Royal Husband 9

All chapters are in Royal Husband
A+ A-

“ဗျာ၊ဒီနေ့အိမ်အငှားတင်တဲ့သူလာမယ်ဟုတ်လား”

ဒီနေ့ကဆိုင်ပိတ်ရက်ဖြစ်သဖြင့်နွေရတုအားယားနေလို့
TV ရှေ့ထိုင်ကာမနက်ကစျေးထဲမှာဝယ်ခဲ့တဲ့
Korea Dramaကားခွေထိုးကြည့်နေခြင်းပင်။
ဒေါ်လေးဆီကဖုန်းလာလို့ကိုင်လိုက်ခါမှ
မပြောမဆို အိမ်အငှားနေမယ့်သူလာမယ့်အကြောင်း
ပြောလာလို့ သူအံ့သြရပြန်သည်။

“ဒေါ်လေးက ကျွန်တော့်ကိုလည်းဘာမှမပြောဘူး၊
ပြီးတော့ ဗြုန်းစားကြီး”

“ကြိုအသိပေးရင် ငါ့တူငြင်းမှာသိလို့ပေါ့ကွယ်၊
အဖော်ရအောင် မိန်းမယူပါဆိုတော့လည်းမင်းကမဟုတ်”

“ဒေါ်လေးကတော့ တအားကိုမိန်းမယူစေချင်နေတာပဲ”

အဖေနဲ့အမေဆုံးသွားကတည်းက
ဒေါ်လေးကသူ့ကိုလိုလေသေးမရှိအောင်
ပျိုးထောင်ပေးသဖြင့် ဒေါ်လေးဆိုတာသူ့အတွက်
အမေနဲ့မခြားပေ။

ရွာကအဖွားက သူမသေခင်လယ်ကွက်တွေကိုသူ့ဆီရည်ရွယ်ပြီး
အမွေပေးလာပေမယ့် မြို့မှာနေတဲ့သူက
ဘာလုပ်ရမှန်းမသိသဖြင့် ဒေါ်လေးတို့ကို
ကျေးဇူးဆပ်တဲ့အနေနှင့် ကန်တော့လိုက်သည်။

ဒါပေမယ့် ဒေါ်လေးကငြင်းဆန်လာပြီး
လယ်တွေကိုအပိုင်မယူဘဲ ထိုလယ်မှာဖြစ်ထွန်းသော
သီးနှံတို့ရောင်းရသမျှအမြတ်ငွေကိုသုံးပုံနှစ်ပုံကို
သူယူစေကာ ကျန်တာသာယူသည်။
‘မိန်းမယူရင်တင်တောင်းဖို့ များများစု’ဟုလည်း
အမြဲဆိုတတ်သည်ပင်။

“ကျန်တဲ့နေ့တွေဆို မင်းမအားမှာသိလို့
ဒီနေ့ဆိုင်ပိတ်ရက်ကိုလွှတ်လိုက်တာ”

တစ်ခြားcafeဆိုင်တွေတော့မပြောတတ်ပေမယ့်
သူ့ဆိုင်ကတော့နှစ်ပတ်မှတစ်ရက်သာဆိုင်ပိတ်သည်။
ဆိုင်ဆိုလို့ မနက်တိုင်းကော်ဖီမသောက်၊
မုန့်မစားဘဲ ဆိုင်လာထိုင်တတ်သောလူဆိုးကောင်ရဲ့ပုံရိပ်က
သူ့မျက်ဝန်းထဲ ထင်ဟပ်လာသည်မို့ခေါင်းယမ်းလိုက်ရသည်။

“ဒေါ်လေးကမင်းကို အဖော်နဲ့နေစေချင်လို့ပါကွယ်၊
မင်း တစ်အိုးတစ်အိမ်ထူထောင်ခဲ့ရင်လည်း
တစ်မျိုးပေါ့”

“ကျွန်တော့်ဖူးစာရှင်က ခုချိန်ထိမမွေးသေးဘူးနဲ့တူပါတယ်
ဒေါ်လေးရယ်”

သူ့ရဲ့ညည်းညည်းညူညူပြောသံကို
ဒေါ်လေးကသဘောကျသွားသည်ထင်ပ၊
တစ်ဖက်မှတဟားဟားအော်ရယ်သံကြီးထွက်လာတာမို့
ဖုန်းနဲ့နားကိုခွာလိုက်ရသည်။

“ဒေါ်လေးသူငယ်ချင်းပြောတာတော့ အိမ်အငှားကောင်လေးကလူကောင်းလေးပါတဲ့ကွယ်၊
သူလာရင် စကားပြောကြည့်ပြီးညှိလိုက်ဦး”

တောသူဆိုသော်ငြား ဒေါ်လေးက
မြို့ပေါ်မှာမိတ်ဆွေတော်တော်များသည်။
ခုသူ့အိမ်အငှားကိစ္စကိုလည်း မိတ်ဆွေတစ်ယောက်နဲ့ချိတ်ဆက်ပြီးလုပ်လိုက်တာ
ဖြစ်လောက်မယ်။

“ဟုတ်ကဲ့၊ဒေါ်လေးပြောသလို လုပ်လိုက်ပါမယ်ခင်ဗျ”

ခပ်ဟဟရယ်ရင်းပြောလိုက်တော့ ဒေါ်လေးက
လူကြီးကိုနောက်ပြန်ပြီဟုဆိုကာဖုန်းချသွားလေပြီ။
ဗြုန်းစားကြီးဖြစ်သွားသဖြင့် အိမ်ငှားကောင်လေးလာရင်
ပြန်မောင်းထုတ်လိုက်လို့လည်းမဖြစ်ပေ။အားနာစရာ
​ကြီး……..။

တစ်မျိုးတော့ကောင်းပါတယ်လေ၊အိမ်ငှားလေးရှိတော့
အရိပ်မည်းကြီးရန်ကကာကွယ်ရာရလောက်တယ်။
အရိပ်မည်းကြီးကိုမြင်တာ တစ်ရက်နှစ်ရက်မကတော့ပေ။
ကြည့်ရတာ အခွင့်ကောင်းစောင့်နေတယ်ထင်ပ။
အစက စေရာ့ကိုအိမ်ခေါ်ထားမယ်စိတ်ကူးထားပေမယ့်
ခုအိမ်ငှားလာမယ်ဆိုတော့ ခေါ်စရာမလိုတော့ဘူး။

ဟူးးးးးးဒေါ်လေးကတော့လေ……..

ထိုစဥ်မီးဖိုခန်းထဲကနေထွက်လာသောကြောင်ပေါက်လေးနှစ်ကောင်က သူ့ဆီလျှောက်လာသည်။
သူ့အနားရောက်တာနဲ့ နှစ်ကောင်လုံးသူ့မျက်နှာကို
တစ်ချက်မော့ကြည့်ကာ တင်ပျဥ်ခွေထိုင်ထားတဲ့
သူ့ခြေထောက်တွေကြား ဝင်ထိုင်ကာခွေအိပ်လာကြသည်ပင်။

ကြောင်လေးတွေက အခုဆိုသူနဲ့အရမ်းရင်းနှီးနေပြီပင်။
အိပ်ချိန်ဆိုသူ့အပေါ်လာတက်အိပ်ကာ
ကျန်တဲ့အချိန်တွေဆိုရင်လည်း ပွတ်သီပွတ်သပ်နေတတ်သည်။

တကယ်ချစ်စရာလေးတွေ!

…………………………………….

“ထိုက် မင်းအခုဘယ်မှာလဲ”

Royalအခုနေရောင်ခြည်တိုက်ခန်းကနေဖုန်းဆက်နေတာပင်ဖြစ်သည်။ခါတိုင်းဒီလိုအချိန်အလှလေးဆိုင်မှာ
ရှိနေမှာဖြစ်ပေမယ့် ဆိုင်ပိတ်ရက်ဖြစ်တာကြောင့်
နေရောင့်တိုက်ခန်းမှာသောင်တင်နေခြင်းပင်။

နေရောင့်တိုက်ခန်းဆိုပေမယ့်Royalသာအနေများသည်။
ခုလည်းနေရောင်ခြည် ဒီမှာမရှိပေ။
ညနေအချိန်လောက်မှ အလှလေးအိမ်ကိုသွားမည်တွေးသဖြင့်
လိုအပ်တာတွေသိမ်းနေခြင်းပင်။

“Marketမှာ၊ဘာလုပ်မလို့လဲ”

“မင်းအိမ်မှာဆိုရင် ငါ့guitarလာပို့ခိုင်းမလို့”

“ငါအခုအပြင်ရောက်နေတာ”

“ရတယ်၊ကိုယ်တိုင်ပဲသွားယူလိုက်တော့မယ်”

ထိုစကားပြောအပြီးသူဖုန်းချလိုက်သည်။
ချိုင်းပြတ်စွပ်ကျယ်လေးပဲဝတ်ထားသည်ဖြစ်ရာ
ကျစ်လျစ်သော လက်မောင်းကြွက်သားတွေက
လှစ်ဟပြထားသလိုပင်။

ဘေးနားချွတ်ထားတဲ့ရှပ်အကွက်လှမ်းယူကာ
ပြီးစလွယ်ဝတ်လိုက်ပြီးကုတင်ပေါ်ကဆိုင်ကယ်သော့ယူကာ
တိုက်ခန်းထဲကထွက်လာလိုက်သည်။

…………………………………..

Royalဆီကဖုန်းချသွားတာနဲ့ဖုန်းကို
ဘောင်းဘီအိတ်ထဲသို့သူပြန်ထည့်လိုက်သည်။
ထိုက်လက်ထဲမှာလည်း ပစ္စည်းထည့်တဲ့ခြင်းကိုင်ထားသည်။
ရုံးပိတ်ရက်မို့ထင် စျေးလာဝယ်တဲ့လူက
ခါတိုင်းနေ့တွေထက်များသည်။

ဝယ်တာလည်းစုံနေပြီဖြစ်သဖြင့်
စင်တွေကြားကထွက်ကာ ကောင်တာမှာငွေရှင်းရန်
ထွက်လာလိုက်သည်။

ကောင်တာကိုလှမ်းကြည့်လိုက်တော့
ကောင်တာရှေ့မှာရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ကောင်မလေးတစ်ယောက်။ဒူးအထက်စကပ်လေးကို
လက်နဲ့သိမ်းကာ ဘေးဘီဝဲယာမလုံသလိုဝေ့ကြည့်နေသည်။

သူမလေး လှည့်ကြည့်နေသလိုပင်တစ်ချို့သော
လူတွေကလည်း ကွက်ကြည့်ကွက်ကြည့်ဖြင့်
ခပ်တိုးတိုးပြောနေကြသည်။

ကောင်မလေးကကိုယ်နောက်ပိုင်းကစကပ်ကိုစုကိုင်ထားတာကိုမြင်တော့ ဘာလဲဆိုတာသူရိပ်မိနေပြီ။
ပိုသေချာသွားတာက စုကိုင်ထားတဲ့နေရာက……….

ကောင်တာဆီသို့လျှောက်သွားလိုက်တော့ ကောင်မလေးက
သူ့ကိုမျက်လုံးလှန်ကြည့်လာသည်။
မျက်လုံးဝိုင်းဝိုင်းနဲ့ပါးဖောင်းဖောင်းလေးကြောင့်
ချစ်စရာလေးပင်။

ခြင်းကိုကောင်တာပေါ်တင်ကာ ဝတ်ထားတဲ့အပေါ်အက်ျီကို
ချွတ်လိုက်တော့ အထူးအဆန်းလိုကြည့်လာသည်။
ပြီးတော့ ကောင်မလေးခါးမှာအက်ျီလက်ရှည်ဝတ်ပေးလိုက်
သည်။ထိုက်အက်ျီက ကောင်မလေးရဲ့အရှက်ကို
ဖုံးပေးသွားတာကို မြင်လိုက်ရမှသဘောတကျသူပြုံးလိုက်မိတယ်။

လဝန်းသော်တာ ကျောင်းပိတ်ရက်သူငယ်ချင်းတွေနဲ့
စျေးဝယ်ထွက်တုန်း menstrutionခြင်းပင်။
ရက်နီးမှန်းသိသိကြီးနဲ့သဘောမထားမိတဲ့သူမကိုယ်သူမသာ
အပြစ်တင်မိသည်။

သူငယ်ချင်းတွေကတစ်ခြားတွေမှာဝယ်နေတုန်းဖြစ်သဖြင့်
သူမအခက်တွေ့ရသည်။တစ်ချို့တွေကရိပ်မိစွာ
ကူညီမယ်မရှိဘဲ ကွက်ကြည့်ကြသည်မို့
ပိုရှက်မိတာတော့ အမှန်ပင်။ဝတ်ထားတဲ့စကပ်က
အပြာနုရောင်ဖြစ်သဖြင့် ပိုသိသာသည်။

ထိုစဥ်ကောင်တာဆီလျှောက်လာသောလူကြောင့်
သူမကြည့်လိုက်တော့ အရပ်ရှည်ရှည်နဲ့လူကလည်း
သူမကိုကြည့်လာသည်။ထိုစဥ် ခြင်းကိုကောင်တာပေါ်တင်ကာ
မပြောမဆိုအက်ျီချွတ်လာပြီး သူမခါးမှာလာဝတ်ပေးသဖြင့်
ကြောင်နေမိသည်။

“နောက်ခါဆို သတိထားပေါ့”

“ကျေး…ကျေးဇူးတင်ပါတယ်”

မလိုပါဘူးဆိုသောသဘောဖြင့်ထိုက်ကလက်ခါပြကာ
ကောင်တာမှာငွေရှင်းပြီးထွက်လာလိုက်သည်။
ပါးဖောင်းလေးက သူ့ကိုမမှိတ်မသုန်စိုက်ကြည့်နေတာ
ကိုတော့ သူခံစားရတယ်။

ခါးမှအင်္ကျီကိုငုံ့ကြည့်ပြီးမှသေသေချာချာကျေးဇူးမတင်လိုက်ရတာကိုသတိရသည်။
နောင်…ရေစက်ပါလို့ပြန်တွေ့ရင်
သေချာလေးကျေးဇူးတင်ဦးမှပါ……

…………………………………

မှန်ထဲက သူမကိုယ်သူမ အကြိမ်ကြိမ်နောက်လှည့်လိုက်၊
ရှေ့လှည့်လိုက်ကြည့်နေမိသည်။
အခါတိုင်း အရိုင်းဆန်တဲ့သူမက
ခုတော့ ရင်ဖုံးအင်္ကျီ ထဘီလေးနှင့်လှနေသည်ပင်။

ထိုက်ပြောသလို သူမပုံစံပြောင်းကြည့်ခြင်းပင်။
သူမကိုယ်သူမလှတာသိသော်ငြား တစ်ခြားလူတွေရဲ့အမြင်
ကိုသိချင်တာမို့ အခန်းတံခါးဖွင့်ကာထွက်လာတော့
မလှမ်းမကမ်းမှာ နိုဘယ်တော်ဝင်ကစားနေတာကို
မြင်လိုက်ရသည်။

ကလေးတွေက မလိမ်ညာတတ်တာမို့
နိုနို့ကိုမေးကြည့်ရန် အနီးနားသို့သွားလိုက်ပေမယ့်
ကလေးက ကစားတဲ့နေရာမှာအာရုံရောက်နေတာမို့
သူမကိုမမြင်ပေ။

“အဟမ်းးးဟမ်းး”

အယောင်ဆောင်ချောင်းဟမ့်ပြလိုက်မှသူမကိုမော့ကြည့်လာပြီး အထူးအဆန်းလိုကြည့်လာသည်။

“နိုနိုလေး မမချောလားဟင်”

သူယောင်မယ်စကားကြောင့် နိုနိုကခေါင်းတဆတ်ဆတ်ညိမ့်ပြလာကာ
လက်မတွေပင်ထောင်ပြလာသည်။

“ခါတိုင်းက ဘီလူးမကြီးလိုပဲသိလား၊
ခုမှ လှသွားတာ”

“သြော်…အင်း..အင်း”

သာမာန်ရိုးရိုးပြောလည်းရပါတယ် သောက်ခလေးရယ်…….

“ဟာ…ကိုကိုhusband “

နိုဘယ်တော်ဝင်စကားကြောင့် သူမကြည့်လိုက်တော့
ခြေလှမ်းမြန်မြန်ဖြင့်အခန်းထဲဝုန်းကနဲဝင်သွားသော
Royal။

ဘာတွေများ အလျှင်လိုနေတာပါလိမ့်????

ထိုစဥ်မှာပင် အခန်းတံခါးပြန်ဖွင့်လာကာ
Royalပြန်ထွက်လာသည်။အပြေးလေး
အနားသွားမလို့ပြင်လိုက်ပေမယ့်…

သူမကိုစူးရဲစွာစိုက်ကြည့်နေပြီး နဂိုအကြောတွေထနေတဲ့လက်က
ပိုပြီးအကြောတွေထောင်နေသည်။
တလှမ်းချင်းသူမရှိရာဆီ လမ်းလျှောက်လာသည်မှာ
အားမာန်အပြည့်ပင်။
အနီးနားရောက်မှ Royalရဲ့မျက်ခမ်းစပ်နီနီတွေကိုမြင်လိုက်ရပြီးးးးး

Royalဒေါသထွက်အောင် သူမဘာလုပ်မိလဲဟု
အဖြေရှာရသည်။

……………………………

(မနေ့ကမိုးတွေရွာတော့ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့
ကိုယ်ကတော့ Royalရင်ခွင်ထဲခိုအောင်းပြီး
အနွေးဓာတ်ခံယူလိုက်တယ်)

Zawgyi

“ဗ်ာ၊ဒီေန႕အိမ္အငွားတင္တဲ့သူလာမယ္ဟုတ္လား”

ဒီေန႕ကဆိုင္ပိတ္ရက္ျဖစ္သျဖင့္ႏြေရတုအားယားေနလို႔
TV ေရွ႕ထိုင္ကာမနက္ကေစ်းထဲမွာဝယ္ခဲ့တဲ့
Korea Dramaကားေခြထိုးၾကည့္ေနျခင္းပင္။
ေဒၚေလးဆီကဖုန္းလာလို႔ကိုင္လိုက္ခါမွ
မေျပာမဆို အိမ္အငွားေနမယ့္သူလာမယ့္အေၾကာင္း
ေျပာလာလို႔ သူအံ့ၾသရျပန္သည္။

“ေဒၚေလးက ကြၽန္ေတာ့္ကိုလည္းဘာမွမေျပာဘူး၊
ၿပီးေတာ့ ျဗဳန္းစားႀကီး”

“ႀကိဳအသိေပးရင္ ငါ့တူျငင္းမွာသိလို႔ေပါ့ကြယ္၊
အေဖာ္ရေအာင္ မိန္းမယူပါဆိုေတာ့လည္းမင္းကမဟုတ္”

“ေဒၚေလးကေတာ့ တအားကိုမိန္းမယူေစခ်င္ေနတာပဲ”

အေဖနဲ႕အေမဆုံးသြားကတည္းက
ေဒၚေလးကသူ႕ကိုလိုေလေသးမရွိေအာင္
ပ်ိဳးေထာင္ေပးသျဖင့္ ေဒၚေလးဆိုတာသူ႕အတြက္
အေမနဲ႕မျခားေပ။

႐ြာကအဖြားက သူမေသခင္လယ္ကြက္ေတြကိုသူ႕ဆီရည္႐ြယ္ၿပီး
အေမြေပးလာေပမယ့္ ၿမိဳ႕မွာေနတဲ့သူက
ဘာလုပ္ရမွန္းမသိသျဖင့္ ေဒၚေလးတို႔ကို
ေက်းဇူးဆပ္တဲ့အေနႏွင့္ ကန္ေတာ့လိုက္သည္။

ဒါေပမယ့္ ေဒၚေလးကျငင္းဆန္လာၿပီး
လယ္ေတြကိုအပိုင္မယူဘဲ ထိုလယ္မွာျဖစ္ထြန္းေသာ
သီးႏွံတို႔ေရာင္းရသမွ်အျမတ္ေငြကိုသုံးပုံႏွစ္ပုံကို
သူယူေစကာ က်န္တာသာယူသည္။
‘မိန္းမယူရင္တင္ေတာင္းဖို႔ မ်ားမ်ားစု’ဟုလည္း
အၿမဲဆိုတတ္သည္ပင္။

“က်န္တဲ့ေန႕ေတြဆို မင္းမအားမွာသိလို႔
ဒီေန႕ဆိုင္ပိတ္ရက္ကိုလႊတ္လိုက္တာ”

တစ္ျခားcafeဆိုင္ေတြေတာ့မေျပာတတ္ေပမယ့္
သူ႕ဆိုင္ကေတာ့ႏွစ္ပတ္မွတစ္ရက္သာဆိုင္ပိတ္သည္။
ဆိုင္ဆိုလို႔ မနက္တိုင္းေကာ္ဖီမေသာက္၊
မုန့္မစားဘဲ ဆိုင္လာထိုင္တတ္ေသာလူဆိုးေကာင္ရဲ႕ပုံရိပ္က
သူ႕မ်က္ဝန္းထဲ ထင္ဟပ္လာသည္မို႔ေခါင္းယမ္းလိုက္ရသည္။

“ေဒၚေလးကမင္းကို အေဖာ္နဲ႕ေနေစခ်င္လို႔ပါကြယ္၊
မင္း တစ္အိုးတစ္အိမ္ထူေထာင္ခဲ့ရင္လည္း
တစ္မ်ိဳးေပါ့”

“ကြၽန္ေတာ့္ဖူးစာရွင္က ခုခ်ိန္ထိမေမြးေသးဘူးနဲ႕တူပါတယ္
ေဒၚေလးရယ္”

သူ႕ရဲ႕ညည္းညည္းၫူၫူေျပာသံကို
ေဒၚေလးကသေဘာက်သြားသည္ထင္ပ၊
တစ္ဖက္မွတဟားဟားေအာ္ရယ္သံႀကီးထြက္လာတာမို႔
ဖုန္းနဲ႕နားကိုခြာလိုက္ရသည္။

“ေဒၚေလးသူငယ္ခ်င္းေျပာတာေတာ့ အိမ္အငွားေကာင္ေလးကလူေကာင္းေလးပါတဲ့ကြယ္၊
သူလာရင္ စကားေျပာၾကည့္ၿပီးညွိလိုက္ဦး”

ေတာသူဆိုေသာ္ျငား ေဒၚေလးက
ၿမိဳ႕ေပၚမွာမိတ္ေဆြေတာ္ေတာ္မ်ားသည္။
ခုသူ႕အိမ္အငွားကိစကိုလည္း မိတ္ေဆြတစ္ေယာက္နဲ႕ခ်ိတ္ဆက္ၿပီးလုပ္လိုက္တာ
ျဖစ္ေလာက္မယ္။

“ဟုတ္ကဲ့၊ေဒၚေလးေျပာသလို လုပ္လိုက္ပါမယ္ခင္ဗ်”

ခပ္ဟဟရယ္ရင္းေျပာလိုက္ေတာ့ ေဒၚေလးက
လူႀကီးကိုေနာက္ျပန္ၿပီဟုဆိုကာဖုန္းခ်သြားေလၿပီ။
ျဗဳန္းစားႀကီးျဖစ္သြားသျဖင့္ အိမ္ငွားေကာင္ေလးလာရင္
ျပန္ေမာင္းထုတ္လိုက္လို႔လည္းမျဖစ္ေပ။အားနာစရာ
ႀကီး……..။

တစ္မ်ိဳးေတာ့ေကာင္းပါတယ္ေလ၊အိမ္ငွားေလးရွိေတာ့
အရိပ္မည္းႀကီးရန္ကကာကြယ္ရာရေလာက္တယ္။
အရိပ္မည္းႀကီးကိုျမင္တာ တစ္ရက္ႏွစ္ရက္မကေတာ့ေပ။
ၾကည့္ရတာ အခြင့္ေကာင္းေစာင့္ေနတယ္ထင္ပ။
အစက ေစရာ့ကိုအိမ္ေခၚထားမယ္စိတ္ကူးထားေပမယ့္
ခုအိမ္ငွားလာမယ္ဆိုေတာ့ ေခၚစရာမလိုေတာ့ဘူး။

ဟူးးးးးးေဒၚေလးကေတာ့ေလ……..

ထိုစဥ္မီးဖိုခန္းထဲကေနထြက္လာေသာေၾကာင္ေပါက္ေလးႏွစ္ေကာင္က သူ႕ဆီေလွ်ာက္လာသည္။
သူ႕အနားေရာက္တာနဲ႕ ႏွစ္ေကာင္လုံးသူ႕မ်က္ႏွာကို
တစ္ခ်က္ေမာ့ၾကည့္ကာ တင္ပ်ဥ္ေခြထိုင္ထားတဲ့
သူ႕ေျခေထာက္ေတြၾကား ဝင္ထိုင္ကာေခြအိပ္လာၾကသည္ပင္။

ေၾကာင္ေလးေတြက အခုဆိုသူနဲ႕အရမ္းရင္းႏွီးေနၿပီပင္။
အိပ္ခ်ိန္ဆိုသူ႕အေပၚလာတက္အိပ္ကာ
က်န္တဲ့အခ်ိန္ေတြဆိုရင္လည္း ပြတ္သီပြတ္သပ္ေနတတ္သည္။

တကယ္ခ်စ္စရာေလးေတြ!

…………………………………….

“ထိုက္ မင္းအခုဘယ္မွာလဲ”

Royalအခုေနေရာင္ျခည္တိုက္ခန္းကေနဖုန္းဆက္ေနတာပင္ျဖစ္သည္။ခါတိုင္းဒီလိုအခ်ိန္အလွေလးဆိုင္မွာ
ရွိေနမွာျဖစ္ေပမယ့္ ဆိုင္ပိတ္ရက္ျဖစ္တာေၾကာင့္
ေနေရာင့္တိုက္ခန္းမွာေသာင္တင္ေနျခင္းပင္။

ေနေရာင့္တိုက္ခန္းဆိုေပမယ့္Royalသာအေနမ်ားသည္။
ခုလည္းေနေရာင္ျခည္ ဒီမွာမရွိေပ။
ညေနအခ်ိန္ေလာက္မွ အလွေလးအိမ္ကိုသြားမည္ေတြးသျဖင့္
လိုအပ္တာေတြသိမ္းေနျခင္းပင္။

“Marketမွာ၊ဘာလုပ္မလို႔လဲ”

“မင္းအိမ္မွာဆိုရင္ ငါ့guitarလာပို႔ခိုင္းမလို႔”

“ငါအခုအျပင္ေရာက္ေနတာ”

“ရတယ္၊ကိုယ္တိုင္ပဲသြားယူလိုက္ေတာ့မယ္”

ထိုစကားေျပာအၿပီးသူဖုန္းခ်လိဳက္သည္။
ခ်ိဳင္းျပတ္စြပ္က်ယ္ေလးပဲဝတ္ထားသည္ျဖစ္ရာ
က်စ္လ်စ္ေသာ လက္ေမာင္းႂကြက္သားေတြက
လွစ္ဟျပထားသလိုပင္။

ေဘးနားခြၽတ္ထားတဲ့ရွပ္အကြက္လွမ္းယူကာ
ၿပီးစလြယ္ဝတ္လိုက္ၿပီးကုတင္ေပၚကဆိုင္ကယ္ေသာ့ယူကာ
တိုက္ခန္းထဲကထြက္လာလိုက္သည္။

…………………………………..

Royalဆီကဖုန္းခ်သြားတာနဲ႕ဖုန္းကို
ေဘာင္းဘီအိတ္ထဲသို႔သူျပန္ထည့္လိုက္သည္။
ထိုက္လက္ထဲမွာလည္း ပစ္စည္းထည့္တဲ့ျခင္းကိုင္ထားသည္။
႐ုံးပိတ္ရက္မို႔ထင္ ေစ်းလာဝယ္တဲ့လူက
ခါတိုင္းေန႕ေတြထက္မ်ားသည္။

ဝယ္တာလည္းစုံေနၿပီျဖစ္သျဖင့္
စင္ေတြၾကားကထြက္ကာ ေကာင္တာမွာေငြရွင္းရန္
ထြက္လာလိုက္သည္။

ေကာင္တာကိုလွမ္းၾကည့္လိုက္ေတာ့
ေကာင္တာေရွ႕မွာရွက္ကိုးရွက္ကန္းျဖစ္ေနတဲ့ေကာင္မေလးတစ္ေယာက္။ဒူးအထက္စကပ္ေလးကို
လက္နဲ႕သိမ္းကာ ေဘးဘီဝဲယာမလုံသလိုေဝ့ၾကည့္ေနသည္။

သူမေလး လွည့္ၾကည့္ေနသလိုပင္တစ္ခ်ိဳ႕ေသာ
လူေတြကလည္း ကြက္ၾကည့္ကြက္ၾကည့္ျဖင့္
ခပ္တိုးတိုးေျပာေနၾကသည္။

ေကာင္မေလးကကိုယ္ေနာက္ပိုင္းကစကပ္ကိုစုကိုင္ထားတာကိုျမင္ေတာ့ ဘာလဲဆိုတာသူရိပ္မိေနၿပီ။
ပိုေသခ်ာသြားတာက စုကိုင္ထားတဲ့ေနရာက……….

ေကာင္တာဆီသို႔ေလွ်ာက္သြားလိုက္ေတာ့ ေကာင္မေလးက
သူ႕ကိုမ်က္လုံးလွန္ၾကည့္လာသည္။
မ်က္လုံးဝိုင္းဝိုင္းနဲ႕ပါးေဖာင္းေဖာင္းေလးေၾကာင့္
ခ်စ္စရာေလးပင္။

ျခင္းကိုေကာင္တာေပၚတင္ကာ ဝတ္ထားတဲ့အေပၚအက္်ီကို
ခြၽတ္လိုက္ေတာ့ အထူးအဆန္းလိုၾကည့္လာသည္။
ၿပီးေတာ့ ေကာင္မေလးခါးမွာအက္်ီလက္ရွည္ဝတ္ေပးလိုက္
သည္။ထိုက္အက္်ီက ေကာင္မေလးရဲ႕အရွက္ကို
ဖုံးေပးသြားတာကို ျမင္လိုက္ရမွသေဘာတက်သဴၿပဳံးလိုက္မိတယ္။

လဝန္းေသာ္တာ ေက်ာင္းပိတ္ရက္သူငယ္ခ်င္းေတြနဲ႕
ေစ်းဝယ္ထြက္တုန္း menstrutionျခင္းပင္။
ရက္နီးမွန္းသိသိႀကီးနဲ႕သေဘာမထားမိတဲ့သူမကိုယ္သူမသာ
အျပစ္တင္မိသည္။

သူငယ္ခ်င္းေတြကတစ္ျခားေတြမွာဝယ္ေနတုန္းျဖစ္သျဖင့္
သူမအခက္ေတြ႕ရသည္။တစ္ခ်ိဳ႕ေတြကရိပ္မိစြာ
ကူညီမယ္မရွိဘဲ ကြက္ၾကည့္ၾကသည္မို႔
ပိုရွက္မိတာေတာ့ အမွန္ပင္။ဝတ္ထားတဲ့စကပ္က
အျပာႏုေရာင္ျဖစ္သျဖင့္ ပိုသိသာသည္။

ထိုစဥ္ေကာင္တာဆီေလွ်ာက္လာေသာလူေၾကာင့္
သူမၾကည့္လိုက္ေတာ့ အရပ္ရွည္ရွည္နဲ႕လူကလည္း
သူမကိုၾကည့္လာသည္။ထိုစဥ္ ျခင္းကိုေကာင္တာေပၚတင္ကာ
မေျပာမဆိုအက္်ီခြၽတ္လာၿပီး သူမခါးမွာလာဝတ္ေပးသျဖင့္
ေၾကာင္ေနမိသည္။

“ေနာက္ခါဆို သတိထားေပါ့”

“ေက်း…ေက်းဇူးတင္ပါတယ္”

မလိုပါဘူးဆိုေသာသေဘာျဖင့္ထိုက္ကလက္ခါျပကာ
ေကာင္တာမွာေငြရွင္းၿပီးထြက္လာလိုက္သည္။
ပါးေဖာင္းေလးက သူ႕ကိုမမွိတ္မသုန္စိုက္ၾကည့္ေနတာ
ကိုေတာ့ သူခံစားရတယ္။

ခါးမွအက္်ီကိုငုံ႕ၾကည့္ၿပီးမွေသေသခ်ာခ်ာေက်းဇူးမတင္လိုက္ရတာကိုသတိရသည္။
ေနာင္…ေရစက္ပါလို႔ျပန္ေတြ႕ရင္
ေသခ်ာေလးေက်းဇူးတင္ဦးမွပါ……

…………………………………

မွန္ထဲက သူမကိုယ္သူမ အႀကိမ္ႀကိမ္ေနာက္လွည့္လိုက္၊
ေရွ႕လွည့္လိုက္ၾကည့္ေနမိသည္။
အခါတိုင္း အရိုင္းဆန္တဲ့သူမက
ခုေတာ့ ရင္ဖုံးအက္်ီထဘီေလးႏွင့္လွေနသည္ပင္။

ထိုက္ေျပာသလို သူမပုံစံေျပာင္းၾကည့္ျခင္းပင္။
သူမကိုယ္သူမလွတာသိေသာ္ျငား တစ္ျခားလူေတြရဲ႕အျမင္
ကိုသိခ်င္တာမို႔ အခန္းတံခါးဖြင့္ကာထြက္လာေတာ့
မလွမ္းမကမ္းမွာ နိုဘယ္ေတာ္ဝင္ကစားေနတာကို
ျမင္လိုက္ရသည္။

ကေလးေတြက မလိမ္ညာတတ္တာမို႔
နိုနို႔ကိုေမးၾကည့္ရန္ အနီးနားသို႔သြားလိုက္ေပမယ့္
ကေလးက ကစားတဲ့ေနရာမွာအာ႐ုံေရာက္ေနတာမို႔
သူမကိုမျမင္ေပ။

“အဟမ္းးးဟမ္းး”

အေယာင္ေဆာင္ေခ်ာင္းဟမ့္ျပလိုက္မွသူမကိုေမာ့ၾကည့္လာၿပီး အထူးအဆန္းလိုၾကည့္လာသည္။

“နိုနိုေလး မမေခ်ာလားဟင္”

သူေယာင္မယ္စကားေၾကာင့္ နိုနိုကေခါင္းတဆတ္ဆတ္ညိမ့္ျပလာကာ
လက္မေတြပင္ေထာင္ျပလာသည္။

“ခါတိုင္းက ဘီလူးမႀကီးလိုပဲသိလား၊
ခုမွ လွသြားတာ”

“ေၾသာ္…အင္း..အင္း”

သာမာန္ရိုးရိုးေျပာလည္းရပါတယ္ ေသာက္ခေလးရယ္…….

“ဟာ…ကိုကိုhusband “

နိုဘယ္ေတာ္ဝင္စကားေၾကာင့္ သူမၾကည့္လိုက္ေတာ့
ေျခလွမ္းျမန္ျမန္ျဖင့္အခန္းထဲဝုန္းကနဲဝင္သြားေသာ
Royal။

ဘာေတြမ်ား အလွ်င္လိုေနတာပါလိမ့္????

ထိုစဥ္မွာပင္ အခန္းတံခါးျပန္ဖြင့္လာကာ
Royalျပန္ထြက္လာသည္။အေျပးေလး
အနားသြားမလို႔ျပင္လိုက္ေပမယ့္…

သူမကိုစူးရဲစြာစိုက္ၾကည့္ေနၿပီး နဂိုအေၾကာေတြထေနတဲ့လက္က
ပိုၿပီးအေၾကာေတြေထာင္ေနသည္။
တလွမ္းခ်င္းသူမရွိရာဆီ လမ္းေလွ်ာက္လာသည္မွာ
အားမာန္အျပည့္ပင္။
အနီးနားေရာက္မွ Royalရဲ႕မ်က္ခမ္းစပ္နီနီေတြကိုျမင္လိုက္ရၿပီးးးးး

Royalေဒါသထြက္ေအာင္ သူမဘာလုပ္မိလဲဟု
အေျဖရွာရသည္။

……………………………

(မေန႕ကမိုးေတြ႐ြာေတာ့ခ်မ္းစိမ့္စိမ့္ျဖစ္လာတာနဲ႕
ကိုယ္ကေတာ့ Royalရင္ခြင္ထဲခိုေအာင္းၿပီး
အႏြေးဓာတ္ခံယူလိုက္တယ္)

Tags: read novel Royal Husband 9, novel Royal Husband 9, read Royal Husband 9 online, Royal Husband 9 chapter, Royal Husband 9 high quality, Royal Husband 9 light novel, ,

Comment

Leave a Reply

Chapter 9