင္းအခက္ေတြကိုခုတ္ေပးသျဖင့္
ေအာက္သို႔အုံ႕ဆိုင္းကာ အရိပ္အာဝါသေကာင္းသည္။
လျပည့္ညျဖစ္္သျဖင့္ ေန႕အခ်ိန္ေလာက္ထင္ထင္လင္းလင္း
သိသိသာသာမျမင္ရေသာ္ျငား သူ႕ဟာနဲ႕သူေတာ့
ျမင္ေနရသည္ပင္။

သူငယ္ငယ္တုန္းကေတာ့ လျပည့္ညေတြဆို
ဒီအပင္ေအာက္မွာျခင္ေထာင္ေထာင္ၿပီး
အေဖနဲ႕အေမနဲ႕အတူအိပ္သည္။အေဖေျပာတဲ့
တစ္ေထာင့္တစ္ညပုံျပင္ေလးေတြနားေထာင္ၿပီး
အိပ္ရသည္မွာ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္။

အေဖကအသားညိုေပမယ့္ အေမကေတာ့အသားျဖဴသည္။
တစ္ဦးတည္းေသာသားျဖစ္တဲ့သူက အေမ့တူၿပီးအသားျဖဴသည္။အမ်ားေျပာၾကတာကေတာ့ သူကအသားျဖဴတာတင္မကဘဲ အေမ့ရဲ႕အလွေတြကိုပါ
လက္ခံရယူထားပါသတဲ့။ဆိုေတာ့ကားးးး
သူက မိန္းကေလးဆန္ဆန္ေခ်ာတာေပါ့။

မိဘမဲ့တစ္ေယာက္ျဖစ္တဲ့အေမက
သူ႕ကိုေမြးၿပီးရင္ေနာက္ထပ္ကေလးယူဖို႔မစဥ္းစားေတာ့ဘဲ
မိဘမဲ့ကေလးတစ္ေယာက္ေမြးစားမယ္လို႔အၿမဲေျပာဖူးတယ္။
ဒါမယ့္ အခ်ိန္မေပးနိုင္သျဖင့္ေသဆုံးသြားသည့္တိုင္ေအာင္
ကေလးမေမြးစားလိုက္ရေပ။

သူလည္းပဲ အသက္သုံးဆယ္ျပည့္ၿပီးလို႔ၾကင္သူမေတြ႕ေသးရင္
ကေလးတစ္ေယာက္ေမြးစားမယ္လို႔ရည္႐ြယ္ထားတယ္။
သူေမြးစားလိုက္လို႔ ကေလးတစ္ေယာက္အေဖေခၚစရာလူ
ရွိသြားတာ ဘယ္ေလာက္ေတာင္ၾကည္ႏူးစရာ
ေကာင္းလိုက္သလဲ။ငယ္စဥ္ကတည္းက
အေမ့စကားေတြကို ႏွလုံးသားနဲ႕နားေထာင္ခဲ့တာလည္း
ပါတာေပါ့။

အေဖနဲ႕အေမဆုံးေတာ့ သူ႕အသက္14ႏွစ္ပင္ရွိေသးတယ္။
အေဖကေရွ႕ေနျဖစ္လို႔ သူအၿမဲဂုဏ္ယူခဲ့ရတာအမွန္ပင္။
ဒါမယ့္ အေဖကမုဒိန္းမႈမွာ တရားခံဘက္က
ေရွ႕ေနျဖစ္ေနခဲ့တယ္။အမႈရႈံးေတာ့ ညီမျဖစ္သူဘဝပ်က္
သြားလို႔အစ္ကိုျဖစ္သူက အေဖ့အေပၚအၿငိဳးထားကာ
အေမ့ကိုပါ သတ္သြားခဲ့၏။ထိုစဥ္က
သူေက်ာင္းတက္ေနသျဖင့္ လြတ္ေျမာက္သြားသည္
လားေတာ့မေျပာတတ္ေပ။

ထိုလူသတ္သမားအေပၚ သူ႕အေနနဲ႕အျပစ္မျမင္မိ။
မိဘေတြေသဆုံးသြားတာသူ႕အတြက္ႀကီးမားေသာဆုံးရႈံးမႈ
ဆိုေပမယ့္ ထိုလူ႕ေနရာမွာသူဆိုရင္လည္း
လူသတ္မိမွာပင္။အျပစ္က်ဴးလြန္မွန္းသိသာေနတာေတာင္မွ
တရားခံက အေဖ့ေၾကာင့္ျပစ္ဒဏ္က်ခံလိုက္ရျခင္းမရွိ။
ဘယ္မွာလဲ…ဘဝပ်က္သြားတဲ့ညီမျဖစ္သူအတြက္
တရားမွ်တမႈ။

ႏြေရတုဆိုေသာလူက ထိုသို႔ႏွစ္ဦးႏွစ္ဖက္အၿမဲေတြးေပးတတ္
ေသာလူသားပင္။

အေတြးမ်ားေနတုန္း အိမ္ျပန္လာခဲ့စဥ္ကလို
သူ႕ကိုတစ္ေယာက္ေယာက္စိုက္ၾကည့္ေနသလိုခံစားလာရျပန္သည္။လအေရာင္ျဖင့္
ေဘးဘီေလွ်ာက္ၾကည့္ေသာ္လည္း ဘာမွမေတြ႕ေပ။

ဟင္!ၿခံေရွ႕မွာ အရိပ္မည္းႀကီး

ဆဌမအာ႐ုံအရ ၿခံေပါက္ဝကိုၾကည့္လိုက္ေတာ့
အရိပ္မည္းမည္းႀကီးကို သူျမင္လိုက္ရသည္။
ေၾကာက္လန့္စိတ္ေၾကာင့္ ဆတ္ခနဲပင္
သူ႕ကိုယ္ကတုန္လႈပ္သြားသည္။

ယခုလက္ရွိမိဘေတြအေၾကာင္းေတြးထားသျဖင့္
အေဖမေသခင္က အေဖ့ရန္သူက
အခုမွေထာင္ကလြတ္လာၿပီးလာသတ္တာလားဟုပင္
သူ႕ေခါင္းထဲအေတြးဝင္လာ၏။
အပင္အရိပ္ဘက္သို႔အသာတိုးထိုင္ကာ
ၿခံဝကိုေသခ်ာၾကည့္လိုက္ေတာ့ တစ္ကိုယ္လုံး
အမည္းေရာင္ဝတ္ထားၿပီးကိုယ္ေတာင့္တဲ့လူ။

ထိုသူက ႏြေရတုအပင္ေအာက္မွာထိုင္ေနတာကိုသိသည္ထင္
သူ႕ကိုသာစူးစိုက္ၾကည့္ေနသလိုပင္။
ၿခံစည္းရိုးေတြအေပၚမွာသံဆူးလိမ္ေတြနဲ႕လုပ္ထားသျဖင့္
ထိုသူစိမ္းအိမ္ထဲသို႔ဝင္မလာနိုင္တာသိေတာ့
အနည္းငယ္စိတ္ေအးရျပန္ပါသည္။

ေၾကာင္ေလးေတြကိုၾကည့္လိုက္ေတာ့
ျမင္းခင္းေပၚမွာေျပးကာလႊားကာျဖင့္ေဆာ့ကစားေနၾကေလသည္။စိတ္ကိုရဲေဆးတင္ကာ
ေဆာ့ေနၾကတဲ့ကေလးႏွစ္ေကာင္ကို
အျမန္ေကာက္ေပြ႕ကာ မီးဖြင့္ထားတဲ့အိမ္ထဲသို႔
ဝင္ေျပးကာ ကေလးေတြကိုေအာက္ခ်ၿပီး
သံတံခါးကို အျမန္ဆြဲပိတ္လိုက္သည္။ၿပီးမွ
အထဲကတံခါးတစ္ထပ္ ထပ္ပိတ္ၿပီးမွ
စိတ္ေအးသြားရသည္။

မနက္ဆိုင္သြားရမွာေတာင္ သူေၾကာက္ေနၿပီ…ဟူးးးးးးး

အိမ္ထဲသို႔အျမန္ေျပးဝင္သြားေသာ
အလွေလးေၾကာင့္ Royalၿပဳံးမိျပန္သည္။
အိပ္ခ်ိန္ျဖစ္၍ ဒူးအထက္ေဘာင္းဘီပြေလးဝတ္ကာ
စြပ္က်ယ္အပြဝတ္ထားတာ ခ်စ္စရာေလးပင္။
သုံးထိပ္စီးေျပာင္းေတာ့မယ္ဆိုတာ ယုံခ်င္စရာပင္မရွိ။

ညမိုးခ်ဳပ္တစ္ေယာက္ထဲျပန္သြားေသာ အလွေလးအား
စိတ္မခ်၍သူေနာက္မွအသာလိုက္လာျခင္းပင္။
အေတြးမ်ားေနခဲ့တဲ့အလွေလးကေတာ့
သူ႕ကိုသတိထားမိမည္မဟုတ္။

မီးပိတ္သြားၿပီျဖစ္ေသာအိမ္ေလးအားၾကည့္ကာ
ႏႈတ္ဆက္တဲ့သူမရွိေသာ္ျငား သူလက္ယမ္းျပလိုက္သည္။
ၿပီးေနာက္ အကြယ္မွာရပ္ထားေသာဆိုင္ကယ္ေပၚတက္ကာ
ေမာင္းထြက္ခဲ့လိုက္သည္။

ေနာက္ေန႕ေတြလည္းေတြ႕ရဦးမွာျဖစ္လို႔
သူ႕အေနနဲ႕ အရမ္းေလာစရာမလိုေသးပါဘူး။

……………………………

“ထိုက္ barသြားမလို႔လား”

Royalကသူ႕အက္်ီေတြထုပ္ပိုးခိုင္းသျဖင့္
Royalအခန္းမွာရွိတဲ့ေက်ာပိုးအိတ္ထဲဆံ့သေလာက္အဝတ္ေတြထည့္လိုက္သည္။အတြင္းခံအခ်ိဳ႕ကိုလည္း
ေထာင့္ကပ္ကာထည့္ေပးလိုက္၏။
ငယ္စဥ္ကတည္းက ေယာက္်ားေလးလိုေနခဲ့သလို
Royalကလဲ ထိုက္ကိုမိန္းကေလးလို႔မျမင္ေပ။

အရပ္ရွည္ေအာင္ဘားေတြဆြဲၿပီးRoyalနည္းတူ
ကိုယ္ခံပညာလည္း တတ္ထားသျဖင့္
ထိုက္ကိုယ္ကမိန္းကေလးလို႔ယုံနိုင္ဖြယ္ရာမရွိေအာင္
ကိုယ္ေတာင့္သည္။

Royalအဝတ္ေတြထုတ္ပိုးၿပီး
Barမွာရွိေနမွာႀကိဳတင္သိသည့္အတြက္
သြားေပးရန္ အခန္းျပင္ထြက္လိုက္စဥ္မွာပင္
“သူေယာင္မယ္”က ဘယ္အခ်ိန္ကတည္းက
ေစာင့္ေနသည္မသိ သူ႕ကိုေမးလာသည္။

“Barသြားမယ္ဆိုရင္ မယ္ေရာလိုက္မလို႔၊
မယ့္ကားက ျပင္ဆိုင္ပို႔ထားရတယ္”

Barသြားမယ္မွန္းသိသာေအာင္ပင္
သူမကခါတိုင္းလိုအရိုင္းဆန္စြာဝတ္ဆင္ထားသည္။
ထိုက္က မိန္းကေလးေတြကိုႀကိဳက္သည့္အတြက္
မယ့္အေနနဲ႕ ထိုက္သူမကိုႀကိဳက္လာရင္လည္း
အလကားမျဖစ္ေပ။
ထိုက္က မယ့္ကိုမႀကိဳက္ရင္ေတာင္မွ
ထိုက္ကတစ္ဆင့္ Royalနဲ႕နီးစပ္ဖို႔အခြင့္အေရးရွိမည္ကို
ႀကိဳျမင္မိေသာေၾကာင့္ပင္။

ထိုက္က သူမကိုအတန္ၾကာၾကည့္ေနၿပီးမွ’ok’ဟုဆိုကာ
ေရွ႕မွေက်ာပိုးအိတ္လြယ္ရင္းေအာက္ဆင္းသြားေလသည္။

ဦးမင္းေတာ္ဝင္ကေတာ့ ေျမးေတြကိုစိတ္ခ်ကာ
သေဘာရွိအတိုင္းလႊတ္ထားေပးသည္။
ျပသာနာမွန္သမွ်ေျဖရွင္းေပးေသာ္ျငားအလုပ္နဲ႕ပတ္သက္ရင္
တာဝန္လစ္ဟင္းသည္ကိုမႀကိဳက္ေပ။

ကားတြင္းရွိပတ္ဝန္းက်င္က အေတာ္ေလးကိုတိတ္ဆိတ္သည္။
သူေယာင္မယ္ဘက္က စကားေျပာခ်င္ေသာ္ျငား
ထိုက္ကေလခြၽန္ေနသျဖင့္ အခြင့္မသာေခ်။

နန္းထိုက္ေတာ္ဝင္ဆိုေသာ သူမက
ေယာက္်ားမိန္းမခြဲျခားခ်က္ေတြကို အလြန္မုန္းတီးသည္။
မိန္းမတစ္ေယာက္အျဖစ္ေမြးဖြားလာတာနဲ႕ကို
အမ်ားစုကခြဲျခားခ်င္ေနၾကၿပီ။

မိန္းမေတြေလမခြၽန္ေကာင္းဘူး….။
ဘယ္ဘုရားကေဟာထားခဲ့ပါသလဲ။

ေယာက္်ားေတြကေငြရွာၿပီးမိန္းမေတြက
အိမ္မႈကိစနိုင္ေအာင္လုပ္ရတယ္ဆိုတာသဘာဝက်ေပမယ့္
မိန္းမေတြကေငြရွာၿပီး
ေယာက္်ားေတြလည္းအိမ္မႈကိစနိုင္ေအာင္
လုပ္လို႔ရတာပဲေလ။
ဘာေတြကို ေယာက္်ားအလုပ္၊
မိန္းမအလုပ္ခြဲျခားခ်င္ေနရတာပါလဲ။

“ထိုက္က မိန္းမယူမွာလားဟင္”

အေတြးမ်ားေနတုန္းေဘးနားကထြက္လာေသာ
မယ့္အသံေၾကာင့္ သူလွည့္ၾကည့္လိုက္ေတာ့
မယ္က သူ႕ကိုၾကည့္ကာေမးလာသည္။
အမွန္အတိုင္းဝန္ခံရရင္ မယ္က
တကယ္ကိုမိန္းမလွေလးတစ္ေယာက္ပင္။

“ဘာလို႔အဲ့လိုေမးတာလဲ”

“ဟို..ထိုက္က မိန္းကေလးေတြပဲ
ႀကိဳက္တယ္ဆိုလို႔ေလ”

“ကိုယ္အမွန္တကယ္ခ်စ္ျမတ္နိုးတဲ့သူနဲ႕ေတြ႕ဆုံခဲ့ရင္ေပါ့”

“ေၾသာ္”

ထို႔ေနာက္ မယ္ကဘာမွထပ္ေျပာလာျခင္းမရွိ၍
Barေရွ႕ကားထိုးရပ္သြားသည့္တိုင္
တိတ္ဆိတ္ေနသည္။

“အတူေခၚလာေပးလို႔ ေက်းဇူးပါေနာ္ထိုက္”

သူ႕ကိုေက်းဇူးတင္ကာအျပင္ထြက္ဖို႔ကားတံခါးလက္လွမ္းေနေသာမယ့္ကိုၾကည့္ကာ

“ကိုယ္တစ္ခုေလာက္ ေျပာခ်င္လို႔”

“ဘာေျပာမလို႔လဲဟင္”

ထိုက္က မယ့္ရဲ႕ကိုယ္လုံးကို
အေပၚေအာက္စုန္ဆန္ၾကည့္ကာ

“မင္းရဲဲဒီပုံစံက Royalအႀကိဳက္မဟုတ္ဘူး”

“ရွင္”

ေျပာေျပာဆိုဆိုထိုက္က သူမရဲ႕ေပၚေနေသာေပါင္နဲ႕
အေပၚသို႔အနည္းငယ္ေမာက္ထြက္ေနေသာရင္ကို
လက္ညိုးနဲ႕အသာတို႔ကာ

“ဒီလိုအပ်က္ဆန္တာထက္ ရိုးရိုးယဥ္ယဥ္ပုံစံေလးက
Royalကို သေဘာက်ေစမွာ”

ေနပါဦး…အခုထိုက္က မယ့္ကို
အပ်က္မလို႔ဆိုလိုခ်င္တာလား။ေဒါသထြက္လာေသာ္လည္း
ထိုက္ရဲ႕ေရွ႕မွာမို႔ ထိန္းခ်ဳပ္ေနရသည္မွာ
ကိုယ္ေတြပင္တုန္ေနသည္။

“အႀကံေပးတယ္လို႔ ယူဆလိုက္ပါ့မယ္”

ကားထဲမွအျမန္ပင္ထြက္လိုက္သည္။
မဟုတ္ရင္သူမေဒါသေတြေပါက္ကြဲထြက္လာေတာ့မည္။

……………………………….

(ဒီficက စိတ္ကူးယဥ္သက္သက္မို႔
အျပင္ေလာကနဲ႕ကိုက္ညီမႈမရွိပါဘူး။
စိတ္ကူးထဲမွာေပၚလာတဲ့အတိုင္းပဲ ေရးထားတာပါဗ်)

Tags: read novel Royal Husband 7, novel Royal Husband 7, read Royal Husband 7 online, Royal Husband 7 chapter, Royal Husband 7 high quality, Royal Husband 7 light novel, ,

Comment

Leave a Reply

Chapter 7