System 286 (On Going) Arc 1.18(မင်ရှီး)

All chapters are in System 286 (On Going)
A+ A-

Zawgyi



“ဟုတ်ကဲ့ သခင်လေး “

ကော်ဖီဆိုင်တွင်






“အမလင်း…ဘာဖြစ်တာလဲ “

ဖြန်း!!!!!!!


“မင်းဘာတွေပြောနေတာလဲ




အားးးး တော်ပီငါပြန်တော့မယ် နှုတ်ချင်တဲ့ ဝိညာဉ်စွမ်းအားနှုတ် “


“မင်ရှီး “


“မင်ရှီးကို”


“ဟီးးး ဟုတ်တယ်နော် “



“ဘာ!!!!

“အခု မင်ရှီးကဘယ်မှာလဲ “



“ဟုတ်ကဲ့”







“ဒုန်း! ဒုန်း! ဒုန်း!





‘တိတ်စမ်း’








…………………














System: “ဟုတ်တယ် Host.”.


မစ်ရှင်ကမစ်ရှင်ပဲ…
ကယ်ဆိုကယ် “



“ဟာ..ဟုတ်တယ်


………..





“ဒါပေါ့ မြေးရဲ့….

☄☄☄☄☄☄☄☄☄☄☄☄☄☄☄


☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Unicode

“သခင်လေး အခုတလောကျွန်တော်တို့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့သူတွေရှိနေပါတယ်…အဲ့လူတွေက သခင်လေးမင်ရှီးနောက်ကိုလဲလိုက်နေကြတယ် “

“တောက်….အဘိုးကြီးက အေးအေးချမ်းချမ်းနေချင်ပုံမရဘူးထင်တယ်..မင်ရှီးနောက်ကိုကာကွယ်ဖို့လူထပ်ထည့်ပေးထားလိုက် အဘိုးကြီးကဘာလုပ်မလဲဆိုတာမသိသေးဘူး “

“ဟုတ်ကဲ့ သခင်လေး “

ကော်ဖီဆိုင်တွင်

“မင်ရှီး ….မောင်လေးရောက်လာပီလား …အခုမှပဲအမတို့ဆိုင်လေးပြည့်စုံသွားတော့တယ်..စောနတုန်းကဆိုင်ထဲမှာတစ်ခုခုလိုနေတာ..ဘာလိုနေမှန်းစဉ်းစားမရဘူး…လတ်စသတ်တော့မောင်လေးဖြစ်နေတာကို..”

“အာ…အမလင်းကတော့နောက်ပီ “

ထိုစဉ်ဆိုင်ထဲသို့ဝုန်းဒိုင်းကြမ်းဝင်လာသော ဝမ်ဝမ်

“ဘယ်မှာလဲ ဟိုပိုင်းလုံးကောင်…ထွက်ခဲ့စမ်း..”

“ဧည့်သည်…. တခြားလူတွေလည်းရှိနေတာမလို့ ကျေးဇူးပြုပြီး ဒီလိုမလုပ်ပါနဲ့..”မန်နေဂျာလင်း ပြေပြေလည်လည်ပြောလိုက်သည်..။

“အမလင်း…ဘာဖြစ်တာလဲ “

ဖြန်း!!!!!!!
ဝမ်ဝမ် ကယ်ရီအား ပါရိုက်လိုက်သည်..။

“နင်ယောက်ျားမဟုတ်ဘူးလား…နင်အရှက်မရှိဘူးလား…ယောက်ျားတန်မဲ့နဲ့ကိုကိုဟန်ယွင်ဆီကချူစားနေတယ်..ရွံဖို့ကောင်းလိုက်တာ “

“မင်းဘာတွေပြောနေတာလဲ
ငါဘယ်မှာချူစားနေလို့လဲ”

“ငါမသိဘူးများထင်နေလား…နင်ကိုကိုဟန်ယွင်းကိုမြူစွယ်ပီး နင့်အဒေါ်ရဲ့အကြွေးတွေကိုဆပ်ခိုင်းထားတာလေ..ပီးတော့ အိမ်ပေါ်တောင်တက်နေလိုက်သေးတယ်…နင်မှာအရှက်တရားတစ်စက်မှမရှိဘူးလား အပျက်ကောင်ရဲ့…ငါနင့်ကိုသတိပေးလိုက်မယ် အခုချက်ချင်း ကိုကိုဟန်ယွင်အိမ်ပေါ်ကနေဆင်း….ထပ်ပီးလည်းမပတ်သတ်နဲ့ ” ဝမ်ဝမ်ပြောချင်ရာပြောပီးဆိုင်ထဲမှထွက်သွားသည်..။

ဆိုင်မှာရှိနေသည့် ဧည့်သည်တွေကလည်း ကယ်ရီအားကြည့်ကာတိုးတိုး တိုးတိုးနှင့်ပြောနေကြသည်…ကယ်ရီဘဝမှာ ဒီလိုလူကြားထဲအရှက်ခွဲခံရတာ ဒါပထမဆုံးဖြစ်သည်..။ ကယ်ရီထိန်းထားတဲ့ကြားထဲကမျက်ရည်တွေလည်းကျလာသည်..။ ရှက်တဲ့စိတ်ကြောင့် ဆိုင်ပြင်ကိုပြေးထွက်ခဲ့သည်..။ ထို့နောက် taxi ငှါးပီး မိမိတိုက်ခန်းဟောင်းဆီသို့ပြန်လာခဲ့သည်..။ လမ်းတွင်လည်း မျက်ရည်များထိန်းမရ…

System: “Host ရယ်မငိုပါနဲ့..ဒါကတကယ့်ကမ္ဘာမဟုတ်ဘူးလေ မစ်ရှင်လုပ်နေတာလေ..Hostဒီလောက်စိတ်ထိခိုက်လွယ်နေရင် ဘယ်လိုလုပ်ရမှာလဲ”

“မသိဘူး…ငါဝမ်းနည်းတာပဲသိတယ်..အဲ့မိန်းမက လူကြားထဲမှာငါ့ပါးကိုရိုက်သွားတာ ပီးတော့ပြောသွားတာလည်းစုံလို့…ငါကဘယ်မှာချူစားနေလို့လဲ…အကိုဟန်ယွင်ဆီက စားမိတာဆိုလို့ ခြံထဲကအသီးတွေပဲရှိတာကို အဲ့မိန်းမက ဘာမှလည်းမသိဘဲနဲ့….အကြွေးကရော ငါဘယ်တုန်းကဆပ်ခိုင်းမိလို့လဲ…
အားးးး တော်ပီငါပြန်တော့မယ် နုတ်ချင်တဲ့ ဝိညာဉ်စွမ်းအားနှုတ် “

System: “ဟာ Host…အဲ့လိုမလုပ်နဲ့လေ..ခက်ပီ ဒီHostနဲ့တော့…ကျွန်တော်ပြောမယ်…အခုHostက ကယ်ရီလား မင်ရှီးလား “

“မင်ရှီး “

System: “အဲ့တော့ ဟိုမိန်းကလေးပါးရိုက်သွားတာက Hostကိုလား မင်ရှီးကိုလား”

“မင်ရှီးကို”

System: “ဒါပဲလေ… ဘာတွေခံစားနေတာလဲ… “

“ဟီးးး ဟုတ်တယ်နော် “

System: “တိတ်တော့…နှပ်ချေးတွေနဲ့ ရွံဖို့ကောင်းလိုက်တာ အမြန်သုတ်ပစ် “

ရှေ့မှကားဆရာကတော့ ငိုလိုက်ရီလိုက်ဖြစ်နေသောနောက်ခန်းကကောင်လေးအား ခေါင်တရမ်းရမ်းနဲ့ကြည့်နေလေတော့သည်..။

“ဘာ!!!!
အဲ့မိန်းမသေချင်နေပီထင်တယ်” ဟန်ယွင် မှန်ကြောင်လေးနောက်သို့လွှတ်ထားသော ကိုယ်ရံတော်အစီရင်ခံတာအားကြားပီးဒေါသထွက်သွားသည်..။

“အခု မင်ရှီးကဘယ်မှာလဲ “

“အခု အိမ်ထဲကိုဝင်သွားပါတယ် သခင်လေး “

“ကောင်းပီ ငါအခုလာခဲ့မယ်
မင်းတို့ ဂရုစိုက်ပီးစောင့်ကြည့်ထားလိုက် “

“ဟုတ်ကဲ့”

ကယ်ရီ တိုက်ခန်းပြန်ရောက်ရောက်ခြင်း ရေချိုးပီးအိပ်လိုက်သည်..။ ည ၈နာရီ တံခါးက လူခေါ်သံကြားမှနိုးလာခဲ့သည်..။

“System တံခါးသွားဖွင့်ပေးလိုက်အုံး ” ကယ်ရီအိပ်ချင်မူးတူးနှင်ပြောလိုက်သည်..

System: “ကျွန်တော်အပြင်ထွက်ပီးတံခါးသွားဖွင့်မလို့ Host ခေါင်းကိုခဏဖောက်ပေးလေ 🙂”

အဲ့တော့မှ ကယ်ရီအလန့်တကြားထလာပီး
“ခေါင်းကိုဖောက်လိုက်ရင် ငါကသေသွားမှာပေါ့ “

System: “အဲဒါဆိုဘာလို့တံခါသွားဖွင့်ခိုင်းနေသေးလဲ”

“ယောင်သွားလို့ပေါ့ စိတ်ကြီးပဲ “

“ဒုန်း! ဒုန်း! ဒုန်း!
မင်ရှီး ကိုယ့်ကိုတံခါးဖွင့်ပေးပါအုံး
မင်ရှီး ” ဟန်ယွင် တံခါးအားအဆက်မပြတ်ထုနေခဲ့သည်.။ ထို့နောက်တံခါးဖွင့်လာသောကောင်လေး…ငိုထားသောကြောင့်ထင်သည် မျက်လုံးများကမို့အစ်နေသည် (AN-အိပ်ထားတာဟေး)

“အကို ဟန်ယွင် ရောက်လာတာလား…”

“ဟုတ်တယ် ကိုယ်မင်းကိုပြန်လာခေါ်တာ “

“ကျွန်တော် ပြန်မလိုက်တော့ဘူး
အိမ်မှာပဲနေတော့မယ်…. ဝမ်ဝမ်ဆိုတဲ့မိန်ကလေးပြောတာကတော့ အကိုက ကျွန်တော့အကြွေးတွေဆပ်ပေးထားတယ်တဲ့ ဟုတ်လား…
အဲ့တာကြောင့်ဟိုလူတွေထပ်လာမရှာတာကို..ကျွန်တော်ပြန်ဆပ်ပါ့မယ် အချိန်လေးတော့ပေးပါနော် “

System:’Host လိမ်မပြောနဲ့လေ
မစ်ရှင်ပီးတာနဲ့တန်းထွက်သွားရမဲ့ဟာကို ဘယ်ချိန်သွားဆပ်မှာလဲ အဲ့ပိုက်ဆံတွေကို ‘

‘တိတ်စမ်း’

“ကိုယ်က မင်းအခုလိုဖြစ်သွားမှာဆိုးလို့မပြောပြခဲ့တာ…ဒီကိစ္စက ကိုယ်ကူညီနိုင်တဲ့အတိုင်းတာထဲမှာရှိနေလို့ ကိုယ်ကူညီခဲ့ရုံတင်ပါ..ပြန်မဆပ်လဲကိစ္စမရှိပါဘူး… ကိုယ့်အတွက်အရေးကြီးတာ မင်းဘေးကင်းဖို့ပဲ…ကိုယ်နဲ့ပြန်လိုက်ခဲ့နော်…မင်းကိုတစ်ယောက်တည်းစိတ်မချဘူး…”

“ရပါတယ်အကို ကျွန်တော်တစ်ယောက်တည်းလည်းအဆင်ပြေပါတယ် အကိုစိတ်ပူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်”
ဇာတ်လိုက်ရယ် ရပါတယ်လို့
ငါကအလုပ်များအုံးမှာ ချင်းချိုးအဖေကိစ္စနဲ့ဘယ်ကမှန်းမသိတဲ့ကောင်တွေကိုကယ်ပေးရအုံးမှာမလို့ ငါ့ကိုလွှတ်ထားပေးပါ

“အော်…မင်းနေရဲတယ်ဆိုလည်းပီးတာပါပဲ..ကိုယ်ကြားတာက ဘေးအခန်းကကောင်မလေး လွန်ခဲ့တဲ့သုံးရက်လောက်က ကိုယ့်ကိုယ်ကိုအဆုံးစီရင်သွားလို့ ကိုယ်ကမင်းကြောက်နေမယ်ထင်တာ..မင်ရှီးလေးက သတ္တိခဲလေးပဲ “

“ဗျာ”
ဒီကိစ္စကိုကယ်ရီလုံးဝမသိ ဟန်ယွင်ပြောမှသိရတာမလို့ ကြောက်စိတ်ကအခုမှဖြန်းခနဲထလာသည်..။ စဉ်းစားကြည့်တော့ အရင်ကဆိုအဲ့အခန်းကကောင်မလေးက အမြဲဆူညံနေတတ်တဲ့သူမျိုး ဒီနေ့ငြိမ်နေပါတယ်မှတ်တာ လတ်စသတ်တော့ သတ်သေသွားတာကို တွေးရင်းနဲ့ လန့်လာသည်..မတော်လို့ သရဲမကသူ့အခန်းထဲဝင်လာပီး ဂုတ်ချိုးရင်ဘယ်လိုလုပ်မလဲ အယ်မလေး မတွေးရဲပါဘူး

“ဟိုလေ…အကိုကပြန်လိုက်စေချင်မှတော့ အားနာနာနဲ့ပြန်လိုက်ခဲ့ပါ့မယ် အကိုအတင်းပြန်ခေါ်လို့နော် ကျွန်တော်မကြောက်ဘူး “

“ဟုတ်ပါပီ ကိုယ်ကအတင်းခေါ်တာပါ… ” ဟန်ယွင် မိမိအကြံအောင်သဖြင့်ပြုံးစိစိဖြစ်သွားသည်..။

ဟန်ယွင်တို့ထွက်သွားပီးခဏအကြာတွင် ကယ်ရီဘေးအခန်းကိုကောင်မလေးတစ်ယောက် သော့ဖွင့်နေသည်..

“နောက်ဆုံးတော့ အိမ်ပြန်ရောက်ပီကွ…အလုပ်ကိစ္စနဲ့ ခရီးလေးထွက်လိုက်တာ ငါမရှိလို့တိုက်ကြီးခြောက်ကပ်နေပုံရတယ် “

…………………

“System ရေ ပျင်းလိုက်တာ ကယ်ပါအုံး “

System: “ပျင်းရင် အရင်လိုပဲအသီးတွေသွားခူးစားလေ Host ရဲ့”

“အသီးတွေကငါထပ်ခူးလိုက်ရင်ကုန်တော့မှာ…အကိုဟန်ယွင် ကိုအားနာစရာကြီး …….
ဟုတ်သားပဲ မေ့နေလိုက်တာ စာကြည့်ခန်းထဲကစာအုပ်တွေလိုက်ဖတ်လို့ရတာပဲကို ….စာအုပ်သွားရှာလိုက်အုံးမယ်..”

ကယ်ရီစာကြည့်ခန်းထဲမှစာအုပ်များကိုတစ်အုပ်ပီးတစ်အုပ်ပတ်မွှေနေသည်…။

“စာကြည့်ခန်းကြီးကမိုက်လိုက်တာ စာအုပ်တွေအစုံပဲ…အကိုဟန်ယွင် ဒါတွေကိုအကုန်ရောဖတ်နိုင်ပါ့မလား ” ကယ်ရီ ပါးစပ်ကလည်းတတွတ်တွတ်ပြောလိုက် စာအုပ်ခေါင်းစဉ်တွေလိုက်ဖတ်လိုက်လုပ်နေသည်..။

System: “Host ရယ် ရွေးလို့မပြီးသေးဘူးလား “

“ငါဖတ်နိုင်တဲ့စာအုပ်မှမတွေ့သေးတာ ဒီမှာရှိတဲ့စာအုပ်အများစုက အင်္ဂလိပ်လိုတွေ….ငါကအင်္ဂလိပ်စာညံ့တယ်…ဟီးးး “

ကယ်ရီ စာအုပ်တစ်အုပ်ကိုဆွဲထုပ်လိုက်စဉ် စာအုပ်စင်နောက်မှ အံဝှက်လေးပွင့်သွားသည်…။ ပုံစံကတော့ မီးခံသေတ္တာအရွယ်လောက်ရှိသည်..။ကယ်ရီအထဲကိုကြည့်လိုက်တော့ စာရွက်စာတမ်းများသာ..ကယ်ရီထုတ်ဖတ်ကြည့်ရင်း တတိယမြောက် စာအိတ်တွင်တွေ့လိုက်ရသည်က ချင်းချိုး အဖေ အသတ်ခံရတဲ့အမှု၏ သက်သေများပင်ဖြစ်သည်….အသေးစိတ်ဖတ်ကြည့်လိုက်သောအခါ ချင်းချိုး၏အဖေမှာ Spider ဂိုဏ်းအကြောင်းကိုဖော်ထုတ်ဖို့ကြိုးစားရင်နှုတ်ပိတ်ခံရခြင်းဖြစ်သည်…. နောက်တစ်အိတ်ထပ်ဖွင့်ကြည့်တော့ Spider ဂိုဏ်း၏ ဒုဇရိုက်မှုများ မှောင်ခိုလုပ်ငန်းများအကြောင်းကိုဖော်ထုတ်ထားသောသက်သေများ

“ဒါတွေက ဘာလို့ အကိုဟန်ယွင်ဆီရောက်နေတာလဲ….ငါလိုတာသိလို့ရှာပေးထားတာများလား မြန်မြန်သာကော်ပီကူးလိုက်တော့ System ရေ”

System: “Hostလိုတိုင်ရှာပေးရအောင် ဇာတ်လိုက်က Hostကောင်လေးမလို့လား ….တကယ်တော့ ဟန်ယွင် အဖေက Spider ဂိုဏ်းသားတစ်ယောက်ပဲ …..S group ကိုလည်း Spider ဂိုဏ်းကပဲနောက်ကွယ်က ထောက်ပံ့ခြယ်လှယ်နေတာ…ဇာတ်လိုက်ကဂိုဏ်းကိုဖြိုခွဲချင်တဲ့သူတစ်ယောက် ….အဲ့တာကြောင့် ဒီသက်သေတွေကိုသူအချိန်တွေအများကြီးပေးဆပ်ပီးစုဆောင်းထားတာ…. Host က ငါးမိနစ်ထဲနဲ့ကော်ပီကူးလိုက်ပေမယ့်ပေါ့နော် “

“ပေါက်ကရတွေကပြောပီ….အခု ဒီသက်သေတွေကိုအကိုချင်းချိုးဆီပို့ပေးရမယ် ဒါဆိုငါ့မစ်ရှင်လည်းပီးမယ် အကိုချင်းချိုးလည်းစိတ်သက်သာရာရသွားမယ်..ငါတော်တယ်မလား “

ထို့နောက်ချင်းချိုးအဖေအမှုအတွက်သက်သေများကို အမည်မဖော်ဘဲ ချင်းချိုးဆီသို့ပို့လိုက်သည်..Spider ဂိုဏ်းနှင့်ပတ်သတ်သောသက်သေများကိုမူ System ဆီတွင်ခဏသိမ်းထားလိုက်သည်…။

“System ဒါဆိုငါက Spider ဂိုဏ်းကလူတွေရဲ့အသက်ကိုကယ်ပီးရင် မစ်ရှင်ပီးသွားပီပေါ့နော် “

System: “ဟုတ်တယ် Host.”.

“မင်းရှီးကဘယ်လိုလုပ် Spider ဂိုဏ်းထဲရောက်သွားလဲစဉ်းစားလို့ကိုမရဘူး…..ငါကအဲ့ဂိုဏ်းကိုဘယ်လိုသွားရှာရမှာလဲ…ပြီးတော့ သူ့တို့အသက်တောင်ကယ်ခိုင်းလိုက်သေးတယ်….”

System: “အပိုတွေညည်းမနေနဲ့ Host….
မစ်ရှင်ကမစ်ရှင်ပဲ…
ကယ်ဆိုကယ် “

“အဲ့သက်သေတွေ ရဲလက်သွားအပ်ရင်ကောင်းမလား…သူ့တို့ကိုရဲကဖမ်းသွားရင် ထောင်ထဲမှာအေးအေးချမ်းချမ်းနေလို့ရတယ်လေ သေစရာမလိုတော့ဘူး “

System: “သူ့တို့ကို ရဲကဖမ်းမမိခင် Host ကိုအရင်လက်စဖျောက်သွားမှာမြင်ယောင်သေး “

“ဟာ..ဟုတ်တယ်
အဲ့နည်းလမ်းလဲ မဖြစ်သေးဘူး
ဖြေးဖြေးခြင်းစဉ်းစားတာပေါ့ hidden မစ်ရှင်တစ်ဝက်ပဲကျန်တော့တာကို “

System: ‘သူပဲအမျိုးမျိုး 😒’

………..

တဖက်တွင် သူ၏အဖိုးဖြစ်သူရုံးခန်းသို့အလောတကြီးသွားနေသော ချင်းချိုး

“အဘိုး ဒီမှာကြည့်ပါအုံး…ဒါဖေဖေလုပ်ကြံခံရတဲ့အမှုရဲ့သက်သေတွေမလား “

“ဒီလောက်အရေးကြီးတဲ့သက်သေတွေကို မင်းဘယ်လိုရလာတာလဲ”

“လူတစ်ယောက် ကျွန်တော့ဆီကိုအမည်မဖော်ဘဲပို့လိုက်တာအဖိုး….
ဒါတွေကတကယ်ပဲ ကျွန်တော်တို့
လိုအပ်နေတဲ့သက်သေတွေမလား…
ဒါတွေရှိရင် ဖေဖေ့ကိုလုပ်ကြံသွားတဲ့သူတွေကိုဖမ်းလို့ရပီမလား ” ချင်းချိုး ဝမ်းသာအားရဖြင့် သူ၏အဖိုးအားမေးလိုက်သည်..။

“ဒါပေါ့ မြေးရဲ့….
အမှန်တရားဆိုတာ ပျောက်ကွယ်ရိုးထုံးစံမရှိပါဘူး…Spider ဂိုဏ်းရော အဲ့ဂိုဏ်းကိုကူညီပေးနေတဲ့အဖိုးကြီးတွေရော ဟင့်… တွေ့ကြသေးတာပေါ့ကွာ ” ဝန်ကြီးချုပ် ချင်း ရဲ့ မျက်လုံးများကနီကာ သားဖြစ်သူအတွက်အမှန်တရားကိုဖော်ထုတ်ပေးဖို့အသင့်ဖြစ်နေခဲ့သည်..။

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

AN – အကြာကြီးပစ်ထားမိလို့တောင်းပန်ပါတယ် 😞😞
တောင်းပန်တဲ့အနေနဲ့ ဒီအပိုင်းကိုအရင်ထက်စာလုံးရေနှစ်ဆရေးပေးထားပါတယ်😁
ညကျရင်လည်း နောက်တစ်ပိုင်းထပ်Upပေးပါမယ်😁
တကယ့် တကယ် တကယ်ကို တောင်းပန်ပါတယ် 😚😚😚

☄☄☄☄☄☄☄☄☄☄☄☄☄☄☄

Tags: read novel System 286 (On Going) Arc 1.18(မင်ရှီး), novel System 286 (On Going) Arc 1.18(မင်ရှီး), read System 286 (On Going) Arc 1.18(မင်ရှီး) online, System 286 (On Going) Arc 1.18(မင်ရှီး) chapter, System 286 (On Going) Arc 1.18(မင်ရှီး) high quality, System 286 (On Going) Arc 1.18(မင်ရှီး) light novel, ,

Comment

Leave a Reply

Chapter 20