System 286 (On Going) Arc 1.15 (မင်ရှီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi


“ဒေါက်…ဒေါက်.. ဒေါက်







“ဟုတ်”






“တကယ် တကယ် “











System: 😑

“နင်…နင်….နင် “

“ဘာဖြစ်နေကြတာလဲ ”













“ဪ…..အဲ့ဒီလိုလား “

ခြံထဲတွင်..








☄☄☄☄☄☄☄☄☄☄☄☄☄☄☄

AN- ဟီး… နည်းနည်းမဟုတ်ဘူး
အများကြီးကြာသွားတယ်..😁😁
MLဖက်ရောက်နေလို့ 😅😅😅

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

1.15

ကယ်ရီဘာလိုလိုနဲ့ဟန်ယွင်အိမ်ရောက်နေသည်မှာ တစ်ပတ်ပင်ပြည့်တော့မည်ဖြစ်သည်..။ ဟိုအယုတ်တမာအဒေါ်အကြောင်းလဲဘာမှမကြားရသေး..။ ကယ်ရီပျင်းပျင်းနှင့်အိပ်ယာထဲလူးလှိမ့်နေတုန်း

“ဒေါက်…ဒေါက်.. ဒေါက်
မင်ရှီး..ကိုယ်ဝင်လာမယ်နော်..”

“ဟုတ်..အကိုဟန်ယွင် ” ကယ်ရီအမြန်ထလိုက်သည်..
“ကျွန်တော့်အဒေါ်ကိုရှာတွေ့ပီလားဟင်..ပြီးတော့ ကျွန်တော် ခွင့်တိုင်ထားတဲ့ရက်ကပြည့်ပီ အဲ့တာမနက်ဖြန်ကျောင်းပြန်တက်မလားလို့”

“ကိုယ်တောင်းပန်ပါတယ် မင်းရဲ့အဒေါ်ကိုအခုထိရှာမတွေ့သေးလို့” ဟန်ယွင် အမှန်တိုင်းပြောလိုက်သည်..

“အာ….မဟုတ်တာ တောင်းပန်စရာမလိုပါဘူး…ကျွန်တော်ကအကူညီတောင်းထားတဲ့သူလေ”

“ပီးတော့ မင်းကျောင်းပြန်တက်မယ်ဆိုလည်း ကိုယ့်အိမ်ကနေပဲတက်တာပိုအဆင်ပြေမယ်ထင်တယ်..မတော်လို့ဟိုလူတွေထပ်ရောက်လာရင်ကိုယ်မင်းကိုစိတ်မချဘူး..” ဟန်ယွင်ဒီတစ်ခါတေယ့အမှန်တစ်ဝက်အမှားတစ်ဝက်ပြောလိုက်သည်..။ မှန်ကြောင်လေး ကိုစိတ်မချသည်မှာအမှန်ဖြစ်သော်လည်း..ဟိုလူတွေထပ်ရောက်လာနိုင်စရာအကြောင်းမရှိတော့..။ မှန်ကြောင်လေးအား အိမ်ကိုစခေါ်လာသည့်နေ့ကတည်းကပင် မိမိရှင်းလင်းပီးဖြစ်သည်..။ (သတ်ပစ်တာမဟုတ်ဘူးနော် 🙄🙄)

“အကို့ကိုတော့ ဒုက္ခ ပေးမိသလိုဖြစ်တော့မယ်ထင်တယ် “

“ရပါတယ်ဗျာ…ခင်ဗျားလေးလည်းဒီအိမ်မှာနေရတာပျော်တယ်မလား..စိတ်ကြိုက်နေလို့ရတယ်..ဘာမှအားနာမနေနဲ့ …အကိုစာကြည့်ခန်းထဲခဏသွားလိုက်အုံးမယ်..ခဏနေထမင်းစားရအောင်ဆင်းလာခဲ့နော် “

“ဟုတ်”

System: “ပျော်မှာပေါ့….Host လက်ချက်နဲ့ ဇာတ်လိုက်ခြံထဲကအသီးတွေလည်းအကုန်ပြောင်တော့မယ်…ရွှေငါးတွေတောင်မဖမ်းတတ်လို့ကျန်နေတာလားမှမသိ “

ကယ်ရီ: “တိတ်စမ်း ချီးထုပ်”

System: “Host ကျွန်တော့ကို ချီးထုပ်လို့ ဆဲလိုက်တာလား..တကယ်ကြီးဆဲလိုက်တာလား..ကြားလို့မှကောင်းကြသေးရဲ့လား System တို့ရေ..ကျွန်တော့်Hostက ကျွန်တော့်ကိုဆဲနေပါတယ်…Hostကိုမခေါ်တော့ဘူး..သိချင်တာရှိရင်လဲ လာမမေးနဲ့..ဖြေမှာမပါဘူး.”

“System လေးကလည်း မင်းကိုဆဲတာမဟုတ်ပါဘူး..ချစ်စနိုးနဲ့ပြောလိုက်တာပါ..စိတ်မဆိုးပါနဲ့နော်…မင်ပဲစဉ်းစားကြည့်လေ ချီးထုပ်လေးလို့ပြောတာဆဲတာမှမဟုတ်တာ မင်းကိုသွားလေရာမှာဗိုက်ကလေးထဲထည့်ပီးသယ်သွားချင်တယ်ဆိုတဲ့သဘောပါ..စိတ်မဆိုးနဲ့နော် “

System: “Host တကယ်ပြောတာနော်”

“တကယ် တကယ် “

System: “အာ့ဆိုလဲ ပီးရော “

ညနေ ကယ်ရီ ဧည့်ခန်းထဲတွင်ခဏထိုင်နေတုန်း မိန်းကလေးတစ်ယောက်ရောက်လာပီး အာပြဲကြီးနဲ့

“ကိုကိုဟန်ယွင်ရေ ကိုကိုဟန်ယွင် “

“ဘယ်သူလဲမသိဘူးခင်ဗျ…အကိုဟန်ယွင်မရှိဘူးဗျ ….အပြင်ခဏသွားတယ်..”

“အောင်မာ…နင်ကများငါ့ကိုမေးလားမြန်းလားနဲ့….ငါဘယ်သူလဲဆိုတာ ကိုကိုဟန်ယွင်က မပြောပြထားဘူးလား…ကြည့်ရတာအလုပ်သမားအသစ်ထင်တယ်..”

“မဟုတ်ဘူးဗျ..ကျွန်တော်ကအလုပ်သမားမဟုတ်ပါဘူး..အကိုဟန်ယွင်ရဲ့ဂျူနီယာပါ..ကျွန်တော့မှာ ပြသနာလေးနည်းနည်းရှိလို့ ဒီမှာခဏလာနေနေတာပါ..ပီးတော့ အမအကြောင်းကိုအကိုဟန်ယွင်က တစ်ခါမှမပြောဖူးလို့ နာမည်မသိတာပါဗျ “

“ကောင်စုတ်…ငါ့ကိုများအမတဲ့ နင်ကကိုကိုဟန်ယွင်ကိုမြူဆွယ်ပီး အိမ်ပေါ်လည်းတက်နေသေတယ်..ငါ့ကိုလည်းစော်ကားနေတယ်..နင့်ကို ကိုကိုဟန်ယွင်ပြန်လာရင်တိုင်ပြောမယ် “

“ဗျာ..အမကိုကြည့်ရတာကျွန်တော့ထက်အသက်ကြီးနေပုံရလို့ အမလို့ခေါ်တာလေဗျာ..ကျွန်တော်ဘာမှားလို့လဲ..အစကတည်းက ညီမလေးလို့အခေါ်ခံချင်ရင်လည်းပြောလေဗျာ..ကျွန်တော်မှမသိတာ..ပီးတော့အကိုဟန်ယွင်ကို မြူဆွယ်ရအောင် ကျွန်တော်က စကပ်အတိုကြီးဝတ်ထားတာမှမဟုတ်တာ “

System: “စကပ်အတိုဝတ်ရင်မြူစွယ်တာလို့ Hostကိုဘယ်သူပြောလဲ “

“တိတ်တိတ်နေ…ငါဇာတ်ကားထဲမှာကြည့်ဖူးတာ..”

System: 😑

“နင်…နင်….နင် “

“ဘာဖြစ်နေကြတာလဲ ”
မှန်ကြောင်လေးက ရေခဲမုန့်စားချင်သည်ဟုပြောသံကြားသဖြင့် အနီးနားကဆိုင်တွင်မိမိသွားဝယ်နေခြင်းဖြစ်သည်..။ ပြန်ရောက်တော့ အိမ်တွင်မထင်မှတ်ထားသည်ဧည့်သည်ဖြင့် စကားများနေပုံရသည့် မှန်ကြောင်လေး…

“ကိုကိုပြန်လာပီလား..အဲ့မှာလေ ကိုကို့ဂျူနီယာဆိုတဲ့အကောင် အချိုးကိုမပြေဘူး “

“မဟုတ်ဘူးနော်အကို..ကျွန်တော်အဲ့အမကိုဘာမှမပြောဘူးနော် “

“ငါ့ကို အမ အမ နဲ့မခေါ်နဲ့….
ငါ့နာမည် ဝမ်ဝမ် ငါက ကိုကိုဟန်ယွင် နဲ့မကြာခင်မှာလက်ထပ်မဲ့သူ..ရှင်းလား “

“ဝမ်ဝမ် ကိုယ်တို့စကားနည်းနည်းပြောရအောင် လိုက်ခဲ့
မင်ရှီး…. ကိုယ်ခဏနေရင်ပြန်လာခဲ့မယ်နော် “

“ဟုတ်” မင်ရှီးကြောင်တောင်တောင်နှင်ခေါင်းညိမ့်ပြလိုက်သည်..။

System: “Host အကြည့်တွေကို ဇာက်လိုက်လက်ထဲကရေခဲမုန့်ကနေခွာသင့်တယ်ထင်တယ်နော် “

“သူကိုင်ထားရတာ ညောင်းနေမှာဆိုးလို့ပါနော် “

System: “ဟွန်း…ငတ်ကိုငတ်တယ်”

“ရိုင်းလိုက်တာ… ငတ်တာမဟုတ်ဘူး ငါကအစားအသောက်ကိုချစ်မြတ်နိုးတာ..သိပီလား ….
ဒါနဲ့ မင်းပေးတဲ့ဇာတ်ကြောင်းထဲမှာ ဇာတ်လိုက်နဲ့လက်ထပ်ရမဲ့သူလဲမပါဘဲနဲ့ ဘာလို့ပေါ်လာတာလဲ”

System: “တကယ်တော့ ဇာတ်ကြောင်းထဲမှာ ဝမ်ဝမ်ဆိုတဲ့မိန်းကလေးပါပါတယ် Host..
Host နဲ့မဆိုင်ဘူးထင်လို့မပြောပြမိတာပါ …
အခုလို ဆိုင်သွားလိမ့်မယ်လို့ ထင်မှမထင်ထားတာ “

“မင်းစကားကဘာစကားကြီးလဲ”

System: “Hostနဲ့မှမဆိုင်တာ… အဲ့တာဇာတ်လိုက်မဖြေရှင်းရမဲ့ကိစ္စလေ..မူလမင်ရှီးက ဝမ်ဝမ်မပြောနဲ့ ဇာတ်လိုက်နဲ့တောင်ဆုံတာမှမဟုတ်တာ “

“ဪ…..အဲ့ဒီလိုလား “

ခြံထဲတွင်..

“ဘာကိစ္စရှိလို့…ဒီကိုရောက်လာတာလဲ”

“ကိစ္စရှိမှလာရမှာလား ကိုကိုရဲ့
ဝမ်ဝမ်လေ အိမ်တော်ကိုရောက်ခဲ့သေးတယ်..အန်တီက ကိုကိုဒီစံအိမ်မှာခဏပြောင်းနေတယ်ကြားလို့လိုက်လာတာ …ပီးတော့စောနကောင်ကို ဝမ်ဝမ်သဘောမကျဘူး သိလား..ဘာလို့အဲ့ဒီလိုလူတွေနဲ့အပေါင်းသင်းလုပ်နေတာလဲ “

“အဲ့တာ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စပါ…မင်းနဲ့ဘာမှမသက်ဆိုင်ဘူးထင်တယ် “

“ဘာလို့မဆိုင်ရမှာလဲ….ဆိုင်တာပေါ့
ဝမ်ဝမ်က ကိုကိုလက်ထက်ရမဲ့သူလေ…သေချာပေါက်ဆိုင်တာပေါ့ “

“ကိုယ်မင်းနဲ့လက်ထပ်မယ်လို့ ပြောဖူးလို့လား…ဒါလူကြီးတွေစီစဉ်တာ..ကိုယ်လက်မခံနိုင်ဘူး…ပီးတော့ကိုယ့်မှာချစ်ရတဲ့သူရှိတယ်..”

“မရဘူး..မရဘူး..ကိုကို ဝမ်ဝမ်ကလွဲပီးဘယ်သူ့မှမချစ်ရဘူး… ကိုကို့ ကိုအန်ကယ်နဲ့တိုင်ပြောမယ် ” ဝမ်ဝမ်တစ်ယောက် ငိုပီးပြေးထွက်သွားသည်..။

“ကျစ်…ရေခဲမုန့်တွေအရည်ပျော်သွားပီ “

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.15 (မင်ရှီး), novel System 286 (On Going) Arc 1.15 (မင်ရှီး), read System 286 (On Going) Arc 1.15 (မင်ရှီး) online, System 286 (On Going) Arc 1.15 (မင်ရှီး) chapter, System 286 (On Going) Arc 1.15 (မင်ရှီး) high quality, System 286 (On Going) Arc 1.15 (မင်ရှီး) light novel, ,

Comment

Leave a Reply

Chapter 17