System 286 (On Going) Arc 1.12(မင်ရှီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi



“အော်….အဲ့လိုလား..”




“မေးလေ…”


ငါနားမလည်ဘူး “










“ဟုတ်…အကိုဟန်ယွင် “




“ဟုတ်ကဲ့ “




__________







“ဒေါ်လေး..ထမင်းစားမယ်..
ရော်…ပြန်လည်းမထူးဘူး..အိပ်နေတုန်းလား..”







☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

1.12

“System… Hidden mission ကဘယ်တော့ပေါ်လာမှာလဲဟင်..”

System: “ဒီHostနဲ့တော့ခက်ပီ..
Hostကရှာမှပေါ်လာမှာပေါ့လို့”

“အော်….အဲ့လိုလား..”

System: “Host..ကဒီကမ္ဘာမှာမပျော်တော့လို့လား..နောက်ကမ္ဘာသစ်တစ်ခုကိုပြောင်းချင်နေပီလား..”

“အဲလိုတော့လဲမဟုတ်ပါဘူး..ဒီတိုင်းပဲမေးကြည့်တာပါ….ငါလည်းဒီကမ္ဘာကလူတွေကိုသံယောဇဉ်ရှိပါတယ်နော်…မပြောင်းချင်သေးပါဘူး”

System: “Host…ကျွန်တော်တစ်ခုမေးလို့ရလား ”

“မေးလေ…”

System: “Host က ဟန်ယွင်လား ချင်းချိုးလား “

“ဟမ်…အဲ့တာဘာကိုမေးတာလဲ..
ငါနားမလည်ဘူး “

System: “Hostက ဟန်ယွင် ကိုသဘောကျတာလား..ချင်းချိုး ကိုသဘောကျတာလားမေးတာ “

“နှစ်ယောက်လုံးကိုသဘောကျတယ်လေ..ချင်းချိုးဆိုလည်း သူငယ်ချင်းကောင်းတစ်ယောက်လိုငါ့ကိုအမြဲဂရုစိုက်တယ်..အကိုဟန်ယွင်ကျတော့လည်း အကိုတစ်ယောက်လို နွေးနွေးထွေးထွေးဆက်ဆံတယ်…အရင်တုန်းကငါတစ်ခါမှမရဖူးတယ် နွေးထွေးမှုတွေ.. ချစ်ခင်မှုတွေ..ဒီကမ္ဘာရောက်မှ ခံစားဖူးတာ..”

System: “ကျွန်တော်မေးတာက ချစ်သူတစ်ယောက်လိုသဘောကျလားလို့မေးတာ.. 😑”

“မင်းရူးနေတာလား…. ငါကယောက်ျားလေးလေ..ဘယ်လိုလုပ်တခြားယောက်ျားလေးကိုသဘောကျရမှာလဲ….”

System: “ဒါမဲ့ Hostပုံစံက အခုမှအချစ်နဲ့စတွေ့တဲ့အပျိုပေါက်ကလေးလိုဖြစ်နေလို့မေးကြည့်တာပါ”

“ငါကတစ်ခါမှမချစ်ဖူးတော့အချစ်ဆိုတာဘယ်လိုလဲငါမသိဘူး…သေချာတာကတော့ အကိုဟန်ယွင်ကိုရော ချင်းချိုးကိုရော ငါဖြူဖြူစင်စင်နဲ့အကိုတစ်ယောက်လို သူငယ်ချင်းတစ်ယောက်လိုချစ်တာ…တခြားဘာစိတ်မှမရှိဘူး ”

System: “သူတို့က Hostလိုမတွေးရင်ရော..”

“ကျေးဇူးပြုပြီး သူတို့ရဲ့ခင်မင်မှုကိုအရောင်မဆိုးပါနဲ့System…ပီးတော့ငါကဘာပဲဖြစ်ဖြစ်ထွက်သွားရမဲ့သူမလား..အဲ့တော့…..”

ကယ်ရီဆက်မပြောချင်တော့…ဒီနေ့မှစ၍အတတ်နိုင်ဆုံးမိမိ သံယောဇဉ်ထပ်မတွယ်အောင်ကြိုးစားရတော့မယ်..မိမိထွက်သွားလျှင်ခံစားရမည်က သူတို့ပင်မဟုတ်ပါလော…ဒီကမ္ဘာကဇာတ်ကောင်တွေဆိုတာက ကယ်ရီကိုပထမဆုံးကြင်ကြင်နာနာဆက်ဆံပေးတဲ့သူတွေမလား…
ထိုစဉ် ဟန်ယွင် ထံမှဖုန်းဝင်လာသည်…..

“ဟုတ်…အကိုဟန်ယွင် “

“မင်ရှီးလား…. ကော်ဖီဆိုင် တုန်းကလေ….ယူရီကိုခေါ်လာလို့စိတ်ဆိုးသွားလား..
သူကကော်ဖီလိုက်တိုက်ခိုင်းလို့..ကိုယ်ကမင်းနဲ့လည်းသူငယ်ချင်းဆိုတော့..အားနာပီးခေါ်လာမိတာပါ..” ဟန်ယွင် စကားတွေအစီစဉ်မကျပြောနေမိသည်..။ မှန်ကြောင်လေးကမိမိကို ယူရီဆိုသောကောင်မလေးနှင်အထင်လွဲသွားမည်ကိုမိမိမလိုလားပါ..။

“အာ…မဟုတ်တာ အကိုဟန်ယွင်ရ..
ကျွန်တော်ကဘာဖြစ်လို့စိတ်ဆိုးရမှာလဲဗျာ..ယူရီနဲ့ကျွန်တော်ကအခုတလောအဆင်မပြေဖြစ်ထားပေမယ့် မျက်နှာချင်းမဆိုင်ချင်လောက်တဲ့အထိတော့မဟုတ်ပါဘူး..။ ဒါနဲ့..အကိုယူရီကိုဘယ်လိုမြင်လဲ..ယူရီကချစ်ဖို့ကောင်းတယ်..အကိုနဲ့လိုက်တယ်..” ကယ်ရီမမေးချင်သော်လည်းဇာတ်လိုက်နှစ်ယောက်ကြားအခြေနေကိုသိချင်၍ အစ်အောက်ကြည့်မိသည်..။ မိမိကြောင့်သာမဟုတ်လျှင် ဇာတ်လိုက်နှစ်ယောက်ကဒီချိန်လောက်ဆိုချစ်သူတွေဖြစ်နေသင့်သည်မဟုတ်ပါလား..။ ဇာတ်လိုက်မရဲ့အကျင့်ကို ကယ်ရီမကြိုက်ပေမယ့် ဇာတ်လိုက်၏ကံကြမ္မာ ဆိုသည့်အရာကြီးကဇာတ်လိုက်မဖက်တွင်ရှိနေသေးသည်..။

“ဟာ…မင်ရှီး… မင်းဘာတွေပြောနေတာလဲ… အကိုယူရီကိုလုံးဝစိတ်မဝင်စားပါဘူး…အကို့မှာချစ်ရတဲ့သူသပ်သပ်ရှိတယ်..သူ့ကိုအကိုကမြင်မြင်ချင်းချစ်မိသွားတာ..လုံလောက်တဲ့အချိန်တစ်ခုရောက်ရင်အကိုသူ့ကိုဖွင့်ပြောမှာ…အဲ့တော့..မဟုတ်တာတွေမတွေးနဲ့ကြားလား..”

“ဟုတ်ကဲ့ “

“ကယ်..မင်းလည်းပင်ပန်းနေလောက်ပီ..အိပ်တော့နော်..အိမ်မက်လှလှမက်ပါစေ..”

“ဟုတ်ကဲ့.. အကိုဟန်ယွင် လည်းအိမ်မက်လှလှမက်ပါစေ..ပီးတော့အကိုချစ်တဲ့သူကိုလည်းအမြန်ဖွင့်ပြောနိုင်ပါစေ”

“အဟက်….ပေးတဲ့ဆုနဲ့ပြည့်အောင်ကိုယ်ကြိုးစားနေပါတယ်..”

မိမိသည်မှန်ကြောင်လေးအားစတွေ့ကတည်းကချစ်ခဲ့မိသည်ထင်၏..။ မယောင်မလည်ဘောလုံးကွင်းနားကိုရောက်လာပီး မိမိအားကြောင်ကြည့်နေသောမြင်ကွင်းလေးအားမျက်လုံးထဲမှမထွက်…မိမိကရင်းနှီးချင်ပေမယ့် ရှောင်ရှောင်ပြေးတတ်သောကောင်လေးအား တစ်နေ့တခြားစိတ်ဝင်စားခဲ့မိသည်….မဟုတ်ချစ်ခဲ့မိသည်..။ မျက်လုံးဝိုင်းဝိုင်းနဲ့ ပြုံးလိုက်ရင်ချစ်ဖို့ကောင်းသောကောင်လေးအား မှန်ကြောင်လေးဟုချစ်စနိုးခေါ်မိသောမိမိကိုယ်ကို အံ့သြမိသည်..။ မိမိဆိုသည်မှာ တွေ့ရာလူနာမည်ပြောင်ပေးတတ်သောလူမဟုတ်ပေ..။ မိမိသည် မှန်ကြောင်လေးအား လက်လွှတ်စပယ်ဖွင့်မပြောချင်ပါ..။ မိမိတွင်လုံလောက်သည့်အင်အားရှိအောင်အရင်ကြိုးစားရမည်..မိမိ၏ဖခင်အကြောင်းမိမိသိသဖြင့်..မှန်ကြောင်လေးအားကာကွယ်နိုင်သည့်အခြေနေရောက်မှ တရားဝင်ဖွင့်ပြောမည်ဟုဆုံးဖြတ်ထားသည်..။
__________

“System.. မင်းသိလား..ဇာတ်လိုက်မှာချစ်ရတဲ့သူရှိတယ်တဲ့..ဒါပေမယ့် ဇာတ်လိုက်မ မဟုတ်ဘူးတဲ့..ဘယ်လိုကြီးလဲ ….”

System: “ဒါတော့ကျွန်တော်လဲမသိဘူး..ကြည့်ရတာ ဘောလုံးမှန်တဲ့ဇာတ်ကွက်ကတော်တော်အရေးပါပုံရတယ်..အဲတာလေးလွဲသွားတာနဲ့ပဲဇာတ်လိုက်က ဇာတ်လိုက်မကိုစိတ်မဝင်စားတော့ဘူးဆိုတော့”

“ဟုတ်တယ်နော်…ကြည့်ရတာဇာတ်ကောင်သစ်တွေများထပ်ပေါ်လာမလားမသိဘူး..ဒုတိယဇာတ်လိုက်မဆိုပီး”

System: “ဒါနဲ့နေပါအုံး..ဇာတ်လိုက်မအစားအဲ့တုန်းကဘောလုံးမှန်တာကHostဆိုတော့…ဇာတ်လိုက်ကHostကိုများကြိုက်နေတာလား..???”

“System ပေါက်ကရတွေမပြောနဲ့..ဘောလုံးလေးအမှန်ခံရရုံနဲ့တင်ငါ့ကိုကြိုက်သွားစရာလား..ငါ့ဘေးမှာကျန်းချန်လဲရှိနေတယ်လေ..တကယ်လို့..ငါ့မမှန်ပဲကျန်းချန်ကိုသွားမှန်မိရင်ဇာတ်လိုက်ကကျန်းချန်ကိုကြိုက်မိမယ်ဆိုတဲ့သဘောလား”
(A/N -ရှင်တို့ဒီဘောအကြောင်းဆွေးနွေးလို့ပီးအုံးမှာလား 😑)

System: “တော်ပီ.. တော်ပီ.. Hostနဲ့ဘာမှမပြောချင်တော့ဘူး ”
ငါ့နဲ့နော်ဘယ်လိုHostနဲ့လာတိုးနေလဲမသိဘူး..။

ကယ်ရီမိုးလင်းတော့မနက်စာပြင်ဖို့အောက်ထပ်ဆင်းလာခဲ့သည်..။
မနက်စာပြင်ဆင်ပီးတော့
“ဒေါ်လေး..ထမင်းစားမယ်..
ရော်…ပြန်လဲမ​ဖြေဘူး..အိပ်နေတုန်းလား..”

ကယ်ရီအခန်းတံခါးခေါက်ကြည့်သည်…ပြန်မဖြေ..အခန်းထဲဝင်ကြည့်တော့ ဒေါ်လေးဖြစ်သူအားအရိပ်အယောင်ပင်မတွေ့..

“ထူးထူးဆန်းဆန်း… ဟိုအဒေါ်ကြီးမနက်အစောအပြင်သွားလို့ပါလား…”

System :”ထွက်ပြေးသွားပီထင်တယ်”

“ဟမ်…ဘာကိစ္စထွက်ပြေးတာလဲ”

System: “Host မေ့သွားပြန်ပီလား…မင်းရှီးအဒေါ်ထွက်ပြေးသွားလို့ အကြွေးတွေကိုခေါင်းခံရတာလေ “

“ဟာ…မဟုတ်လောက်သေးပါဘူး..စောသေးတယ် မဟုတ်ဘူးလား”ကယ်ရီပြောရင်းနဲ့ အဝတ်ဗီရိုအားဖွင့်ကြည့်သည်..။အဝတ်စားတစ်ထည်မှမရှိတော့………

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.12(မင်ရှီး), novel System 286 (On Going) Arc 1.12(မင်ရှီး), read System 286 (On Going) Arc 1.12(မင်ရှီး) online, System 286 (On Going) Arc 1.12(မင်ရှီး) chapter, System 286 (On Going) Arc 1.12(မင်ရှီး) high quality, System 286 (On Going) Arc 1.12(မင်ရှီး) light novel, ,

Comment

Leave a Reply

Chapter 14